en
Feedback
EIO

EIO

Open in Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Show more
1 056
Subscribers
+224 hours
+37 days
+630 days
Posts Archive
EIO
1 057
Repost from EIO
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် #Hexacopter ဒရုန်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မြေပြင်အခြေအနေများအရ
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် #Hexacopter ဒရုန်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မြေပြင်အခြေအနေများအရ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာသည်ကို တွေ့ရပါသည်။ တရုတ်နိုင်ငံထုတ် စစ်ဘက်သုံး #Hexacopter ဒရုန်းများသည် များသောအားဖြင့် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ဤဒရုန်းများတွင် အဆင့်မြင့် အာရုံခံကိရိယာများ၊ လေဆာလမ်းညွှန်စနစ်များ နှင့် လက်နက်ငယ်များ (သို့မဟုတ်) ဗုံးများ တပ်ဆင်နိုင်သည့် စနစ်များ ပါဝင်လေ့ရှိသည်။ 📌 ၎င်းတို့ အသုံးပြုနေသော #Hexacopter များ၏ အကြောင်းအသေးစိတ် 👇🏻 - https://t.me/eagleinformationoperator/22248 - https://t.me/eagleinformationoperator/22249 🛰️ ဒရုန်းများသည် အမြင်အာရုံကို အဓိကထား၍ တိုက်ခိုက်ခြင်းဖြစ်သောကြောင့် "မိမိကိုယ်ကို အပေါ်စီးမှ မမြင်အောင် နေထိုင်ခြင်း" သည် အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါသည်။ ✨ #Eagle_Information_Operator #EIO #PublicSafety #DroneAwareness #WarCrimes #MiliitaryAtrocities #MilitaryTerrorists #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 057
Repost from EIO
🚨လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဒရုန်းသံကြားရပါက - ⚠️လှုပ်ရှားမှု ရပ်တန့်ပါ။ အရိပ်ရသော နေရာ (သို့မဟုတ်) သစ်ပင်အောက်များတွင် ငြိမ်သက်စွာ ခိုလှုံပါ။ ⚠️တောက်ပသောအရောင်များ ရှောင်ပါ။ ဒရုန်းကင်မရာမှ အလွယ်တကူ မြင်နိုင်သော အဖြူရောင် (သို့မဟုတ်) တောက်ပသော အဝတ်အစားများကို ဖုံးကွယ်ထားပါ။ ⚠️အလင်းပြန်ခြင်းကို ထိန်းပါ။ ဖုန်းစခရင်၊ မှန် သို့မဟုတ် နာရီများမှ အလင်းပြန်ခြင်းသည် ဒရုန်းကို အချက်ပေးသလို ဖြစ်စေနိုင်ပါသည်။ ⚠️အရေးကြီးသော မှတ်ချက်။ လေကြောင်းရန် သတိပေးသံ ထပ်မံကြားရပါက ယခင်ခိုလှုံရာနေရာသို့ ချက်ချင်းပြန်သွားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
📌အသေးစိတ်ဖတ်ရှု့‌လေ့လာရန် - https://t.me/eagleinformationoperator/19433 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📧 http://www.eagleinformationoperators@gmail.com 🔵 https://www.facebook.com/eagleinformation 🌐 https://t.me/eagleinformationoperator

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက်ရောက် စခအိမ်စီးကား(6)စီး ပြည်သူလူငယ်(၂)ဦးအား အဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး မုံရွာမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် မုံရွာမြို့တွင်း၊ မြို့အဝင်အထွက်များတွင် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Aug 26, 1:38PM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
Repost from EIO
photo content

EIO
1 057
Repost from EIO
✨ "ပေးမယ့်သူမရှိတဲ့ တာဝန်ကို အသိစိတ်နဲ့ယူပြီး အဆုံးထိ လျှောက်မယ့်လမ်း" ✨ ကျွန်တော်တို့တွေဟာ ဘယ်သူကမှ အတင်းအကျပ် ပေးအပ်ထားခြင်းမရှိတဲ့ နွေဦးတော်လှန်ရေး တာဝန်တွေကို ကိုယ်တိုင် ဆန္ဒအလျောက် ယူထားကြတာ ဖြစ်ပါတယ်။ ဒီတာဝန်တွေကို လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ကျွန်တော်တို့ကို လာရောက် အပြစ်ဆိုမယ့်သူ၊ လာရောက် အရေးယူမယ့်သူလည်း မရှိပါဘူး။ ဒါပေမဲ့...ကျွန်တော်တို့က "ဒါဟာ ငါတို့နဲ့ဆိုင်တယ်၊ ငါတို့ တာဝန်ယူကို ယူရမယ်" ဆိုတဲ့ ပင်ကိုယ်အသိစိတ်တစ်ခုတည်းနဲ့ပဲ ဒီတာဝန်တွေကို ထမ်းရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို မိမိအသိစိတ်နဲ့ မိမိ တာဝန်ယူလိုက်ပြီဆိုတာနဲ့ လမ်းခုလတ်မှာ အားပျက်စိတ်ဓာတ်ကျတာမျိုး မဖြစ်ဘဲ အဆုံးထိ ပြီးမြောက်အောင် လုပ်ဆောင်မယ်ဆိုတဲ့ 'တာဝန်သိစိတ်' ကို အစဉ်အမြဲ ပြန်လည်တည်ဆောက်နေရမှာပါ။ ✊ လမ်းခုလတ်မှာ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်တော့ဘဲ လှည့်ထွက်သွားခဲ့တဲ့ ရဲဘော်တွေကို လေးစားသလို... 🌹 ကျဆုံးသွားခဲ့လို့ ဆက်မလုပ်နိုင်တော့တဲ့ သူရဲကောင်း အာဇာနည် ရဲဘော်အားလုံးကိုလည်း တန်ဖိုးထား လေးစားမိပါတယ်။ ကျွန်တော်တို့နဲ့အတူ ရှိနေပေးခဲ့ကြလို့ ကျေးဇူးတင်သလို၊ ဆက်ပြီး မရှိနိုင်တော့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ "ကျန်ရစ်သူ ကျွန်တော်တို့ကတော့... အဆုံးထိ ဆက်သွားမှာပဲ ဖြစ်ပါတယ်။" #Eagle_Information_Operator #EIO #NoNeedDictator #SpringMyanmarRevolution #RevolutionHonorable #နွေဦးတော်လှန်ရေး #အသိစိတ်ဖြင့်တာဝန်ယူခြင်း #အဆုံးထိလျှောက်မယ့်လမ်း

EIO
1 057
⚜️ #EIO_Update_News မုံရွာတောင်၊ရွာထောင်ဂိတ်ထဲသို့ ဝင်ရောက်ထားသော စခကားများသည် မုံရွာမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိထားပါသည်။ #EIO Aug 26, 1:17PM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
တရားရုံးများ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားစီရင်ရေးတွင် အောက်ပါ တရားရုံးများ ရှိပါသည်။ (က) အရပ်ဘက်တရားရုံးများ (ခ) စစ်တရားရုံ
တရားရုံးများ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားစီရင်ရေးတွင် အောက်ပါ တရားရုံးများ ရှိပါသည်။ (က) အရပ်ဘက်တရားရုံးများ (ခ) စစ်တရားရုံးများ (ဂ) အထူးတရားရုံး (များ) အမျိုးသားညီညွတ်ရေးအစိုးရ၏ အရပ်ဘက် တရားစီရင်ရေးကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၏ ပြဋ္ဌာန်းချက်အရ တရားရေးဝန်ကြီးဌာနလက်အောက် အရပ်ဘက်တရားရုံးများက တာဝန်ယူ ဆောင်ရွက်ပြီး စစ်ဘက်တရားစီရင်ရေးကို ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပါသည်။ #MinistryOfJustice #NationalUnityGovernment #SpringRevolution #PVTV

EIO
1 057
⚜️ #EIO_Update_News မုံရွာတောင်၊ရွာထောင်ဂိတ်ထဲသို့ ဝင်ရောက်ထားသော စခများသည် လယ်ဇင်ရွာ အနောက်ဘက်သို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။ #EIO Aug 26, 1:03PM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာတောင်၊ရွာထောင်ဂိတ်ထဲသို့ ကားကြီးကားသေး (၁၀)စီးခန့် ဝင်ရောက်ထားပြီး ရွာထောင်ဂိတ်ထဲသို့ ဝင်ရောက်ထားသော စခများသည် အရှေ့ရပ်သို့ ထွက်ခွာနေကြောင်းသတင်းရရှိထားပါသည်။ #EIO Aug 26, 12:37PM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့၊ မြို့ရှောင်လမ်း သပြေပင်မောင်နှမသို့ ရောက်ရှိ‌နေသော စခများအား ကားနှင့် တင်ဆောင်၍ စက်မှုဇုန်ထဲသို့ ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိထားပါသည်။ #EIO Aug 26, 11:55AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့၊ စက်မှုဇုန်တွင် ခြေလျင်ပတ်နေသော စခများသည် မြို့ရှောင်လမ်း ဝေဇယန္တာကျောင်းအနီးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Aug 26, 11:33AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
Repost from EIO
💡 စနစ်သစ်မှာ အရေးကြီးတဲ့ "ဉာဏမူပိုင်ခွင့်" အကြောင်း သိကောင်းစရာ စနစ်ဆိုးကို မကြိုက်လို့ တော်လှန်နေပြီး စနစ်သစ်တခုကို ဖော်ဆောင်နေတဲ့အချိန်မှာ မသိမဖြစ် သိထားရမယ့် အခြေခံကျင့်ဝတ်ဆိုပြီး (၂) မျိုး ရှိပါတယ်။ ⚖️ ၁။ 🚫 Plagiarism (ခိုးကူးမှု) ဆိုတာ ဘာလဲ❓ သူတစ်ပါးရဲ့ ကိုယ်ပိုင်အာဘော်၊ ကိုယ်ပိုင်ဟန်နဲ့ ကြိုးစားအားထုတ်ထားတဲ့ အရေးအသား၊ အိုင်ဒီယာတွေကို ခွင့်ပြုချက်မတောင်း၊ #Credit မပေးပဲ မိမိကိုယ်ပိုင်ဖြစ်သယောင် ခိုးယူအသုံးပြုခြင်းကို ဆိုလိုပါတယ်။ ဒါဟာ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ရှောင်ကြဉ်ရမယ့်အချက် ဖြစ်ပါတယ်။ ၂။ ✅ Intellectual Property Right (ဉာဏမူပိုင်ခွင့်) ဆိုတာ ဘာလဲ❓ လူတစ်ယောက်ရဲ့ ဉာဏ်ပညာနဲ့ ဖန်တီးထားတဲ့အရာ (စာပေ၊ အနုပညာ၊ နည်းပညာ) တွေသည် အဖွဲ့အစည်းများမှ အသိအမှတ်ပြုထားတဲ့ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပါတယ်။ ဒါကို လေးစားခြင်းဟာ ဖန်တီးသူရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားခြင်းပါပဲ။ 🌍 ဘာကြောင့် အရေးကြီးတာလဲ❓ နောင်လူငယ်တွေအနေနဲ့ တကမ္ဘာလုံးနဲ့ ရင်ဘောင်တန်းနိုင်ဖို့နဲ့ ကိုယ်ပိုင်တီထွင်နိုင်စွမ်းကို မြှင့်တင်နိုင်ဖို့ ဒီအလေ့အထကို အခုကတည်းက ပျိုးထောင်သင့်ပါပြီ။ မှတ်ချက်။။      ။။ မင်းသုတ (ဒီဇင်ဘာ ၇၊ ၂၀၂၃)၏ "ဉာဏမူပိုင်ခွင့်" အကြောင်းကို မှီငြမ်း၍ မိမိတို့ #Eagle_Information_Operator မှ ကိုးကား၍ အသေးစိတ် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ ( EIO_Founder ) #AdminTeam #Eagle_Information_Operator #KnowledgeSharing #Education #Ethics #Intellectual_Property_Right #Plagiarism #Eagle_Information_Operator

EIO
1 057
"လူလည်နဲ့ လူငယ်'' ---------------------------- လူငယ်တွေကို နေရာပေးကြရမယ်တဲ့ တကယ်လည်း ပေးကြပါတယ်ဗျာ အူတ်ဂူတွေပေါ်မှာ ရေးထားတဲ့
"လူလည်နဲ့ လူငယ်'' ---------------------------- လူငယ်တွေကို နေရာပေးကြရမယ်တဲ့ တကယ်လည်း ပေးကြပါတယ်ဗျာ အူတ်ဂူတွေပေါ်မှာ ရေးထားတဲ့အသက်တွေက ၂၅နှစ်အရွယ် ပတ်ချာလည်တွေချည်းပါပဲ။ ရွေးချယ်ခွင့်လည်း ပေးတယ်ဗျာ အဖြူရောင် အုတ်ဂူလေး လိုချင်လား အနီရောင် အုတ်ဂူလေး လိုချင်လားတဲ့ တိုင်းခြားပြည်ခြားမှာ အထောက်အထားမရှိလို့ အဖမ်းခံနေရတာကလည်း လူငယ်တွေပါပဲ... ကိုယ့်နိုင်ငံထဲမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံနေရတာလည်း လူငယ်တွေပါပဲ လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်ပါတဲ့ အခုတော့ အနက်ကာခံလိုက်ကြရပါပြီ... ⬛သိုးမည်း

EIO
1 057
တော်လှန်ရေးနှင့်နည်းပညာတိုက်ပွဲ တော်လှန်ရေးဆိုတာ လက်နက်နဲ့တိုက်တဲ့ပွဲတစ်ခုတည်း မဟုတ်ပါ။ နည်းပညာ၊ အသိပညာနဲ့ အချိန်ကို အကျိုးရှ
တော်လှန်ရေးနှင့်နည်းပညာတိုက်ပွဲ တော်လှန်ရေးဆိုတာ လက်နက်နဲ့တိုက်တဲ့ပွဲတစ်ခုတည်း မဟုတ်ပါ။ နည်းပညာ၊ အသိပညာနဲ့ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်မှုကလည်း အရေးကြီးတဲ့ တိုက်ပွဲတစ်ရပ်ပါ။ နည်းပညာတိုးတက်လာသလို တော်လှန်ရေးရဲ့နည်းလမ်းတွေလည်း တိုးတက်ရမယ်။ အသိပညာနဲ့ နည်းပညာကို ပြည်သူ့အကျိုးအတွက် အသုံးချနိုင်တဲ့ လူငယ်တွေရဲ့စွမ်းအားက အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ အဆင်သင့်စွမ်းအားတခုရှိနေဆဲပါ။ #kndfuav #kndf #uav #fypシ #flowers #reels #RCS https://www.facebook.com/share/19foc8hVGo/

EIO
1 057
Repost from EIO
ဖတ်ပါ၊စီစစ်ပါ၊မူရင်းအတိုင်းပြန်လည်မျှဝေပါ🙏 #EIO #Admin_Team #Eagle_Information_Operator
ဖတ်ပါ၊စီစစ်ပါ၊မူရင်းအတိုင်းပြန်လည်မျှဝေပါ🙏 #EIO #Admin_Team #Eagle_Information_Operator

EIO
1 057
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 26, 7:16AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 26, 7:13AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(2)စီးသည် ကိုင်းတောလမ်းခွဲသို့ ရောက်ရှိ၍ စခကင်းများချထားခဲ့ပြီး မုံရွာမြို့ထဲသို့ ပြန်လည်ဦးတည်သွားကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် ဂရုစိုက်၍သွားလာကြပါရန်🙏🏻 #EIO Aug 26, 6:57AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 057
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ (Jet Fighter များနှင့် အခြားလေကြောင်း ဗုံးကျဲယာဉ်များ) အမှန်တကယ် ပြန်လည်ထွက်ခွာသွားကြောင်း သေချာပြီ၊ စိတ်ချရပြီဆိုမှသာ မိမိပုန်းခိုရာနေရာမှ ပြန်လည်ထွက်ခွာသင့်ပါသည်။ တစ်ခါတစ်ရံ မိမိတို့နယ်မြေမှ ပြန်သွားပြီဟု ထင်ရသော်လည်း ပြန်လည်လှည့်ပတ်လာပြီး တိုက်ခိုက်တတ်သည့် ဖြစ်လေ့၊ ဖြစ်စဉ်များ ရှိသည့်အတွက်ကြောင့် အခြားနယ်မြေများသို့ ဆက်လက်ဖြတ်သန်းသွားကြောင်း အတည်ပြုပြီးမှသာ ယုံကြည်စိတ်ချစွာ ပုန်းခိုရာနေရာမှ ထွက်ခွာရန် ဆုံးဖြတ်သင့်ပါသည်။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar