en
Feedback
EIO

EIO

Open in Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Show more
1 056
Subscribers
No data24 hours
+27 days
+630 days
Posts Archive
EIO
1 056
စစ်ကောင်စီက အသက် ၁၈ နှစ်အောက်ကလေးစစ်သား အများအပြားကို အသုံးပြုနေပြီး တချို့ကို အယောင်ပြ လွှတ်ပြ ရန်ကုန်၊ ဇူလိုင် ၇ စစ်ကောင်စီသည် အသက် ၁၈ နှစ်အောက် ကလေးသူငယ်အများအပြားကို စစ်သားအဖြစ် အဓမ္မစုဆောင်းအသုံးပြုနေဆဲဖြစ်သော်လည်း စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ မှ ၂၄ အထိအတွင်း မှားယွင်းဆင့်ခေါ်ခံခဲ့ရသည်ဟုဆိုသော အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေး ၁၁၃ ဦးကိုသာ မိဘများထံ ပြန်လည်အပ်နှံကြောင်း ထုတ်ပြန်ကာ ဝေဖန်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေကြောင်း မြန်မာ့စစ်ဖက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ပြောသည်။ ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ မှ ၂၄ အထိအတွင်း အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေး ၁၁၃ ဦးကို သက်ဆိုင်ရာအာဏာပိုင်များမှတစ်ဆင့် မိဘများထံ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ယင်းထုတ်ပြန်ချက်သည် စစ်ကောင်စီ၏ ကလေးစစ်သား စုဆောင်းအသုံးပြုနေမှုကို ဖုံးဖိရန် ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်း MDSI တာဝန်ခံ ကိုနောင်ရိုးက ပြောသည်။ “စစ်တပ်က ဒီလိုမျိုး ဝေဖန်မှုတွေ ပြင်းထန်လာတဲ့အချိန်၊ ကလေးစစ်သား စုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာတဲ့အခါမျိုးမှာ ကလေးစစ်သားတွေကို စိစစ်ပြီး ပြန်လွှတ်ပေးပါတယ်ဆိုတဲ့ ပုံစံနဲ့ အလီဘိုင်ပြဖို့ လုပ်လေ့ရှိပါတယ်။ ဒါက စစ်တပ်ရဲ့ အစဉ်အလာတစ်ခုလို ဖြစ်နေပါတယ်” ဟု ကိုနောင်ရိုးက ပြောကြားသည်။ ၎င်းက ဆက်လက်၍ စစ်ကောင်စီထုတ်ပြန်သည့် ကလေး ၁၁၃ ဦးဆိုသည့် အရေအတွက်သည် မြေပြင်တွင် အဓမ္မစုဆောင်းခံထားရသည့် ကလေးစစ်သားအရေအတွက်ကို ကိုယ် စားမပြုကြောင်း၊ အသက်ငယ်ရွယ်သူများကို စုဆောင်းပြီး မှတ်ပုံတင်နှင့် အခြားစာရွက် စာတမ်းများကို ပြင်ဆင်ကာ စစ်တပ်အတွင်း ထည့်သွင်းနေမှုများ ရှိနေကြောင်း ပြောဆိုသည်။ “ဒီ ၁၁၃ ဦးဆိုတဲ့ အရေအတွက်က မြေပြင်မှာ တကယ်စုဆောင်းထားတဲ့ ကလေးစစ်သားအရေအတွက်ကို မထင်ဟပ်ပါဘူး။ အသက်ငယ်တဲ့သူတွေကို စုဆောင်းပြီး စာရွက် စာတမ်း အထောက်အထားတွေကို ပြင်ဆင်ကာ စစ်တပ်ထဲ ထည့်သွင်းနေတာတွေ ရှိပါတယ်။ အဲဒီလို လူငယ်တွေက သင်တန်းအပတ်စဉ်တိုင်း၊ သင်တန်းကျောင်းတိုင်းမှာ အများအပြား ပါဝင်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။ MDSI ၏ အဆိုအရ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ အသက် ၁၅ နှစ်အရွယ် ကလေးများအထိ ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေပြီး၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း စာရွက်စာတမ်းအတုများ ပြုလုပ်ကာ စစ်တပ်အတွင်း ထည့်သွင်းလျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ အဓမ္မစစ်မှုထမ်း စုဆောင်းမှုများကြောင့် လူငယ်အများအပြား ပေါ်တာဆွဲဖမ်းဆီးခံရခြင်းနှင့် လူကုန်ကူးရောင်းစားခံရခြင်းများလည်း ဖြစ်ပေါ်နေကြောင်း ဆိုသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၅ အထိ ဖွင့်လှစ်ထားပြီး အမှတ်စဉ် ၂၃ အထိ သင်တန်းဆင်းထားကာ စစ်မှုထမ်းတပ်သား တစ်သိန်းနှစ်သောင်းကျော် စုဆောင်းထားပြီးဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်ပတ် လည်အစီရင်ခံစာတွင်လည်း မြန်မာစစ်တပ်နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများသည် ကလေးသူငယ်များကို ရှေ့တန်းစစ်မျက်နှာများတွင် ပါဝင်စေခြင်း၊ ကင်းစောင့်ခိုင်းခြင်း၊ သတင်းပို့ခိုင်းခြင်းနှင့် ပစ္စည်းသယ်ယူခိုင်းခြင်း စသည့် စစ်ရေးတာဝန်များတွင် အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားသည်။ #KTM

EIO
1 056
photo content
+1

EIO
1 056
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org အမျိုးသားညီညွတ်ရေးအစိုးရက (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက် ယနေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် စစ်အာဏာရှင်တို့၏ ရက်စက်မှုကြောင့် ကျောင်းသား လူငယ်၊ သူရဲကောင်းများ သွေးမြေခခဲ့ရသည့် သမိုင်းဝင် “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” (၆၄) နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အမှတ်တရနေ့ ဖြစ်ပါသည်။ ဤသမိုင်းဝင်နေ့တွင် ခေတ်အဆက်ဆက် အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် မြန်မာ့ဒီမိုကရေစီရေးအတွက် အသက်၊ သွေး၊ ချွေး စတေး ပေးဆပ်ခဲ့ကြသည့် ကျောင်းသား လူငယ် အာဇာနည်သူရဲကောင်းအပေါင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရက အလေး အမြတ် ဦးညွှတ် ဂါရဝပြုအပ်ပါသည်။ လွန်ခဲ့သော ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် စစ်အာဏာရှင်ဗိုလ်နေဝင်း ဦးဆောင်သော စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် မတရား လုယူခဲ့ရုံမျှသာမက၊ တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းခြင်းနှင့် ဖိနှိပ်ချုပ်ချယ်သည့် ကျောင်းဆောင်စည်းကမ်းများ ထုတ်ပြန်ခြင်းတို့ဖြင့် ကျောင်းသားလူငယ်များ၏ လွတ်လပ်ခွင့် ကို ပြင်းထန်စွာ ဖိနှိပ်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ထိုမတရားမှုများကို ရဲဝံ့စွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် အပြစ်မဲ့ ကျောင်းသား လူငယ် ရာနှင့်ချီ၍ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရရုံမျှသာမက၊ ဇူလိုင်လ (၈) ရက်နေ့ အရုဏ်တက်ချိန်တွင် မြန်မာ့ လွတ်လပ်ရေးနှင့် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုများ၏ သမိုင်းဝင် အထိမ်းအမှတ်သင်္ကေတ ဖြစ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကိုပါ ဒိုင်းနမိုက်များဖြင့် ဗုံးခွဲဖျက်ဆီးခဲ့ကြပါသည်။ စစ်အာဏာရှင်တို့သည် အုတ်၊ သဲတို့ဖြင့် တည်ဆောက်ထားသော သမဂ္ဂအဆောက်အအုံ ကိုသာ ဖြိုဖျက်နိုင်ခဲ့ပြီး ကျောင်းသားထု၏ ရင်ထဲက အမှန်တရားနှင့် မတရားမှုကို ဆန့်ကျင်လိုသည့် တော်လှန်ရေးစိတ်ဓာတ်ကိုမူ ဖြိုချ၍ မရခဲ့ဘဲ ပိုမိုခိုင်မာလာခဲ့သည်မှာ ယနေ့နွေဦးတော်လှန်ရေးက သက်သေပြလျက် ရှိပါသည်။ ယနေ့ ဆင်နွှဲလျက်ရှိသော ပြည်သူ့နွေဦးတော်လှန်ရေးသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုက ပြည်သူ့အာဏာကို အဓမ္မ လုယူကာ ပြည်သူတရပ်လုံးအပေါ် အဆိုးဝါးဆုံးသော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက် ရှိသောကြောင့် ပေါ်ပေါက်လာသော တော်လှန်ရေးကြီးဖြစ်ပေသည်။ ဤတော်လှန်ရေးကြီးတွင် ကျောင်းသားသမဂ္ဂ မျိုးဆက် အသီးသီးအပါအဝင် ကျောင်းသား လူငယ်များသည် စာသင်ခန်းများ၊ တက္ကသိုလ်နယ်မြေများကို စွန့်ခွာ၍ ကျရာတာဝန်များကို ပြည်သူလူထုနှင့်အတူ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ ဆဲဗင်းဂျူလိုင်က ပေးအပ်ခဲ့သော မပြီးဆုံးသေးသည့် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် ရှိနေကြသည်ကိုလည်း ဂုဏ်ယူလေးစားဖွယ် တွေ့မြင်နေပြီးဖြစ်ပါသည်။ ကျောင်းသားလူငယ်များသည် တိုင်းပြည်၏ အရေးအကြီးဆုံးသော အရင်းအမြစ်များ ဖြစ်သကဲ့သို့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များ ဖြစ်သည့်အတွက် လူငယ်တို့၏ အခန်းကဏ္ဍသည် အထူးအရေးပါလှပါသည်။ ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း မျိုးဆက်သစ် ကျောင်းသား လူငယ်များ၏ စုစည်းညီညွတ်မှု၊ ဆန်းသစ် တီထွင်နိုင်စွမ်းနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် နိုင်မှုတို့ကြောင့် ရက်စက် ကြမ်းကြုတ်သော စစ်အာဏာရှင်ယန္တရားသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပြီ ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသော ကျောင်းသား လူငယ်ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက် ရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်၍ ကျူးလွန်သူများကို တရား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခိုင်မာစွာ ကတိသစ္စာပြုအပ်ပါသည်။ တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် ကျောင်းသားလူငယ် အပေါင်းတို့အနေဖြင့် ဆဲဗင်း ဂျူလိုင်၏ ရဲရင့်သော တော်လှန်ရေးစိတ်ဓာတ်ကို မဏ္ဍိုင်ပြုလျက်၊ စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်ကာ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းပြီး လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ဆက်လက် ချီတက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်ရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

EIO
1 056
Repost from EIO
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️ ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။ 🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။ ၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️ လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။ ၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨 ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။ ⚠️ အထူးသတိပြုရန်။ ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator #EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
photo content

EIO
1 056
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 056
Repost from EIO
♦️မိဘပြည်သူများအားအသိပေးပန်ကြားချက်♦️ မိမိတို့ #EIO မှ သတင်းနှင့်နည်းပညာပိုင်း၊ လုံခြုံရေးပိုင်းအား စနစ်တကျ ပြုလုပ်ပေးထားပြီး
♦️မိဘပြည်သူများအားအသိပေးပန်ကြားချက်♦️ မိမိတို့ #EIO မှ သတင်းနှင့်နည်းပညာပိုင်း၊ လုံခြုံရေးပိုင်းအား စနစ်တကျ ပြုလုပ်ပေးထားပြီး သတင်းပိုင်းအားလည်း စနစ်တကျ လေ့ကျင့် သင်ကြားပေးထားသည့် https://t.me/autagbii သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့် ပခုက္ကူခရိုင်အတွင်းရှိ သတင်းများကို ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်ဝေမျှပေးနိုင်သလို သတင်းပို့၊သတင်းယူခြင်းဖြင့် တော်လှန်ရေးအား တစ်ထောင့်တစ်နေရာမှ ပါဝင်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ #Admin #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 056
Repost from EIO
♦️မိဘပြည်သူများအားအသိပေးပန်ကြားချက်♦️ မိမိတို့ #EIO မှ သတင်နှင့်နည်းပညာပိုင်း၊ လုံခြုံရေးပိုင်းအား စနစ်တကျ ပြုလုပ်ပေးထားပြီး
♦️မိဘပြည်သူများအားအသိပေးပန်ကြားချက်♦️ မိမိတို့ #EIO မှ သတင်နှင့်နည်းပညာပိုင်း၊ လုံခြုံရေးပိုင်းအား စနစ်တကျ ပြုလုပ်ပေးထားပြီး သတင်းပိုင်းအားလည်း စနစ်တကျ လေ့ကျင့် သင်ကြားပေးထားသည့် https://t.me/autagbii သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့် ပခုက္ကူခရိုင်အတွင်းရှိ သတင်းများကို ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်ဝေမျှပေးနိုင်သလို သတင်းပို့၊သတင်းယူခြင်းဖြင့် တော်လှန်ရေးအား တစ်ထောင့်တစ်နေရာမှ ပါဝင်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ #Admin #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 056
Repost from EIO
photo content

EIO
1 056
Repost from EIO
✨ "ပေးမယ့်သူမရှိတဲ့ တာဝန်ကို အသိစိတ်နဲ့ယူပြီး အဆုံးထိ လျှောက်မယ့်လမ်း" ✨ ကျွန်တော်တို့တွေဟာ ဘယ်သူကမှ အတင်းအကျပ် ပေးအပ်ထားခြင်းမရှိတဲ့ နွေဦးတော်လှန်ရေး တာဝန်တွေကို ကိုယ်တိုင် ဆန္ဒအလျောက် ယူထားကြတာ ဖြစ်ပါတယ်။ ဒီတာဝန်တွေကို လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျွန်တော်တို့ကို လာရောက် အပြစ်ဆိုမယ့်သူ၊ လာရောက် အရေးယူမယ့်သူလည်း မရှိပါဘူး။ ဒါပေမဲ့...ကျွန်တော်တို့က "ဒါဟာ ငါတို့နဲ့ဆိုင်တယ်၊ ငါတို့ တာဝန်ယူကို ယူရမယ်" ဆိုတဲ့ ပင်ကိုယ်အသိစိတ်တစ်ခုတည်းနဲ့ပဲ ဒီတာဝန်တွေကို ထမ်းရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို မိမိအသိစိတ်နဲ့ မိမိ တာဝန်ယူလိုက်ပြီဆိုတာနဲ့ လမ်းခုလတ်မှာ အားပျက်စိတ်ဓာတ်ကျတာမျိုး မဖြစ်ဘဲ အဆုံးထိ ပြီးမြောက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ 'တာဝန်သိစိတ်' ကို အစဉ်အမြဲ ပြန်လည်တည်ဆောက်နေရမှာပါ။ ✊ လမ်းခုလတ်မှာ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်တော့ဘဲ လှည့်ထွက်သွားခဲ့တဲ့ ရဲဘော်တွေကို လေးစားသလို... 🌹 ကျဆုံးသွားခဲ့လို့ ဆက်မလုပ်နိုင်တော့တဲ့ သူရဲကောင်း အာဇာနည် ရဲဘော်အားလုံးကိုလည်း တန်ဖိုးထား လေးစားမိပါတယ်။ ကျွန်တော်တို့နဲ့အတူ ရှိနေပေးခဲ့ကြလို့ ကျေးဇူးတင်သလို၊ ဆက်ပြီး မရှိနိုင်တော့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ "ကျန်ရစ်သူ ကျွန်တော်တို့ကတော့... အဆုံးထိ ဆက်သွားမှာပဲ ဖြစ်ပါတယ်။" #Eagle_Information_Operator #EIO #NoNeedDictator #SpringMyanmarRevolution #RevolutionHonorable #နွေဦးတော်လှန်ရေး #အသိစိတ်ဖြင့်တာဝန်ယူခြင်း #အဆုံးထိလျှောက်မယ့်လမ်း

EIO
1 056
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၃)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jul 7, 12:31PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
#7 July ဒို့မမေ့နိုင်................... 🔴 သမိုင်းက ပေးတဲ့သင်ခန်းစာနဲ့ မဆုတ်မနစ်တဲ့ စိတ်ဓာတ် “ဆရာမင်းသုဝဏ်ရဲ့ ကဗျာတစ်ပုဒ်လိုပဲ... သမိုင်းဆိုတာ ဖျောက်ပစ်လို့မရတဲ့ ကျောက်စာတစ်ချပ်ပါပဲ။” ဒီနေ့ဟာ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း တရားသောဘောင်ကနေ အခွင့်အရေးတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားထုကို စစ်အာဏာရှင်စနစ်က ရက်ရက်စက်စက် သွေးမြေကျအောင် နှိမ်နင်းခဲ့တဲ့ (၆၄) နှစ်မြောက် “၇ ဇူလိုင်” အောက်မေ့ဖွယ်နေ့ ဖြစ်ပါတယ်။ သမိုင်းရဲ့ အမှောင်ဆုံးစာမျက်နှာတစ်ခုဖြစ်တဲ့ ထိုနေ့ညဉ့်မှာ တက္ကသိုလ်ကျောင်းသား သွေးမြေကျခဲ့ရရုံတင်မကဘဲ၊ ဇူလိုင် ၈ ရက် မနက်အစောပိုင်းမှာတော့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက် နိုင်ငံရေးခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့၊ အမျိုးသားရေးစိတ်ဓာတ်ရဲ့ ပြာသာဒ်ဖြစ်တဲ့ “ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံ” ကိုပါ မိုင်းခွဲဖျက်ဆီးပစ်ခဲ့ကြပါတယ်။ 📌 သမိုင်းကို ပြန်လည်အောက်မေ့ခြင်းနှင့် သင်ခန်းစာများ အာဏာရှင်တို့သည် အဆောက်အအုံကို ဖြိုဖျက်နိုင်ခဲ့သော်လည်း ကျောင်းသားထု၏ ရဲရဲတောက်စိတ်ဓာတ်နှင့် မတရားမှုကို ခေါင်းမငုံ့တမ်း တော်လှန်တတ်သည့် အစဉ်အလာကိုမူ ဘယ်သောအခါမှ မဖျက်ဆီးနိုင်ခဲ့ပါ။ ကျောင်းသားသမဂ္ဂ ဆိုသည်မှာ အုတ်ခဲ၊ သဲ၊ ဘိလပ်မြေများဖြင့် တည်ဆောက်ထားသည့် ရုပ်ဝတ္ထုသက်သက် မဟုတ်ပါ။ ၎င်းသည် မတရားမှုကို ဆန့်ကျင်သည့် စိတ်ဓာတ်၊ လွတ်လပ်မှုကို မြတ်နိုးသည့် ဝိညာဉ်သာ ဖြစ်သည်။ သမိုင်း၏ သက်သေ ခေတ်အဆက်ဆက် သွေးစွန်းခဲ့ရသည့် ဇူလိုင် ၇ ရက်နေ့၏ အရှိန်အဝါသည် ယနေ့ထက်တိုင် ခေတ်သစ်လူငယ်များ၏ ရင်ထဲတွင် ရှင်သန်နေဆဲ ဖြစ်သည်။ 🤝 ဂုဏ်ပြုဦးညွတ်ခြင်းနှင့် သန္နိဋ္ဌာန် ၇ ဇူလိုင် ကျောင်းသားအရေးအခင်းမှသည် ယနေ့တိုင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်စွန့်လွှတ်သွားခဲ့ကြသည့် အာဇာနည်သူရဲကောင်းများအားလုံးကို #EIO နှင့်အတူ ပြည်သူတစ်ရပ်လုံးက လေးနက်စွာ ဂုဏ်ပြုဦးညွတ်အပ်ပါသည်။ သမိုင်းက ပေးထားတဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း၊ မိမိတို့ ကျရာကဏ္ဍ (အထူးသဖြင့် ပြန်ကြားရေးနှင့် သတင်းအချက်အလက်ကဏ္ဍ) ကနေ ဓမ္မဘက်က မားမားမတ်မတ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ဤအောက်မေ့ဖွယ်နေ့တွင် သန္နိဋ္ဌာန်ပြုလိုက်ရပါသည်။ “အဆောက်အအုံကို ဖျက်ဆီးလို့ရပေမယ့် စိတ်ဓာတ်ကိုတော့ ဖျက်ဆီးလို့မရဘူး။” #7July #ဒို့မမေ့နိုင် #EIO #Eagle_Information_Operator #ကျောင်းသားသမဂ္ဂ #သမိုင်းလှိုင်း #InformationWarfare #MyanmarRevolution

EIO
1 056
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
photo content

EIO
1 056
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ် နှင့် လမ်းကြိုလမ်းကြားများမကျန်၊ မြို့အဝင်အထွက် စစ်‌ဆေးရေးဂိတ်များ၊ အိမ်စီးကားများကို အသုံးပြု၍ ကင်းပတ်ပြီး‌သော်လည်းကောင်း စခ၊ရခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းတမ်းခြင်း၊ လူငယ်\လူလတ်ပိုင်းများကို အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများကို ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation

EIO
1 056
Repost from EIO
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ "မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်... ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။ စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 056
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 056
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 056
Repost from EIO
ချဉ်ပေါင်ဟင်းကြိုက်တဲ့ "ဗိုလ်ချုပ်" အဆောင်အယောင် မမက်တဲ့ "ဗိုလ်ချုပ်" အာဏာဆိုတာ ခါးပတ်နောက်မှာ ချိတ်ထားဖို့မဟုတ်ဘဲ ပြည်သူ့အတွက်သာ ထမ်းပိုးဖို့လို့ကြောင်း လက်တွေ့ပြသွားတဲ့ "ဗိုလ်ချုပ်" . "ဗိုလ်ချုပ်" ဆိုတဲ့ ဘွဲ့ထူးထက် "ကိုအောင်ဆန်း" ဆိုတဲ့ ရိုးသားမှုကို ပိုမြတ်နိုးခဲ့သူ။ နန်းတွင်းဟင်းလျာတွေထက် အိမ်ချက် "ချဉ်ပေါင်ဟင်း" တစ်ခွက်နဲ့ ထမင်းဝိုင်းကို ပျော်ရွှင်ခဲ့သူ။ ကတ္တီပါဖိနပ်နဲ့ ကော်ဇောနီလမ်းကို ငြင်းပယ်ပြီး၊ အပေါက်အပြဲပါတဲ့ အင်္ကျီကို ဖာထေးဝတ်ဆင်ခဲ့တဲ့သူ။ "ဗိုလ်ချုပ်"ကို ချစ်တယ်ဆိုတာ သူ့ရုပ်ပုံကို ကြည့်ရုံတင်မဟုတ်ဘဲ သူပြသခဲ့တဲ့ "စိတ်ဓာတ်နဲ့ ကျင့်ဝတ်" တွေကို လိုက်နာကျင့်ကြံဖို့လည်း လိုအပ်ပါတယ်။ ✅ ရိုးသားပါ - ကိုယ်ကျိုးထက် အများအကျိုးကို ရှေ့တန်းတင်ပါ။ ✅ ခြိုးခြံပါ - အပိုအလှတွေကို ဖယ်ပြီး အနှစ်သာရကို ရှာဖွေပါ။ ✅ သစ္စာရှိပါ - မိမိလုပ်ငန်းခွင်နဲ့ မိမိတိုင်းပြည်အပေါ် မဖောက်ပြန်ပါနဲ့။ ဂုဏ်ပကာသနနောက်ကို မလိုက်ဘဲ ဗိုလ်ချုပ်ပြသခဲ့တဲ့ လမ်းစဉ်အတိုင်း "မှန်တာကို ရဲရဲလုပ်၊ ရိုးရိုးနေ" ကြဖို့ အချိန်တန်ပါပြီ။ #AdminTeam #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)