𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔
Open in Telegram
ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာလေးမှာ နောက်တစ်ခါလောက်ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling
Show more236
Subscribers
No data24 hours
No data7 days
-530 days
Posts Archive
ကိုယ့်ချစ်သူကို
ပျော်နေစေချင်တာဟာ
လူတိုင်းရဲ့ ဆန္ဒဆိုရင်
မင်းကိုလဲ တခြားတစ်ယောက်
ရင်ခွင်မှာ ငါပျော်နေစေချင်တယ်။
-အံ့လွန်းပျို
ချိန်းဆိုချက်တွေ လွဲတယ်
လွယ်မယ်ထင်တာတွေ ခက်ပြီး
ခက်မယ်ထင်တာတွေ မလွယ်ဘူး။
ငါ တစ်ယောက်တည်း ထိုင်တယ်
ငါ တစ်ယောက်တည်း ကဗျာရေးတယ်
အတွေးမှာ စံပယ်တွေ ဖွေးနေ။
ညနေက ငါ ပိုက်ကျော်ခြင်းခတ်တယ်
တည်လို့မရတာ ငါ ရအောင် တည်တယ်။
အဲ့သလို
ပျော်လို့မရတာ ငါ ရအောင် ပျော်တယ်။
-ခင်ဇော်မြင့်
ခရမ်းရောင် လွင်ပြင်လိပ်ပြာ နှင့် စောနွယ် ပထမဆုံးအကြိမ် ဆရာမစောနွယ်နှင့် အတူရေးသား ထုတ်ဝေခြင်း။ #လိပ်ပြာ
အဝေးကြီးမှာ
ပျံသန်းနေတဲ့ ငှက်တွေလည်း
တစ်နေ့ကြရင် အတောင်ကျိုးနိုင်တာပဲလေ...
ဒါဟာ သဘာဝပါပဲ။
- လိပ်ပြာ
ပန်းပျိုးသူ
ချစ်တဲ့သူငယ်လေ...
သူငယ်ချင်းကောင်း ပန်သူတို့လေ...။
ပျိုးပါရလို၊ ပျိုးရလျှင်လဲ
၀င့်၀င့်ကြွားကြွား၊ ပွင့်ခိုင်များနှင့်
ခံ့ညားထည်၀ါ၊ ပျိုကညာတို့
ခေါင်းမှာပန်ဆင်၊ လူမထင်တဲ့
ဂေါ်သဇင်ပန်း မှသာတဲ့။
စိုက်ပါရလို၊ စိုက်ရလျှင်လဲ
နွေဦးလေရူး၊ အလှထူးတဲ့
တန်ခူးနဲ့ပြိုင်၊ ရနံ့ကြိုင်လို့
တောမြိုင်လယ်ထက်၊ မြရောင်ရွက်နှင့်
ရွှေခက်ရွှေငုံ၊ အလှခြုံတဲ့
ရွှေဘုံပိတောက် မှသာတဲ့။
ဆက်ပါရလို ဆက်ရလျှင်လည်း
ပန်းကိုချစ်သူ၊ ပန်းကိုမူကား
မွှေးကြူတတ်ကာ၊ ဆံကေသာထက်
နေရာပေးသူ၊ တို့ကြင်သူပျို
ချစ်သူဒေ၀ီ မှသာတဲ့။
မောင်ပျိုးတဲ့ပန်းမွှေးမွှေး၊ ပန်ပေးချင်တယ်လေး။
-ဒေါင်းနက်
အသက်တမျှ
ငါတို့ ပြန်မဆုံနိုင်တော့ရုံပါပဲ
မင်းလဲ တခြားကမ္ဘာဆီ ထွက်မပြေးနိုင်
ငါလဲ ဒီကမ္ဘာပေါ်ကနေ ခုန်မချနိုင်။
-ကေဇဝင်း
ကျွန်တော်လူငယ်ပါ။ အိပ်မက်တွေ၊
ရည်မှန်းချက်တွေ၊ဝါသနာတွေရှိတဲ့
လူငယ်တစ်ယောက်ပါ။
မဖြစ်လာနိုင်တဲ့ ဒီနိုင်ငံကြီးကိုတောင်
မျှော်လင့်ချက်ထားမိရင်
ခင်ဗျားအချစ်အပေါ်
ကျွန်တော်မျှော်လင့်မိတာ မဆန်းပါဘူး။
-အံ့လွန်းပျို
ရင်ထဲက ခံစားချက်ကို
ထုတ်မပြောပြရင် ဘယ်သူမှ
သိကြမှာ မဟုတ်ဘူးဆိုတာ
နားလည်ပေမဲ့ မင်းကိုတော့
Automatically နားလည်စေချင်တယ်။
- လိပ်ပြာ
မေတ္တာစာ
မနက်ခင်းမိုးလင်းလို့
ကြားရတဲ့ နှိုးစက်သံအစား
မင်းရယ်သံကိုသာ ငါနားဆင်မယ်။
ညခင်းမိုးချုပ်လို့မြင်ရတဲ့
ကြယ်ကလေးတွေအစား
မင်းမျက်နှာကိုသာ ငါထိုင်ကြည့်မယ်။
နေ့စဉ်ဓူဝလုပ်နေကျအရာတွေအထဲ
မင်းကိုချစ်ရတဲ့ တာဝန်ကိုတော့
ငါမပျက်မကွက် ဆောင်ရွက်ဆဲပါ
အချစ်ရေ...။
-အံ့လွန်းပျို
ရမ္မက်
သွေးသားတည်လျက် ၊ ခန္ဓာဆက်တွင်
ရမ္မက်တဏှာ ၊ ရှိကြစွာ၏။
ရေငန်တစ်စက် ၊ပမာလျက်မူ
ထပ်၍တောင့်တ ၊ လိုချင်ကြ၏။
တဏှာအမှောင် ၊ ဖုံးကာဆောင်က
အရှက်သညှာ ၊ ဂုဏ်သိက္ခာရိုး
ချိုးနှိမ်မေ့ပျောက် ၊ လမ်းမှားရောက်အောင်
ပို့၍ဆောင်သည်။
တဏှာရမ္မက်၊ ပျားရည်စက်ကား
ဓားသွားပေါ်ထက်၊ရှိပါလျက်မှ
ပိုးဖလံမျိုး ၊ မီးကိုတိုးယူ
ပူပူလောင်လောင် ၊ သူသယ်ဆောင်၏။
တန်သင့်သည့်ဆေး ၊ လွန်မည့်ဒုက္ခ
အသိအမှတ်၊ သတိကပ်၍
ရမ္မက်တဏှာ၊ ထိုအရာကို
ချင့်ကာသင့်စေ၊ သုံးဆောင်စေသော်။
အမောင်ကိုးလ်
#𝘾𝙤𝙡𝙙
ကျွန်တော့်ရဲ့ကျွန်တော်
နွေဦးမှာ
ရွက်ဝါတွေရှိတယ်။
ကျွန်တော့်မှာ ကျွန်တော်ရှိတယ်။
အာဒံမှာ
ဧဝရှိတယ်။
ကျွန်တော့်မှာ ကျွန်တော်ရှိတယ်
နတ်သျှင်နောင်မှာ
ရာဇဓာတုကလျာရှိတယ်
ကျွန်တော့်မှာကျွန်တော်ရှိတယ်။
ဂျူးမှာ
အမှတ်တရ ရှိတယ်။
ကျွန်တော့်မှာကျွန်တော်ရှိတယ်။
တစ်ခုခုတိုင်းမှာ
တစ်ခုခုရှိပေမဲ့
ကျွန်တော့်မှာကျွန်တော်ပဲရှိတယ်။
ကိုယ့်အားကိုယ် ကိုးကာ
ကျွန်တော့်မှာကျွန်တော်ရှိတယ်။
သမိုင်းတစ်ခု
တည်ဆောက်ဖို့
ကျွန်တော့်မှာ ကျွန်တော်ပဲရှိတော့တယ်။
-တက္ကသိုလ်သျှင်ဘုန်း
ယုံကြည်မှုနဲ့ဆုပ်ကိုင်ထားတဲ့လက်တွေပါ။
လူချင်းနီးမှ မြဲတယ်ဆိုတဲ့ လက်တွေမှာပဲ
ဒဏ်ရာတွေ ရှိတယ်မထင်ပါနဲ့။
သူ့လက်မှာလဲအသားမာနဲ့
ငါ့လက်မှာလဲအမာရွတ်နဲ့...။
-အံ့လွန်းပျို
အဝါရောင် မိုးတိမ်များ - ၂၁
အရွေ့တွေ မတူဘူး
နေရာဒေသတွေ မတူကြဘူး
ချစ်တဲ့သူတွေ မတူဘူး
မုန်းတဲ့သူတွေလည်း မတူဘူး
ဒါပေမဲ့ ငါမင်းကိုချစ်တယ်။
အဝါရောင် မိုးတိမ်များ - ၂၂
သံသေတ္တာထဲက
ဂျင်းကုတ်ကလေးက
ကြာလေအနွေးဓာတ်လျော့လေ
ဖြစ်လာတယ်။
အဝါရောင် မိုးတိမ်များ - ၂၃
ချစ်ရသူရဲ့
ချစ်သူကို ငါတို့ဟာ
ကမ္ဘာမှာ မုန်းပစ်ဖို့
ပိုကြိုးစားရတယ်။
အဝါရောင် မိုးတိမ်များ - ၂၄
" ဒီအချိန်ဆို
ဘာများလုပ်နေမလဲ " ဆိုတဲ့
အတွေးဟာ မင်းကိုစတွေ့ထဲက
ငါ့ဦးနှောက်ထဲ automatically
ဝင်လာတဲ့ အရာတစ်ခု။
အဝါရောင် မိုးတိမ်များ - ၂၅
လျှောက်ပါများလို့
ပါးလာတဲ့ ဖိနပ်ထက်
မစီးရက်လို့သိမ်းထားတဲ့
ဖိနပ်တွေဟာ ပိုပြီး ပြတ်လွယ်ပါကြောင်း။
- လိပ်ပြာ
နီးခြင်း၊ ဝေးခြင်း
သဘောတရားတွေနဲ့
အကျင့်သားရနေသူမလို့
အနားမှာမရှိရင်နေပါ။
ချစ်တယ်ဆိုရင်ပဲ
အသက်တစ်ရက် ပိုရှည်ပါပြီ။
-အံ့လွန်းပျို
ငါတို့တွေဟာ
ချစ်ခဲ့ ကြိုက်ခဲ့ မုန်းခဲ့ကြတာ
ခုဆိုရင်သံသရာတစ်ပတ်
မကတော့ဘူး
မင်းဘက်ကကြည့်တော့
ငါ့အပြစ်
ငါ့ဘက်ကကြည့်တော့
မင်းအပြစ်ဆိုပြီး
တစ်ယောက်နဲ့တစ်ယောက်
အပြစ်တင်
နေခဲ့ကြတာမလား
တန်ရောတန်ပါ့မလား
တန်ရောတန်ခဲ့ရဲ့လား။
-မြနန်းစံ
" ကမ္ဘာတစ်ခြမ်းအကြောင်း "
လွမ်းတယ် သတိရတယ်
ဒီစကားလုံးတွေထက် ပိုတဲ့
စကားလုံးရှိသေးရင်
မြေးပြောချင်တယ် ဖိုးဖိုး။
ကောင်းကင်ပေါ်က
ကြယ်ကလေး အဖြစ်ရှိနေမလား
လမင်းကြီးပေါ်က ချိုင့်ခွက်လေးဖြစ်နေမလား
နတ်သားကြီးဖြစ်နေမလား
ခုချိန်မှာဘာဖြစ်နေမလဲ သေချာမသိဘူး။
မသေချာတာတွေထဲကမှ
သေချာတာတစ်ခုကကောင်းတဲ့
အရပ်မှာရှိနေမယ်ဆိုတာပါပဲ
အသွေးထဲ အသားထဲကကို မြေးယုံပါတယ်။
အခုအချိန် အဖိုးများရှိရင်
မြေးနဲ့အတူ အရင်လို လက်ဆွဲလို့ညနေတိုင်း လမ်းလျှောက်မုန့်ဝယ်နေလေအုံးမလား
ငါ့မြေးက သိပ်တော်တာလို့ ဝံ့ကြွားနေလေအုံးမလား
ဖေဖေ မေမေတို့ ဆူတိုင်း
ဝင်ကာကွယ် ပေးလေအုံးမလား။
တွေးမိတိုင်း အရင်ကပုံရိပ်လေးတွေက
မျက်ဝန်းအိမ်ထဲပြန့်လွင့်နေတယ်။
အိမ်အပေါ်ထပ်က အန်တီကြီးတွေနဲ့
တွေ့ရင်တော့ အဖိုးကိုသိပ်သတိရတယ်။
ဒိန်ချဥ်ဆိုင်က အန်တီကြီးကလည်း
ဒိန်ချဥ်သွားဝယ်တိုင်းအဖိုးအသည်းကျော်လေးလို့ ခေါ်တုန်းပဲ။
သရက်သီးအမှည့်တွေဆိုမစားမိအောင်
ရှောင်တာ ၅နှစ်ရှိပြီ အဖိုး။
ညဘက်၂ယောက်အတူထမင်းစားတဲ့
အချိန်တွေကိုသတိရတယ်။
လူတစ်ယောက်မရှိမှ အဲ့ဒီလူရဲ့တန်ဖိုးကို
နားလည်တယ်ဆိုတာလည်းသိပ်မှန်တယ်။
နောင်တတွေကို ကြောက်တယ်
မရှိတော့မှရတဲ့ နောင်တတွေကိုသိပ်ကြောက်တယ်။
အဲ့ဒီနေ့ကိုသိပ်ကြောက်တယ်
နောက်ဆုံးအိပ်မက်တွေကို
သိပ်ကြောက်တယ်။
ရယ်သံတွေနဲ့ အပြုံးချိုချိုတွေ
နူးနူးညံ့ညံ့ မတောင်းပဲ အမြဲရနေတဲ့
မေတ္တာတွေကို မေ့မသွားအောင်သတိပေးရတယ်။
ငါမြေ့ဘွဲ့ရမှသေမှာဆိုတဲ့
စကားကိုလည်း မှတ်ထားတုန်းပဲ
ဓါတ်ပုံတွေလည်း သိမ်းထားတုန်းပဲ
အမှတ်တရတွေကိုလည်း မှတ်ထားတုန်းပဲ
ပုံရိပ်တွေကိုလည်းမေ့မပစ်နိုင်သေးဘူး။
တချို့က ကိုယ်ဝမ်းနည်းနေတာကို
လူတွေသိအောင် ပြတတ်ပေမဲ့လို့
အဖိုးမြေးကတော့ ကျိတ်ခံစားနေကြမလို့
ညဘက်တွေ ခိုးခိုးငိုတာလူမသိပါဘူး။
အခု အဖိုးမြေးရဲ့ အနာဂါတ်အတွက်
လျှောက်နေတဲ့ လမ်းတွေကို
ဘယ်ကများကြည့်နေလေမလဲ သဘောရောတွေ့ရဲ့လား။
ကဗျာဆရာပေါက်စလုပ်လို့
လူဝန်ဆန့်အောင် စကားတွေအများကြီးလည်း
စိတ်ရှည်သည်းခံပြီး ပြောတတ်နေပြီ
ကဗျာဆရာသူငယ်ချင်းတွေအများကြီးရနေပြီ
ကဗျာတွေ အများကြီးရေးနေပြီ
ကာရံတွေစပ်တတ်အောင်သင်နေပြီ
ဖေဖေမသိပေမဲ့ အဖိုးသာရှိရင်
မြေးပထမဆုံးပြောပြမဲ့လူကအဖိုးပဲ။
စာတွေ အများကြီးကြိုးစားလုပ်နေတယ်
အဖိုးရဲ့ ဆုံးမမှုအောက်မှာနေခဲ့တုန်းကအတိုင်း
လိမ္မာယဥ်ကျေးစွာနေထိုင်နေတယ်။
ဖေဖေငိုတာကို
အဖိုးသေမှ မြေးပထမဆုံးမြင်ဖူးခဲ့သလို
ချွေးမဖြစ်သူမေမေ့ရဲ့ အဖိုးကိုသတိရကြောင်း
ခဏခဏပြောတဲ့ အသံကိုလည်း
ခုထိကြားနေရဆဲပဲ။
အဲ့နေ့က
ပထမကမ္ဘာစစ်ဖြစ်သလိုပဲ
မြေးရင်ထဲမှာ စစ်တွေဖြစ်နေခဲ့တယ်။
အချိန်ကာလပေါင်းများစွာ
ကြာမှ ပုံမှန်စိတ်တွေနဲ့အိပ်နိုင်ခဲ့တယ်
ထမင်းစားနိုင်ခဲ့တယ်။
အဲ့ဒီနေ့က မြေးရဲ့ ကမ္ဘာဟာ
တစ်ခြမ်းပြိုခဲ့ရပါပြီ အဖိုး။
နောက်တစ်ခြမ်းကိုတော့
အပြိုမခံနိုင်သလို
အကယ်၍ ထွက်သွားရမယ်ဆိုရင်လည်း
အားလုံးထက် စောအောင်ထွက်သွားချင်ပါတယ်။
ကျန်နေရတဲ့ လူမဖြစ်ချင်ဘူး
ချန်ထားခဲ့ရတဲ့ လူပဲဖြစ်ချင်တယ်
ဒါမှပဲမျက်ရည်တွေ ခမ်းမှာမလို့ပါ။
မြန်မာလူမျိုးဖြစ်တဲ့အတွက်
နောက်ဘဝဆိုတာကို ယုံကြည်တယ်။
အကယ်၍ နောက်ဘဝမှာ ၂ယောက်လုံးက
လူဖြစ်မယ်ဆိုရင်တော့
မြေးအဖိုးတွေ အဖြစ်ပဲ
မွေးဖွားဖြစ်တည်ချင်ပါတယ်။
- လိပ်ပြာ
၂၇၊ ဧပြီ၊ ၂၀၂၆
( ၉နာရီ ၂၂မိနစ် ည )
အဝါရောင် မိုးတိမ်များ - ၁၁
အချစ်သီချင်းတွေ ပိတ်လိုက်တယ်
မင်းရှိနေတာပဲဆိုတဲ့ စိတ်ကလေးနဲ့ပေါ့။
အဝါရောင် မိုးတိမ်များ - ၁၂
ရာသီစက်ဝန်းဟာ
တာဝန်ကျေပါတယ်
တာဝန်မကျေတာက
ငါတို့ လူတွေပဲဖြစ်မယ် ထင်တယ်။
အဝါရောင် မိုးတိမ်များ - ၁၃
မမှတ်ထားနိုင်ရင်
မပြောမိအောင်နေပါ...
ပြောထားပြီးမှ မမှတ်မိရင်
မှတ်ထားရတဲ့ တစ်ဖက်လူက
ပိုပြီးနာကျင်ရလို့ပါ။
အဝါရောင် မိုးတိမ်များ - ၁၄
လက်ဖက်ရည်အစား
ကော်ဖီပြောင်းသောက်ကြည့်
တိမ်တွေအစား ငါ့မျက်ဝန်းတွေကို
ပြောင်းငေးကြည့်ပါလား...
ဒါဆို မင်းတစ်နေ့
ချစ်ခြင်းမေတ္တာဟာ လှပကြောင်း
သိလာပါလိမ့်မယ်။
အဝါရောင် မိုးတိမ်များ - ၁၅
ကဗျာတွေရေးရတာများပြီ
အစကနေ အဆုံးထိပြန်ဖတ်မလား
ဒါဆို အကုန်လုံးက
မင်းအကြောင်းရေးတယ်ဆိုတာ
ပေါ်လွင်လာပါလိမ့်မယ်။
အဝါရောင် မိုးတိမ်များ - ၁၆
မှတ်မှတ်ရရကနေ
အမှတ်တရဆီသို့လို့
ငါခေါင်းစဉ်ပြောင်းလိုက်တယ်။
အဝါရောင် မိုးတိမ်များ - ၁၇
ရည်းစားရှိတာဟာ
အိမ်ထောင်ရှိတာ မဟုတ်လို့
အချစ်တွေကို ဖော်ပြလို့
ရတယ် မဟုတ်လား ကိုယ့်လူ။
အဝါရောင် မိုးတိမ်များ - ၁၈
အချိန်ဟာ အဖိုးတန်တယ်ဆိုရင်
မင်းက အချိန်ထက်ပိုပြီး တန်ဖိုး
ကြီးလောက်တယ်မလား။
အဝါရောင် မိုးတိမ်များ - ၁၉
ဘဝရဲ့ နာရီတွေထဲ
မင်းဟာပတ်လို့အကောင်းဆုံး
အမျိုးအစားတံဆိပ်ဖြစ်မယ်။
အဝါရောင် မိုးတိမ်များ - ၂၀
ဟိုး... အဝေး မိုးကောင်းကင်ဆီ
ငေးကြည့်ရင်း မြင်ယောင်မိတဲ့
လူဟာ မေမေပြီးရင် မင်းဖြစ်မယ်။
- လိပ်ပြာ
