1 544
Subscribers
-124 hours
-97 days
-3230 days
Posts Archive
1 544
ကိုယ့်ကို မလိုအပ်ခဲ့ဘူးဆိုတဲ့ အမှန်တရားကို
စကားတွေအကြာကြီးမပြောဖြစ်တဲ့နှစ်တွေမှာ
သိခဲ့ရတယ်။
ကိုယ့်ကိုတကယ်မလိုအပ်တော့ဘူးဆိုတဲ့
ပိုသေချာမယ့်အမှန်တရားကိုတော့
မတွေ့ဖြစ်တဲ့ နှစ်တွေမှာ ကိုယ်သိခဲ့ရတယ်။
ကိုယ်က အရာရာမှာနောက်ကျတတ်တယ်လေ။
နောက်ကျခဲ့တယ်ဆိုတဲ့ အမှန်တရားကိုတောင်
နောက်ကျပြီးမှ သိခဲ့ရတာမျိုးပေါ့။
▪️နွေသစ်ငြိမ်း
1 544
ကျွန်တော်တို့ တစ်ခုခုဖြစ်သွားမှာကို
အရမ်းကြောက်တဲ့
လူတစ်ယောက်ရှိရင်
ကျွန်တော်တို့ ဘာဖြစ်ဖြစ်
ကြောက်စရာမလိုတော့ဘူး။
-ရိပ်ငြိမ်
1 544
" မဖြစ်ခဲ့ကျသူများ "
နပိုလီယံပြောခဲ့တဲ့
' မဖြစ်နိုင်တာ မရှိဘူး ဆိုတာ
စစ်မှာသာ ပြောခဲ့တာ နေမှာပါကွာ..'
အခုကြည့်လေ...
အချစ်မှာ
တစ်ယောက်ကို တစ်ယောက် ချစ်ပြီး
မဖြစ်ခဲ့တဲ့ လူတွေ
အများကြီး ကြေကွဲလို့...။
- လောင်ချိတ်
1 544
မဖြစ်နိုင်တာတွေ အများကြီးနဲ့
မဖြစ်သေးတာတွေ အများကြီးနဲ့
နေ့ရက်တွေ အများကြီးနဲ့
လုပ်ချင်တာတွေ အများကြီးနဲ့
တကယ်မှာ မတတ်နိုင်တာတွေ အများကြီးနဲ့
ဒါကြောင့်ပင်
ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ ။
အောင်ချိမ့်
1 544
တစ်ယောက်ယောက်မရှိလို့
မဖြစ်တဲ့ကမ္ဘာဆိုတာတော့ မရှိပါဘူး၊
ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါ
တစ်ယောက်ယောက်ရဲ့ ကမ္ဘာဟာ
ချောက်ကမ်းပါးစွန်းကနေ ပြန်လှည့်လာနိုင်တာမျိုး...။
-ခွန်းညိုသွေး
1 544
လူတစ်ယောက်ကို သဘောကျတယ်၊
ချစ်တယ်လို့ ပြောဖို့ရာက လွယ်တယ်။
ဒါပေမဲ့ ကိုယ့်ခံစားချက်ကို ဂရုစိုက်တဲ့၊
ကိုယ့်ဘဝကို နားလည်တဲ့၊
ကိုယ့်အားနည်းချက်ကို လက်ခံနိုင်တဲ့၊
ကိုယ့်ရှုထောင့်ကနေ ခံစားပေးနိုင်တဲ့ လူနဲ့
ဆုံဖို့က တကယ်ခက်တယ်။
ဒါကြောင့်လည်း လမ်းခွဲ ပြတ်စဲတဲ့အခါ
အများပြောတတ်တဲ့ ဆင်ခြေက
"သဘောထားချင်း မတိုက်ဆိုင်လို့ပါ" တဲ့။
-နိုင်းနိုင်းစနေ
1 544
ဘုရားမရောက်နိုင်တဲ့ အရပ်ရယ်။
ချစ်ခြင်းမေတ္တာက မကုနိုင်တဲ့ ရောဂါဆိုးရယ်။
ဘယ်ကရောက်လာမှန်း မသိတဲ့ မြားတွေရယ်ဆိုတာ တကယ်ရှိပါတယ်။
ပျော်အောင်သာနေပါ။
ကျမလည်း သိပ်မကြာခင် နေကောင်းသွားမှာပါ။
- မြကျေး
1 544
ကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ
ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး
မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့
ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ် ။
*မောင်ဆောင်းခ
1 544
လမ်းခွဲပြီးတဲ့နောက်ပိုင်း...
မင်းဟာ ထင်ထားတာထက် မင်းပိုပီသခဲ့ပြီး
ငါဟာ ထင်ထားသလောက်တောင် ငါမဟုတ်တော့ဘူး။
ဘယ်လိုလဲ မေ့ရအရမ်းလွယ်တယ်တဲ့လား။
မင်းရဲ့နေတတ်ခြင်းတွေက ခမ်းနားလိုက်ပုံများ
ငါဆိုတာ မင်းဘဝမှာ တစ်ခါမှမပါဝင်ဖူးတဲ့အတိုင်း။
အချစ်တွေက အပေါစားဆန်ခဲ့တဲ့ပုံပဲ။
ဖြတ်တောက်ပစ်ဖို့ သိပ်လွယ်ကူနေခဲ့တာ။
ထားပါ ငါ့အကြောင်းနဲ့ငါ့ကံ။
ပုံပြင်လေးက လှတယ်...
ချစ်တယ်လို့ပြောခဲ့တာချင်းအတူတူ
တစ်ယောက်က နှုတ်ခမ်းဖျားနဲ့
တစ်ယောက်က နှလုံးသားနဲ့...။
အဲ့လိုနဲ့ ဝေးသွားခဲ့တဲ့နောက်ပိုင်း...
#ဗန်နေး
1 544
Repost from When we miss someone we'll listening to music
လူဘယ်လောက်ဘေးမှာရှိရှိ
ကမ္ဘာကြီးဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့
အေးစက်နေတယ်။
ဖြစ်နိုင်ရင်
တစ်ယောက်ထဲ မနေခဲ့ပါနဲ့
တစ်ယောက်ထဲ မထားခဲ့ပါနဲ့။
- ဆပ်ရိပ်
1 544
တစ်နေ့ထွက်ခွာရမယ်လို့တွေးမိတိုင်းမှာ
စုဆောင်းနေမှုနဲ့ မာနတရားတွေဟာ
အဓိပ္ပာယ်မဲ့လာတယ် ။
▪️ဂန္ဓမာ
▪️နီးကပ်လာတဲ့အချိန်တွေ
1 544
တစ်ယောက်ယောက်မရှိလို့
မဖြစ်တဲ့ကမ္ဘာဆိုတာတော့ မရှိပါဘူး ၊
ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါ
တစ်ယောက်ယောက်ရဲ့ ကမ္ဘာဟာ
ချောက်ကမ်းပါးစွန်းကနေ ပြန်လှည့်လာနိုင်တာမျိုး ။
#ခွန်းညိုသွေး
1 544
မိုးကို ခဏရွာစေချင်တယ်
ဖုန်းကို မင်းခေါ်စေချင်တယ်
ကမ္ဘာကြီးကို ဒီ့ထက်နည်းနည်း
ပိုအေးစေချင်တယ်....။
▪️နွေသစ်ငြိမ်း
1 544
တစ်ယောက်ယောက်မရှိလို့
မဖြစ်တဲ့ကမ္ဘာဆိုတာတော့ မရှိပါဘူး၊
ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါ
တစ်ယောက်ယောက်ရဲ့ ကမ္ဘာဟာ
ချောက်ကမ်းပါးစွန်းကနေ ပြန်လှည့်လာနိုင်တာမျိုး...။
▪️ခွန်းညိုသွေး
1 544
မချစ်လိုက်ရလို့ နောင်တရပြီး တသက်တာလုံး
ပင်ပန်းသွားရမှာထက် ဘာကိုမှမတွေးပဲ ဘယ်ချိန်မှာ
ဘယ်ပုံဘယ်နည်းနဲ့ ခွဲခွာရမလဲလို့ မတွေးပဲ
တစ်ကြိမ်တစ်ခါလောက်လေးပဲဖြစ်ဖြစ်
ချစ်ကြည့်ချင်တယ် ချစ်ကြည့်မှဖြစ်မယ်
ချစ်ပေးချင်တယ်ဆိုပြီး ဖြစ်လာတယ် ။ ဒါဟာ
ကိုယ်မင်းဆီတိုးလာရတဲ့ အကြောင်းအရင်းပဲ
မင်းသိမယ်လို့ထင်ပါတယ် ။ ချစ်တယ် ။
#ခက်နှောင်
1 544
စိတ်မလုံခြုံမှုတွေ အမြဲတမ်းပေးခဲ့ပြီးမှ
“ မင်းသံသယတွေကလဲ နေရာတကာပဲ “ တဲ့
တစ်ခါလေး ကောင်းပေးရင်တောင်
တစ်သက်လုံး “ ကြွား “ လို့ မဆုံးတော့တဲ့မိန်းမကိုမှ
#မယ်ညို
1 544
ကျွန်တော်တို့ရဲ့
နေ့စဉ်နေ့စဉ်ရက်များဟာ
ဒဏ်ရာနဲ့ ရက်များချည်းပါပဲ ။
ချစ်ခြင်းမေတ္တာရဲ့
ဟိုမှာဘက်ကမ်းမှာ ဘာများရှိပါသလဲ။
▪️မောင်ချောနွယ်
1 544
မင်းကို သတိရတယ် တမ်းတတယ်
မင်းဖက်က သတိမရ ပေးနိုင်မှုအပေါ်
ဝမ်းမြောက်ဝမ်းသာရှိရပါတယ်
စိတ်မရှိရင် ဘာမှလုပ်လို့မရဘူးတဲ့
ငါဟာ အပြည့်အစုံဆုံးရှုံးခဲ့ရပေါ့
မင်းကို ဆုံးရှူံးတာဟာ
ငါ့ကိုယ်ငါ ဆုံးရှုံးတာထက်ပိုပါတယ် ။
#ကြံတိုင်းအောင်
1 544
ရည်းစား က အခုထားချင်အခုရပါတယ်
ကိုယ့်ဖြစ်တည်မှုတိုင်းကို လက်ခံပေးနိုင်ပြီး အတည် ချစ်ပေးမဲ့သူဘဲရှားတာ
အစပိုင်းတင်နွေးထွေးတာမဟုတ်ဘဲ အချိန်ဘယ်လောက်ကြာကြာ မပြောင်းလဲတဲ့ သူဘဲလိုချင်တာ
ချစ်ရင်မြဲချင်တယ် အဆုံးထိသွားချင်တယ်
တစ်ယောက်တည်းကို အကြာကြီးချစ်ချင်တယ်
အခုချစ် အခုပစ်နဲ့ တစ်စုံတစ်ယောက်ကို အစကနေပြန်လေ့လာပြီး ခဏခဏ ချစ်ရမှာ ပင်ပန်းတယ်
ကိုယ်တိုင်က အားနည်းချက်တွေနဲ့မို့ သဘောကျတယ် ဆိုတိုင်း ဇွတ်မတိုးရဲသလို
ကိုယ့်အားနည်းချက်ကို လက်မခံပေးနိုင်သူကိုလဲ
ကပ်တွယ်နေမဲ့ထဲမှာ ပါမနေဘူး
အဲ့တော့ တစ်ယောက်တည်းနေတာဘဲ ကောင်းပါတယ်ပေါ့ ... 🌸💜
#Thar Htwe
