en
Feedback
𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

Open in Telegram

For ads and requests - @pthenextgen

Show more
2 522
Subscribers
No data24 hours
+27 days
+530 days
Posts Archive
Telegram Premium ၀ယ်ထားရင်ဘာတွေပိုကောင်းလဲ....? Premium ဝယ်ထားရင် Myday တွေအကန့်အသတ်မရှိ စိတ်ကြိုက်တင်လို့ရပါတယ် ကိုယ့် Acc N
Telegram Premium ၀ယ်ထားရင်ဘာတွေပိုကောင်းလဲ....? Premium ဝယ်ထားရင် Myday တွေအကန့်အသတ်မရှိ စိတ်ကြိုက်တင်လို့ရပါတယ် ကိုယ့် Acc Name ဘေးမှာ Blue mark တို့နဲ့တစ်ခြား Emoji လှလှလေးတွေစိတ်ကြိုက်လည်း ထားလို့ရပါတယ် Chat Folder တွေလဲအများကြီးဖန်တီးလို့ရပါတယ် စာပို့ရင်လည်းချစ်စရာ Emoji လေးတွေ၊ Reaction တွေအများကြီးသုံးလို့ ရပါသေးတယ် ကိုယ်လိုင်းပေါ်မရှိတဲ့အချိန် Auto reply ထားလို့ရတာတွေ၊ ဇာတ်ကား Down တဲ့အခါမြန်တာတွေနဲ့၊ တစ်ခြား‌ Features တွေလည်းရှိတာမို့ဝယ်ထားရင်အကျိုးမယုတ်ဘူးနော် Telegram Premium 1month - 25000 (login) 3month - 50000 (gift link) 6months - 70000 (gift link) 1 year - 130000 (gift link) ၀ယ်ယူလိုပါက - @pthenextgen Sell proof ကြည့်ရန် - Sell proof

ဒါမျိုး Link တွေပါ
ဒါမျိုး Link တွေပါ

“ထောင်ချောက် linkများ အန္တရာယ် - မိမိကစ ကြိုကာကွယ်” [လုံခြုံရေးဓာတ်စာ] လွန်ခဲ့တဲ့ (၃) လ လောက်က Telegram မှာ Scam link နဲ့ network affect လုပ်ခဲ့တဲ့အတိုင်းပဲ ယခု အောက်တိုဘာလမှာ ဒါမျိုး scammer link တွေ ပြန်ဖုန်ထလာပါတယ်။ အရင်တုန်းက link တွေနဲ့မတူတာကတော့ ရှေ့မှာ https ဆိုတာပါလာပြီး အထဲကိုရုတ်တရက်နှိပ်မိလိုက်တဲ့အခါ bot ကနေတဆင့် ကိုယ့်ရဲ့ ဖုန်းနံပတ်တွေ password တွေကို အဆင့်ဆင့်ရသွားနိုင်ပါတယ်။ ပြီးခဲ့တဲ့အခေါက်တုန်းက ဖြစ်ခဲ့တာရဲ့နောက်ဆက်တွဲအဖြစ် telegram account တွေ ပါသွားကြတယ်။ ဒီကတဆင့် ကိုယ့်ရဲ့ social media acc တွေ ဘဏ်အကောင့်တွေ kpay wave စတာနဲ့ ကိုယ်နဲ့ဆိုင်သမျှ အရေးကြီးအချက်လက်မှန်သမျှ အကုန်ပါသွားခဲ့တယ်ဆိုတဲ့ သတင်းတွေ ကြားသိခဲ့ရပါတယ်။ ဒီရဲ့နောက်ကွယ်မှာဖြစ်နိုင်ချေရှိတဲ့အုပ်စုကတော့ ကျားဖြန့် (သို့) online scammer တွေပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အချက်အလက်ကျိုးပေါက်တဲ့အထဲမှာ ငွေကြေးဆိုင်ရာတစ်ခုထဲ ကျိုးပေါက်မှုကပဲ စိတ်ပူစရာစိုးရိမ်စရာမဟုတ်ပါဘူး။ AI ခေတ်စားလာတာနဲ့အမျှ မသမာသူ scammer တွေဟာလည်း နည်းပညာနဲ့ မစိမ်းတဲ့သူတွေမို့ နည်းပညာတိုးတက်ပြောင်းလဲမှုတွေအပေါ် အခွင့်ကောင်းယူပြီး ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေကတဆင့် ကိုယ့်ရဲ့ပိုင်ဆိုင်ကြွယ်ဝမှုတွေ ကိုယ်နဲ့ရင်းနှီးသူတွေထံ ကိုယ့်ရဲ့ ရုပ်ပုံတွေ အသံဖိုင်တွေ အချက်အလက်တွေကိုအသုံးပြုပြီး ငွေလိမ်ငွေညစ်တာ လိင်ပိုင်းဆိုင်ရာနဲ့ ခြိမ်းခြောက်တာ စသဖြင့် ကိုယ့်အချက်အလက်ရရင် ရသလောက် မသမာသူတွေမှာ လုပ်ပိုင်ခွင့်တွေများစွာရှိသွားပါတယ်။ ဒီလိုလုပ်တာက အဖွဲ့လိုက်လုပ်တယ်လို့ယူဆရတာကြောင့် ဒါမျိုး အွန်လိုင်းထောင်ချောက်မျိုးဟာ ကိုယ့်ဆီ/ ကိုယ့်မိသားစုဆီ ကျိန်းသေပေါက်တစ်ချိန်ချိန်မှာရောက်လာနိုင်တာပါပဲ။ ဒီလိုထောင်ချောက်တွေဟာ အရွယ်အလတ်မရွေး ကျားမမရွေး ဘာသာမရွေး အားလုံးလိုလို သက်ရောက်နိုင်တာမလို့ ဘယ်သူမဆို ပေါ့ဆလို့လုံးဝမရပါဘူး။ လူငယ်ပိုင်းတွေဆိုများသောအားဖြင့် လောင်းကစား လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုအပေါ် အဓိကထားပြီး အသုံးချလေ့ရှိသလို တခြားသော အရွယ်တွေ သားကောင်တွေကိုလည်း သူတို့စိတ်ဝင်စားစေ အာရုံစိုက်စေနိုင်မယ့် အရေးအသားမျိုးတွေနဲ့ ချဉ်းကပ်တတ်ပါတယ်။ ဒါကြောင့်လဲ ပို့တဲ့ link တွေအများစုက တူနေတတ်သလို (တခါတရံမတူတတ်ပါ) အရေးအသားတွေတော့ကွဲနေတတ်ပေမယ့် နောက်ဆုံးပိုက်ကွန်ထောင်ချောက်ရောက်တဲ့နေရာကတော့ အတူတူတွေပဲ ဖြစ်နေတတ်တာပါ။ လူငယ်တွေအနေနဲ့ ဒီလိုမျိုးအန္တရာယ်တွေကို ကိုယ့်တကိုယ်ရည်စာအတွက်ပဲ သတိထားဖို့တင်မကဘဲ မိမိတို့ရဲ့နီးစပ်ရာ အတူနေတဲ့မိသားစု မိဘ/မောင်နှမ/ဆွေမျိုးသားရင်း စတဲ့ နည်းပညာပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းမှု နည်းပါးလှသူတွေကို သေချာဂရုစိုက်ပြီး ရှင်းပြ ပြောပြကာ အသိပေးသတိပေးဖို့ အလွန်အရေးကြီးပါတယ်။ ဒါမျိုးထောင်ချောက်တွေကို ဦးတည်တဲ့ platform အများကြီးထဲကမှ မသမာသူတွေအသုံးချအများဆုံးဖြစ်တဲ့ Telegram နဲ့ Facebook ဟာ အသုံးပြုသူအများဆုံးနဲ့ ချဉ်းကပ်ဖို့အလွယ်ဆုံး social network app တွေ ဖြစ်နေပါတယ်။ ဒီတော့ဘာလုပ်ရမလဲ‌ဆိုရင် အကျဉ်းချုပ်ကတော့ ဘယ်link မဆို ဘယ်သူပို့ပို့ တတ်နိုင်သမျှ ဝင်မကြည့်တာ အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုရင် ယုံကြည်ရတယ်ဆိုတဲ့ link ပုံစံမျိုးတွေကို bot တွေကတဆင့် အဆင့်ဆင့်ခံပြီး နောက်ဆုံးမယုံကြည်ရတဲ့ phishing link တွေအထိ ဆွဲခေါ်သွားတတ်တာကြောင့်မလို့ပါ။ မိမိမသိတဲ့ link တွေကိုလည်း တဆင့်ပြန်ဖြန့်တာမျိုး ပြန်ပို့တာမျိုး မလုပ်သင့်ပါဘူး။ အကယ်လို့ ဝင်ခဲ့မိတယ်ဆိုရင်တော့ မိမိအချက်အလက်မှန်သမျှကို target လုပ်ခံရတဲ့ social app တွေ device တွေနဲ့ ဝေးရာ သီးသန့် drive တွေထဲမှာ ခဏသိမ်းထားပြီး target ခံရတဲ့ app တွေမှာ အချက်အလက်မှန်သမျှ ဖျောက်ဖျက်ပစ်တာ၊ password တွေပြန်ပြောင်းတာမျိုး စသဖြင့် စနစ်တကျ အချိန်မီပြုလုပ်သင့်ပြီး မိမိအကောင့်ပါသွားတယ်လို့သံသယရှိရင်တော့ တိတ်ဆိတ်မနေဘဲ ကိုယ်ယုံကြည်ရသူတွေ အဖွဲ့တွေကို ကြိုတင်အသိပေး အကြောင်းကြားထားဖို့လည်း လိုပါတယ်။ ဒါမှသာ မိမိကတဆင့် မိမိလုံခြုံရေးကို ကြိုတင်ကာကွယ်ခြင်းဖြင့် မိမိတို့ရဲ့ လူမှုကွန်ယက်အသိုက်အဝန်းကို လုံခြုံဘေးကင်းစွာ အသုံးပြုနိုင်မှာဖြစ်ကြောင်း အသိပေးတင်ပြလိုက်ရပါတယ်။ #Crd

MLBB ---------------------- Weekly pass - 5700 Twilight pass - 30500 💎 Dia 50 2x - 3000 💎 Dia 150 2x - 9000 💎 Dia 250 2x 1
MLBB ---------------------- Weekly pass  - 5700 Twilight pass - 30500 💎 Dia 50 2x - 3000 💎 Dia 150 2x - 9000 💎 Dia 250 2x  14100 💎 Dia 500 2x  30000 💎 Dia 5- 500 💎 Dia 11 - 900 💎 Dia 22 - 1800 💎 Dia 56 - 3800 💎 Dia 86 - 4800 💎 Dia 112 -  8000 💎 Dia 172 - 9200 💎 Dia 257 - 13700 💎 Dia 343 - 18100 💎 Dia 429 - 22800 💎 Dia 514 - 27000 💎 Dia 600 - 31600 ----------------- Pubg Uc MagicChessGogo- Diamond HOK - Token Free Fire- Diamond များကိုလည်း အသက်သာဆုံးဈေးနှုန်း ဖြင့် အမြန်ဆုံး ရရှိနိုင်ပါသည်။ မြန်မြန်လဲလိုချင်၊ စျေးချိုချိုသာသာနဲ့လဲ လိုချင်၊ စိတ်ချရတဲ့ Sellerဆီကလဲ လိုချင်ရင် SUS Dia & Uc ကို အမြန်ဆုံးလာအားပေးကြတော့နော်။Channel လေးနဲ့ Gp လေးလဲ joinပေးထားဉီးနော်။ Wp give awayတွေ အများကြီး ပေးတော့မှာမလို့ အခုဘဲ လာ joinလိုက်ပါတော့ရှင်။ Channel link https://t.me/susdiamond110 Gp link https://t.me/+gdLtzgZ3a781ZDI1

တစ်ယောက်တည်းနေရတဲ့အကျိုး (၁၀) မျိုး (1) စိတ်ရှင်းတယ် (2) ဖန်တီးနိုင်စွမ်းတိုးတက်တယ် (3) ကိုယ်ဘဝအတွက်လုပ်နိုင်တာ ပိုလုပ်ဖြစ်တယ် (4) ဦးစားပေးလုပ်ချင်တာပိုလုပ်နိုင်တယ် (5) ဆက်ဆံရေးတိုးတက်တယ် (6) စိတ်ဖြေလျော့နိုင်လာတယ် (7) အာရုံစူးစိုက်ဖို့အားကောင်းလာတယ် (8) မိမိကိုယ်ကိုသုံးသပ်ချိန်ပိုရတယ် (9) မိမိကိုယ်ကိုယုံကြည်မှုပိုရှိတယ် (10) ပိုလွတ်လပ်တယ် ကိုယ်အားကိုယ်ကိုးတတ်လာတယ် #crd

မာယာပညာ📚 တကယ်တင်ပေးလိုက်ပီနော်။ သူမလို မျှော်လင့်ချက်တွေပေးပြီးမှ ထားသွားတာမျိုးမလုပ်ဘူး။
မာယာပညာ📚 တကယ်တင်ပေးလိုက်ပီနော်။ သူမလို မျှော်လင့်ချက်တွေပေးပြီးမှ ထားသွားတာမျိုးမလုပ်ဘူး။

ဒါလေးတင်ပေးရမလား
ဒါလေးတင်ပေးရမလား

ကိုယ့်ခံယူချက်ကသာလျှင်အရေးကြီးဆုံးပါ။ လောကကြီးထဲမှာ ဝေဖန်ချင်တဲ့သူတွေ၊ အပြစ်ပြောချင်တဲ့သူတွေက သိပ်ကိုများပါတယ်။ ဟိုလိုဖြစ်မှ၊ ဒီလိုဖြစ်မှဆိုတဲ့သူတွေက ရိုက်သတ်လို့တောင် မကုန်ပါဘူး။ ဒီလိုလူတိုင်းပြောသမျှကို လိုက်ဂရုစိုက်နေရင် ကိုယ်ကဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ကိုယ်ဘာပဲလုပ်လုပ် သူတို့ကပြောချင်၊ ဝေဖန်ချင်ကြအုံးမှာပါ။ ကိုယ်ကဖြစ်နေတယ်ဆိုတာထက် သူတို့စိတ်ကိုကဖြစ်နေတာမို့ လူတွေရဲ့စံနှုန်းတွေကိုအမှီလိုက်ဖို့၊ ဘောင်၀င်ဖို့တွေကို မကြိုးစားပါနဲ့။ ကိုယ့်ခံယူချက်နဲ့ ကိုယ်နေထိုင်ပါ။

ကိုယ်က သူ့ကို ဘာမှမလုပ်ဘဲနဲ့ ဘလိုင်းကြီး ဒီလိုမျိုးလာရမ်းသွားတယ်ဆိုတာဟာ ကိုယ်နဲ့ဘာမှမဆိုင်ဘဲ ကိုယ့်ကြောင့်မဟုတ်ဘဲ သူ့အတွင်းကရ
ကိုယ်က သူ့ကို ဘာမှမလုပ်ဘဲနဲ့ ဘလိုင်းကြီး ဒီလိုမျိုးလာရမ်းသွားတယ်ဆိုတာဟာ ကိုယ်နဲ့ဘာမှမဆိုင်ဘဲ ကိုယ့်ကြောင့်မဟုတ်ဘဲ သူ့အတွင်းကရှိနေတဲ့စိတ်အတိုင်း သူ့အမှိုက်ကို သူများပေါ်မှာလာတင်လိုက်တာမျိုးပဲဖြစ်ပါတယ်။ အတွင်းရန်ရှိနေတာမျိုးပေါ့။ ကိုယ်တိုင်လည်း လောင်နေတယ်။ သူများကိုလည်း ဆက်လောင်တယ်။ တချို့လူတွေကစိတ်ထဲမှာ အမှိုက်တွေသိပ်များနေကြတယ်။ အဲဒီအမှိုက်တွေပြည့်လျှံလာတဲ့အခါမှာ သူများအပေါ်ကို နေရင်းထိုင်ရင်းသွားသွန်မိတာမျိုးလုပ်တတ်ကြပါတယ်။ ဥပမာအားဖြင့် ဒေါသလို အမှိုက်မျိုးပါပဲ။ အဲဒီဒေါသကိုသိမ်းဆည်းထားရင်း၊ ဖိနှိပ်ထားရင်း သူများအပေါ်မှာ Spill လုပ်မိတတ်ကြတယ်။ ဆိုလိုရင်းကတော့ ကျွန်မတို့ရင်ထဲမှာ ပျော်ရွှင်ခြင်းတွေ၊ ချစ်ခြင်းမေတ္တာတွေ အများကြီးပြည့်လျှံလာတဲ့အခါမှာ ဒီအရာတွေကလည်း တခြားသူအပေါ်မှာ Spill ဖြစ်တတ်ကြပါတယ်။ ဖိတ်စင်ကျလာတတ်ကြပါတယ်။ အဲဒီလိုလူတွေကကျတော့ အပျော်ကိုဝေမျှပေးတဲ့သူ၊ အကြည်ဓာတ်တွေကို ပေးနိုင်တဲ့သူ၊ ကျွန်မတို့ကို ရယ်မောပျော်ရွှင်စေနိုင်တဲ့သူတွေဖြစ်လာတတ်ကြပါတယ်။ #monhalsey

ချစ်သူတွေအကြား လုံးဝမပြောသင့်တဲ့စကားတွေ (1) If you love me, do this for me. (ငါ့ကိုချစ်ရင် ဒါလုပ်ပေး) ပါတနာဖြစ်သူကို တစ်ကယ်ချစ်ရင်ဆိုတဲ့အကြောင်းပြချက်မျိုးနှင့် သူမလုပ်ချင်တဲ့အရာတွေကိုတွန်းအားမပေးသင့်ပါဘူး။ ဒီလိုလုပ်ခြင်းဟာ ဆက်ဆံရေးကိုဆိုးဆိုးဝါးဝါးပျက်စီးစေနိုင်ပါတယ်။ (2) Why are'nt you more like her? ( နင်ဘာလို့သူ့လိုမျိုး မဖြစ်ရတာလဲ? ) ပါတနာဖြစ်သူကိုအပြင်လူတစ်ယောက်နှင့်ယှဉ်ပြောခြင်းက လုံး၀ကိုမပြောသင့်တဲ့စကားဖြစ်ပါတယ်။ ဒီလိုပြောလိုက်ခြင်းအားဖြင့် တစ်ဖက်လူရဲ့ယုံကြည်မှုကို ချိုးနှိမ်လိုက်သလိုမျိုးဖြစ်စေပါတယ်။ (3) I told you so. (ငါပြောခဲ့သားပဲ) ပြဿနာတွေကြုံတဲ့အခါ ငါပြောသားပဲဆိုတဲ့စကားမျိုးထက် ဖြစ်နိုင်ခြေရှိတဲ့အဖြေတွေကိုအတူရှာဖို့အရေးကြီးပါတယ်။ ဒီလို ပြောလိုက်မိရင် တစ်ဖက်လူအနေနှင့်စိတ်ခုသွားတာ ဒါမှမဟုတ် စိတ်ပျက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ (4) I am over this (မင်းကို တော်တော်လေးစိတ်ကုန်နေပြီ) ဒီလိုစကားမျိုးဟာ ချစ်သူတွေကြားမှာမပြောသင့်ဆုံးစကား တွေထဲကတစ်ခုဖြစ်ပါတယ်။ ပြဿနာတက်နေချိန်မှာ ဒီစကား ကိုပြောလိုက်တာဟာဆက်ဆံရေးကိုအဆုံးသတ်လိုက်ရအောင် ဆိုတာနှင့်အတူတူပဲဖြစ်တာကြောင့် မပြောသင့်ပါဘူး။ (5) You are so needy. ( မင်းကအရမ်းတွယ်ကပ်လွန်းတယ် ) တစ်ဖက်ပါတနာရဲ့တွယ်ကပ်မှုတွေကို သဘောမကျဘူးဆိုရင်တောင် တိုက်ရိုက်ကြီးပြောတာထက် သေချာရှင်းပြပြီး တွယ်ကပ်မှုတွေကိုလျော့ပေးဖို့ ပြောသင့်ပါတယ်။ တွယ်ကပ်ခြင်းကအလွန်အကျွံဖြစ်လာရင်တော့ တိုက်ရိုက်ပြောပြီးဆက်ဆံရေးကိုရှေ့ဆက်ဖို့စဉ်းစားသင့်ပါတယ်ခင်ဗျာ။ #Crd

တစ်ခုကိုရွေးရမယ်ဆိုသင်ဘာကိုရွေးမလဲ
Anonymous voting

ကိုယ့်ကိုနာကျင်အောင်လုပ်ပြီး အေးအေးချမ်းချမ်း အိပ်နေနိုင်တဲ့သူတွေအတွက်နဲ့ ကိုယ့်ရဲ့အိပ်စက်ခြင်းကို အဆုံးရှုံးမခံပါနဲ့။ တစ်ဖက်ကတောင် နေနိုင်သေးနေတာ ကိုယ့်ဘက်ကနေ အောက်ကျခံပြီး ၀မ်းနည်းခံစားမနေပါနဲ့။ ကိုယ့်ဘာသာနေတတ်အောင်သာ နေလိုက်ပါ။ အရာအားလုံးကနေတတ်ရင် ပျော်စရာကြီးပါပဲ။

🕯️သီတင်းကျွတ်လပြည့်နေ့ 🕯️ 🪷 ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့ အချိန်အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူတူ ပျော်ရွှင်စရာအားလပ်ရက်လေးပိုင်ဆိုင်ရပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ✨✨

"Intellectual Humility" 🔳 သတင်းအချက်အလက်တွေနဲ့ သဘောတရားရေးရာတွေ ကွဲထွက်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ လူတိုင်းဟာ ကိစ္စတိုင်းအပေါ်မှာ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ထင်မြင်ချက်တစ်ခု ရှိထားရမယ်လို့ ထင်နေကြတယ်။ Facebook ပေါ်က နိုင်ငံရေးအခြေအနေ သုံးသပ်ချက်ကနေစလို့၊ လက်ဖက်ရည်ဆိုင်ထဲက ဘောလုံးပွဲဝေဖန်ချက်အထိ၊ ကျွန်တော်တို့ဟာ အရာရာကို သိတယ်၊ နားလည်တယ်ဆိုတဲ့ ပုံစံကို ဖမ်းဖို့ ကြိုးစားနေကြတယ်။ တစ်စုံတစ်ယောက်က ကိုယ့်အမြင်ကို လာစိန်ခေါ်တဲ့အခါ၊ ကိုယ်မှားနေတယ်လို့ ဝန်ခံရမှာကို သေမလောက်ကြောက်ရွံ့တတ်ကြတယ်။ ဒီလို “အမြဲတမ်းမှန်နေရမယ်” ဆိုတဲ့ ဖိအားတွေကြားထဲမှာ ကျွန်တော်တို့ မေ့လျော့ထားခဲ့တဲ့ အစွမ်းထက်ဆုံး အရည်အသွေးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ “ဉာဏ်ပညာဆိုင်ရာ နှိမ့်ချမှု” (Intellectual Humility) လို့ခေါ်တဲ့ “ကျွန်တော်ဒီအကြောင်းကို သေသေချာချာမသိပါဘူး” ဒါမှမဟုတ် “ကျွန်တော်မှားကောင်း မှားနိုင်ပါတယ်” လို့ ရိုးရိုးသားသား ဝန်ခံနိုင်တဲ့ စွမ်းရည်ပါပဲ။ 🔳 “ဉာဏ်ပညာဆိုင်ရာ နှိမ့်ချမှု” ဆိုတာ ကိုယ့်မှာ ပညာမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာကိုလည်း မဆိုလိုပါဘူး။ တကယ့်အဓိပ္ပာယ်က “လောကမှာ ငါသိတာထက် မသိတာတွေက အများကြီးပိုကျယ်ပြန့်တယ်၊ ငါယုံကြည်ထားတဲ့အရာတွေဟာ အမြဲတမ်း အမှန်တရားချည်းပဲ ဖြစ်ချင်မှဖြစ်မယ်” ဆိုတာကို လက်ခံအသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့အသိဉာဏ်မှာ အကန့်အသတ်ရှိတယ်ဆိုတာကို နားလည်ပြီး၊ အသိပညာအသစ်တွေအတွက် ကိုယ့်ရဲ့စိတ်တံခါးကို အမြဲတမ်းဖွင့်လှစ်ထားခြင်းပါပဲ။ ပညာမပြည့်တဲ့အိုးဟာ ဘောင်ဘင်ခတ်တယ်ဆိုသလိုပါပဲ။ တကယ်သိတဲ့ ပညာရှိတွေဟာ သူတို့ ဘယ်လောက်ထိ မသိသေးဘူးဆိုတာကို ပိုပြီးနားလည်လာလေလေ၊ ပိုပြီးနှိမ့်ချလာလေလေပါပဲ။ 🔳 ဒီအရည်အသွေးဟာ ဘာကြောင့် အရေးကြီးတာလဲ။ ပထမဆုံးအနေနဲ့၊ ဒါဟာ တိုးတက်သင်ယူမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ပါပဲ။ ကိုယ်အရာအားလုံးကို သိပြီးသားလို့ ထင်နေတဲ့သူတစ်ယောက်အတွက် အသစ်သင်ယူစရာ ဘာမှကျန်တော့မှာ မဟုတ်ပါဘူး။ “ငါမသိသေးဘူး” ဆိုတဲ့ အတွေးကသာ ကျွန်တော်တို့ကို စာအုပ်တွေဖတ်စေတယ်၊ မေးခွန်းတွေမေးစေတယ်၊ သူများပြောတာကို နားထောင်စေတယ်။ ကိုယ့်အမှားကို ဝန်ခံလိုက်တဲ့အခါတိုင်း၊ အမှန်တရားနဲ့ တစ်လှမ်းပိုနီးစပ်သွားပြီး ကိုယ်ရည်ကိုယ်သွေးလည်း ပိုရင့်ကျက်လာပါတယ်။ ဒုတိယအချက်က၊လူမှုဆက်ဆံရေးတွေကို ပိုကောင်းမွန်စေပါတယ်။ ကိုယ့်အမြင်ကသာ အမြဲမှန်တယ်လို့ တစ်ထစ်ချစွဲကိုင်ထားသူတွေနဲ့ ဘယ်သူမှ စကားမပြောချင်ကြပါဘူး။ သူတို့ဟာ အနိုင်ယူဖို့ပဲ စကားပြောကြပြီး၊ နားလည်ဖို့ နားမထောင်ကြပါဘူး။ ဒါပေမဲ့ ကိုယ့်အမြင် မှားနိုင်ကြောင်း လက်ခံထားသူတစ်ယောက်ဟာ တခြားသူရဲ့အမြင်ကို ပိုပြီးလေးလေးစားစား နားထောင်တတ်တယ်။ အပြန်အလှန်လေးစားမှုရှိတဲ့ ဆွေးနွေးပွဲတွေ ဖန်တီးနိုင်ပြီး ပိုခိုင်မြဲတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ပါတယ်။ 🔳 လူတစ်ယောက်မှာ ဉာဏ်ပညာဆိုင်ရာ နှိမ့်ချမှု ရှိ၊ မရှိကို သူစကားပြောပုံနဲ့ ခွဲခြားသိနိုင်ပါတယ်။ ပညာမောက်မာနေသူတစ်ယောက်ဟာ “ဒါကတော့ ဒီလိုပဲရှိတယ်”၊ “ခင်ဗျားတို့ ဘာမှနားမလည်ပါဘူး” ဆိုတဲ့ စကားလုံးတွေကို သုံးလေ့ရှိတယ်။ သူနဲ့အမြင်မတူသူကို အသိဉာဏ်နိမ့်ကျသူအဖြစ် ရှုမြင်တတ်တယ်။ ပညာဉာဏ်နှိမ့်ချမှုရှိသူကတော့ “ကျွန်တော်နားလည်သလောက်တော့…”၊ “ဒီအချက်ကရော ဘယ်လိုဖြစ်နိုင်မလဲ”၊ “ခင်ဗျားအမြင်ကို ကျွန်တော်ပိုနားလည်အောင် ရှင်းပြပေးလို့ရမလား” ဆိုတဲ့ စကားလုံးတွေကို သုံးပါတယ်။ သူဟာ အမြင်မတူတာကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအဖြစ် မမြင်ဘဲ၊ သင်ယူခွင့်ရတဲ့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ပါတယ်။ 🔳 ဒီအရည်အသွေးကို မွေးမြူဖို့အတွက် ကျွန်တော်တို့ နေ့စဉ်ဘဝမှာ လေ့ကျင့်နိုင်တဲ့အရာတွေ ရှိပါတယ်။ “ကျွန်တော် မသိဘူး” လို့ ပြောကြည့်ပါ - မသိတဲ့ကိစ္စကို သိချင်ယောင်ဆောင်နေတာထက်၊ ရိုးသားစွာဝန်ခံလိုက်ခြင်းက သင့်ကို ပိုပြီးလေးစားမှုရစေပါတယ်။ ကိုယ့်အမြင်နဲ့ ဆန့်ကျင်တဲ့အရာတွေကို တမင် ရှာဖွေဖတ်ရှုပါ - ကိုယ်ယုံကြည်ရာကိုပဲ ထပ်ခါထပ်ခါ အတည်ပြုပေးနေတဲ့ အသိုင်းအဝိုင်း (Echo Chamber) ထဲကနေ ရဲရဲဝံ့ဝံ့ထွက်ပါ။ နားထောင်ခြင်းကို လေ့ကျင့်ပါ - ပြန်ပြောဖို့အတွက် နားထောင်တာမဟုတ်ဘဲ၊ တကယ်နားလည်ဖို့အတွက် နားထောင်ကြည့်ပါ။ ကိုယ့်အထင်အမြင်နဲ့ ကိုယ့်ရဲ့တန်ဖိုးကို ခွဲခြားထားပါ - သင့်အမြင်တစ်ခုမှားသွားတာဟာ သင်ဟာလူညံ့တစ်ယောက်ဖြစ်သွားတာ မဟုတ်ပါဘူး။ သင်ဟာ အသိတစ်ခုတိုးသွားတဲ့ ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်သွားတာပါ။ 🔳 အသိဉာဏ်နဲ့ပြည့်စုံခြင်းဆိုတာ အဖြေမှန်တွေအားလုံးကို သိနေခြင်းမဟုတ်ပါဘူး။ ကိုယ်မသိသေးတာတွေ အများကြီးရှိနေသေးကြောင်း လက်ခံပြီး၊ အမြဲတမ်း မေးခွန်းထုတ်သင်ယူလိုစိတ် ရှိနေခြင်းသာ ဖြစ်ပါတယ်။ “ငါမှန်တယ်” ဆိုတဲ့ မာနတရားကို ခဏဘေးဖယ်ပြီး “ငါဘာတွေ သင်ယူနိုင်သေးလဲ” ဆိုတဲ့ နှိမ့်ချတဲ့စိတ်ကို မွေးမြူနိုင်တဲ့အခါ၊ ကျွန်တော်တို့ဟာ ပိုပြီးပညာကြွယ်ဝတဲ့၊ ပိုပြီးစိတ်ဓာတ်ခိုင်မာတဲ့၊ ပိုပြီးလူသားဆန်တဲ့ လူတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။ #သုခကျော်

ကျွန်တော့ဆီမှာ App Premium တွေကိုလာ၀ယ်ယူလို့ပါတယ်။ Express Vpn Share (1 device ပဲရ) 1 month - 6000 6 months - 22000 1 year - 40000 2 years - 55000 3 years - 70000 Private (3-5 devices ထိသုံးလို့ရ) 1 month - 15000 6 months - 40000 1 year - 60000 2 years - 90000 3 years - 140000 Chatgpt Plus 1 month - 13000 (share) 1 month - 30000 (private) 1 year - 60000 (share) Google Gemini 1 year - 20000 (share) 1 year - 50000 (private) Alight Motion Premium 1year - 5000 (share) 1year - 8000 (private) Capcut Pro 1 month - 8000 (share) 6 months - 35000 (share) 1 month - 15000 (private) 6 months - 85000 (private) Canva Pro 1year - 4000 (Own Mail) Wink Pro 1month - 8000 (share) 1month - 23000 (private) 1year - 150000 (private) Meitu Pro 1 month - 13000 (share) 1 month - 22000 (private) 1 year private - 150000 Piscart Share - 10000 (1 month) Private - 21000 (1 month) Netflix 1month - 15000 (share) Spotify Family Plan (share) 2 months - 16000 3 months - 22000 6 months - 35000 12 months - 60000 Jump Jump Vpn 1 month - 17000 (share) 1 month - 27000 (private) 6 months - 115000 (private) 12 months - 160000 (private) Outline Vpn 1 month - 8000 2 months - 13000 3 months - 17000 250 gb per month
Private နဲ့ Share ဘာကွာလဲဆိုတော့
Private Acc - ကိုယ်ပိုင် (own mail) နဲ့သုံးလို့ရပါတယ်။ - multiple device login မို့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူသုံးလို့ရပါတယ်။ Share Acc - အများသုံးဖြစ်ပါတယ်။ - ပေးထားတဲ့ Acc ကိုပဲသုံးရမှာပါ။ ဖုန်းတစ်လုံးပဲသုံးလို့ရမှာဖြစ်ပြီး Share လို့မရပါဘူး။ Telegram Star ⭐️ 50 - 5000ks 100 - 9500ks 150 - 14000ks 200 - 18000ks 300 - 25000ks 500 - 45000ks 1000 - 85000ks Telegram Premium 1month - 25000 (login) 3month - 50000 (gift link) 6months - 70000 (gift link) 1 year - 130000 (gift link) တစ်ခြားရရှိနိုင်သောအရာများ Social Boosting Service Mobile Legends Diamond ၀ယ်ယူလိုပါက - @pthenextgen Channel - Selling by Patrick

Marvel မန်ယူနဲ့ RRQ ကိုအားပေးတာ ကျပ်မပြည့်တဲ့ တောသားတွေကြီးပဲ။ ဒီစကားနဲ့ပတ်သတ်ပြီး ကိုယ့်စိတ်ထဲမှာ မကျေမနပ်ဖြစ်သွားသလား၊ ထိခိုက်သလိုဖြစ်သွားသလား၊ မခံချင်ဖြစ်သွားသလား။ တကယ်လို့ဖြစ်သွားတယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်။ သင် Ragebait လုပ်တာခံလိုက်ရပါပြီ။ Ragebait ဆိုတာဘာလဲ.....? Social Media ပေါ်မှာ တော်တော်များများ တွေ့ဖူးကြလောက်တဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။ တကယ်တမ်း Ragebait ဆိုတာကကော ဘာကိုဆိုတာလဲ။ ဘာအတွက် သုံးကြတာလဲ။ Ragebait မှာ Rage ဆိုတာ ဒေါသ၊ Bait ဆိုတာက ငါးစာ၊ ဆွဲဆောင်တာ၊ မြှားတာလို့ အဓိပ္ပာယ်ရပါတယ်။ နှစ်ခုပေါင်းလိုက်ရင် ‌တစ်ဖက်ကို ဒေါသထွက်စေဖို့၊ မခံချင်ဖြစ်စေဖို့၊ မကျေနပ်ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိမြှားဖို့ ပြုလုပ်ထားတဲ့အရာလို့ ခေါ်နိုင်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ တစ်ဖက်လူကို စိတ်ဆိုးဒေါသထွက်စေဖို့၊ မကျေမနပ်ဖြစ်စေဖို့၊ ဆူဆူပူပူတုံ့ပြန်စေဖို့ပဲ ဖြစ်တယ်။ များသောအားဖြင့်တော့ ဒါမျိုးကို Content Creator တွေအသုံးပြုကြတာများပါတယ်။ အငြင်းပွားဖွယ်ရာအကြောင်းအရာတွေ၊ တမင်တကာအမှားလုပ်တာတွေ၊ မမှန်တဲ့အချက်အလက်တွေ၊ Clickbait တွေ။ ဥပမာ အမျိုးသမီးတွေနဲ့ပတ်သတ်ပြီး Blame Post တင်တာ၊ အမျိုးသားတွေကို ပုတ်ခတ်ပြီး Post တင်တာ။ ဒါမျိုးတွေကို Content တစ်ခု‌အနေနဲ့ အသုံးချတာက လူတွေကိုပိုပြီး ဆူပူစေ၊ တုံ့ပြန်စေပါတယ်။ ဒီလိုမျိုးတွေဖြစ်တော့ အဲ့ဒီ Content ကလဲ Engagement တွေ၊ View တွေပိုရတယ်။ Social Media Platform တွေရဲ့ Algorithm သဘောတရားကလဲ ဒီလိုမျိုး Engagement များတာတွေကို Viral ပိုဖြစ်စေတာကြောင့် Creator တွေအ‌နေနဲ့ ပိုက်ဆံပိုရတာပေါ့။ မြန်မာမှုဆို အဆဲတောင်းတာ‌ပေါ့။ ဒါကြောင့်မို့ Ragebait ကို Content Creator တွေက အများဆုံးသုံးတတ်ကြတယ်။ နောက်အချက်တွေကတော့ အာရုံစိုက်မှုရချင်တာနဲ့ စိတ်ကျေနပ်မှုရချင်တာပါ။ ဒါကတော့ သာမန်လူတွေရဲ့ Comment တွေ၊ Post တွေက အများဆုံးဖြစ်ပါတယ်။ ဥပမာ Celebrity တစ်ဦ့းအကြောင်း မကောင်းပြောပြီး သူရဲ့ Fan တွေကို တမင်ဒေါသထွက်အောင် စတာမျိုး။ ဘောလုံးအသင်းတစ်သင်းအကြောင်း မကောင်းပြောတာ၊ စတာမျိုးလုပ်ပြီး Fan တွေကို တမင်ဆူပူလာအောင် လုပ်တာမျိုးတွေပေါ့။ ဒါတွေကတော့ Ragebait ရဲ့ဥပမာတွေပါ။ Ragebait ကိုက ဒီလိုမျိုးနယ်ပယ်တွေအပြင် အမျိုးမျိုးသော အရေးတွေမှာလဲ အသုံးပြုတတ်ကြပါတယ်။ အဓိကကတော့ ဆူပူစေ၊ တုံ့ပြန်စေ၊ အာရုံစိုက်မှုရချင်တာတွေကြောင့်ပါပဲ။ (တစ်ချို့ကျတော့လဲ Ragebait လုပ်တာမဟုတ်ပဲ တကယ်ကိုရူးနေတဲ့သူတွေလဲ ရှိကြပါတယ်။ နောက်ပြီး ဒေါသထွက်စေတဲ့အရာတိုင်းကိုလဲ Ragebait လို့မပြောနိုင်ပါဘူး။ လူသားတွေဖြစ်သည့်အလျောက် Ragebait မဟုတ်တဲ့အရာတွေအပေါ်မှာလဲ ဒေါသထွက်တတ်တာမို့ပါ) ဆိုတော့အားလုံးပဲ ရှင်းရှင်းလင်းလင်း သိလောက်ကြပြီမို့ Ragebait လုပ်တာကို သတိထားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Just for Knowledge

သင်သိထားသင့်သောအချက် (12) ချက် 1.စကားလုံးတွေကို မယုံပါနဲ့ တစ်ချို့နှုတ်ဖျားမှာ အချိုဓာတ်ရှိပေမယ့် ရင်ထဲမှာတော့ အဆိပ်တွေနဲ့ 2.ဘယ်သူ့အပေါ်မှ မှီမခိုပါနဲ့ မှီခိုဆိုတဲ့ စကားလုံး အနောက်မှာ မျက်နှာငယ်ရတက်တယ် 3.လူတစ်ယောက်ကိုအရမ်း ယုံကြည်ရရင်တောင်၊ တစ်ချို့အရာတွေကို ကိုယ့်ဆီမှာပဲ သိမ်းထားပါ 4.တန်ဖိုးရှိတဲ့အရာတစ်ခု တည်ဆောက်ချင်ရင်၊ သူများဝေဖန်တာခံနိုင်ဖို့ အသင့်ပြင်ထားပါ 5.အရာအားလုံးကအစီအစဉ်အတိုင်း မဖြစ်နိုင်ဘူး လိုက်လျောညီထွေဖြစ်အောင်နေပါ 6.အရမ်းကြီးမတွယ်တာနဲ့ ရာသီဥတုလိုပဲ လူတွေလဲ ပြောင်းလဲတက်တယ် 7.မင်းထိန်းချုပ်လို့မရတဲ့အရာတွေကြောင့် စိတ်ဖိစီးပြီး အချိန်မဖြုန်းပါနဲ့ 8.မင်းရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ထက် စိတ်ကျန်းမာရေးက ပိုအရေးကြီးတယ် 9.ကျောင်းစာက ထူးချွန်လို့ မိုက်နေတာ မလုံလောက်ဘူး.. -အပြင်လောကမှာ စာအုပ်ထဲ မပါတဲ့ သင်ခန်းစာတွေက ပိုကြမ်းတယ် 10.လူအများစု မင်းကို သဘောမကျတာကို လက်ခံ နိုင်ပါစေ သူတို့တွေထဲကအများစုက သူတို့ကိုယ် သူတို့တောင်မကြိုက်ကြပါဘူး 11.အတိတ်ကို မင်းလက်ထဲမှာ ဆက်ကိုင်ထားနေ သရွေ့. အနာဂတ်ရဲ့ အလင်းတန်းတွေက မင်းကို မခေါ်ဆောင်နိုင်ဘူး 12.ဒုက္ခရာက်နေတဲ့အချိန် ဟိုလူဒီလူလာကယ်တာကို မမျှော်ပါနဲ့ ဘယ်သူမှလာမကယ်ပါဘူး ကယ်ရမယ့် တာဝန်လည်းမရှိပါဘူး ကိုယ့်ကိုကိုယ်ပဲ ရအောင်ပြန်ကယ်ရတာပါ သင့်ဘဝ 100% ဟာ သင့်မှာပဲ တာဝန်ရှိတာပါ #Crd

ကောင်မလေးတွေ ကိုယ့်ကိုတကယ်မချစ်တဲ့အခါ ပြတတ်တဲ့အချက်များ ( 1 ) စကားပြောရင် စိတ်မပါသလိုဖြစ်တယ်။ ကိုယ်နဲ့အပြင်မှာတွေ့ရင် သူလုပ်ချင်တာသူလုပ်နေမယ် (ဖုန်းသုံးနေတာတို့ဘာတို့)၊ ကိုယ်စကားပြောရင်လဲ အဖက်မလုပ်ပဲနေမယ်၊ Text ရင်လဲ Reply တွေကြာမယ်၊ ခနပေါ်လာလိုက်၊ အကြာကြီးပျောက်သွားလိုက်ဖြစ်နေမယ်၊ စကားတွေကိုလဲ တအားတိုတိုတွေ ပြောလိမ့်မယ်( အမြဲကိုယ်ကမေးတာလောက်ကိုပဲ ပြန်ဖြေနေတာမျိုး) ( 2 ) ကိုယ့်ကိုပြဿနာရှာလိမ့်မယ်။ ပြဿနာရှာတယ်ဆိုတာ ကိုယ့်ကိုစိတ်ဆိုးတာတို့၊ စိတ်ပူတာတို့၊ ကိုယ်မှားတာတို့ကြောင့် မဟုတ်ပဲ ကိုယ့်ကိုအကြောင်းမဲ့ စိတ်မရှည်သလို၊ ကြည့်မရသလို အချိန်ပြည့် ပြဿနာရှာပြီး ဘာဖြစ်တာကိုလဲမပြော၊ ဖြေရှင်းဖို့ကိုလဲ မလိုလားပဲ “ထားလိုက်တော့” ဆိုတဲ့ပုံစံမျိုးဖြစ်တယ်။ တကယ်ကကိုယ့်ကို စိတ်ကုန်နေလို့ပါ။ ( 3 ) အမြဲတမ်းကိုယ်က သူ့အတွက် Optional ဖြစ်နေမယ်။ ဦးစားပေးတာတွေမှာ ကိုယ်ကအမြဲနောက်ရောက်နေတယ်။ ဘယ်သူနဲ့ယှဉ်ယှဉ် ကိုယ်ကသူ့အတွက် “မရှိလဲရတယ်၊ မဖြစ်လဲရတယ်၊ မသွားလဲရတယ်၊ မလာလဲရတယ်” ဆိုတဲ့ ပုံစံမျိုးဖြစ်နေမယ်။ ( 4 ) ကိုယ့်ကိုအလေးမထားတော့ဘူး။ ကိုယ်နဲ့ပတ်သတ်တဲ့အရာတွေ၊ ကိုယ်ပြောတဲ့အရာတွေကို အလေးမထား၊ မှတ်မထားတော့ဘူး၊ ကိုယ်ပြောတာတွေကို အရေးမလုပ်တော့ဘူး၊ နား‌မထောင်တော့ဘူး။ ( 5 ) ကိုယ်နဲ့ပတ်သတ်ပြီး ထုတ်မပြောချင်တော့ဘူး။ ကိုယ်ကသူ့ချစ်သူပါလို့ ဘယ်သူ့ကိုမှ ထုတ်မပြောချင်တာ (မိဘတွေ၊ လူကြီးတွေက လက်မခံတာမဟုတ်ပဲ သူကိုယ်တိုင်ကကို ထုတ်မပြောချင်တာဖြစ်တယ်)၊ ဖုံးကွယ်ထားတာ၊ ယောက်ျားလေးတွေနဲ့ ဆက်ဆံတဲ့အခါ သူ့ကိုယ်သူ Single အဖြစ်နဲ့ ဆက်ဆံတာ။ ( 6 ) ကိုယ်ကလွဲရင် တစ်ခြားသူတွေနဲ့ဆို အမြဲပျော်နေမယ်။ ကိုယ်နဲ့ဆိုအခုပြောထားတဲ့ အချက်တွေအကုန်ပြပြီး တစ်ခြားသူတွေနဲ့ကျ ဆန့်ကျင်ဘက်ဖြစ်နေတာမျိုး ဖြစ်တယ်။ In my opinion ဒီလိုမျိုးမိန်းကလေးတွေထက်ဆိုင်ရင် တကယ်မချစ်ပဲချစ်သလို ပြုမူတတ်တဲ့ မိန်းကလေးတွေ၊ ချိုချိုသာသာလေးနဲ့ လှည့်စားတတ်တဲ့ မိန်းကလေးတွေက ပိုဆိုးတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ နွားတွေကလဲ ဒါမျိုးကိုမှသာယာမိတတ်ကြပြီး Move on ရလဲ ပိုခက်စေတာမို့ပါ :D

ကိုယ့်ရဲ့အရှေ့လမ်းခရီးမှာရှိတဲ့ အနာဂတ်က ကိုယ့်ရဲ့အရင်ကအမှားတွေထက် ပိုအရေးကြီးပါတယ်။ ကျွန်‌တော်တို့လူသားတိုင်းရဲ့ ဘဝမှာ ဆုံးဖြတ်ချက်မှားတာ၊ လမ်းလွဲတာ၊ ရှုံးနိမ့်တာတွေက ရှိစမြဲဖြစ်ပါတယ်။ ဒီအရာတွေက နာကျင်ရမယ်၊ ဝန်လေးရမယ်ဆိုပေမယ့် ကိုယ့်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်မပေးပါဘူး။ လူအများစုက ‌တစ်ခုခုဖြစ်ရင် လက်ခံပီးရှေ့ဆက်ရမယ့်အစား နာကျင်စရာတွေကို စိတ်ထဲထားခံစားပြီး လက်ရှိအချိန်တွေကို ဖြုန်းပစ်တတ်ကြတယ်။ အမှားတွေဆိုတာ သင်ယူရမယ့် သင်ခန်းစာတွေပါ။ ကိုယ့်ကိုပိုပြီး ရင့်ကျက်သန်မာလာစေတာတွေပါ။ အတိတ်ကို ဆုပ်ကိုင်ထားတာက ကိုယ့်ကို အနာဂတ်အတွက် လွတ်လပ်စွာ တွေးခေါ်တတ်ဖို့၊ အာရုံစိုက်ဖို့ ပိတ်ပင်လိုက်တာနဲ့ အတူတူပါပဲ။ အရင်က ဖြစ်ခဲ့တာတွေကို လက်ခံလိုက်ပါ၊ သင်ခန်းစာယူပါ။ နောက်ထပ်မဖြစ်ဖို့ ဂရုစိုက်ရင်း..... လက်ရှိနဲ့အနာဂတ်မှာ အကောင်းမွန်ဆုံး နေထိုင်ဖြတ်သန်းသွားလိုက်ပါ။