en
Feedback
EIO

EIO

Open in Telegram

⚠️ See early.Know first.Stay Safe. 🙏🏻 📡မုံရွာခရိုင်သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော မြေပြင်အရင်းမြစ် သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Show more
1 057
Subscribers
-124 hours
+37 days
+130 days
Posts Archive
EIO
1 057
photo content

EIO
1 057
နာမည်ကျော်ကြားမှုကို အသုံးပြုပြီး ဒီဖြစ်စဉ်ကြီးမှာ တတပ်တအား ပါဝင်ပေးတယ်။ ပိုက်ဆံရရင် ပြီးရော၊ Live sale တွေ လုပ်ကြတယ်။ သူတို့ကြော်ငြာပေးလိုက်တဲ့ ပစ္စည်းက ဘာလဲ သေချာမစစ်ဆေးဘူး။ လူတွေကလည်း သူတို့ကို ချစ်တော့၊ ယုံတော့ ဝယ်ကြ။ ပြီးမှ ပြဿနာတွေ တက်ကြတာလည်း မကြာခဏ ကြားနေရတယ်။ Fame ကို လွဲမှားစွာ အသုံးချခြင်းရဲ့ ဆိုးကျိုးတွေပေါ့။ 🔳 ဒီလိုနာမည်ကြီးလာအောင်လည်း ပေါက်ကရ နည်းလမ်းတွေနဲ့ ကြိုးစားလာကြတာ မမြင်ချင်မှအဆုံး။ အရည်အသွေးကို အခြေတည်ထားတာ မဟုတ်တော့ ပြိုလဲလွယ်တယ်။ အဲဒီအခါ နာမည်ရနေတုန်းလေး ရသလောက် ရေခပ်သွားမယ် ဆိုတဲ့အတွေးနဲ့ အပေါ်ကလို အလုပ်တွေ လုပ်ကြတော့တာပဲ။ ဘာစည်း၊ ဘာဘောင်မှလည်း မထားတော့ဘူး။ ကိုယ့်ရဲ့တန်းက ဘယ်နားရှိနေလဲ၊ ဘယ်နားရောက်သွားလဲလည်း မသိတော့ဘူး။ ဘာမာနမှလည်း မရှိတော့ဘူး။ အားမနာတမ်း ပြောရရင် အာဏာရှင်တွေ၊ ခရိုနီတွေရဲ့ Reputation laundering မှာ ဘာသာရေးလည်း ပါနေတာပဲ။ အလှူတွေလုပ်ပြ၊ သီရိသုဓမ္မ ဘာညာဘွဲ့ထူးဂုဏ်ထူးတွေရ၊ လူတွေကလည်း သူတော်ကောင်းလို၊ သာသနာကို စည်ပင်ပျံ့ပွားစေမဲ့လူလို ထင်မြင်နဲ့ ဖြစ်ကုန်ကြတာ။ 🔳 ဒါကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ကြည့်လိုက်ရင် Money, Power and Fame ဒီ ၃ ခုက တြိဂံလို ပေါင်းစပ်ပြီး လှလှပပ ဒုက္ခပေးနေတာကို တွေ့ရပါလိမ့်မယ်။ သူတို့ချည်းသက်သက်ကတော့ ဘာမှမဖြစ်ပါဘူး။ အသုံးချတဲ့လူပေါ် မူတည်သွားတာပါပဲ။ ဘယ်ပုံဘယ်နည်းနဲ့ ဒါတွေကို ရယူမလဲ၊ ရလာတဲ့အခါ ဘယ်လိုအသုံးချမလဲ ဆိုတာ သိပ်အရေးကြီးပါတယ်။ ကာယကံရှင်ရဲ့ လူ့ဂုဏ်သိက္ခာအတွက်ရော၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ကောင်းကျိုးအတွက်ရောပေါ့။ 🔳 တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံတွေမှာတော့ အလွဲသုံးစားလုပ်တာ နည်းအောင် အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပါတယ်။ အဲဒီထက် ပိုအရေးကြီးတာကတော့ မဟုတ်တာလုပ်ရမှာကို ရှက်တဲ့စိတ် - ဟိရိလို့ မြင်တယ်။ သြတပ္ပ က ဆဲဆိုပြစ်တင်ခံရမှာကို ကြောက်တာ။ တစ်နည်းအားဖြင့် အပြင်ကို ကြောက်တဲ့စိတ်။ အဲဒီမှာလည်း လူအများကပါ ပြစ်တင်ဖို့ဝေးလို့ အားကျနေကြရင်၊ ကိုးကွယ်နေကြရင် သြတပ္ပက ပျောက်ဆုံးသွားရော။ 🔳 တကယ်အဓိကကျတာက အတွင်းထဲက လာတဲ့ရှက်စိတ်။ ဘယ်သူသိသိ မသိသိ ကိုယ့်စိတ်ထဲကကို မလုပ်ချင်ဘူး ဆိုတာမျိုး ဖြစ်နေရမှာ။ အဲဒါကမှ ရေရှည်တည်မြဲမယ်၊ အတွန်းအနှဲ့ အဆွဲအဆောင် အသိမ်းအသွင်း ဒဏ်တွေကို ပိုခံနိုင်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် တန်ဖိုးရှိတဲ့ လူ့ဘဝကို ရဖို့ အရေးကြီးဆုံး လိုအပ်ချက်က ဘာလဲ မေးရင် “မဟုတ်တာလုပ်ရမှာ ရှက်တဲ့စိတ်” လို့ပဲ တိုတိုတုတ်တုတ် ဖြေချင်ပါတယ်။ ဒေါက်တာ ဖြိုးသီဟ ၁.၉.၂၀၂၄ #old memories

EIO
1 057
“အသွားနှစ်ဖက်နဲ့ ဓါးများ” 🔳 လူတော်တော်များများ လိုချင်တပ်မက်ပြီး လူတော်တော်များများကိုလည်း ပြောင်းလဲသွားစေနိုင်တဲ့ အရာ ၃ ခု ရှိတယ်။ ပျော်ရွှင်မှုကို ပေးနိုင်တဲ့ အရာတွေလို့လည်း ထင်မှတ်မှားနေကြတဲ့ ၃ ခုပေါ့။ ဘာတွေလဲဆိုတော့ “Money, Power and Fame” ငွေကြေး၊ အာဏာပါဝါနဲ့ နာမည်ကျော်ကြားမှုတွေပဲ။ 🔳 ၃ ခုလုံးဟာ အမှတ်တမဲ့ ကြည့်ရင် ကောင်းတဲ့အရာတွေ ဖြစ်တယ်။ လူတွေကို ပျော်ရွှင်စေတယ်။ ကျေနပ်စေတယ်။ ဒါဖြင့် ဘာလို့ အသွားနှစ်ဖက်နဲ့ ဓါးတွေ လို့ တင်စားရလဲဆိုတော့ ဒါတွေကို မရခင်၊ ရနေတုန်းနဲ့ မရတော့တဲ့အချိန်၊ အခါ ၃ ပါးစလုံးမှာ လူကို ဒုက္ခပေးနိုင်လို့ပဲ။ ကာယကံရှင်ကိုပဲလား ဆိုတော့ မဟုတ်ဘူး။ သူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကိုပါ ဆွဲချသွားနိုင်တဲ့အထိ ပြဿနာ ပေးပါတယ်။ 🔳 ပျော်ရွှင်မှုကို ငွေနဲ့ ဝယ်လို့မရတာ မှန်ပေမဲ့ ငွေမရှိဘဲလည်း ပျော်ရွှင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ထိုက်သင့်သလောက်တော့ ရှိရတယ်။ ဒါမှ လူတန်းစေ့ နေနိုင်မယ်။ ချစ်တဲ့ခင်တဲ့သူတွေကို စောင့်ရှောက်ပေးနိုင်မယ်။ လိုအပ်နေတဲ့သူတွေကို ကူညီနိုင်မယ်။ သို့သော် ပိုက်ဆံမှပိုက်ဆံ ငမ်းငမ်းတက် လိုချင်လာတဲ့အခါကျ ပြဿနာ ဖြစ်လာရော။ ဘာမဆို လုပ်ဖို့ ဝန်မလေးတော့တာ၊ ဘယ်သူ့ကိုမဆို ချနင်းဖို့ အဆင်သင့်ဖြစ်နေတာ၊ တစ်ဖက်မှာလည်း ဘယ်သူ့ကိုမဆို အောက်ကြို့ဖို့၊ ဖားဖို့၊ ခပ်ရိုင်းရိုင်းပြောရရင် ကျွန်ခံဖို့ မရှက်တော့တာ စသဖြင့် ဖြစ်လာတယ်။ ပိုက်ဆံတော့ ရှိချင်ရှိလာမယ်။ လူ့ဂုဏ်သိက္ခာက ကျဆင်းသွားရော။ 🔳 ဒါ ပိုင်ဆိုင်ဖို့ ကြိုးစားနေဆဲ ကာလမှာကတည်းက ထိခိုက်နေစေတာပေါ့။ ငွေကိုပဲ မျက်စိထဲ မြင်နေလေတော့ သိပ်သတိမထားမိသေးဘူး။ အမှန်က အတော်ရှက်စရာ ကောင်းတယ်။ သူတို့ကိုယ်သူတို့လည်း Self-esteem က ကျလာတယ်။ အဲဒီလိုနဲ့ ကိုယ့်လောက် ပိုက်ဆံမရှိတဲ့သူတွေအပေါ် ပြန်နှိမ်တာ၊ တင်စီးတာ၊ ချမ်းသာမှန်းသိအောင် သုံးပြတာ၊ ကြွားပြတာတွေ ဖြစ်လာပြန်ရော။ 🔳 ဒီမှာတင် သူ့ကြောင့် အနှိမ်ခံရသူတွေ ပေါ်လာပြီ။ လောကမှာ ဘယ်သူမဆို လေးစားမှုက လိုချင်တာပဲ။ အနှိမ်ခံရတယ်၊ တစ်ဖက်မှာလည်း လွန်ဆန်မရတော့ တနုံ့နုံ့နဲ့ ခံစားနေရတယ်။ သူ့ကြွားဝါမှုကြောင့် သိမ်ငယ်ရသူတွေ ထပ်ရှိလာမယ်။ အဆိုးဆုံးကတော့ သူ့လို ချမ်းသာချင်ရင် ဒီလမ်းကို လိုက်ရမယ် ဆိုတဲ့ အတွေးမှား ဝင်ကုန်ကြတာပဲ။ ဒီလိုနဲ့ လူမှုပတ်ဝန်းကျင်မှာ ငွေရှိရင်ပြီးရော၊ ဘာပဲလုပ်ရလုပ်ရ ဆိုပြီး ဟိရိသြတပ္ပတရားတွေ ပျောက်ဆုံးလာကြတော့တာ ဖြစ်ပါတယ်။ 🔳 တစ်နိုင်ငံလုံးအနေနဲ့ စဉ်းစားကြည့်မယ်ဆိုလည်း အဲဒီလို ငွေမှငွေ ဆိုတဲ့ ခရိုနီတွေ၊ အကျင့်ပျက် ခြစားနေတဲ့ အစိုးရတွေကြောင့် ဘယ်လောက်ဒုက္ခရောက်ခဲ့၊ ဒုက္ခရောက်နေကြရသလဲ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဒီလောက်တပ်မက်စွာနဲ့ ကိုယ့်ဂုဏ်သိက္ခာတွေ အပျောက်ဆုံးခံပြီး ရှာခဲ့လေတော့ ဆုံးရှုံးရပြီလည်း ဆိုရော၊ သူများထက် နှစ်ဆ သုံးဆ ပိုပြီး သောကပင်လယ် ဝေရပါလေရော။ ဒါကြောင့်လည်း အသွားနှစ်ဖက်နဲ့ ဓါးတွေ လို့ ပြောတာ။ 🔳 အာဏာပါဝါကတော့ ၃ ခုထဲမှာ အဆိုးဆုံးလို့တောင် ပြောလို့ရတယ်။ ပါဝါကြောင့် အတိုင်းအဆ၊ အကန့်အသတ်မရှိတဲ့ ငွေတွေလည်း ရလာနိုင်တယ်။ လူတွေကို ထိန်းချုပ်လို့ရတယ်။ လိုသလို စေစားလို့ရတယ်။ ကမ္ဘာမှာလည်း ကြည့်လိုက်။ မဟုတ်တဲ့နည်းနဲ့ ချမ်းသာလာတဲ့သူတွေဟာ ချမ်းသာရတာ ဝလာရင် နိုင်ငံရေးဘက် ကူးလာတတ်ကြတယ်။ လွှတ်တော်အမတ် ဖြစ်ချင်တယ်။ သမ္မတ ဖြစ်ချင်လာတယ်။ အားကစားဘက်မှာဆို Sportswashing ဆိုတာ ခေတ်စားလာတယ်။ ညစ်မည်းနေတဲ့ ဂုဏ်သိက္ခာတွေကို အားကစားကို အသုံးပြုပြီး လျှော်ဖွပ်တယ်ပဲ ဆိုပါတော့။ Reputation laundering လို့လည်း ပြောကြတယ်။ စပွန်ဆာတွေ ပေးတယ်။ နာမည်ကျော် ကစားသမားတွေနဲ့ လက်တွဲတယ်။ ပြိုင်ပွဲတွေ ကျင်းပတယ်။ အဲဒီကနေတစ်ဆင့် လူတွေရဲ့အမြင်ကို ပြောင်းပစ်တာပေါ့။ စီးပွားရေးသမားတွေအပြင် နိုင်ငံ့ခေါင်းဆောင်တွေပါ ဒီနည်းကို အသုံးပြုကြတယ်။ 🔳 ပါဝါကရော မကောင်းဘူးလားဆို ကောင်းတာပဲ။ လူတိုင်းလည်း သူ့အတိုင်းအတာနဲ့သူ လိုချင်ကြတာပဲ။ မိသားစုထဲမှာ၊ အလုပ်ခွင်ထဲမှာ ကိုယ်ပါဝါရှိနေတယ်၊ ကိုယ့်စကားဆို နားထောင်ကြတယ်၊ လိုက်နာကြတယ် ဆိုတာမျိုး ဘယ်သူပဲဖြစ်ဖြစ် လိုချင်တယ်။ တစ်ဖက်မှာလည်း အဲဒီလို ပါဝါရှိနေမှ ကိုယ်အလိုရှိရှာကို စွမ်းဆောင်လို့ရတယ်။ အလွန်အကျွံ ဖြစ်လာတဲ့အခါကျရင်သာ သူတင်မက လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ပြဿနာ ပေးတော့တာ။ ဒါလည်း ဝေးဝေးမကြည့်နဲ့။ ကိုယ့်နိုင်ငံရဲ့ လက်ရှိဒုက္ခတွေကိုသာ ကြည့်တော့။ 🔳 နောက်ဆုံးတစ်ခု၊ နာမည်ကျော်ကြားမှု။ အနုပညာရှင်တွေ၊ Social influencer တွေရဲ့ ဝင်ငွေဟာ ကြောက်စရာ ကောင်းလောက်အောင်ကို များတယ်။ ကမ္ဘာမှာလည်း ဒီလိုပဲ။ ဒီလောက် ချွတ်ခြုံကျ စုတ်ပြတ်နေတဲ့ မြန်မာနိုင်ငံမှာလည်း လက်ရှိထိ ဒီလိုပဲ။ အာဏာရှင်တွေ၊ ခရိုနီတွေရဲ့ Reputation laundering မှာ တက်တက်ကြွကြွ ပါဝင်နေကြသူတွေဆို ပိုဆိုးတယ်။ ဟိုက ဒီရုပ်ရှင်ကား၊ ဒီပွဲကနေ ပြန်လိုချင်တာ ပိုက်ဆံအမြတ် မဟုတ်ဘူး။ Reputation လို့ ခေါ်တဲ့ အထင်ကြီးလေးစားမှု။ ဒီတော့ ကြိုက်သလောက် ပိုက်ဆံတောင်း၊ ပေးမယ်။ မတောင်းရင်လည်း ငြင်းဆန်လို့ မရအောင် ပေးပစ်မယ်။ သူတို့ကလည်း သူတို့ရဲ့

EIO
1 057
(1,9,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတို
(1,9,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (2)စီးသည် စစ်ကိုင်းတိုင်း၊‌ ဒီပဲယင်းမြို့နယ် တစ်နေရာ၌ ယနေ့နံနက်ပိုင်း (11:09,18)AM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar

EIO
1 057
Repost from N/a
⚠️ဒီပဲယင်း မုံရွာ နမခတက် ဒုတိယ Kamikaze ဆူဆိုက်ဒရုန်း (1)စီး ဒီပဲယင်းနယ် အနောက်မြောက်ခြမ်းတွင် ပျံသန်းဝဲ။ #SW Sep 1, 11:18AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 057
Repost from N/a
⚠️ဒီပဲယင်း မုံရွာ နမခတက် Kamikaze ဆူဆိုက်ဒရုန်း (1)စီး ဒီပဲယင်းနယ် အနောက်မြောက်ခြမ်းတွင် ပျံသန်းဝဲ။ #SW Sep 1, 11:08AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 057
Repost from N/a
⚠️ဒီပဲယင်း မုံရွာ နမခတက် ဒုတိယ Kamikaze ဆူဆိုက်ဒရုန်း (1)စီး ဒီပဲယင်းနယ် အနောက်ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။ #SW Sep 1, 11:04AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 057
Repost from N/a
⚠️ဒီပဲယင်း မုံရွာ နမခတက် Kamikaze ဆူဆိုက်ဒရုန်း (1)စီး ဒီပဲယင်းနယ် အနောက်ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။ #SW Sep 1, 11:01AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 057
Repost from N/a
⚠️ဘုတလင် မုံရွာ နမခတက် ဒုတိယ Kamikaze ဆူဆိုက်ဒရုန်း (1)စီး ဘုတလင်မြို့အရှေ့ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။ #SW Sep 1, 10:54AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 057
Repost from N/a
⚠️ဘုတလင် မုံရွာ နမခတက် Kamikaze ဆူဆိုက်ဒရုန်း (1)စီး ဘုတလင်နယ် မြောက်ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။ #SW Sep 1, 10:54AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 057
⚜️ #EIO_Update_News ဘုတလင်မြို့ထဲမှ ထွက်လာသော စခများသည် ထန်းတောကြီးရွာနားသို့ ရောက်ရှိနေပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ #EIO Sep 1, 10:51AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
Repost from N/a
⚠️ဘုတလင် မုံရွာ နမခတက် Kamikaze ဆူဆိုက်ဒရုန်း (1)စီး ဘုတလင်မြို့အရှေ့ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။ #SW Sep 1, 10:48AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 057
Repost from N/a
⚠️ဘုတလင် မုံရွာ နမခတက် ဒုတိယ Kamikaze ဆူဆိုက်ဒရုန်း (1)စီး ဘုတလင်နယ် တောင်ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။ #SW Sep 1, 10:48AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 057
Repost from N/a
⚠️ဘုတလင် မုံရွာ နမခတက် Kamikaze ဆူဆိုက်ဒရုန်း (1)စီး ဘုတလင်နယ် တောင်ခြမ်းဖြတ်၍ အရှေ့မြောက်အရပ်သို့ ပျံသန်း။ #SW Sep 1, 10:41AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 057
Repost from N/a
⚠️မုံရွာ မုံရွာ နမခမှ Kamikaze ဆူဆိုက်ဒရုန်း (1)စီး မြောက်အရပ်သို့ ပျံတက်။ #SW Sep 1, 10:40AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 057
⚜️ #EIO_Update_News ချောင်းဦးနယ်၊ ရွှေဒါးကျရွာသို့ ရောက်ရှိနေသောစခများသည် ပြည်သူပိုင်နေအိမ်များကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး‌နေကြောင်းသတင်းရရှိထားပါသည်။ #EIO Sep 1, 10:18AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခ(6)ဘီးကား(1)စီးသည်လည်း မုံရွာနယ် တောင်ခြမ်း မအူဂိတ်သို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 1, 9:49AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(1)စီးသည် မုံရွာနယ် တောင်ခြမ်း မအူဂိတ်သို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 1, 9:48AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(1)စီးသည် မုံရွာမြို့ နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 1, 9:44AM @EIO2021_bot ၊ @EagleInformationOperator_bot

EIO
1 057
⚜️ #EIO_Update_News ချောင်းဦးနယ်၊ ရွှေဒါးကျရွာသို့ ရောက်ရှိနေသောစခများသည် ပြည်သူပိုင်နေအိမ်များကို စတင်မီးရှို့ဖျက်ဆီး‌နေကြောင်းသတင်းရရှိထားပါသည်။ #EIO Sep 1, 9:30AM @EIO2021_bot ၊ @EagleInformationOperator_bot