en
Feedback
Mon Halsey Positive Energy Circle

Mon Halsey Positive Energy Circle

Open in Telegram

Positive Energy Circle မှ ကြိုဆိုပါတယ်။ ဒီနေရာလေးဟာ စိတ် နှလုံးသား ခံစားချက်များကို မြှင့်တင်ဖို့၊ အပြုသဘောဆောင်တဲ့ အတွေးအမြင်များကို မျှဝေဖို့အတွက် လူမှုကွန်ယက်တစ်ခုဖြစ်ပါတယ်။

Show more
6 034
Subscribers
-224 hours
-87 days
-1830 days
Posts Archive
တစ်ခါတလေ ကိုယ်လိုရာပန်းတိုင်ကို ရောက်နိုင်ဖို့ အတွက် နည်းလမ်းပေါင်းများစွာ၊ သင်တန်းတွေ၊ Technique တွေ လိုက်ရှာနေကြတတ်တယ်။ ဒါပေမဲ့ တကယ်တမ်းမှာ အဲဒီအရာအားလုံးရဲ့ သော့ချက်က တစ်ခုတည်း။ ရိုးရှင်းတဲ့ဘဝနေထိုင်ခြင်းပါပဲ။ နေ့တိုင်း… ကိုယ့်အကြောင်းကိုယ် ပြန်တွေးကြည့်ဖို့ ကျွန်မတို့ အလေ့အထလုပ်သင့်ပါတယ်။ သူများအကြောင်း၊ သူများကြောင့်ဖြစ်နေတဲ့ အရာတွေကို စိတ်ထဲကနေ ဖြုတ်ချ၊ ရှင်းလင်းပစ်ဖို့လိုတယ်။ စိတ်ထဲမှာ ကိုယ်လုပ်ရမယ့် အလုပ်တိုင်းကို… စိတ်ကြည်ကြည်လင်လင်နဲ့ အာရုံစိုက်ပြီး ကျေကျေနပ်နပ် လုပ်သွားဖို့လိုတယ်။ ကိုယ်နေ့စဉ် ဘာတွေလုပ်နေလဲ၊ ဘာတွေကို စိတ်ထဲထည့်ထားလဲ၊ ဘာတွေကို စွန့်လွှတ်သင့်သလဲ… ဒီမေးခွန်းလေးတွေကို နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ အားလုံးကို အရှိအတိုင်း လက်ခံလိုက်ပါ။ လူဆိုတာ လူပါပဲ။ လူဆိုတာ အမှားတွေလုပ်မိမှာပဲ၊ အမှန်တွေလည်း လုပ်မိမှာပဲ။ ဒါပေမဲ့ မိုက်ကန်းပြီး လုပ်နေတာ မဟုတ်ခဲ့တာကြောင့်… ကိုယ့်ကိုကိုယ် ကျေးဇူးတင်လိုက်ပါ။ “ဒီနေ့လည်း ကြိုးစားနေခဲ့တာပဲ” လို့ ပြောကြည့်ပါ။ စိတ်ထဲမှာ ဘယ်အရာနဲ့ ကိုယ်က အစစ်အမှန် (Authentic) ဖြစ်လဲဆိုတာ သေချာကြည့်ပါ။ ကိုယ့်စိတ်နဲ့ Aligned ဖြစ်တယ်လို့ ခံစားရတဲ့ အရာကို ရွေးလုပ်ပါ။ အဲဒီအခါမှ… စိတ်ရှင်းတယ်။ နေထိုင်ရတာ ရှင်းလင်းလာတယ်။ ဘဝက ရိုးစင်းရင် ဖြောင့်တန်းလာတယ်။ ဒီအပတ်ရဲ့Positive Energy Circle Weekend Talk မှာ #ဘဝကဒီလောက်ရှုပ်ထွေးနေဖို့လိုသလား ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ https://youtu.be/5-F34T-s1Lc?si=PvpopYvysVSMuyd9 #monhalsey #PositiveEnergyCircle #WeekendTalk

တစ်နှစ်မှာ ၃၆၅ ရက်ရှိတယ်ဆိုတာ ၃၆၅ ကြိမ် ပြန်စနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာနဲ့ တူပါတယ်။ လူတော်တော်များများဟာ အသစ်စတင်ဖို့ အချိန်ကို စောင့်နေကြပေမဲ့ တကယ်တော့ ပြန်စဖို့ အချိန်ဆိုတာ ဒီနေ့… ဒီအချိန်ပဲ ဖြစ်နေတတ်ပါတယ်။ ဘဝက ထင်ထားသလောက် ပြောင်းလဲမလာတာက မဖြစ်နိုင်လို့ မဟုတ်ဘဲ ကိုယ်အသုံးပြုနေတဲ့ Life System က မကိုက်ညီတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီ Zoom Talk မှာတော့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတွေနဲ့ မဟုတ်ဘဲ နေ့စဉ် ၁% တိုးတက်မှုလေးတွေကနေ ဘဝကို ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကို မျှဝေပေးသွားမှာပါ။ Registration Link ကို cmt မှာ တင်ပေးထားပါတယ်။ #365NewChances #Upgrade #LifeSystem #1% ImprovementRule #monhalsey #zoomtalk

ကိုယ်လုပ်နေတာကို ကိုယ့်ဘာကိုယ် ကြိုက်ရဲ့လား။

ဘဝကကျွန်မတို့ တောင်းတဲ့အရာတိုင်းကို အမြဲတမ်း အတိအကျ ပြန်ပေးတတ်တာ မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်မတို့ သယ်ဆောင်နေတဲ့ အရာတွေကို တော့တိုးပွားစေပြီး ပြန်ပေးလာတတ်ပါတယ်။ ဒါကို အဆပွားနိယာမ (The Law of Multiplication)လို့ ခေါ်ပါတယ်။ ဒေါသကို သယ်ဆောင်နေမယ်ဆိုရင် ပဋိပက္ခတွေ ပိုများလာတတ်ပါတယ်။ စေတနာကို ပေးမယ်ဆိုရင် အခွင့်အလမ်းတွေ ပိုများလာတတ်ပါတယ်။ စိတ်ဟာEnergy တွေထုတ်ပေးနေတဲ့ စက်ကြီးတစ်ခုလို ဖြစ်ပါတယ်။Negative Thought တစ်ခုကစိုးရိမ်မှု ဆယ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ ဘဝထဲမှာ ဘာကို တိုးပွားစေချင်ပါသလဲ။ ငြိမ်းချမ်းမှုလား။ ကြောက်ရွံ့မှုလား။ ရဲရင့်မှုလား။ The Law of Multiplication ဟာ အမြဲတမ်း အလုပ်လုပ်နေပါတယ်။ အတွေးတိုင်း စကားတိုင်း လုပ်ရပ်တိုင်းမှာ ကျွန်မတို့ အစေ့တွေ စိုက်နေကြပါတယ်။ ဒါကြောင့်အစေ့တွေကို သတိ ပညာနဲ့ စိုက်ပါ။ ဘာကြောင့်လဲဆိုတော့ဒီနေ့ သေးငယ်တဲ့ အစေ့တစ်စေ့ဟာမနက်ဖြန် ကျွန်မတို့ နေထိုင်ရမယ့် သစ်တောကြီးတစ်တော ဖြစ်လာနိုင်လို့ပါ။ ဒီအပတ်ရဲ့Positive Energy Circle Weekend Talk မှာ #အဆပွားနိယာမ #TheLawofMultiplication ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ https://youtu.be/NozTM7ajGHg?si=s5vlBOv-gcFNaKGv #monhalsey #PositiveEnergyCircle #WeekendTalk

💦💦 စာဖတ်သူများအားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🌼🌼

မနာလိုစိတ်ဖြစ်တယ်ဆိုရင် သူဖြစ်ပေါ်လာတဲ့ နောက်ဖက်ကအကြောင်းရင်းတစ်ခုက နှိုင်းယှဉ်နေခြင်း Comparison Mindset ဖြစ်တတ်တယ်။ တစ်စုံတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်နေတာပေါ့။ ဘာဖြစ်လို့နှိုင်းယှဉ်နေမိတာလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်မလုံလောက်ဘူးလို့ ခံစားရတဲ့အတွက်ကြောင့်ဖြစ်တယ်။ I am not enough လို့ခံစားရတဲ့အခါမှာ အဲဒီမလုံခြုံစိတ်က ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့နှိုင်းယှဉ်ပြီးကြည့်အောင် တွန်းပို့တတ်တယ်။ ဒါကြောင့် မနာလိုစိတ်လို့ပြောတယ်ဆိုရင် နှိုင်းယှဉ်တာ၊ မလုံခြုံတာ အစရှိတဲ့ စိတ်ခံစားချက်တွေကလည်း ယှဥ်တွဲပြီး ပါလာတတ်တယ်။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်အဝရှိတယ်။ ကိုယ့်ရဲ့ဘဝက ပြည့်စုံကုံလုံနေတယ်လို့ဆိုတဲ့စိတ်နဲ့ ကျေနပ်နှစ်သိမ့်မှုအပြည့်ရနေတဲ့အခါ ဘယ်သူနဲ့မှ မနှိုင်းယှဉ်ဘူး။ကိုယ့်အလင်းရောင်ကို ကိုယ်သိတယ်။ ကိုယ့်ရဲ့တောက်ပမှုကိုကိုယ်သိတယ်။ ဒါက ကြွားဝါနေတာမဟုတ်ဘူး။ မာနကြီးနေတာ၊ဂုဏ်မောက်နေတာလည်းမဟုတ်ဘူး။ ဒါက Wholeness လို့ခေါ်တဲ့ ပြည့်ဝမှုတစ်ခုပါ။ ဒီအပတ်ရဲ့Positive Energy Circle Weekend Talk မှာ #မနာလိုစိတ်ဆိုတာစိတ်မလုံခြုံမှုကစတာ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ #monhalsey #PositiveEnergyCircle #WeekendTalk https://youtu.be/LpYyO8SppPo?si=Ys5gUw6DixDGlEeu

လူအတော်များများဟာ ထူးချွန်တဲ့သူတွေ၊ နာမည်ကြီးတဲ့သူတွေကို သဘောကျတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ Facebook Wall ပေါ်မှာတောင် အဲဒီလို နာမည်ကြီးတဲ့သူတွေက Tag တဲ့ Post ဆိုရင် တင်တယ်။ နာမည်မကြီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေ Mention လုပ်တဲ့ Post တွေဆိုရင်တော့ Wall ပေါ်တောင်အတင်မခံဘူး။ ဖျောက်ထားတာတွေရှိတယ်။ ကိုယ်ဟာ Well Known ဖြစ်တဲ့သူတွေရဲ့ဝန်းရံခြင်း၊ ချစ်ခင်ခြင်း၊ အားပေးမြောက်စားခြင်းကို ခံထားရတယ်ဆိုတဲ့ Image ကို Public မှာ လူမြင်အောင်ပြဖို့က အရေးကြီးလာကြတယ်။ တစ်စုံတစ်ယောက်ရဲ့ Influencial Power ပေါ်အမှီပြုပြီး သူ့ရဲ့ ချီးကျူးမြှောက်စားအားပေးမှုနဲ့ ကိုယ်ဟာတောက်ပလင်းလက်လာရတယ်ဆိုရင်လည်းပဲ ဒါဟာကိုယ့်ရဲ့ ၁၀၀ ရာခိုင်နှုန်း စစ်မှန်တဲ့အရည်အချင်းမဟုတ်သေးဘူး။ လူတွေမှာကိုယ်ပိုင် Personal Brand တွေရှိတယ်ဆိုတာကောင်းပါတယ်။ ဒါပေမဲ့ Brand တစ်ခုရေရှည်ရပ်တည်နိုင်ဖို့ဆိုတာကတော့ စစ်မှန်ရိုးသားမှု Authenticity က အရေးကြီးတာပါပဲ။ ဒီအပတ်ရဲ့Positive Energy Circle Weekend Talk မှာ #စစ်မှန်တဲ့သူတွေကစစ်မှန်တဲ့သူတွေကိုပဲဆွဲငင်တယ် ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ https://youtu.be/UA8oKVDIdxk?si=BtskGs1AN3hdvjAW #monhalsey #PositiveEnergyCircle #WeekendTalk

ဘဝတစ်ခုရဲ့ အဆုံးမှာ ကျွန်မတို့ကို ဘယ်သူပါဆိုပြီး သတ်မှတ်ပေးလိုက်တာက ကျွန်မတို့ ဘယ်လောက်လှခဲ့သလဲ၊ ဘယ်လောက်အောင်မြင်ခဲ့သလဲ၊ ဘယ်လောက်ချမ်းသာခဲ့သလဲ၊ ဘယ်လောက်ပိုက်ဆံရှိခဲ့သလဲ.. မဟုတ်ဘူး။ ဘယ်သူတွေကို ကျွန်မတို့ချစ်ခဲ့သလဲ။ ဘယ်သူတွေက ကျွန်မတို့ကို ချစ်ခဲ့သလဲ။ ဒါပဲ။ ဘဝဆိုတာ လူရယ်လို့ဖြစ်လာပြီဆိုရင် အောင်မြင်ရမယ်၊ ထိပ်တန်းရောက်ရမယ်၊ ကိုယ်ဘာဆိုတာကို သက်သေပြရမယ်လို့ ဖိအားပေးနေတဲ့ ကမ္ဘာထဲမှာ တချို့သူတွေရဲ့ နောက်ဆုံးစကားတွေဟာ Drama တွေမဟုတ်ဘူး။ အော်ဟစ် ငိုကြွေးနေတာမဟုတ်ဘူး။ သာမန်ပဲ။ လူသားဆန်မှုပဲ။ သူတို့ပြောခဲ့တာက ချစ်ခြင်းမေတ္တာအကြောင်း။ အတူရှိခြင်းအကြောင်း။ တကယ်ဘ၀ထဲက တန်ဖိုးရှိသူတွေအကြောင်းပဲ။ နာမည်ဂုဏ်သတင်းအကြောင်းမဟုတ်ဘူး။ အောင်မြင်မှုအကြောင်းမဟုတ်ဘူး။ ချိတ်ဆက်မှုအကြောင်းပဲ။ ဒီအပတ်ရဲ့Positive Energy Circle Weekend Talk မှာ #ဒီနေ့သာနောက်ဆုံးနေ့ဖြစ်ခဲ့ရင် ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ https://youtu.be/kjZJd6CDxak?is=-apmvyq_tBpTX8nd Admin & Support Group #monhalsey #PositiveEnergyCircle #WeekendTalk

ဘဝဟာ နောက်ကျနေတာလည်းမဟုတ်ဘူး။ လွတ်နေတာလည်းမဟုတ်ဘူး။ မပြည့်စုံဘူးဆိုတာလည်းမဟုတ်ဘူး။ လွတ်နေတယ်ဆိုရင် ဘဝထဲက မြင်သင့်မြင်ထိုက်တဲ့အရာတွေကို မြင်အောင်မကြည့်နိုင်တတ်သေးတဲ့ အာရုံစူးစိုက်မှုကသာ လွတ်နေတယ်လို့ပြောရမှာပါ။ ဘဝက အများကြီးမတောင်းဆိုပါဘူး။ သူ့ကိုမြင်အောင်ကြည့်နိုင်ဖို့ပဲ တောင်းဆိုတာပါ။ အဲဒီလိုမြင်အောင်ကြည့်နိုင်တဲ့အခါ ဘဝက လိုအပ်တာထက်ပိုပြီး ပြည့်စုံနေတာကိုခံစားရမှာပါ။ ငါဘာတွေလိုအပ်နေသေးတယ်လို့ မေးနေသရွေ့ ဘဝက ပြည့်စုံမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့မှာ ဘာတွေရှိနေပြီးသားလဲလို့ မေးတတ်လာတဲ့အခါ ဘဝရဲ့ပြည့်စုံခြင်းတွေကိုခံစားလာရမှာပါ။ သူများရဲ့ Highlight ကို ကိုယ့်ရဲ့ Behind the scenes နဲ့ နှိုင်းယှဥ်နေသရွေ့ ဘဝဟာ ဘယ်တော့မှပြည့်စုံနေမှာမဟုတ်ဘူး။ တစ်စုံတစ်ယောက်ရဲ့အောင်မြင်မှုဟာကိုယ့်ရဲ့ကျရှုံးမှုမဟုတ်သလို ကိုယ့်အောင်မြင်ဖို့အတွက်လည်း သူများက ကျရှုံးပေးစရာမလိုဘူး။ စိတ်လုံခြုံမှုဆိုတာ အဓိကကျပါတယ်။ စိတ်လုံခြုံမှုက အရင်လာတယ်။ ပြီးမှ ဘဝရဲ့ပြည့်စုံမှုက ရောက်လာတတ်ပါတယ်။ လက်ရှိအချိန်မှာ နေထိုင်နိုင်တဲ့အခါ ဘဝရဲ့ပြည့်စုံခြင်းတွေကိုခံစားရပါလိမ့်မယ်။ ဒီအပတ်ရဲ့Positive Energy Circle Weekend Talk မှာ #ဘဝကပြည့်စုံနေတယ်လို့ခံစားရတဲ့အချိန် ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ https://youtu.be/ibbgguUY_Ys?si=Nt0Mizx35C9qzRpZ #monhalsey #PositiveEnergyCircle #WeekendTalk

Business Class မှာ ခုံနည်းနည်းပဲရှိတာ ဘာကြောင့်လဲ။ #monhalsey #PositiveEnergyCircle #WeekendTalk https://youtu.be/FXj7-Ea_Wb8?si=ikjUfMp1GUwZRily

အဆင်ပြေနေရင်တောင်မှငါတို့ကသိပ်အဆင်မပြေပါဘူး။ ကိုယ့်ဝမှာကောင်းတဲ့အရာတွေရှိနေတယ်ဆိုရင်တောင်မှ..ဒီလိုပါပဲ..ငါတို့ကပျော်နေကြတာမဟုတ်ပါဘူး..အစရှိသဖြင့်ဒီလိုမျိုးတွေပြောရင်း တကယ်အဆင်မပြေတဲ့စိတ်..၊မပျော်ရွှင်တတ်တဲ့စိတ်က ကြီးစိုးလာတတ်ပါတယ်။ ဒီလိုနဲ့..ငါဟာအဆင်မပြေပါဘူးလို့တကယ်အထင်ရောက်လာတယ်။ ကိုယ့်ဘဝရဲ့ပျော်ရွှင်မှုတွေ၊အောင်မြင်မှုတွေ၊အဆင်ပြေမှုတွေကိုကိုယ်တိုင်တောင်မှ ပြည့်ပြည့်ဝဝမခံစားနိုင်ဘဲ အတင်းချိုးနှိမ်ထားရသလိုဖြစ်လာတယ်။ Victim နေရာကိုရောက်မှန်းမသိရောက်လာတယ်။ ကိုယ့်ဘဝရဲ့အဆင်ပြေမှုတွေ၊ ကောင်းမွန်မှုတွေကိုသတိပြုမိတယ်..၊ခံစားတတ်တယ်ဆိုတာအဆင်မပြေတဲ့သူတွေရဲ့ဒုက္ခတွေကို မစာနာတာတတ်တာမဟုတ်ပါဘူး..။နားမလည်တတ်တာမဟုတ်ပါဘူး..။ ဘဝဆိုတာအကန့်ကလေးတွေခွဲထားတတ်မှ ပျော်ရွှင်မှုကိုခံစားရတာဖြစ်ပါတယ်။ အဆင်မပြေတာတွေကြားထဲမှာအဆင်ပြေအောင်နေတတ်ရမှာဖြစ်သလို အဆင်ပြေတယ်ဆိုရင်လည်းဒါကိုလက်ခံပျော်ရွှင်တတ်ဖို့လိုပါတယ်။ဒါဟာကိုယ့်ဘဝကိုပြည့်စုံစွာရှင်သန်ခြင်းပါပဲ။ ဒီအပတ်ရဲ့Positive Energy Circle Weekend Talk မှာ # အဆင်မပြေဘူးလို့ပြောဖို့မလိုဘူး ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ #monhalsey #PositiveEnergyCircle #WeekendTalk https://youtu.be/TQev0lDyxLM?si=oxEdkdMB8tDt3iO5

မိမိကိုယ်မိမိ စောင့်ရှောက်တတ်တဲ့သူဆိုတာ.. ကိုယ့်ခန္ဓာကိုယ်ကို သတိထားစောင့်ရှောက်တတ်ရတယ်၊စိတ်ပိုင်းဆိုင်ရာကိုလည်း အလေးထားတတ်ရတယ်၊အကျင့်သီလပိုင်းမှာလည်း ကိုယ့်ကိုယ်ကို မလျော့မရဲ ထိန်းသိမ်းတတ်ရတယ်။ ဒီလိုနေ့စဉ် ကိုယ့်ဘဝကို တာဝန်ယူပြီး နေထိုင်လာတဲ့သူတစ်ယောက်ဟာ..နောက်ဆုံးအချိန်ရောက်လာလို့ စကားမပြောနိုင်တော့ဘူး၊ အရာရာကို မမှတ်မိတော့ဘူးဆိုရင်တောင် သူ့ဘဝနေထိုင်ပုံက တခြားသူတွေအတွက် အတုယူစရာ၊ အားကျစရာအဖြစ် ကျန်နေရစ်တတ်ပါတယ်။ ဒီအပတ်ရဲ့ Positive Energy Weekend Talk မှာ #ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်တတ်တဲ့သူ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ #monhalsey #PositiveEnergyCircle #WeekendTalk https://youtu.be/q5FBrrjtv8g?si=wUaAKUo-G167RzIe

ဒါက ကိုယ့်ချစ်ရခင်ရတဲ့သူငယ်ချင်းတစ်ယောက်ကို အလေးထားစိတ်နဲ့ Check-In လုပ်တာပါပဲ။ ဒီရက်ပိုင်းဘာတွေလုပ်နေလဲ။ မိသားစုတွေရော နေကောင်းရဲ့လား။ အလုပ်ရောဘယ်လိုနေလဲ။ ပျော်ရွှင်နေရဲ့လား စသည်ဖြင့် သာကြောင်းမာကြောင်းမေးမြန်းပြောဆိုတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဂရုစိုက်မှုလေးတစ်ခု မေးမြန်းမှုလေးတစ်ခု စကားလေးတစ်ခွန်းဟာ သူ့ဆီမှာ စိတ်မွန်းကြပ်မှုတွေ ဒဏ်ရာတွေရှိနေတယ်ဆိုရင် သူ့ကိုထွေးပွေ့လိုက်သလိုပဲ ခံစားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့အသက်အရွယ်မှာ အလုပ်တွေလည်းများတာကြောင့် အချင်းချင်းတကူးတက အချိန်ပေး ချိန်းဆိုပြီးမတွေ့ဆုံကြဘူးဆိုရင် ဘယ်တော့မှတွေ့ဖြစ်ကြမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ်တန်ဖိုးထားရတဲ့ သူငယ်ချင်းတွေနဲ့ပတ်သက်ရင် သက်သက်အချိန်ပေးပြီး တွေ့ဆုံတာ၊ ဖုန်းဆက်တာ Message ပို့တာမျိုးတွေလုပ်ရတာဖြစ်ပါတယ်။ အသက် ၄၀ ကျော်မှာ အမျိုးစုံသောလူတွေနဲ့ အပေါင်းအသင်းတွေဖြစ်ခဲ့ဖူးပေမယ့် တကယ်တမ်းကိုယ်ဘေးနားမှာကျန်တဲ့သူဟာ လက်ချိုးရေလို့ရသလိုဖြစ်နေခဲ့ပါပြီ။ လူတွေအများကြီးနဲ့သိတယ်။ ဒါပေမဲ့ တကယ်ဂရုစိုက်ရမယ့်သူက သိပ်မကျန်တော့တာမျိုးဖြစ်နေတတ်ပါတယ်။ ကိုယ်နဲ့သက်တူရွယ်သူတွေရဲ့ နာရေးတွေကို ပို့ဆောင်ခဲ့ရတာလည်း တော်တော်များလာပြီလို့ပြောရမှာဖြစ်ပါတယ်။ Facebook ထဲမှာလည်း လူတွေတော်တော်နည်းလာတယ်။ ကျွန်မမှာ အရင်တုန်းက Facebook သူငယ်ချင်း နှစ်ထောင်ကျော်ရှိပေမယ့် အခုတော့ ရှစ်ရာလောက်ပဲရှိပါတော့တယ်။ လူမှုဆက်ဆံရေးတွေမှာ အရေအတွက်ထက် အရည်အသွေးကိုဦးစားပေးလာတဲ့ သဘောပါပဲ။ အခုလိုအချိန်မှာ Friend List ထဲမှာ ကျန်နေသေးတဲ့သူတွေက ကိုယ့်တကယ်လေးစားချစ်ခင်ရတဲ့သူတွေဖြစ်တယ်။ ကိုယ်တကယ်စိတ်ဝင်စားရတဲ့သူတွေဖြစ်တယ်။ လူချင်း သိပ်မရင်းနှီးပေမယ့် စိတ်ပိုင်းဆိုင်ရာအရ ကိုက်ညီမှုရှိတဲ့သူတွေဖြစ်တယ်။ ကိုယ့်ကိုစိတ်အနှောင့်အယှက်မပေးတဲ့သူတွေဖြစ်တယ်။တကယ်ရင်းနှီးခင်မင်ပြီး ဟန်ဆောင်စရာမလိုတဲ့သူတွေဖြစ်တယ်။ Facebook ကလည်းရှိနေတဲ့သူငယ်ချင်းတောင် အကုန်မြင်ရတာမျိုးမဟုတ်ဘူး။ ကျွန်မတို့ရဲ့ မျက်စိရှေ့မှာ သူငယ်ချင်းတစ်ယောက် ပျောက်နေရင် သူ့ကို မေ့လျော့ သွားတာပါပဲ။ Memory မှာပြန်ပေါ်လာတဲ့အခါကျမှ အော် သူနဲ့ကိုယ်နဲ့တော်တော်ခင်ခဲ့ဖူးတာပဲလို့ ပြန်သတိရတာမျိုးလည်းရှိတယ်။ ဒါပေမဲ့ အချင်းချင်း Check-In မလုပ်ကြတော့ဘူး။ စကားမပြောကြတော့ဘူးဆိုရင် အနေဝေးပြီးသွေးအေးသွားကြတာအမှန်ပါပဲ။ တချို့လည်းပဲ ရုတ်တရက်ပြန်ပေါ်လာတော့မှ ကင်ဆာအဆင့်လေးတို့ဘာတို့ ဖြစ်နေတာမျိုးလည်း ဝမ်းနည်းစရာ ကြုံတွေ့ခဲ့ရဖူးပါတယ်။ အသက် ၄၀ ကျော်ရောက်တဲ့အချိန်မှာ ဘဝရဲ့အမျိုးမျိုးသော အခန်းကဏ္ဍတွေပြောင်းလဲလာတတ်ပါတယ်။ အချိန်တွေ တစ်နေရာတည်းရပ်မနေသလို မိတ်ဆွေတစ်ဦးချင်းစီရဲ့ဘဝမှာလည်း ပြောင်းလဲမှုတွေရှိနေပါလိမ့်မယ်။ ကျွန်မတို့အဖို့ မိတ်ဆွေတွေဟာ ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ အလုပ်ရှုပ်နေတဲ့ကြားထဲကပဲ အချင်းချင်း သတိတရနဲ့ Check-In လုပ်ပေးဖို့ လိုပါတယ်။ သူတို့ရဲ့ဘဝအခြေအနေကို မေးမြန်းဖို့၊ သူတို့ရဲ့အတွေ့အကြုံတွေကို နားထောင်ဖို့၊ သူတို့ရဲ့စိတ်ခံစားချက်တွေကို ဝေမျှ ခံစားပေးဖို့ လိုပါတယ်။ Facebook မှာ Rest in Peace ဆိုတဲ့စာတွေ့မှသာ သူငယ်ချင်းတစ်ဦးကို ဆုံးရှုံးလိုက်ပြီဆိုတာ သိရမယ့်အစား ပုံမှန် Check-In လုပ်ခြင်းနဲ့ သူတို့ရဲ့အခြေအနေကို စောစီးစွာ နားလည်ဖို့ အချိန်ယူရပါမယ်။ အချိန်ရှိနေတုန်းမှာ တစ်ယောက်နဲ့တစ်ယောက် Follow-Up လုပ်ဖို့ Check-In လုပ်ဖို့ ဝေမျှနားထောင်ဖို့က အရေးကြီးပါတယ်။ မွန်ဟော်စီ ၂၀၂၄ #monhalsey #RedefiningLife

ဒီနေ့မနက်ပဲ Facebook Memory မှာ ချစ်ခင်ရင်းနှီးရတဲ့လုပ်ဖော်ကိုင်ဖက် ဆရာတစ်ယောက်နဲ့ဓာတ်ပုံတွေ တက်လာပါတယ်။ ဒီပုံတွေကိုကြည့်ပြီး
ဒီနေ့မနက်ပဲ Facebook Memory မှာ ချစ်ခင်ရင်းနှီးရတဲ့လုပ်ဖော်ကိုင်ဖက် ဆရာတစ်ယောက်နဲ့ဓာတ်ပုံတွေ တက်လာပါတယ်။ ဒီပုံတွေကိုကြည့်ပြီး သူဆုံးသွားတာမဟုတ်ဘဲ အဝေးမှာရောက်နေတာမျိုးဆိုရင်ကောင်းမှာပဲ ..သူ့ကိုဖုန်းဆက်၊ စာပို့ပြီး ဘယ်လိုလဲ ဘာတွေလုပ်နေလဲ။ နေကောင်းရဲ့လားလို့ မေးချင်လိုက်တာ Check-In လုပ်ကြည့်ချင်လိုက်တာဆိုတဲ့ စိတ်ပေါ်လာပါတယ်။ သူရှိနေတုန်းက ကိုယ်လဲကိုယ့်ကိစ္စနဲ့ကိုယ်မို့ သူ့ကိုလုံလောက်တဲ့ Check-In မလုပ်မိခဲ့ဘူး။ နောက်ဆုံး ကွယ်လွန်ပြီဆိုတော့မှ သူမရှိတော့တဲ့သူ့အိမ်ကို အပြေးအလွှားသွားခဲ့ရတာမျိုးပါပဲ။ ဒီလိုအဖြစ်အပျက်တွေက ကျွန်မတို့ဘဝမှာ အများကြီးပါပဲ။ ဒါကြောင့် ဒီနေ့ဘာလုပ်မယ်ဆိုတဲ့ To Do List ကိုချရေးထားတဲ့ စာရွက်အပိုင်းလေးတွေမှာအခုနောက်ပိုင်း ကျွန်မသူငယ်ချင်းတွေရဲ့နာမည်လေးတွေပါလာပါတယ်။ ဥပမာ စုစုဆီဖုန်းဆက်ရန်ဆိုတာမျိုးပေါ့။ သူ့သမီးလေးက နိုင်ငံခြားပညာတော်သင်သွားတော့မယ်။ ပြင်ဆင်ထုပ်ပိုးပြီးပြီလား။ အမေရော စိတ်ခံစားမှုတွေအဆင်ပြေနေရဲ့လား။ ကြိုတင်လွမ်းနေပြီလား စသည်ဖြင့်မေးမြန်းဖို့ဖြစ်ပါတယ်။

"..အောက်ကလူက ကိုယ့်ထက်တော်သွားမှာ စိုးတော့ အသုံးမကျတဲ့သူတွေပဲ ရနေတာ.." ဒီလိုအခြေအနေကို Manifestation နဲ့ ဆက်စပ်ကြည့်လိုက်ရင်းအရေးကြီးတဲ့ အချက်တစ်ခု မြင်လာပါတယ်။ Manifestation ဆိုတာ “ကိုယ်လိုချင်တာကို ဆုတောင်းလိုက်ရုံ” မဟုတ်ပါဘူး။ကိုယ့်အတွင်းမှာ ယုံကြည်ထားတဲ့ စိတ်အခြေခံ (belief system) နဲ့အများကြီးသက်ဆိုင်ပါတယ်။အဲဒီအရာတွေကပဲ ကိုယ့်ဘဝထဲကို လူတွေ၊ အခြေအနေတွေကို ဆွဲခေါ်လာတာပါ။..“သူက ကိုယ့်ထက်တော်သွားမှာ စိုးတယ်” ဆိုတဲ့ စိတ်က အတွင်းထဲမှာ ဘာပြောနေလဲဆိုရင် “ငါဟာ တော်တဲ့သူတွေ နဲ့ မထိုက်တန်ဘူး..။ ငါ့ထက်မတော်တဲ့သူတွေနဲ့နေရမှပဲငါ့စိတ်လုံခြုံတယ်။.."ဆိုတာမျိုး ဖြစ်နေတတ်တယ်။ အဲဒီလို ယုံကြည်ချက်ရှိနေတဲ့အခါ Manifestation ကကိုယ့်ယုံကြည်ချက်ကို အတည်ပြုပေးဖို့ပဲ လုပ်ပါတယ်။ ဒါကြောင့် ကိုယ့်ထက်မသာတဲ့သူ၊ ကိုယ့်လောက်အလုပ်မလုပ်တတ်တဲ့သူ၊ကိုယ့်ကိုတန်ဖိုးမထားတဲ့သူ ..အဲဒီလိုလူတွေကိုပဲ ထပ်ထပ်ပြီးဆွဲခေါ်နေမိတာမျိုးပါ။ ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီး..ဒီအပတ် Weekend Talk မှာ Small Self, Small Love ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ https://youtu.be/MPzYaAPLsqk?si=3C5rCXZtK60MaX3A

အကောင်းနဲ့ အဆိုးက အမြဲတွဲနေတယ်ဆိုတာ “ဘဝရဲ့ မျှတမှု” တစ်ခုပါပဲ။ ဘဝဆိုတာ အကောင်းချည်းပဲ မဖြစ်ဘူး။ အဆိုးချည်းပဲလည်း မဖြစ်ဘူး။ အလင်းရှိတဲ့နေရာမှာ အရိပ်ရှိနေသလိုအပူရှိရင် လည်းအအေးရှိနေတာပါပဲ။ဒါတွေဟာ သဘာဝရဲ့ စနစ်တစ်ခုပဲ။ တစ်ခါတလေ..“ဘာကြောင့် ကိုယ့်ဘဝမှာ ဒီလိုအရာတွေ ကြုံရတာလဲ”လို့ မေးမိတတ်တယ်မဟုတ်လား။ဒါပေမယ့် အချိန်ကြာလာတဲ့အခါ..နားလည်လာတာက ဘယ်နေရာမှာမဆို ကိုယ်နဲ့ ထိုက်သင့်တဲ့ အတွေ့အကြုံတွေ ကိုယ်နဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေ အမြဲရှိနေတယ်ဆိုတာပါပဲ။အဆိုးဆိုတာကိုယ့်ဘဝရဲ့ အချိန်ကာလတစ်ခုမှာ..ကိုယ် လိုအပ်နေတဲ့ သင်ခန်းစာဖြစ်လို့ရောက်လာတာပါ။ အကောင်းနဲ့ အဆိုး ဆိုတာ ဘဝကို မျှတအောင် ထိန်းထားပေးတဲ့ လက်တွဲဖော်တွေပါ။ ဒီနေ့ ကိုယ်ကြုံတွေ့နေရတဲ့ အရာက အဆိုးဖြစ်နေသလို ခံစားရရင်တောင်..အဲဒါက ကိုယ့်ဘဝကို မျှတစေဖို့..တစ်ခုခု ပြန်ညှိပေးနေတဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေတာကိုယုံကြည်ထားလို့ရပါတယ်။ ဒီအပတ်ရဲ့#PositiveEnergyWeekendTalk မှာ #ကိုယ်ရတာလေးကိုယ်ယူပါ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လေး လုပ်ပေးထားပါတယ်။ Admin & Support Group https://youtu.be/yyGCa3LdvnM?si=-165XFEecqZvTUsg

အကောင်းနဲ့ အဆိုးက အမြဲတွဲနေတယ်ဆိုတာ “ဘဝရဲ့ မျှတမှု” တစ်ခုပါပဲ။ ဘဝဆိုတာ အကောင်းချည်းပဲ မဖြစ်ဘူး။ အဆိုးချည်းပဲလည်း မဖြစ်ဘူး။ အလ
အကောင်းနဲ့ အဆိုးက အမြဲတွဲနေတယ်ဆိုတာ “ဘဝရဲ့ မျှတမှု” တစ်ခုပါပဲ။ ဘဝဆိုတာ အကောင်းချည်းပဲ မဖြစ်ဘူး။ အဆိုးချည်းပဲလည်း မဖြစ်ဘူး။ အလင်းရှိတဲ့နေရာမှာ အရိပ်ရှိနေသလိုအပူရှိရင် လည်းအအေးရှိနေတာပါပဲ။ဒါတွေဟာ သဘာဝရဲ့ စနစ်တစ်ခုပဲ။ တစ်ခါတလေ..“ဘာကြောင့် ကိုယ့်ဘဝမှာ ဒီလိုအရာတွေ ကြုံရတာလဲ”လို့ မေးမိတတ်တယ်မဟုတ်လား။ဒါပေမယ့် အချိန်ကြာလာတဲ့အခါ..နားလည်လာတာက ဘယ်နေရာမှာမဆို ကိုယ်နဲ့ ထိုက်သင့်တဲ့ အတွေ့အကြုံတွေ ကိုယ်နဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေ အမြဲရှိနေတယ်ဆိုတာပါပဲ။အဆိုးဆိုတာကိုယ့်ဘဝရဲ့ အချိန်ကာလတစ်ခုမှာ..ကိုယ် လိုအပ်နေတဲ့ သင်ခန်းစာဖြစ်လို့ရောက်လာတာပါ။ အကောင်းနဲ့ အဆိုး ဆိုတာ ဘဝကို မျှတအောင် ထိန်းထားပေးတဲ့ လက်တွဲဖော်တွေပါ။ ဒီနေ့ ကိုယ်ကြုံတွေ့နေရတဲ့ အရာက အဆိုးဖြစ်နေသလို ခံစားရရင်တောင်..အဲဒါက ကိုယ့်ဘဝကို မျှတစေဖို့..တစ်ခုခု ပြန်ညှိပေးနေတဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေတာကိုယုံကြည်ထားလို့ရပါတယ်။ ဒီအပတ်ရဲ့#PositiveEnergyWeekendTalk မှာ #ကိုယ်ရတာလေးကိုယ်ယူပါ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လေး လုပ်ပေးထားပါတယ်။ Admin & Support Group #ကိုယ်ရတာလေးကိုယ်ယူပါ #PositiveEnergyWeekendTalk #Monhalsey

🎯 နေ့တစ်နေ့ရဲ့အဆုံးသတ်ဟာ ကျေးဇူးတရားနဲ့ ငြိမ်းချမ်းမှုသာ ဖြစ်သင့်တယ်။ 🎯 နေ့တစ်နေ့ရဲ့အဆုံးသတ်ဟာ မီးရှူးမီးပန်းတွေဖောက်သလို တ
🎯 နေ့တစ်နေ့ရဲ့အဆုံးသတ်ဟာ ကျေးဇူးတရားနဲ့ ငြိမ်းချမ်းမှုသာ ဖြစ်သင့်တယ်။ 🎯 နေ့တစ်နေ့ရဲ့အဆုံးသတ်ဟာ မီးရှူးမီးပန်းတွေဖောက်သလို တောက်ပနေဖို့တော့ မလိုဘူး။ ကိုယ့်စိတ်ခံစားချက်တွေကိုသတိပြုခြင်း Awareness နဲ့ ကြင်နာတတ်ခြင်း Kindness က နေ့တစ်နေ့ကို အေးအေးဆေးဆေး ပြီးဆုံးသွားစေဖို့အတွက် အထောက်အကူ ပြုပါလိမ့်မယ်။ 🎯 ဒီညမှာ ကိုယ့်ကိုယ်ကိုယ်သတိပေးဖို့က ဒီနေ့ဟာ အေးအေးဆေးဆေးပဲ ကုန်ဆုံးခဲ့တယ်။ ငါဟာ လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့တယ်။ ငါအခုအနားယူနိုင်ပြီ။ ဒီနေ့ဟာ တိုးတက်မှုတွေရှိတယ်။ စိတ်ဖိစီးမှုတွေမရှိဘူး။ မနက်ဖြန် နေ့သစ်ကို ငြိမ်းချမ်းမှုနဲ့ စတင်နိုင်ပြီ။ 🎯 ဒါတွေဟာ တစ်နေ့တာလုံးမှာဖြစ်ခဲ့တဲ့ အခက်အခဲတွေကို လုံးဝရှောင်လွှဲလိုက်တာမျိုးမဟုတ်ဘူး။ အဓိပ္ပါယ်ကတော့ အဆင်မပြေတာတွေ၊ အမှားတွေထက် အောင်မြင်ခဲ့ တာတွေ၊ ပျော်ရွှင်စေခဲ့တာတွေကို အသိအမှတ်ပြုဖို့ ရွေးချယ်လိုက်တာပဲ။ 🎯 ဦးနှောက်ကို ပိုကောင်းမွန်တဲ့အရာတွေကို တွေ့ မြင်ဖို့ လေ့ကျင့်ပေးနိုင်တဲ့အခါ အိပ်ရာဝင်ချိန်တွေက ပိုအေးချမ်းလာမယ်။ နံနက်ခင်းမှာ ပိုခွန်အားရှိလာပါလိမ့်မယ်။ #Day30 #တစ်နေ့တာကိုကောင်းမွန်စွာအဆုံးသတ်ခြင်း #EndTheDayWell #MonHalsey #ReadjustRefocusWithMonHalsey #Podcast

🎯 ကိုယ့်ကိုယ်ကိုယ် စကားပြောတဲ့ပုံစံဟာ ကိုယ့်ဘဝ ကိုယ်တည်ဆောက်တဲ့ပုံစံပါ။ 🎯အဆိုးတွေလုံးဝမတွေးဘူးလို့နေတာက သိပ်တော့လွယ်ကူတဲ့အရ
🎯 ကိုယ့်ကိုယ်ကိုယ် စကားပြောတဲ့ပုံစံဟာ ကိုယ့်ဘဝ ကိုယ်တည်ဆောက်တဲ့ပုံစံပါ။ 🎯အဆိုးတွေလုံးဝမတွေးဘူးလို့နေတာက သိပ်တော့လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအတွေးတွေပေါ်လာတိုင်း ကိုယ်ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ အမြဲတမ်း ရွေးချယ်လို့ရပါတယ်။ အမြဲတမ်းပုံစံပြောင်းပြီး တွေးတတ်တဲ့အကောင်းမြင်အတွေး Upgraded Phrase တွေဟာ ကိုယ့်ကိုယ်ကိုယ် သနားကရုဏာရှိခြင်း Self-Compassion ရဲ့ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့အသံကို ပိုပြီးသန်မာလာစေတယ်။ ပိုပြီးကြင်နာတတ်လာစေတယ်။ ကိုယ်ပြောတဲ့ပုံပြင်တွေက ကိုယ့်ဘဝကို အများကြီးကူညီ နိုင်ပါလိမ့်မယ်။ အမြဲတမ်းမှတ်ထားရမှာက ကိုယ်ပြောတဲ့ စကားတွေဟာ ကိုယ့်ဘဝရဲ့ အဖော်မွန်တွေပါပဲ။ သူတို့နဲ့ပူးပေါင်းလုပ်ဆောင်နိုင်အောင် အမြဲတမ်း လေ့ကျင့်ပါ။ သူတို့ဟာ ကိုယ့်ရဲ့ ရန်သူမဟုတ်ပါဘူး။ #Day29 #မိမိကိုယ်နဲ့စကားပြောခြင်း #Self-TalkUpgrade #MonHalsey #ReadjustRefocusWithMonHalsey #Podcast