en
Feedback
ကဗျာအိမ်

ကဗျာအိမ်

Open in Telegram

တစ်ချက်ပိတ်ကန် ခံရရင် ကဗျာတစ်ပုဒ် စောင့်ထွက်လာတယ် ဒါ့ကြောင့် ငါ့ကဗျာကို အရသာခံဖတ်သင့်ပါတယ် ။ -အောင်ချိမ့်

Show more
227
Subscribers
No data24 hours
+17 days
No data30 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
March '25
March '25
+84
in 0 channels
February '250
in 0 channels
Get PRO
January '250
in 1 channels
Get PRO
December '24
+150
in 1 channels
Date
Subscriber Growth
Mentions
Channels
16 March+1
15 March+1
14 March+2
13 March0
12 March0
11 March0
10 March+1
09 March+1
08 March+1
Channel Posts
အားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ကြပါစေ လို့ဆုမွန်ကောင်းတောင်းရင်းနဲ့ ကျွန်တော်တို့ ဒီည ၈နာရီခွဲတိတိအချိန်မှာ ကဗျာသံစဥ်များ channelမှာ စကားဝိုင်းပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျား။နားထောင်လို့လည်းရသလို ​ဝင်ပြောလို့လည်းရပါတယ်ခင်ဗျား။အားလုံးကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား ။ - ကဗျာသံစဥ်များ https://t.me/poetry_sounds_byMLPA

2
ကျနော်တို့ တစ်ခုခုဖြစ်သွားမှာကို အရမ်းကြောက်တဲ့ လူတစ်ယောက်ရှိရင် ကျနော်တို့ ဘာဖြစ်ဖြစ် ကြောက်စရာမလိုတော့ဘူး။ - ရိပ်ငြိမ်
150
3
ဒဿဟာ မင်းသားတစ်ပါးပါပဲ ရာမ ဆိုတဲ့သူ ပေါ်မလာခင်အထိပေါ့ ။ - ဂန္ဓမာ
133
4
၁၃ ----- ၁၃ရက်မှာမွေးတယ် နာမည်က ၁ နဲ့ ၃ နိုင်ငံရေးလုပ်သက် ၁၃နှစ်ပြည့်ချိန်မှာ ကျည်ဆန် ၁၃ချက်ကို ရင်ဘတ်နဲ့ခံသွားတယ် ရေမကူးတတ်ဘူး ဂေါက်မရိုက်တတ်ဘူး ရည်းစားစကားလည်း မပြောတတ်ဘူး သွေးတောင်းတဲ့အရာက လွတ်လပ်ရေးနဲ့ နံပြားတစ်ချပ်ပဲ ခင်ဗျား အဆဲမခံချင်ရင် အဲ့ဒီလူရှေ့က ဖောက်ပြန်ရေးကင်းတဲ့ မနက်စာစားပွဲခုံပေါ် ကုမ္ပဏီရှယ်ယာလက်မှတ်တွေအစား ပဲပြုတ်ပူပူလေးတစ်ခွက်သာ ချပေးလိုက်ကြ ။ - ဆန်းကျော်စွာဝင်း
219
5
ငယ်ရွယ်မှုက ဘာနဲ့မှတုလို့ မရပါဘူး။ ဒါကြောင့် သူတို့ သူတို့ အရူးအမူး ချစ်ကြပါစေ။ - အောင်ချိမ့်
198
6
ငှက်တွေဟာ တစ်သက်လုံး သီချင်းတစ်ပုဒ်ထဲကိုပဲ သီဆိုကြတယ် ငါဟာ ငှက်တစ်ကောင်ပေါ့ ငါ့ဘဝရဲ့ တစ်ပုဒ်ထဲသော သီချင်းကတော့ မင်းပါပဲ ။ - မင်းခိုက်စိုးစန်
787
7
မင်းနာမည်နဲ့ စီးတဲ့ရေပဲ သောက်ချင်သောက်၊ ဆေးချင်ဆေး၊ မင်းခြေထောက်လေးဖွေးရင် ပျော်တယ်။ - ဆန်းကျော်စွာဝင်း
790
8
သိန်းကျော်တန်ရေမွှေးနံ့တွေ အပြုံးတုတွေ လူကုံထံတွေကြားမှာ မျက်နှာမွဲ ကျွန်တော် လူတောမတိုးရဲဘူး အဖေ ။ - အောင်ဆောင်းခိုင်
294
9
မင်းပြန်လာရင် အကယ်၍များ မင်းပြန်လာခဲ့ရင် ငါ မင်းခြေစုံကို ဦးခိုက်ပြီး ငိုပါ့မယ် ပြီးတော့ ထပ်ထွက်မသွားဖို့ မင်းကို ဖွက်ထားမယ် ။ - တာရာညို
267
10
တဏှာစိတ်တွေ မွှန်ထူပြီး မိန်းမပျိုတွေကိုဆာလောင်နေတဲ့ သူရူးတွေပေါများတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်လိုအချစ်စစ်နဲ့ ချစ်နိုင်မယ့်သူ ထပ်ရှာကြည့်ပါလား ရှာတွေ့ခဲ့ရဲ့လား အသက် ။ - အောင်ဆောင်းခိုင် ဝတ္ထုတစ်ပုဒ် နိဂုဏ်းချုပ် - (၂)
333
11
"ရည်းစားထားမလား နာရီဝတ်မလားဆို နာရီပဲ ဝယ်ဝတ်လိုက်တယ်" အပြောင်းအလဲ မြန်တာခြင်း အတူတူ နာရီက အချိန်မှန်တယ်လေ ။ - အကြည်တော်
745
12
တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့ သက်ဝင်နေရင် ကိုယ်က မငြိတွယ်မိအောင်နေရမယ် အတင်းတိုးမဝင်ရဘူးတဲ့ ချစ်ခြင်းမေတ္တာမှာလည်း ယဥ်ကျေးမှုရှ
တစ်ယောက်ဟာ အခြားတစ်ယောက်နဲ့ သက်ဝင်နေရင် ကိုယ်က မငြိတွယ်မိအောင်နေရမယ် အတင်းတိုးမဝင်ရဘူးတဲ့ ချစ်ခြင်းမေတ္တာမှာလည်း ယဥ်ကျေးမှုရှိရတယ် ။ - ရိပ်ငြိမ်
776
13
ကိုယ်တို့ဟာ ယခုအချိန်မှာ နီးစပ်နေခဲ့ကြပေမဲ့ အချိန်တန်လို့ ဝေးကြတဲ့အခါ ဘယ်လိုနည်းနဲ့များ ဖြေသိမ့်နိုင်မယ်ထင်လဲ ။ - အောင်ဆောင်းခိုင်
275
14
လူတယောက်ကို ချစ်ဖို့ ဘာတွေလိုအပ်သလဲ လွယ်ပါတယ် ဝဋ်ကြွေးလေး အနည်းငယ်ရှိရင် လုံလောက်ပြီ။ - အကြည်တော်
324
15
လူတယောက်ကို အချိန်အကြာကြီးချစ်ချင်တယ်။ ဒီလောက်လေးတော့ မျှော်လင့်ချင်တယ်။ ဒီလောက်လေးပါပဲ ကိုယ့်ဘေးမှာပဲ သူ့ကိုရှိစေချင်တယ်။ သူ့ဘေးမှာလဲ ကိုယ်ပဲရှိနေချင်တယ် -ခက်နှောင်
356
16
တစ်ယောက်ယောက်ကို ယူကျုံးမရချစ်ခဲ့ပြီး တုံ့ပြန်မှု မရခဲ့သူ နာကျင်ခဲ့ရသူ အပြစ်ဖြစ်ခဲ့သူ ။ - အောင်ချိမ့်
749
17
နှလုံးသားမှာ အချစ်ဆိုတာ နေရာယူထားသမျှ အမုန်းဟာ မလာနိုင်ပါဘူး။ - တက္ကသိုလ်ဘုန်းနိုင်
320
18
တော်ရုံ ချန်နယ်က ကဗျာတွေယူတင်တာမျိုးတော့ထားပါဗျာ။ channel profile နဲ့ description ကစာသားပါယူတာကတော့ နည်းနည်းနာကျင်ရတာပေါ့လေ။+1
တော်ရုံ ချန်နယ်က ကဗျာတွေယူတင်တာမျိုးတော့ထားပါဗျာ။ channel profile နဲ့ description ကစာသားပါယူတာကတော့ နည်းနည်းနာကျင်ရတာပေါ့လေ။ အဆင်ပြေရင် rp လေးကူညီပေးပါဗျ။ ရန်ပြုချင်လို့မဟုတ်ပါဘူး။ နောက်ပိုင်း ကဗျာလွယ်အိတ်တွေအများကြီးပေါ်လာရင် ကျွန်တော်တို့လည်း ပြဿနာတွေပဲဒိုင်ခံဖြေရှင်းနေရမှာမလို့ပါ။ https://t.me/sarto_lay
300
19
အချစ်ဆိုတာ ကိုယ်ပေးတိုင်းလည်း သူမရပါဘူး၊ ကိုယ်ပေးချင်တိုင်းလည်း သူမယူပါဘူး ။ - တက္ကသိုလ်ဘုန်းနိုင်
248
20
ရီလေ တီ ဗီတီ သီအိုရီ ယောကျ်ားကလေးများအဖို့ တစ်ထွာသောဆံပင်သည် အရှည်ကြီးဖြစ်၏။ မိန်းကလေးများအဖို့ တစ်ထွာသောဆံပင်သည် တိုတိုလေးဖြစ်၏။ ဘတ်(စ်)ကားပေါ်မှလူအဖို့ အင်းစိန်နှင့်ရန်ကုန်ခရီးသည် အဝေးကြီးဖြစ်၏။ ကိုယ်ပိုင်ကားပေါ်မှလူအဖို့ အင်းစိန်နှင့်ရန်ကုန်ခရီးသည် နီးနီးလေးဖြစ်၏။ တောင်အောက်မှလူအဖို့ ထိုလမ်းသည် အတက်ဖြစ်၏။ တောင်ပေါ်မှလူအဖို့ ထိုလမ်းသည် အဆင်းဖြစ်၏။ ညအဖို့ ၁၂နာရီသည် သန်းခေါင်ယံဖြစ်၏။ နေ့အဖို့ ၁၂နာရီသည် မွန်းတည့်ဖြစ်၏။ လူကြီးများအဖို့ အချစ်သည် အတိတ်ဖြစ်၏။ လူငယ်များအဖို့ အချစ်သည် အနာဂတ်ဖြစ်၏။ - မင်းလူ
891