en
Feedback
NOM

NOM

Open in Telegram

NOM Official Backup Channel - 2

Show more
Myanmar37 771The category is not specified
202
Subscribers
-124 hours
+27 days
-430 days
Posts Archive
NOM
202
CIA နဲ့ ဆက်စပ်နေတဲ့‌ ကြေးစားစစ်သားတွေကို ဗင်နီဇွဲလားမှာ ဖမ်းဆီးရမိခဲ့တယ်လို့ CNN က ဆိုပါတယ်။ ဒါဟာ ဗင်နီဇွဲလားမှာ ထရမ့်ရဲ့ ခွင
CIA နဲ့ ဆက်စပ်နေတဲ့‌ ကြေးစားစစ်သားတွေကို ဗင်နီဇွဲလားမှာ ဖမ်းဆီးရမိခဲ့တယ်လို့ CNN က ဆိုပါတယ်။ ဒါဟာ ဗင်နီဇွဲလားမှာ ထရမ့်ရဲ့ ခွင့်ပြုချက်နဲ့ CIA က လှုပ်ရှားနေတယ်ဆိုတာကို အတည်ပြုခဲ့ပြီးနောက် ပထမဆုံးဖမ်းဆီးရမိမှုလည်းဖြစ်ပါတယ်။ NOM

NOM
202
နူကလီးယားစွမ်းအင်သုံး Burevestnik Cruise ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ ရုရှားက ကြေညာလိုက်ပါတယ်။ အဆိုပါ နူကလီ
နူကလီးယားစွမ်းအင်သုံး Burevestnik Cruise ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့ ရုရှားက ကြေညာလိုက်ပါတယ်။ အဆိုပါ နူကလီးယားလက်နက်ဟာ ဘယ်လိုကာကွယ်ရေးစနစ်မျိုးကိုမဆို ထိုးဖောက်နိုင်စွမ်းရှိပြီး လက်နက်တွေကို ဖြန့်ကျက်ဖို့အတွက် စတင်နေပြီလို့ ပူတင်က မနေ့က ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က စမ်းသပ်ခဲ့တာဖြစ်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အနောက်အုပ်စုရဲ့ ဖိအားပေးမှုတွေကို ဘယ်တော့မှ အလျှော့ပေးမှာမဟုတ်ဘူးလို့ ရုရှားဘက်က သတင်းစကားတုံ့ပြန်တာလို့လည်း အကဲခတ်တွေက ယူဆနေပါတယ်။ ထရမ့်ကတော့ ရုရှားဟာ စစ်ပွဲကို အဆုံးသတ်သင့်တာဖြစ်ပြီး ဒုံးကျည်စမ်းသပ်ရမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက်နေ့က စမ်းသပ်ခဲ့မှုမှာ ဒုံးကျည်ဟာ ကီလိုမီတာ ၁၄၀၀၀ အကွာအဝေးအထိ ရောက်ခဲ့ပြီး လေထဲမှာ ၁၅ နာရီကြာ ရှိနေခဲ့တယ်လို့ ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးနဲ့ ရုရှားစစ်ဦးစီးချုပ် Valery Gerasimov က ပူတင်ကို အစီရင်ခံခဲ့တယ်လို့ သိရပါတယ်။ NOM

NOM
202
ယူကရိန်းရဲ့ Flamingo လို့ နာမည်ပေးထားတဲ့ ကိုယ်တိုင်ထုတ်လုပ်နေတဲ့ တာဝေးပစ်ဒုံးကျည်တွေထုတ်လုပ်မှုဟာ နည်းပညာအခက်အခဲကြောင့် နောက်
ယူကရိန်းရဲ့ Flamingo လို့ နာမည်ပေးထားတဲ့ ကိုယ်တိုင်ထုတ်လုပ်နေတဲ့ တာဝေးပစ်ဒုံးကျည်တွေထုတ်လုပ်မှုဟာ နည်းပညာအခက်အခဲကြောင့် နောက်ပြန်ဆွဲနေပြီး ဘဏ္ဍာရေးပိုင်းနှောင့်နှေးမှုတွေလည်း ရှိနေတယ်လို့ ဇယ်လင်စကီးက ဒေသတွင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ယူကရိန်းအမျိုးသားအဂတိတိုက်ဖျက်ရေးဗျူရိုကလည်း ထုတ်လုပ်ရေးကုမ္ပဏီ Fire Point အပေါ် ထုတ်လုပ်နေမှု နှောင့်နှေးရတဲ့ အကြောင်းရင်းတွေကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။ NOM

NOM
202
တရုတ်ရဲ့ အသစ်စက်စက် လေယာဉ်တင်သင်္ဘောဟာ အမေရိကန်ရေတပ်ရဲ့ သက်တမ်း နှစ် ၅၀ ရှိပြီဖြစ်တဲ့ လေယာဉ်တင်သင်္ဘောနဲ့ နှိုင်းယှဉ်မယ်ဆိုရင
တရုတ်ရဲ့ အသစ်စက်စက် လေယာဉ်တင်သင်္ဘောဟာ အမေရိကန်ရေတပ်ရဲ့ သက်တမ်း နှစ် ၅၀ ရှိပြီဖြစ်တဲ့ လေယာဉ်တင်သင်္ဘောနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၆၀% ခန့်သာ လေကြောင်းစစ်ဆင်ရေးတွေကို လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့ အမေရိကန် လေယာဉ်တင်သင်္ဘောအရာရှိဟောင်းနှစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဘေဂျင်းရဲ့ ရေယာဉ်စုတပ်ဖွဲ့ကို ပြောင်းလဲဖို့ ရည်ရွယ်ထားတဲ့ သင်္ဘောသစ်နဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ ပြောဆိုမှုလည်း ဖြစ်လာခဲ့တာပါ။ လေယာဉ်တင်ကုန်းပတ်ရဲ့ ပုံစံဟာ လေယာဉ်တွေ ပျံသန်းဖို့နဲ့ ပြန်လည်ဆင်းသက်ချိန်မှာ အရှိန်ကို ကန့်သတ်ထားတယ်လို့ အဆိုပါအရာရှိတွေက CNN ကို ပြောဆိုခဲ့ပြီး Nimitz အမျိုးအစား အမေရိကန်လေယာဉ်တင်သင်္ဘောနဲ့ နှိုင်းယှဉ်ရင် စွမ်းဆောင်ရည်ပိုင်း နိမ့်ကျတယ်လို့ ဆိုပါတယ်။ Fujian ရဲ့ လည်ပတ်နိုင်စွမ်းဟာ Nimitz အမျိုးအစားရဲ့ ၆၀% လောက်ပဲရှိပါလိမ့်မယ်” လို့ ကန်ရေတပ် ဗိုလ်မှူးကြီးဟောင်း Carl Schuster က ဆိုပါတယ်။ NOM

NOM
202
တနင်္ဂနွေနေ့က အမေရိကန်ရေတပ်ရဲ့ ရဟတ်ယာဉ်တစင်းနဲ့ တိုက်လေယာဉ်တစင်းတို့ တောင်တရုတ်ပင်လယ်ထဲ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နေ
တနင်္ဂနွေနေ့က အမေရိကန်ရေတပ်ရဲ့ ရဟတ်ယာဉ်တစင်းနဲ့ တိုက်လေယာဉ်တစင်းတို့ တောင်တရုတ်ပင်လယ်ထဲ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နေချိန် ပျက်ကျခဲ့ကာ အမှုထမ်းတွေကို ကယ်တင်နိုင်ခဲ့တယ်လို့ ကန် ပစိဖိတ်ရေတပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေပြီဖြစ်ကာ Helicopter Maritime Strike Squadron (HSM) 73 နဲ့ F/A 18F Super Hornet တိုက်လေယာဉ်တွေဖြစ်ကာ ဒေသစံတော်ချိန် မွန်းလွဲ ၂း၄၅ နာရီ နဲ့ ညနေ ၃း၁၅ နာရီမှာ သီးခြားစီ ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။ NOM

NOM
202
ယူရေနီယံ ၂ ကီလိုဂရမ်ကို တရားမဝင် ဝယ်ယူဖို့ ကြိုးစားခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ဂျော်ဂျီယာမှာ ဖမ်းဆီးလိုက်ပါတယ်။ နိုင်ငံတော
ယူရေနီယံ ၂ ကီလိုဂရမ်ကို တရားမဝင် ဝယ်ယူဖို့ ကြိုးစားခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ဂျော်ဂျီယာမှာ ဖမ်းဆီးလိုက်ပါတယ်။ နိုင်ငံတော်လုံခြုံရေးဝန်ဆောင်မှုရဲ့ ဒုတိယအကြီးအကဲ Lasha Maghradze က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပြီး အဆိုပါအဖွဲ့ဟာ ရုရှားကတဆင့် တရုတ်ကို ပို့ဆောင်မှာဖြစ်ပြီး ကန်ဒေါ်လာ ၄ သိန်းဖိုးအထိ တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ ထောက်လှမ်းရေးအေးဂျင့်တွေကတဆင့် ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားတွေကတော့ သူတို့မှာ အပြစ်မရှိဘူးလို့ တရားရုံးမှာ ငြင်းဆိုထားကာ လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ NOM

NOM
202
လက်နက်ချတဲ့ ယူကရိန်းတပ်သားတွေကို ညှာတာထောက်ထားပေးမယ်လို့ ပူတင်က ပြောဆိုလိုက်ပါတယ်။ ရုရှားတပ်ဖွဲ့တွေ အမြဲတမ်းလုပ်ဆောင်နေတဲ့ အတိုင်း နိုင်ငံတကာဥပဒေအရ ဆက်ဆံမယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ ဇယ်လင်စကီးဟာ ယူကရိန်းစစ်သားတွေကို မှန်ကန်တဲ့ ရွေးချယ်မှုတွေ မပြုလုပ်စေဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ 'ယူကရိန်းတပ်သားတွေဟာ နောက်ကျောက ပစ်သတ်ခံနေရပြီး အပေါ်ကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံနေရပါတယ်' လို့လည်း ပြောဆိုခဲ့ပါတယ်။ NOM

NOM
202
Lurve ပြတိုက် ခိုးယူမှုမှာ သံသယရှိသူကို ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ ယူရို ၈၈ သန်းတန် ကျောက်မျက်ရတနာတွေ ခိုးယူခံရပြီးနောက် အယ်လ်ဂျီးရီးယားဆီ သွားဖို့ လေယာဉ်ပေါ် တက်ရောက်ဖို့ ကြိုးစားနေတဲ့ သံသယရှိသူတစ်ဦးကို ချားလ်စ်ဒီဂေါလ်လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ AI က ဖန်တီးထားသော ဗီဒီယိုဖြစ်ပါတယ်။ NOM

NOM
202
Louvre ပြတိုက်ကနေ ယူရို ၈၈ သန်းတန်ဖိုးရှိ နန်းစဉ်ရတနာတွေ ခိုးယူခံရမှုဟာ အတွင်းလူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြင်သစ်စုံစမ်းရေးမှ
Louvre ပြတိုက်ကနေ ယူရို ၈၈ သန်းတန်ဖိုးရှိ နန်းစဉ်ရတနာတွေ ခိုးယူခံရမှုဟာ အတွင်းလူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြင်သစ်စုံစမ်းရေးမှူးတွေက အတည်ပြုလိုက်ပါတယ်။ ဒစ်ဂျစ်တယ် အထောက်အထားတွေက ပြတိုက်လုံခြုံရေးအရာရှိတဦးကို သံသယရှိသူအဖြစ် ညွှန်ပြနေသလို DNA နဲ့ တိုက်ဆိုင်စစ်ဆေးမှုအပါအဝင် အထောက်အထား ၁၅၀ ကျော်ကလည်း ဒီယူဆမှုကို ထောက်ခံတယ်လို့ ဆိုပါတယ်။ NOM

NOM
202
ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဘင်ဂျမင်နေတန်ယာဟု မချိုးဖောက်တာ သေချာစေဖို့အတွက် ဂါဇာမှာ စောင့်ကြည့်ဒရုန်းတွေ ဖြန့်ကြက်ဖို့ ကန်စစ်တပ်ကို ထရမ့်က အမိန့်ပေးခဲ့ပါတယ်။ NOM

NOM
202
အစိုးရ shutdown လုပ်နေစဉ်ကာလအတွင်း ပင်တဂွန်အတွက် အမည်မဖော်လိုသူတဦးက စစ်သားတွေကို လစာထုတ်ပေးနိုင်ဖို့ ဒေါ်လာသန်း ၁၃၀ အထိ လှူဒါ
အစိုးရ shutdown လုပ်နေစဉ်ကာလအတွင်း ပင်တဂွန်အတွက် အမည်မဖော်လိုသူတဦးက စစ်သားတွေကို လစာထုတ်ပေးနိုင်ဖို့ ဒေါ်လာသန်း ၁၃၀ အထိ လှူဒါန်းခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့က အဆိုပါငွေကြေးကို လက်ခံရရှိခဲ့တယ်လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ Sean Parnell က မနေ့က ပြောဆိုခဲ့တာပါ။ ချက်လက်မှတ်နဲ့ ပေးခဲ့တာဖြစ်ပြီး စစ်တပ်အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်တာကြောင့်လို့ ဖုန်းခေါ်ဆို ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။ NOM

NOM
202
“မြောက်ကိုရီးယားက နူကလီးယားအင်အားကြီး နိုင်ငံတခုလို့ ကျနော်ထင်တယ်၊ သူတို့မှာ လက်နက်ဘယ်လောက်ရှိလဲဆိုတာကိုပါ ကျနော်သိတယ်၊ သူတို
“မြောက်ကိုရီးယားက နူကလီးယားအင်အားကြီး နိုင်ငံတခုလို့ ကျနော်ထင်တယ်၊ သူတို့မှာ လက်နက်ဘယ်လောက်ရှိလဲဆိုတာကိုပါ ကျနော်သိတယ်၊ သူတို့အကြောင်း အားလုံးသိပြီး ကင်ဂျုံအမ်နဲ့လည်း ဆက်ဆံရေးကောင်းတွေရှိခဲ့ပါတယ်၊ သူကသာ တွေ့ချင်တယ်ဆိုရင် ကျနော့်ဘက်ကလည်း ကြိုဆိုပြီးသားပါ” အာရှခရီးစဉ်အတွက် မထွက်ခွာခင် Air Force One ပေးမှာ ထရမ့်က ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ထရမ့်ဘက်က မြောက်ကိုရီးယားနဲ့ ဆွေးနွေးတွေ့ဆုံဖို့ အရိပ်အမြွက်ပြသခဲ့တာဖြစ်ပြီး ပြုံယမ်းအပေါ်မှာ သူတို့က မျက်ချေမပြတ်စောင့်ကြည့်နေတာကို အသိပေးလိုက်တာလို့လည်း လေ့လာသူတွေက သုံးသပ်နေပါတယ်။ NOM

NOM
202
အိန္ဒိယလေတပ်ရဲ့ Mi-17 တစင်းဟာ မကြာခင်ကမှ ကွန်ကရစ်လောင်းထားတဲ့ နေရာထဲမှာ နစ်ဝင်နေခဲ့လို့ ဝိုင်းတွန်းနေခဲ့ရတာဖြစ်ပါတယ်။ အဆိုပါရဟတ်ယာဉ်ဟာ အိန္ဒိယသမ္မတ Droupadi Murmu စီးနင်းတာဖြစ်ပါတယ်။ သူမဟာ နိုင်ငံတွင်း ခရီးသွားခဲ့ရာမှာ ရာသီဥတုအခြေအနေကြောင့် မူလဦးတည်ရာကနေ လမ်းကြောင်းပြောင်းခဲ့ရပါတယ်။ ဒီအတွက် ရဟတ်ယာဉ် ဆင်းသက်ဖို့အတွက် ယာယီနေရာကို ဖန်တီးပေးခဲ့ရပြိး ဆင်းသက်ဖို့ နာရီအနည်းငယ်အလိုမှာမှ ကွန်ကရစ်လောင်းခဲ့တာဖြစ်ပြီး ဆင်းသက်ချိန်မှာတော့ နစ်ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ လူအားနဲ့ ဝိုင်းဝန်းကာ ရဟတ်ယာဉ်ကို တွန်းတိုးရွေ့လျားအောင် လုပ်ခဲ့ရပြီး‌ နောက်ဆုံးမှာတော့ နေရာပြောင်းရွှေ့နိုင်ခဲ့တယ်လို့ သိရပါတယ်။ NOM

NOM
202
ရုရှားနဲ့ ဘီလာရုစ်နယ်စပ်တလျှောက် ခြိမ်းခြောက်မှုတွေကို ၂၄ နာရီစောင့်ကြည့်ဖို့အတွက် နေတိုးအဖွဲ့တွေဟာ Drone Wall တခု ဖန်တီးဖို့
ရုရှားနဲ့ ဘီလာရုစ်နယ်စပ်တလျှောက် ခြိမ်းခြောက်မှုတွေကို ၂၄ နာရီစောင့်ကြည့်ဖို့အတွက် နေတိုးအဖွဲ့တွေဟာ Drone Wall တခု ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ရုရှား ဒါမှမဟုတ် ဘီလာရုစ်တို့နဲ့ ကုန်းတွင်းနယ်နိမိတ်ချင်းထိစပ်နေတဲ့ ဖင်လန်၊ နော်ဝေး၊ ပိုလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနဲ့ အက်စ်တိုးနီးယားတို့ဟာ စစ်ဘက်အဆင့်အထိရှိတဲ့ ဒရုန်းတွေကို ထောင်နဲ့ချီအသုံးပြုကာ ကောင်းကင်ယံမှာ ကင်းလှည့်လည်သွားဖို့ကို ရည်မှန်းနေတာပါ။ NOM

NOM
202
ကနေဒါနဲ့ ကုန်သွယ်ရေးဆွေးနွေးမှုအားလုံးကို ရပ်ဆိုင်းလိုက်‌ပြီလို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ အမေရိကန
ကနေဒါနဲ့ ကုန်သွယ်ရေးဆွေးနွေးမှုအားလုံးကို ရပ်ဆိုင်းလိုက်‌ပြီလို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ အမေရိကန်က ကနေဒါရဲ့ တင်သွင်းတဲ့ သံမဏိ၊ အလူမီနီယမ်နဲ့ မော်တော်ကားတွေအပေါ် အခွန်ကောက်ခံမှု တိုးမြှင့်ခဲ့ကာ ကနေဒါကလည်း အလားတူတုံ့ပြန်ခဲ့ပါတယ်။ “သူတို့ရဲ့ ဆိုးရွားတဲ့အပြုအမူအပေါ် အခြေခံပြိး ကနေဒါနဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲအားလုံးကို ဒီနေရာမှာပဲ ရပ်ဆိုင်းလိုက်ပါတယ်” လို့ ထရမ့်က Truth Social မှာ ရေးသားခဲ့ပါတယ်။ NOM

NOM
202
ခရစ္စမတ်ကျွန်းကနေ ပင်လယ်ထဲကို နှစ်စဉ်ပြောင်းရွှေ့တဲ့ ခရီးစဉ်ကို အနီရောင်ဂဏန်းတွေ စတင်နေပြီဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ ဂဏန်းနီတွေ
ခရစ္စမတ်ကျွန်းကနေ ပင်လယ်ထဲကို နှစ်စဉ်ပြောင်းရွှေ့တဲ့ ခရီးစဉ်ကို အနီရောင်ဂဏန်းတွေ စတင်နေပြီဖြစ်ပါတယ်။ သန်းနဲ့ချီတဲ့ ဂဏန်းနီတွေကို လမ်းမတွေပေါ်မှာ မြင်တွေ့ရလာပြီဖြစ်ကာ နာမည်ကျော်ပုံရိပ်တခုကို မြင်တွေ့နေရတာပါ။ ဩစတြေးလျက အဆိုပါကျွန်းကို အမျိုးသားပန်းခြံအဖြစ် သတ်မှတ်ထားပြီး ကာကွယ်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ပေးထားပါတယ်။ NOM

NOM
202
ဗင်နီဇွဲလားကမ်းရိုးတန်းအလွန် ထရီနီဒက်နဲ့တိုဘာဂိုဆီ အမေရိကန်စစ်သင်္ဘောတွေ ဦးတည်နေတယ်လို့ သိရပါတယ်။ ဝါရှင်တန်ဟာ မူးယစ်ဆေးဝါးရော
ဗင်နီဇွဲလားကမ်းရိုးတန်းအလွန် ထရီနီဒက်နဲ့တိုဘာဂိုဆီ အမေရိကန်စစ်သင်္ဘောတွေ ဦးတည်နေတယ်လို့ သိရပါတယ်။ ဝါရှင်တန်ဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်ပြီး အရှိန်မြှင့်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ NOM

NOM
202
ဂါဇာမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် ဆယ်စုနှစ်များစွာ ကြာမြင့်မှာပါ။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို အစ
ဂါဇာမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် ဆယ်စုနှစ်များစွာ ကြာမြင့်မှာပါ။ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို အစ္စရေးက တင်သွင်းခွင့်မပေးဘဲ တားမြစ်နေတယ်လို့ ဆိုပါတယ်။ NOM

NOM
202
တရုတ်နိုင်ငံမှာ လူတစ်ဦးကို တစ်နာရီ မြန်နှုန်း ၁၀၀ ကီလိုမီတာအထိ ၊ ၁၅၀၀ မီတာအမြင့်အထိ သယ်ဆောင်ပျံသန်းနိုင်တဲ့ backpack ကို စမ်းသက်ပျံသန်းပြခဲ့ပါတယ်။ ရင်းမြစ်- Defense Index NOM

NOM
202
အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံတော့မှာဖြစ်ပ
အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံတော့မှာဖြစ်ပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့၊ တောင်ကိုရီးယားမှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။ နှစ်နိုင်ငံကြား ကုန်သွယ်စည်းကြပ်ခွန်၊ မြေရှားသတ္ထုအရေးနဲ့ ပတ်သက်ပြီး တင်းမာနေချိန် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ NOM