en
Feedback
𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

Open in Telegram

ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာ​​လေးမှာ နောက်တစ်ခါလောက်​​​ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling

Show more
236
Subscribers
No data24 hours
No data7 days
-630 days
Posts Archive
အဝါရောင် မိုးတိမ်များ - ၁၁ အချစ်သီချင်းတွေ ပိတ်လိုက်တယ် မင်းရှိနေတာပဲဆိုတဲ့ စိတ်ကလေးနဲ့ပေါ့။ အဝါရောင် မိုးတိမ်များ - ၁၂ ရာသီစက်ဝန်းဟာ တာဝန်ကျေပါတယ် တာဝန်မကျေတာက ငါတို့ လူတွေပဲဖြစ်မယ် ထင်တယ်။ အဝါရောင် မိုးတိမ်များ - ၁၃ မမှတ်ထားနိုင်ရင် မပြောမိအောင်နေပါ... ပြောထားပြီးမှ မမှတ်မိရင် မှတ်ထားရတဲ့ တစ်ဖက်လူက ပိုပြီးနာကျင်ရလို့ပါ။ အဝါရောင် မိုးတိမ်များ - ၁၄ လက်ဖက်ရည်အစား ကော်ဖီပြောင်းသောက်ကြည့် တိမ်တွေအစား ငါ့မျက်ဝန်းတွေကို ပြောင်းငေးကြည့်ပါလား... ဒါဆို မင်းတစ်နေ့ ချစ်ခြင်းမေတ္တာဟာ လှပကြောင်း သိလာပါလိမ့်မယ်။ အဝါရောင် မိုးတိမ်များ - ၁၅ ကဗျာတွေရေးရတာများပြီ အစကနေ အဆုံးထိပြန်ဖတ်မလား ဒါဆို အကုန်လုံးက မင်းအကြောင်းရေးတယ်ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။ အဝါရောင် မိုးတိမ်များ - ၁၆ မှတ်မှတ်ရရကနေ အမှတ်တရဆီသို့လို့ ငါခေါင်းစဉ်ပြောင်းလိုက်တယ်။ အဝါရောင် မိုးတိမ်များ - ၁၇ ရည်းစားရှိတာဟာ အိမ်ထောင်ရှိတာ မဟုတ်လို့ အချစ်တွေကို ဖော်ပြလို့ ရတယ် မဟုတ်လား ကိုယ့်လူ။ အဝါရောင် မိုးတိမ်များ - ၁၈ အချိန်ဟာ အဖိုးတန်တယ်ဆိုရင် မင်းက အချိန်ထက်ပိုပြီး တန်ဖိုး ကြီးလောက်တယ်မလား။ အဝါရောင် မိုးတိမ်များ - ၁၉ ဘဝရဲ့ နာရီတွေထဲ မင်းဟာပတ်လို့အကောင်းဆုံး အမျိုးအစားတံဆိပ်ဖြစ်မယ်။ အဝါရောင် မိုးတိမ်များ - ၂၀ ဟိုး... အဝေး မိုးကောင်းကင်ဆီ ငေးကြည့်ရင်း မြင်ယောင်မိတဲ့ လူဟာ မေမေပြီးရင် မင်းဖြစ်မယ်။ - လိပ်ပြာ

မိုးရွာတဲ့အခါ အေးစက်မှုတွေ နွေး‌ပါစေ။ နေပူတဲ့အခါ အပူလုံးတွေ အေးပါစေ။ မင်းအချစ်ရေးကံဆိုးတဲ့အခါ ကိုယ်လိုလူနဲ့ ဝေးပါစေ။ -အံ့လွန်းပျို

အဝါရောင် မိုးတိမ်များ - ၁ သံချေးတက်နေတဲ့ ထီးအစုတ်လေးကို ခေါက်သိမ်းရင်း သတိတရ ရှိလာသော အတိတ်ရဲ့ နံရံတွေ။ အဝါရောင် မိုးတိမ်များ - ၂ မျက်ရည်တွေလား မိုးရေတွေလား မသေချာ အသည်းကွဲတဲ့ နေ့ရက်တွေမှာ နေကြာရိုင်းတွေဆီ ခရီးထွက်ခဲ့တယ်။ အဝါရောင် မိုးတိမ်များ - ၃ ဇီဇဝါ‌တွေ.. နှင်းဆီဖြူတွေ.. စံပါယ်နံ့သင်းသင်းတွေဆိုရင် ခေါင်းအုံးအောက်ထဲ ငါဝှက်ထားမိတယ်။ အဝါရောင် မိုးတိမ်များ - ၄ တစ်နေ့ထက် တစ်နေ့ ပိုပိုချစ်လာရပြီး အဆုံးသတ်ကြ အချစ်ဟာ တစ်ဖက်သတ်တဲ့။ အဝါရောင် မိုးတိမ်များ - ၅ လည်နေတဲ့ သံပတ်နာရီဟာ သူ့တာဝန်ဝတ္တရားအရတော့ ဓာတ်ခဲမကုန်ခင်အထိ လည်ပတ်နေမှာပါ။ အဝါရောင် မိုးတိမ်များ - ၆ တကယ်ချစ်မိပြီဆိုရင် ဘယ်လောက်ဝေးဝေး ဝေးတယ်လို့ မခံစားရတာဟာ အချစ်လားကွယ်။ အဝါရောင် မိုးတိမ်များ - ၇ မိုးရေထဲ ဆော့နေတဲ့ ကလေးတွေကိုမြင်ရင် မိုးရေထဲငိုခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကိုယ် သတိရတယ်။ အဝါရောင် မိုးတိမ်များ - ၈ တရွေ့ရွေ့ တလွင့်လွင့်ပါပဲ... ဘယ်လောက်စစ်မှန်ပါစေ တစ်နေ့နေ့တစ်ချိန်ချိန်ကြရင်တော့ အခိုးငွေ့ဟာ အခိုးငွေ့ထက်မပိုပါဘူး။ အဝါရောင် မိုးတိမ်များ - ၉ မချစ်သောသူကို ချစ်လားလို့ မေးမဲ့အစား မနေ့ကထက်ပိုချစ်ပေးလိုက်မယ်။ အဝါရောင် မိုးတိမ်များ - ၁၀ ဘဝဟာလှတယ် ဒဏ်ရာတွေတော့ တစ်ခါတလေ ဖာထေးကြရတာပေါ့။ - လိပ်ပြာ

လွမ်းခြင်း - ၁၁ အလွမ်းတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပိုကျယ်ပြန့်လာတယ်။ လွမ်းခြင်း - ၁၂ လူတစ်ယောက်ကိုသိမ်းထားပါ ကော်ဖီခါးခါးတွေ နေ့တိုင်းသောက်ပါ ကဗျာရေးပါ အသက်ရှည်အောင်နေထိုင်ပါ။ လွမ်းခြင်း - ၁၃ တိမ်တွေ... ကြယ်တွေနဲ့... အခိုးအငွေ့တွေ... တရွေ့ရွေ့ တရွေ့ရွေ့ပါပဲ။ လွမ်းခြင်း - ၁၄ ဝမ်းနည်းခြင်း ဝမ်းသာခြင်းထက် တစ်ယောက်အပေါ်ထားတဲ့ တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကသာ အချစ်စစ်ဖြစ်ပါကြောင်း။ လွမ်းခြင်း - ၁၅ သတိရစိတ်ကို အိတ်ထဲထည့်လို့ မမြင်နိုင်တဲ့ လမ်းတွေ ငါဆက်လျှောက်နေစဲ။ လွမ်းခြင်း - ၁၆ ဝေးသွားပြီးနောက် သတိတရရှိခြင်းဟာ ချစ်ခြင်းမေတ္တာရဲ့ အမျှည်တန်းပဲ။ လွမ်းခြင်း - ၁၇ တယုတယ ယုယပြနေလို့ အချစ်ဖြစ်မလာပါဘူး။ လွမ်းခြင်း - ၁၈ သတိရတိုင်း နားထောင်ပါ အချိန်မှန်မှန်အိပ်ပါ စားပါ ငါ့ကို မေ့ပစ်ပါ။ လွမ်းခြင်း - ၁၉ လေပြေသွေးလို အသက်ရဲ့ နှုတ်ခမ်းပါးက စကားသံတွေကို ငါ့ကော်ဖီခွက်ထဲထည့်ဖျော်ချင်မိတုန်းပဲ။ လွမ်းခြင်း - ၂၀ အချစ်ဟာ တာဝန်မဟုတ်ကြောင်း ပေးစပ်ခြင်းသာဖြစ်ကြောင်း ကဗျာတွေထဲက ငါသိခဲ့တယ်။ - လိပ်ပြာ

လမ်းခွဲ - ၁ ချစ်လွန်း၍ လွမ်းခွဲခြင်းသာဖြစ်သည်။ လမ်းခွဲ - ၂ ပျော်ရွှင်စရာများကိုသာ အမှတ်ရပေးပါ ချစ်သူ။ လမ်းခွဲ - ၃ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းက ငါ့ကိုဂရုစိုက်တာနဲ့ညီမျှပါတယ်။ လမ်းခွဲ - ၄ ဖိုးကာရဲ့ " လမ်းခွဲ " သီချင်းကို နားမထောင်ခြင်းဖြင့် ငါ့ကိုအမှတ်ရပေးပါ ချစ်သူ။ လမ်းခွဲ - ၅ ပြုံးပါ.. ပြုံးပြပါ ငါ့ကိုမေ့ပစ်ဖို့ ကြိုးစားရင်း မင်းပြုံးပြပါ။ - လိပ်ပြာ

ကဗျာထဲက သူရဲကောင်း ရွာဦးကျောင်းမှာ ရေတွင်းတူး‌တုန်းက မင်းမပါဘူး ...။ ငါတို့လယ်တွေ ပျိုးကြဲတုန်းက မင်းမပါဘူး ...။ လွင်တီးခေါင်တွေ သစ်ပင်စိုက်တုန်းက မင်းမပါဘူး ...။ ခုတော့ မင်းက ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို သခင်ဗဟိန်းနဲ့ ဂွေပဲအတူတူလှိမ့်ခဲ့သလို သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို ဟိုချီမင်းက မင်းဘကြီးလိုလို မင်းကဗျာတွေဖတ်ရတာ အသက်ရှူကြပ်ပြီး မနေတတ်ဘူး။ ဪ ... ဪ ... ဪ ... မင်းကဗျာတွေက ဘာလိုလို။ -အောင်ဘညို

လွမ်းခြင်း - ၆ ပျော်စရာမကောင်းတဲ့ လောကကြီးမှာ ငါဟာ တစ်ရက်ပြီး တစ်ရက် တစ်သက်ပြီး တစ်သက် တိုးလာလို့ ရှင်သန်နေထိုင်ပါတယ်။ လွမ်းခြင်း - ၇ ကော်ဖီစစ်စစ်သောက်ရဖို့ မေတ္တာစစ်စစ်အရင်ပေးလိုက်ရတယ်။ လွမ်းခြင်း - ၈ သီချင်းသံတွေမတိုးတော့ဘူး လေသံတွေမကျယ်တော့ဘူး အသက်တွေတိုတိုလာပြီ။ လွမ်းခြင်း - ၉ နွေဦးလွန်ခဲ့ပြီ လေရူးထဲ ပြန့်လွင့်မိတဲ့ စိတ်တွေလဲ အိမ်ထဲက စုဗူးလေးထဲပြန်လည်ရောက်ရှိ လာပါပြီ။ လွမ်းခြင်း - ၁၀ ကိုအောင့်သီချင်းတွေ နားမထောင်မိတော့တာ မင်းထွက်သွားပြီးထဲကပဲ အသက်။ - လိပ်ပြာ

ချစ်မိလိုက်တာနဲ့
ငါတို့ဟာ တိမ်တွေလို
တလွင့်လွင့်နဲ့ ကောင်းကင်နဲ့ပဲ
အတူနေချင်ကြတဲ့ အဖြစ်ပေါ့။

ကောင်းကင်က တိမ်တွေရှိမှ
ပြည့်စုံသလို တိမ်တွေကလည်း
ကောင်းကင်ထက်မှာ ဝဲပျံနေမှ
ပြီးပြည့်စုံခြင်းကို ရမှာဆိုပေမဲ့
တစ်ခါတလေမှာ ကောင်းကင်ဟာ
တိမ်စိုင်တွေကို အလိုမရှိခဲ့ပါဘူး
မလိုအပ်ခဲ့ပါဘူး။

တိမ်တွေဟာ ငိုချင်တဲ့အခါ
မိုး‌ရေက‌နေ မျက်ရည်အဖြစ်
စီးဆင်းရွာချပေးရပါတယ်။

တစ်ရက်ပြီး တစ်ရက်
လွင့်ချင်တိုင်း လွင့်နေတဲ့
တိမ်တွေဟာ တစ်ခါတလေမှာ
တစ်စုံတစ်ရာကို မျှော်တတ်ကြပါတယ်။

ကြယ်လေးဖြစ်ဖြစ်
လမင်းကြီးဖြစ်ဖြစ်ပေါ့လေ။

လူတွေ စိတ်ပင်ပန်းလာကြတဲ့အခါ
ကောင်းကင်ကြီးကို မော့ကြည့်လို့
တိမ်တိုက်တွေစီ စိတ်ကနေဆက်သွယ်ကြတယ်။

တိမ်တိုက်ကလေးတွေ
ပင်ပန်းလာတဲ့ အခါကြရင်လည်း
ကောင်းကင်ကြီးကို မသိမသာ
ခိုးကြည့်လို့ တိတ်တိတ်ကလေး
သက်ပြင်းချကြပါတယ်။

လေနှင်ရာ လွင့်ချင်ပေမဲ့
လွင့်မရတဲ့ အခိုက်တန့်တွေမှာ
တိမ်တွေဟာ သနားစရာကောင်းလှပါတယ်။

- လိပ်ပြာ

လွမ်းခြင်း - ၁ အလွမ်းဟာ ဉတုအလိုက်ပါပဲ နွေဆိုလည်း အသက်ကို လွမ်းတယ် မိုးဆိုလည်း အသက်ကိုလွမ်းတယ် ဆောင်းရောက်လည်း အသက်ကိုလွမ်းတယ်။ လွမ်းခြင်း - ၂ လူတွေ ဘယ်လောက်ဝေးဝေး နှလုံးသားတွေ နီးနေရင် ရပြီမဟုတ်လား အသက်။ လွမ်းခြင်း - ၃ ချစ်ခြင်းမေတ္တာမှာ လိမ်လို့မရတာဟာ မျက်ဝန်းတွေတဲ့ မင်းမျက်ဝန်းတွေမှာတော့ သူ့ပုံရိပ်တွေနဲ့ ငါ့ကိုချစ်ခဲ့တာ။ လွမ်းခြင်း - ၄ သတိတရ အမှတ်ရလို့ မနက်ခင်းတိုင်းမှာ ကိုယ့်ရဲ့ ဘယ်ဘက်ခြမ်းလေးကို စမ်းကြည့်မိနေစဲ။ လွမ်းခြင်း - ၅ မိုးတွေရွာနေပြီ ထီးစောင်ရမှာ ပျင်းတဲ့ မင်းလေး ဘယ်ဆီများ ရောက်နေမလဲလို့ ကိုယ်တွေးမိပါတယ်။ - လိပ်ပြာ

ရင်ထဲသို့ ကျုပ်လက်ကို မသက်ထားနွေ မဆုပ်ကိုင်တော့တဲ့နောက် ကျုပ်ရဲ့ နေ့စဥ်ဘဝဟာ မသက်ထားနွေကို လွမ်းတဲ့ စိတ်နဲ့ပဲကုန်ဆုံးပါတယ် မသက်ထားနွေသိလား ပင်လယ်ပြင်ကြီး ဘယ်လောက်ကျယ်ကျယ်ကျုပ်စိတ်မဝင်စားဘူး ဒါပေမဲ့ မသက်ထားနွေ ကျုပ်ရင်ခွင်ထဲ မရှိတော့တဲ့နောက် ကျုပ်တို့မြို့လေး အတော်ကျယ်သွားတယ်ဆိုတာကိုတော့ ကျုပ်သတိပြုမိပါတယ်။ မတွေ့တော့ဘူး... ရှာလေဝေးလေ.. လိုက်လေပြေးလေပဲ မသက်ထားနွေရဲ့။ ၁၂လရာသီက သူ့ဘာသာလည်ပတ်ပြီး တစ်ကျော့ပြန်လည် လာတာတောင် မသက်ထားနွေကို ကျုပ်မတွေ့ရတာ ၁၀နှစ်ဆိုတဲ့ ကာလတစ်ခုထိရှိခဲ့ပြီ ၁၀နှစ်ဆိုတဲ့ အချိန်အတွင်း မသက်ထားနွေရော အရင်လိုပဲလား ပြောင်းလဲသွားပြီလားဆိုတာတောင် ကျုပ်သိခွင့်မရဘူး။ ဆံပင်တွေရှည်လာပြီလား ကမ္ဘာသစ်မှာရော ပျော်နေပြီလား အခုလက်ရှိ ဘယ်မြို့မှာအခြေချနေသလဲ တောင်တန်းတွေဆီ ခရီးသွားတုန်းပဲလား အရင်လို ဒိုးလုံးသီချင်းတွေနားထောင်တုန်းလား ကျုပ်ဘာမှမသိရတာ ၁၀နှစ်ရှိခဲ့ပြီ။ ကျုပ်ချစ်ရသူလေး နေကောင်းကျန်းမာရဲ့လားတောင် မသိရတဲ့ ဘဝမှာ ကျုပ်ကပျော်နေရမှာတဲ့လား။ ဒါတွေခင်ဗျားမသိပါဘူး ခင်ဗျားသိတာက ခင်ဗျားပင်ပန်းလာပြီဆို ကျုပ်လက်ကို အလွယ်လေးလွှတ်ချသွားဖို့ပဲလေ ကျုပ်စကားတွေ မှန်တယ်မလား မသက်ထားနွေ လာပြီးဖြေလှည့်ပါဦးခင်ဗျားရဲ့။ ကျုပ်ရင်ထဲဆို့နင့်စွာ ကြေကွဲနေမိလို့ပါ သက်ထားနွေ။ - လိပ်ပြာ

ကိုယ်ချင်းစာစိတ်ရှိရင် ကောင်းမှာပဲ အသက်။ အခုတော့ ငါကမ္ဘာပျက်နေတာကိုကျ လျစ်လျူရှုခဲ့တဲ့မင်းက ဟိုလူမျက်နှာညှိုးမှာကိုတော့ ကြောက်တတ်နေပြီ...။ -အံ့လွန်းပျို

ရှာလေဝေးလေ သတိရခြင်းကို အင်္ကျီအိတ်ကပ်ထဲထည့်လို့ ကျုပ်ခင်ဗျားကိုလိုက်ရှာမိတယ်။ ငိုတစ်လှည့် ပြိုတစ်လှည့် မရပ်မနားရှာဖွေမိပါတယ်။ ကျုံးဘက်ကိုလဲရောက်တယ် ဦးပိန်ကိုလဲ ၂ခါလျှောက်ခဲ့တယ်။ ခင်ဗျားကျုပ်ရင်ထဲက ထွက်သွားပြီးတည်းက ကျုပ်တို့ ချစ်ခဲ့ကြိုက်ခဲ့ကြတဲ့ မြို့ကလေးဟာ သိပ်ကို ကျယ်သွားသလား‌တောင်မှတ်ရပါတယ်။ မတွေ့ဘူး... မတွေ့တော့ဘူး.. မသက်ထားနွေကို ကျုပ်မတွေ့တော့ဘူး။ ၁၀နှစ်.. ၁၀နှစ်ရှိပြီ ကျုပ်မတွေ့တော့တာ။ လိုက်ရှာသူကျုပ်ကပဲ ညံ့တာလား ထွက်သွားလေသူ ခင်ဗျားကပဲတော်တာလား။ ကျုပ်ခင်ဗျားကို ဘယ်မှာရှာရှာ.. ဘယ်လိုရှာရှာ.. မတွေ့တော့ဘူး မသက်ထားနွေရေ။ ဖြစ်နိုင်မယ်ဆို... တွေ့ခွင့်သာရှိမယ်ဆို... နောက်ကျောလေးပဲတွေ့ရတွေ့ရ ခြေဖမိုးလေးပဲမြင်ရမြင်ရအဆင်ပြေပါတယ်။ အဓိကက... ခင်ဗျားကို ကျုပ်တွေ့ရဖို့ပဲ ကျုပ်တို့ တစ်ခါလောက်ပြန်ဆုံကြရဖို့ပါပဲ ဒီလောက်ပါပဲခင်ဗျားရဲ့ကျုပ်ဘာမှမမျှော်လင့်ပါဘူး။ အကယ်၍... အကယ်၍များ... အခွင့်အခါသင့်လို့ ပြန်ဆုံရကြေးဆို မျက်နှာချင်းဆိုင်မဟုတ်တောင် ကျောချင်းကပ်လျက်ပြန်ဆုံရလဲ အဆင်ပြေပါတယ် မသက်ထားနွေ။ - လိပ်ပြာ

ဇာနည်သွေးတို့ ရဲစေသော်ဝ် အာဇာနည်တဲ့ ကိုးဦးကွဲ့ ဂုဏ်လဲ့လို့ပြောင် သူတို့ဆောင်။ နိုင်ငံ့အကျိုး ထောက်ပံ့ပိုး အမျိုးထိပ်ခေါင် ကြံတိုင်းအောင်။ သမိုင်းတို့သည် ဆက်၍တည် ရောင်ခြည်ထိန်တောင် ဂုဏ်မမှောင်။ အတုယူကြ ကိုးဦးမှ သူ့နှလုံးနောင် သိမ်းထားဘောင်။ နောင်လာနောင်သား မျိုးကောင်းထား ကြိုးစားလို့လောင် တို့မီးမြောင်။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်

အတိတ်သမိုင်း လူသေရင်တောင် နာမည်မသေတဲ့ သမိုင်းဟာ... ၁၉ ဇူလိုင်တဲ့လား.... ရာသီစက်ဝန်းဟာ တစ်ပတ်ပြီးတစ်ပတ် တစ်ရက်ပြီးတစ်ရက်နဲ့ အသက်တွေကို ဖက်နဲ့ထုပ်ထားရင်း... ၁၉ ဇူလိုင်ကို ရင်ထဲက မျက်ရည်တွေနဲ့ ကြိုဆိုမိပြန်တယ်။ မေ့မရတဲ့ သမိုင်းဟာ ၁၉ ဇူလိုင်.. မေ့မရတဲ့ အာဇာနည်ဟာ ၉ဦး... ဗိုလ်ချုပ်ကို ရှေ့မှာထားလို့ ကျန် ၈ဦးကို ဂါရဝပြုရင်း အတိတ်သမိုင်းဆီ တစ်ကျော့ လည်ကာငေးလို့ လွမ်းမောရဦးမယ်။ နိုင်ငံရဲ့ သမိုင်းဟာ အတိတ်ရဲ့ သမိုင်း ၇၉နှစ်တိုင် ၁၉ ဇူလိုင်...။ - လိပ်ပြာ

စိတ်မှာ သတ်မှတ်ချက်မရှိဘူး။ မနေ့က ငါလုပ်ခဲ့တာတွေကို ဒီနေ့ တွေးဖြစ်ချင်မှတွေးဖြစ်မယ်။ ဒါပေမဲ့ မင်းကိုတော့ အချိန်တိုင်း တမ်းတမိတာအမှန်ပါ။ -အံ့လွန်းပျို

အမှတ်တရထဲက အမှတ်ရ ခင်ဗျားအတိတ်ကို ပြန်တွေးမယ်ဆို ကျုပ်နဲ့ အတူရယ်မောခဲ့ရကြောင်းတွေကိုပဲ အမှတ်ရပေးပါ မသက်ထားနွေ။ ကျုပ်တို့ အော်ဟစ်စကားများခဲ့ဖူးကြတဲ့ အတိတ်တွေကိုတော့ ခင်ဗျားမှတ်ဥာဏ်ထဲက skip လိုက်ပေါ့။ ကျုပ်တို့ အသေချာကြီးကို ချစ်ခဲ့ကြတယ်မဟုတ်လား မသက်ထားနွေ ကျုပ်တို့ အတူအမှတ်တရတွေ အဆိုးအကောင်းအကျိုးအကြောင်းတွေ ရင်ဆိုင်ကျော်ဖြတ်ဖူးကြတယ်မဟုတ်လား။ လူတွေမှာ မေ့သွားတယ်ဆိုတာမရှိပါဘူး မသက်ထားနွေ မမှတ်ထားတာနဲ့ မေ့ဖျောက်ထားတာပဲရှိတာပါလို့ အမှန်တရားကို ကျုပ်ဖွင့်ဟရင် ခင်ဗျားရဲ့ မျက်ဝန်းညိုညိုက ကျုပ်ကို မျက်စောင်းထိုးနေဦးမလား။ ကွာတယ်ဗျ... ကွာတယ်... သိပ်ကွာတယ်။ ချစ်တဲ့လူနဲ့ မချစ်တဲ့ လူကွာတယ်။ ကျုပ်မေးပါရစေ မသက်ထားနွေ ကျုပ်ကိုချစ်ခဲ့တာလား ကျုပ်ချစ်တာကိုချစ်ခဲ့တာလား။ ခင်ဗျားဖြေပါ.. အမှန်တိုင်းဖြေပါ.. ကျုပ်မျက်နှာကို တည့်တည့်ကြည့်ဖြေပါ ခင်ဗျားရဲ့ နှုတ်ခမ်းပါးနုနုကထွက်လာမဲ့ စကားလုံးတွေကိုပဲ ကျုပ်မှတ်ယူမှာမလို့ ဖြေပေးပါ မသက်ထားနွေ။ - လိပ်ပြာ

ကဗျာစာစဉ်အမည် - နှလုံးသားထဲက အာဇာနည် ကဗျာအမှတ်စဉ် (၅) အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် မနက်ဖြန်တွင်‌ကျရောက်မည
ကဗျာစာစဉ်အမည် - နှလုံးသားထဲက အာဇာနည်
ကဗျာအမှတ်စဉ် (၅) အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် မနက်ဖြန်တွင်‌ကျရောက်မည့် အာဇာနည်နေ့ကို ကဗျာများနှင့် အသိအမှတ်ပြုလိုပါသည်။ သို့ဖြစ်ပါ၍ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြပါရန် ဖိတ်ခေါ်လက်ကမ်းလိုက်ရပါသည်...🫡။ ကဗျာစာမူပိတ်သိမ်းချိန် - ၁၉ရက်နေ့ ည ၉နာရီ ကဗျာစာစဉ်အတွက် ကဗျာစာမူများကို @Alp_ll2010 ဒီအကောင့်ဆီ ပေးပို့နိုင်ပါပြီခင်ဗျ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #poetry_series #A_poetryhub #literary_club

အချစ်လား မေတ္တာလား လိုချင်တာပြောပါ။ ခဏတာ ရင်ခုန်မှုမှာ တစ်ဘဝစာ ပုံအပ်ထားပါတယ်။ မင်းယူသွားပါကွယ်။ -အံ့လွန်းပျို

ခရေပန်းကလေး ကျုပ်အချစ်ဟာ ခရေတွေနဲ့ တူလေတယ် မသက်ထားနွေ ဝေလည်းမွှေး ကြွေလည်းမွှေးဆိုတာကို ခင်ဗျားကြားဖူးတယ်မလား။ ကျုပ်အချစ်ဟာ ခင်ဗျားအတွက်တော့ ပိုင်ဆိုင်ရလည်းဖြစ်ပါတယ် အဝေးကပဲ ငေးဆိုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခရေတွေနဲ့ တူတယ်လို့ ပြောတာပေါ့ သူ့ဘာသာအပင်ပေါ်ရှိနေတဲ့ ခရေကို အဝေးကငေးကြည့်လည်း မွှေးသလို ခူးယူလိုက်လည်း မွှေးပါတယ် မသက်ထားနွေ။ အကယ်၍ ညှိုးနွမ်းသွားရင်တောင် တယုတယသိမ်းထားပေးမဲ့ လူရှိရင် ခရေတွေဟာ တစ်ဘဝစာသိမ်းထားလို့ ရပါတယ်။ ခင်ဗျားမလိုချင်တော့ရင်တော့ ပစ်လိုက်ပေါ့ မသက်ထားနွေရယ်။ ကျုပ်ကခင်ဗျားလက်ခုပ်ထဲကရေမလို့ လိုသလိုအသုံးချနိုင်ပါတယ်... ကြိုက်သလိုပြုမူနိုင်ပါတယ်။ ခင်ဗျားစိတ်ကလေး ရွှင်လန်းနေဖို့ကသာ ကျုပ်အတွက်အရေးကြီးပါတယ်။ ကျုပ်ကခင်ဗျားအတွက် ဒီလောက်ထိကိုတွေးပေးနိုင်သူပါလို့ ခင်ဗျားရှေ့ဝံ့ကြွားပြရင် ကျုပ်ကိုမယုံသလိုကြည့်မြဲကြည့်နေလေဥိီးမလား။ ခင်ဗျားရယ် တစ်ခါတလေတော့ကျုပ်လဲ ခင်ဗျားအချစ်ဦးလိုခင်ဗျားသိပ်ချစ်ခဲ့တဲ့ ဘဝမျိုးရောက်ချင်တာပေါ့။ အတိတ်ဟာ အတိတ်ပါပဲဆိုပြီး အိပ်ရာထဲက မထသေးတဲ့ကောင်တွေထဲ ကျုပ်မပါဘူး။ အတိတ်ကို အနာဂါတ်ထိ သယ်ဆောင်လာတဲ့ ကောင်တွေထဲတော့ ကျုပ်ဟာနံပါတ်တစ် အဲ့ဒီအတိတ်ထဲ ဘယ်သူပါသလဲမေးရင်တော့ ခင်ဗျားဟာ နံပါတ်တစ်ပေါ့ မသက်ထားနွေ။ - လိပ်ပြာ

လျစ်လျူရှုစွာ လွှတ်ချခံခဲ့ပါတယ်။ သို့သော် ငါထွက်မသွားပါ။ စိတ်လှုပ်ရှားစွာ စောင့်နေခဲ့ပါတယ်။ သို့သော် သူပြန်မလာပါ။ -အံ့လွန်းပျို