en
Feedback
𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔

Open in Telegram

ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာ​​လေးမှာ နောက်တစ်ခါလောက်​​​ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling

Show more
236
Subscribers
No data24 hours
No data7 days
-530 days
Posts Archive
အိုးမလုံတော့ အုံပွင့်လာတယ်။ အုံပွင့်တော့ အိမ်နီးချင်းတွေ သိလာတယ်။ အိမ်နီးချင်းတွေ သိတော့ မြို့က သိလာတယ်။ နောက်ဆုံးတော့ မဖုံးနိုင်တဲ့အရာကို ဖုံးထားတယ်ဆိုတဲ့ မာနတစ်ခုပဲ ကျန်ခဲ့တယ်။ ဒါတောင် ပြောလိုက်သေး "သဲသဲက ကိုကို့ကိုတကယ်ချစ်တာပါ" တဲ့။          ။ -လင်းသစ်

တွေးကြည့်ရင် ရိုးရှင်းပါတယ်... မင်းမချစ်လည်း နေသားတကျဖြစ်နေတဲ့ ငါ့ဘဝဟာ မင်းကိုချစ်နေရခြင်းတွေနဲ့ ပြည့်နက်နေပါတယ်။ - လိပ်ပြာ
တွေးကြည့်ရင် ရိုးရှင်းပါတယ်... မင်းမချစ်လည်း နေသားတကျဖြစ်နေတဲ့ ငါ့ဘဝဟာ မင်းကိုချစ်နေရခြင်းတွေနဲ့ ပြည့်နက်နေပါတယ်။ - လိပ်ပြာ

“ငါ”တစ်လုံးဆောင် ငါသည်ယောက်ျား၊မည်သူကားမျှ မကြားသိချေ။ ငါသည်မိန်းမ၊မည်သူမျှလည်း မသိကျွမ်းချေ။ ငါဟူသောသူ၊ကမ္ဘာဂူ၌ လူဖြစ်ရခြင်း၊ဘဝဆင်းတွင် ငြင်းပယ်တားက၊‌အသက်ရုပ်လွှာ ခွာချလျက်ပေ၊အဆွေပေါင်းတို့။ ငါရှူသောလေ၊မပေညစ်လျက် ငါရပ်သောမြေ၊မကြေမွဘဲ ငါစွဲသောစာ၊ငါ့ကမ္ဘာတွင် အရာထင်မည်။ ငါတောင်းသောဆု၊မတုပလျက် ငါတက်သောထိပ်၊မဆိတ်သုဉ်းဘဲ ငါတွဲသောလက်၊ခေတ်အဆက်တွင် အသက်ဆုံးမည်။ ပေါက်ဖွားမြင်စ၊ကလေးဘဝ ကြီးမှအရွယ်၊ဆယ်ကျော်သက်ချိန် ဇိမ်ယစ်မူးခြင်း၊ဖယ်ရှားထွင်းကာ ရင်းမြစ်ဇာတိ၊မရောက်ရှိခင် သိကျွမ်းသူများ၊ငါ့ကိုကားလည်း ဝါးတားယောင်ခြာ၊ညှိုးငယ်စွာဖြင့် ကြမ္မာလည်လျက် ခက်လှချေ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

အချစ်ရေ.. စဉ်းစားကြည့်ရင် ကိုယ်တို့ ဘဝတွေဟာ မိုးနဲ့ မြေပါလေ... နီးချင်လျက် ဝေးရသလို အဆင်ပြေချင်ပါလျက်နဲ့လည်း ပြဿနာတွေ ဖြစ်ရတယ်။ ပျော်သလားဆိုရင် မင်းကို ချစ်နေသ၍ ကိုယ်ပျော်ပါတယ် အချစ်ရေ။ - လိပ်ပြာ

ဒီသံသရာမှာတော့ ငါတို့ဒီလောက်ပဲ တွေ့ကြတာပေါ့ နောက်သံသရာကြရင်တော့ ထပ်မတွေ့ကြရအောင်။ -လင်းသစ်

ကဗျာဆရာမဟုတ်တဲ့ ငါ ✍ + 🎙 - လိပ်ပြာ

စိတ်ပျက်အောင် မလုပ်ပါနဲ့။ မကြိုက်ဘူးဆိုတာကို မလုပ်ပါနဲ့။ သည်းခံနိုင်စွမ်းမရှိအောင် မလုပ်ပါနဲ့။ လက်လွှတ်ခဲ့သူတစ်ယောက်က ဥပေက္ခာတရားအကြောင်းကို ရှင်းပြပါလိမ့်မယ်။ -အံ့လွန်းပျို

ဘဝ၏ တစ်ခါတစ်ရံအမှားများ... ကျွန်တော်တို့ဟာ ပုထုဇဉ်တွေမလို့ တခါတလေမှာ အမှားကြီးမှားနိုင်ကြပါတယ်။ ဒါပေမဲ့... ဒါပေမဲ့ပေါ့... ကျွန်တော့်ဘဝမှာ သူနဲ့ တွေ့ခဲ့တာ မှားတယ်.. သူနဲ့ တွဲခဲ့မိတာ မှားတယ်... သူ့ကို ချစ်ခဲ့မိတာ မှားတယ်.... ကျွန်တော်တို့ အချစ်တွေ ထပ်တူကျကောင်း ကျခဲ့ပါလိမ့်မယ်... ဒါပေမဲ့... ဒါပေမဲ့ပေါ့လေ... Relationship Life နဲ့ အိမ်ထောင်သည် ဘဝဆိုတာမတူသလို လမ်းခွဲခြင်းတိုင်းမှာလည်း ၂ဦးသဘောတူ ဖြစ်ဖို့မလိုခဲ့ပါဘူး။ ခင်ဗျားပဲဖြစ်ဖြစ် ကျွန်တော်ပဲဖြစ်ဖြစ် တစ်ယောက်အဆင်မပြေရင် တစ်ယောက်ကလည်း သဘောတူပြတ်စဲ ပေးကြရတာပဲ မဟုတ်လား... ဒါကြောင့်... ငါ့အနာက ပိုနာပါတယ်လို့ လုပ်မပြပါနဲ့... မလုပ်ပါနဲ့... Personal နဲ့ Professional ဆိုတာ ခင်ဗျားကြားဖူးလား..... မကြားဖူးရင် ကျွန်တော်ပြောပြမယ်... ခင်ဗျားဟာ လူကြီးဖြစ်ချင်နေတဲ့ ကလေးလေးတစ်ယောက်သာသာ... မရင့်ကျက်နိုင်သေးတဲ့ ဆယကျော်သက်တစ်ယောက်... လူတစ်ယောက်အတွက် အဆိပ်တောက်ဖြစ်စေတဲ့ အခြေနေတွေပဲ ပေးစွမ်းနိုင်တဲ့ လူပေါ့။ အစကတော့ ငါတို့လို့ သုံးချင်သုံးခဲ့မိမယ် အခုတော့ ငါတို့လို့ ကျွန်တော်မသုံးပေးနိုင်တော့ဘူး... မင်းတစ်ယောက်ထဲ မင်းပဲ... မင်းတစ်ယောက်ထဲ နာပြတယ်.. မင်းတစ်ယောက်ထဲ ချစ်ပြတယ်.. မင်းတစ်ယောက်ထဲ ခံစားပြပြီး... မင်းတစ်ယောက်ထဲ မှန်တယ်လို့လုပ်သွားတာ... ဒါပေမဲ့... အဆုံးသတ်မှာ မင်းအနား ကျွန်တော်ပြန်မရောက်လာနိုင်တော့ဘူး အဲ့ဒါလည်း မင်းကြောင့်ပဲဆိုတာ သိလား... မသိရင်ပြောပြမယ် မှတ်ထား ချာတိတ်..... အရာရာမင်းအမှားပဲလို့ ငါအပြစ်ဖို့ပစ်လိုက်ပြီ။ နောင်ဘဝများရှိခဲ့ရင် မင်းလို မိန်းကလေးနဲ့ မတွေ့မိအောင်နေမယ်။ - လိပ်ပြာ ၇ရက်၊ ၈လ၊ ၂၀၂၆ [ ၁၁နာရီ ၄၉မိနစ် မနက် ]

ဒိုင်ယာရီအမှတ် မသက်ထားနွေ
လိပ်ပြာ၏ ကလောင်သက် ၃နှစ်အတွင်း အမှတ်တရ အနေဖြင့် ထုတ်လုပ်ဖြန့်ချီသည့် တစ်ကိုယ်တော် စာအုပ်... ကဗျာ အပုဒ် ၂၀နှင့်အတူ ပန်းချီကားချပ် ၂၀ပါ အပါအဝင်ဖတ်ရှုခံစားရမှာဖြစ်ပါတယ်။ ဖတ်ရှုရန်နှိပ်ပါ။ #လိပ်ပြာ

ကျွန်တော်က ဆယ်ကျော်သက် တစ်ယောက်ပါ။ လှေကားထစ်တွေကို တစ်ဆင့်ကျော်တက်သလို အရာရာမှာလဲ အဆင့် ကျော်ချင်ခဲ့တဲ့လူဟာ မင်းနဲ့တွေ့မှ အမှတ်သည်းခြေရှိခဲ့တယ် ခင်...။ -အံ့လွန်းပျို

ကဗျာလမ်း ✍ - နောင်သိုးဆောင်း 🎙 - လိပ်ပြာ

အချစ်ဟာ ချိုသလား ခါးသလား ကျွန်တော်မသိပါ။ မေတ္တာဟာ‌ အေးသလား ပူသလား ကျွန်တော်မသိပါ။ ကျွန်တော်‌သာပေးပြီး ပြန်မရခဲ့တဲ့ အရာတွေအကြောင်း ကျွန်တော်မသိပါ။ -အံ့လွန်းပျို

မမနေတဲ့ ကျွန်း ✍ - သူရဇ္ဇနီ 🎙 - လိပ်ပြာ

လူ စိတ်ဓာတ်အထွေ ပေညစ်လျက် ပျို့ရွံရှာ ချို့တဲ့စိတ်ပါ။ နှုတ်စကားမှာ စာနာမဲ့ အလျှင်း။ အသားနာ ဟစ်အော်လို့ အပြစ်တစ်ရာ ဖုံးကွယ်ပါတ
လူ စိတ်ဓာတ်အထွေ ပေညစ်လျက် ပျို့ရွံရှာ ချို့တဲ့စိတ်ပါ။ နှုတ်စကားမှာ စာနာမဲ့ အလျှင်း။ အသားနာ ဟစ်အော်လို့ အပြစ်တစ်ရာ ဖုံးကွယ်ပါတဲ့ တယ်မိုက်လေခြင်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-တြိချိုး

ပေါပဲပဲ ပေးမိခဲ့တာ ဘာမှမရှိဘူး အသက်ရဲ့ ကိုယ်မင်းကို အစစ်အမှန်တွေပဲ အသေချာကြီးကို ပေးခဲ့တာပါ။ ဒါပေမဲ့... ကိုယ်မင်းမေတ္တာတွေတော
ပေါပဲပဲ ပေးမိခဲ့တာ ဘာမှမရှိဘူး အသက်ရဲ့ ကိုယ်မင်းကို အစစ်အမှန်တွေပဲ အသေချာကြီးကို ပေးခဲ့တာပါ။ ဒါပေမဲ့... ကိုယ်မင်းမေတ္တာတွေတော့ ပြန်မရခဲ့တာဟာ အရှုံးပေါ့။ - လိပ်ပြာ

မဟာဆန်သူ ရင်ဖုံးနဲ့ ချိတ်ထဘီ ပါတိတ်နဲ့ သနပ်ခါး နှင်းဆီနီနီ အစ ပုံတော် ဖိနပ်တစ်ရံ အဆုံး မင်းကို အမှီပြု ကြွားဝါနေကြ မဟာဆန်တဲ့ အလှဟာ မင်းကိုပဲ ဗဟိုပြုရတယ် ယဉ်လွန်း လှလွန်း သိမ့်မွေ့လွန်းလှတော့ ငေးမိသူ မောင့်မှာ ‌ကုန်းကောက်မမှီနိုင်တဲ့ သိက္ခာတွေ မဟာဆန်သူရေ မင်းအလှက ကျုပ်ကဗျာတွေထဲ တစိမ့်စိမ့် ယိုကျ သုည ဘဝနဲ့ကောင်မို့ မောင့်မှာ လှမ်းနှိုက်မိတဲ့ မဟာဆန်သူ‌ အပါးက လှပမှုရဲ့ ကျိန်စာတွေ တစ်သက်တာ ကျန်ရစ်ပါစေလေ မဟာဆန်သူရေ ကဗျာမဆန်တဲ့ လုပ်ရက်ကြောင့် ဒီမောင့်မှာ ဒီသံသရာ မနစ်မွန်းပါရစေနဲ့ ။ - နောင်သိုးဆောင်း
✍ - နောင်သိုးဆောင်း 🎙 - လိပ်ပြာ

ဖြည့်တွေးပေးရတာတွေ များလာတဲ့အခါ ကိုယ်ကသူ့အတွက် အရေးမပါမှန်း လက်ခံလိုက်ပါတယ်။ -အံ့လွန်းပျို

" She was toxic till the end " အချစ်ရေ... ငါတို့ ချစ်ခဲ့ကြတာလား မုန်းခဲ့ကြတာလား ဝေခွဲမရ... ငါမင်းကို မမုန်းပါဘူး ဒါပေမဲ့ မင်းလုပ်ရက်တွေကို ငါမုန်းမိတယ် မိန်းကလေးရဲ့... ဆံနွယ်ရှည်ရှည်တွေကို ငါသဘောကျမိခဲ့ပါရဲ့ မိန်းကလေးရေ။ နူးညံ့တတ်တဲ့ မင်းရဲ့ ရာသီခွင်နဲ့ စကားလုံးအသုံးနှုန်းတွေကို ငါသဘောကျမိပါရဲ့... ငါတို့ ချစ်ခဲ့ကြတာလား... ငါသေချာ ဝေခွဲမရတဲ့ အဖြေဟာ ငါတို့ချစ်ခဲ့ကြတာလား... ပျော်ရွှင်မှုဆိုတာ တခဏတာပါပဲ မိန်းကလေးရေ... ငါမင်းလုပ်ရက်တွေနဲ့ မင်းပတ်ဝန်း ကျင်ကိုတော့ စိတ်ပျက်မိခဲ့တယ်။ လူတိုင်းဟာ ကိုယ့်အနာကိုမှ နာတယ် ထင်တတ်ကြတာဟာ သဘာဝ မင်းလည်း တူတူပဲ ငါလည်း တူတူပဲ။ နာတယ်ထင်ရင် ဆေးထည့် ကောင်မလေးရေ... ငါလည်း ဆေးထည့်နေရတယ်။ တခါတလေမှာ မဖော်ပြတာက ဖော်ပြတာထက် ပိုကောင်းတယ် မထင်ဘူးလား... ငါတို့ toxic ဖြစ်ခဲ့ကြတာလား... နာတယ်ထင်ရင် ဆေးထည့် ကောင်မလေးရေ... ပျော်ရွှင်မှုဆိုတာ တခဏတာပါပဲ... ချစ်ခဲ့ကြတာလား... မုန်းခဲ့ကြတာလား... ဝေခွဲမရတဲ့ အခါ ငါ့ကဗျာတွေကို မဖတ်ပါနဲ့ ငါ့အသံတွေကို နားမထောင်ပါနဲ့။ - လိပ်ပြာ

ကမ္ဘာဟာ နေကိုပတ်တယ် ✍ - အံ့လွန်းပျို 🎙 - လိပ်ပြာ

ဘယ်ဘူတာမှာ ဘယ်ရထားနဲ့လွဲလွဲ မင်းနဲ့မလွဲရင် ငါကျေနပ်ပြီ။ -အံ့လွန်းပျို