ဆရာမဂျူးရဲ့စာအုပ်များနှင့် ရသစုံကဗျာစာတိုများ
Open in Telegram
5 817
Subscribers
+424 hours
+307 days
+13330 days
Posts Archive
Repost from N/a
"မင်းငိုပါချိုမြတင်"
ရေးသားသူ - နေဇော်နိုင်
ရွတ် - နှောင်ခတ်သွင်
မင်းအဆင်ပြေပါစေလို့
ဆုတောင်းပေးနေတဲ့လူတစ်ယောက်က
သူကိုယ်တိုင်တော့
အဆင်မပြေနေနိုင်ဘူးလေ
စိုးရိမ်စရာကောင်းတဲ့ခါတ်ပျက်ကြီးမို့
အပြင်သွားရင်ထီးကလေးဆောင်တက်တဲ့
အကျင့်ပါပါစေလို့
ထပ်ဆင့်ဆုတောင်းပါတယ်။ ။
#Mgki
▪️မောင်စိုးပေ
စီးကရက်ပြတ်ရွေ့ကြောများ
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့
မေ့နေတက်တဲ့
ငါ့ကိုယ်ငါနဲ့လည်းခက်ပါတယ်
ကိုယ့်ကိုထားခဲ့ပြီး
ရင်ခွင်အသစ် အချစ်သစ်မှာ
မင်းပြုံးပျော်နိုင်ရဲ့လား
တွေးပြီးစိတ်ပူနေမိတာ....
#ခန့်ထည်
အဆင်မပြေခြင်းအနုပညာ
"အိမ်ပြန်ရောက်ရင်"
ဒီတစ်ကြိမ် အိမ်ပြန်ရောက်ရင်
အမေချက်တဲ့ ငါးဟင်းလည်း
မငြင်းဘဲ စားမယ်။
အိမ်တွင်းနတ်စင်က ပိုက်ဆံ
မခိုးတော့ဘူးလို့ ကတိပေးမယ်။
အမေယုံတဲ့
အဆောင်လက်ဖွဲ့ကြိုးအနီလေးလည်း ပတ်ထားမယ်။
တကယ်ဝေးရမှန်းသိရင်
အမေချက်တဲ့ ဟင်းတွေမှာ
ငြင်းရက်စရာ တစ်ခွက်မှ မရှိဘူး ။
-ဆန်းကျော်စွာ၀င်း
Repost from N/a
ကျွန်တော်Mgki ခ မောင်စိုးပေရဲ့
ကဗျာတွေချည်းသီးသန့်ဖတ်လို့ရမယ်ချယ်နယ်လေးပဲ ဖြစ်ပါတယ်
စာဖတ်ပရိတ်သတ်တို့ရေ
ရေးသူကရေးလို့ဖတ်သူကဖတ်လို့
ရေးသူအားဖြစ်အောင်recလေးတွေနဲ့ ကူညီအားပေးပါ
ဖတ်သူလေးတွေအတွက်ကတော့
အသည်းလဲကွဲရမယ် motiလဲရစေမဲ့ ခံစားချက်အသုပ်စုံပေးမယ်ဗျာ
ချစ်တယ်နော်အာလုံးကို
Good luck ။ ။
#Mgki
▪️မောင်စိုးပေ
https://t.me/OnlyMgki
ကြွေသွားတဲ့ ကြယ်တွေကို
အိတ်ကပ်ထဲထည့်ရင်း
မျက်လုံးတွေဟာ အမှောင်နဲ့ကျင့်သားရနေချိန်
မီးအိမ်လေးကိုင်စွဲလာတဲ့မင်းက
ငါ့ကို ရူးရူးမိုက်မိုက်ချစ်ပြတယ်။
-ကေလင်း
Repost from N/a
အပြန်
ရေးသားသူ - သစ္စာပိုင်စိုး
ရွတ် - နှောင်ခတ်သွင်
ချစ်တာကိုချစ်တယ်လို့
ရိုးသားစွာဖွင့်ပြောခဲ့ပါတယ်
တစ်ဖက်က လေးစားမှုနဲ့ ငြင်းပယ်တယ်
လွတ်လွတ်လပ်လပ်ပါပဲ
အတင်းလုပ်ယူလို့ရကြေးမှမဟုတ်တာကွယ်။
-နှောင်ခတ်သွင်
Mother... သမီးရေ လမုန့်လေးစားအုံးမလား
Me... မစားတော့ဘူးမေကြီး
Mother... မြင့်မြင့်ခင်လေ
မနေ့က ဟိုဘက်အိမ်ကမန်းလေးအပြန်လက်ဆောင်အဖေရဲ့
Me... မေကြီးလမုန့်ပေးပါအုံး
တလောကလုံးက လမုန့်မှန်သမျှ လုံးဝမစားပဲ မြင့်မြင့်ခင်က လမုန့်ပဲစားသောဂြိုလ်သား🤧
တိမ်တွေလဲမည်း ၊ မိုးလဲသည်း။
တောင်တွေလဲပြို ၊ လမ်းလဲအိုလို့။
ချောက်ကမ်းပါးကား ၊ ရေတိုက်စား၍။
တောင်ကျချောက်ရေ ၊ ပင်လယ်ဝေကာ။
ဖြတ်ကျော်ကာရုန်း ၊ ဆက်ရအုံးမယ်။
ဒုက္ခနယ်ပယ် ၊ ကျယ်ဝန်းသည်ကား။
ခရီးကပမ်း ၊ လမ်းကကြမ်း၍။
တောင်စွယ်တောင်စောင်း ၊
ချုံနွယ်အောင်းကာ။
စိမ်းစိုတောအုပ် ၊ တစ်ရပ်မြှုပ်လု။
ဘုန်းစိုးများဟာ ထလျက်ရှိ၏။
-𝄢𝑪𝒉𝒊𝒆( ချည် )
တိမ်တွေလဲမည်း ၊ မိုးလဲသည်း။
တောင်တွေလဲပြို ၊ လမ်းလဲအိုလို့။
ချောက်ကမ်းပါးကား ၊ ရေတိုက်စား၍။
တောင်ကျချောက်ရေ ၊ ပင်လယ်ဝေကာ။
ဖြတ်ကျော်ကာရုန်း ၊ ဆက်ရအုံးမယ်။
ဒုက္ခနယ်ပယ် ၊ ကျယ်ဝန်းသည်ကား။
ခရီးကပမ်း ၊ လမ်းကကြမ်း၍။
တောင်စွယ်တောင်စောင်း ၊
ချုံနွယ်အောင်းကာ။
စိမ်းစိုတောအုပ် ၊ တစ်ရပ်မြှုပ်လု။
ဘုန်းစိုးများဟာ ထလျက်ရှိ၏။
-𝄢𝑪𝒉𝒊𝒆( ချည် )
Repost from N/a
တစ်ကယ်တမ်းတော့
ကိုယ်နဲ့မင်းက နီးနီးလေးမှာရှိပြီး
အဝေးကြီးဝေးနေကြတာ ။
နှစ်ယောက်ကြား တစ်ယောက်
ဝင်ခြားသွားတဲ့စည်းတွေနဲ့...
▪️စာတိုငဖြူ
မေ့နိုင်ပြီဆိုတာ နှလုံးသားမှာ
အနယ်ထိုင်သွားတာပါ
လှုပ်ခါမိသမျှလေအချစ်ရဲ့
လှုပ်ရှားမှုမှန်သမျှနဲ့သတိတရ...။
#Mgki
▪️မောင်စိုးပေ
February 31
မမှတ်သေးပဲ ဆိုင်အသစ်ဖွင့်လို့ ထပ်စားမိတဲ့ ဟိုလမ်းကြားအသုပ်🥹
အစာပလာတွေများပြီးအသားအင်မတန်နည်းတယ် အရသာက ပါးစပ်မတွေ့ခဲ့ပါဘူး
နောက်ဆို ဟိုလမ်းကြားအသုပ်ဆို တာ့တာပါ🥹
ဒီနေ့ ဘုန်းကြီးကျောင်းသိမ်အတွက် ကျွန်မတို့အိမ်က သိန်း၁၀၀မတည်လှုဒါန်းပါတယ် အဲ့အတွက် အမျှလာပေးတာပါ သာဓုခေါ်နိုင်ကြပါစေရှင့် 🙏
ပြီးတော့ ကိုယ်လူယုတ်မာလုပ်ပြီးရထားတဲ့ ငွေတချို့လဲ ထည့်ထားတာမို့
မြင်ရသူအပေါင်းသာဓုခေါ်နိုင်အောင်ပါ 😅
အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်🙏
အားလုံးသာဓုခေါ်လိုက်
( သန်းသန်းစိုးအသံဖြင့်)
# ကြိုး
ငါဖြတ်သန်းခဲ့တဲ့
ရက် လ နစ် တွေကုန်းဆုံးခဲ့သော်
ဆန္ဒ နဲ့ ဘဝ
ပြောင်းပြန် အချိုးကျသွားတဲ့ အခြေအနေမှာ
ပစ္စုပ္ပန် ရက်တွေက
ကမောက်ကမ နိုင်လွန်းခဲ့တယ်လေ
အချစ်ဆိုတဲ့အရာတောင်
ကံကောင်းစွာတွေ့ရှိခဲ့ပေမဲ့
မျှော်လင့်ငုတ်တုပ်စောင့်ရင်း
တစ်ဖတ်သတ်အချစ်တွေနဲ့....
ဆက်ချစ်ရင်း........
#ခန့်ထည်
❝ ဂလိုဘယ်တောသား ❞
ဇူကာဘတ်က ပြုံးခိုင်းတော့
ရှိသမျှအပြုံးတွေ
ပရိုဖိုင်ပုံထဲ ထည့်ထားရပြီ။
အယ်လ်ဖာဘက်က သိတယ်ဆိုတော့
ကိုယ်မသိတဲ့အကြောင်းတွေတောင်
ကိုယ့်ထက်သူက ပိုသိနေပြီ။
ဒစ်စနီက အနုပညာဆွဲပေးတော့
ပန်းချီဆရာက
လက်တွေကို ခဏချထားရတယ်။
ဂလိုဘယ်လိုက်ဇေးရှင်းဆိုမှတော့
ကမ္ဘာကြီးက လက်တစ်ကမ်း
ဒါပေမယ့်
ဘေးကလူတစ်ယောက်နဲ့တော့
စကားပြောဖို့ အချိန်မရှိချေဘူး။
ငြိမ်းချမ်းရေးဆိုတဲ့
ဆိုင်းဘုတ်ကြီးအောက်မှာ
စစ်ပွဲတွေက ဝိုင်ဖိုင်လိုင်းကောင်းကောင်းနဲ့
တိုက်ရိုက်ထုတ်လွှင့်နေတာပေါ့ ။
မိစ္ဆာနဲ့ လမ်းလျှောက်ရင်း
အနုပညာကို တွေ့တယ်၊
အနုပညာကလည်း
အမှားတွေနဲ့ လှနေတယ်ရောဟေ့ ။
ကမ္ဘာကြီးက
မပြောင်းလဲသေးဘူးမလား
ကျွန်တော်တို့ကပဲ အမှန်ကို
ပြောင်းပြန်ကြည့်တတ်လာတာပါ ။
ဆာဂေးနဲ့လယ်ရီက
Google ဖွင့်ပေးထားတော့
မသိတာမှန်သမျှ
ရှာလို့ရပြီပေါ့။
ဆမ်အယ်လ်မန်းက
ချက်ဂျီပီတီ ဖန်တီးပေးထားတော့
မရေးတတ်တဲ့ကဗျာတောင်
ရေးလို့ရပြီပေါ့။
အီလွန်က အာကာသသွားတော့
ကမ္ဘာမြေပေါ်ကလူတွေက
လမ်းပျောက်နေပေါ့ ။
ဇူကာဘတ်က လူတွေချိတ်ပေးတော့
တစ်ကမ္ဘာလုံးနီးလာပေမဲ့
အိမ်နီးချင်းကိုတော့ မသိတော့ဘူးလေ ။
အင်တာနက်ကြီးက
ကမ္ဘာကို လက်တစ်ကမ်းထဲထည့်ပေးတော့
လူတွေကတော့ တစ်ယောက်နဲ့တစ်ယောက်
ပိုဝေးလာကြတာပေါ့ ။
နည်းပညာက တိုးတက်လာတာပေါ့
လူသားတွေကတော့ကိုယ့်အရိပ်ကိုတောင်
စက်နဲ့မေးနေရပြီလေယောက်ဖ ။
ကမ္ဘာကြီးကရှေ့ကိုပြေးနေတာလား၊
ကျွန်တော်တို့ကပဲ
နောက်ပြန်လျှောက်နေတာလား ။
▪️ စိုင်းနေခ
