en
Feedback
𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

Open in Telegram

For ads and requests - @pthenextgen

Show more
2 522
Subscribers
No data24 hours
+27 days
+530 days
Posts Archive
Please rate my contents guys (Comment if you want to advise)
Anonymous voting

Multiple Choice လိုမေးခွန်းတွေမှာ အဖြေမှန်ကိုမသိခဲ့ရင် ဘယ်လိုလုပ်ရမလဲ အဖြေမှန်ကို ဘယ်ဟာရွေးရမလဲမသိတဲ့အခါ အဖြေမှန်ကိုရဖို့အကောင်းဆုံးနည်းလမ်းက Process of Elimination အဖြေမှားတွေကို ရွေးထုတ်ဖို့ပါပဲ။ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာမေးခွန်းမှာ အဖြေက 4 ခုပေးထားတယ်ဆိုပါတော့။ ဒါဆိုရင်ကိုယ့်မှာ အဖြေမှန်ကိုရွေးနိုင်ခြေ 25% ပဲရှိပါတယ်။ ဘယ်ဟာက အဖြေမှန်လဲဆိုဝာာလဲ မသိပါဘူး။ ဒီလိုမျိုးဖြစ်နေပြီဆိုရင် အရင်ဆုံး အဖြေ 4 ခုကို ကြည့်လိုက်ပါ။ အဖြေ 4 ခုထဲမှာမှ မဖြစ်နိုင်ဆုံး၊ မေးခွန်းနဲ့ မဆက်စပ်ဆုံး၊ အကွဲလွဲဆုံး ဖြစ်နေတဲ့ အဖြေမှားတစ်ခုကို အရင်ရွေးချယ်ပြီး ပယ်လိုက်ပါ။ ဒါဆိုရင်တော့ အဖြေ 3 ခု ကျန်ခဲ့မှာဖြစ်ပြီး အဖြေမှန်နိုင်ခြေက 33% အထိမြင့်တက်သွားပါပြီ။
သူမကဘယ်သူ့ကိုချစ်သလဲ
(က) ကျော်ကြီး (ခ) သင် (ဂ) ရုပ်ချောတဲ့ကောင် (ဃ) အနေနီးတဲ့ကောင် ဒီမှာဆိုလဲ မဖြစ်နိုင်ဆုံး အဖြေမှားတစ်ခုဖြစ်တဲ့ (ခ) သင် ကိုပယ်လိုက်မယ်ဆို အဖြေ 3 ခုပဲကျန်ခဲ့တော့မှာဖြစ်ပြီး အဖြေမှန်နိုင်ခြေက 33% အထိ မြင့်တက်သွားပါပြီ။ ဒီလိုပဲ ကျန်ခဲ့တဲ့အဖြေ 3 ခုထဲက မဖြစ်နိုင်ဆုံး အဖြေမှား 1 ခုကိုထပ်ရှာပြီး ထပ်ပယ်လိုက်အုံးမယ်ဆိုရင် ရွေးချယ်စရာအဖြေက 2 ခုပဲကျန်ခဲ့တော့မှာဖြစ်ပြီး အဖြေမှန်နိုင်ခြေက 50% အထိကို မြင့်တက်သွားပါပြီ။ ပြီး‌ရင်တော့ အဖြေ 2 ခုထဲက 1 ခုကို ရွေးချယ်လိုက်ရုံပါပဲ။
အဖြေမှားတွေကို ပယ်ပြီးတဲ့အခါ
အဖြေ 1 ခုပဲကျန်ရင် - ဒါက ကိုယ့်ရဲ့အဖြေပါပဲ။ အဖြေ 2 ခု (သို့) 3 ခု ကျန်ရင် - ဒီအဆင့်မှာက ခန့်မှန်းဖို့ ပိုလွယ်သွားပါပြီ။ ကျန်တဲ့အဖြေတွေထဲကက မှန်နိုင်ခြေအရှိဆုံးကို ရွေးရုံပါပဲ။ ဒိီလိုမျိုး အဖြေမှားရွေးထုတ်တဲ့နည်းနဲ့ အဖြေမှန်နိုင်ခြေတွေကို မြှင့်တင်လို့ရပြီး Test တွေ Exam တွေမှာ အမှတ်တွေပိုယူလို့ရသလို တစ်ခြားသောကိစ္စတွေမှာလဲ အသုံးပြုလို့ရပါတယ်။

ဖောက်ပြန်တယ်ဆိုတာဘာလဲ
1. ကိုယ့်ရဲ့ချစ်သူရည်းစား မသိအောင် တစ်ခြားလူကို ခိုးပြီးဆက်သွယ်တယ်ဆိုတာကလဲ ဖောက်ပြန်တာပါပဲ။ 2. ကိုယ့်ရဲ့ချစ်သူရည်းစား မဟုတ်တဲ့သူကို အရမ်းတွေဂရုစိုက်ပေး၊ အရမ်းတွေစိုးရိမ်ပေး၊ အရမ်းတွေစိတ်၀င်စားနေတာကလဲ ဖောက်ပြန်တာပါပဲ။ 3. တစ်ခြားယောက်ျား သို့မဟုတ် တစ်ခြားမိန်းမကို ကြိုးစားရင် အခွင့်အရေးရနိုင်သေးတယ်လို့ ထင်မြင်စေတာကလဲ ဖောက်ပြန်တာပါပဲ။ 4. ကိုယ့်ရဲ့ချစ်သူရည်းစား မဟုတ်တဲ့သူနဲ့ Flirt တယ်ဆိုတာကလဲ ဖောက်ပြန်တာပါပဲ။ 5. Social Media ပေါ်မှာ ယောကျာ်းတကာနဲ့‌ရော၊ မိန်းမတကာနဲ့ရောပြီး မကင်းမရှင်းဖြစ်တာ၊ မပြတ်မသားဖြစ်တာကလဲ ဖောက်ပြန်တာပါပဲ။ 6. ကိုယ့်ရဲ့ချစ်သူရည်းစား မသိစေပဲ ယောက်ျားတစ်ယောက် သို့မဟုတ် မိန်းမတစ်ယောက်ဆီက ထူးခြားတဲ့လက်ဆောင်တွေ လက်ခံတယ်ဆိုတာကလဲ ဖောက်ပြန်တာပါပဲ။ 7. ဖောက်ပြန်တယ်ဆိုတာ အသားချင်းထိမှ၊ ပရောပရည်လုပ်မှ မဟုတ်ပါဘူး။ ကိုယ့်ကောင်လေးမဟုတ်တဲ့ တစ်ခြားယောက်ျားလေး၊ ကိုယ့်ကောင်မလေးမဟုတ်တဲ့ တစ်ခြားမိန်းကလေးနဲ့ စာအပြန်အလှန်ပို့ပြီး Chat History ကို ဖြတ်ပစ်ဖို့ လိုအပ်တယ်ဆိုတာကလဲ ဖောက်ပြန်တာပါပဲ။ 8. ကိုယ့်ရဲ့ချစ်သူရည်းစား ရှိပါလျက်နဲ့ တစ်ခြားလူတစ်ယောက်ကို လိုချင်နေတာ၊ အရင်လူကိုပြန်လိုချင်နေတာ၊ လွမ်းနေတာ၊ မျှော်လင့်နေတာကလဲ ဖောက်ပြန်တာပါပဲ။

အချစ်ရေးမှာ လိုက်နာရမယ့် အချက် (၆) ချက် 1. ရိုးသားပါ (ရိုးသားခြင်းဆိုတာ အချစ်တစ်ခုပျက်စီးမသွား အောင် အခိုင်အမာအခြေခံအုတ်မြစ် တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်) 2. ဘာပဲလုပ်လုပ် တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက် ဖြည့်တွေးပေးပါ ( ကိုယ့်Partner ရဲ့ စိတ်သဘောထားကိုလည်း လေးစားပေးဖို့လိုပါတယ် ) 3. တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန်နွေးထွေးမှုတွေပေးပါ (တန်းဖိုးထားမှုတွေ ဂရုစိုက်မှုတွေ လျော့မသွားဖို့ လိုပါတယ်) 4. တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိဖို့လိုပါတယ် (သစ္စာမဖေါက်ပါနဲ့ သစ္စာဖေါက်ခြင်းဟာ ခဏတာပျော်ရွှင်ရခြင်း တစ်ခုသာသာပါ ရေရှည်မှာ ကိုယ့်အတွက်အကျိုးမရှိပါဘူး) 5. ဘယ်လောက်ပဲ စိတ်ဆိုးရန်ဖြစ်နေပါစေ တစ်ယောက်ကိုတစ်ယောက် လက်မလွှတ်ဖို့လိုပါတယ် (ပြဿနာဖြစ်တိုင်း လမ်းခွဲဖို့ပြတ်ဖို့ပဲ မတွေးပါနဲ့) 6. အရေးကြီးဆုံးကတော့ တစ်ယောက်ကိုတစ်ယောက် မလိမ်ညာပါနဲ့ (အပြန်အလှန် ပွင့်လင်းမှုရှိပါစေ) အချစ်စစ်ကို လိုချင်ရင် ကိုယ်တိုင်ဆီမှာလည်း အချစ်စစ်တွေ ရှိနေဖို့ လိုတယ်။ MichaelMario #Eric #crd

ကျွန်တော့ဆီမှာ App Premium တွေကိုလာ၀ယ်ယူလို့ပါတယ်။ Express Vpn 1month - 6000 (share) 1month - 15000 (private) Alight Motion Premium 1year - 5000 (share) 1year - 10000 (private) Wink Premium 1month - 8000 (share) 1month - 23000 (private) 1year - 150000 (private) Capcut Pro 1month - 8000 (share) 1month - 15000 (private) Canva Pro 1year - 5000 (Own Mail) Netflix 1month - 15000 (share) Spotify Family Plan (US) 2months - 15000 3months - 25000 6months - 40000 12months - 60000
Private နဲ့ Share ဘာကွာလဲဆိုတော့
Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks Telegram Premium 1month - 25000 (login) 3month - 50000 (gift link) 6months - 70000 (gift link) 1 year - 130000 (gift link) ၀ယ်ယူလိုပါက - @pthenextgen

မပြိုင်ဘဲနိုင်ဖို့ အချက် ၇ ချက်
၁။ Competition နဲ့ Creation
ပြိုင်ဆိုင်မှုဟာ အစွမ်းအစတွေကိုကျစေပါတယ်။ ပြိုင်ဆိုင်မယ့်အစား ကိုယ့်ဖောက်သည်တွေအတွက် အသစ်ဖန်တီးဖို့စဉ်းစားပါ။ ဥပမာ- Apple ကို Steven Jobs ပြန်ရောက်လာတဲ့အခါ ပြိုင်ဆိုင်မှုအစား အသစ်တွေဖြစ်တဲ့ iTunes ၊ iPod ၊ iPhone ၊ App Store ၊ iPad တွေကို အစီအရီ ဖန်တီးသွားပါတယ်။
၂။ Focus
ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းစတာ ပြိုင်ဘက်ကို အနိုင်ယူဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ယှဉ်ပြိုင်မှုကိုပဲ အာရုံစိုက်မယ့်အစား ကိုယ့်လုပ်ငန်းရဲ့ Vision နဲ့ Mission တွေကို အာရုံစိုက်ပါ။
၃။ Know Your Niche
စီးပွားရေးလုပ်ငန်းတစ်ခုဟာ နေရာတိုင်းမှာ မအောင်မြင်နိုင်ပါဘူး။ ကိုယ်က ဘယ်နယ်ပယ် Niche ကို ဦးဆောင်မှာလဲ၊ ကိုယ့်လုပ်ငန်းရဲ့အားသာချက် Critical Success Factor က ဘာလဲ သိအောင်လုပ်ပါ။
၄။ Think Differently
Coca-Cola ဟာ ရောက်တဲ့နေရာတိုင်း အောင်မြင်ပါတယ်။ Coca-Cola တရုတ်ဈေးကွက်ကို ရောက်တဲ့အခါ ဟောင်ကောင်အခြေစိုက် JDB Group ရဲ့ Jia Duo Bao Brand ဟာ Chinese Medicine ပေါ်အခြေခံတဲ့ Herbal Tea နဲ့ ပြိုင်ပါတယ်။ ကိုယ်လုပ်နေကျပုံစံထဲက ခွဲထွက်ပြီး စဉ်းစားကြည့်ဖို့လိုပါတယ်။
၅။ Positioning Map
မပြိုင်နဲ့ဆိုပေမဲ့ ပြိုင်ဘက်ကိုတော့ ရွေးချယ်နိုင်ပါတယ်။ ဥပမာ- Xiaomi ဟာ ဖုန်းလောကထဲကို၀င်တဲ့အခါ ကိုယ့်လုပ်ငန်းက ဘယ်နေရာမှာ ရပ်တည်မှာလဲဆိုတဲ့ Positioning Map ကို အကောင်းဆုံးအသုံးပြုပြီး ပြိုင်ဘက်ကို ကောင်းကောင်းရွေးချယ်သွားပါတယ်။ ဒါကြောင့် ၂၀၁၀ ကနေ ၂၀၁၅ အတွင်း ပြိုင်ဘက်မရှိသလောက်ဖြစ်ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။
၆။ MVP (Minimal Viable Product)
Product အစစ်မဟုတ်သေးခင် ပုံကြမ်း Prototypes အဆင့်ဟာ Idea Generation ကနေ ဈေးကွက်ထဲမသွားခင်ကြားမှာ အရေးကြီးပါတယ်။ Creation လုပ်မယ်ဆိုကတည်းက Product တိုင်း အောင်မြင်မှာ မဟုတ်ပါဘူး။ ဥပမာ- Facebook အနေနဲ့ ဒီနေ့လို App မထုတ်ခင် ၂၀၁၄ မှာ Flipboard နဲ့ပြိုင်ပြီး Paper Application ကို ထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် Product အသစ်တစ်ခုဖန်တီးတဲ့အခါ ဈေးကွက်ရဲ့တုံ့ပြန်မှုကို စမ်းသပ်တဲ့ MVP (Minimum Viable Product) အနေနဲ့ စနိုင်ပါတယ်။
၇။ Connecting the Dots (Vision)
Amazon ဟာ စာအုပ် စရောင်းတယ်။ Offline Bookstore တွေဖြစ်တဲ့ Barnes & Noble ဟာ လူကြိုက်များတဲ့ စာအုပ်တွေနဲ့ ဈေးကွက်မှာရှိနေပေမယ့် Amazon ဟာ လူနည်းစုဖတ်တဲ့ စာအုပ်တွေနဲ့ ဈေးကွက်ကို စ၀င်ပါတယ်။ နောက်ပိုင်း Online မှာ ပစ္စည်းမျိုးစုံရောင်းလာတဲ့အပြင် မကြာခင်က Whole Foods ကို၀ယ်ပြီး ဟင်းသီးဟင်းရွက်ဈေးကွက်ထဲကို ၀င်ရောက်လာပါတယ်။ Vision ဟာ အင်မတန်အရေးကြီးပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ Strategic Planning နဲ့ Strategic Thinking ကို သေချာသိအောင်လုပ်ရပါတယ်။ နောက် Example တစ်ခုက OnePlus ဖုန်းပါ။ Xiaomi Business Model ကို တိုက်ရိုက် Copy ကူးပေမဲ့ Xiaomi ရဲ့ပြိုင်ဘက် ဖဖြစ်မလာပါဘူး။ ဘာကြောင့်လဲဆိုရင် Xiaomi ရဲ့ Vision ဟာ Lifestyle Brand တစ်ခုအနေနဲ့ သွားမှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ လုပ်ငန်းတွေအတွက် Vision ဟာ ပြိုင်ဘက်တွေနဲ့ကွဲထွက်စေတဲ့ အရေးကြီးတဲ့အချက်တစ်ချက်ပါ။ - Dr. Phyo Paing

Dear Friends သူငယ်ချင်းများဆီသို့📚
Dear Friends သူငယ်ချင်းများဆီသို့📚

မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုလိုချင်ရင် ဒီအချက်တွေကိုသိထားသင့်တယ် *မိန်းကလေးတစ်ချို့က သူငြင်းလိုက်ပေမယ့်လည်း သူ့ကိုပဲဆက် ချစ်နေစေချင်ကြတယ်။ အကြောင်းကတော့ သူ့အပေါ်တကယ်ချစ်မချစ် စမ်းသပ်ချင်လို့ဖြစ်ပါတယ်။ *မိန်းကလေးတစ်ချို့က အချိန်အကြာကြီး စောင့်ခိုင်းပြီးမှ အဖြေပေးချင်တာမျိုးရှိတယ်။ အကြောင်းကတော့ အချိန်ကြာကြာအကဲခတ်ချင်လို့ ရယ်၊ သူ့အပေါ် စိတ်ရှည်မရှည်စမ်းသပ်ချင်လို့ဖြစ်ပါတယ်။ *မိန်းကလေးတွေမှာ ဂရုစိုက်တာခံချင်တာမျိုးရှိသလို လျစ်လျူရှုထားတာမျိုး ကြိုက်တဲ့မိန်းကလေးမျိုးရှိတယ်။ ကိုယ်ကြိုက်တဲ့မိန်းကလေးက ဘယ်လိုလူမျိုးလဲဆိုတာသိထားရမယ်။ *ဂရုစိုက်တာခံချင်တဲ့ မိန်းကလေးတွေဟာ သူတို့အပေါ်ပဲ အရေးပေးတာခံချင်ကြတယ်။ သူ့တို့အနား အမြဲရှိပေးနိုင်မဲ့လူမျိုးကိုပဲ ရွေးချယ်တတ်ကြတယ်။ *လျစ်လျူရှုထားတာ ကြိုက်တဲ့မိန်းကလေးမျိုးဟာ သူ့တို့အပေါ် ဂရုစိုက်လွန်းရင် အလိုလိုစိတ်ပျက်တတ်ကြတယ်။ သူတို့အပေါ် နားလည်ပေးနိုင်မဲ့ လူမျိုးကိုပဲရွေးချယ်တက်ကြတယ်။ *အချစ်ရေးကိုစိတ်မဝင်စားတဲ့မိန်းကလေး တစ်ချို့ရှိပါတယ် သူတို့ကတော့ ဘယ်လောက်ပဲ ကြိုးစားလို့မရနိုင်ပါဘူး။ အချိန်တန်ရင် ကြုံရာလူကိုပဲ ရွေးချယ်သွားတက်ကြပါတယ် ကြုံရာလူကိုပဲရွေး သူတို့အချစ်နဲ့မရွေးချယ်တက်ကြပါဘူး။ ဒီလိုမိန်းကလေးမျိုးကိုချစ်မိရင်တော့ သင်ပဲခံစားရပါလိမ့်မယ်။ မိန်းကလေးတစ်ယောက်ရဲ့စိတ်ကို ဘယ်တော့မှ အကုန်နားလည်ဖို့ မကြိုးစားပါနဲ့။ သင်ရူးသွားပါလိမ့်မယ်။ #Eric #crd

တစ်ချို့အခိုက်အတန့်တွေက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မှတ်ဉာဏ်တွေ မဖြစ်သွားခင်အထိ ကျွန်တော်တို့ သတိမထားမိကြဘူး။ ချစ်ရသူနဲ့အတူတူ ကုန်ဆုံးရတဲ့အချိန်တွေ၊ အဖေအမေနဲ့အတူ ရှိခဲ့ရတဲ့အချိန်တွေ၊ သူငယ်ချင်းတွေနဲ့ လျှောက်သွားရတဲ့အချိန်တွေ၊ မိသားစုထမင်းလက်စုံစားတဲ့အချိန်တွေ၊ ဒီအရာတွေကို ကျွန်တော်တို့က “သာမန်အခိုက်အတန့်လေးတွေ” လို့ခေါ်ကြတယ်။ ဒါပေမယ့် နောက်တစ်နေ့... တစ်လ... တစ်နှစ်... ဒါမှမဟုတ် နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ ဒီသာမန် အခိုက်အတန့်လေးတွေကပဲ ကျွန်တော်တို့နှလုံးသားထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ၊ ပြန်မရနိုင်တော့တဲ့ မှတ်ဉာဏ်တွေဖြစ်လာတာပါ။ ဘဝဆိုတာ ကြီးမားတဲ့ပွဲတွေ၊ ခမ်းနားတဲ့ အောင်ပွဲတွေနဲ့ပဲ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ ဘဝဆိုတာ... ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ ကုန်ဆုံးခဲ့တဲ့ သာမန်နေ့ရက်တွေနဲ့ စုစည်းထားတာလဲ ဖြစ်ပါတယ်။ ဒါကြောင့်... ယနေ့အခိုက်အတန့်လေးကို လက်လွှတ်မခံပါနဲ့။ အခုပိုင်ဆိုင်နေရတဲ့ ချစ်ရသူ၊ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ရှိနေတဲ့အခိုက်အတန့်တိုင်းကို အပြည့်အဝခံစားလိုက်ပါ။ တန်ဖိုးထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့... ဒီသာမန် အခိုက်အတန့်လေးတွေကပဲ... နက်ရှိုင်းတဲ့ပျော်ရွှင်မှုကို ဖန်တီးပေးပြီး နောင်တစ်ချိန်မှာ... ကိုယ့်ဘဝရဲ့ တန်ဖိုးအရှိဆုံးနဲ့ ပြန်မရနိုင်တော့တဲ့ အမှတ်တရတွေ၊ မှတ်ဉာဏ်တွေ ဖြစ်လာမယ်ဆိုတာကို ကိုယ်မသိနိုင်လို့ပါပဲ။

တစ်ရက်ကို တစ်ထောင်စု တစ်လဆို သုံးသောင်း တစ်နှစ်ဆို ၃သိန်း ၆သောင်း ထားလိုက် နောက်နှစ်နည်းနည်းဆိုရင် သူလဲသူ့ဘဝနဲ့သူ ဖြစ်နေလောက်ရောပေါ့

ပထမဆုံးတွေ့ဆုံမှုက ဘာလို့အရေးကြီးတာလဲ လူမှုဆက်ဆံရေးနဲ့ စိတ်ပညာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပထမဆုံးတွေ့ဆုံမှု (First Impression) က အလွန်အရေးကြီးပါတယ်။ လူသားတွေရဲ့ဦးနှောက်က မျက်စိထဲကို ၀င်လာတဲ့ အချက်အလက်တွေကို စက္ကန့်ပိုင်းအတွင်း ချက်ချင်း ဆင်ခြင်ပိုင်းခြားပြီး သဘောထားအမြင်တစ်ခု ချမှတ်လိုက်ပါတယ်။ ဒီလို ခဏတာအတွေ့အကြုံကနေ တစ်စုံတစ်ယောက်အကြောင်း ယေဘုယျ ကောက်ချက်ချတဲ့ သဘောကို Thin-Slicing လို့ ခေါ်ပါတယ်။ ဒါကလူသားတွေရဲ့ ဆင်ခြင်တုံတရားထက် အလိုအလျောက် ခံစားချက်ကို အသုံးချတဲ့ ဖြစ်စဉ်တစ်ခုပါ။ အထူးသဖြင့် တစ်ယောက်အကြောင်း တစ်ယောက်မသိကြသေးတဲ့ အချိန်တွေမှာ ဒီလိုမျိုး ကောက်ချက်ချတတ်လေ့ရှိကြပါတယ်။ ပထမဆုံးအကြိမ် တွေ့ရာမှာ ကောင်းတဲ့ပုံစံနဲ့ တွေ့မိရင် နောက်ပိုင်းမှာပါ ထိုလူရဲ့ တစ်ခြားသော အရာတွေ၊ အရည်အချင်းတွေကိုပါ ကောင်းတယ်လို့ ဆက်ပြီးယူဆတတ်ကြတယ်။ ဥပမာ ယဉ်ကျေးသိမ်မွေ့စွာ စကားပြောဆိုမှု၊ ရုပ်ရည်သန့်ရှင်းမှုတွေက သူ့ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ စရိုက်တွေအထိ အကုန်လုံးကောင်းတယ်လို့ မှတ်ယူတတ်ကြတာမျိုးပါ။ ဒါကို Halo Effect လို့ ခေါ်ပါတယ်။ ရုပ်ချောရင် ဘာလုပ်လုပ်ကောင်းတယ်ဆိုတာလဲ Halo Effect ပါပဲ။ လူသားတွေရဲ့ဦးနှောက်က ပထမဆုံးရရှိလိုက်တဲ့ အချက်အလက်ကို Anchor (ကျောက်ချရာ) အဖြစ် သတ်မှတ်ပြီး နောက်ထပ်ရရှိလာတဲ့ အချက်အလက်အသစ်တွေကို ဒီ Anchor နဲ့ ယှဉ်ပြီးမှ ချိန်ဆတတ်ပါတယ်။ ဒါကြောင့် ပထမအမြင်က မကောင်းခဲ့ရင် နောက်ပိုင်းမှာ ကောင်းအောင် ပြင်ဆင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ပထမဆုံးတွေ့ဆုံမှု (First Impression) က ဘယ်လောက်အရေးကြီးလဲဆိုတာ ကျွန်တော်တို့တွေ့ကြမှာပါ။ ပထမဆုံးအထင်က အရေးကြီးတယ်ဆိုပေမယ့် ဆက်ဆံရေးတစ်ခုလုံးရဲ့ အဆုံးအဖြတ်တော့ မဟုတ်ပါဘူး။ နောက်ပိုင်း ဆက်တွေ့ရတဲ့အခါ ပြုမူပြောဆိုမှုတွေက ပထမအထင်ထက် ပိုပြီး အရေးပါနိုင်ပါသေးတယ်။ ဒါကြောင့် ပထမဆုံးတွေ့ဆုံမှုကို သိပ်ကြီး စိတ်ဖိစီးမနေဘဲ သဘာ၀ကျကျနဲ့ လွတ်လပ်စွာ ပြုမူပြောဆိုဖို့လဲ အကြံပြုချင်လိုပါတယ်။ Manipu Paid Channel ၀င်လိုပါက @pthenextgen ကိုဆက်သွယ်ပေးပါဗျ။

လမ်းပျောက်နေတဲ့ ဆယ်ကျော်သက်တွေအတွက် လမ်းရှာပေးနိုင်တဲ့ အချက် 4 ချက် 1. Languages ဘာသာစကားလေ့လာတာက အရမ်းကိုကောင်းတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ပြောရပါတယ်။ကိုယ် အခု အချိန်ပေး၊အာရုံစိုက်ပြီးလေ့လာလိုက်တဲ့ ဘာသာစကားတစ်ခုကြောင့် နောက်2နှစ်၊3နှစ်ကြရင် အခွင့်အလမ်းတွေအများကြီးရလာမှာပါ။ 2. Networking It's who you know, not what you know ဆိုတဲ့စကားအတိုင်းဘဲ networking မရှိရင်လဲ အခွင့်ရေးတွေဆုံးရှုံးရပါတယ်။ တချို့အရမ်းအရေးကြီးတဲ့ information တွေက လူအုပ်ကြီးထဲတော်ရုံမရောက်ပါဘူး။ကိုယ်က quality people တွေနဲ့စကားပြောသူတို့ဆီက အတွေ့ကြုံတွေလဲရပါတယ်။မေးခွန်းမေးမြန်းဖို့လူတွေရှိလာပြီးဘဝတတ်လမ်း၊ကိုယ့်ပညာရေးအတွက် လိုအပ်ပါတယ်။ လူတွေက ဆုံးရှုံးသွားတဲ့ အရာမှ ဆုံးရှုံးတယ်လို့ထင်ကြတယ်။ရစရာရှိတဲ့ အရာတွေကို မရတာလဲ ဆုံးရှုံးတာပါဘဲ။ 3. Read books General knowledge ရှိဖို့ အရမ်းရေးကြီးပါတယ်။စာအုပ်တွေဖတ်တဲ့သူနဲ့ မဖတ်တဲ့သူကွာခြားချက်က တစ်ရက်နှစ်ရက်နဲ့မသိသာပေမဲ့ နှစ်တွေကြာသွားပြီးရင် အရမ်းသိသာပါတယ်။ ကိုယ်ဖတ်တဲ့စာအုပ်ထဲက ရတဲ့အတွေ့ကြုံတွေက တကယ့်လက်တွေ့ဘဝမှာ ကြုံတွေ့ခဲ့တဲ့အခါ သေချာပေါက် အဲဒီ အတွေ့ကြုံ ဗဟုသုတတွေကို မှတ်မိပြီး အသုံးချနိုင်မှာပါ။ 4. Try different things ကိုယ်က အခုချိန်မှာ ဘာဝါသနာပါမှန်း သေချာမသိဘူးဆိုရင် တစ်ခုခုကိုစမ်းလုပ်ဖို့လိုအပ်ပါတယ်။အဲလိုလုပ်မှ သိမှာပါ။ ကိုယ်က IT, Instruments, languages တွေကိုစမ်းပြီး‌မလေ့လာဘဲနဲ့ ကိုယ်ဘယ်အရာကိုဝါသနာပါမှန်းမသိနိုင်ပါဘူး။အဲအတွက် တစ်ခုခုကို စမ်းလုပ်စေချင်ပါတယ်။ #CrdtoCherry

မပေါင်းသင့်တဲ့လူအမျိုးအစား Toxic ဖြစ်တဲ့လူတွေရဲ့အကြောင်း Toxic ဖြစ်တဲ့သူဆိုတာမျိုးက အပြောဆိုးအပေါက်ကြမ်းတာ Negative ပဲမြင် Negative တွေပဲ ပြောတာမျိုး မဟုတ်ပဲ ကိုယ့်ရဲ့စိတ်ကို Toxic ဖြစ်စေတဲ့လူအမျိုးအစားတွေကို ပြောခြင်းဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေရဲ့ လက္ခဏာတွေကို ပြောရရင် 1. တစ်ဇွတ်ထိုးဖြစ်တယ်။ ညှိနှိုင်းမှုမရှိ နားထောင်မှုမရှိပဲ ကိုယ်လုပ်ချင်တာကိုယ်လုပ်တတ်ကြတယ်။ 2. အမြဲလိုလို သူတို့ရဲ့ပြဿနာတွေ စိတ်ပင်ပန်းမှုတွေကို လာလာပြောတတ်ပြီး ကိုယ့်အလှည့်ကျရင်တော့ လျစ်လျူရှုတတ်ကြတယ်။ 3. ဘယ်သောအခါမှ သူတို့ရဲ့ အမှားတွေကို မ၀န်ခံသလို တောင်းပန်စကားလဲမပြောဘူး။ သူ့အမှားမှန်းသေချာနေရင်တောင်မှ ၀န်ခံရမယ့်အစား သူဘာကြောင့် မှားသလဲဆိုတာကိုပဲ အကြောင်းပြချက်တွေပေး ဆင်ခြင်တွေပေးပြီး ကိုယ်လွတ်ရုန်းလိမ့်မယ်။ 4. သူတို့သာမှန် သူတို့သာတော်ဆိုတဲ့ ခံယူချက်တွေထားရှိပြီး ဘေးလူတွေကို စကားလုံးတွေနဲ့မသိမသာပဲဖြစ်ဖြစ် သိသိသာသာပဲဖြစ်ဖြစ် နှိမ်ပြောပြောတတ်တယ်။ 5. သူတို့လိုအပ်တာရှိလာရင်တော့ မျက်နှာချိုသွေးတတ်ပြီး မလိုအပ်တော့ရင်တော့ လှည့်တောင်မကြည့်တတ်ကြဘူး။ လက္ခဏာတွေကိုကြည့်ရုံနဲ့တင် ကိုယ့်အနေနဲ့ပေါင်းသင့်လား မသင့်လားဆိုတာ ကွဲကွဲပြားပြား သိကြမှာပါ။ဒီလိုလူမျိုးတွေက ကိုယ့်အနားမှာထားရင် ကိုယ့်အပေါ် အကျိုးပြုတာနည်းနည်း ကိုယ့်ရဲ့ စိတ်ကိုညစ်နွမ်းစေတာ များများ ဖြစ်မှာပါ။ Contact @pthenextgen for Paid Channel

စာလုပ်တဲ့အခါ၊ စာဖတ်တဲ့အခါမှာ အသုံးပြုရအဆင်ပြေမယ့် App လေးတွေပါ။ #crd
+4
စာလုပ်တဲ့အခါ၊ စာဖတ်တဲ့အခါမှာ အသုံးပြုရအဆင်ပြေမယ့် App လေးတွေပါ။ #crd

ကောင်းသောအထင်ကို ဖြစ်စေနည်း ကိုယ်ကကိုယ့်ကိုယ်ကို ဘယ်လိုဆက်ဆံလဲဆိုတာအပေါ် မူတည်ပြီး တစ်ခြားသူတွေကလဲ ကိုယ့်ကို ထိုပုံစံအတိုင်း ဆက်ဆံတတ်ကြတယ်။ ကိုယ့်အပေါ် ကောင်းတဲ့အထင်ဖြစ်စေလိုရင် ကိုယ့်ကိုယ်ကို ထိုက်တန်ရာအားလုံးကို ပေးဖို့က အရမ်းအရေးကြီးပါသည်။ တစ်ခြားသူတွေက ကိုယ့်ကို တန်ဖိုးထားလာစေချင်ရင်၊ ကိုယ့်အကြောင်း ကောင်းကောင်းတွေးလာစေချင်ရင်၊ ကိုယ့်ကိုလေးစားလာစေချင်ရင် ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို အရင်ဆုံး တန်ဖိုးထားရမယ်။ ကောင်းကောင်းတွေးရမယ်။ လေးစားရမယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို မယုံကြည်ဘူးဆို အခြားသူတွေကလဲ ကိုယ့်ကိုယုံကြည်လာမယ်လို့ မျှော်လင့်လို့ မရပါဘူး။ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ ကိုယ်ဘယ်သူလဲဆိုတာ၊ ကိုယ်ဘယ်ကလာလဲဆိုတာ တန်ဖိုးထားပါ။ ကိုယ်အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်နေတဲ့အလုပ်ကို ဂုဏ်ယူလိုက်ပါ။ ညွန့်ကျိုးပြီး နေဖို့မလိုပါဘူး။ ဒါပေမယ့် မောက်မာစွာနေရမယ်လို့လဲ မဆိုလိုပါဘူး။ ကျွန်တော်ပြောချင်တာက ကျန်းမာတဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု (Self-esteem) အကြောင်းပါ။ ကိုယ်ဘယ်သူလဲဆိုတာကို သိရမယ်၊ ကိုယ့်ရဲ့အားသာချက်တွေကို သိရမယ်။ ကိုယ်ကဘယ်သူ့ထက်မှ သာမနေဘူးဆိုတာ သိဖို့လိုသလို ဘယ်သူကမှလဲ ကိုယ့်ထက်သာမနေပါဘူး။ ကိုယ်ကကိုယ်။ သူတို့ကသူတို့ပါပဲ။

ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲမှုပညာ_by_bookshelf.pdf14.87 MB