en
Feedback
𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐏𝐚𝐭𝐫𝐢𝐜𝐤

Open in Telegram

For ads and requests - @pthenextgen

Show more
2 522
Subscribers
No data24 hours
+27 days
+530 days
Posts Archive
ဒါပေမယ့်… ဘယ်လိုမှ ပြောင်းလဲ မလာဘူး။ တစ်ခါ နှစ်ခါ မဟုတ်၊ နေ့တိုင်းလို ဖြစ်နေတော့… ကျွန်တော် သူ့ကို Ostracize လုပ်တဲ့ နည်းကို သုံးလိုက်ရတယ်…။ စာရှင်းနေတဲ့အချိန် မေးခွန်းတွေ မေးရင် မကြားသလိုပဲ ထားတယ်…။ စာရွက် ဝေရင်… သူ့ကို ချန်ထားပြီး နောက်ဆုံးမှ ဝေတယ်…။ စာသင်ခန်းထဲမှာ ဒီကျောင်းသား တစ်ယောက် လုံးဝ ရှိမနေတဲ့ ပုံစံမျိူး ဆက်ဆံလိုက်တယ်…။ နောက်တော့ ကျွန်တော့်အတန်းတွေ သူ မတက်တော့ဘူး…။ မတက်တော့ register မှာ ကျောင်းခေါ်ချိန်တွေ ပျက်လာတယ်… အဲ့ဒါနဲ့ သူ့ကို warning ပေးတဲ့ စာတစ်စောင် ပို့လိုက်တယ်…။ အဲ့တော့မှ အတန်းတွေ ပြန်တက်လာတယ်…။ အရင်ကလို manner တွေ မလုပ်တော့ဘူး။ စာကို အေးဆေး သင်တယ်…။ မေးခွန်းတွေလည်း chapter တစ်ခုပြီးမှ မေးတော့တယ်…။ ဒါ ကိုယ့်ကို misbehave လုပ်လာတဲ့ အခြေအနေမျိူးမှာ … ထုတ်သုံးခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်…။ လူတွေက ဖယ်ထုတ်ခံထားရတဲ့ ဖီလင်ကို မခံစားနိုင်ကြပါဘူး။ Ostracize လုပ်တာက လူ့ရဲ့ စိတ် တော်တော် ထိခိုက်စေတယ်…။ ဒါပေမယ့်… ကိုယ့်အပေါ်မှာ respect မရှိဘဲ လွန်လွန်ကျူးကျူး စည်းကျော်၊ ဘောင်ကျော် ဖြစ်လာတယ်… ဆိုရင်တော့ ဒီနည်းလေး အသုံးဝင်တယ်…။ အနားမှာ ကိုယ်ရှိနေရဲ့ သားနဲ့ မရှိသလို ဆက်ဆံတာ၊ ကတိမတည်တာ၊ ကိုယ်နဲ့ စကားပြောနေချိန် ဖုန်းပဲ တစ်ချိန်လုံး ထိုင်သုံးနေတာ… ဒါမျိူးတွေက ကိုယ့်ကို မခန့်လေးစားလုပ်တဲ့ Disrespect ပုံစံ တစ်ခု ပဲ။ Respect ဆိုတဲ့ အရာက အရမ်းကြီး လိုလားတောင့်တနေရတဲ့ အရာမျိူးတော့ မဟုတ်ပေမယ့်… လူ အချင်းချင်းကြားမှာ Mutual respect ဆိုတာ ထားရတယ်…။ Respect မရှိဘူး၊ အရေးအရာမပေးဘူး၊ “မင်းလောက်ကတော့…” ဆိုတဲ့ အချိူးမျိူးတွေ လာချိူးနေရင်… ဘာမှ ဒေါသမထွက်နဲ့။ ဝမ်းလည်း မနည်းနဲ့။ ကိုယ့်ကို အရေးမပေးတဲ့လူ၊ ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေက ကိုယ့် Circle ထဲမှာ နေစရာအကြောင်းမရှိဘူး။ ဒီ အဖြစ်အပျက်တွေကို ပြန်တွေးလိုက် တနုံ့နုံ့ခံစားလိုက် လုပ်နေရင်… ကိုယ့်ခေါင်းထဲမှာ နေရာပေးထားသလို ဖြစ်ပြီး သူက ကိုယ့်အတွက်ပိုပြီး သြဇာကြီးသလို ဖြစ်လာလိမ့်မယ်…။ လစ်လျူရှုပါ…။ သူ အရေးမစိုက်သလို… ကိုယ်လည်း အရေးမစိုက်ပါနဲ့…။ အနေသာကြီး ဆိုတဲ့ သဘောမျိူးနဲ့ပဲ နေပေးလိုက်ပါ။ Minn Khent (PYAY) 18th December 2025 Thursday at 11:00pm #CrdtoMinKhant

“Social Exclusion - လူရာမသွင်းခြင်း” ဒီစာကို ကျွန်တော် ခံခဲ့ရတဲ့ အတွေ့အကြုံလေး တစ်ခုနဲ့ စ ရေးချင်ပါတယ်…။ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ သွားစားကြတယ်…။ စားပွဲမှာ လူ ခြောက်ယောက်ယောက်ထိုင်နေတယ်…။ လူကြီးလို့ ထင်ရတဲ့ ပုဂ္ဂိုလ် တစ်ယောက်က ကျန်တဲ့ လေးယောက်လုံးရဲ့ ဖန်ခွက်ထဲကို ရေ ငှဲ့ပေးပြီး ကိုယ်တစ်ယောက်တည်းကိုပဲ ရည်ရွယ်ချက် ရှိရှိ ချန်ထားခဲ့တာမျိုး တစ်ခါ ကြုံဖူးတယ်…။ ဒီအဖြစ်အပျက်ကို ကြုံတဲ့အချိန် ကျွန်တော် ဘာမှန်း နားမလည်ခဲ့ပါဘူး။ ကိုယ်တစ်ယောက်တည်းကို ချန်ခဲ့တော့ စိတ်မကောင်းဘူးလေ…။ “ဟင်… ငါ့အတွက်ကျ မထည့်ပေးဘူး” လို့ တိတ်တိတ်လေး တွေးပြီး နားမလည်ဖြစ်တာရော၊ စိတ်ခုသွားတာရော ခံစားချက်မျိူး ရတယ်…။ နောက်တော့ စိတ်ပညာပိုင်း ဆိုင်ရာ စာပေတွေကို ဖတ်ကြည့်ရင်း နားလည်လာတာက … အဲ့ဒါ တော်တော်လေး အားပြင်းတဲ့ Power Play (အာဏာပြကွက်) တစ်ခု ဖြစ်ပါတယ်…။ စားပွဲပေါ်က ရေကရားနဲ့ ရေခွက်တွေကို သုံးပြီး ဒီစားပွဲဝိုင်းမှာ ဘယ်သူက အရေးပါလဲ၊ ဘယ်သူက အရေးမပါဘူးလဲ ဆိုတာကို ပရိုဆန်ဆန် ခွဲခြားပစ်လိုက်တာပဲ။ အဲ့လို အခြေအနေမှာ စိတ်ကောက်ပြီး ငြိမ်နေလိုက်ရင်… သူတို့ရဲ့ ပြကွက်အတိုင်း လိုက်ပြီး က ပေးသလို ဖြစ်သွားလိမ့်မယ်…။ တည်တည်ငြိမ်ငြိမ်လေးနဲ့… “ရေကရားလေး ဒီဘက်ကို ပေးပါလား… ကိုယ့်ဘာသာထည့်လိုက်မယ်…” လို့ ပြောဖြစ်အောင် ပြော…။ ဒါက ခင်ဗျား ကျွန်တော့်ကို အရေးအရာမပေးလည်း ကျွန်တော့်ဘာသာ standout လုပ်နိုင်တယ်… ရပ်တည်နိုင်ပါတယ်… ဆိုတာကို ပြန်ပြလိုက်တာပါ။ ကိုယ့်ဖန်ခွက်ကို ကိုယ်တိုင် ရေဖြည့်တာက ကိုယ့်တန်ဖိုးကို ကိုယ် ထိန်းလိုက်တာပါပဲ။ အကယ်၍ ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ဘဲ… မတော်တဆ ကျန်ခဲ့တာ ဆိုရင်တော့… ကိုယ်က ရေကရားကို လှမ်းတောင်းလိုက်တဲ့အချိန် သူကိုယ်တိုင် ရေထည့်ပေးပါလိမ့်မယ်…။ … ဒါကို စိတ်ပညာမှာ Ostracism - အော့စ်ထျာဆစ်စင်မ် (လူရာမသွင်းဘဲ ဖယ်ကြဉ်ခြင်း) လို့ ခေါ်ပါတယ်…။ လူမှုရေးကိစ္စတွေမှာ ကိုယ့်ကို တစ်ခုခု ချန်လှပ်ထားပြီး သူတို့က Power ပိုကြီးတယ်… ဆိုတာကို ပြချင်တာ။ “မင်းလိုကောင်… နင့်လိုလူ လောက်ကို ငါက အရေးတောင် မစိုက်ဘူး…” ဆိုတဲ့ အချိူး ဖြစ်ပါတယ်…။ ဒုတိယ တစ်ခါ ကြုံဖူးတာက - လူလေးယောက် စကားပြောနေတယ်… စကားပြောတဲ့လူက ကျန်နှစ်ယောက်ကိုပဲ တစ်လှည့်စီကြည့်ပြီး ကိုယ့်ကို မကြည့်တာမျိူး။ ဒါကလည်း Social Exclusion ပုံစံတစ်မျိူးပဲ…။ မင်းက ငါ့အတွက် တည်ရှိမနေဘူး ဆိုတဲ့ သဘောနဲ့ ကိုယ့်ကို မကြည့်ဘဲ စကားဝိုင်းထဲကနေ ဖယ်ထုတ်ထားတာ။ အဲ့ဒီအခြေအနေမှာ ကိုယ်က သူ့မျက်လုံးကို လိုက်ရှာနေမယ်…။ သူကြည့်လာမလားလို့ လိုက်မျှော်နေမယ် ဆိုရင်… ကိုယ်ပဲ အောက်ကျရာရောက်မယ်…။ ဖုန်းပဲ ထုတ်သုံးနေလိုက်…။ အောက်ကို ကြည့်နေလိုက်…။ တောင်ကြည့် မြောက်ကြည့်လုပ်နေလိုက်…။ ဒါက “ခင်ဗျားရဲ့ attention ကိုလည်း ကျွန်တော် မလိုချင်ပါဘူး” ဆိုတဲ့ သဘောကို ခန္ဓာကိုယ် ဘာသာစကားနဲ့ ပြန်ပြောလိုက်တာ ဖြစ်ပါတယ်…။ လူမှုဝန်းကျင်မှာ ပလိန်းကြီး အရေးအရာ အပေးမခံရရင်၊ ချန်လှပ်ထားခံရရင်… “ငါဘာမှားနေလို့လဲ… ငါ့အမှားက ဘာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပြီး ဝမ်းမနည်းနဲ့…။ “ဒီလူက ငါ့ကို နှိမ်ချင်လွန်းအားကြီးလို့ ရေတစ်ခွက်၊ မျက်လုံး အကြည့်တစ်ချက်လောက်ကိုတောင် လ-က်န-က်လုပ်ပြီး သုံးနေရရှာပါလား” လို့ ပဲတွေး။ ဒီအတွေးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးသား ဖြစ်တယ်…။ ကိုယ့်တန်ဖိုး (self-worth) ဆိုတာ သူများလောင်းထည့်ပေးတဲ့ ရေခွက်ထဲမှာ မရှိဘူး။ ကိုယ်တိုင် ရပ်တည်နိုင်မှုထဲမှာပဲ ရှိပါတယ်…။ ရေမထည့်ပေးရင် ကိုယ့်ဘာသာ ထည့်လို့ရပါတယ်…။ စကားပြောနေတဲ့အချိန် ကိုယ့်ကို မကြည့်ရင် ကိုယ်လည်း ပြန်မကြည့်နဲ့ပေါ့…။ အရမ်းရိုးရှင်းပါတယ်…။ … ဒါက စိတ်ပညာရဲ့ အမှောင်ခြမ်းနဲ့ ပတ်သတ်တဲ့ စာပေ တစ်မျိူးပါ။ လိုအပ်လာရင်… ကိုယ်တိုင်ထုတ်သုံးဖို့လည်း လိုလာနိုင်သလို… ပလိန်းကြီး ဘာအမှားမှ မရှိဘဲ ကိုယ့်ကို လုပ်လာခဲ့ရင်လည်း ကာကွယ်နိုင်စေဖို့ပါ။ လုံးဝ မတတ်သာတဲ့ အခြေအနေ တစ်ခုမှာ ကျွန်တော် ကိုယ်တိုင် သူများကို Ostracize လုပ်ခဲ့ရတဲ့ အခါ ရှိဖူးတယ်…။ ကျွန်တော် ကျောင်း တစ်ကျောင်းမှာ စာသင်တုန်းက ကျောင်းသား တစ်ယောက်ကြုံဖူးတယ်…။ ကျွန်တော် စာရှင်းပြနေတဲ့အချိန်မှာ နားထောင်ပေးပြီး နားမလည်တာပါရင်… chapter တစ်ခုပြီးတိုင်းမှာ မေးလို့ရပါတယ်… ဆိုတဲ့အကြောင်း ကျောင်းသားတွေကို ပြောပြထားတယ်…။ ဒါပေမယ့် ကျောင်းသားတစ်ယောက်က ရှင်းပြနေတဲ့အချိန်မှာတင်… အသံထွက်ထွက်လာပြီး သူပြောချင်တဲ့ စကားတွေကို ထ ထ ပြောလေ့ရှိတယ်…။ အစ ပိုင်းတော့ သူ့စကားတွေကို ပြန်ပြန်ဖြေပေးပေမယ့်… နောက်ပိုင်းကျ မဆိုင်တဲ့ မေးခွန်းတွေနဲ့ သင်နေတဲ့ စာနဲ့ မဆိုင်တဲ့ topic တွေကို ရောက်သွားတယ်…။ ထိုင်နေတာက ရှေ့ဆုံးတန်း… စာကို သူများထက် ပိုပြီး စိတ်ဝင်စားသလိုနဲ့… တကယ်က သင်နေတဲ့စာ ရှေ့မရောက်အောင် ဆွဲနေသလို ဖြစ်နေတာ…။ ဒါနဲ့ ကျွန်တော် သူ့ကို private မှာ ခေါ်ပြီး အသိပေးတယ်…။ စာသင်နေရင် ဝင်မဖျက်ဘဲ သင်ပြီးမှ မေးခွန်းတွေ မေးသင့်ကြောင်း။

🔳 လူအများစုက Relationship တစ်ခုမှာ ရန်ဖြစ်ကြတာ၊ စကားများကြတာ၊ အော်ဟစ်ပေါက်ကွဲကြတာတွေကို ကြောက်စရာလို့ ထင်တတ်ကြတယ်။ တကယ်တော့ အဲဒါတွေက မကြောက်ရပါဘူး။ ရန်ဖြစ်နေသေးတယ် ဆိုတာ ညှိနှိုင်းချင်စိတ် ရှိသေးလို့ပါ။ နားလည်စေချင်တဲ့ ဆန္ဒရှိသေးလို့ပါ။ သံယောဇဉ် မကုန်သေးလို့ ဒေါသထွက်နေရတာပါ။ 🔳 တကယ်တမ်း ကြောက်စရာကောင်းတာက အသံတိတ်သွားတဲ့ အခြေအနေ ၂ ခု ဖြစ်တယ်။ 📌 ပထမတစ်ခုက - "ဘာဖြစ်ဖြစ် ရတယ်" ဆိုပြီး လွှတ်ချလိုက်တာ (Indifference)။ ☘️ တစ်ဖက်လူက ကိုယ်မကြိုက်တာတွေ လုပ်နေပါလျက်နဲ့ ဝင်မပြောတော့တာ၊ သဝန်မတိုတော့တာ၊ စိတ်မဆိုးတော့တာမျိုးပေါ့။ အရင်ကဆို ပြဿနာဖြစ်မယ့် ကိစ္စတွေက အခုတော့ ငြိမ်သက်သွားတယ်။ ဒါက သဘောထားကြီးလာတာ မဟုတ်ဘူး။ မျှော်လင့်ချက် ကုန်ဆုံးသွားတာ။ "ဒီလူ့ကို ပြောနေလဲ ထူးမှမထူးတော့တာ၊ ပြောရတာ မောတယ်" ဆိုပြီး စိတ်ထဲကနေ အပြီးတိုင် လွှတ်ချလိုက်တာ။ ☘️ ဒါကို တစ်ဖက်လူကတော့ "ငါ့ချစ်သူက သဘောကောင်းလိုက်တာ၊ ငါ့ကို နားလည်ပေးတယ်" လို့ ထင်ကောင်းထင်မယ်။ တကယ်တော့ သူက ကိုယ့်ဘေးမှာ လူကောင်ပဲ ရှိတော့တာ။ သူ့စိတ်က ထွက်ခွာသွားတာ ကြာပြီ။ ရန်ဖြစ်စကားများနေရတဲ့ အချိန်တွေက ပြန်ပြင်လို့ ရနိုင်တဲ့ အချိန်တွေပါပဲ။ တိတ်ဆိတ်ပြီး အေးစက်သွားပြီ ဆိုရင်တော့ အဲဒီဆက်ဆံရေးက သေဆုံးသွားပြီလို့ မှတ်ယူလို့ရတယ်။ 📌 ဒုတိယတစ်ခုကတော့ - လေးစားမှု ပျောက်ဆုံးသွားတာ (Loss of Respect)။ ☘️ အချစ်ဆိုတာ အတက်အကျ ရှိတတ်တယ်။ ချစ်လိုက် မုန်းလိုက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ "လေးစားမှု" ကတော့ အဲဒီလို မဟုတ်ဘူး။ မှန်တစ်ချပ်လိုပဲ။ တစ်ခါကွဲပြီးရင် ပြန်ဆက်လို့ မရတော့ဘူး။ ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် လိမ်ညာတာတွေ များလာတဲ့အခါ၊ ကတိတွေ ပျက်တာ များလာတဲ့အခါ၊ ကိုယ့်သိက္ခာကို ထိခိုက်အောင် လုပ်လာတဲ့အခါ အချစ်ကျန်မကျန် မသေချာပေမဲ့ လေးစားမှုကတော့ လုံးဝ ပျောက်သွားတတ်တယ်။ ☘️ လေးစားမှု မရှိတော့တဲ့ ဆက်ဆံရေးတစ်ခုဟာ ငရဲနဲ့ တူတယ်။ သူ ဘာပြောပြော အကောင်းမမြင်တော့ဘူး။ သူ ဘာလုပ်လုပ် အထင်သေးတဲ့ မျက်လုံးနဲ့ပဲ ကြည့်မိတော့တယ်။ အဆိုးဆုံးကတော့ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် မလေးစားတော့တာပဲ။ "ငါက ဘာလို့ ဒီလိုလူမျိုးနဲ့ ဆက်တွဲနေမိတာလဲ" ဆိုတဲ့ အတွေးက နေ့တိုင်း နှိပ်စက်နေလိမ့်မယ်။ 📌 ဒါကြောင့် ဆက်ဆံရေးတစ်ခုမှာ ရန်ဖြစ်နေရတာကို စိတ်မပျက်ပါနဲ့။ အဲဒါက "ငါတို့ နှစ်ယောက်ကြားက အရာတွေကို ဂရုစိုက်ပါဦး" လို့ အော်ဟစ်နေတဲ့ အချက်ပေးခေါင်းလောင်းသံပါပဲ။ တကယ်လို့ အဲဒီခေါင်းလောင်းသံလေး တိတ်သွားပြီး သိပ်ကို အေးချမ်းသွားပြီလို့ ခံစားနေရရင်တော့ သတိထားလိုက်ပါတော့။ မုန်တိုင်း မလာခင် လေငြိမ်သွားတာမျိုး ဖြစ်နေတတ်လို့ပါပဲ။ ☘️ တစ်ဖက်လူရဲ့ တိတ်ဆိတ်မှုဟာ ရင့်ကျက်သွားတာ ဖြစ်နိုင်သလို၊ ကိုယ့်ဘဝထဲကနေ ထွက်ခွာဖို့ တိတ်တဆိတ် ပြင်ဆင်နေတာလည်း ဖြစ်နိုင်တယ် ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ #ဉာဏ #Crd

မင်းတို့ စာများများဖတ်လာတဲ့အခါ လူ့တန်ဖိုးဆိုတာ ဘယ်လိုဟာဆိုတာကို သိလာလိမ့်မယ်။ သိတဲ့အခါရှိအောင် လုပ်ယူရမယ်။ အလကားနေရင်း ဖြစ်လာတာမဟုတ်ဘူး။ လူမှာ လူ့ကိစ္စအဝဝကို လုပ်ဆောင်တော့မယ် ဆိုတော့ သတ္တိ၊ ဗျတ္တိ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ခံနိုင်ရည် ဆိုတာတွေ ရှိနေအောင်မွေးရပါတယ်။ ဒီအတိုင်း ပေါ့ပေါ့တန်တန်နဲ့ ပျော်ပျော်ပါးပါးနေချင်သူတစ်ယောက်မှာ ဒီလိုစိတ်ထားတွေက အလိုလိုဝင်မလာဘူး။ အားမထုတ် မကြိုးစားဘဲနဲ့ ရေစုန်မျောလိုက်ချင်တာ၊ လှေကြုံစီးလိုက်ချင်တာ ဆိုတာမျိုးတွေ ဖြစ်လာ၊ဝင်လာတတ်တယ်။ လူ့စိတ်ဟာ ရေလိုပါပဲ၊ မြင့်ရာကို ဆန်ချင်ရင် အားထုတ်ရတယ်။ နိမ့်ရာကို စီးချင်ရင် အလိုလိုစီးဆင်းပါတယ်။ ▪️ လူထုဒေါ်အမာ #reviewsbybenevolent #booktime #Crd

🙄 နမ်းတဲ့အခါ... တံတွေးချင်း ဖလှယ်နိုင်ကြပေမဲ့.. ✅သွားပွတ်တံတစ်ခုတည်းကို အတူသုံးဖို့ကျတော့ ရွံရှာတတ်ကြပြန်ရော..🤮 ❌အီးထည့်ထားဖူးတဲ့... အူမကြီးကိုတော့ လူတွေစားကြပေမဲ့.. ✅အီးထည့်ထားဖူးတဲ့ ပန်းကန်ကိုတော့ သန့်စင်အောင်ဆေးကြောထားရင်တောင်.. ဘယ်သူမှ ပြန်မသုံးရဲကြဘူး.. ❌ခြေထောက်ဆေးထားတဲ့ရေနဲ့... မျက်နှာသစ်ဖို့ မဖြစ်နိုင်ပေမဲ့.. ✅ရေကူးကန်ထဲမှာတော့ မရေမတွက်နိုင်တဲ့.. ခြေထောက်တွေနဲ့အတူ ရေကူးနေကြတာပဲလေ.. ❌ရေပိုက်ခေါင်းကလာတဲ့ရေကို.. တိုက်ရိုက်သောက်လို့မရပေမဲ့... ✅အဲဒီရေနဲ့ဆေးထားတဲ့ ပန်းသီးကိုတော့.. စားလို့ရတယ်လို့ သတ်မှတ်ကြတယ်.. ပိုက်ဆံဆိုတာ လူပေါင်းသောင်းခြောက်ထောင်ရဲ့.. လက်ထဲကနေ ဖြတ်သန်းလာတာဖြစ်ပေမဲ့.. ✅ကျွန်တော်တို့အားလုံးကတော့.. ရတနာတစ်ခုလို တန်ဖိုးထားနေကြတုန်းပဲ.. 🤔တကယ်တော့ ဒီလောကမှာ... ✅လုံးဝဥဿုံသန့်ရှင်းတယ်ဆိုတာ မရှိပါဘူး.. ✅ကိုယ့်စိတ်က ခွင့်ပြုထားတဲ့.. "ညစ်ပတ်မှု" တွေပဲ ရှိတာပါ 😅😅😅 #ဘဝလက်တွေ့မှတ်တမ်း #KhineAung #17Dec2025 #Crd

လူတွေကို အကျင့်မလုပ်နဲ့ ဆိုတဲ့စကားက အလကားမဟုတ်ပါဘူး။ Psychology မှာ baseline effect ဆိုတာရှိတယ်။ အမြဲကောင်းနေတဲ့လူ တစ်ခါမကောင်းတော့ရင် ပြစ်တင်ခံရပြီး အမြဲဆိုးနေတဲ့လူ တစ်ခါကောင်းပြလိုက်ရင် ချီးကျူးခံရပါတယ်။ ဒါဟာ baseline effect ပါပဲ။ လောကမှာ positivity နဲ့ negativity ဆိုရင် negativity ကပိုပြီး သိသာထင်ရှားပါတယ်။ အမြဲကောင်းနေတဲ့လူဆီက repeated goodness ဆိုတာ တခြားလူတွေအတွက် normal သဘောမျိုးဖြစ်လာပါတယ်၊ appreciate လုပ်မခံရတော့ပါဘူး။ လူတွေကလဲ အဲ့ဒီလူဆီကနေ goodness ကိုပဲ expect လုပ်လာကြပါတယ်။ အဲ့ဒီ goodness ဟာ အဲ့ဒီလူရဲ့ baseline ( တစ်နည်းအားဖြင့် အဲ့ဒီလူရဲ့ signature characteristic ) သဘောမျိုးဖြစ်လာပြီး အဲ့ဒီ baseline ပျောက်ပြယ်သွားရင် ထိုလူဟာ အများအမြင်မှာ ပုံမှန်မဟုတ်တဲ့လူတစ်ယောက်အဖြစ် ရှု့မြင်ခံရပါပြီ။ "လူ၏အကြိုက်ဆယ်ခါလိုက်၍ မလိုက်တစ်ခါရှိခဲ့ပါမူ၊ ကြီးစွာရန်သူ စွဲမှတ်ယူ၏" ဆိုတာကြားဖူးကြမှာပါ။ အဓိကက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လူတွေကို overtrain မလုပ်မိဖို့ပါပဲ။ တချို့နေရာတွေမှာ စေတနာရေစီးကမ်းပြိုလိုက်ပြီး အကြင်နာမပိုမိဖို့က တကယ်အရေးကြီးပါတယ်။ "Be less kind" သဘောမျိုးပြောတာမဟုတ်ပဲ kindness ကို conditional နဲ့ mutual regulation တစ်ခုအဖြစ် တည်ဆောက်နိုင်ဖို့လိုပါတယ်။ လူတွေကိုယ့်ကို ကြိုက်သလို justify လုပ်ကြပါစေ၊ boundaries တွေ အစောကြီးကတည်းက သတ်မှတ်ထားပါ။ ကိုယ့်ဆီကနေ လူတွေရနိုင်တဲ့ unlimited access ဆိုတာမျိုးလည်း တစ်ခုမှမရှိသလို လူတွေရဲ့ expectation တွေနဲ့ ကိုက်ညီနေဖို့လည်း ကိုယ့်မှာ တာ၀န်မရှိပါဘူး။ ငြင်းပယ်တတ်ဖို့ သင်ယူပြီး ကိုယ့်ကိုယ်ကို high standard တွေနဲ့ moderate baseline တစ်ခုမွေးမြူတတ်ဖို့ကလည်း အရေးကြီးပါတယ်။ လွယ်လွယ်ပြောရရင် ဈေးပေါတဲ့လူမဖြစ်ဖို့လိုပါတယ်ဆိုတဲ့ သဘောပါ။ #bysail #Crd

မဖြစ်သေးခင်အချိန်ကသာ အကြောက်ဆုံးအချိန်ဖြစ်တယ်။ ဖြစ်ပျက်ပြီးသွားရင် အကြောက်တရားဆိုတာ အတွေ့အကြုံသာဖြစ်သွားတယ်။ ▪️ Stephen King

December Promotion လာပြီနော် Dec 31 ထိ✨ Alight Motion 2 years - 6000 (share) 2 years - 13000 (private) Canva (Edu) 1 year - 3500 Lifetime - 6000 (3 years အာမခံ) Piscart 1 month - 4000 (share) 1 month - 6000 (private) Netflix 1 month - 11000 (share) 1 month - 63000 (private) Chatgpt
Plus Plan
1 month - 8000 (share) 1 month - 20000 (private)
Go Plan
1 month - 7000 (share) 1 month - 13500 (private) Outline (1 device) 1 month - 4500 ၀ယ်ယူရန် - @pthenextgen

ဒီနေ့က ကုန်သွားရင်ပြန်မလာတော့ဘူး ဒီနေ့ကို အကောင်းဆုံးလုပ်ပါ ၁။ ကျန်းမာရေးအတွက် တစ်ခုခုလုပ်ပါ ၂။ တိုးတက်ရေးအတွက် တစ်ခုခုလုပ်ပါ ၃။ ဒီနေ့ပြီးရမဲ့ အရေးကြီးဆုံးအလုပ်တွေကို Timetable ထဲထည့်ထားပါ။ ပြီးအောင်လုပ်ပါ ၄။ တစ်နေ့တာကုန်သွားတဲ့အခါ ကိုယ်ဒီနေဖြတ်သန်းခဲ့ပုံကို ပြန်သုံးသပ်ပြီး မနက်ဖြန်မှာပိုကောင်းအောင် ပြင်ဆင်ပါ။ ပျော်စရာရှိရင်ပျော်ပါ။ ပြဿနာကြုံရင် သင်ခန်းစာယူပါ။ အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်နည်းက ဒီနေ့ကို အကောင်းဆုံးလုပ်တာပဲ။ နေ့စဉ်တိုးတက်အောင်လုပ်ပါ #credit

လူတစ်ယောက်ရဲ့ အကျင့် ၊ ဗီဇ ဒီအချက်တွေ ကိုယ်ကဘယ်လောက်ပဲပြုပြင်" ကိုယ်ကဘယ်လောက်ပဲ ခွင့်လွှတ်ပေး" ဒီလူကဒီအချိုးပဲဆိုရင်စွန့်လွှတ်လိုက်ပါ။ ဘယ်လောက်ပဲမေတ္တာရှိရှိ ဘယ်လောက်ပဲချစ်နေပါစေ ဥယျာဉ်မှုးဘယ်လောက်ပဲ ရေလောင်းပေါင်းသင်းနေပါစေ။ မျိုးစေ့မမှန်ရင် ပန်းမပွင့်ဘူး။အသီးမသီးဘူး။ဆိုတာကို ကိုယ်ကမှတ်ထားဖို့လိုလိမ့်မယ်။ မျှော်လင့်နေတဲ့အရာသည် အမှောင်ထဲ ခဲ ပစ်ရသလို ထိချင်လဲထိမယ်မထိချင်လဲမထိဘူး ဘယ်လောက်ပဲပစ်ပစ် ထိချင်မှလဲ ထိလိမ့်မယ် ကိုယ့်အတွက် 100%မှာ 5% တောင်မသေချာတဲ့ အရာပါ။ အဲ့အတွက်ကြောင့် ကိုယ်တွေးထားသင့်တဲ့အရာက ခွင့်လွှတ်မှုသည် အတိုင်စအတားတစ်ခုထိဖြစ်သော်ဌားလည်း ဒီလူက ငါနဲ့တွေ့လို့ပြောင်းလဲလာတဲ့ဆိုတဲ့စကားက အဲ့လူကိုယ့်ကိုယ်ကိုယ်လိမ်နေတာပဲဖြစ်လိမ့်မယ် မလိမ်ရင်တောင်သူ့ဘဝကို ကိုယ့်အတွက်100% လောက်တော့သူမပြောင်းလဲပေးနိုင်ဘူး။ခွင့်လွှတ်မှုထပ်ကျော်လွန်သွားတဲ့အခါ လမ်းခွဲခြင်းဖြစ်တဲ့ စွန့်လွှတ်ခြင်းကို စတင်ကြုံရပါတယ်။ နောက်ထပ် သေချာတာတစ်ခုက ကိုယ့်အတွက်မကောင်းတဲ့လူတစ်ယောက်ကို သေချာပေါက် လက်လွှတ် စွန့်လွှတ်လိုက်တာသည် အရှင်ဆန္ဒဓိက ရဲ့ တရားတွေထဲကမှ တရား ခေါင်းစဉ်တစ်ခုဖြစ်တဲ့ “ လမ်းခွဲခြင်းသည် ဝမ်းနည်းစရာမဟုတ်ပါ ” အဲ့စကားအတိုင်းပဲ ကိုယ့်ဘဝမှာကိုယ့်အတွက်မကောင်းတဲ့သူတစ်ယောက်ကို လက်လွှတ်လိုက်တာသည် ဝမ်းနည်းစရာမဟုတ်ပါ သူ့ထပ် ပိုမိုကောင်းတဲ့သူကို ကိုယ့်စီကို Warmly Welcome လုပ်တာနဲ့တူတူပါပဲ။ လမ်းခွဲတိုင်း ငိုယို စိတ်ညစ်‌ ဝမ်းနည်း ခံစားနေရတဲ့ အရာကိုမဖြစ်စေချင်ဘူး တခါတခါ လမ်းလွဲခြင်းက ကောင်းတာတွေဖြစ်လာလို့ဆိုတာလဲ မမေ့ထားပါနဲ့။ ကိုယ့်ဘယ်လောက်ပြောပြော ကိုယ်ဘယ်လောက်ပဲ ခွင့်လွှတ်နေပါစေ အကျင့်ဆိုးတွေ မပြောင်းလဲလာတဲ့လူတစ်ယောက်အတွက် မခံစားပါနဲ့။ မဝမ်းနည်းပါနဲ့။ လမ်းခွဲသင့်ရင်...လမ်းခွဲပေးရမှာပါပဲ....။ အဲ့အတွက် “ လမ်းခွဲခြင်းသည် ဝမ်းနည်းစရာမဟုတ်ပါ ” ။ ။ 𝐘𝐚𝐦 #Crd

Yes မဟုတ်တဲ့ အဖြေတိုင်းက No ပါတဲ့ So, quit lying to yourself ကိုယ်ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ခုထဲမှာ ပါတာ။ ကိုယ်သဘောကျတဲ့ လူတစ်ယောက်ကို ဘယ်လိုမျိုး ချဉ်းကပ်တာက ရင့်ကျက်တဲ့နည်းလမ်းလဲ ဆိုတဲ့မေးခွန်းမှာ ကိုယ်က သူ့ကို သဘောကျကြောင်း ၀န်ခံကြည့်လိုက်ပါတဲ့ အဲ့ဒီမှာ သူ့ရဲ့ တုံ့ပြန်မှုက Yes မဟုတ်ခဲ့ရင် ကိုယ်စောင့်နေလို့ ရသေးလား အဲ့လိုမေးကြည့်ပါတဲ့ စောင့်နေပေးမယ်ဆိုရင်တောင် လက်မခံနိုင်ဘူးဆိုရင် ပြန်သိမ်းဆည်းပြီး ထွက်လာခဲ့တာဟာ ရင့်ကျက်တဲ့ အပြုအမူပဲ လို့ပြောထားတယ် No လို့ငြင်းတဲ့ ပြတ်သားမှုက တိကျတဲ့အဖြေဖြစ်သလို Yes မဟုတ်တဲ့ အခြားသောအဖြေတွေကလည်း No နဲ့ အတူတူပါပဲ တဲ့ တကယ်တမ်းလည်း ကိုယ်က situationship တွေကို သဘောမကျဘူး ။ အသက်အရွယ်နဲ့ ဆိုင်မလားမသိပေမဲ့ လူတစ်ယောက်အနားမှာ တကယ်နေထိုင်ချင်တာ သေချာရင် သက်ဆိုင်ခွင့် ရချင်တာပဲ အဆုံးထိ ရွေးချယ်ခံရချင်တာပဲ အချစ်မှာ သူက ငါ့ကို ချစ်တာလား မချစ်တာလားဆိုတဲ့ energy မျိုးတွေ သုံးနေရရင် ပြောချင်တာက quit lying to yourself ပါ ။ ကိုယ့်ကိုယ်ကို လိမ်နေတာက သူများဆီက အလိမ်ခံနေရတာထက် ပိုဆိုးပါတယ် ကိုယ့်သူငယ်ချင်းတစ်ယောက် အသည်းကွဲတော့ ပြောတာ မှတ်မိသေးတယ် “ငါ့ဘက်ကနေ အတူကြိုးစားလို့ရတယ်ဆိုပြီး လှမ်းသွားတဲ့အချိန်မှာတောင် အကြောင်းအရင်းများစွာ ပေးခဲ့တဲ့လူက အခု တစ်ယောက်ယောက်ကို ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားနေတာ မြင်ရတော့ အချစ်ဆိုတာ တကယ်ရှိပြီး အဲ့ဒီလူရဲ့ အချစ်ကသာ ငါ့အတွက် ရှိမနေခဲ့တာကို လက်ခံခဲ့ရတယ်” တဲ့ Thuz #Crd

Repost from N/a
Giveaway ဗျို့ Weekly pass 5 ခု Starlight member card 1 ခု Giveaway မှာပါဖို့တွက်ဆို လွယ်လွယ်လေးဘဲနော်ဘော်ဒါတို့။ ၁- Group လေ
Giveaway ဗျို့ Weekly pass 5 ခု Starlight member card 1 ခု Giveaway မှာပါဖို့တွက်ဆို လွယ်လွယ်လေးဘဲနော်ဘော်ဒါတို့။ ၁- Group လေးကို Join ထားပေးပါ။ ( Gp ၀င်ဖို့ဒီနေရာကိုနှိပ်ပါ။ ) ‌၂- ဒီပို့စ်ကို သူငယ်ချင်း 3‌‌ ယာက်ကို Forward (သို့) Active ဖြစ်တဲ့ အကောင့် ၃ခုကို Gp ထဲ Add ပြီး ss ရိုက် ၃- ss နဲ့အတူ နံပတ်အစဉ်လိုက် ကြည့်ပီး ဒီPost အောက်မှာ Comment မန့် Giveaway ကို  SpongeBob event တွင်း Nov 29 ကျရင် ဖောက်ပေးပါ့မယ် ‌Giveaway winner တွေအနေနဲ့ Weekly pass နဲ့ Starlight card မယူဘဲ Weekly pass နဲ့ Starlight card တို့ရဲ့ တန်ဖိုးနဲ့ညီမျှတဲ့ Kpay or Wavepay ကိုလည်း ယူနိုင်ပါတယ်။ Starlight card winner ကတော့ Ingame မှာ Fri add အပ်ပြီး 7ရက်နေတာနဲ့ Gift သွားမှာပါ။

ဖောက်ပြန်ခြင်းက ဖုန်းက စတာတဲ့ No ပါ 🚫 ဖောက်ပြန်ခြင်းက ဗီဇ က စတာပါရှင့် လူအများစု ထင်နေကြတာက ခုခေတ် ဖောက်ပြန်ကြတဲ့ သူတွေဟာ Technology ကနေ စကြတယ်လို့ လက်ခံထားကြတယ် အဲ့လိုဆိုရင် Technology တွေ ခေတ်မစားသေးတဲ့ ဟိုးဘိုးဘေးဘီသင်ခေတ်ကို ပြန်ကြည့်ကြရအောင် ဖုန်းတွေ အင်တာနက်တွေ မရှိကြသေးတဲ့ အချိန်တောင် ဖောက်ပြန်ကြတဲ့သူတွေ ဒုနဲ့ ဒေးနဲ့ပါ အဲ့တော့ ဖောက်ပြန်ခြင်းဆိုတာ လူတစ်ယောက်ရဲ့ ဗီဇ ကနေ စတာပါရှင့် စိတ်ဓာတ် မကောင်းကြတဲ့ သူလို့ ပြောရင် ပိုမှန်ပါလိမ့်မယ် - အလုပ်မှာ စိတ်ကစားကြရင်း ဖောက်ပြန်ကြတဲ့သူတွေရှိမယ် - သူငယ်ချင်းတွေကြားထဲ ပိုင်ရှင်ရှိရက်နဲ့ ဖောက်ပြန်ကြတဲ့သူတွေရှိမယ် - အိမ်နီးနားချင်းတွေ အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်ကြတဲ့ သူတွေရှိမယ် - Online မှာ အတွဲပုံတွေ တင်ထားရက်နဲ့ ဖောက်ပြန်ကြတဲ့သူတွေရှိမယ် အဓိကသိထားဖို့က ဖောက်ပြန်ချင်တဲ့သူဟာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖောက်ပြန်ပါတယ် ‼️သန္ဓေ မကောင်းတဲ့သူဟာ ဘယ်လိုပဲ မိန်းမ/ ယောကျာ်း ကောင်း ရထားပါစေ သူတို့ဖောက်ပြန်ချင်တဲ့အချိန်ရောက်လာရင် မကောင်းပါဘူး ‼️သူတို့စိတ်ထဲမှာ ဘယ်အရာကိုမှ content ဖြစ်စေတဲ့ တင်းတိမ်တဲ့ စိတ်မရှိလို့ပါ အဲ့လိုလူတွေကို ခြုံကြည့်ရရင် အများစုမှာ တွေ့ရတာက သူတို့လက်ရှိဘဝကို သူတို့ မကြိုက်ကြတဲ့သူတွေ များပါတယ် ဖောက်ပြန်ပြီးသွားလို့လဲ ကြိုက်သွားမယ်မထင်နဲ့နော် ခဏလေးပဲ အဆင်ပြေကြပြီး အချိန်တန်လာတော့ pattern အတိုင်း ထပ်လုပ်ကြတာပဲ ⚠️ Intelligent ဉာဏ်ရည်မြင့်ပြီး ကိုယ့်တန်ဖိုးကိုနားလည်တဲ့သူတွေကတော့ တစ်ကြိမ်တစ်ခါမှားဖူးပြီး ပြုပြင်ပြောင်းလဲသွားကြတာတွေရှိတယ် ဒါကလဲ တော်တော်လေးကို ရှားပါတယ် အဲ့တော့ အရင်ပိုစ်အောက်က ကွန်မန့်တွေမှာ မြင်ရတဲ့သူ့ဖုန်းကို စစ်ပေး control လုပ်ပေးမှ ဖောက်ပြန်တာကို တားစည်းနိုင်မယ်လို့ ထင်နေကြတဲ့သူတွေကို ငြင်းပါရစေရှင့် ဖုန်းကို ဘဝင်ကြတဲ့အထိစစ်ပါ Message, Call, Facebook, Instagram, Email, Photo ရုပ်အစွဆုံး Search History ထိစစ်ပါ ဘာမှ မတွေ့ရလို့ စိတ်ချနေတဲ့အချိန် အလုပ်က တစ်ယောက်နဲ့ ဖောက်ပြန်နေကြတဲ့ ဥပမာတွေ ရှိပါတယ် ကဲ ဒီလောက်ဆိုရင် ဖောက်ပြန်ခြင်းက ဖုန်းထဲမှာ ရှိတာမဟုတ် ဗီဇ ထဲမှာ ရှိတယ်ဆိုတာကို discussion ဝင်လို့ရပြီမလား စိတ်ဓာတ်ကောင်းတဲ့ သူတွေနဲ့ လက်တွဲနိုင်ကြပါစေနော် Yours Joy #crd

App Premium တွေ Pro Version တွေကို ယုံကြည်စိတ်ချစွာလာ၀ယ်ယူလို့ရပါတယ်။ Telegram Premium Telegram Stars Express Vpn Chatgpt Plu
App Premium တွေ Pro Version တွေကို ယုံကြည်စိတ်ချစွာလာ၀ယ်ယူလို့ရပါတယ်။ Telegram Premium Telegram Stars Express Vpn Chatgpt Plus Google Gemini Alight Motion Premium Capcut Pro Canva Pro Wink Pro Meitu Pro Piscart Netflix Spotify Jump Jump Vpn Outline Vpn Social Boosting Service Mobile Legends Diamond ၀ယ်ယူလိုပါက - @pthenextgen Channel - Selling by Patrick

သင်ကပေးဆပ်သူလား ရယူတတ်သူလား ?
သင်ကပေးဆပ်သူလား ရယူတတ်သူလား ?

တစ်ဖက်ကမကောင်းရင် ကိုယ်ကပါ သူ့လိုမကောင်းနေသင့်သလား။ ကျွန်တော်တို့တွေ စဉ်းစားမိဖူးကြမှာပါ။ တစ်ဖက်က မကောင်းတဲ့လုပ်ရပ်ကို လုပ်တဲ့အခါ၊ ကိုယ့်အပေါ် နာကျင်အောင်လုပ်တဲ့အခါ သူ့လိုပဲလက်တုံ့ပြန်ဖို့၊ ကလဲ့စားချေဖို့၊ တူညီတဲ့လုပ်ရပ်ကိုပဲ ပြန်လုပ်ဖို့တွေးမိတတ်ကြတယ်။ ဒါပေမယ့် ဒီလိုလုပ်တာက ကိုယ့်ကိုတကယ်ပဲ စိတ်သက်သာရာရစေမှာလား၊ စိတ်ချမ်းသာစေမှာလား။ မသေချာပါဘူး။ သူတောင်လုပ်သေးတာပဲ၊ သူများတွေတောင်လုပ်နေကြတာပဲ ကိုယ်လိုက်လုပ်တော့ကော ဘာဖြစ်လို့လဲ... အမှိုက်တွေပစ်တာတွေကို ကျွန်တော်တို့လူတွေမကြိုက်ကြဘူး။ ကိုယ့်အိမ်ရှေ့သူများ အမှိုက်လာပစ်ရင်လဲ စိတ်တိုဒေါသထွက်ကြတယ်။ အမှိုက်လိုလူတွေ၊ စည်းကမ်းမရှိတဲ့သူတွေလို့ စသဖြင့် တွေးမိပြောမိတတ်ကြလိမ့်မယ်။ တကယ်တမ်း ကိုယ့်အလှည့်ရောက်လာပြန်တော့ သူများတွေတောင်ပစ်နေတောင် ကိုယ်လဲပစ်မှာပေါ့ဆိုရင် ကိုယ်ကဒီလိုလူတွေထဲက တစ်ယောက်ပဲဖြစ်နေတော့မှာပေါ့။ ဘာများကွဲပြားသွားတော့မှာလဲ။ တစ်ဖက်ကတန်ဖိုးမရှိတဲ့ လုပ်ရပ်ကိုလုပ်တိုင်း ကိုယ်ကပါ တန်ဖိုးမရှိတဲ့လုပ်ရပ်ကို လိုက်လုပ်ဖို့မလိုပါဘူး။ ကိုယ်ကကိုယ့်ပုံစံနဲ့ကိုယ် တန်ဖိုးရှိရှိနေထိုင်နေရင် ရပါပြီ။ တန်ဖိုးမရှိတဲ့သူတွေလို ကိုယ်ကလိုက်နေရင် ကိုယ်ပဲတန်ဖိုးမရှိတဲ့သူဖြစ်မယ်။ မကောင်းတဲ့သူတွေလို လိုက်နေရင် ကိုယ်ပဲမကောင်းတဲ့သူဖြစ်မယ်။ လက်တုံ့ပြန်ဖို့ ကြိုးစားရင်းလဲ ကိုယ်ကသူတို့လို လူတစ်ယောက်မဖြစ်သွားပါစေနဲ့။ တစ်ဖက်ကမကောင်းရင်၊ ကိုယ့်ကိုနာကျင်စေရင် သူ့ဘေးက ထွက်သွားလိုက်ပါ။ သူ့လိုမကောင်းတဲ့သူ ဖြစ်သွားစရာ မလိုပါဘူး။

ခံစားချက်တွေက တိမ်တွေလိုဖြစ်ပါတယ်။
ခံစားချက်တွေက တိမ်တွေလိုဖြစ်ပါတယ်။

ဘယ်သူ့ကိုမှ အားမကိုးပါနဲ့ ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ ကိုယ့်အတွက် အမြဲရှိမနေပေးနိုင်ပါဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ ဘယ်နေရာရောက်ရောက် ရိုးသားပါ ဘာလုပ်လုပ် ရိုးသားပါ ဘာပြောပြော ရိုးသားပါ။ ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့ ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။ ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။ ဘာမှမသိရင်အောက်ကျို့ရတယ် ဒါကြောင့် သိအောင် လေ့လာပါ ဘာမှမရှိရင် မျက်နှာငယ်ရတယ် ဒါကြောင့် ရှိအောင် ကြိုးစားပါ ငွေရှာပါ၊ ပိုက်ဆံစုပါ ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ် ဒါပေမဲ့ အဲ့ဒီအထဲမှာ ကိုယ်ကျင့်တရား မပါ ပါစေနဲ့။ ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့ မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက် မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက ပိုများပါတယ်။ လိုအပ်နေမှန်းသိရင် တစ်ချို့က ထွက်သွားချင်တယ်။ လွယ်လွယ်နဲ့ရရင် တန်ဖိုးမထားကြတော့ဘူး။ ဒါကြောင့်အများကြီးဖက်တွယ်မနေပါနဲ့နော် တစ်ချို့က အများကြီးချစ်တာနဲ့ လုံးဝ မတန်ပါဘူး။ တစ်ခါတစ်လေမှာ အေးအေးဆေးဆေးလေး အနားယူပြီး တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။ လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့ တချို့အရာတွေက ကိုယ်ထင်ထား သလောက် အရေးမကြီးမှန်း၊ အရေးမပါမှန်း သိလာပါလိမ့်မယ်။ ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ ကိုယ်ကိုယ်တိုင် ရှာယူရတာပါနော်။ #Crd