en
Feedback
EIO

EIO

Open in Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Show more
1 054
Subscribers
+124 hours
-47 days
+230 days
Posts Archive
EIO
1 054
Repost from EIO
photo content

EIO
1 054
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ် နှင့် လမ်းကြိုလမ်းကြားများမကျန်၊ မြို့အဝင်အထွက် စစ်‌ဆေးရေးဂိတ်များ၊ အိမ်စီးကားများကို အသုံးပြု၍ ကင်းပတ်ပြီး‌သော်လည်းကောင်း စခ၊ရခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းတမ်းခြင်း၊ လူငယ်\လူလတ်ပိုင်းများကို အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများကို ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation

EIO
1 054
Repost from EIO
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ "မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်... ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။ စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 054
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 054
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 054
Repost from EIO
စိတ်မကောင်းစရာကတော့ အဲဒီလိုသတင်းတွေက သိပ်ပြီး ရှိမနေပါဘူး။ တရားခံကို ဘယ်လို ဖမ်းဆီးပြီး ဘယ်လို အရေးယူတယ်၊ ဘယ်လောက် ပြစ်ဒဏ်ချလိုက်ပြီဆိုတဲ့ သတင်းတွေကတော့ ကျူးလွန်တဲ့ သတင်းတွေလောက် မပေါများနေပါဘူး။ ဒါဟာ ရဲစခန်းတွေ၊ တရားရုံးတွေကိုယ်တိုင်ဆီမှာ မရှိတာလည်း ဖြစ်နိုင်သလို သတင်းရေးတဲ့ သတင်းထောက်ဆီ၊ ဆိုရှယ်မီဒီယာအသုံးပြုသူတွေဆီမှာလည်း မရှိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လူ့အဖွဲ့အစည်းထဲမှာကိုက ရှိမနေတာလည်း ဖြစ်ပါလိမ့်မယ်။ နိဂုံးချုပ်ရရင်တော့ ကျွန်တော်တို့အနေနဲ့ သတင်းတစ်ပုဒ် ဒါမှမဟုတ် ပို့စ်တစ်ခုတင်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့တော့ လိုမယ်ထင်တယ်။ ဒီအရေးအသားက သမင်ကို သတိပေးနေတာလား၊ ဒါမှမဟုတ် မုဆိုးကို လမ်းပြနေတာလားဆိုတာပါပဲ။ ငြိမ့်လွင့်

EIO
1 054
Repost from EIO
သတင်းက သမင်ကို သတိပေးတာလား၊ မုဆိုးကို လမ်းပြနေတာလား Dawei Watch | အက်ဆေး သမင်တစ်ကောင်ကို မုဆိုးတစ်ယောက်က မြားနဲ့ပစ်ဖမ်းလိုက်တယ်။ ဒီသတင်းဟာ သမင်တွေကြားမှာရော၊ ဟိုးလေးတကျော် ပျံ့နှံ့သွားတယ်။ သတင်းရေးသားသူဟာ ဖြစ်စဉ်ကို ပီပီပြင်ပြင် ဖော်ပြထားတော့ စိတ်ဝင်စားဖို့ကောင်းနေတယ်။ မုဆိုးက ဘယ်နေရာမှာ ပုန်းတယ်၊ ဘယ်လို အသက်ရှူတယ်၊ မြားက ဘယ်လို ထိသွားတယ်ဆိုတာအထိ အသေးစိတ် ဖော်ပြထားတယ်။ အဲဒီသတင်းကို သမင်တွေကလည်း ဖတ်မယ်။ မုဆိုးတွေကလည်း ဖတ်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ။ ဆက်တွေးကြည့်ရအောင်ပါ။ ကျွန်တော်တို့ ကလေးတုန်းက မှုခင်းစာစောင်တွေ ရောင်းကောင်းခဲ့ကြတယ်။ မုဒိမ်းသတင်းတွေ၊ လူသတ်သတင်းတွေလည်း မကြာမကြာ တွေ့ရတယ်။ စိတ်မကောင်းစရာက အဲဒီအမှုအခင်းတွေဟာ လျော့နည်းသွားတာမျိုး၊ ပပျောက်သွားတာမျိုးမရှိဘဲ ပိုဆိုးလာတယ်လို့တောင် ထင်ရတာပါပဲ။ အသက်အရွယ်အစုံ မုဒိမ်းမှုတွေ၊ ကြမ်းကြုပ်လွန်းတဲ့ လူသတ်မှုတွေ။ ဆို့နင့်ဖွယ်ကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ။ ဒါတွေဘာကြောင့်ဖြစ်လဲ။ အကြောင်းတွေ ရှာကြည့်ရင်တော့ အများကြီးရှိနေမှာပါပဲ။ အစိုးရတွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေ အဆီအငေါ်မတည့်တာတွေလည်း ပါပါလိမ့်မယ်။ ကျွန်တော်တွေးကြည့်နေမိတာက မီဒီယာတွေ ဒါမှမဟုတ် ရေးသားဖော်ပြမှုတွေအကြောင်းပါ။ မီဒီယာလို့ ပြောရင် ဆိုရှယ်မီဒီယာတွေလည်း အပါအဝင်ပေါ့။ အဲဒီအပိုင်းကိုပဲ ခွဲထုတ်ပြီး စဉ်းစားကြည့်တာပါ။ သတင်းတွေ ဘာကြောင့်ရေးလဲ၊ ဘယ်လိုရေးလဲဆိုတာအပေါ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် သိပ်မပြောကြဘူးလို့ ကျွန်တော်ထင်တယ်။ သတင်းတွေကို ဘာကြောင့်ရေးလဲ။ လွယ်လွယ်ဖြေရရင် အများပြည်သူ သိစေချင်လို့၊ သတိပြုစေချင်လို့၊ ဒါတွေ ဖြစ်မှာပါပဲ။ ဘယ်မှာ ဘာဖြစ်နေတယ်ဆိုတာကို ရေးလိုက်တဲ့အခါ တခြားနေရာကလူတွေလည်း သတိပြုမိမယ်။ ကြိုတင်ကာကွယ်တာ၊ ဆင်ခြင်တာတွေ လုပ်နိုင်တယ်။ ဒါက ကောင်းတဲ့သက်ရောက်မှု ပါပဲ။ ဒါပေမဲ့ အရိပ်ကွယ်နေတဲ့ အပိုင်းကိုလည်း ရှာကြည့်ဖို့ လိုမယ်ထင်ပါတယ်။ သမင်တစ်ကောင်ကို မုဆိုးတစ်ယောက်က ဘယ်ပုံဘယ်နည်း မြားနဲ့ပစ်ဖမ်းလိုက်တယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုပဲ နမူနာပြုချင်ပါတယ်။ အဲဒီသတင်းကို အခြားသော သမင်တွေကလည်း ဖတ်မယ်၊ မုဆိုးတွေကလည်း ဖတ်မယ်။ သတင်းကို ဖတ်ရတဲ့အခါ သမင်တွေဟာ သူတို့ရဲ့ဘေးအန္တရာယ်အကြောင်းကို တွေးမယ်။ သတင်းထဲက သမင်ဟာ ဘယ်လိုဘယ်ပုံ ခံလိုက်ရတယ်ဆိုတာကို ဆင်ခြင်မယ်။ ရှောင်ရှားမယ်။ ကျွန်တော်တို့ သတိပြုရမှာက မုဆိုးတွေဟာလည်း သတင်းဖတ်သူတွေဖြစ်တယ်ဆိုတာပါပဲ။ သူတို့တွေအတွက်တော့ သမင်ကို ဖမ်းဆီးနိုင်ခဲ့တဲ့ မုဆိုးကို ချီးမွမ်းခန်းဖွင့်ကြမယ်။ ဘယ်လိုပစ်ဖမ်းရတယ်ဆိုတာကို နည်းယူမယ်၊ တောအုပ်ရဲ့ ဟာကွက်တွေကို လေ့လာမယ်။ ဒါပါပဲ။ ဒီတော့ သတင်းတွေဟာ မုဆိုးတွေအတွက် လမ်းပြတွေဖြစ်နေနိုင်ပါတယ်။ အသေးစိတ်ဖော်ပြလေလေ လေ့လာစရာ ကျမ်းတစ်ဆူလို ဖြစ်လေလေပါပဲ။ အရင်တုန်းကတော့ သတင်းကို သတင်းစာ၊ ဂျာနယ်တွေက ရေးတယ်။ အခုတော့ လူတိုင်း သတင်းရေးနေကြတယ်။ လူတိုင်း အများသိအောင် ဖြန့်နိုင်တဲ့ခေတ်မှာ လူတိုင်း အယ်ဒီတာဖြစ်လာတယ်။ ဒါပေမဲ့ အယ်ဒီတာတစ်ယောက်လို စဉ်းစားရတဲ့ တာဝန်ကိုတော့ မေ့နေကြတယ်။ သတင်းဆိုတာ ဖြစ်ခဲ့တာကို ပြောပြတာပဲ။ ဒါပေမဲ့ ဘယ်လိုပြောမလဲဆိုတာက အရေးကြီးပါတယ်။ လူတစ်ယောက် အသတ်ခံရတယ်ဆိုတာကို ပြောဖို့ လိုတယ်။ ဒါပေမဲ့ သူ့ရုပ်အလောင်းကို အသေးစိတ်ပြဖို့ လိုသလား။ အမျိုးသမီးတစ်ယောက် မုဒိမ်းကျင့်ခံရတယ်ဆိုတာကို လူ့အဖွဲ့အစည်း သိသင့်တယ်။ ဒါပေမဲ့ ဖြစ်စဉ်အသေးစိတ်ကို တစ်ကြောင်းမကျန် ရေးပြဖို့ လိုသလား။ အခုနောက်ပိုင်းတော့ သတင်းဌာနတွေနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းကြီးတွေဟာ သတင်းအရေးသားတွေကို ကျင့်ဝတ်အရ စိစစ်ကန့်သတ်လာပါတယ်။ အထူးသဖြင့် မုဒိမ်းမှု၊ လူသတ်မှု၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု စတာမျိုးတွေ။ အသေးစိတ်ပုံဖော်ပြတာမျိုးတွေကို လက်မခံတော့ပါဘူး။ ဒါပေမဲ့လည်း တချို့တွေကတော့ ကွက်ကွက်ကွင်းကွင်း၊ အတွင်းကျကျ ဖော်ပြနေကြဆဲပါပဲ။ ဒီလိုဖော်ပြနိုင်လေလေ ပို့စ်အောက်မှာ လူတွေ တပြုံတမကြီး ရောက်လာလေလေ၊ လူအများဆီကိုလည်း ပိုပျံ့နှံ့လေလေပါပဲ။ ပလက်ဖောင်းတွေက မကန့်သတ်နိုင်ခင်မှာပဲ အဲဒီသတင်းတွေဟာ လူအချင်းချင်း မျှဝေပြီးသား ဖြစ်နေတတ်ပါတယ်။ သတင်းတွေရဲ့ မူလရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်းကို အသိပေးဖို့၊ သတိပြုမိစေဖို့ပါပဲ။ ဒါပေမဲ့ တစ်ခါတလေ အဲဒီရည်ရွယ်ချက်ထက် ပိုသွားတတ်တယ်။ လူတွေဟာ သတင်းတွေဖတ်ရလွန်းပြီး ကြောက်လန့်သွေးပျက်လာကြတယ်။ ဘယ်မှာတော့ဖြင့် မုဒိမ်းမှုဖြစ်တယ်လို့ ရေးလိုက်တာဟာ ခင်ဗျားရှိနေတဲ့နေရာမှာလည်း အဲသလိုမျိုး ဖြစ်နိုင်တယ်လို့ သတိပေးလိုက်တာပါပဲ။ တစ်နည်းအားဖြင့် ခြောက်လှန့်လိုက်တာပါပဲ။ နောက်တစ်ခုတွေးမိတာက သတင်းတွေဟာ ဘာဖြစ်လို့ လူတွေကို စိတ်ချမ်းသာမှု မပေးနိုင်ရတာလဲ။ ဒီကိစ္စကလည်း အရေးကြီးပါတယ်။ တကယ်လို့သာ သမင်တစ်ကောင်ကို မုဆိုးက ဖမ်းတဲ့အကြောင်းမဟုတ်ဘဲ မုဆိုးတစ်ယောက်ကို ကျားဆွဲသွားတယ်ဆိုတဲ့သတင်းမျိုးဆိုပါတော့။ ဒီသတင်းကို သမင်တွေဖတ်ရတဲ့အခါ အထိုက်အလျောက်စိတ်လုံခြုံမှုကို ရစေမှာဖြစ်သလို မုဆိုးတွေအတွက်လည်း တစ်စုံတစ်ရာ တွန့်သွားစေမှာပဲ။

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်သာဂိတ်သို့ရောက်ရှိနေသော စခအိမ်စီးကားများသည် မုံရွာမြိုတွင်း ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #EIO Jul 26, 8:50PM 📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
(26,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိ
(26,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တစ်နေရာ၌ ယနေ့ ညပိုင်း (8:37/8:38)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 054
Repost from EIO
အာဏာသိမ်းကာလရဲ့ တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊
အာဏာသိမ်းကာလရဲ့ တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်း ဖြစ်ပါသည်။ ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါ ကျန်းမာနေစေဖို့ များစွာလိုအပ်ပါသည်။ ⏰စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ✨ ၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။ ၂။ တရေးတမောအိပ်စက်အနားယူပါ။ ၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။ ၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။ ၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။ ၆။ ရေများများသောက်ပေးပါ။ ၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်ဇောက် ရွှေကုန်းရပ်ကွက်တွင် စခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းတမ်းစွာ ပြုလုပ် ဖမ်းဆီးပေါ်တာဆွဲနေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Jul 26, 7:26PM 📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ #EIO_Update_News 📌 မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO Jul 26, 7:07PM 📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #WhatsHappeningInMyanmar #SecurityUpdate

EIO
1 054
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Jul 26, 6:49PM 📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
(26,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိ
(26,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အနောက်မြောက်ခြမ်း တစ်နေရာ၌ ယနေ့ ညနေပိုင်း (4:17/4:30)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 054
photo content

EIO
1 054
သူတို့၏ စိတ်ထဲတွင် အောင်ပွဲများ၊ ဂုဏ်ပြုမှုများနှင့် ထောက်ပံ့မှုများသည် အကန့်အသတ်ရှိသည့်သဖွယ် သူများအဖွဲ့က ရသွားလျှင် ငါတို့အဖွဲ့အတွက် ကုန်သွားလိမ့်မည်ဟု တွေးပူတတ်သော ပူလောင်စိတ်က အချင်းချင်း မယုံကြည်မှုနှင့် သံသယစိတ်များကို သယ်ဆောင်လာတတ်သည်။ တိုက်ပွဲတစ်ပွဲပြီးသည့်နောက် ထုတ်ပြန်ချက်များ ထုတ်ကြသည့်အခါ ကိုယ့်အဖွဲ့ကို ပြည်သူသိအောင် မည်သို့ထုတ်ပြန်ရမည်ကို တွေးတောခြင်းထက် တစ်ဖက်အဖွဲ့က သာသွားလျှင် ကိုယ့်အဖွဲ့က ရှုံးနိမ့်ကျန်ရစ်ခဲ့မည်ကို ကြောက်သောစိတ် (Fear of Missing Out / Fear of Inferiority) ကြောင့် တစ်ဖက်အဖွဲ့ကို ခြေထိုးချလိုစိတ်၊ မနာလိုစိတ်များ ဖြစ်ပေါ်လာတတ်သည်။ လက်တွေ့တွင် တော်လှန်ရေး၏ အောင်ပွဲဆိုသည်မှာ "အတူတကွ ခွဲဝေယူရမည့် ပန်းတိုင်" ဖြစ်သော်လည်း ကိုယ့်အတ္တအတွင်း ပိတ်မိနေသောအခါ အချင်းချင်းကြား မလိုမုန်းထားမှုများ ဖြစ်ပေါ်လာတတ်သည်။ တစ်ဖက်လူ၊ တစ်ဖက်အဖွဲ့က ကိုယ့်ထက်သာသွားမည်ကို မလိုလားခြင်းသည် အမှန်တကယ်တော့ "ကိုယ့်ကိုယ်ကိုယ် မလုံခြုံဟု ခံစားရခြင်း" ကြောင့် ဖြစ်သည်။ ကိုယ့်အရည်အချင်း၊ ကိုယ့်စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု (Self-esteem) အားနည်းသောအခါ ဘေးကလူ သာလွန်သွားသည်ကို မြင်ရလျှင် ကိုယ့်တည်ရှိမှုနှင့် ဩဇာအာဏာ မှေးမှိန်သွားမည်ကို စိုးရိမ်လာတတ်သည်မှာ လူ့စိတ်၏ အခြေခံသဘာဝတစ်ရပ် ဖြစ်သည်။ ထိုအခါ တစ်ဖက်လူ၏ အောင်မြင်မှုကို "သူတို့က ဆယ်လီမို့၊ ဟန်ပြမို့၊ နေရာယူတတ်သူတွေမို့" ဟု တန်ဖိုးချရန် ကြိုးစားတတ်ကြသည်။ အဆိုပါ စိတ်ထားများနှင့် မင်းအောင်လှိုင်၏ စိတ်သဘောထားကို နှိုင်းယှဉ်ကြည့်လျှင် ကြီးမားသော ကွာခြားချက် မရှိလှပါ။ မင်းအောင်လှိုင်၏ စိတ်သဘောသဘာဝမှာ အကြွင်းမဲ့ မလုံခြုံမှု (Extreme Insecurity) အပေါ် အခြေခံထားသည်။ ကိုယ့်ထက်တော်သူ၊ ကိုယ့်ထက် လူအများက ကြည်ညိုလေးစားသူ (ဥပမာ - ပြည်သူ့ခေါင်းဆောင်) ကို မြင်ရသည့်အခါ မနာလိုစိတ်နှင့် ကြောက်ရွံ့စိတ်များကို မထိန်းချုပ်နိုင်တော့ဘဲ လက်နက်အားကိုး၍ နှိပ်ကွပ်ဖျက်ဆီးလိုသော စိတ်များ ဖြစ်ပေါ်လာတတ်သည်။ ထို့နောက် "ငါ့အဖွဲ့၊ ငါ့စည်းစိမ်၊ ငါ့အာဏာကလွဲ၍ တိုင်းပြည်ပျက်ချင်ပျက်ပါစေ၊ ငါသာ အထွတ်အထိပ်ဖြစ်ရမည်" ဟူသော အတွေးဖြင့် အမှားကို အမှန်ထင်ကာ တွင်းနက်နက်ထဲသို့ တဖြည်းဖြည်း ဆင်းသက်သွားတတ်သည်။ တော်လှန်ရေးသည် ပြိုင်ဆိုင်ရမည့်အရာ မဟုတ်ပါ။ စီးပွားရေးတွင် ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်ကြခြင်းသည် "ဈေးကွက်" ကို အခြေခံပါသည်။ ပြိုင်ဆိုင်မှုရှိမှ ကုန်ပစ္စည်းများ ပိုမိုကောင်းမွန်လာမည်၊ ဈေးနှုန်းများလည်း သက်သာလာမည် ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးပြိုင်ဆိုင်မှုသည် လူထုအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှု (Positive Outcome) ကို ဦးတည်လေ့ရှိပါသည်။ သို့သော် တော်လှန်ရေးတွင် တပ်ဖွဲ့အချင်းချင်း ပြိုင်ဆိုင်ခြင်းသည် စီးပွားရေးကဲ့သို့ ကုန်ပစ္စည်းကောင်းအောင် ပြိုင်ဆိုင်ခြင်း မဟုတ်ဘဲ "ငါ့အဖွဲ့က နေရာပိုရဖို့၊ ငါ့အဖွဲ့က လက်နက်ပိုရဖို့၊ ငါ့အဖွဲ့က နယ်မြေပိုမိုထိန်းချုပ်နိုင်ဖို့" ဟူသော အာဏာနှင့် အတ္တကို ပြိုင်ဆိုင်ခြင်း ဖြစ်လာလျှင် လမ်းဆုံးသို့ ရောက်သွားနိုင်ပါသည်။ ထိုသို့သော ပြိုင်ဆိုင်မှု၏ ရလဒ်မှာ အချင်းချင်း သွေးကွဲခြင်း၊ စွမ်းဆောင်ရည် ကျဆင်းခြင်းနှင့် နောက်ဆုံးတွင် ရန်သူ့လက်ထဲ အရှုံးပေးရခြင်းဟူ‌သော အကျိုးဆက်များဆီသို့သာ တိုက်ရိုက် ဦးတည်နိုင်သောကြောင့် အထူးဆင်ခြင်သင့်ပါသည်။ ပြင်သစ်စိတ်ပညာရှင် ဂုစတားဗ် လီဘွန်၏ လေ့လာတွေ့ရှိချက်အရ တော်လှန်ရေးကာလကဲ့သို့ လူအုပ်စုကြီးများ စုဖွဲ့လှုပ်ရှားသည့် အချိန်များတွင် သာမန်အချိန်၌ ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့သောသူများပင် "လူစုလူဝေး" (Crowd) ထဲ ရောက်သွားသောအခါ ကိုယ်ပိုင်ဆင်ခြင်တုံတရား အားနည်းသွားတတ်ပြီး စိတ်ခံစားမှု၏ နောက်သို့သာ အလွယ်တကူ လိုက်ပါသွားတတ်ကြသည်ဟု ဆိုပါသည်။ မနာလိုစိတ်နှင့် ဒေါသစိတ်တို့သည် ကူးစက်ရောဂါကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့တတ်သည်။ ထို့ကြောင့် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ရန်သူကို တိုက်ခိုက်ရမည့်အစား မိမိတို့အချင်းချင်းကြား ကောလာဟလများနှင့် ယှဉ်ပြိုင်မှုများ၏ နောက်သို့ လိုက်ပါကာ အချင်းချင်း ပြန်လည်တိုက်ခိုက်မိသည့် ဖြစ်စဉ်များ မဖြစ်ပေါ်စေရန် အထူးသတိထား ရှောင်ကြဉ်သင့်ပါသည်။ အချင်းချင်း၏ အင်အားကို မဖြုန်းတီးဘဲ စုပေါင်းအင်အားဖြင့် ပိုမိုညီညွတ်ကြစေလိုပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ မျက်ခြေမပျက်၊ လက်တွဲညီညီ ချီတက်နိုင်ကြစေလိုပါသည်။ ထိုစေတနာဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။] #People's Goal (ပြည်သူ့ပန်းတိုင်)

EIO
1 054
"သတိပြုရမည်ဖြစ်သော အာဏာမျိုးစေ့နှင့် အာဏာသံသရာ" 🔹နွေဦးမြိုင် ကမ္ဘာ့အရပ်ရပ်မှ တော်လှန်ရေးများနှင့် မြန်မာ့နွေဦးတော်လှန်ရေး၏ ကနဦးရည်မှန်းချက်များသည် အာဏာရှင်ကို ညီညီညွတ်ညွတ် တိုက်ဖျက်ကြရန် ဖြစ်သည်။ တိုက်လည်း တိုက်ကြသည်။ ထိုသို့ ညီညီညွတ်ညွတ် တိုက်ခိုက်ကြရင်းဖြင့် ကမ္ဘာ့တော်လှန်ရေးများရော မြန်မာ့တော်လှန်ရေးတွင်ပါ တွေ့ရတတ်သော ဘေးထွက်ဆိုးကျိုးတစ်ခုမှာ ရန်သူဘက်က အားနည်းသွားသည့်အခါ၊ သို့မဟုတ် မိမိတို့တော်လှန်ရေးတပ်များ အောင်ပွဲနှင့် နီးလာသောအခါ တော်လှန်ရေးသမား အချင်းချင်းကြားတွင် သွေးကွဲမှုများနှင့် ပွတ်တိုက်မှုများ စတင်ဖြစ်ပေါ်လာတတ်ခြင်းပင် ဖြစ်သည်။ (သမိုင်းတွင် ကြုံတွေ့ခဲ့ရသော ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရန် စိတ်ရည်သန်၍ ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။) မှတ်သားရသော သမိုင်းဖြစ်စဉ်များတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မနာလိုမှု၊ ဩဇာလုမှုတို့ အထွတ်အထိပ်သို့ ရောက်ရှိပြီး အချင်းချင်း သုတ်သင်ရှင်းလင်းကြသည့် သွေးစွန်းသောကာလများဆီသို့ ဦးတည်သွားခဲ့ကြောင်းကို အထောက်အထားများစွာဖြင့် တွေ့မြင်နိုင်ပါသည်။ တော်လှန်ရေးဟူသည် ဖိနှိပ်သူကို သေနတ်ဖြင့် ပြန်လှန်တွန်းလှန်ခြင်းဟုသာ အနက်ဖွင့်၍ မရပါ။ ထိုထက်ပိုသော အတွေးအခေါ်များလည်း လိုအပ်ပါသေးသည်။ မိမိတို့ကိုယ်တွင်း၌ အမြစ်တွယ်နေတတ်သည့် ထုံးစံဟောင်း၊ ယဉ်ကျေးမှုဟောင်းနှင့် အကျင့်ဟောင်းများကိုပါ ပြိုင်တူခွာချရမည့် အတွင်းစိတ်တော်လှန်ရေး (Internal Revolution) တစ်ရပ်လည်း ဖြစ်ရန် လိုအပ်ပါသည်။ အာဏာရှင်ကို တွန်းလှန်ဖြိုချရင်း လက်နက် သို့မဟုတ် အာဏာကို လက်ဝယ်ရရှိလာသည့်အခါ မိမိထက်အားနည်းသူကို ပြန်လည်မောက်မာလာတတ်ခြင်း၊ အမှားအမှန်ကို ဉာဏ်ဖြင့် မဝေဖန်ဘဲ "လူကြီးပြောလျှင် ငြင်းခွင့်မရှိ" ဟူသော ထုံးစံကို ဆုပ်ကိုင်ထားခြင်းတို့သည် တော်လှန်ရေးနယ်ပယ်အတွင်း ယနေ့တိုင် ရှင်သန်နေဆဲ အကျင့်ဆိုးများ ဖြစ်သည်။ ထိုစိတ်ထားများသည် အခြေခံအားဖြင့် "အတ္တ" နှင့် "အစုအဖွဲ့စွဲ (Tribalism)" တို့မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ တပ်ဖွဲ့တစ်ခုက စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး နာမည်ကျော်လာလျှင်၊ သို့မဟုတ် လူထု၏ ချီးမွမ်းမှုကို ရရှိလာသည့်အခါ တခြားတပ်ဖွဲ့များက "ငါတို့လည်း တိုက်နေတာပဲ၊ သူတို့ပဲ နာမည်ရသွားတယ်" ဟု တွေးကာ ဂုဏ်ပုဒ်အပေါ် မနာလိုမှု စတင်ဖြစ်ပေါ်လာတတ်သည်။ ပြည်သူလူထု၏ ထောက်ပံ့ငွေ သို့မဟုတ် လက်နက်ခဲယမ်းများသည် တပ်ဖွဲ့တစ်ခုထံ၌သာ ပိုမိုစုပုံသွားသည်ဟု မြင်လာသောအခါ မုဒိတာမပွားနိုင်တော့ဘဲ "သူတို့က ဆယ်လီမို့ ရတာ၊ ငါတို့က မြေပြင်မှာ တကယ်တိုက်နေတာ" ဟူသော နာကြည်းမှုများ ပေါက်ဖွားလာတတ်သည်။ နောက်တစ်ခုမှာ တပ်ဖွဲ့အားလုံးကို စနစ်တကျ ထိန်းကျောင်းမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နှင့် ဗဟိုကွပ်ကဲမှု မရှိဘဲ မိမိအဖွဲ့နှင့် မိမိ သီးခြားရပ်တည်နေရသည့် အခြေအနေက မနာလိုမှုကို ပိုမိုမီးလောင်ရာ လေပင့်ဖြစ်စေတတ်သည်။ တပ်ဖွဲ့အချင်းချင်းကြားတွင် ဘယ်သူက ပို၍ တိုက်ခိုက်ရေးထက်မြက်သလဲ၊ ဘယ်သူ့ကို လူထုက ပို၍ အလေးထားသလဲ ဆိုသည့် အပေါ်ယံ Status Symbol (ဂုဏ်ဒြပ်ပြယုဂ်) များကို လိုက်လံယှဉ်ပြိုင်ရင်း တစ်ဖွဲ့က တစ်ဖွဲ့ကို နှိပ်ကွပ်ရန် ကြိုးစားသည့်အထိ ရောထွေးပျက်စီးသွားတတ်သည်။ အာဏာရှင်ကို တူညီသောပန်းတိုင်နှင့် ဟန်ချက်ညီညီ တိုက်ခိုက်ရမည့်အစား တပ်ဖွဲ့အချင်းချင်းကြား နယ်မြေလုခြင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သတင်းအချက်အလက်များ မမျှဝေဘဲ အပြန်အလှန် စောင့်ကြည့်ခြင်းများ ဖြစ်လာလျှင် ရန်သူသည် သွေးခွဲရန် အကွက်ကောင်းတစ်ခု ရရှိသွားမည် ဖြစ်သည်။ ထိုအခြေအနေများကို သတင်းများမှတစ်ဆင့် မြို့ပေါ်ရှိ ပြည်သူများ မြင်တွေ့သွားသောအခါ တော်လှန်ရေးအပေါ် ယုံကြည်မှု လျော့နည်းလာပြီး ထောက်ပံ့မှုများ ရပ်တန့်သွားနိုင်သည့် Revolution Fatigue အန္တရာယ်ဆီသို့ ဦးတည်သွားတတ်သည်။ အချင်းချင်း ပြန်လည်တိုက်ခိုက်ကြခြင်း (Civil War within Revolution) သည် အဆိုးရွားဆုံး သက်ရောက်မှုများထဲမှ တစ်ခုဖြစ်သည်။ သမိုင်းကြောင်းများတွင်လည်း ထိုသို့သော ဖြစ်ရပ်များ ရှိခဲ့ဖူးသည်။ ရန်သူကို အနိုင်မရသေးမီမှာပင် မိမိတို့အချင်းချင်းကြား မုဒိတာကင်းမဲ့မှုနှင့် အာဏာမောက်မာမှုတို့ကြောင့် တော်လှန်ရေးသမား အချင်းချင်း သွေးချောင်းစီးသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။ စိတ်ပညာအရ လူတို့သည် ကိုယ့်တန်ဖိုးကို တိုင်းတာရာတွင် မိမိပတ်ဝန်းကျင်ရှိ အခြားသူများနှင့် နှိုင်းယှဉ်၍ တိုင်းတာတတ်သော သဘာဝရှိသည်ဟု ဆိုကြသည်။ တော်လှန်ရေးနယ်ပယ်တွင်လည်း "ငါတို့လည်း အခက်အခဲကြားထဲက တိုက်နေတာပဲ။ သူတို့အဖွဲ့ကျမှ ဘာလို့ ပိုပြီး လူသိများတာလဲ၊ ပိုပြီး အထောက်အပံ့ရတာလဲ" ဟူသော အတွေးဖြင့် အချင်းချင်း ပြိုင်ဘက်သဖွယ် သဘောထားကာ နှိုင်းယှဉ်မိရာမှ မနာလိုစိတ်များ စတင်ပေါက်ဖွားလာတတ်သည်။ ထိုသို့ဖြစ်လာသောအခါ "တူညီသော ရန်သူကို တိုက်နေကြသည်" ဆိုသော ဘုံရည်ရွယ်ချက်ကို နောက်တန်းသို့ ပို့လိုက်ပြီး ကိုယ့်အတ္တ၏ ထောင်ချောက်ထဲသို့ ကိုယ်တိုင် ကျရောက်သွားခြင်းမျိုး ဖြစ်လာတတ်သည်။

EIO
1 054
Repost from EIO
photo content

EIO
1 054
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 054
Repost from EIO
It's not about what I can do because of my position, but rather about doing my best, using my skills to the fullest extent, a
It's not about what I can do because of my position, but rather about doing my best, using my skills to the fullest extent, and acting with as much intelligence as possible. While striving for personal success is important, it's equally crucial to work towards dismantling the brutal military junta and fostering unity and solidarity. Personal power is important, and positional power is important, but ultimately, we should prioritize national unity and the well-being of the country. Without the oppressive military junta, even well-intentioned organizations would eventually face their own challenges. Those who are driven by personal ambition are only a small part of the picture. #MLM #EIO_Admin_Team #Eagle_Information_Operator