EIO
Open in Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Show more1 055
Subscribers
+124 hours
-27 days
+1030 days
Posts Archive
1 056
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ် နှင့် လမ်းကြိုလမ်းကြားများမကျန်၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၊ အိမ်စီးကားများကို အသုံးပြု၍ ကင်းပတ်ပြီးသော်လည်းကောင်း စခ၊ရခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းတမ်းခြင်း၊ လူငယ်\လူလတ်ပိုင်းများကို အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများကို ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
1 056
Repost from EIO
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"
📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 056
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 056
“လူ့စိတ်ဟာ ဝန်းကျင်နဲ့ဆိုင်တယ်”
🔳 ဒါကြောင့်လည်း ဆိတ်ကွယ်ရာအရပ်မှာတောင် မကောင်းတာ မလုပ်ဘူး ဆိုတဲ့ သိက္ခာက ဗုဒ္ဓဂုဏ်တော်တစ်ခု ဖြစ်နေတာပေါ့။
လူ့သဘာဝအရ ကွယ်ရာရောက်ပြီဆို မဟုတ်တာ လုပ်ချင်စိတ်ကလေးက နည်းနည်းတော့ ဖြစ်လာတာပဲ။ အနိမ့်ဆုံးကတော့ ထိုင်ခုံမှာ လျှောချပြီး ထိုင်နေလိုက်တာတို့၊ မြူးတူးကခုန်တာတို့၊ ဆဲဆိုတာတို့ စသဖြင့်ပေါ့။ လူအများရှေ့ ပြမနေ၊ လုပ်မနေတာတွေကို လုပ်မိတာ။ အိန္ဒြေပျက်ပြားသွားတာ။ သမီးရည်းစားနှစ်ယောက် ဆိတ်ကွယ်ရာအရပ် ရောက်ပြီဆိုလည်း စိတ်အခြေအနေတွေက မတူတော့ဘူးပေါ့လေ။
🔳 တကယ်တမ်းတော့ စိတ်ဆိုတာကလည်း ဝန်းကျင်ပေါ် မူတည်ပြီး ဖြစ်လာတာပဲ။ ဆဲဆိုသံကို ကြားတယ်။ ဒေါသထွက်တယ်။ တပ်မက်စရာကို မြင်တယ်။ တပ်မက်တယ်။ စားစရာအနံ့ကလေး ရတယ်။ စားချင်စိတ်ကလေး ဖြစ်တယ်။
ဒါကြောင့် စိတ်ကောင်းကလေးတွေ ဖြစ်ချင်တယ်ဆို ကောင်းတဲ့အာရုံတွေနဲ့ ထိတွေ့။ ဆိုရှယ်မီဒီယာ တချိန်လုံး ထိုင်သုံးနေပြီး စိတ်ကလေး ကြည်ချင်တယ် လုပ်လို့တော့ မရဘူး။ သစ်ပင်စိမ်းစိမ်းစိုစိုကြားထဲ လမ်းကလေးလျှောက်။ စိတ်ကြည်မလာတော့ ကြိုက်သလိုပြော။ ဘယ်သူဘယ်ဝါ လုပ်မှမဟုတ်ဘူး။ ဘယ်သူလုပ်လုပ် ကြည်တယ်။ စိတ်ဆိုတဲ့သဘောကိုက အာရုံပေါ် မူတည်ပြီး ဖြစ်လာတာကိုး။
🔳 ဝန်းကျင်ဆိုတဲ့နေရာမှာ -
· ရောက်နေတဲ့ နေရာ
· ဝတ်ထားတဲ့ အဝတ်
· ပေါင်းနေတဲ့ အပေါင်းအသင်း
ဒီ ၃ ခု အဓိက ပါဝင်တယ်။
🔳 ညစာမစားဘဲ နေမယ်ဆို သူငယ်ချင်းတွေနဲ့ အကင်ဆိုင်ထိုင်ရင်း ရှောင်နိုင်မယ် ထင်သလားပေါ့။ သူတို့က စား။ ကိုယ်က ငုတ်တုတ်ကလေး ထိုင်။ အဲဒီလို လုပ်နိုင်ဖို့ အင်မတန် ခဲယဉ်းတယ်။ ရောက်နေတဲ့နေရာကမှ ဟုတ်မနေတာ။
ဘုန်းကြီးဝတ်တုန်းက ရှိနေတဲ့ ခံစားချက်တွေက အိမ်ပြန်ရောက်ပြီး တစ်ပတ်လောက်ကြာတော့ ပျောက်ချင်းမလှ ပျောက်ကုန်ရော။ နေရာကမှ မတူတော့တာပဲ။
🔳 နောက်တစ်ခါ - ဝတ်ထားတဲ့ အဝတ်။
Gym သွားတယ်။ အားကစား လုပ်တယ်ပဲထား။ တကယ်ဆို ဘာဝတ်သွားသွား ရတယ်။ အိမ်မှာပဲ လုပ်နေသူတွေတောင် ရှိသေးတာ။ ဒါပေမဲ့ အားကစားဝတ်စုံလေးတွေ သေသေချာချာ ဝတ်သွားတာက စိတ်ကို ပိုပြီးလန်းဆန်းစေတယ်။ လုပ်ချင်စိတ် ပိုဖြစ်တယ်။
အပေါ်ယံတွေပါလို့ တချို့က ထင်လိမ့်မယ်။ ဟုတ်တယ်။ တကယ်တမ်း ကျန်းမာခြင်းမှာက ဝတ်တဲ့အဝတ်နဲ့ ဆိုင်မနေဘူး။ ဘယ်လောက်အကောင်းစားတွေဝတ်ဝတ်၊ သေချာလိုက်မလုပ်ရင် ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ သို့သော် အဲဒီလို လိုက်လုပ်ချင်စိတ်ကိုတော့ ဒီအဝတ်အစားက ပေးတာပေါ့။
🔳 အပြင်သွားရင်လည်း သပ်သပ်ရပ်ရပ် ဝတ်သွားတဲ့အချိန် ဖြစ်တဲ့မုဒ်နဲ့ ကြုံသလို ဝတ်သွားတဲ့အချိန် ဖြစ်တဲ့မုဒ် မတူဘူး။ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ခြင်းဟာ တစ်ဖက်လူအပေါ် လေးစားမှု ပြရုံတင်မကဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတယ် ဆိုတာပါ ပြတယ်။
တချို့အိမ်ထောင်သည်အမျိုးသမီးတွေကလေးမွေးပြီးရင် ငယ်ငယ်ကလို မဝတ်စားတော့ဘူး။ ဘာလို့လဲ။ တန်ဖိုးမထားတော့လို့။ လင်ယောက်ျားနဲ့ သားသမီးတွေကိုပဲ ပိုဦးစားပေးပြီး သူ့ကိုယ်သူ နောက်ပို့လိုက်လို့။
ကိုယ့်ကိုယ်ကိုယ်တောင်မှ တန်ဖိုးမထားတော့တဲ့အခါ တပါးသူတွေဆီက တန်ဖိုးထားခံရမှု ရဖို့ဆိုတာလည်း သိပ်ခက်သွားတော့တယ်။
🔳 ဘုန်းကြီးဝတ်လိုက်တယ်။ ဝတ်ထားတဲ့အဝတ် ပြောင်းသွားတယ်။ ဦးဇင်းတွေက သူတို့ကိုယ်သူတို့ တပည့်တော်လို့ သုံးနှုန်းလာတယ်။ လူတွေက ရှိခိုးဦးချကြတယ်။ ကလေးလေးတွေက မင်္ဂလာပါ ဘုန်းဘုန်း ဆိုပြီး နှုတ်ဆက်တယ်။ ခေါင်းကလေးတွေ ညွတ်ပြီး ကိုယ့်ရှေ့က ဖြတ်သွားကြတယ်။ ပြောမယ်ဆို ယူနီဖောင်းရဲ့ တန်ဖိုးပဲ။
ဒီအဝတ် ဒီသင်္ကန်းနဲ့ ကိုက်ညီအောင်တော့ နေဦးမှ ဆိုတဲ့အတွေး ရလာတယ်။ ညဘက် အစားထိန်းရ သိပ်လွယ်သွားတယ်။ စားချင်စိတ်ရယ်လို့ကို အထွေအထူး မဖြစ်တော့တာ။
🔳 နောက်ဆုံးတစ်ခု ပေါင်းနေတဲ့ အပေါင်းအသင်း။
သူငယ်ချင်းတွေကိုပဲ အဓိက ဆိုလိုတာ မဟုတ်ဘူး။ အချိန်အများစုမှာ အတူရှိကြတဲ့သူတွေ။ မိသားစုဝင်တွေ ဖြစ်ရင်လည်း ဖြစ်မယ်။ ချစ်သူရည်းစား ဖြစ်ရင်လည်း ဖြစ်မယ်။ သူတို့ကလည်း ကိုယ့်စိတ်အပေါ် လွှမ်းမိုးမှု ကြီးကြီးမားမားရှိတယ်။
ကိုယ့်စိတ်ကို ပူလောင်စေမယ့်၊ ဒေါသထွက်စေမယ့် စကားတွေ၊ အပြုအမူတွေ တချိန်လုံး လုပ်နေသူနဲ့ တအိမ်တည်းနေရပြီ ဆိုပါတော့။ ဘယ်လိုစိတ်ချမ်းသာနိုင်ပါတော့မလဲ။
အားကစားလိုက်စားသူနဲ့ ပေါင်းရင် လိုက်မလုပ်ဖြစ်သေးတောင် နည်းနည်းတော့ ကျန်းမာရေးသတိ ရှိလာမယ်။ အရက်သောက်တတ်သူတွေနဲ့ အပေါင်းများရင် သောက်ဖြစ်ဖို့ ပိုလွယ်ပြီး မသောက်တတ်သူနဲ့ အပေါင်းများရင်တော့ သောက်တာ လျော့ကိုလျော့သွားတယ်။
🔳 "ရန်သူတစ်ထောင်ကို အောင်နိုင်ခြင်းထက် မိမိကိုယ်ကို အောင်နိုင်ဖို့က ပိုခက်တယ်" တဲ့။ လောင်းကစား၊ မူးယစ်ဆေး၊ အရက်ရဲ့သားကောင် ဖြစ်ကုန်သူတွေဟာ တချိန်ကတော့ ငါ့စိတ်ငါနိုင်တယ် ဆိုပြီး ကြွေးကြော်ခဲ့သူတွေချည်းပဲ။ အစားထိန်းနိုင်အောင်လည်း Willpower တစ်ခုတည်းနဲ့ လုပ်လို့မရပါဘူး။
ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်မကြီးပါနဲ့။ အဲဒီအစား စိတ်ကိုဖြစ်လာစေတဲ့ Setting ကိုသာ ဂရုတစိုက်နဲ့ ပြင်လိုက်ပါ။ ကိုယ်ပျိုးထောင်ချင်တဲ့၊ ဒါမှမဟုတ် ရပ်ပစ်ချင်တဲ့ အမူအကျင့်တွေပေါ် မူတည်ပြီး ကိုယ့်ကိုယ်ကိုယ် မှန်ကန်တဲ့ ဝန်းကျင်မှာ ထားထားကြည့်ပါ။ ပိုပြီး အလုပ်ဖြစ်တာကို တွေ့ရပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၁၂.၇.၂၀၂၆
1 056
Repost from EIO
" စစ်ပွဲရဲ့ ပုံစံတွေ ပြောင်းလဲသွားပြီ "
အခုခေတ်မှာ နိုင်ငံချစ်စိတ်ဆိုတာ လက်နက်ကိုင်မှ မဟုတ်ပါဘူး။ နည်းပညာကို လေ့လာတာ၊ Coding ရေးတာ၊ အသစ်သစ်တွေကို တီထွင်တာဟာလည်း တကယ့်ကို ထိရောက်တဲ့ တိုက်ပွဲဝင်မှုပါပဲ။ ကမ္ဘာကြီးက နည်းပညာနဲ့ စစ်ခင်းနေချိန်မှာ ငါတို့တွေက 'အသုံးချခံ' မဖြစ်ဘဲ 'ဖန်တီးသူ' တွေ ဖြစ်လာအောင် ကြိုးစားကြစို့။ ငါတို့ရဲ့ အသိပညာက ငါတို့နိုင်ငံရဲ့ အင်အားပဲ။
#UAV
#kndfuav
#KNDF
#highlight
https://www.facebook.com/share/1D3CYWgd9G/
1 056
Repost from EIO
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် #Hexacopter ဒရုန်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မြေပြင်အခြေအနေများအရ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာသည်ကို တွေ့ရပါသည်။
တရုတ်နိုင်ငံထုတ် စစ်ဘက်သုံး #Hexacopter ဒရုန်းများသည် များသောအားဖြင့် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ဤဒရုန်းများတွင် အဆင့်မြင့် အာရုံခံကိရိယာများ၊ လေဆာလမ်းညွှန်စနစ်များ နှင့် လက်နက်ငယ်များ (သို့မဟုတ်) ဗုံးများ တပ်ဆင်နိုင်သည့် စနစ်များ ပါဝင်လေ့ရှိသည်။
📌 ၎င်းတို့ အသုံးပြုနေသော #Hexacopter များ၏ အကြောင်းအသေးစိတ် 👇🏻
- https://t.me/eagleinformationoperator/22248
- https://t.me/eagleinformationoperator/22249
🛰️ ဒရုန်းများသည် အမြင်အာရုံကို အဓိကထား၍ တိုက်ခိုက်ခြင်းဖြစ်သောကြောင့် "မိမိကိုယ်ကို အပေါ်စီးမှ မမြင်အောင် နေထိုင်ခြင်း" သည် အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါသည်။ ✨
#Eagle_Information_Operator #EIO #PublicSafety #DroneAwareness #WarCrimes #MiliitaryAtrocities #MilitaryTerrorists #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 056
Repost from EIO
🚨မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီ အသုံးပြုနေသော Kamikaze Drone (သို့မဟုတ်) Suicide Drone များသည် အဓိကအားဖြင့် အီရန် (Iran) နှင့် ရုရှား (Russia) တို့၏ နည်းပညာဒီဇိုင်းများကို အတုယူ/အခြေခံထားခြင်း ဖြစ်ပါသည်။⚠️
⚠️ အသေးစိတ်ဖတ်ရှု့လေ့လာရန် - 👇🏻
♦️ https://t.me/eagleinformationoperator/21557
♦️ https://t.me/eagleinformationoperator/21558
#Scout_Drone များနှင့် ပါတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်ကို #Like & #Follow လုပ်ထားနိုင်ပါသည်။
🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator
#DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #Airstrike #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar #Eagle_Information_Operator #EIO
1 056
Repost from EIO
🛰️ CH-4 (Caihong-4) (သို့မဟုတ်) Rainbow-4။
CH-4 သည် တရုတ်နိုင်ငံ CASC မှ ထုတ်လုပ်သော အလတ်စား အမြင့်ပျံ၊ ကြာရှည်ပျံသန်းနိုင်သည့် (MALE - Medium-Altitude, Long-Endurance) မောင်းသူမဲ့ လေယာဉ် (UAV) ဖြစ်သည်။ ၎င်းကို အမေရိကန်၏ MQ-1 Predator နှင့် MQ-9 Reaper တို့နှင့် ပုံစံတူ ဒီဇိုင်းထုတ်ထားပါသည်။
⚠️ အသေးစိတ်ဖတ်ရှုလေ့လာရန် 👇🏻
https://t.me/eagleinformationoperator/21496
#DroneSafetyTips #SurvivalTactics #StayHidden #EmergencyAlert #MilitaryTerrorists #MilitaryTerrorists #SafeMovement #WhatsHappeningInMyanmar #Eagle_Information_Operator #EIO
1 056
Repost from EIO
+6
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️
⚠️ https://t.me/eagleinformationoperator/23180
⚠️ https://t.me/eagleinformationoperator/23181
#Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar
1 056
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
1 056
Repost from EIO
+5
#Scout_Drone_Thermal များနှင့် ပါတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်ကို #Like & #Follow လုပ်ထားနိုင်ပါသည်။
✨ #Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၁) - https://t.me/eagleinformationoperator/21164
✨ #Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၂) - https://t.me/eagleinformationoperator/21191
✨ #Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၃) - https://t.me/eagleinformationoperator/21277
✨ #Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၄) - https://t.me/eagleinformationoperator/21362
🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator
#DroneSafetyTips #SurvivalTactics #StayHidden #CombatSurveillance #ThermalStealth #UAVDetection #DigitalDefense #FieldSecurity #CounterSurveillance #SafeMovement #ThermalProtection #Eagle_Information_Operator #EIO
1 056
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
Eagle Information Operator (#EIO)
Date - Jul 12, 6:47PM
📌 ချောင်းဦးနယ်၊ ကံကြီးကုန်းပျူရွာမှ အကြမ်းဖက် စခပခများသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate
1 056
⚠️ ⚠️ သဘာဝဘေးကျရောက်ချိန်များတွင် သတိပြုရမည့် စစ်လက်ကျန်ပစ္စည်းများ၏ အန္တရာယ်
သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည်တို့ကြောင့် မြေမြှုပ်မိုင်းအပါအဝင် စစ်လက်ကျန်ပစ္စည်းများသည် တည်နေရာပြောင်းလဲခြင်း၊ မြေအောက်မှ ပြန်လည်ပေါ်ထွက်လာခြင်း၊ အရပ်သားများနှင့်သက်ဆိုင်သော နေရာများသို့ ရွေ့လျားရောက်ရှိလာခြင်းစသည့် အန္တရာယ်များ ဖြစ်ပေါ်တတ်သဖြင့် အောက်ပါတို့ကို သတိပြုသင့်ပါသည်-
(၁) နေရာပြောင်းရွှေ့ခြင်း – ပေါက်ကွဲစေနိုင်သည့် စစ်လက်နက်ပစ္စည်းများသည် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မြစ်ရေတိုက်စားခြင်းတို့ကြောင့် မူလနေရာမှ အခြားနေရာများသို့ ရွေ့လျားရောက်ရှိသွားနိုင်သည်။
(၂) အရပ်သားနေရာများသို့ ရောက်ရှိလာခြင်း – စစ်ရေးနေရာများတွင် အသုံးပြုထားသည့် မိုင်းများနှင့် မပေါက်ကွဲသေးသော လက်နက်များသည် ရေစီးနှင့်အတူ လူနေအိမ်များ၊ လယ်ယာ၊ လမ်းမများနှင့် ရေတွင်းရေကန်များအထိ ရောက်ရှိလာနိုင်သည်။
(၃) မြေသားအောက်မှပေါ်ထွက်လာခြင်း – မြေပြိုကမ်းပြိုခြင်းနှင့် မြေလွှာများ ပြတ်ရွေ့ခြင်းတို့ကြောင့် ပေါက်ကွဲစေနိုင်သည့်ပစ္စည်းများကို မြေသားများဖုံးအုပ်စေနိုင်သကဲ့သို့ ယခင်ကမြေအောက်တွင်ရှိနေသော စစ်ကျန်ပစ္စည်းများသည်လည်း ပြန်လည်ပေါ်ထွက်လာနိုင်ပါသည်။
(၄) မိုင်းသတိပေး အမှတ်အသားများ ပျက်စီးခြင်း – မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်များ၊ အကာအရံများနှင့် အချက်ပြ အမှတ်အသားများသည် သဘာဝဘေးကြောင့် ပျက်စီးသွားနိုင်ပြီး အန္တရာယ်ဇုန်ကို ခွဲခြားသိရှိရန် ခက်ခဲစေသည်။
(၅) မိုင်းရှင်းလင်းရန် ခက်ခဲခြင်း – စစ်ကျန်ပစ္စည်းများကို တွေ့ရှိချိန်တွင် သဘာဝဘေးအန္တရာယ်ကျရောက်နေခြင်းကြောင့် တာဝန်ရှိအဖွဲ့အစည်းများကို ဆက်သွယ်ရန်ခက်ခဲခြင်းနှင့် မိုင်းရှင်းလင်းရေးအဖွဲ့များအနေဖြင့်လည်း ယင်းပစ္စည်းများ ဖယ်ရှားရေးလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာနိုင်သည်။
(၆) ဘေးသင့်ပြည်သူများအတွက် ရုပ်ပိုင်းစိတ်ပိုင်းထိခိုက်မှုများခြင်း - ဘေးသင့်ပြည်သူများသည် သဘာဝဘေးကြောင့် လူမှုဒုက္ခများခံစားရချိန်တွင် စစ်လက်နက်ပစ္စည်းများအန္တရာယ်ကြောင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများ ထပ်မံကြုံတွေ့ရနိုင်သည်။
သို့ဖြစ်ရာ ဒေသတာဝန်ရှိအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် သဘာဝဘေးကျရောက်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများနှင့် မတော်တဆ ထိတွေ့မိနိုင်ခြေ မြင့်မားသည့်အတွက် အထူးသတိပြု ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
https://www.facebook.com/share/1JQxsXwMA3/
1 056
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ် ပေလမ်းမသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
Jul 12, 11:48AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://t.me/eagleinformationoperator?direct
👉🏻 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 056
Repost from EIO
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️
ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။
🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။
၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️
လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။
၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨
ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။
⚠️ အထူးသတိပြုရန်။
ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar
1 056
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 056
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
