en
Feedback
EIO

EIO

Open in Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Show more
1 052
Subscribers
-324 hours
-47 days
+430 days
Posts Archive
EIO
1 052
ငြိမ်းချမ်းမှုပျောက်ဆုံးသွားသော မိုးကောင်းကင် ==================== ၂၀၂၁ ခုနှစ်ကတည်းကစလို့ တချိန်က အေးချမ်းခဲ့တဲ့ မြန်မာနိုင်ငံ ရဲ့ ကောင်းကင်ပြာကြီးဟာ ပြည်သူတွေအတွက်တော့ သေဆုံးခြင်း၊ ပျက်စီးခြင်းနဲ့ စိတ်ဒဏ်ရာတွေကို နေ့စဉ်ရွာချနေတဲ့ သေမင်းတမန် ကောင်းကင်ယံ ဖြစ်လာခဲ့ရပါပြီ။ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေရှိရာ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ လေကြောင်းအင်အားသုံးပြီး စနစ်တကျ မြေလှန်ပြာချနေပါတယ်။ ဒီနေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ကနေ စစ်အုပ်စုရဲ့ လေကြောင်းအကြမ်းဖက်မှု ဖြစ်စဉ်တွေကို သက်သေပြလိုက်တဲ့ “WHEN THE SKY ENABLES ATROCITIES: Junta Aerial Campaign Against Civilians and Crimes Against Humanity in Myanmar” အစီရင်ခံစာကို တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၆ ခုနှစ် မေလအထိ ကောက်ယူထားတဲ့ အစီရင်ခံစာ ပါ အချက်အလက်တွေကို ကြည့်ရင် စစ်အုပ်စုရဲ့ လေကြောင်းအကြမ်းဖက်မှုတွေဟာ တကယ်ကို တုန်လှုပ်စရာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၅,၅၀၀ ကျော် (အကြိမ်ရေနဲ့ဆို ၁၂,၀၀၀ ကျော်) အထိ ရှိခဲ့ပြီး ဒီလို ရက်စက်တဲ့ ဗုံးကြဲမှုတွေကြောင့် ကလေးငယ် ၇၆၀ ခန့် အပါအဝင် အပြစ်မဲ့ပြည်သူ ၅,၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသလို ၉,၅၀၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဘာသာရေးအဆောက်အအုံ ၇၅၂ ခု၊ စာသင်ကျောင်း ၅၀၂ ကျောင်းနဲ့ ဆေးရုံ/ဆေးခန်း ၁၇၀ ခုတို့လည်း ဗုံးကြဲဖျက်ဆီးခံခဲ့ရတာပါ။ နယ်မြေအလိုက်ဆိုရင်တော့ ဖြစ်ရပ်ပေါင်း ၂,၆၀၀ ကျော်နဲ့ စစ်ကိုင်းဒေသဟာ လေကြောင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရပြီး မန္တလေး၊ မကွေးနဲ့ ရခိုင်ဒေသတို့မှာလည်း ပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။ ဒီလို ဝေဟင်ကနေ နေ့တိုင်းလိုလို ကျရောက်နေတဲ့ ဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်သူလူထုဟာလည်း အခုဆိုရင် တစ်သန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ငြင်းကွယ်လို့ လုံးဝမရတဲ့ “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ” ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အုပ်စုဆီ စီးဆင်းနေတဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို ချက်ချင်းပိတ်ဆို့ဖြတ်တောက်ပြီး မြန်မာပြည်သူတွေဘက်ကနေ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ရပ်တည်ပေးကြဖို့ လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။ #humanrights #Myanmar #WhenSkyEnablesAtrocities #EndImpunity #CrimesofJunta #warcrimes #CrimesAgainstHumanity #Mohr#NUG #ReportLaunch

EIO
1 052
Repost from EIO
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️
+6
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️ ⚠️ https://t.me/eagleinformationoperator/23180 ⚠️ https://t.me/eagleinformationoperator/23181 #Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar

EIO
1 052
Repost from EIO
⚠️ပြည်သူလူထု၏ လုံခြုံရေးကို ထိခိုက်စေခြင်း။ ဒရုန်းဝဲနေသည့် အချက်အလက်များကို လူသိရှင်ကြား online ပေါ်ဖြန့်ဝေခြင်းသည် အဆိုပါနေရာရှိ ပြည်သူများအတွက် စိုးရိမ်ထိတ်လန့်မှု မြင့်တက်စေရုံသာမက၊ စစ်ကောင်စီ၏ ပစ်မှတ်ရှာဖွေရေးကိုပါ ကူညီပေးရာရောက်ပါသည်။ ⚠️ကင်းထောက်မှု၏ ရည်ရွယ်ချက်ကို လမ်းကြောင်းလွှဲခြင်း။ စကောက်ဒရုန်းများ၏ လှုပ်ရှားမှုကို လူမှုကွန်ရက်ပေါ်တွင် အလွယ်တကူ တွေ့ရှိရပါက ၎င်းတို့အနေဖြင့် မည်သည့်နေရာတွင် အာရုံစိုက်နေသည်ကို ရန်သူက သဘောပေါက်သွားနိုင်ပြီး၊ နည်းဗျူဟာကို ချက်ချင်းပြောင်းလဲကာ အခြားနေရာများကို ပစ်မှတ်ထားလာနိုင်ပါသည်။ 🛡️ အများပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ ✅ ဆောင်ရန်အချက်များ။ 🗣️သက်ဆိုင်ရာထံ သတင်းပေးပို့ပါ။ #UAV Scout Drone ဒရုန်းများ ဝဲပျံနေသည်ကို တွေ့ရှိပါက လူမှုကွန်ရက်တွင် တင်မည့်အစား သက်ဆိုင်ရာ မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သို့မဟုတ်) ဒေသခံ လုံခြုံရေးတာဝန်ရှိသူများထံ သီးသန့် အကြောင်းကြားပါ။ 🔐လုံခြုံရေး အသိတရား ထားရှိပါ။ သတင်းဖြန့်ဝေရာတွင် နေရာ၊ အချိန်နှင့် ပတ်ဝန်းကျင် အချက်အလက်များကို တိကျစွာ မဖော်ပြဘဲ "သတိထားကြရန်" သတိပေးချက်အဆင့်သာ ထုတ်ပြန်ပါ။ ❌ ရှောင်ရန်အချက်များ အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်ခြင်း (#Live/#Real-time #updates) ကို ရှောင်ကြဉ်ပါ။ဒရုန်းပျံဝဲနေချိန်တွင် ဖုန်းဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း မလုပ်ပါနှင့်။နေရာအတိအကျ ဖော်ပြခြင်း၊ အများပြည်သူမြင်နိုင်သော နေရာတွင် ရေးသားဖော်ပြခြင်း လုံးဝ မပြုလုပ်ပါနှင့်။ "မိဘပြည်သူအားလုံး အကြမ်းဖက် စစ်ကောင်စီ၏ ဒရုန်းအန္တရာယ်မှ ကင်းဝေးကြပါစေ" 🙏🏻 #Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar

EIO
1 052
Repost from EIO
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ လက်ရှိကာလတွင် အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ ကင်းထောက်ရေးနှင့် တိုက်ခိုက်ရေးလုပ်ငန်းများတွင် ဒရုန်းနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်ကို မြေပြင်မှာ တွေ့ရှိလာရပါသည်။ မိဘပြည်သူလူထုအနေဖြင့် ဒရုန်းအန္တရာယ်ကို သတိပြုနိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ၎င်းတို့နှစ်ခု၏ ကွာခြားချက်များနှင့် လိုက်နာရမည့် အချက်များကို မိမိတို့ #EIO_Admin_Team မှ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။ 🔍 ကင်းထောက်ဒရုန်း (#Scout_Drone) ဆိုသည်မှာ ကင်းထောက်ဒရုန်းများသည် နယ်မြေဒေသအတွင်းရှိ လှုပ်ရှားမှုများကို အဝေးမှ လေ့လာရန်၊ ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးရန်နှင့် သတင်းအချက်အလက် စုဆောင်းရန် အဓိက အသုံးပြုသော ဒရုန်းများ ဖြစ်ပါသည်။ 👂🏻အသံနှင့် ပုံသဏ္ဌာန်။ အများအားဖြင့် အရွယ်အစား သေးငယ်ပြီး ပျံသန်းသည့်အခါ အသံတိတ်ဆိတ်ခြင်း (သို့မဟုတ်) တိုးညင်းသောအသံသာ ထွက်တတ်ပါသည်။ ⚠️လုပ်ဆောင်ချက်။ လူအုပ်စုများ၊ ယာဉ်တန်းများ (သို့မဟုတ်) နေရာဒေသများကို အဝေးမှ အချိန်အကြာကြီး စောင့်ကြည့်လေ့ရှိသည်။ 🚨အန္တရာယ်အမျိုးအစား။ ၎င်းတို့ကိုယ်တိုင် တိုက်ရိုက် မပေါက်ကွဲသော်လည်း စစ်ကောင်စီတပ်ဖွဲ့များထံ တည်နေရာ အချက်အလက် (#Coordinates) များကို ပေးပို့ခြင်းဖြင့် လက်နက်ကြီး၊ လေကြောင်း (သို့မဟုတ်) မြေပြင်တပ်ဖွဲ့များ၏ ပစ်မှတ်ဖြစ်လာစေနိုင်သည်။ 💣 တိုက်ခိုက်ရေးဒရုန်း (#Attack Drone) ဆိုသည်မှာ တိုက်ခိုက်ရေးဒရုန်းများ (အထူးသဖြင့် #Kamikaze_Drone များ) သည် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားပြီး ပစ်မှတ်ကို တိုက်ရိုက်ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန် ရည်ရွယ်ထားသော ဒရုန်းများ ဖြစ်ပါသည်။ 👂🏻အသံနှင့် ပုံသဏ္ဌာန်။ ကင်းထောက်ဒရုန်းများထက် အရွယ်အစား ပိုကြီးနိုင်ပြီး၊ ပျံသန်းသည့်အခါ ဆူညံသောအင်ဂျင် (သို့မဟုတ်) ပန်ကာလည်ပတ်သံ ပြင်းထန်စွာ ထွက်တတ်ပါသည်။ 💥လုပ်ဆောင်ချက်။ သတ်မှတ်ထားသော ပစ်မှတ်များကို အမြင့်ပေနိမ့် (သို့မဟုတ်) မြင့်သောနေရာမှ အရှိန်ပြင်းစွာဖြင့် ဝင်တိုက်ခြင်း (သို့မဟုတ်) ဗုံးသီးကြဲချခြင်း ပြုလုပ်ပါသည်။ 🚨အန္တရာယ်အမျိုးအစား။ ထိခိုက်ပျက်စီးမှုနှင့် အသက်အန္တရာယ်ကို တိုက်ရိုက်ဖြစ်စေနိုင်ပါသည်။ 🛡️ မိဘပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ။ ✅ ဆောင်ရန်အချက်များ ⚠️သတိရှိပါ။ မိမိတို့ပတ်ဝန်းကျင်တွင် ထူးဆန်းသော အသံ (သို့မဟုတ်) ဒရုန်းများ ပျံသန်းနေသည်ကို တွေ့ရှိပါက အနီးအနားရှိ ပြည်သူများအား ချက်ချင်း သတိပေးပါ။ မိမိဒေသအတွင်းရှိ မြေပြင်ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေးများကို အချိန်နဲ့တပြေးညီသတင်းပို့ပါ။ ⚠️ခိုလှုံရန်နေရာ ကြိုတင်ပြင်ဆင်ပါ။ ဒရုန်းအန္တရာယ်ကို ကာကွယ်နိုင်မည့် မြေအောက်ခန်း၊ ကွန်ကရစ် အဆောက်အအုံ၏ အောက်ထပ် (သို့မဟုတ်) လုံခြုံသော ဘန်ကာများကို ကြိုတင်ရှာဖွေထားပါ။ ⚠️လုံခြုံရေး သတိရှိပါ။ အသွားအလာ ပြုလုပ်သည့်အခါ အစုလိုက်အပြုံလိုက် စုဝေးခြင်းကို ရှောင်ကြဉ်ပြီး ပွင့်လင်းသောနေရာများတွင် ကြာမြင့်စွာ မရပ်တန့်ပါနှင့်။ ❌ ရှောင်ရန်အချက်များ 🚫ဓာတ်ပုံ၊ ဗီဒီယို မရိုက်ပါနှင့်။ ဒရုန်းများ ပျံသန်းနေစဉ် အာရုံစိုက်ခြင်း (သို့မဟုတ်) ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။ 🚫အလင်းရောင်နှင့် မီးကို ရှောင်ပါ။ ညအချိန်တွင် အလင်းရောင် ပေါ်လွင်နေခြင်းသည် ဒရုန်းများ၏ ပစ်မှတ်ဖြစ်စေနိုင်သဖြင့် မီးကို လုံခြုံစွာဖုံးအုပ်ပါ။ 🚫ကွင်းပြင်ကျယ်များကို ရှောင်ပါ။ ကင်းထောက်ဒရုန်းများ၏ မျက်စိမှ လွတ်ကင်းစေရန် သစ်ပင်ရိပ်၊ အမိုးအကာ (သို့မဟုတ်) အဆောက်အအုံများအောက်တွင်သာ သွားလာပါ။ 🚨 အကြမ်းဖက် စစ်ကောင်စီ၏ ကင်းထောက်ဒရုန်း (#UAV_Scout_Drone) များ ဝဲပျံနေမှုကို အင်တာနက် သတင်းမီဒီယာများပေါ်တွင် အချိန်နှင့်တပြေးညီ မဖြန့်ဝေသင့်သည့် အကြောင်းရင်းများ။ လက်ရှိကာလတွင် စစ်ရေးအသိ သတိရှိမှုသည် အလွန်ပင် အရေးကြီးပါသည်။ မိမိတို့နယ်‌မြေ ဒေသ အတွင်း စစ်ကောင်စီ၏ ကင်းထောက်ဒရုန်းများ (Scout Drones) ဝဲပျံနေသည်ကို တွေ့ရှိပါက သတင်းမီဒီယာ (သို့မဟုတ်) မိမိ၏ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာများပေါ်သို့ အချိန်နှင့်တပြေးညီ တင်ပြခြင်း၊ အချိန်နဲ့နေရာကို ဖော်ပြခြင်းတို့ လုံးဝ-လုံးဝ မပြုလုပ်သင့်ပါ။ အဘယ်ကြောင့်ဆိုသော် အောက်ပါအချက်များသည် ပြည်သူလူထု၏ လုံခြုံရေးနှင့် စစ်ရေးအရ အလွန်ထိခိုက်နိုင်သောကြောင့် ဖြစ်ပါသည်။ 📌 အဘယ်ကြောင့် အချိန်နှင့်တပြေးညီ မဖော်ပြသင့်သနည်း။ ⚠️ ရန်သူအတွက် တည်နေရာအတိအကျ (#Coordinates) ပေးသလို ဖြစ်သွားနိုင်ခြင်း။ မီဒီယာများပေါ်တွင် စကောက်ဒရုန်းပျံဝဲနေသည့် နေရာကို ဖော်ပြခြင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ ကင်းထောက်မှု မည်မျှထိရောက်သည်ကို သိရှိသွားစေနိုင်ပြီး နောက်ဆက်တွဲ လက်နက်ကြီးပစ်ခတ်မှု (သို့မဟုတ်) လေကြောင်းတိုက်ခိုက်မှုများအတွက် ပစ်မှတ်အချက်အလက်ကို ပံ့ပိုးပေးသလို ဖြစ်သွားနိုင်ပါသည်။

EIO
1 052
Repost from EIO
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် #Hexacopter ဒရုန်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မြေပြင်အခြေအနေများအရ
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် #Hexacopter ဒရုန်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မြေပြင်အခြေအနေများအရ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာသည်ကို တွေ့ရပါသည်။ တရုတ်နိုင်ငံထုတ် စစ်ဘက်သုံး #Hexacopter ဒရုန်းများသည် များသောအားဖြင့် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ဤဒရုန်းများတွင် အဆင့်မြင့် အာရုံခံကိရိယာများ၊ လေဆာလမ်းညွှန်စနစ်များ နှင့် လက်နက်ငယ်များ (သို့မဟုတ်) ဗုံးများ တပ်ဆင်နိုင်သည့် စနစ်များ ပါဝင်လေ့ရှိသည်။ 📌 ၎င်းတို့ အသုံးပြုနေသော #Hexacopter များ၏ အကြောင်းအသေးစိတ် 👇🏻 - https://t.me/eagleinformationoperator/22248 - https://t.me/eagleinformationoperator/22249 🛰️ ဒရုန်းများသည် အမြင်အာရုံကို အဓိကထား၍ တိုက်ခိုက်ခြင်းဖြစ်သောကြောင့် "မိမိကိုယ်ကို အပေါ်စီးမှ မမြင်အောင် နေထိုင်ခြင်း" သည် အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါသည်။ ✨ #Eagle_Information_Operator #EIO #PublicSafety #DroneAwareness #WarCrimes #MiliitaryAtrocities #MilitaryTerrorists #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 052
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် (၈.၆.၂၀၂၆ မှ ၁၄.၆.၂၀၂၆ အထိ) အလေးပေးတင်ပြချက်များ ................................. 🌀ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အနောက်တောင် မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်းနိုင်ပါသည်။ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်အနီးတွင် လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေပါသည်။ ⛈️မိုးအခြေအနေမှာ လေပွေလှိုင်းအရှိန်ကြောင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ပါသည်။ 🚨 (ယခုရက်သတ္တပတ်အတွင်း ပြည်နယ်နှင့်တိုင်းအနှံ့အပြားတွင် နေရာကွက်၍ မိုးကြီးနိုင်သည့် အခြေအနေရှိပါသဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြု နေထိုင်သင့်ပါသည်။) 📅နေ့အလိုက်တစ်ပတ်စာ မိုးလေဝသအခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။ 🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️ #မိုးလေဝသသတင်း #WeatherForecast #MOHADM

EIO
1 052
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨 လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ သတိပြုရန် အချက်များ 🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။ 🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။ 🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။ 🚫 လုံးဝ မပြုလုပ်ရ ❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။ ❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။ ❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။ 🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။ 🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ ⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot 📧 Email – eagleinformationoperators@gmail.com 🔵 Facebook Page – facebook.com/eagleinformation 🌐 Telegram Channel – t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation

EIO
1 052
Repost from EIO
photo content

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်သာဂိတ်တွင် စခများသည် ပြည်သူအသွားအလာများကို အစစ်အဆေးကြမ်းတမ်းနေ ကြောင်းသတင်းရရှိထားပါသည်။ Jun 8, 9:12AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
Repost from EIO
⚠️ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုသည်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခြင်း မဟုတ်ပါ" ⚠️ 🗣️📢 ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ဆောက်တဲ့နေရာမှာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" (Freedom of Expression) ဟာ အခြေခံအကျဆုံး မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။ 📌မိမိရဲ့ ယုံကြည်ချက်၊ အမြင်နဲ့ ခံစားချက်တွေကို ကြောက်ရွံ့မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ ⚠️ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့်အချက်က "လွတ်လပ်ခွင့်" ဆိုတာ "ဗရမ်းဗတာ လုပ်ခွင့်" ကို ဆိုလိုတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ✨ တာဝန်ယူမှုရှိသော လွတ်လပ်ခွင့် ✨ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာ - 🕊️ လွတ်လပ်ခွင့် (Freedom) နဲ့ ⚖️ တာဝန်ယူမှု (Responsibility / Accountability) ဟာ အမြဲတမ်း တွဲလျက်ရှိပါတယ်။ 📌မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်းသည် ❌ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ၊ ❌ အမုန်းတရား ပွားများစေတာ (Hate Speech) ❌ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေမယ့် သတင်းအမှား (Misinformation) တွေ မဖြစ်ဖို့ အရေးကြီးပါတယ်။ ✨ ကျင့်ဝတ်နှင့် စည်းကမ်း (Ethics vs Chaos) ✨ စည်းကမ်းမရှိတဲ့ ထုတ်ဖော်မှုတွေဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုထက် ပဋိပက္ခကိုပဲ ဦးတည်စေပါတယ်။ 📌 ဥပမာအားဖြင့် - 🕊️ ဒီမိုကရေစီနည်းကျ ထုတ်ဖော်မှု။ ✅ အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဝေဖန်ထောက်ပြခြင်း။ ✅ အပြုသဘော အကြံပြုခြင်း။ ✅ အတွေးအမြင်များ ဆွေးနွေးဖလှယ်ခြင်း။ ❌ ဗရမ်းဗတာ ထုတ်ဖော်မှု။ 🚫 ဆဲဆိုခြင်း။ 🤬 🚫 ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း။ 🗡️ 🚫 အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း 📛 တို့ဖြစ်ပါတယ်။ 🕊️ ဖက်ဒရယ်စနစ်နှင့် အပြန်အလှန် လေးစားမှု ✨ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရက "မတူကွဲပြားမှုတွေကို စုစည်းခြင်း" ဖြစ်ပါတယ်။ 👂🏻 မတူညီတဲ့ အယူအဆတွေကို လက်ခံနားထောင်ပေးခြင်း၊ 🤝 တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်း 🧩 မတူကွဲပြားမှုများကို လက်ခံခြင်း မှသာ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။ နိဂုံးချုပ်အနေဖြင့် မိမိတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို၊ ထိုပြောဆိုချက်တွေဟာလည်း ကျင့်ဝတ်နဲ့ တာဝန်ယူမှုအပေါ်မှာ အခြေခံရပါမယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းဟာ ဒီမိုကရေစီလမ်းကြောင်းကို နှောင့်နှေးစေရုံသာမကဘဲ လူ့အဖွဲ့အစည်းကိုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေနိုင်ပါတယ်။ ✨ "စည်းကမ်းရှိသော လွတ်လပ်ခွင့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ လှမ်းချီကြပါစို့" လို့ တိုက်တွန်းရင်း။✊🏻 #FreedomOfExpression #FederalDemocracy #FreedomOfSpeech #EthicsAndResponsibility #InformationIntegrity #Eagle_Information_Operator #EIO

EIO
1 052
Repost from EIO
photo content

EIO
1 052
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️ 📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့၊ ဇလုပ်အဝိုင်းပတ်တွင် စခများ၊ရခများသည် ပြည်သူအသွားအလာများကို အစစ်အဆေးပြုလုပ်နေ ကြောင်းသတင်းရရှိထားပါသည်။ Jun 8, 8:35AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့နယ်၊စက်မှု မြို့ပတ်လမ်းတွင် ခွေးအိမ်စီးကား (၃)စီးသည် ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။ Jun 8, 7:34AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Jun 8, 7:05AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာနယ်တောင်ခြမ်း၊ မုံရွေးတိုးဂိတ်အထိုင်ဂိတ် မှ စခများသည် လမ်းသွားလမ်းလာ အိမ်စီးကား၊ခရီးသည်ကား ၊ကုန်ကားများအားတားပြီး အစစ်အဆေးပြုလုပ်နေ ကြောင်းသတင်းရရှိထားပါသည်။ Jun 8, 6:44AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️ တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ✅ ဆောင်ရန်အချက်များ (Dos) 📢 သတင်းနားစွင့်ပါ။ မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိ‌ပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။ 🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။ ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။ 📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။ ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။ 🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။ ❌ ရှောင်ရန်အချက်များ (Don'ts) 🚫 သတင်းမပေါ့ဆပါနှင့်။ "ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ 🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။ အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။ 🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။ အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။ 🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။ 🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️ မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။ "စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻 #EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar

EIO
1 052
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။ 📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။ 👂 အသံကို နားစွင့်ပါ။ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။ 🚫 ရှောင်ပါ။ လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။ 🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။ 📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။ ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။ 🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 052
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 052
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹