en
Feedback
Now you see me 3

Now you see me 3

Closed channel

📈 Analytical overview of Telegram channel Now you see me 3

Channel Now you see me 3 in the Burmese language segment is an active participant. Currently, the community unites 37 576 subscribers, ranking 7 515 in the Movies category and 3 869 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 37 576 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -1 070 over the last 30 days and by -33 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

37 576
Subscribers
-3324 hours
-2577 days
-1 07030 days
Posts Archive
Pro*ject Y [2026] အီဒိုဂယောင်း (Jun Jong-Seo) တို့ဟာ လက်ရှိအောက်ခြေဘဝကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျားကုတ်ကျားခဲ ပိုက်ဆံစုလာခဲ
Pro*ject Y [2026] အီဒိုဂယောင်း (Jun Jong-Seo) တို့ဟာ လက်ရှိအောက်ခြေဘဝကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျားကုတ်ကျားခဲ ပိုက်ဆံစုလာခဲ့ကြပေမဲ့ ကံအကြောင်းမလှဘဲ ဗီလာ မှာ နေဖို့ စာချုပ်ချုပ်ထားတဲ့ ပိုက်ဆံ သိန်း ၇ ထောင်က မန်နေဂျာချွဲဆိုသူရဲ့ လိမ်လည်ခြင်းကို ခံလိုက်ရတဲ့ အပြင် အဲဒီလူလိမ်က သေပါ သေဆုံးသွားပါတော့ တယ်။ ဒီလိုနဲ့ နှစ်ယောက်သား လမ်းပျောက်နေကြစဉ်မှာပဲ သူဌေးထို (Kim Sung-Cheol) ဆိုသူက ဂ ယောင်းဂီဒိုတစ်နေရာမှာ ငွေသား သိန်း ၇ ထောင်ကို မြှုပ်ထားတယ်ဆိုတဲ့ သတင်းကို ကြားသိလိုက်ရတဲ့အခါမှာတော့... သူတို့နှစ်ဦး ငွေသားတွေကို အောင်အောင်မြင်မြင် ပြန်အရယူပြီး ဘဝသစ်နဲ့ နေထိုင်သွားနိုင်မှာလား.... ငွေသားတွေ မြှုပ်ထားတဲ့နေရာကို လိုက်ရှာရင်း ဘယ်လို အခက်အခဲ၊ အလှည့်အပြောင်းတွေကိုတွေ့ကြုံရဦးမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

Imm*aculate (2024) Sydney Sweeney လေးရဲ့ နာမည်ကျော် ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်ကို ဆစ်ဒနီက ၁၇ နှစ် သမီးကတည်းက လူရွေ
Imm*aculate (2024) Sydney Sweeney လေးရဲ့ နာမည်ကျော် ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ ဒီရုပ်ရှင်ကို ဆစ်ဒနီက ၁၇ နှစ် သမီးကတည်းက လူရွေးပွဲဝင်ပြိုင်ဖူးပေမဲ့ မရိုက်ဖြစ်ခဲ့တာပါ။ အခု ဆယ်နှစ်လောက်နေတဲ့အထိ သူဒါကို စိတ်မကုန်ဘဲ ကိုယ်တိုင် ပရိုဂျူဆာအဖြစ်ပါပြီး ရိုက်ဖြစ်အောင် စီစဉ်ခဲ့တာပါ။ ဘာသာရေးအစွန်းရောက်တွေကို ရင်ဆိုင်ရတဲ့ ဖြူစင်ရိုးသားတဲ့ အချောအလှသီလရှင်လေးအဖြစ် ပါဝင်ထားပါတယ်။ mmaculate ဆိုတဲ့ခေါင်းစဉ်က သန့်ရှင်းစင်ကြယ်သောလို အနက်ရပါတယ်။ ဒီရုပ်ရှင်မှာ အမေရိကန်ကနေလာတဲ့ စစ္စတာဆယ်စီလီရာ ဟာ အီတလီရဲ့ ကျေးလက်ဒေသ သီလရှင်ကျောင်းတစ်ခုကို ရောက်လာပါတယ်။ အဲဒီနေရာက သီလရှင်ကြီးတွေရဲ့ နောက်ဆုံးအချိန်တွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့နေရာပါပဲ။ အဲဒီနေရာကို ရောက်ပြီး မကြာခင်မှာပဲ ဆယ်စီလီရာဟာ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။

Tas*te And Tea*rs [2025] ယူက ဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်လေး ကတည်းက အတော်လေးကို ခက်ခဲကြမ်းတမ်း လွန်းတဲ့ဘဝကို ပိုင်ဆိုင်ခဲ့ရသူပါ။
Tas*te And Tea*rs [2025] ယူက ဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်လေး ကတည်းက အတော်လေးကို ခက်ခဲကြမ်းတမ်း လွန်းတဲ့ဘဝကို ပိုင်ဆိုင်ခဲ့ရသူပါ။ အဖေဖြစ်သူရဲ့ ရက်စက်မှုတွေကြားမှာလည်း တော်တော်လေးကို ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ ယူကတို့ ရပ်ကွက်ထဲမှာ ကလေးတွေအတွက် အခမဲ့မီနူးလုပ်ပေးထားတဲ့ စားသောက်ဆိုင်တစ် ဆိုင်ရှိပါတယ်။ အဲဒီဆိုင်ပိုင်ရှင်ရဲ့ သားနာမည် ကတော့ ရှင်ယာလို့ ခေါ်ပါတယ်။ ယူကနဲ့ ရှင်ယာတို့ဟာ တစ်ကျောင်းတည်း တစ် တန်းတည်း အတန်းဖော်တွေလည်းဖြစ်ပါတယ်။ ဒီ လိုနဲ့တစ်နေ့ ကျောင်းသတင်းစာထဲမှာထည့်ဖို့ ဆောင်းပါးရေးဖို့အတွက် လူရွေးရင်း ယူကနဲ့ ရှင် ယာတို့ တာဝန်ကျခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ ယူကနဲ့ရှင်ယာတို့ ခင်မင်ရင်းနှီးသွားကြ ရင်းကနေ ခက်ခဲကြမ်းတမ်းလှတဲ့ ယူကရဲ့ဘဝ လေးကို ရှင်ယာတစ်ယောက် ဘယ်လို ခွန်အားတွေ ပေးသွားမလဲ ဆိုတာကို မျက်ရည်တွေနဲ့ ကြည့်ရှုရ မဲ့ ဇာတ်ကားကောင်းလေးဖြစ်ပြီး မင်းသား Nagao Kento နဲ့ မင်းသမီးချောလေး Touma Ami တို့က ပါဝင်သရုပ်ဆောင်ထားပါ တယ်။

A Diam*ond in the Rou*gh (2019) ဇာတ်လမ်း ဂီဂန် (Son Ho-jun) ဟာ ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ကောင်လေးတစ်ယောက်ပါ။ ဒါပေ
A Diam*ond in the Rou*gh (2019) ဇာတ်လမ်း ဂီဂန် (Son Ho-jun) ဟာ ငယ်ငယ်ကတည်းက ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ကောင်လေးတစ်ယောက်ပါ။ ဒါပေမဲ့ မိခင်ဖြစ်သူ ဆွန်းအို့ (Kim Hae-sook) ရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ကျွန်းပေါ်မှာ ပိတ်လှောင်နေတဲ့ ဘဝကို သူ မနှစ်သက်ပါဘူး။ ဘဝမှာ ကြီးပွားအောင်မြင်ချင်တဲ့ ဇောတစ်ခုတည်းနဲ့ ဂီဂန်ဟာ သူ့ညီမလေးနဲ့ အမေကို ထားခဲ့ပြီး ဆိုးလ်မြို့ကို အလုပ်လုပ်ဖို့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ လောဘနဲ့ လမ်းမှားတွေရဲ့ သွေးဆောင်မှုနောက်ကို ပါသွားရင်းကနေ ဂီဂန်တစ်ယောက် နောက်ဆုံးမှာတော့ လူသတ်မှုတစ်ခုနဲ့ ဖမ်းဆီးခံလိုက်ရကာ သေဒဏ်ချမှတ်ခံလိုက်ရပါတော့တယ်။ တစ်ဖက်မှာလည်း စာတောင် ကောင်းကောင်းမတတ်၊ အေးဆေးရိုးသားစွာ နေထိုင်တတ်တဲ့ အမေဖြစ်သူဟာ သားဖြစ်သူ သေဒဏ်ကျတော့မယ်ဆိုတဲ့ သတင်းကို ကြားတဲ့အခါမှာတော့ သူ့ရဲ့ကမ္ဘာကြီးပျက်သွားခဲ့ရပါတော့တယ်။

နော်မယ်မြို့ (၂၀၂၆) +++++++ ဇာတ်လမ်းက ယူလစ်ဆီး လို့ခေါ်တဲ့ ရဲအရာရှိတစ်ယောက်က မင်နီဆိုးတားပြည်နယ်က နော်မယ် ဆိုတဲ့ မြို့လေးမှာ
နော်မယ်မြို့ (၂၀၂၆) +++++++ ဇာတ်လမ်းက ယူလစ်ဆီး လို့ခေါ်တဲ့ ရဲအရာရှိတစ်ယောက်က မင်နီဆိုးတားပြည်နယ်က နော်မယ် ဆိုတဲ့ မြို့လေးမှာ ယာယီရဲအုပ်အဖြစ် ပြောင်းလာရာကနေ စတာပါ။ သူက အတိတ်က ပြဿနာတွေ၊ မိန်းမနဲ့ ကွဲထားတာတွေကြောင့် စိတ်ညစ်ပြီး အရက်သောက်တတ်တဲ့ အကျင့်ရှိတော့၊ ပြဿနာမရှိဘဲ အေးအေးဆေးဆေး နေရမယ့် ဒီမြို့လေးမှာ အလုပ်လုပ်ဖို့ ရွေးလိုက်တာပေါ့။ မြို့နာမည် နော်မယ် လို့ ပေးထားတဲ့အတိုင်း မြို့ခံတွေကလည်း အေးချမ်းပြီး ဘာပြဿနာမှ မရှိသလိုပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခု ဖြစ်သွားချိန်မှာတော့ ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်တွေ အကုန်ပေါ်လာပါတော့တယ်။ တကယ်တော့ ဒီမြို့လေးက နာမည်နဲ့ လုံးဝမလိုက်ဘဲ ရာဇဝတ်မှုတွေ၊ ယာကူဇာဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့ နေရာကြီးဖြစ်နေတာကို ယူလစ်ဆီး တစ်ယောက် သိသွားပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ရဲတပ်ဖွဲ့ဝင်တွေရော၊ တစ်မြို့လုံးကပါ သူ့ကို ရန်သူလို သဘောထားပြီး လိုက်သတ်ကြတော့တာပါပဲ။ ဒီတော့ သူက ဘဏ်ဓားပြတွေနဲ့ ပေါင်းပြီး တစ်ညလုံး အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ကြမ်းရမလဲဆိုတာကို အက်ရှင်အမိုက်စားတွေနဲ့ ကြည့်ရမယ့် ဇာတ်ကားပါ။

ဖိုက်တာမင်းသားကြီးတွေပါတဲ့ဇာတ်ကြမ်းကား… 𝙿𝚊*𝚒𝚗 & 𝙶*𝚊𝚒𝚗 (𝟸𝟶𝟷𝟹) 𝙸𝙼𝙳𝚋 𝚁𝚊𝚝𝚒𝚗𝚐 – 𝟼.𝟺/𝟷𝟶 ကာယနည်းပြဆရာ 𝙳𝚊
ဖိုက်တာမင်းသားကြီးတွေပါတဲ့ဇာတ်ကြမ်းကား… 𝙿𝚊*𝚒𝚗 & 𝙶*𝚊𝚒𝚗 (𝟸𝟶𝟷𝟹) 𝙸𝙼𝙳𝚋 𝚁𝚊𝚝𝚒𝚗𝚐 – 𝟼.𝟺/𝟷𝟶 ကာယနည်းပြဆရာ 𝙳𝚊𝚗𝚒𝚎𝚕 𝙻𝚞𝚐𝚘 (𝙼𝚊𝚛𝚔 𝚆𝚊𝚑𝚕𝚋𝚎𝚛𝚐)ဟာ သူ၏လက်ရှိဘဝကိုမရောင့်ရဲနိုင်ပဲ သူသည် ဒီထက်ပိုကောင်းမွန်သော ဘဝနှင့်ထိုက်တန်သည်ဟုခံယူထားသူတစ်ဦးဖြစ်ပါတယ် ။ ထိုတွင် ခေါင်းထဲပေါ်လာသည့်အကြံက သူလေ့ကျင့်သင်ကြားပေးနေတဲ့ နောက်ကြောင်းမရှင်းသည့် သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲမယ့် အကြံပါ… သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် 𝚋𝚘𝚍𝚢 𝚋𝚞𝚒𝚕𝚍𝚎𝚛 , 𝙰𝚍𝚛𝚒𝚎𝚗 𝙳𝚘𝚘𝚛𝚋𝚊𝚕 (𝙰𝚗𝚝𝚑𝚘𝚗𝚢 𝙼𝚊𝚌𝚔𝚒𝚎)၊ နှင့် ထောင်မှထွက်လာတာမကြာသေးသည့် ခပ်အူအူ 𝙿𝚊𝚞𝚕 𝙳𝚘𝚢𝚕𝚎 (ာခံမိလ 𝙹𝚘𝚑𝚗𝚜𝚘𝚗) တို့ကိုဤစီမံကိန်းကြီးထဲ ပါဝင်ဖို့ဆွဲသွင်းပြီးနောက်… သူတို့သုံးယောက်၏အတွေ့အကြုံမပြည့်ဝမှု၊ အူတိအူကြောင်နိုင်မှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် မကောင်းမှုတို့၏ထုံးစံအတိုင်း သူတို့ကိုအလွတ်စုံထောက်တစ်ယောက်က ခြေရာခံမိလာသည့်အခါ… အလုံးအရင်းနှင့်ဖြစ်သော ပိုက်ဆံတို့ကိုထိန်းသိမ်းနိုင်သည့်စွမ်းရည် သူတို့မှာမရှိသည့်အခါ အဆိုးဆုံးသောဒုစရိုက်မှုကို သူတို့ကျုးလွန်မိကြကုန်ပါတော့တယ် ။ ဒီဇာတ်ကားဟာ

P-o-k-k-h-i-r-a-j-e-r*D-i-m* (2025) ဒဏ္ဍာရီလာမြင်းပျံ ဥ +++++++++++++++++++++++ IMDb (7.2/10) သိပ္ပံစိတ်ကူးယဉ် နဲ့ စွန့်စားခန
P-o-k-k-h-i-r-a-j-e-r*D-i-m* (2025) ဒဏ္ဍာရီလာမြင်းပျံ ဥ +++++++++++++++++++++++ IMDb (7.2/10) သိပ္ပံစိတ်ကူးယဉ် နဲ့ စွန့်စားခန်း ဇာတ်ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ Movie Fans တွေအတွက် Pokkhirajer Dim ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။သင်္ချာညံ့တဲ့ ကျောင်းသားလေး ဂိုတွန်ဟာ သင်္ချာထူးချွန်ချင်လွန်းလို့ ထူးဆန်းတဲ့ သိပ္ပံပညာရှင်ကြီး ဘာတာဗျယ်လ် ဆီမှာ တပည့်ခံဖို့ ကြိုးစားပါတယ်။ တစ်နေ့မှာတော့ ....

Fri*ght Nig*ht (2011) ____ IMDB (6.4/10) လက်စ်ဗီးဂတ်မြို့ဟာ နေ့မှာအိပ်ပြီး ညမှာ အလုပ်လုပ်ကြတယ်..အခြေချနေထိုင်သူရှားပြီး ယာယီန
Fri*ght Nig*ht (2011) ____ IMDB (6.4/10) လက်စ်ဗီးဂတ်မြို့ဟာ နေ့မှာအိပ်ပြီး ညမှာ အလုပ်လုပ်ကြတယ်..အခြေချနေထိုင်သူရှားပြီး ယာယီနေထိုင်သူတွေများတဲ့အတွက် သွေးစုပ်ဖုတ်ကောင်တွေအတွက် နေချင်စရာမြို့လေးပေါ့ဗျာ ချာလီတို့ အထက်တန်းကျောင်းမှာလည်း အတန်းသားတွေ တစ်ယောက်ပြီးတစ်ယောက် လျော့လျော့လာနေတယ် အမြဲတမ်း အတည်တကျနေသူတွေမရှိတဲ့ သူတို့မြို့အတွက်တော့ သိပ်မဆန်းဘူးပေါ့ ဒါပေမယ့် ချာလီရဲ့ငယ်သူငယ်ချင်း အဒမ်တို့ မိသားစုကပါ စာမလာသတင်းမကြားဘဲ ပျောက်သွားခဲ့ပါတယ် အဒမ်ပျောက်သွားတာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ လက်ချက်လို့ နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အက်ဒ်ကပြောလာတဲ့အချိန်မှာတော့ ချာလီလည်းမယုံနိုင်ခဲ့ပါဘူး အက်ဒ်က သူနဲ့ အဒမ် စုံစမ်းထောက်လှမ်းချက်တွေအရ ချာလီရဲ့ အိမ်နီးချင်း ဂျယ်ရီက သွေးစုပ်ဖုတ်ကောင်ဖြစ်နေပြီး သူ့အကြောင်းကို သိသွားလို့ အဒမ်ကိုသတ်ပစ်လိုက်တာလို့ ပြောပြပေမယ့် ချာလီကတော့ မယုံနိုင်သေးပါဘူး နောက်တစ်နေ့မှာ အဒမ်ပါ ပျောက်သွားလို့ စုံစမ်းတဲ့အချိန်မှာ သူရဲ့အိမ်နီးချင်း ဂျယ်ရီက သွေးစုပ်ဖုတ်ကောင်ဆိုတာ သိလာတဲ့အခါမှာတော့

T_h-e W-O-N-D-E-R_f-o-o-l_s (2-0-2-6) =============================== ဝူယောင်းဝူနဲ့ ချာအွန်ဝူးတို့ရဲ့ နှလုံးသားကို အလင်းဆောင်
T_h-e W-O-N-D-E-R_f-o-o-l_s (2-0-2-6) =============================== ဝူယောင်းဝူနဲ့ ချာအွန်ဝူးတို့ရဲ့ နှလုံးသားကို အလင်းဆောင်မဲ့ စွမ်းအားရှင် မနဲ့မောင်ဇာတ်ကားလေး.. ဘဒ္ဒကမ္မာမှာ အလွဲဆုံးစူပါဟီးရိုးတွေနဲ့ အခွီကြီးခွီရမဲ့ The WONDERfools.. ၁၉၉၉ ရဲ့ Retro Vibe နဲ့အတူ အလွဲပေါင်းသောင်းခြောက်ထောင်ကြားက စူပါဟီးရိုးတွေကို ကြည့်ဖို့ အဆင်သင့်ပဲလား..

နည်းပညာကုမ္ပကီကြီးနဲ့နောက်ကွယ်က ကြိုးကိုင်နေတဲ့ လူသတ်မှု… T*roll Fact*ory(2024) IMDB: 7.4/10 အူဆောင်း Data နည်းပညာကုမ္ပဏီတစ်ခ
နည်းပညာကုမ္ပကီကြီးနဲ့နောက်ကွယ်က ကြိုးကိုင်နေတဲ့ လူသတ်မှု… T*roll Fact*ory(2024) IMDB: 7.4/10 အူဆောင်း Data နည်းပညာကုမ္ပဏီတစ်ခုဟာ ဘုတ်အဖွဲ့နဲ့လိုင်စင်ရဖို့နောက်ဆုံးစစ်ဆေးချက်ပြုလုပ်နေတယ်….သူတို့ရဲ့နည်းပညာက ကားအမြန်နှုန်းနဲ့ပေါ်မူတည်Dataတွေခွဲခြမ်းစိတ်ဖြတ်ပေးတဲ့နည်းစနစ်….သို့သော် အဖျက်အမှောင့်အဖွဲ့အစည်းတစ်ခုကFrequency , Wave တွေနဲ့ နည်းစနစ် စစ်ဆေးချက်ကို ဘုတ်အဖွဲ့အတည်ပြုချက်မပေးနိုင်အောင်နှောင့်ယှက်ခဲ့တယ်…. ၅နှစ်နီးပါး အချိန်ယူပြီးပြုလုပ်ခဲ့ပြီး တစ်ဘဝလုံးစာပုံအောခဲ့တဲ့ ပိုင်ရှင်သူဌေးဟာနောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ၄၀ဘီလီယံလောက်အကြွေးတင်သွားပါတယ်…ဒီကိစ္စကိုဖော်ထုတ်ဖို့သတင်းထောက်က ကူညီခဲပါတယ်ဒါပေမဲ့ အသရေဖျက်မှုကြီးလိုဖြစ်သွားတဲ့ပြီး သူ့ကြိုးစားမှုကလည်းအရာမထင်ခဲ့ပါဘူး…သူဌေးလည်း ကိုယ့်ကိုကိုယ်သတ်သေခဲ့သလို သတင်းထောက်လည်း အလုပ်ပြုတ်သွားခဲ့ပါတယ်…အဲဒီနောက်မှာတော့ ဒီကိစ္စအားလုံးရဲ့ကြိုးကိုင်သူကို ဖော်ထုတ်ဖို့သတင်းထောက်ကြီးကြိုးစားပါတော့တယ်…

ထူးဆန်းတဲ့သူနဲ့လက်ထပ်မိပြီးအဖြစ်ဆိုးတွေကြုံလာရတဲ့သရဲဝတ္ထုဆရာမလေး Cri*mson P*eak ( 2015 ) သရဲဝတ္ထုတွေရေးဖွဲ့ဖန်တီးတာ ဝါသနာထုံတ
ထူးဆန်းတဲ့သူနဲ့လက်ထပ်မိပြီးအဖြစ်ဆိုးတွေကြုံလာရတဲ့သရဲဝတ္ထုဆရာမလေး Cri*mson P*eak ( 2015 ) သရဲဝတ္ထုတွေရေးဖွဲ့ဖန်တီးတာ ဝါသနာထုံတဲ့ အီဒစ် ဆိုတဲ့ အမျိုးသမီးလေးကတစ်မြို့တစ်ရွာက သောမတ်ရှပ်ဆိုတဲ့ထူးဆန်းတဲ့ လူစိမ်းတစ်ယောက်နဲ့လက်ထပ်ဖြစ်ခဲ့တယ် သောမတ်ရဲ့ဇာတိမြို့လေးက သော်ကေးအရောင်ရွှံ့စေးထွက်တဲ့ ကြက်သွေးရောင်တောင်ကုန်းပေါ်ရှိ ထူးဆန်းတဲ့ အိမ်အိုကြီးထဲမှာ သောမတ်၊သောမတ်အစ်မလူဆီနှင့်သူမတို့အတူနေရာမှာကြောက်ရွံ့ထိတ်လန့်ဖွယဖြစ်ရပ်တွေကို အီဒစ်တစ်ယောက် ဘယ်လိုကြုံတွေ့မယ်ဆိုတာတော့

စကားပြောလိုက်တိုင်း သစ်ရွက်တစ်ရွက်ကြွေပြီး နောက်ဆုံးသစ်ရွက်တစ်ရွက်ပဲကျန်သောအခါ Ja*ck M*c*Ca*ll သည် အချိန်မရွေး၊ မည်သည့်နည်းနဲ
စကားပြောလိုက်တိုင်း သစ်ရွက်တစ်ရွက်ကြွေပြီး နောက်ဆုံးသစ်ရွက်တစ်ရွက်ပဲကျန်သောအခါ Ja*ck M*c*Ca*ll သည် အချိန်မရွေး၊ မည်သည့်နည်းနဲ့မဆို သဘောတူညီချက်ကို ပိတ်နိုင်တဲ့ စာပေအေးဂျင့်တစ်‌ေယာက်ဖြစ်ပါတယ်။ သူက N*e*w A*g*e ဂုရုဒေါက်တာ Si*n*ja ကို ၎င်း၏ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်နဲ့ သူ့အမြင်ကို ချမှတ်ခဲ့တဲ့နောက် Ja*ck ရဲ့အိမ်နောက်ဖေးတွင် မှော်ဆန်သော ဗောဓိပင်တစ်ပင် ထူးထူးခြားခြား ပေါ်လာပြီးတော့ Jack ရဲ့ဘဝဟာ နစ်မွန်းသွားခဲ့ပါတယ်။ Ja*ck ပြောသမျှစကားတိုင်း သစ်ရွက်တစ်ရွက်ကြွေကျပြီး နောက်ဆုံးအရွက်ကြွေကျတဲ့အခါ သူနဲ့ သစ်ပင်နှစ်ဘက်စလုံးက ပူဆွေးနေကြသည်ကို သူသဘောပေါက်သည်။ သူစကားပြောတာကို ရပ်လိုက်ပြီးတဲ့အခါ

ရုပ်ခံလေးနဲ့ တနိုင်ငံလုံးကို ဂျင်းလိုက်ထည့်သောအခါ… Seo*ndal: The M*an Who Sells the River (2016) IMDb – 6.5/10 ဒီဇာတ်ကားမှာ က
ရုပ်ခံလေးနဲ့ တနိုင်ငံလုံးကို ဂျင်းလိုက်ထည့်သောအခါ… Seo*ndal: The M*an Who Sells the River (2016) IMDb – 6.5/10 ဒီဇာတ်ကားမှာ ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီးညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်…သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ…ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့…သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။ ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။ တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်းမအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်…. ဆောဒယ်ယောင်း ဆိုတာကလည်း ဘုရင့်ဆွေတော်မျိုးတော် ဦးရီးတော် လောဘကြီးသူကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ဂျိူဆွန်းနိုင်ငံသားများကို တရုတ်သို့ ကျွန်အဖြစ်ရောင်းစားဆေးရွက်ကြီးတွေလုပ်နဲ့ တရုတ်ကိုတော့အသေဖားနေတဲ့လူကြီးပေါ့…

L*ove R*eset/30 Days: (2023) IMDb 7.7/10 ဇာတ်ကားကတော့ ချစ်လိုကြိုက်လို မခွဲနိုင်လိုပဲ အိမ်ထောင်ပြုခဲ့ကြတယ်။ ဒါပေမဲ့ နှစ်ယောက်
L*ove R*eset/30 Days: (2023) IMDb 7.7/10 ဇာတ်ကားကတော့ ချစ်လိုကြိုက်လို မခွဲနိုင်လိုပဲ အိမ်ထောင်ပြုခဲ့ကြတယ်။ ဒါပေမဲ့ နှစ်ယောက်အတူ တစ်အိမ်ထဲ အတူနေရတဲ့အခါ မကိုက်ညီတာတွေ အခန့်မသင့်စရာ ကိစ္စ‌တွေ နေ့တိုင်း ကြုံတွေ့လာရတဲ့ခါ နှစ်ဦးသား မျက်နှာချင်းဆိုင် ‌မတွေ့ချင်တော့တဲ့အထိ တွေ့လိုက်တာနဲ့ ရန်ဖြစ် စကားများနေရတယ်။ အရင်တုန်းကတော့ သူ့အပြုံးလေးက သေလောက်မယ့်အပြုံးဆိုပြီး အချစ်ကြီးချစ်ရင်းက အခုကြ လူသတ်သမား အပြုံးလို မြင်နေတော့တယ်။ အဆင်မပြေတာတွေ များလာတော့ နှစ်ဦးသား ကွာရှင်းဖို ဆုံးဖြတ်လိုက်တဲ့အခါ လက်တွေ့ဘဝမှာ ကွာရှင်းတာက ဇာတ်ကားတွေထဲကို မလွယ်ကူပဲ လုပ်ငန်းစဉ်အဆင့်ဆင့် ကြာနေတဲ့အခါ သူတိုနှစ်ယောက်အား စဉ်းစားရန်ကာလ ရက်ပေါင်း ၃၀ တရားရုံးက ချမှတ်ပေးလိုက်ပါတယ်။

Da*co*it (2-0-2-6) ===================== IMDB ⭐️ 8.2/10 “မင်းဟာ ငါ့ရဲ့ဘဝမှာ ပန်းတွေပွင့်လာစေသူဆိုရင် ဒီဘဝကို မင်းလက်နဲ့မင်းကိ
Da*co*it (2-0-2-6) ===================== IMDB ⭐️ 8.2/10 “မင်းဟာ ငါ့ရဲ့ဘဝမှာ ပန်းတွေပွင့်လာစေသူဆိုရင် ဒီဘဝကို မင်းလက်နဲ့မင်းကိုယ်တိုင်ပဲ ဖျက်ဆီးပစ်ခဲ့တာပါ….” ဇာတ်လမ်းကတော့ ဟာရီဆိုတဲ့ လူငယ်လေးကို အဓိကထား ရိုက်ကူးထားတာပါ။ တစ်ကောင်ကြွက် တစ်မျက်နှာ ဟာရီအတွက်တော့ သူ့ချစ်သူလေး ဆာရတ်စ်ဝါတီဟာ ဘဝတစ်ခုလုံးပါပဲ။ ဒါပေမဲ့ တစ်ချိန်က သူသိပ်ချစ်ရတဲ့ ချစ်သူကောင်မလေး ဆာရတ်စ်ဝါတီရဲ့ သစ္စာဖောက်မှုဟာ အချစ်ရှုံးသမားဟာရီအတွက် ထောင်ဒဏ် ၁၃ နှစ်ဖြစ်လာခဲ့ပါတယ်။ အချိန်တွေကြာပြီးနောက် ထောင်ကနေ ထွက်ပြေးလာတဲ့အခါမှာတော့ ဟာရီတစ်ယောက် အရင်လို အချစ်ကို ကိုးကွယ်တဲ့ သာမန်လူတစ်ယောက် မဟုတ်တော့ပါဘူး။ သူ့ရဲ့ ရင်ထဲမှာ အချစ်တွေအစား နာကြည်းမှုတွေ၊ ကလဲ့စားချေလိုစိတ်တွေပဲ ကြီးစိုးနေပါတော့တယ်။ သူ့ကို ဒီလိုအဖြစ်ဆိုးရောက်အောင် တွန်းပိုခဲ့တဲ့ သူ့ရဲ့ဂျူးလိယက်ကို လက်စားချေဖိုအတွက် ဟာရီတစ်ယောက် ဓားပြမှုတွေ ဆက်တိုက်ကျူးလွန်ရင်း လမ်းမှားကို ရွေးချယ်လိုက်တဲ့အခါ…

တောစောင့်နတ်သမီးတစ်ပါးနဲ့ လူသားတစ်ယောက်တို့ရဲ့ အချစ်ပုံပြင် တောထဲရောက်လာသမျှကိုဖမ်းစားတက်တယ်ဆိုတဲ့ရေသူမတောအုပ် တက္ကသိုလ်တစ်ခု
တောစောင့်နတ်သမီးတစ်ပါးနဲ့ လူသားတစ်ယောက်တို့ရဲ့ အချစ်ပုံပြင် တောထဲရောက်လာသမျှကိုဖမ်းစားတက်တယ်ဆိုတဲ့ရေသူမတောအုပ် တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတောအုပ်တစ်ခုထဲကို လေ့လာရေးခရီးထွက်လာခဲ့ပါတယ်။ သူတို လေ့လာရေးခရီးထွက်လာခဲ့တဲ့တောအုပ်က ယုံတမ်းပုံပြင်ထဲက ဒဏ္ဍာရီလာ မာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်တွေနဲ့ ရေသူမတွေရှိတယ်လို ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒီမာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်သမီးတွေနဲ့ ရေသူမတွေဟာ နှစ်တစ်နှစ်ရဲ့ အခုလိုအချိန်မှာ တောထဲရောက်လာသူတွေကို ဖမ်းစားတတ်တဲ့အကြောင်း တည်းခိုခန်းပိုင်ရှင်က သတိပေးလိုက်ပါသေးတယ်။

ရုပ်ဖြောင့်တဲ့ လူရှုပ်လူပွေ ပါမောက္ခဆရာကိုမှ စွဲလမ်းမိတဲ့ကောင်မလေး… Sca*rlet Innoce*nce ( 2014 ) ဇာတ်လမ်းလေးက တက္ကသိုလ်ဆရာတစ်
ရုပ်ဖြောင့်တဲ့ လူရှုပ်လူပွေ ပါမောက္ခဆရာကိုမှ စွဲလမ်းမိတဲ့ကောင်မလေး… Sca*rlet Innoce*nce ( 2014 ) ဇာတ်လမ်းလေးက တက္ကသိုလ်ဆရာတစ်ယောက်ဖြစ်တဲ့ Hak-Kyu ဟာ နာမည်ကြီးသလောက် မိန်းမကိစ္စရှုပ်ပွေတဲ့သူပါ။အဲဒါကြောင့်ပဲ နယ်မြို့လေးတစ်မြို့ကိုရောက်လာပြီး Deok-Yi ဆိုတဲ့ အမျိုးသမီးလေးနဲ့ ချစ်ကြိုက်ခဲ့ကြပါတယ်။အဲဒီအချိန် ဆိုးလ်တက္ကသိုလ်မှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာတဲ့အချိန် Deok-Yi တစ်ယောက်တည်းကျန်ခဲ့ရပါတယ်။ရှစ်နှစ်ကြာပြီးတဲ့နောက် Hak-Kyu တစ်ယောက် နာမည်ကြီးစာရေးဆရာဖြစ်လာပြီး သမီးတစ်ယောက်အဖေဖြစ်လာခဲ့ပါတယ်။အဲဒီအချိန် မျက်စိအမြင်အာရုံဆိုးရွားလာပြီးတော့ ကောင်းကောင်းမမြင်ရတော့ပါဘူး။အဲဒီအချိန်ဘေးအခန်းကို Se-Jung ဆိုတဲ့အမျိုးသမီးရောက်လာပြီး ပတ်သက်ဖို့ကြိုးစားလာပါတော့တယ်။အမြင်အာရုံဆုံးရှုံးနေတဲ့ Hak-Kyu ကတော့ လွန်ခဲ့တဲ့ရှစ်နှစ်က သူသစ္စာဖောက်ခဲ့တဲ့ Deok-Yi က Se-Jung ဖြစ်နေမှန်းမသိခဲ့ပါဘူး။Deok-Yi တစ်ယောက် တကယ်ပဲလက်စားချေခွင့်ရမလား ဒါမှမဟုတ်  Hak-Kyu ကပဲအရင်သိသွားမလားဆိုတာကတော့...

ဖြစ်ရပ်မှန်အိမ်ထောက်ရေး ဖောက်ပြန်တဲ့ကား… 𝙿𝚊𝚗𝚝𝚊*𝚜𝚔𝚊𝚑 𝙰𝚔𝚞 𝙱𝚎𝚛*𝚑𝚒𝚓𝚊*𝚋 (𝟸𝟶𝟸𝟺) တစ်ဘဝလုံးပုံအပ်ခဲ့ပေမဲ့ ကို
ဖြစ်ရပ်မှန်အိမ်ထောက်ရေး ဖောက်ပြန်တဲ့ကား… 𝙿𝚊𝚗𝚝𝚊*𝚜𝚔𝚊𝚑 𝙰𝚔𝚞 𝙱𝚎𝚛*𝚑𝚒𝚓𝚊*𝚋 (𝟸𝟶𝟸𝟺) တစ်ဘဝလုံးပုံအပ်ခဲ့ပေမဲ့ ကိုယ်ဝန်ရှိမှ ရည်းစားက တာဝန်မယူဘဲ ထွက်ပြေးသောအခါ  TikTok မှာတော့ ဒီကားလေးတွေဘဲ ကြည့်ရှုသူများနေတယ်မိဘမဲ့တစ်ယောက်ဖြစ်တဲ့  ဆိုဖီဆိုတဲ့ မိန်းကလေးဟာ ချစ်သူကို အားကိုးယုံကြည့်ပြီး တစ်ဘဝလုံးပုံအပ်ထားပါတယ်ဘဝရဲ့ အခက်ခဲ အကြပ်တည်းတွေကို ရင်ဆိုင်ရုန်းကန်နေရချိန်မှာ ကိုယ်ဝန်ရှိလာတာကို သူမအားကိုးချစ်ခင်တဲ့ ရည်းစားဟာ တာဝန်မယူဘဲ ထားပစ်ခဲ့တဲ့အခါ...သူမ ဘယ်လို ရင်ဆိုင်မလဲ သူမကို ကြိတ်ချစ်နေတဲ့ သူမရဲ့ သူငယ်ချင်းကရော သူမကို ဘယ်လိုကူညီဖြေရှင်းပေးသွားမလဲ လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်မှန်ကားလေးမို့ ကြည့်ရှုလိုက်ပါ။

Repost from Letter 4 u
ကိုယ်မရှိပဲ မင်းဖြစ်ပါ့မလား လို့တွေးခဲ့ဖူးတယ် တကယ်တမ်း မင်းမရှိဘဲ ဖြစ်အောင်နေထိုင်နေရသူဟာ ကိုယ်ဖြစ်ခဲ့တယ် ။

ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Es*ca*pe P
ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Es*ca*pe Pl*an ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ် R*a*y Br*es*li*n ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ S*h*u R*e*n ဆိုသူဟာ Ha*d*es လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်...