𝑬𝒙𝒑𝒓𝒆𝒔𝒔𝒊𝒏𝒈 𝒇𝒆𝒆𝒍𝒊𝒏𝒈𝒔
Open in Telegram
ကမ္ဘာကြီးသာလည်ပတ်နေတာအမှန်ဆို ကိုယ်တိုနှစ်ယောက် ဒီနေရာလေးမှာ နောက်တစ်ခါလောက်ပြန်ဆုံနိုင်အုံးမှာပါလား။ https://t.me/expressing_feeling
Show more236
Subscribers
No data24 hours
No data7 days
-530 days
Posts Archive
ခုနောက်ပိုင်း ကဗျာတွေရေးတာ
နည်းသွားပြီး social media မှာ
အရမ်းတွေ့လာရတယ်နော်
ပုံတွေ အရမ်းတင်လာပြီး
ကော်ဖီလည်း ဖြတ်ထားတယ်နော်လို့
ပြောလာတဲ့ အခါ ကိုယ့်ကိုယ်ကိုယ်
ပိုချစ်တတ်လာတာပါလို့ ညာပြောမယ်။
- လိပ်ပြာ
ငါခင်းထားတဲ့
အဝါရောင်လမ်းတွေအပေါ်
မင်းမလျှောက်လှမ်းတဲ့ အခါ
ငါ့ကမ္ဘာဟာ တစ်ခြမ်းပဲ့ကြွေပါတယ်။
- လိပ်ပြာ
အရာအားလုံးကို သတိတရ...
မျက်လုံးချင်းဆုံခဲ့တဲ့ အချိန်တွေ၊
မင်းလက်ကလေးကိုင်ခဲ့ရတဲ့
စက္ကန့်ပိုင်းတွေ၊ ကြည့်ရင်းနဲ့
ပြုံးရတဲ့ငေးမောမှုတွေ...
အသက်ရေ
ငါဟာမင်းကို သတိတရပါကွယ်။
-အံ့လွန်းပျို
ဖြတ်နိုင်ခဲ့ပြီလို့
ထင်ခဲ့မိတဲ့ ကိုယ့်စိတ်ကို
ကိုယ့်ဘာသာ ဒေါသထွက်မိတယ်
တခါတလေမှာ ငါဟာဘာလို့ဆိုတဲ့
မေးခွန်းပေါင်းများစွာကိုလည်း
တစ်ယောက်ထဲ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။
- လိပ်ပြာ
ခဏခဏနေမကောင်းဖြစ်ခြင်းမှာ
မင်းဂရုစိုက်တာကို ခံချင်တဲ့
ငါ့ဆန္ဒဟာ ရာနှုန်းပြည့်ပါကွယ်။
-အံ့လွန်းပျို
ကဗျာ့ရင်သွေးငယ်များကလောင်ရှင်တို့၏ ပြီးခဲ့သော စာစဉ် - ၅ခုတွင် ပါဝင်ရေးသားထားသာ ကဗျာလက်ရာများကို စာအုပ်အဖြစ် ထုတ်ဝေတင်ပြအပ်ပါသည်။ ကဗျာဗဟိုပြုစာပေကလပ်စည်းမှ စီစဉ်ထုတ်လုပ်သည့် “ကဗျာ့ရင်သွေးငယ်များ” ကဗျာစာအုပ် (E-book) ထွက်ရှိပါပြီ။ ခံစားဖတ်ရှုနိုင်ချေပြီ။ -ကဗျာဗဟိုပြု စာပေကလပ်စည်း #Owner #A_poetryhub #literary_club
မဖြစ်လာခဲ့သော မနက်ဖြန်
အသက်ရေ...
ကိုယ်တို့ ပုဂံအတူ
သွားကြမယ်ဆိုတာက
မဖြစ်လာခဲ့သော မနက်ဖြန်တွေ
ထင်ပါရဲ့။
ကိုယ့်ရဲ့ မဖြစ်လာခဲ့သော မနက်ဖြန်တွေထဲ မင်းက
ပထမ.. ဒုတိယ.. တတိယ..
ပျော်စရာကြီးနော် ပြိုလည်း
ပြိုစရာကြီးပါပဲလားကွာ....
မျက်ရည်တွေနဲ့... မျက်ရည်တွေ...
မဖြစ်လာခဲ့သော မနက်ဖြန်တွေမှာ
ကိုယ်ဟာ မျက်ရည်တွေနဲ့အတူ
ပြိုလဲနေပါတယ် အသက်ရေ...
ဒါပေမဲ့ မင်းကတော့
မမြင်ရှာဘူး.. မသိရှာဘူးပေါ့လေ..
မင်းနဲ့ အတူဆိုတဲ့
ကိုယ့်ရဲ့ မဖြစ်လာခဲ့သော
မနက်ဖြန်တွေဟာ ရယ်ချင်စရာ..
လေထဲဆောက်မိတဲ့
တိုက်အိမ်တွေလိုပါပဲ...
မဖြစ်လာခဲ့သော မနက်ဖြန်တွေ
ကိုယ်တို့ရဲ့ မဖြစ်လာခဲ့သော
မနက်ဖြန်တွေ။
- လိပ်ပြာ
ချစ်ဖူးသူဟာ
တစ်ယောက်တည်းပါ။
ငါကြည့်မိတဲ့ မိန်းမတွေအထဲ
မင်းအလှဆုံးလို့ ပြောရင်
သံသယမရှိ ယုံကြည်ပါကွယ်။
-အံ့လွန်းပျို
လူတိုင်းမှာ မေ့ချင်ရင်တောင်
မေ့လို့မရတဲ့ အတိတ်တစ်ခုနဲ့
လူတစ်ယောက်ဆိုတာ အမြဲရှိတယ်။
- လိပ်ပြာ
သင်ဟာ စာပေဝါသနာပါသူတစ်ယောက်လား...ဒါဆို ကျွန်တော်တို့ရဲ့ အဏ္ဏဝါဂယက်စာစောင်ချန်နယ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့ လိုပါပြီ။ နေ့တိုင်း ကဗျာဆရာ/မကြီးများ၏ ကဗျာ/စာတို များကို ဖတ်ရှုခံစားရမှာဖြစ်သလို သင့်အတွက်အထူးအခွင့်ရေးတွေကလည်း ကျွန်တော်တို့ အဏ္ဏဝါဂယက်စာစောင်မှာရှိပါတယ်။ ၁။ လစဉ် ထုတ်ဝေနေတဲ့ စာစောင်များမှာ ကလောင်ရှင်တို့အနေနဲ့ ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေးတို့ ပေးပို့နိုင်မှာဖြစ်ပါတယ်။ ၂။ အဏ္ဏဝါဂယက်စာစောင်က ထုတ်လုပ်ဖြန့်ချီနေတဲ့ စာအုပ်တွေဟာ တစ်နေ့မှာ သင့်အတွက်ဖြစ်လာနိုင်ပါတယ်။ ၃။ အဏ္ဏဝါဂယက်စာစောင်က စီစဉ်သည့် စကားဝိုင်းတွေကိုဖတ်ရှုရင်း သင်ဟာ တစ်နေ့ ဒီစကားဝိုင်းတွေမှာပါဝင်လာနိုင်ပါတယ်။ ဒါကြောင့် အဏ္ဏဝါဂယက်စာစောင်ချန်နယ်ကို Join ပေးထားကြပါ။ https://t.me/AnNaWarGaYat_sarsaung
ကဗျာအမည် - ကျောက်သားအဖြစ်
ရေးသားသူ - ခင်ဇော်မြင့်
ရွတ်ဖတ်သူ - လင်းဧနူ
#A_poetryhub
#literary_club
၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ်
နှစ်ခါအကြည့်ချင်းဆုံ၍
၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။
ယနေ့လည်း
သူပျော်နေပုံပေါ်ပါသည်။
-အံ့လွန်းပျို
ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း
လောကအလယ်၊ ဗဟိုဝယ်၌
ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက်
သက်ရှင်ကာလ၊ ဘဝတစ်ပါး
ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ
အနိုင်အရှုံး၊ အမုန်းအချစ်
အဖြစ်အပျက်၊ အတက်အဆင်း
ထိုအချင်း၌၊ အလင်းမဲ့ကား
နောင်တများကို၊ ကြောင်းကြားပြကာ
ဤသို့သာလျှင် ပို၍တည်း။
မိမိကိုယ်ကိုယ်၊ တော်တတ်ဆို၍
မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု
မြင့်ပယ်ထားကာ၊ အမှားအမှန်
ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့်
ထိုသို့ခံယူ၊ လူများကြားတွင်
ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ
ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး
နည်းတူသကဲ့၊ အကြောင်းမဲ့ရာ
ဤပုံသာလျှင် ဆို၍တည်း။
ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို
အိုးအိမ်ပြောင်ဝင်း၊ ဗိုက်ဖြိုးတင်းလို့
အဆင်းလှပ၊ ခံစားရချိန်
နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား
ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ
စားဝတ်နေရေး၊ ဒုက္ခဘေးတို့
မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ
စာနာစိတ်က၊ ကြောင်းပြသည်သာ
ဤဖြစ်ပျက်လျှင် လို၍တည်း။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
အမျိုးသမီးရေ
ကျွန်တော် ခင်ဗျားကို လွမ်းတယ်..
ဒါပေမဲ့လည်း ဒီစကားဟာ
ကျွန်တော့်အတွက် ပြောခွင့်မရှိတဲ့
စကားတစ်ခွန်းဖြစ်မယ် ထင်ရဲ့...
ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေဟာ
အမျိုးသမီးအတွက်ပဲ ဖြစ်ခဲ့ပါတယ်..
ဖြစ်နေပါတယ် အမျိုးသမီးရေ...
ကျွန်တော်က ခင်ဗျားကို
မပိုင်ပေမဲ့လို့ ကျွန်တော့်ကိုတော့
ခင်ဗျားပိုင်ပါတယ်။
သိပ်ချစ်တယ် အသက်...။
- လိပ်ပြာ
[ တိတ်တခိုးအချစ် ]
Hello ဒီနေ့ ကျွန်မ အနည်းငယ် ကဗျာနဲ့ မသက်ဆိုင်တာလေး တင်ပါမယ်။ အဲ့ဒါကတော့ ကျွန်မရဲ့ ဒိုင်ယာရီအမှတ် " မသက်ထားနွေ " စာအုပ်ထဲက Art တွေကို ဆွဲပေးတဲ့ artist အတွက် ကူညီတဲ့ အနေနဲ့ ကြေညာပေးခြင်းပါ။ စာဖတ်သူတို့ထဲကဖြစ်" ကဗျာဆရာ ညီအစ်ကို မောင်နှမတွေထဲက ဖြစ်" ပန်းချီအပ်ချင်ရင် ဒီ artist ဆီသွားလို့ရပါတယ်။ သဘောလည်း အရမ်းကောင်းပြီး အသက်ငယ်ငယ်လေးနဲ့ အရမ်းပုံဆွဲတော်တဲ့ လူလေးပါ။
Tg acc - @Averablaze
Notice : ကျွန်မကူညီကြေညာပေးခြင်းဖြစ်ပါတယ်။
သူပြန်ချစ်ခြင်း
မချစ်ခြင်းဆိုတာဟာ
ကျွန်တော့် စားနေတဲ့
ထမင်းကြမ်းပေါ်မှာ
မူတည်ပါတယ်။
-အံ့လွန်းပျို
အိုးမလုံတော့ အုံပွင့်လာတယ်။
အုံပွင့်တော့ အိမ်နီးချင်းတွေ သိလာတယ်။
အိမ်နီးချင်းတွေ သိတော့ မြို့က သိလာတယ်။
နောက်ဆုံးတော့ မဖုံးနိုင်တဲ့အရာကို
ဖုံးထားတယ်ဆိုတဲ့ မာနတစ်ခုပဲ ကျန်ခဲ့တယ်။
ဒါတောင် ပြောလိုက်သေး
"သဲသဲက ကိုကို့ကိုတကယ်ချစ်တာပါ" တဲ့။ ။
-လင်းသစ်
