EIO
Open in Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Show more1 055
Subscribers
-124 hours
No data7 days
+630 days
Posts Archive
1 055
(24,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (1:51)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar
1 055
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌 ချောင်းဦးနယ်၊ မြပုလဲအထိုင်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Aug 24, 2:07PM
@EIO2021_bot ၊ @EagleInformationOperator_bot
#EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ကြေးမုံရွာစာသင်ကျောင်းသို့ ရောက်ရှိနေပြီး လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 24, 1:50PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်တွင် ထိုင်းပြန် လူငယ် ၁၈ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ ရန်ကုန်တွင်လည်း လူငယ်များ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေ
ရန်ကုန်၊ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတံတားရှိ စစ်တပ်စစ်ဆေးရေးဂိတ်တွင် မြဝတီမြို့မှ ပြန်လာသည့် ထိုင်းပြန် လူငယ် ၁၈ ဦးကို စစ်တပ်က ခရီးသည်တင်ယာဉ်ပေါ်မှ ဆွဲချကာ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ်၌ ခရီးသည်တင်ကားများကို စစ်ဆေးနေစဉ် မြဝတီမှ ပြန်လာသည့် ထိုင်းပြန်အမျိုးသားလူငယ် ၁၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
“စစ်တပ်က မနေ့က စစ်ကိုင်းတံတားဂိတ်မှာ ခရီးသည်တင်ကားပေါ်ပါလာတဲ့ မြဝတီက ပြန်လာတဲ့ လူငယ် ၁၈ ဦးကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတာပါ။ သူတို့က ထိုင်းကနေ ပြန်လာကြတာ။ ဖမ်းဆီးခံရသူတွေက အသက် ၃၀ ဝန်းကျင် အရွယ်တွေ ဖြစ်ကြပါတယ်။ ” ဟု ဖြစ်စဉ်ကို သိရှိထားသော ဒေသသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဩဂုတ်လ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့အဝင်အထွက် လမ်းဆုံများ၊ ပန်းခြံများနှင့် သီတဂူဗုဒ္ဓတက္ကသိုလ် မြောက်ဘက်လမ်းဆုံတို့တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ပြီး အသက် ၂၀ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ် ၂၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကိုင်းမြို့ မင်းကွန်းဘုန်းကြီးကျောင်းရှေ့တွင်လည်း မကြာသေးမီရက်ပိုင်းအတွင်း လူငယ် ၄ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း၊ မဟာသွံသာရဘုန်းကြီးကျောင်းအနီးတွင်လည်း လူငယ်များကို မကြာခဏ ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
အလားတူ ရန်ကုန်တိုင်းအတွင်းတွင်လည်း လူငယ်များ အလုပ်သွား၊ အလုပ်ပြန် သွားလာချိန်များအတွင်း ပေါ်တာဆွဲဖမ်းဆီးရန် လိုက်လံရှာဖွေမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်း အင်းစိန်မြို့နယ်ရှိ မဟာကမ္မဌာန်းဘုန်းကြီးကျောင်းအနီး အမည်းရောင်အိမ်စီးကားတစ်စီးက အလုပ်မှပြန်လာသည့် အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးကို ကားပေါ်မှ လှမ်းဆွဲကာ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါလူငယ်မှာ အဖမ်းမခံဘဲ အလွတ်ရုန်းထွက်ပြီး “မလုပ်ကြပါနဲ့၊ ကျွန်တော် အလုပ်လုပ်မှ ထမင်းစားရတာပါ။ ကျွန်တော့်မှာ လုပ်ကျွေးရမယ့် အမေအိုကြီးရှိပါတယ်” ဟု အော်ဟစ်ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအမည်းရောင်အိမ်စီးကားမှာ အင်းစိန်မြို့နယ်အတွင်း လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရန် လိုက်လံအသုံးပြုနေသည့်ကားဖြစ်ပြီး ကားပေါ်တွင် အရပ်ဝတ်အမျိုးသားများ အုပ်စုလိုက် စီးနင်းလိုက်ပါနေကြောင်း၊ အဆိုပါကားက ပေါ်တာဆွဲ ဖမ်းဆီးရရှိသည့် လူငယ်များကို အင်းစိန်မြို့နယ်ထွေ/အုပ်ရုံးအတွင်း စုစည်းထားကြောင်းသိရှိရသည်။
အဆိုပါ အိမ်စီးကားဖြင့် စစ်မှုထမ်း ပေါ်တာဆွဲလေ့ရှိသည့်နေရာမှာ အင်းစိန်ခရိုင်အုပ်ချုပ်ရေးမှူးအိမ်ရာဟု လူသိများသည့် “မင်းကြီးခြံ” အနီးတွင် ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ GTI ကျောင်းရှေ့နှင့် ဂျပန်လမ်းတစ်လျှောက်တွင်လည်း ညဘက်အချိန်များ၌ ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေသဖြင့် လူငယ်များအနေဖြင့် အထူးသတိထားသွားလာကြရန် ဒေသခံများက သတိပေးထားသည်။
အကြမ်းဖက်စစ်တပ်က ယခုဩဂုတ်လအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၈ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
#KTM
1 055
Repost from EIO
🚨 [အထူးသတိပေးချက်] လူကို မယုံဘဲ စနစ်ကိုသာ ယုံကြည်ပါ ⚠️
— စစ်ကောင်စီ၏ ဘက်ပြောင်း/ဖမ်းဆီးခံရသူများ အသုံးပြု ထောင်ဖမ်းသည့် နည်းဗျူဟာ (Lure Tactics) များအား တုံ့ပြန်ကာကွယ်ခြင်း —
အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံတွင် အရေးနိမ့်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များ၏ "ရဲဘော်ရဲဘက်စိတ်"နှင့် "ရင်းနှီးကျွမ်းဝင်မှု" များကို အခွင့်ကောင်းယူ၍ Lure Tactics (ထောင်ဖမ်းသည့် နည်းဗျူဟာများ)ကို အရှိန်အဟုန်မြှင့် ယခုနောက်ပိုင်းအသုံးပြုလာနေပါသည်။
တော်လှန်ရေးတွင် ပါဝင်နေသည့်ရဲဘော်များ၊ ထောက်ပံ့သူများနှင့် မိဘပြည်သူများ၏ အသက်အန္တရာယ်သည် သတင်းလုံခြုံရေး (OPSEC) ပေါ်တွင် တိုက်ရိုက် မူတည်နေပါသည်။
စစ်ကောင်စီသည် ဖမ်းဆီးရမိထားသော ရဲဘော်များ၊ ဘက်ပြောင်းသွားသူများ (သို့မဟုတ်) ၎င်းတို့၏ ဖုန်း/ဆိုရှယ်မီဒီယာ အကောင့်များကို သိမ်းပိုက်၍ "အကူအညီတောင်းခံခြင်း"၊ "ရိက္ခာ/လက်နက် ပို့ဆောင်ခိုင်းခြင်း"၊ "တွေ့ဆုံရန် ချိန်းဆိုခြင်း"စသည့် နည်းလမ်းမျိုးစုံဖြင့် အကွက်ဆင် ထောင်ဖမ်းလျက်ရှိသည်။
ထို့ကြောင့် မိဘပြည်သူများနှင့် တော်လှန်ရဲဘော်များအနေဖြင့် "လူကို မယုံဘဲ၊ စနစ်ကိုသာ ယုံကြည်ပါ"ဆိုသည့် မူကို တိကျစွာ လက်ကိုင်ထားပြီး အောက်ပါ ဆောင်ရန်/ရှောင်ရန်များကို မဖြစ်မနေ လိုက်နာကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
🛑 တော်လှန်ရဲဘော်များနှင့် ထောက်ပံ့သူများအတွက် ဆောင်ရန်/ရှောင်ရန်များ။
🟢 ဆောင်ရန် (DOs)
🛡️ စိစစ်အတည်ပြုခြင်း စနစ် (Verification Protocol) ကျင့်သုံးပါ။
ခရီးသွားနေသည့် ရဲဘော်၊အဆက်အသွယ်ပြတ်နေသည့် အဖွဲ့ဝင် သို့မဟုတ် ဘက်ပြောင်းလာသူများထံမှ ဆက်သွယ်လာပါက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေမခံဘဲ မကြိုတင်ပြင်ဆင်နိုင်သော ကိုယ်ပိုင်လျှို့ဝှက် မေးခွန်းများ/စကားဝှက်များ (Challenge-Response Questions) ဖြင့် အထပ်ထပ် စိစစ်ပါ။
🔐 သတင်းအချက်အလက် ခွဲခြားထိန်းသိမ်းပါ (Need-to-Know Basis)။
မည်မျှပင် ရင်းနှီးသူဖြစ်ပါစေ ၎င်း၏ တာဝန်နှင့် မသက်ဆိုင်သည့် စခန်းတည်နေရာ၊ စစ်ကြောင်းသွားလာမှု၊ ထောက်ပံ့ရေးလမ်းကြောင်းနှင့် အခြားရဲဘော်များ၏ သတင်းအချက်အလက်များကို လုံးဝ မမျှဝေပါနှင့်။
📱 လုံခြုံရေးမြင့်မားသော ဆက်သွယ်ရေးစနစ်များ အသုံးပြုပါ။
Signal/Telegram ကဲ့သို့သော အက်ပ်များတွင် #Auto-delete (ပျောက်ကွယ်စာတို) စနစ်ကို အချိန်တိုတို သတ်မှတ်ထားပါ။ ပြင်ပဖုန်းလိုင်း (Regular Call/SMS) များမှတစ်ဆင့် လျှို့ဝှက်ချက်များ ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။
🚨 အဆက်အသွယ်ပြတ်တောက်ပါက အရေးပေါ်စနစ် ပြောင်းပါ။
ရဲဘော်တစ်ဦးဦး (သို့မဟုတ်) ထောက်ပံ့သူတစ်ဦးဦး ဖမ်းဆီးခံရကြောင်း ကြားသိပါက (သို့မဟုတ်) မသင်္ကာဖွယ် ဆက်သွယ်မှုများ ရှိလာပါက ၎င်းနှင့် ပတ်သက်ဖူးသမျှ အကောင့်များ၊ အဆက်အသွယ်များကို ချက်ချင်းဖြတ်တောက်ပြီး #Safe House နှင့် လမ်းကြောင်းများကို အမြန်ဆုံး ပြောင်းလဲပါ။
🔴 ရှောင်ရန် (DON'Ts)
❌ အရင်က ရင်းနှီးဖူးသည်ဆိုသော အကြောင်းတစ်ခုတည်းဖြင့် မယုံပါနှင့်။
ဖမ်းဆီးခံရသူ (သို့မဟုတ်) ဘက်ပြောင်းသွားသူ၏ အကောင့်များသည် စစ်ကောင်စီ၏ လက်ထဲတွင် ရှိနေနိုင်သကဲ့သို့ ဖိအားပေး ခြိမ်းခြောက်ခံထားရသည့်အတွက် ၎င်းကိုယ်တိုင်က စစ်ကောင်စီခိုင်းသည့်အတိုင်း ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်။
❌ ချိန်းဆိုမှုများသို့ တစ်ဦးတည်း/သတိမဲ့ မသွားပါနှင့်။
အရေးပေါ် ရိက္ခာ/ငွေကြေး သွားရောက်ပို့ဆောင်ရန် (သို့မဟုတ်) လူချင်းတွေ့ဆုံရန် ချိန်းဆိုလာပါက လုံခြုံရေး စိစစ်မှု မပြုလုပ်ဘဲ ရုတ်တရက် မသွားပါနှင့်။
❌ ဖုန်း/ကွန်ပျူတာများတွင် အကဲဆတ်ဒေတာများ မသိမ်းထားပါနှင့်။
ဖမ်းဆီးခံရပါက အခြားရဲဘော်များပါ ကွင်းဆက်ပြတ် ပါဝင်သွားနိုင်သည့် မိမိအဖွဲ့ဝင်စာရင်း၊ ဓာတ်ပုံ၊ တည်နေရာ ဒေတာများနှင့် ဘဏ္ဍာရေး မှတ်တမ်းများကို သာမန်ဖုန်းများထဲတွင် သိမ်းဆည်းထားခြင်း မပြုပါနှင့်။
❌ လူမှုကွန်ရက်ပေါ်တွင် တည်နေရာနှင့် လှုပ်ရှားမှုများ ဖော်ပြခြင်း မပြုပါနှင့်။
ခရီးသွားလာမှု၊ တပ်တည်နေရာ (သို့မဟုတ်) ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို Facebook/Messenger စသည်တို့ပေါ်တွင် Check-in ဝင်ခြင်း၊ ပုံတင်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။
📢 မိဘပြည်သူများ သတိပြုရန်
အကူအညီတောင်းဆိုမှုများကို အထူးသတိပြုပါ။ မိမိတို့ သိကျွမ်းသည့် ရဲဘော်တစ်ဦးဦးထံမှ (သို့မဟုတ်) တော်လှန်ရေး အကောင့်တစ်ခုခုထံမှ အရေးပေါ် ငွေကြေး သို့မဟုတ် ခိုလှုံခွင့် တောင်းခံလာပါက သက်ဆိုင်ရာ မြို့နယ်/နယ်မြေခံ တော်လှန်ရေး တာဝန်ရှိသူများထံ အခြားလမ်းကြောင်းမှတစ်ဆင့် မဖြစ်မနေ အတည်ပြုပါ။
*သတင်းလုံခြုံရေးသည် အသက်ဖြစ်သည်။ "ငါတို့နဲ့ ရင်းနှီးတာဘဲ" ဟူသော ပေါ့ဆမှုတစ်ခုသည် တော်လှန်ရဲဘော်များစွာ၏ အသက်နှင့် စခန်းတစ်ခုလုံး၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း အစဉ်သတိရပါ။
💬 "တစ်ဦးတစ်ယောက်၏ ပေါ့ဆမှုသည် စခန်းတစ်ခု၊ ရဲဘော်တစ်စု၏ အသက်ကို ပေးဆပ်ရစေနိုင်ပါသည်။ စနစ်အတိုင်း လိုက်နာခြင်းသည် တော်လှန်ရေး၏ အကောင်းဆုံး ဒိုင်းကာ ဖြစ်သည်။"
#Eagle_Information_Operator #EIO #OPSEC #SecurityAwareness #Alert #SagaingRegion #LureTactics #SafetyFirst
1 055
၅ နှစ်ကျော်အတွင်းစစ်တပ်လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျတာအနည်းဆုံး ၁၀ စီးရှိလာ
သြဂုတ်-၂၄၊၂၀၂၆/People's Spring
မိတ္ထီလာရှမ်းတဲလေတပ်ထဲပျက်ကျခဲ့တဲ့ အမောင်းသင်လေယာဥ်ဟာ သြဂုတ် ၂၁ရက်မှာ ပျက်ကျခဲ့တာကြောင့် People's Spring စုဆောင်းထားတဲ့အချက် အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအကြောင်းအမျိုးမျိုးကြောင့်ပျက်ကျတဲ့ စစ်
တပ်လေယာဥ် ၊ရဟတ်ယာဥ်အနည်းဆုံး
၁၀ စီးရှိနေပြီဖြစ်ပါတယ်။
ဒါ့အပြင်တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ စစ်တပ်ရဲ့ တိုက်လေယာဥ်တွေ၊ရဟတ်ယာဥ်တွေ ပစ်ချဖျက်ဆီးခံရတာ အနည်းဆုံး ၁၄ စီး ရှိလာပြီဖြစ်ပါတယ်။၂၀၂၆ ဂျုလိုင်လက မကွေးတိုင်း မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက စစ်တပ်ရဲ့ MI-17 ရဟတ်ယာဥ်ကို FPV ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာက လက်တလောမှာ နောက်ဆုံးဖြစ်ပါတယ်။
#People's Spring
1 055
⚜️ #EIO_Update_News
မုံရွာမြို့၊ စက်မှုဇုန် အေးရိပ်သာလမ်း၊ဗိုလ်တေဇလမ်း၊သမ္မစိတ္တလမ်း၊မြို့ရှောင်လမ်းတို့တွင် စခအိမ်စီးကားများသည် ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
#EIO
Aug 24, 8:27AM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
(Jet Fighter များနှင့် အခြားလေကြောင်း ဗုံးကျဲယာဉ်များ) အမှန်တကယ် ပြန်လည်ထွက်ခွာသွားကြောင်း သေချာပြီ၊ စိတ်ချရပြီဆိုမှသာ မိမိပုန်းခိုရာနေရာမှ ပြန်လည်ထွက်ခွာသင့်ပါသည်။
တစ်ခါတစ်ရံ မိမိတို့နယ်မြေမှ ပြန်သွားပြီဟု ထင်ရသော်လည်း ပြန်လည်လှည့်ပတ်လာပြီး တိုက်ခိုက်တတ်သည့် ဖြစ်လေ့၊ ဖြစ်စဉ်များ ရှိသည့်အတွက်ကြောင့် အခြားနယ်မြေများသို့ ဆက်လက်ဖြတ်သန်းသွားကြောင်း အတည်ပြုပြီးမှသာ ယုံကြည်စိတ်ချစွာ ပုန်းခိုရာနေရာမှ ထွက်ခွာရန် ဆုံးဖြတ်သင့်ပါသည်။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
1 055
Repost from EIO
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"
📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 055
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 055
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌 မုံရွာနယ်၊ ကျောက်စစ်ပုံ အမတ(၅၀၈)မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Aug 23, 9:22PM
@EIO2021_bot ၊ @EagleInformationOperator_bot
#EIO #EmergencyAlert #StaySafe #Monywa #WhatsHappeningInMyanmar #SecurityUpdate
1 055
“စလော့ဂိမ်းနဲ့ အွန်လိုင်းငွေကြေးလောင်းကစားတွေက လူထုတော်လှန်ရေးရဲ့ ယိုပေါက်ဖြစ်လာသလား”
တော်လှန်ရေးအစပိုင်းကာလကို ပြန်လှည့်ကြည့်မယ်ဆိုရင် လူထုရဲ့ပါဝင်မှုအားက အံ့မခန်းဖြစ်ခဲ့တယ်။ လူကြီး၊ လူလတ်၊ လူငယ်မရွေး တသံတည်းချီ၊ တညီတည်း ဟစ်ကြွေးခဲ့ကြတယ်။ တစိတ်တဝမ်းတည်း လက်တွဲရပ်တည်ခဲ့ကြတယ်။ မိမိတကိုယ်စာအကျိုးထက် တိုင်းပြည်အကျိုးကို ရှေ့တန်းတင်ခဲ့ကြတယ်။ အဲဒီစိတ်ဓာတ်ဟာ တော်လှန်ရေးရဲ့ အကြီးမားဆုံးအင်အားဖြစ်ခဲ့တယ်။
ဒါပေမယ့် တော်လှန်ရေးကာလရှည်လာတာနဲ့အမျှ စစ်ဘေး၊ စီးပွားရေးအကြပ်အတည်း၊ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေကျဆင်းမှုတွေက လူထုကို တဖြည်းဖြည်း ဖိအားပေးလာခဲ့တယ်။ မျှော်လင့်ချက်တွေ မှေးမှိန်လာတဲ့အချိန်မှာ “ငွေအလွယ်ရမယ်” ဆိုတဲ့ မက်လုံးနဲ့ အွန်လိုင်းစလော့ဂိမ်းနဲ့ ငွေကြေးလောင်းကစားတွေက လူအများကြားထဲ အလျင်အမြန် ဝင်ရောက်လာခဲ့တယ်။
အစပိုင်းမှာတော့ “စမ်းဆော့ကြည့်တာပါ” ဆိုတဲ့စိတ်နဲ့ စခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အနိုင်ရဖို့ထက် ရှုံးသွားတဲ့ငွေကို ပြန်လိုချင်တဲ့စိတ်က ပိုကြီးလာတယ်။ အဲဒီလိုနဲ့ ဂိမ်းတပွဲပြီး တပွဲ၊ တရက်ပြီး တရက် အချိန်တွေ၊ ငွေတွေ၊ ဘဝတွေကို စလော့ဂိမ်းထဲမှာပဲ အပ်နှံလာကြတယ်။
တချို့တွေဆို အလုပ်ပျက်၊ အကိုင်ပျက်ဖြစ်လာကြတယ်။ နေ့စဉ်လုပ်ငန်းကို စိတ်မဝင်စားတော့ဘူး။ မိသားစုကို ဂရုမစိုက်နိုင်တော့ဘူး။ နိုင်ငံရေးကိုလည်း စိတ်ဝင်စားမှု လျော့နည်းသွားတယ်။ ဖုန်းတလုံးကိုင်ပြီး စလော့လှည့်ရင်း၊ လောင်းကစားလုပ်ရင်းနဲ့ တနေ့တာကုန်ဆုံးသွားတာမျိုးတွေ များလာခဲ့တယ်။ နောက်ဆုံးမှာတော့ ငွေမရတဲ့အပြင် အချိန်၊ အနာဂတ်နဲ့ စိတ်ဓာတ်တွေပါ ဆုံးရှုံးသွားကြရတယ်။ ဒီနောက်ပိုင်းမှာတော့ အသက်တွေပါ ဆုံးရှုံးရတဲ့အထိကို စိတ်မကောင်းစွာ မြင်တွေ့လာခဲ့ရတယ်။
ဒီအခြေအနေက လူတယောက်ချင်းစီရဲ့ ပြဿနာတင် မဟုတ်တော့ဘူး။ လူထုအင်အားကို တဖြည်းဖြည်းချင်း လျော့ပါးစေတဲ့ လူမှုရေးပြဿနာတခု ဖြစ်လာတယ်။ တော်လှန်ရေးအတွက် လိုအပ်တဲ့ လူ့စွမ်းအား၊ စိတ်ဓာတ်နဲ့ အချိန်တွေကို လောင်းကစားက တိတ်တဆိတ် စုပ်ယူနေသလို ဖြစ်နေတယ်။
တကယ်တော့ တော်လှန်ရေးတရပ်ကို စစ်အင်အားနဲ့ပဲ မဖျက်ဆီးနိုင်ဘူး။ လူထုရဲ့ စိတ်ဓာတ်ကို ယိုယွင်းစေတဲ့အရာတွေ၊ အာရုံလွှဲစေတဲ့အရာတွေ၊ မျှော်လင့်ချက်ပျောက်စေတဲ့အရာတွေကလည်း တော်လှန်ရေးကို အားနည်းသွားစေနိုင်တယ်။ အွန်လိုင်းစလော့ဂိမ်းနဲ့ ငွေကြေးလောင်းကစားတွေဟာ ဒီလို ယိုပေါက်တခုအဖြစ် တဖြည်းဖြည်း ပေါ်ထွက်လာနေတယ်လို့ ပြောရင် မမှားပါဘူး။ ဒီလို အခြေအနေဖြစ်အောင်လို့လည်း စစ်အာဏာသိမ်းအုပ်စုက တမင်အကွက်ဆင်ပြီး လူထုစိတ်ဓာတ်၊ လူထုအင်အားကို အွန်လိုင်းလောင်းကစားတွေနဲ့ ဝေဝါးအောင် ဖန်တီးနေတာဖြစ်တယ်။
လူတွေက ငွေအလွယ်ရဖို့ ဝင်ကစားကြပေမယ့် တကယ်တမ်းတော့ ဆုံးရှုံးသွားတာက ငွေတင် မဟုတ်ဘူး။ အချိန်၊ အလုပ်အကိုင်၊ မိသားစု၊ စိတ်ဓာတ်နဲ့ လူ့ဘဝရဲ့ အနာဂတ်တွေပါ ဖြစ်တယ်။ တော်လှန်ရေးဆိုတာ လက်နက်ကိုင်တိုက်ပွဲတခုတည်း မဟုတ်ဘူး။ လူထုရဲ့ အသိစိတ်၊ စည်းလုံးညီညွတ်မှုနဲ့ တာဝန်ယူစိတ်ကို ထိန်းသိမ်းနိုင်မှ အောင်မြင်နိုင်တဲ့ လှုပ်ရှားမှုတရပ် ဖြစ်တယ်။ ဒါကြောင့် လူထုရဲ့ အချိန်နဲ့ စိတ်ဓာတ်ကို စုပ်ယူနေတဲ့ လောင်းကစားယဉ်ကျေးမှုကို သတိထားဖို့လိုသလို၊ ငွေအလွယ်ရမယ့် အိပ်မက်ထက် ကိုယ့်ဘဝကို ပြန်တည်ဆောက်မယ့် လမ်းကို ရွေးချယ်နိုင်မှသာ တော်လှန်ရေးရဲ့ အင်အားအစစ်ကို ဆက်လက်ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်။
ရဲဘော်နဲ့ ပြည်သူတို့…
မိမိကိုယ်ကို ထိန်းသိမ်းပါ။
မိမိပတ်ဝန်းကျင်ကို ဂရုစိုက်ပါ။
မိမိတို့ရဲ့ အနာဂတ်ကို ရှေးရှုပါ။
မိမိတို့တော်လှန်ရေးရဲ့ ယိုပေါက်များကို ပိတ်ဆို့ပါ။
Ivy Ei
ဒို့ဖက်ဒရယ်
အတွဲ၂အမှတ်၅
အခမဲ့ဖြန့်ဝေသည်
ဆောင်းပါး
#IvyEi
စလော့ဂိမ်း
1 055
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေသော စခကင်းများသည် မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 23, 6:09PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
(23,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Gyrocopter ဂျိုင်ရိုကော်ပတာ (3)စီးသည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (5:00,5:04,5:06&5:10)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Gyrocopter #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar
1 055
⚜️ #EIO_Update_News
ချောင်းဦးနယ်၊ ခင်မွန်ရွာဘက်မှ စခအအများတင်ဆောင်လာသော ယာဉ်တန်းသည် မုံရွာမြို့ နတ်လူထိပ်ပန်ဖြတ်၍ မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 23, 3:13PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 055
⚜️ #EIO_Update_News
ချောင်းဦးနယ်၊ ခင်မွန်ရွာဘက်မှ စခအအများတင်ဆောင်လာသော ယာဉ်တန်းသည် မုံရွာနယ်၊ တောင်ခြမ်း မြေနဲရွာဖြတ်၍ မုံရွာမြို့တွင်းသို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 23, 3:07PM
@EIO2021_bot ၊ @EagleInformationOperator_bot
