en
Feedback
𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

Open in Telegram

For ads and requests - @pthenextgen

Show more
2 522
Subscribers
No data24 hours
+27 days
+530 days
Posts Archive
မဖတ်ရ မြဲတတ်သည်
မဖတ်ရ မြဲတတ်သည်

Bait and Switch Technique Bait and Switch Technique ဆိုတာ မက်လောက်စရာ တစ်ခုခုနဲ့စတင်မျှားပြီး တကယ်တမ်းမှာ အဲ့ဒါမဟုတ်တဲ့အရာကို ဖိအားပေးရယူ‌စေ၊ လှည့်စားရောင်းချတဲ့ Manipulation Technique တစ်မျိုးဖြစ်ပါတယ်။ ဒီနည်းလမ်းကို များသောအားဖြင့် အရောင်းအဝယ်၊ Relationship နဲ့ နိုင်ငံရေးအထိမှာပါ အသုံးချလေ့ရှိပါတယ်။
Bait and Switch ဘယ်လိုအလုပ်လုပ်သလဲ?
1. ဆွဲဆောင်မှု (The Bait) အရမ်းကောင်းလွန်းတဲ့ Offer တစ်ခုကို ပြသမယ်။ ဥပမာ ပစ္စည်းတစ်ခုခုကို 50% Discount နဲ့ရမယ်ဆိုပြီး ကြေငြာထားတယ်။ တကယ်ကတကယ်ရမှာမဟုတ်ပဲ လူတွေစိတ်၀င်စားအောင်၊ လူတွေရောက်လာအောင် မျှားတဲ့ပုံစံမျိုးသာ ဖြစ်တယ်။ 2. လှည့်စားမှု (The Switch) တစ်ဖက်လူက Bait ကိုယုံပြီးဝင်လာတဲ့အခါ တကယ်ပြထားတဲ့အရာအစား နိမ့်ကျတဲ့ (ဒါမှမဟုတ်) မတူတဲ့အရာကို ပြောင်းလဲပါတယ်။ ဥပမာ ကိုယ်က Online ပေါ်မှာ ကြေငြာထားတာကိုတွေ့လို့ အပြင်မှာ သွား၀ယ်တာကို မရှိတော့ဘူး၊ ကုန်သွားပြီးဆိုပြီး ကိုယ့်ကိုတစ်ခြားတစ်ခုကို၀ယ်ဖို့ တိုက်တွန်း၊ ဖိအားပေးတာမျိုးပေါ့။ 3. ဖိအားပေးခြင်း (Pressure Tactics) “အခုမဝယ်ရင် နောက်ကျမယ်” “မင်းမယုံရင် နောက်တစ်ယောက်ကိုပေးမယ်” ဆိုတဲ့ စကားမျိုးတွေနဲ့ ဆုံးဖြတ်ချက်ချဖို့ ဖိအားပေးတတ်တယ်။ အချစ်ရေးမှာဆိုရင်လဲ ကတိတွေပေးပြီး တကယ်တမ်းက တစ်ခြားဖြစ်နေတာ၊ အလွဲသုံးစားလုပ်တာ စဝာာတွေက Bait and Switch ရဲ့ဥပမာတွေပါပဲ။

"ရပ်တန့်သင့်တဲ့ Relationship များ" ဒီကနေ့မှာတော့ ကိုယ့်အတွက်လည်း အဆင်မပြေ၊ လက်လည်းမလွတ်နိုင်တဲ့ Relationship တွေအကြောင်း ပြောပြချင် ပါတယ် ဒီမှာတော့ ချစ်သူစုံတွဲတွေရော သူငယ်ချင်းအချင်းချင်း ဆက်ဆံရေးတွေရော ပါဝင်ပါတယ် ဒီတော့ ကိုယ့်ဆီမှာ ဒီလို Relationship တွေ ရှိနေပြီဆိုရင်တော့ ရပ်တန့်လိုက်တာ အကောင်းဆုံးလို့ ပြောပါရစေနော်။ (၁) အမြဲစိတ်ညစ်ရတဲ့ Relationship ပျော်စရာတွေ ဖန်တီးပေးနေလည်း သူ့ဘက်က လက်မခံတာမျိုး၊ ကိုယ့်ကို ဂရုမစိုက်တာမျိုး၊ ရန်ခဏခဏဖြစ်တာမျိုး စတဲ့ စိတ်ဆိုး စိတ်ကောက်တာ မဟုတ်ဘဲ အမြဲဝမ်းနည်းပြီး စိတ်ညစ်နေရတဲ့ Relationship မျိုးပါ။ (၂) ကိုယ့်ကို ဂရုမစိုက်တဲ့ Relationship ဒါက သူငယ်ချင်းတွေမှာ ဖြစ်တတ်ပါတယ် ကိုယ်ပေါင်းနေတဲ့ အုပ်စုမှာ ကိုယ့်ကို ဂရုမစိုက်တာတွေ၊ ရှိတယ်လို့တောင် မထင်တာတွေ၊ ကိုယ်ကပဲ သူတို့လိုအပ်တာတွေ ချည်း လိုက်ဖြည့်ဆည်းပေးနေပြီး ကိုယ့်ဘက်ကို မကြည့်တဲ့ Relationship တွေပါ။ (၃) ဖောက်ပြန်တဲ့ Relationship ဒါကတော့ ရှင်းပါတယ် အရမ်းချစ်လို့ ခွင့်လွှတ်ပြီး မနေပါနဲ့။ တစ်ခါဖောက်ပြန်ရင် နောက်တစ်ခါလည်း ထပ်လုပ်တတ်ပါတယ် ကိုယ်နဲ့ ပြတ်ပြီးမှ တခြားသူကိုတွဲပြီး ကိုယ့်ဆီပြန်လာတာမျိုး မဟုတ်ဘူးနော် ကိုယ်နဲ့တွဲနေတုန်း တခြားသူနဲ့ ဖောက်ပြန်တာမျိုးပါ။ (၄) ပြတ်လိုက်၊ တွဲလိုက် Relationship ခဏခဏ ပြတ်လိုက်၊ ပြန်တွဲလိုက်ဆိုရင်လည်း တစ်ခုခုကို ပြတ်သား သင့်ပါတယ် ပိုမြဲအောင် တွဲမလား အပြီးပြတ်မလားပါ။ (၅) ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး Relationship ရှေ့မှာကျ တစ်မျိုးပြောပြီး နောက်ကျောဓားထိုး တဲ့သူတွေနဲ့ ထပ်အဆက်အသွယ်မလုပ်ပါနဲ့ ကိုယ်ရင်ဖွင့်ခဲ့သမျှတွေကို တခြားသူတွေဆီ ပြန်သွားပြောတဲ့သူတွေပါ။ (၆) ကိုယ်ကလွဲရင်ကျန်တာ ဦးစားပေးတဲ့ Relationship စီးပွားရေးလုပ်နေလို့ အချိန်မပေးနိုင်တာက တစ်မျိုးပါ ဒါတောင်မှ အားတဲ့အချိန်လေးမှာ ကိုယ့်ကို အသိအမှတ်ပြုဖို့ လိုပါတယ် မိသားစု အရေးနဲ့ တခြားသောကိစ္စတွေကို ပုံမှန်ထက် အမြဲ ဦးစားပေးနေတဲ့သူဆိုရင် အဆင်မပြေပါဘူးနော်။ (၇) ရိုက်နှက်ဆဲဆိုတဲ့ Relationship။ အတွဲတွေမှာရော သူငယ်ချင်းတွေမှာရော ရှိပါတယ် မိန်းကလေး ဘက်ကဖြစ်ဖြစ်၊ ယောက်ျားလေးဘက်ကဖြစ်ဖြစ် ကိုယ့်ကို မလေးစားဘဲ လူရှေ့သူရှေ့မှာ ရိုက်နှက်တာ ဆဲဆိုတာဆိုရင် ဘယ်လောက်ချစ်ချစ် ဖြတ်ပါ။ (၈) နားလည်မှုမရှိတဲ့ Relationship ကိုယ့်ဘက်က ပြဿနာတွေကို စိတ်မဝင်စားဘဲ သူတို့ရဲ့ ခံစားချက်တွေ လိုချင်မှုတွေကို ရှေ့တန်းတင်တဲ့သူတွေပါ ကိုယ်က ခေါ်တိုင်းသွားရပြီး ကိုယ်အကူအညီလိုရင်ကျ ခေါ်မရတဲ့ relationship တွေပါ။ (၉) ကိုယ့်အပြစ် အမြဲပုံချတဲ့ Relationship ဖြစ်သမျှ ပြဿနာတိုင်းကို ကိုယ့်အပေါ် လွှဲချတဲ့ ပုံစံမျိုးတွေပါ ဘယ်လောက် ကိုယ့်ဘက်က အကောင်းဆုံးတွေပေးလည်း အမြဲအပြစ်တင် ခံရရင် အမြဲကိုယ်ကပဲ ဖြေရှင်းနေရရင် ရပ်လိုက်ပါ ။ (၁၀)Balance မညီတဲ့ Relationship အမြဲဆင်ခြေတွေ ပေးတတ်တာပဲဖြစ်ဖြစ်၊ စိတ်ခံစားမှုတွေကို ဦးစားပေးလွန်းတာပဲဖြစ်ဖြစ်၊ တစ်ခုခုမှာ အစွန်းရောက်နေတာပဲဖြစ်ဖြစ် ချုပ်ချယ် လွန်းတာ၊ သဝန်တိုလွန်းတာ၊ နားလည်မှု မရှိတာ စတဲ့ တစ်ဖက်စွန်းရောက် နေတဲ့ Relationship တွေဆိုရင် ထွက်လိုက်ပါ နော်။ အခုဆို Monicaက ၁ဝ မျိုးတောင် ပြောပြခဲ့ပါတယ် ကိုယ့်ဆီမှာလည်း တစ်ခုခုရှိနေပြီဆို ရင်တော့ သေချာစဉ်းစားပြီး လုပ်သင့်တာကိုပဲ လုပ်ပါနော်။ သူငယ်ချင်းဖြစ်စေ၊ ကိုယ့်ချစ်သူ ဖြစ်စေ အဆင်ပြေရင် အသက်ဆုံးထိ ခင်မင် ပေါင်းသင်းလို့ရပါတယ်။ အဲဒါကြောင့် ကိုယ့်အတွက် တစ်ဘဝလုံး ပျော်ရွှင်ရတဲ့ Relationship တွေကိုသာ ရွေးချယ်ကြပါနော်။ #Crd

ဘယ်လိုအရာဖြစ်ဖြစ် လျှို့ဝှက်ချက်ဆိုတာ ရှိစမြဲပါ။ ထဲထဲ၀င်၀င် မမေးတာက လူ့ကျင့်၀တ်ပါပဲ။

ငွေရှာနည်းဆိုပြီး သင်တန်းဖွင့် - ငွေပြန်ရှာ တစ်လကို ဘယ်လောက်ရှာနိုင်တယ် တစ်လကို ဘယ်လောက်ဝင်တယ် စသည်ဖြင့်ချပြ ငွေပြန်ရှာနေကြတဲ့ စက်ဝိုင်းကြီး အခုလက်ရှိ မြန်မာနိုင်ငံမှာအရမ်းဆိုးလာနေတယ်။ ကိုယ်တိုင်အရင်က ဒီကောင် Level မဆိုးဘူးဟဆိုပြီး တွေးထား - မြင်ထားတဲ့ လူငယ် Creator တွေပါ ဒီလမ်းကို ခေါင်းတိုးဝင်လာကြတယ်။ သူတို့ခေါင်းတိုးဝင်တာ မဝင်တာကအရေးမကြီးဘူး။ ခံရမှာကဘာမှမသိတဲ့တက်သစ်စ ၁၄-၁၅-၁၆ ကလေးတွေ အစ်ကို့ကိုအားကျတယ်။ ဘယ်လမ်းကိုသွားရမလဲ။ လာခဲ့ငါ့သင်တန်းမှာ လမ်းရှိတယ်ဆိုပြီး လုပ်စားခံနေရတာမနည်းမနော ဆိုတော့ သတိချပ်စေချင်ပါတယ်။ ကိုယ့်ပိုက်ဆံနဲ့ သူတို့ကငွေရှာ အဲ့ကနေမှငွေရှာနည်း သင်တန်းဆိုပြီးပြန်ဖွင့်တာကြီးကို အထင်မကြီးစေချင်ဘူး။ နောက်လိုင်းပေါ်မှာ ဘယ်လောက်ရှာနိုင်ကြောင်း တင်ပြီးကြွယ်နေတဲ့ကောင်တွေကို လျှောက်ကြည့်ပြီးလည်း သရေမကျနဲ့ တကယ်အလုပ်လုပ်နေတဲ့ကောင်က ဘယ်လောက်ရှာနိုင်ရှာနိုင် တင်မှာမဟုတ်သလို တင်ပြီးလူထင်ကြီးခံမှာလည်းမဟုတ်ဘူး။ သဘောပေါက်စေချင်ပါတယ်။ #crd

How to Make Someone Obsessed with You တစ်ယောက်ယောက်ကိုယ့်ကို စွဲလမ်းလာအောင်လုပ်နည်း Magnetic Presence တစ်ယောက်ယောက် ကိုယ့်ကိုစွဲလမ်းလာစေဖို့ဆို ကိုယ်ကသူ့ကိုလိုက်နေရတာမျိုးမဟုတ်ပဲ သူကကိုယ့်ကိုလိုက်အောင် ကိုယ့်ဆီလာချင်အောင် ကိုယ့်ကိုလိုချင်လာအောင် လုပ်ရမယ်။ကိုယ့်ဆီမှာ သူလိုချင်တဲ့အရာ သူလိုအပ်တဲ့အရာ ရှိနေတာ ဒါမှမဟုတ် သူ့အနေနဲ့ကိုယ့်အပေါ် လုံး၀မှီခိုနေအောင် ဖန်တီးရမယ်။ဥပမာအနေနဲ့ ငွေကြေးထောက်ပံ့မှု စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးတာ ပျော်ရွှင်စေတာ အားအင်ဖြစ်စေတာ နွေးထွေးမှုပေးတာ စသဖြင့်ပေါ့..... "ဘာမှမလုပ်နဲ့ ပိုက်ဆံရှိရင် အလိုလိုစွဲလမ်းလာလိမ့်မယ်" လို့ အများစုကပြောကြလိမ့်မယ်။ ဒါကလဲဟုတ်တယ် ထိရောက်တယ်ဆိုပေမယ့် အဲ့ဒါကပိုက်ဆံကိုပဲ စွဲလမ်းတာပါ။ ကိုယ့်ကိုစွဲလမ်းတာမဟုတ်ပါဘူး။ ဒါကိုကွဲကွဲပြားပြားသိဖို့လိုပါမယ်။ လိပ်ပြာတွေကို ဒီတိုင်းလိုက်ဖမ်းရင် လိပ်ပြာတွေက ထွက်ပြေးမှာပါပဲ။ ဒါပေမယ့် လိုက်မဖမ်းပဲ သူတို့ကိုယ်တိုင်လာချင်စိတ်ဖြစ်စေမယ့် လှပတဲ့ဥယျာဉ်တစ်ခု ပြုလုပ်လိုက်မယ်ဆိုရင်တော့ အပင်ပန်းခံပြီး လိုက်ဖမ်းနေစရာ မလိုတော့ပါဘူး။ကိုယ့်ဆီ သူတို့ကိုယ်တိုင် ရောက်လာကြပါလိမ့်မယ်။ Paid Channel စိတ်၀င်စားတယ်ဆိုပါက @pthenextgen ကိုဆက်သွယ်ပေးပါဗျ။

Scapegoating ကျွန်တော်တို့အားလုံး ကြုံဖူးကြလားတော့ မသိဘူး။ ကိုယ်မလုပ်တဲ့အမှားတစ်ခု၊ ကိစ္စတစ်ခုအတွက် မတရားအပြစ်တင်ခံရတာမျိုးပေါ့။ ကိုယ်လုပ်တယ်ဆိုတဲ့သက်သေ လုံး၀မရှိတာတောင် ကိုယ်လုပ်တယ်ဆိုပြီး စွပ်စွဲခံရတာ ဒါမှမဟုတ် တစ်ခြားလူတစ်ယောက်လုပ်တဲ့ အမှားမှန်းသေချာနေတာတောင်မှ ကိုယ့်အပြစ်ဆိုပြီးစွပ်စွဲခံနေရတာမျိုးပေါ့။ အဖြစ်မှန်ကိုရှာဖွေရမယ့်အစား ကိုယ့်ကိုသာတရားခံဆိုပြီး လွယ်လွယ်နဲ့ ကောက်ချက်ချလိုက်ကြတယ်။ ဒါကတော့ Scapegoating လို့ခေါ်ပါတယ်။ အမှန်တကယ်အပြစ်မရှိတဲ့သူတစ်ယောက်ကို အပြစ်ရှိတဲ့သူ၊ တရားခံအဖြစ်စွပ်စွဲပြီး သူတို့ရဲ့အမှားတွေ၊ တကယ့်အဖြစ်မှန်တွေဆီကနေ အာရုံလွှဲထုတ်ပစ်ပြီး လမ်းကြောင်းပြောင်းလိုက်ခြင်း ဖြစ်တယ်။ Scapegoating ကမတရားစွပ်စွဲခံလိုက်ရတဲ့သူကို လူတွေနဲ့အဖြစ်မှန်ဆီကနေခွဲထုတ်လိုက်ပြီး သူ့ကိုယ်သူလေးစားမှု၊ ယုံကြည်မှုတွေကို လျော့ကျသွားစေပြီး စိတ်ဓာတ်ကျစေမယ်။ ကိုယ်တိုင်မသိ၊ မကျူးလွန်တဲ့ အမှားတစ်ခု၊ အပြစ်တစ်ခုကို လက်ခံရဖို့ဖြစ်လာစေတယ်။ Scapegoating ကိုလူတွေက သူတို့ရဲ့အမှားတွေအတွက် တစ်ခြားလူတွေကိုအပြစ်တင်တာ၊ တာ၀န်ယူမှုတွေကိုရှောင်ရှားတာ၊ သူတို့ကိုယ်သူတို့စိတ်သက်သာရာရဖို့အတွက်နဲ့လုပ်ဆောင်တတ်ကြတယ်။ ဥပမာအ‌နေနဲ့ Relationship တစ်ခုကအကြောင်းပြချက် ရေရေရာရာမရှိပဲ ကိုယ့်အမှားလို့ခေါင်းစဉ်တပ်ခံရပြီး လျင်လျင်မြန်မြန်နဲ့ အဆုံးသတ်သွားတာမျိုးပေါ့။ ဒါပေမယ့်သေချာပြန်စဉ်းစားကြည့်ပါအုံး။ တကယ်ကောကိုယ့်အမှားဟုတ်ခဲ့ရဲ့လား…

လူတိုင်းမှာ “တစ်နေ့တော့” ဆိုတဲ့ စိတ်ကူးအိပ်မက်တွေ ရှိကြမှာပါ။ တစ်နေ့ကျရင်၊ နောက်တစ်ခါကျရင်၊ အနာဂတ်ကျရင် စသဖြင့် အမျိုးမျိုးသော အရာတွေပေါ်မှာ မဆုံးနိုင်တဲ့ စိတ်ကူးအိပ်မက်တွေရှိကြတယ်။ စိတ်ကူးယဉ်တာက ကောင်းတဲ့အချက်ပါ။ စိတ်ကူးအိပ်မက်တွေက လူကိုပျော်ရွှင်စေတယ်၊ မျှော်လင့်တတ်စေတယ်၊ ကြိုးစားစေတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာကျ လက်ရှိဘ၀ကိုမပျော်နိုင်တော့အောင် လုပ်တတ်တဲ့အရာတွေ ဖြစ်လာတတ်ပါတယ်။ တကယ့်လက်တွေ့ဘ၀မှာ မရှိသေးတဲ့အရာတွေအပေါ် မျှော်လင့်မှုကြီးလွန်းသွားတဲ့အခါ ကိုယ့်မှာလက်ရှိ ရှိနေတဲ့ အရာတွေကို မမြင်နိုင်တော့ဘူး။ အနာဂတ်ကိုမျှော်လင့်ရင်း ယနေ့ကိုမမြင်တော့ဘူး။ တစ်နေ့တော့အေးချမ်းလိမ့်မယ်ဆိုပြီး ယနေ့ဖိအားတွေကို မထိန်းသိမ်းနိုင်တော့ဘူး။ အလုပ်တော့မလုပ်ပဲ အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့တော့ စောင့်နေတယ်။ စိတ်ကူးယဉ်လွန်သွားပြီး စံနှုန်းတွေများသွားတဲ့အခါ လက်တွေ့ဘ၀က အချစ်ရေးကအဆင်မပြေတော့ဘူး။ စသဖြင့် မကောင်းသောအချက်တွေကလဲ တန်းစီနေပါတယ်။ အထူးသဖြင့် Social Media ပေါ်က တစ်ခြားသူတွေတင်ထားတဲ့ Post တွေကို မြင်တဲ့အခါ လူတွေကအရမ်းအားကျတတ်ကြပါတယ်။ အားကျမိတာ၊ ဖြစ်ချင်မိတာက ကောင်းတဲ့အချက်ပါ။ သို့ပေမယ့် အလွန်အကျွံဖြစ်သွားတဲ့အခါမှာလဲ အဆင်မပြေ ဖြစ်လာပါတော့တယ်။ တစ်ခြားသူတွေ အောင်မြင်နေတာကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုအားမလိုအားမရ ဖြစ်လာတယ်။ စိတ်ဓာတ်ကျလာတယ်။ သူများအတွဲတွေရဲ့ ကြည်နူးပျော်ရွှင်နေတာကိုမြင်ပြီး ကိုယ့်ရဲ့ Partner အပေါ် အားမလိုအားမရ ဖြစ်လာတယ်။ နှိုင်းယှဉ်မိလာတယ်။ ဒီအချက်တွေကြောင့်ပဲ စိတ်ကူးယဉ်တာ၊ မျှော်လင့်ချက်ထားတာတွေမှာလဲ အကန့်အသတ်တစ်ခု လိုပါတယ်။ မျှော်လင့်ပါ။ စိတ်ကူးယဉ်ပါ။ မျှော်လင့်ရင်း စိတ်ကူးရင်းနဲ့လဲ အကောင်အထည်ဖော်ဖို့ ပြင်ဆင်ပါ။ အနာဂတ်မှာ အကောင်းဆုံးတွေဖြစ်ဖို့ လက်ရှိမှာအကောင်းဆုံး ကြိုးစားသွားဖို့လိုပါတယ်။ Positive Thinking = Positive Life

ရင့်ကျက်တဲ့သူများနှင့် ရင့်ကျက်တဲ့စိတ်နေစိတ်ထား
ရင့်ကျက်တဲ့သူတွေဆိုတာ သူတို့ရဲ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ပြီး အခြေအနေတွေ ပြဿနာတွေကို သင့်လျော်စွာ တုံ့ပြန်နိုင်ကြတယ်။တစ်ခြားရွယ်သူတွေနဲ့ ပြောဆိုဆက်ဆံရာမှာလဲ အရွယ်ရောက်ပြီးသား လူတစ်ယောက်လို ပြုမူနိုင်ကြတယ်။ရင့်ကျက်လာတယ်ဆိုတာကို ကလေးမဆန်တော့တာလို့ အရိုးရှင်းဆုံးပြောနိုင်ပါတယ်။ အများစုက ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာကို အသက်အရွယ်နဲ့ တိုင်းတာတတ်ကြတယ်။တကယ်တော့ ရင့်ကျက်ခြင်းဆိုတာ အသက်အရွယ်နဲ့မဆိုင်ပဲ စိတ်သဘောထားနဲ့သာ ဆိုင်ပါတယ်။ပြောရရင် ၂၀ ကျော် ၃၀ နားကပ်နေပြီး မရင့်ကျက်သေးတဲ့သူတွေရှိသလို ၁၆ နှစ်တောင်မပြည့်သေးပဲ ရင့်ကျက်နေတဲ့သူတွေလဲ ရှိပါတယ်။
ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်လာအောင်ဘာတွေလုပ်ရမလဲ
အများစုကတော့ ရင့်ကျက်မှုဆိုတာ လုပ်ယူလို့မရဘူးလို့ပဲ ထင်ကောင်းထင်ကြလိမ့်မယ်။အခြေအနေနဲ့အတွေ့အကြုံတွေကသာ လူတစ်ယောက်ကို ရင့်ကျက်စေနိုင်တယ်လို့ ထင်တတ်ကြတယ်။အဲ့ဒါလဲဟုတ်ပါတယ်။ဒါပေမယ့် လုပ်ယူလို့မရတာမျိုးတော့ မဟုတ်ပါဘူး။ ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ စိတ်နေစိတ်ထားတစ်ခုဖြစ်ပါတယ်။စိတ်နေစိတ်ထားဆိုတာ လုပ်ယူလို့ရပါတယ်။အဲ့ဒါကြောင့် ရင့်ကျက်မှုဆိုဝာာလဲ လုပ်ယူလို့ရပါတယ်။ဘယ်လိုမျိုးလုပ်ယူသွားရမလဲဆိုတော့ အမူအကျင့်တွေကနေ တစ်ဆင့်တဖြည်းဖြည်း စိတ်နေစိတ်ထားကို ပုံသွင်းသွားရမှာပါ။
ရင့်ကျက်တဲ့သူတွေရဲ့အမူအကျင့်
ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်ပါတယ်။ လိုချင်တာတွေ ဖြစ်ချင်တာတွေရှိပေမယ့် စိတ်အလိုမလိုက်ကြဘူး။ ခံစားချက်တွေ အတွေးတွေကိုလဲ ထိန်းချုပ်နိုင်ကြတယ်။ ဆုံးဖြတ်ချက်တွေကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ကြတယ်။ပြီးပြီးရောမလုပ်တတ်ကြဘူး။ အငြင်းအခုန်တွေကိုရှောင်တယ်။ ငြင်းခုန်မှုတွေဆိုတာ အရေမရအဖက်မရမှန်း ရင့်ကျက်သူတွေက သိကြတယ်။ တစ်ခုခုကိုလုပ်ပြီဆို အာရုံစူးစိုက်ပြီးပဲ လုပ်တတ်ကြတယ်။ ဟိုယောင်ယောင် ဒီယောင်ယောင် မလုပ်တတ်ကြဘူး။ အမှားတွေကို၀န်ခံပြီး ပြင်ဆင်တတ်ကြတယ်။ရင့်ကျက်တဲ့သူတွေက တာ၀န်ယူစိတ်ရှိပါတယ်။အဲ့တာကြောင့် ကိုယ့်အမှားကိုယ်၀န်ခံတတ်ကြတယ်။ အခြေအနေနဲ့လူတွေကို နားလည်တတ်ကြတယ်။တစ်ယူသန်လူတွေ တစ်ဖက်ပိိတ်လူတွေက ရင့်ကျက်ဖို့လောက်အထိ အမြင်မကျယ်ကြသေးတဲ့သူတွေပါ။ ပန်းတိုင်တွေရှိတယ်။ လူတော်တော်များများက ရည်မှန်းချက်ပန်းတိုင်တွေ ရှိဖို့လောက်အထိ ကိုယ့်ကိုယ်ကိုမသိသေးကြပါဘူး။ ကိုယ့်ကိုယ်ကိုမသိတာက မရင့်ကျက်သေးဘူးဆိုတဲ့သဘောပါ။ စကားကိုလျော့ပြောပြီး အလုပ်ကိုပိုလုပ်တတ်ကြတယ်။အမှန်တကယ်တည်နိုင်တဲ့ကတိတွေကိုပဲ ပေးတတ်ပြီး ပေးထားတဲ့ကတိတွေကိုလဲ ရအောင်တည်တတ်ကြတယ်။ စိတ်ရှည်သည်းခံပြီး ကိုယ့်ကိုယ်လဲနှိမ့်ချတတ်ကြတယ်။ အမူ‌အကျင့်တွေအများကြီးထဲမှာမှ သိသာစေမယ့်အချက်တွေကို ရွေးထုတ်ပေးထားတာဖြစ်ပါတယ်။ ဒီအောက်က Link မှာလဲ ကိုယ့်ရဲ့ Maturity ကို Test ကြည့်လို့ ရပါတယ်။ https://www.quizexpo.com/maturity-test

ဘ၀အတွက် သိထားသင့်သော အမှန်တရားများ
#1
အမှန်တရားကိုပြောတာနဲ့ စကားပြောမဆင်ခြင်တာကို အမှတ်မမှားမိပါစေနဲ့။
#2
တစ်ယောက်ယောက်ရဲ့ သစ္စာရှိမှုဆိုတာ တိုင်းတာလို့မရပါဘူး။ ကိုယ့်ဘက်က သစ္စာရှိတယ်ဆိုတာနဲ့ပဲ တစ်ဖက်ကပါ ကိုယ့်အပေါ် ပြန်သစ္စာရှိမယ်လို့ မဆိုလိုနိုင်ပါဘူး။
#3
မဖြစ်နိုင်တာတွေကို မျှော်လင့်နေတာ ရပ်လိုက်ပါ။ ငှက်တစ်ကောင်က ဘယ်လောက်ပဲကြိုးစားပါစေ ရေထဲမှာ ဘယ်ဝောာ့မှ မပျံသန်းနိုင်ပါဘူး။
#4
ကိုယ့်ထက် ပိုကောင်းတဲ့သူကိုတွေ့ရင် ကိုယ့်အပေါ် ပြောင်းလဲသွားတတ်တာ လူတွေရဲ့သဘာ၀ပါ။
#5
လူတွေက သူတို့ပြောတဲ့အတိုင်း မဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့လုပ်တဲ့အတိုင်းတော့ ဟုတ်ကြတယ်။ ‌ဒါကြောင့် လူတွေကိုသူတို့ရဲ့ စကားတွေနဲ့ မဆုံးဖြတ်ပါနဲ့။ သူတို့ရဲ့လုပ်ရပ်တွေနဲ့ ဆုံးဖြတ်ပါ။
#6
ဘ၀ကြီးဆီကနေ ကိုယ်ယူနိုင်သလောက်ကို ယူထားပါ။ ဘာကြောင့်လဲဆိုတော့ ဘ၀ကြီးက ကိုယ့်ဆီကနေ စပြီးယူတဲ့အခါ ကိုယ့်ရဲ့နောက်ဆုံးထွက်သက်ကိုပါ ယူသွားပါလိမ့်မယ်။
#7
အတိတ်ဆိုတာ လည်ဖို့ကောင်းတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် နေလို့ကောင်းတဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး။
#8
ဒီလောကကြီးမှာ ဘယ်အရာမှ တစ်သတ်မတ်တည်း ရှိမနေပါဘူး။ မျှတမှုနှင့်မမျှတမှု အကောင်းနှင့်အဆိုး အမှန်နဲ့အမှား အရာအားလုံးကို ကိုယ်ပိုင်အသိဖြင့် ချင့်ချိန်နိုင်ပါစေ။
#9
အောက်ဆုံးက လူတစ်ယောက်မရှိတော့တဲ့အခါ အောက်ဆုံးရဲ့အပေါ်က လူတစ်ယောက်က အောက်ဆုံးဖြစ်လာပါလိမ့်မယ်။ ဒါကကမ္ဘာကြီးရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။
#10
အောင်မြင်နေတဲ့သူတွေက ဝေဖန်လှောင်ရယ်လေ့ မရှိကြပါဘူး။ ဘာမှမဟုတ်တဲ့သူတွေကပဲ ဝေဖန်လှောင်ရယ်လေ့ ရှိကြတာပါ။ ကြိုးစားမှုနဲ့ ခက်ခဲမှုကိုသိတဲ့ လူတစ်ယောက်က ကိုယ်ချင်းစာနိုင်ပေမယ့် ကြိုးစားမှုနဲ့ ခက်ခဲမှုကိုမသိတဲ့ လူတစ်ယောက်ကတော့ ဝေဖန်လှောင်ရယ်ဖို့ကိုပဲ ရွေးချယ်ပါလိမ့်မယ်။

မင်းပြောင်းလဲနိုင်ပါတယ် https://t.me/readers_club_by_p/244
မင်းပြောင်းလဲနိုင်ပါတယ် https://t.me/readers_club_by_p/244

ကိုယ်ကြိုက်နေတဲ့သူက ကိုယ့်ကိုကြိုက်မကြိုက် ရိုးရိုးရှင်းရှင်း ဘယ်လိုသိနိုင်မလဲ သူ့ကိုတွေ့တဲ့အခါ သို့မဟုတ် သူနဲ့စကားပြောတဲ့အခါ သူ့အနားကို ရုတ်တရက် ကပ်သွားလိုက်ပါ မျက်နှာချင်းဆိုင်ဖြစ်စေ၊ သူ့ဘေးကိုဖြစ်စေ သူနဲ့နီးစပ်အောင် ကပ်သွားလိုက်ပါ
ဒီလိုအခြေအနေမှာဆို ဖြစ်လာနိုင်တာ (၃) ခုရှိပါတယ်
(၁) အနောက်ကိုဆုတ်ပြီး ကိုယ်နဲ့ခွာသွားတာ။ (၂) ဒီတိုင်းပဲ ပုံစံမပျက်နေနေတာ။ (၃) ကိုယ်ကပ်သလို သူလဲပြန်ကပ်လာတာ။
၁-အနောက်ကိုဆုတ်ပြီး ကိုယ်နဲ့ခွာသွားတာ။
ဒီအခြေအနေအရဆို ကိုယ့်ကိုသဘောမကျလို့ပါ။ ကိုယ်နဲ့နီးနီးကပ်ကပ်ရှိနေရတာကို သူမကြိုက်လို့၊ သူ့အတွက် စိတ်မသက်မသာဖြစ်လို့ပါ။ လူတွေကသူတို့ သဘောကျတဲ့သူတွေနဲ့ဆို နီးနီးကပ်ကပ်ပဲ ရှိနေချင်ကြပါတယ်။
၂-ဒီတိုင်းပဲ ပုံစံမပျက်နေနေတာ
ဒီအခြေအနေအရဆို သူကိုယ့်ကို သဘောကျတာလဲ ဖြစ်နိုင်သလို ထူးထူးခြားခြားဘာစိတ်မှမရှိတာလဲ ဖြစ်နိုင်ပါတယ်။ သေချာတာတစ်ခုကတော့ ကိုယ့်ကိုသဘောမကျတာတော့ ဖြစ်မနေပါဘူး။
၃-ကိုယ်ကပ်သလို သူလဲပြန်ကပ်လာတာ
ဒီအခြေအနေအရဆိုရင်တော့ သူကိုယ့်ကို သဘောကျနေပါတယ် သူကိုယ်တိုင်လဲ ဒီလိုအခြေအနေကို အခွင့်အလမ်းလို့မြင်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ ဖမ်းဆုပ်လိုက်တာပါ။ •••••••••• ဒီနည်းလမ်းက ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အလိုအလျောက် တုံ့ပြန်မှုကနေ လူတွေရဲ့စိတ်မှာ ဘာရှိလဲဆိုတာကို ခန့်မှန်းရတာမျိုးပါ လူတွေကမတူကြတော့ တစ်ချို့အခြေအနေတွေမှာ ကွဲလွဲမှုလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။ လန့်သွားအောင် အရမ်းကြီးသွားကပ်ရင်တော့ သေချာပေါက် ရှောင်မိကြမှာပါ။ နောက်ပြီး တစ်ချို့လူတွေက သဘောကျနေတာမျိုးမဟုတ်ပဲ နေရတာ သက်သောင့်သက်သာ ရှိတဲ့သူတွေနဲ့ဆို အခြေအနေ ( ၂ ) နဲ့ ( ၃ ) ကအတိုင်း တုံ့ပြန်ကြမှာပါ။ ဒီလိုမျိုးတွေကိုလဲ ထည့်စဉ်းစားဖို့ လိုပါမယ်။

“ဘယ်သူ့မှာ ဘယ်လောက်ရှိလဲ။” “ဘာတွေပိုင်လဲ” ဆိုတာထက်... “ကိုယ့်မှာ ဘယ်လောက်ရှိနေလဲ ဘာတွေပိုင်လာအောင် လုပ်မလဲ” ဆိုတာကို အာရုံစိုက်တဲ့လူက အရှေ့ပိုရောက်တာပဲ။ သူများတွေ ထက်သာချင်ရင် သူများတွေအကြောင်း လိုက်မစဥ်းစားနဲ့။ ကိုယ့်အကြောင်း ကိုယ်စဥ်းစားပြီး ကိုယ်လျှောက်မယ့်လမ်းအတွက်ပဲ အာရုံစိုက်တတ်ဖို့လိုပါတယ်။ Sint Nyi TRUST

သင်က Psychology နဲ့ Manipulation တွေကို စိတ်၀င်စားတဲ့သူတစ်ယောက်လား။ လေ့လဲလေ့လာချင်တယ်။ ဒါပေမယ့် ဘယ်ကနေဖတ်ရမလဲ မသိဘူးဆိုတဲ့သူတ
သင်က Psychology နဲ့ Manipulation တွေကို စိတ်၀င်စားတဲ့သူတစ်ယောက်လား။ လေ့လဲလေ့လာချင်တယ်။ ဒါပေမယ့် ဘယ်ကနေဖတ်ရမလဲ မသိဘူးဆိုတဲ့သူတွေအတွက် ကျွန်တော့မှာ Manipulation အကြောင်းတွေပဲ သီးသန့်တင်တဲ့ Paid Channel လေးတစ်ခုရှိပါတယ်။ ဒီ Channel ထဲမှာဆိုရင်တော့ လူသိနည်းပြီးနက်နဲတဲ့ Manipulation Tactic ပေါင်း 40 ကျော်နဲ့ Psychology အကြောင်းအရာတွေကို အကျယ်တစ်၀န်းရှင်းပြပေးထားတဲ့အပြင် စာအုပ်တွေကိုပါ တစ်နေရာတည်းမှာ ဖတ်ရှုလို့ရမှာဖြစ်ပါတယ်။ ဒါတွေအကုန်လုံးကိုလဲ ၀င်ကြေးက 5000 ထဲနဲ့ တစ်စုတစ်စည်းတည်း ဖတ်လို့ရမှာပဲဖြစ်ပါတယ်။ Paid Channel Member ၀င်လိုပါက @pthenextgen ဆီမှာ လာ၀င်လို့ရပါတယ်။

Social Proof Psychology
လူတွေဘာကြောင့် အများနည်းတူလိုက်လုပ်ရတာလဲ?
လူသားတွေဟာ “လူအများလုပ်နေတာ မှန်တယ်” ဆိုတဲ့ စိတ်သဘောထားနဲ့ ဆုံးဖြတ်လေ့ရှိကြပါတယ်။ ဒီအပြုအမူကို “Social Proof” လို့ခေါ်ပြီး Robert Cialdini ရဲ့ Influence: The Psychology of Persuasion စာအုပ်မှာ အသေးစိတ်ရှင်းပြထားပါတယ်။
Social Proof ဘယ်လိုအလုပ်လုပ်လဲ?
လူတွေဟာ မရေရာမှု (Uncertainty) နဲ့ ဖိအား (Pressure) ကြုံရင် အခြားသူတွေရဲ့ အပြုအမူကို အတုယူတတ်ကြပါတယ်။ အထူးသဖြင့် အခြေအနေမရှင်းတဲ့အခါ (ဥပမာ - မီးလောင်နေတဲ့အဆောက်အဦမှာ ဘယ်လိုထွက်ရမလဲ မသိရင် လူအုပ်နောက်လိုက်တာ) လူတွေနဲ့ဆင်တူသူတွေရဲ့ အပြုအမူကို ပိုယုံကြည်တဲ့အခါ (ဥပမာ - သင့်လိုအသက်အရွယ်/ဘဝအခြေအနေရှိသူတွေ ဘာရွေးသလဲဆိုတာ ကြည့်ပြီးဆုံးဖြတ်တာ) မသိမတတ်တဲ့အခါ (ဥပမာ - စာဖြေလို့ဘယ်ဟာရွေးရမလဲ မသိတဲ့အခါ တစ်ခြားသူတွေရွေးတာကိုပဲ လိုက်ရွေးတာ၊ ဘာဆိုရမလဲမသိရင် တစ်ခြားသူတွေဆိုတာကိုပဲ လိုက်ဆိုတာ။
Social Proof အမျိုးအစားများ
1. Wisdom of the Crowd
“လူအများရွေးထားတာ မှန်တယ်” ဆိုတဲ့ ယူဆချက်။ ဥပမာ : စာအုပ်ဆိုင်မှာ “အရောင်းရဆုံး Top 10” စာရင်းကို ကြည့်ပြီးဝယ်တာ။ လူကြိုက်များတဲ့ရုပ်ရှင်တွေကို ရွေးကြည့်တာ။
2. Expert Social Proof
ကျွမ်းကျင်သူ/အောင်မြင်သူတွေ ထောက်ခံတာကို ယုံကြည်တာ။ ဥပမာ : ဆရာဝန်တွေ ထောက်ခံတဲ့ဆေး၀ယ်တာ။ Elon Musk သုံးတဲ့ Phone ကိုလိုက်၀ယ်သုံးတာ။
3. Celebrity Social Proof
နာမည်ကြီးသူတွေသုံးတာကို အားကျတာ၊ လိုက်သုံးတာ။ ဥပမာ : K-Pop အိုင်ဒေါ်လ်တွေဝတ်တဲ့ အဝတ်အစား လိုက်ဝတ်တာ။
4. User Social Proof
ပုံမှန်လူတွေရဲ့အမြင်ကို ယုံကြည်တာ။ ဥပမာ : ခရီးသွားလို့ Hotel ရွေးတဲ့အခါ Star 4.5 ဆိုရင်ယုံပြီးရွေးတာ။ Social Media မှာ Like/View/Comment များတဲ့ Page or Post ကိုယုံကြည်တာ။ Trend ဖြစ်နေတဲ့ထုတ်ကုန်ကို လိုက်၀ယ်ကြတာ။
5. Friends’ Approval
ကိုယ့်မိတ်ဆွေတွေ သုံးနေတာကို ယုံကြည်တာ။ ဥပမာ : သူငယ်ချင်းက ဒီဆိုင်ကောင်းတယ်ဆိုရင် သွားစားချင်တာ။ ဒီဆိုင်က၀ယ်လို့ကောင်းတယ်ဆိုလို့ သွား၀ယ်ချင်တာ။
Social Proof ကိုဘယ်လိုတွေအသုံးချကြလဲ?
Marketing and Sales, Social Media , Public Behavior, Manipulation နယ်ပယ်အစုံမှာ အသုံးပြုကြပါတယ်။
Social Proof ရဲ့အားနည်းချက်
လူအများမှားနေရင် ကိုယ်ပါမှားသွားနိုင်တယ်။ လူတွေရဲ့ရွေးချယ်မှုက ကိုယ်အတွက်မသင့်တော်နိုင်ဘူး။ လူအများကိုကြည့်ရင်း ကိုယ်တကယ်လုပ်ချင်တာ၊ ဖြစ်ချင်တာကိုလဲ မေ့သွားတတ်တယ်။
Social Proof နဲ့ကင်းတဲ့သူဆိုတာ ‌ရှားပါတယ်။
Social Proof ဆိုတာ “လူတွေဘာလုပ်လဲဆိုတာ ကြည့်ပြီး ကိုယ်ပါလိုက်လုပ်တတ်တဲ့ သဘာဝ” ဖြစ်ပါတယ်။ ဒါကို ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်အောင် အသုံးချနိုင်သလို၊ လူအုပ်ရဲ့ဖိအားကို မလိုက်မိဖို့၊ ရောမယောင်မိဖို့ကိုလည်း သတိထားရပါမယ်။
လူတွေလုပ်နေလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ဘာကိုမှမလုပ်ပါနဲ့။ ကိုယ်တိုင်စဉ်းစားပါ။ — Socrates

လူတွေနောက်ကျမှ သိလေ့ရှိတဲ့ အမှန်တရား ၈ ခု ၁။ လူအများစုက ၀င်လာပြီး ပြန်ထွက်သွားတတ်တာ သဘာ၀ပါပဲ။ ကံမကောင်းစွာနဲ့ပဲ ကိုယ့်ဘ၀အတွက် အရေးပါဆုံးဖြစ်ခဲ့တဲ့သူတွေက ညတွင်းချင်း သူစိမ်းတွေ ဖြစ်သွားနိုင်သလို ကံကောင်းစွာနဲ့ပဲ ဘယ်တုန်းကမှမသိခဲ့ ရင်းနှီးဖို့ စိတ်ကူးတောင်မယဉ်ခဲ့မိတဲ့ သူစိမ်းတွေက ညတွင်းချင်း ကိုယ့်ဘ၀အတွက် အရေးပါဆုံးလူတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဖြစ်စဉ်က နာကျင်ရမယ်ဆိုပေမယ့် ဘ၀အတွက် သင်ခန်းစာတွေပါပဲ။ ပထမဆုံးအခေါက်မှာတော့ နာကျင်ခံစားရမယ်။ ဒါပေမယ့် ခံရပေါင်းများလေလေ နားလည်သဘောပေါက်လာပြီး ဘာမှမဖြစ်တော့လေပါပဲ။ ၂။ အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးရမယ်။ သူငယ်ချင်းအယောက် ၁၀၀ ထက် ကိုယ့်ကိုတကယ်ဂရုစိုက် တကယ်ချစ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်က အဆပေါင်းများစွာ ပိုကောင်းပါတယ်။ ၃။ အရင်ဆုံးတောင်းပန်နိုင်တဲ့သူက အရဲရင့်ဆုံးသူပါ။ အရင်ဆုံးခွင့်လွှတ်ပေးနိုင်တဲ့သူက အသန်မာဆုံးလူပါ။ အရင်ဆုံးမေ့ပစ်နိုင်တဲ့သူက အပျော်ရွှင်ရဆုံးသူပါ။ လူတွေကို ခွင့်လွှတ်ပေးလိုက်ပါ။ သူတို့ကကိုယ့်ရဲ့ ခွင့်လွှတ်မှုနဲ့ ထိုက်တန်ရယ်လို့တော့ မဟုတ်ပါဘူး။ ကိုယ်ကသာလျှင် ‌ငြိမ်းချမ်းစွာနေရဖို့ ထိုက်တန်လို့ပါ။ ၄။ ကိုယ့်မှာ အပြန်အလှန်ဖေးမပြီး ပံ့ပိုးကူညီပေးတတ်တဲ့ လက်တွဲဖော်ရှိရင်ရှိ အဲ့လိုမှမဟုတ်ရင် တစ်ယောက်တည်းသာနေပါ။ ၅။ ကိုယ့်ဘေးကလူတွေကို စိတ်ချမ်းသာအောင်ထားဖို့ ကိုယ်ကိုယ်တိုင် စိတ်ချမ်းသာနေဖို့လိုတယ်။ ၆။ ဘ၀မှာ ကိုယ်ဘယ်သူနဲ့ တွေ့ရမလဲဆိုတာ အချိန်က ဆုံးဖြတ်ပေးတယ်။ ဘ၀မှာ ကိုယ်ဘယ်သူ့ကို လိုချင်လဲဆိုတာ နှလုံးသားက ဆုံးဖြတ်ပေးတယ်။ ဘ၀မှာ ကိုယ်နဲ့အတူဘယ်သူက ရှိနေပေးမလဲဆိုတာ ကိုယ့်ရဲ့အပြုအမူနဲ့ အမူအကျင့်တွေက ဆုံးဖြတ်ပေးတယ်။ ၇။ ငွေဆိုတာလွတ်လပ်မှုကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းငွေရှာဖို့ပဲ ကြိုးစားနေရင်တော့ လွတ်လပ်မှုဆိုတာ ရတော့မှာမဟုတ်ပါဘူး။ ကြိုးစားသင့်သလောက် ကြိုးစားပြီး နားသင့်တဲ့အချိန် ပင်ပန်းတဲ့အချိန် နားလိုက်ပါ။ ၈။ ကိုယ့်ရဲ့တွေးခေါ်ပုံကို အမြဲသတိထားပါ။ ကိုယ်တွေးတဲ့ပုံကို ပြောင်းလဲလိုက်တဲ့အခါ ကိုယ်ခံစားရတဲ့ပုံကလဲ ပြောင်းလဲသွားတယ်။ ကိုယ်ခံစားရတဲ့ပုံက ပြောင်းလဲသွားတဲ့အခါ ကိုယ်ပြုမူတဲ့ပုံကလဲ ပြောင်းလဲသွားတယ်။ ကိုယ်ပြုမူတဲ့ပုံ ပြောင်းလဲသွားတဲ့အခါ ကိုယ့်ရဲ့ဘ၀ကလဲ ပြောင်းလဲသွားတယ်။