en
Feedback
Mon Halsey Positive Energy Circle

Mon Halsey Positive Energy Circle

Open in Telegram

Positive Energy Circle မှ ကြိုဆိုပါတယ်။ ဒီနေရာလေးဟာ စိတ် နှလုံးသား ခံစားချက်များကို မြှင့်တင်ဖို့၊ အပြုသဘောဆောင်တဲ့ အတွေးအမြင်များကို မျှဝေဖို့အတွက် လူမှုကွန်ယက်တစ်ခုဖြစ်ပါတယ်။

Show more
6 034
Subscribers
-224 hours
-87 days
-1830 days
Posts Archive
အတ္တကိုဗဟိုပြုလွန်းသူများနှင့်အတူနေထိုင်ခြင်း (Staying with Narcissists Without Losing Yourself) ​Narcissistic Pattern ရှိသူတ
အတ္တကိုဗဟိုပြုလွန်းသူများနှင့်အတူနေထိုင်ခြင်း (Staying with Narcissists Without Losing Yourself) ​Narcissistic Pattern ရှိသူတွေနဲ့ အလုပ်မှာ၊ အိမ်မှာ၊ အချစ်ရေးမှာ ကြုံတွေ့နေရပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်း လမ်းခွဲ/ထွက်ခွာလို့ မရသေးတဲ့အခါ စိတ်ဓာတ်တွေ ပင်ပန်းနွမ်းနယ်နေပြီလား။ ​သူတို့ရဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုတိုင်းမှာ ပါသွားပြီး ကိုယ့်ရဲ့ စိတ်အေးချမ်းမှုနဲ့ Self-Worth တွေ ပျက်စီးမသွားရအောင် မိမိကိုယ်ကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် နေထိုင်နည်းတွေကို စနစ်တကျ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ​ဒီ Zoom Talk မှာ — ◾️ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့သူတွေနဲ့ ဆက်ဆံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အကွာအဝေးEmotional Distance တစ်ခု ဘယ်လိုထားမလဲ။ ◾️ကိုယ့်ရဲ့ Boundaries နဲ့ Personal Space ကို ဘယ်လိုကာကွယ်မလဲ။ ◾️ မလိုအပ်တဲ့ ပဋိပက္ခတွေထဲ ဆွဲသွင်းမခံရဘဲ ကိုယ့်ရဲ့ စိတ်ငြိမ်းချမ်းမှုနဲ့ တန်ဖိုး Inner Peace & Self Worth ကို ဘယ်လိုထိန်းသိမ်းမလဲ။ စတဲ့ လက်တွေ့ဘဝမှာ အသုံးချနိုင်မယ့် နည်းလမ်းတွေကို အတူတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 👉 [ဒီလင့်ခ်လေးကနေ Register လုပ်နိုင်ပါပြီ] 👇 https://forms.gle/1gc98bJoyKWVTqga8

Horror Movies နဲ့ စာအုပ်တွေကို ကြည့်ရှုခံစားပြီးကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးမိတဲ့ မေးခွန်းတွေရှိမယ်ဆို ဘာဖြစ်မလဲ? Reflection လုပ်ရမယ်ဆိုရင်တော့ မနာလိုစိတ်နဲ့ ပတ်သက်တဲ့ အကြောင်းကို အရင်ပြောပြချင်ပါတယ်။ လူသားတွေရဲ့ မသိစိတ် Unconscious Mind ထဲမှာက ငယ်စဉ်ကတည်းက စိမ့်ဝင်ခဲ့တဲ့ စိတ်ဒဏ်ရာ Trauma တွေနဲ့ လျစ်လျူရှု ခံခဲ့ရမှုတွေဟာ မီးခဲကို ပြာဖုံးထားသလို ကိန်းဝပ်နေတတ်တာ ဖြစ်ပါတယ်။ အဲဒီလို နာကျင်မှုတွေကနေ အမုန်းတရား နဲ့ မနာလိုဝန်တိုမှု Jealousy တွေ ပေါက်ဖွားလာပြီး စိတ်၏ အမှောင်ဘက်ခြမ်းကို ကြီးစိုးသွားစေတာပါ။ မနာလိုစိတ်ဟာ ကြမ်းကြမ်းတမ်းတမ်းပုံစံတွေနဲ့လည်း လာတတ်သလို၊ အင်မတန်မှ နူးညံ့သိမ်မွေ့တဲ့ပုံစံနဲ့လာတာ ဖြစ်ပါတယ်။ အခုဘဝမှာရော..နောက်ဘဝ သံသရာမှာရော ကိုယ့်ကို အမြဲလိုချုပ်နှောင်ထားလေ့ရှိတဲ့ အဲဒီလိုစိတ်ကို လွှတ်ချတတ်ဖို့ လိုပါတယ်။ ကျွန်မဆိုလို့ရှိရင် မနာလိုစိတ်အကြောင်းကို ခဏခဏ ထည့်ပြောတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျွန်မမှာလည်း အဲဒီစိတ် ဖြစ်တတ်လို့ပါ။ တစ်ခါတစ်လေကျရင် ကိုယ့်မှာ ဖြစ်လို့ဖြစ်နေမှန်းတောင် သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် ကိုယ့်ဟာကိုယ်ဖြစ်လာတဲ့ စိတ်ရဲ့ မသက်သာမှုကိုတော့ သတိဝင်စဉ်းစားကြည့်မိတာမျိုး ရှိတယ်။ "ငါ ဘာဖြစ်လို့ ဒီလိုစိတ်ကြီးကို ဖြစ်နေရတာလဲ" "အော်.. မနာလိုစိတ်ကို အခြေခံနေတာပါလား" လို့ အမြဲတမ်းပဲ သွားပြီးတော့ သိသွားပါတယ်။ ဒီအပိုင်းတွေမှာဆိုရင် ကျွန်မတို့ ပြောခဲ့ကြတဲ့ အကြောင်းအရာတွေဟာ အမှန်တော့ ပရလောက ပုံပြင်တွေထက် လူ့စိတ်ရဲ့ အကြောင်းတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တချို့သော Horror Stories တွေဟာ မမြင်ရတဲ့ လောကအကြောင်း သက်သက်ကို ပြောနေတာ မဟုတ်ဘဲ ကျွန်မတို့ လူ့စိတ်ရဲ့ နက်ရှိုင်းလှတဲ့ အမှောင်ဘက်အကြောင်းနဲ့ စိတ္တဇစွမ်းအင် ရိုက်ခတ်မှုတွေကို ထိန်းသိမ်းဖို့ သတိပေးနေခြင်းပဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုအကြောင်းအရာတွေကို ဆက်လက်နားထောင်ချင်ရင်တော့ YouTube Channel မှာ Full Episode တင်ပေးထားပါတယ်။ Comment မှာလည်း တိုက်ရိုက် Link ရှိတာဖြစ်လို့ ဝင်ရောက်ကြည့်ရှုနိုင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ The Mon Halsey Podcast နဲ့အတူ နားထောင်ပါ။ သင်ယူပါ။ စိတ်ခွန်အားယူပါ။ ဆက်ပြီးရှင်သန်ပါ။ 📚 Books.. 🎞️ Stories … 💎 Experiences …. 🔋 Inspirations ….. By 🤎🎙️The Mon Halsey Podcast🎙️🤎 https://youtu.be/DqpvbaAklII?si=YWZt6S1vDWprKzzG Watch Full video #TheMonHalseyPodcast #Mon_With_JuliaMyintThein #Episode1_Reflection #TheInvisibleWorld #HumanConsciousness & #Karma

ဘဝဆိုတာ အသက်အရွယ်တိုင်းမှာ သူ့အချိန်နဲ့သူ ပြီးမြောက်ရမယ့် တာဝန်တွေ၊ စိန်ခေါ်မှုတွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ အသက် ၂၀ မှာ ပညာကို ကြိုးစားသင်ယူခဲ့လို့ ၃၀ မှာ ခိုင်မာတဲ့ အလုပ်အကိုင် ရခဲ့မယ်၊ ၄၀ မှာ ကိုယ်ပိုင်စီးပွားရေးကို တည်ဆောက်နိုင်ခဲ့လို့ ၅၀ နဲ့ ၆၀ မှာ ပူပန်မှုကင်းကင်းနဲ့ ခရီးတွေသွား၊ ဘဝကို တက်တက်ကြွကြွနဲ့ လွတ်လပ်စွာ ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ ဒီလို အရွယ်တိုင်းမှာ လုပ်ဆောင်ရမယ့် ပန်းတိုင်တွေကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ခဲ့တာဟာ လမ်းခုလတ်မှာ ကြုံတွေ့ခဲ့ရတဲ့ ကျရှုံးမှုတွေနဲ့ စွန့်လွှတ်ခဲ့ရမှုတွေကို ကြံ့ကြံ့ခံရင်း မိမိခြေထောက်ပေါ် မိမိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်ဆိုတာ အဝေးကြီးမှာ မရှိပါဘူး။ ဒီနေ့ ဒီအချိန်မှာ မိမိရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကို သေချာ ဂရုစိုက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို အကောင်းဆုံး တာဝန်ကျေအောင် လုပ်ဆောင်နေခြင်းကပဲ မနက်ဖြန် အနာဂတ်အတွက် အခိုင်မာဆုံးနဲ့ အစစ်အမှန်ဆုံး အုတ်မြစ်ကို ချမှတ်နေတာပါ။ အချိန်တိုင်းမှာ မိမိကိုယ်ကို ပုံသွင်းပြီး အကောင်းဆုံး နေထိုင်ဖြတ်သန်းသွားမယ်ဆိုရင် ရောက်ရှိလာမယ့် အရွယ်တိုင်းဟာ ပူပန်စရာမလိုဘေး မင်္ဂလာရှိတဲ့ ဘဝရဲ့ ဆုလာဘ်တွေ ဖြစ်လာမှာ သေချာပါတယ်။ ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးဒီအပတ်Weekend Talk မှာ # အသက်အရွယ်အလိုက်ရှိခဲ့တဲ့ပန်းတိုင်တွေပြည့်မှီခဲ့ဖို့လိုတယ် ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ တိုက်ရိုက်နားဆင်နိုင်ဖို့ YouTube Linkလေး ဖြစ်ပါတယ် https://youtu.be/s3liZuupLN0?si=3axbZ8el2o4F0t2n #monhalsey #weekendtalk #podcast #positiveenergy

ကိုယ့်ရဲ့ကံ အနိမ့်အမြင်အတက်အကျကိုကိုယ်ကိုယ်တိုင် ပြန်လည်ဆန်းစစ်ပြီး ကုသိုလ်နဲ့ ဖြည့်ဆည်းပေးခြင်းဟာ မိမိရဲ့ကံကြမ္မာကို အကောင်း ဘက်သို့ ပြောင်းလဲပေးနိုင်တဲ့ အမှန်ကန်ဆုံး ယတြာပါပဲ။ နေ့တစ်နေ့ကို စတင်တိုင်းမှာ မိမိယုံကြည်ကိုးကွယ်ရာဘာသာတရားရဲ့ဘုရားရှင်ကို ရေတော်၊ ပန်းတော် စင်ကြယ်စွာ ကပ်လှူပြီး စိတ်ကို အေးချမ်းစေမယ့် ဂုဏ်တော်တွေ ကို ရွတ်ဖတ်ပုတီးစိပ်ခြင်း၊ သတ္တဝါအားလုံးကို လှိုက်လှိုက်လှဲလှဲ မေတ္တာပို့တာတွေဟာ စိတ်ထဲက မကောင်းတဲ့ စွမ်းအင်တွေကို ရှင်းထုတ်ပေးပြီး ဘဝထဲကို မင်္ဂလာအပေါင်းနဲ့ အခွင့်အလမ်းကောင်းတွေ ဆွဲဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ်ဘဝမှာ တွေ့ထိသမျှ သတ္တဝါတွေကို စေတနာထားပြီး ဇီဝိတဒါန အဖြစ် အစာကျွေးမွေးတာနဲ့ မနက်နိုးနိုးချင်း မိမိကိုယ်ကို ပေါ့ပါးတဲ့ စိတ်ဓာတ် (Positive Mindset) ပြုပြင်ကျင့်ကြံတာတွေဟာ ကံဇာတာကို မြင့်မားစေနိုင်ပါတယ်။ အဓိက သဘောတရားကတော့ ယတြာဆိုတာ တခြားမှာ ရှိတာမဟုတ်ဘဲ မိမိရဲ့ နေ့စဉ် ပြုလုပ်တဲ့ သေချာ စွဲမြဲတဲ့ ကောင်းမွန်တဲ့ Good Action ကို စေတနာသန့်သန့် ပြုလုပ်မှုများပေါ်မှာပဲ လုံးဝ မူတည်နေတာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးဒီအပတ်Weekend Talk မှာ #အကျပ်အတည်းတွေကြုံရတဲ့အခါကိုယ်တိုင်ချက်ချင်းလုပ်ဆောင်နိုင်တဲ့ယတြာ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ To watch full video https://youtu.be/pQHdDBFtL98?is=Fho_9sag9YfSut2E #monhalsey #weekendtalk #podcast #positiveenergy

ဘဝမှာ အသက်အရွယ် ကြီးပြင်းလာတာနဲ့အမျှ အလုပ်တာဝန်တွေ၊ လူမှုပတ်ဝန်းကျင်ရဲ့ဖိအားတွေနဲ့ ရင့်ကျက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငုပ်လျှိုးနေခဲ့ရတဲ့ ကျွန်မတို့ရဲ့ Inner Child လေးဟာ မွေးနေ့လို အခါသမယမျိုးမှာတော့ အားလုံးရဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေနဲ့အတူ ပြန်လည်နိုးထလာတတ်ပါတယ်။ ဒီလိုနေ့မျိုးမှာ တစ်နှစ်တာလုံး..တစ်ဘဝလုံး ကိုယ်ဖြတ်ကျော်ခဲ့ရတာတွေ၊ ကိုယ့်ရဲ့ ဖြစ်တည်မှုတွေကို ချစ်ရသူတွေဆီက အပြည့်အဝ အသိအမှတ်ပြုခံရတာမို့ စိတ်အတွင်းထဲက ကလေးငယ်လေးဟာ လုံခြုံမှုနဲ့ နွေးထွေးမှုကို ခံစားရပြီး ပျော်ရွှင်မှုကို လှိုက်လှိုက်လှဲလှဲ ခံစားရတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မွေးနေ့ဆိုတာ သက်တမ်းတစ်နှစ် တိုးလာတာတစ်ခုတည်း မဟုတ်ဘဲ၊ ကိုယ့်အတွင်းစိတ်ထဲက Inner Child လေးကို ချစ်ခြင်းမေတ္တာတွေ၊ ပျော်ရွှင်မှုတွေ အပြည့်အဝ ပေးဆပ်ဖြည့်ဆည်းပေးရမယ့် နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ သာမန်ရက်တွေမှာ မဖြစ်နိုင်ခဲ့တဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေ၊ ဂရုစိုက်ခံချင်တဲ့ စိတ်ဆန္ဒလေးတွေကို ဒီနေ့မှာတော့ အတားအဆီးမရှိ လွတ်လပ်စွာ ခံစားခွင့်ပေးလိုက်ပါ။ ကိုယ့်ရဲ့ Inner Child လေးကို ပျော်ရွှင်ခွင့်ပေးခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားပေးခြင်းနဲ့ Self Love ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းရဲ့ အလှပဆုံး ပုံသဏ္ဌာန်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး #ကိုယ့်ရဲ့ InnerChildလေးကိုပျော်ခွင့်ပေးလိုက်ပါ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ https://youtu.be/Z-pjJb1VlSs?is=CMZZOMJD37WkwU7w #monhalsey #PositiveEnergyCircle #WeekendTalk

လူ့သဘာဝ အတ္တတွေအကြောင်းနဲ့အတူ အဲဒီလိုလူမျိုးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လှည့်စားမှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲဆိုတာက လူတိုင်းသိချင်ကြတဲ့မေးခွန်းတစ်ခုပါ။ ..ငါ့ကိုလုပ်လို့ နင်ဒုက္ခရောက်တာ..လို့ ပြောတတ်တဲ့သူတွေနဲ့ ကြုံဖူးကြလား။ သူတစ်ပါးရဲ့ အမှားကိုပဲ လက်ညှိုးထိုးပြီး ကိုယ့်ရဲ့အတ္တနဲ့ စိတ်ဒဏ်ရာတွေကို ဖုံးကွယ်ဖို့ ကြိုးစားတတ်တဲ့ ဒီလို အဆိပ်အတောက် (Toxic) ဖြစ်တဲ့သူတွေအကြောင်း၊ ပြီးတော့ ငယ်ဘဝစိတ်ဒဏ်ရာ (Trauma) တွေက ကိုယ့်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ကိုယ်တွေ့အတွေ့အကြုံလေးတွေနဲ့အတူ စိတ်ဝင်စားစရာ Talk တစ်ခုအဖြစ် ဒီအပတ် Weekend Talk မှာ Psychological Manipulation ခေါင်းစဥ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ Admin & Support Group https://youtu.be/Kb7l0Xqbw1w?si=Vl-BOi3bQ63D3pfi Listen To Full Podcast #monhalsey #PositiveEnergyCircle #WeekendTalk

မိုးက ကိုကို့အတွက် ဘယ်လိုတည်ရှိမှုမျိုး ဖြစ်နေခဲ့တာပါလိမ့် .. အခုအပိုင်းမှာ ဖတ်ပြချင်တာကတော့ ကိုကိုနဲ့မိုးက နံရံတွေခြားနေခဲ့တဲ့ အကြောင်း ဖြစ်ပါတယ်။ နံရံတွေရဲ့အနောက်မှာရှိနေတဲ့ နာကျင်နေတဲ့နှလုံးသားတစ်ခုရဲ့ အကြောင်းလည်း ပါနေမှာမို့ မိုးရဲ့နှလုံးသားထဲက ငိုရှိုက်သံတွေကို …. စာဖတ်သူတွေလည်း အတူတူကြားနေရပါလိမ့်မယ်။ဆက်ဖတ်ပြထားတဲ့ အပိုင်းလေးကိုလည်း ခံစားနားဆင်ပေးဖို့ တင်ပေးလိုက်ပါတယ်။ “မိုးက ကိုကို့အတွက် ဘယ်သူလဲ” တဲ့။ #UNSPOKEN #ကျွန်တော်မပြောခဲ့ရသောစကားများ #Monhalsey

ဒီနေ့မှာလည်း မိုးရဲ့ဒိုင်ယာရီ စာအုပ်လေးကို ဆက်ပြီးဖတ်ပြပါ့မယ်။ တစ်ခါတစ်လေ ကိုယ်ချစ်ရသူတွေ နာကျင်သွားမှာစိုးလို့ဆိုပြီး .. ကျွန်မတို့က ကိုယ်ရဲ့စိတ်ထဲမှာရှိတဲ့ ခံစားချက်တွေကို မြိုသိပ်ထားတတ်တယ်။ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် အတင်းအကြပ်တောင်းဆိုခြင်းမရှိတဲ့ မိုးရဲ့ စာလေးကြောင့် .. ကျွန်မစိတ်ထဲမှာ အရမ်းခံစားရတာပဲ။ အရမ်းလည်းထိရှခဲ့တယ်။ ဒီအပိုင်းလေးကို နားထောင်ပြီးတဲ့အခါမှာ မိုးကိုဘယ်လိုထင်မိကြလဲ ပြောပြစေချင်တယ်။ မိုးရဲ့ကိုကိုကရော ဘယ်လိုလူမျိုး ဖြစ်မယ်လို့ တွေးမိနေပြီလဲ သူတို့နှစ်ယောက်ကြားမှာ လွဲနေတဲ့အရာတစ်ခုကရော ဘာဖြစ်နိုင်မလဲ ကျွန်မတို့ ဆက်ပြီး အဖြေရှာကြည့်ရအောင် 😊 #UNSPOKEN #ကျွန်တော်မပြောခဲ့ရသောစကားများ #MonHalsey

မကြာသေးမီက ကျွန်မဆီကို ဒိုင်ယာရီစာအုပ်လေးတစ်အုပ် ရောက်လာခဲ့တယ်။ ဒီစာအုပ်လေးက မိုးဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို ရေးသားထားတဲ့ ဒိုင်ယာရီစာအုပ်လေးပါ။ မိုးရဲ့ဘက်ကတော့ စာအုပ်ထဲက အကြောင်းအရာလေးတွေကို ကျွန်မဆီကတစ်ဆင့် စာဖတ်သူတွေကို မျှဝေပေးဖို့ ဆန္ဒရှိနေပုံရတယ်။ အဲဒါကြောင့် ယုံယုံကြည်ကြည်နဲ့ တောင်းဆိုလာသူ မိုးအတွက် ကျွန်မလည်း ဒီစာအုပ်လေးကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့အတူ ဖတ်ပြပေးလိုက်ပါတယ်။ ကျွန်မကတော့ မိုးရဲ့ခံစားချက်ကလေးတွေကို ဖတ်ရင်း ဘာလို့မှန်းမသိ စိတ်ထဲမှာ အရမ်းကို လွမ်းသွားခဲ့မိပါတယ်။ ဒါဆို စကားလုံးတွေနဲ့တောင် ထုတ်ဖော်ခွင့်မရှိတဲ့ အလွမ်းတွေရဲ့နောက်ကွယ်မှာ ဘယ်လိုနာကျင်မှုတွေက ရှိနေနိုင်တာလဲ။ မိုးကရော ဘာလို့ ဒီလောက်တောင် လွမ်းနေရတာပါလိမ့် နောက်ပြီး မိုး လွမ်းနေတဲ့သူကရော ဘယ်သူလဲ ... နောက်တစ်နေ့မှာလည်း မိုးရဲ့ ဒိုင်ယာရီလေးကို ကျွန်မ ဆက်ဖတ်ပြသွားပါဦးမယ်။ #UNSPOKEN #ကျွန်တော်မပြောခဲ့ရသောစကားများ #NewBook #MonHalsey

"It's okay to say No" ဆိုတဲ့ စကားကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်က ကိုယ့်ရဲ့ ကိုယ်ပိုင်နယ်နိမိတ် (Limit) တွေကို သတ်မှတ်မထားဘဲ အရာရာကို ခွင့်ပြုနေမယ်ဆိုရင် တစ်ဖက်လူကလည်း ကိုယ့်ကို ဆက်ပြီး အလွဲသုံးစားလုပ်လာနိုင်ပါတယ်။ အဲဒီလိုဆက်ဆံခံရတော့မှ မကျေမနပ်ဖြစ်နေတယ်ဆိုတာအလကားပါပဲ။တကယ်တော့ ကိုယ့်ကိုဘယ်လိုဆက်ဆံရမလဲဆိုတာကိုယ်ကပဲသင်ပေးလိုက်တာပါ။ ကိုယ့်ရဲ့ Well-being (စိတ်နှင့်ကိုယ် ကျန်းမာချမ်းသာမှု) ကို ထိန်းသိမ်းဖို့အတွက် ကိုယ်မတတ်နိုင်တဲ့အရာ၊ ကိုယ်မလုပ်ချင်တဲ့အရာတွေအတွက် ရဲရဲတင်းတင်း ငြင်းပယ်တတ်ဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို လေးစားမှုရှိရှိနဲ့ အကန့်အသတ်တွေ ချမှတ်ပေးမှသာလျှင် တစ်ဖက်လူကလည်း ကိုယ့်ကို လေးလေးနက်နက် ဆက်ဆံလာမှာ ဖြစ်ပါတယ်။ တခြားလူတွေရဲ့ ပြဿနာတွေကို အမြဲတမ်း ကိုယ်ဝင်ပြီး ဖြေရှင်းပေးနေခြင်း၊ ကယ်တင်ပေးနေခြင်းဟာ ကိုယ့်စွမ်းအင်ကို ကုန်ဆုံးစေရုံသာမက၊ တစ်ဖက်လူကိုလည်း မှားယွင်းတဲ့ မျှော်လင့်ချက်တွေ ပေးမိစေပါတယ်။ ကိုယ်တိုင်က အရာရာကို ဝင်ရောက်စွက်ဖက် ကယ်တင်နေမယ်ဆိုရင် တစ်ဖက်လူကလည်း ကိုယ့်ကို အဲဒီလိုပဲ ဆက်ပြီး မှီခိုလာပါလိမ့်မယ်။ ဒါကြောင့် မလိုအပ်တဲ့ ပြဿနာတွေထဲမှာ ပါမလာဖို့ ငြင်းပိုင်ခွင့်ရှိပါတယ်။ ကိုယ့်ဘဝ၊ ကိုယ့်ငြိမ်းချမ်းရေးကို ဦးစားပေးပြီး၊ ကိုယ့်ကိုယ်ကို ဘယ်လိုဆက်ဆံခွင့်ပေးမလဲဆိုတာ ကိုယ်တိုင်ကသာ ရွေးချယ်သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ဒီအပတ်ရဲ့ Weekend Talk လေးမှာ ကိုယ့်ကိုဘယ်လိုဆက်ဆံရမလဲဆိုတာကိုယ်ကပဲသင်ပေးတာ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ အပြည့်အစုံ နားထောင်ရန် https://youtu.be/hOPckX4-oe8?si=GMcPhj54HzIbs3cw #monhalsey #lifetips #weekendtalk #positveenergy

Memory ဆိုတာ ဘဝမှာ အလွန်အရေးပါပါတယ်။ အတိတ်က အတွေ့အကြုံတွေ၊ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေနဲ့ မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားတဲ့ အရာတွေဟာ လက်ရှိဘဝမှာ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အဓိကကျပါတယ်။Memory တွေဟာ အကောင်းမြင်စရာတွေရော၊ အဆိုးမြင်စရာတွေပါ ပါဝင်နေတတ်တယ်။ Memory ဆိုတာ ဘဝမှာ သင်ခန်းစာယူစရာတွေအဖြစ်သာ ရှိသင့်ပါတယ်။ အတိတ်က အကောင်းမှတ်ဉာဏ်တွေကို စွဲကိုင်ထားခြင်းဟာ လက်ရှိဘဝကို ရှေ့ဆက်တက်လှမ်းဖို့ ဟန့်တားနေသလိုပါပဲ။ အဆိုးမှတ်ဉာဏ်တွေကို မေ့ပစ်ဖို့ ကြိုးစားကြပေမယ့် အကောင်းမှတ်ဉာဏ်တွေကိုပါ စွဲကိုင်ထားမိတဲ့အခါမှာလည်း အတိတ်မှာပဲ နေထိုင်မိတတ်ကြပါတယ်။ "ငါတို့ဟာ အရင်တုန်းက ပိုပျော်ခဲ့ရတယ်"၊ "အရင်က ပိုကောင်းခဲ့တယ်" ဆိုတဲ့ တွေးခေါ်မှုတွေဟာ လက်ရှိအချိန်ကို တန်ဖိုးထားနိုင်စွမ်းကို လျော့နည်းစေပါတယ်။ ဒါကြောင့် Memory တွေကို မေ့ပစ်ဖို့ မဟုတ်ဘဲ သင်ခန်းစာအဖြစ် သိမ်းဆည်းထားပြီး လက်ရှိဘဝမှာ ရှေ့ဆက်သွားဖို့ပါ။ အတိတ်ဆိုတာဟာ ကိုယ့်ကိုနောက်ပြန်ဆွဲထားတဲ့ သံချေးတက်နေတဲ့ ကြိုးတွေလိုပါပဲ။ ဒီကြိုးတွေကို ဖြတ်ပစ်လိုက်တဲ့အခါမှသာ လက်ရှိအချိန်ကို အပြည့်အဝ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ အတိတ်က သင်ခန်းစာတွေကို ယူပါ၊ ဒါပေမယ့် အတိတ်မှာတော့ မနေပါနဲ့။ လက်ရှိအချိန်၊ လက်ရှိဘဝကသာ အရေးအကြီးဆုံးပါ။ ဒီအပတ်ရဲ့ Weekend Talk လေးမှာ နောက်ပြန်ဆွဲနေသောကြိုးများ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ အပြည့်အစုံ နားထောင်ရန် https://youtu.be/MplaZG6r7mE?si=O_oyjC5lTewxxH4w

တစ်ယောက်တည်းဖြစ်နေတဲ့အခြေအနေဟာ ဘယ်လောက်အထိကြာမလဲ မသိဘူး။ နောက်တစ်ယောက်ကို ရှာနေတာလည်း မဟုတ်ဘူး။ စောင့်နေတာလည်း မဟုတ်ဘူး။ ရောက်လာဦးမယ်ဆိုရင်တော့ သင်ခန်းစာတွေ သင်ခဲ့ပြီးဖြစ်တဲ့အတွက် ရွေးချယ်တတ်ပြီ လို့တော့ ယူဆရမှာပေါ့။ မရွေးချယ်တတ်သေးဘူးဆိုရင်တော့ အဲဒီလိုပုံစံအတိုင်း ပြန်ခံရမှာပဲ။ စာမေးပွဲတွေဆိုတာ မအောင်မချင်း ဖြေရတတ်တယ်။ ဟုတ်တယ်မဟုတ်လား။ စာမေးပွဲဆိုတာ အောင်,အောင်တော့ဖြေရမှာပဲ။ တစ်နှစ်ပြီးတစ်နှစ် ဒီအတိုင်းပဲ ပြန်တက်နေတယ်။ စာမကျက်ထားဘူး၊ Lesson Learned မဖြစ်ဘူးဆိုရင်တော့ အဲဒီစာမေးပွဲကို ဆက်ဖြေနေရမှာပဲ။ ချည်နှောင်မှုတွေ၊ စာမေးပွဲတွေ ဖြေပြီးသွားပြီပဲ။ ကျောင်းတွေပြန်တက်ပြီး စာတွေပြန်ကျက်ချင်နေတာလား။ ဒီအပတ်ရဲ့ Weekend Talk မှာ #စာမေးပွဲကိုအောင်အောင်ဖြေမလား #တက်ပြီးသားအတန်းကိုပြန်တက်မလား ဆိုတဲ့ခေါင်းစဉ်နဲ့Free Sharingလုပ်ပေးထားပါတယ်။ https://youtu.be/KiMrJehosto?si=_XNA94wyJi218sZ7 Admin & Support Group #monhalsey #WeekendTalk

လူတွေက သူများအောင်မြင်သွားရင် ကိုယ့်အတွက် နေရာမကျန်တော့ဘူးလို့ ထင်တတ်ကြတယ်။ ဒါကြောင့် Social Media ပေါ်မှာ သူများကို ဆွဲချပြီး ကိုယ့်ကိုယ်ကိုယ်တင်တဲ့ Culture တွေ ပိုများလာတယ်။ ဒါပေမဲ့ သတိမထားမိတာတစ်ခုရှိတယ်။ လူတစ်ယောက်ကို မကောင်းတာဖြစ်ပါစေလို့ ဆုတောင်းတဲ့အချိန်မှာ အဲဒီမကောင်းတဲ့ Energy ကို ကိုယ့်စိတ်ထဲမှာ အရင်ဖန်တီးလိုက်ရသလိုဖြစ်တယ်။ အဲဒီ လှိုင်းက တစ်ဖက်လူဆီမရောက်ခင် ကိုယ့်ဆီ အရင်ရောက်တယ်။ မေတ္တာဖြစ်စေ ၊ အမုန်းဖြစ်စေ… ကိုယ်ပေးလိုက်တဲ့ Energy က ကိုယ့်ဆီကို ပုံစံတစ်မျိုးမျိုးနဲ့ပြန်ရောက်လာတာများတယ်။ နေ့တိုင်း ကိုယ်နဲ့ဆက်စပ်တဲ့သူပဲဖြစ်ဖြစ်၊ မဆက်စပ်တဲ့သူပဲဖြစ်ဖြစ် မေတ္တာပို့ပေးကြည့်ပါ။ အဆင်မပြေတဲ့သူတွေတွေ့ရင် အဆင်ပြေသွားပါစေလို့ စိတ်ထဲက ဆုတောင်းပေးကြည့်ပါ။ ဘာလို့လဲဆိုတော့ မေတ္တာကိုအခြေခံပြီးသူများရဲ့ချမ်းသာကြောင်းကို ပုံဖော်လိုက်တဲ့ကိုယ့်ရဲ့ကနဦးအတွေးတွေက ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံး အေးချမ်းစေတာမို့လို့ပါ။ဆုတောင်းမေတ္တာပို့သတယ်ဆိုတာ ကိုယ့်ဘဝထဲကို ကောင်းတဲ့ Energy တွေကို ဆွဲယူပေးလိုက်တာပါ။ ဒီအပတ်ရဲ့ Weekend Talk မှာ #ဆုတောင်းပေးလိုက်ပါ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharingလုပ်ပေးထားပါတယ်။ https://youtu.be/nqV3RuVvgYQ?si=2tdp1gunDaVxxwc6 Admin & Support Group #monhalsey #weekendtalk #PositiveEnergyCircle

♦️Brené Brown ကတော့ Perfectionism ဆိုတာ Perfect ဖြစ်ချင်တာမဟုတ်ဘဲ Criticism ကို ကြောက်တာလို့ ပြောပါတယ်။ ♦️Adam Grant ကတော့ စိတ်နာကျင်နေတဲ့ သူတိုင်းကို Good Vibes Only ချည်း သွားပေးနေလို့မရဘူး..တဲ့။ သူတို့လိုအပ်တာက နားလည်ပေးမှုပါ။ ♦️Johann Hari က Lost Connections မှာ Depression တွေအကြောင်း ပြောပြခဲ့တယ်။ ♦️Matt Haig က Reasons to Stay Alive ထဲမှာ လမ်းထိပ်ကဆိုင်မှာ နွားနို့သွားဝယ်နိုင်တာလေးကတောင် စိတ်အခက်အခဲတွေကြားက အကြီးဆုံး အောင်မြင်မှုဖြစ်တယ်..တဲ့။ ဒီလိုအကြောင်းအရာတွေကို အပိုင်း ၃ ပိုင်းပါဝင်တဲ့ Unlimited Podcast ထဲမှာ ဆရာမမွန်နဲ့ ဆရာမင်းလှတို့က စိတ်နဲ့ စိတ်ခံစားမှုတွေကို နားလည်ဖို့ ဆွေးနွေးထားပါတယ်။ https://www.youtube.com/watch?v=s8oTTdZMyJU https://www.youtube.com/watch?v=eQKxn0RTRSI https://www.youtube.com/watch?v=PerpLLK0zS4 Unlimited စာအုပ်လေးကိုလဲ chat box ကနေတစ်ဆင့် မှာယူနိုင်ပါပြီ။ 🎉🎉🎉 သူငယ်ချင်းအတွက်လဲ Podcast လေးကို ရှယ်ပေးသွားပါအုံးနော်။ #MonHalsey #adminandsupportteam #Unlimited #podcast

ဘဝမှာ သိပ်ကို တန်ဖိုးရှိတဲ့အရာတွေ၊လူတွေ၊အခြေအနေတွေဟာ ကံကောင်းလွန်းစွာနဲ့ ရလာတတ်ပါတယ်။ ဒါပေမဲ့ တချို့က အဲဒီလိုအရာတွေကို တန်ဖိုးထားရကောင်းမှန်းမသိဘူး။ ရိုသေသမှုလည်းမပြုဘူး။ ရှိနေတုန်းသုံးလိုက်တယ်။ ဒီလောက်ပါပဲ။ တကယ်တော့ တန်ဖိုးရှိတဲ့အရာတွေ၊ လူတွေကိုရလာတယ်ဆိုတာ ကံကောင်းရုံတစ်ခုတည်းနဲ့ ဆိုရင်တောင် အဲဒီအရာတွေကို ထိန်းသိမ်းတတ်ဖို့လည်းလိုတယ် မဟုတ်လား။ အရာတစ်ခုဟာ တန်ဖိုးကြီးတယ်ဆိုရင် သူ့ကိုပိုင်ဆိုင်ခွင့်ရနေဖို့က သူနဲ့ကိုက်ညီတဲ့ Energy မျိုးရှိဖို့လိုအပ်တယ်။ ကိုယ်ရတဲ့အရာတစ်ခုက တန်ဖိုးအရ အရမ်းမြင့်နေတယ်ဆိုရင် အဲဒီအရာနဲ့လိုက်ဖက်ညီဖို့ ကိုယ့်ရဲ့တန်ဖိုးကိုလည်း ကိုယ်တိုင်မြှင့်တင်ယူတတ်ရတယ်။ အမူအကျင့်တွေပါတယ်။ စိတ်ဓါတ်တွေပါတယ်။အတွေးအခေါ်တွေပါတယ်။ မကောင်းတာတွေရှိရင် စွန့်ပစ်တတ်ရတယ်။ ကောင်းမွန်တဲ့အသစ်တွေ၊ စိတ်တွေ၊ အကျင့်တွေကို ပြုစုပျိုးထောင်တတ်ရတယ်။ အဲဒီတော့ ကိုယ်ရထားတဲ့အရာဟာ တန်ဖိုးရှိနေသလို ကိုယ်ကလည်း သူနဲ့ လိုက်ဖက်ကိုက်ညီနေတဲ့ တန်ဖိုးရှိလာတတ်တယ်။ တချို့ Relationship မှာတွေ့ရတတ်တယ်။ တချို့တွေက အရမ်းကောင်းတဲ့ လက်တွဲဖော်တွေ၊ ချစ်သူတွေဘဝမှာရထားပေမယ့် တန်ဖိုးမထားတတ်ကြဘူး။ အမျိုးစုံ စိတ်အနှောင့်အယှက်ပေးတယ်။ ဒုက္ခပေးတယ်။ စွပ်စွဲပြောဆိုတယ်။ ရိုင်းစိုင်းတယ်။ Respect မရှိဘူး။ ရိုသေသမှုမပြုဘူး။ တခြားမှာသာယာတယ်။ဖောက်ပြန်တယ်။ မလုပ်နဲ့ပြောရင်ပိုလုပ်တယ်။ မကြိုက်တာတွေအကုန်လုံး လုပ်ပြတယ်။ ကောင်းမွန်တဲ့လူတစ်ယောက်နဲ့ ထိုက်တန်အောင်..သူနဲ့ လိုက်ဖက်ညီအောင် မနေတတ်ကြဘူး။ ဒီ အကြောင်းအရာလေးနဲ့ပတ်သက်ပြီးဒီအပတ်ရဲ့ Weekend Talk မှာ #WrongTiming #RightPerson ဆိုတဲ့ခေါင်းစဉ်လေးနဲ့ မျှဝေထားပါတယ်။ Admin & Support Group အပြည့်အစုံနားထောင်ရန် https://youtu.be/ucE8WlTinB4?si=9-nDuWoe5g7Ytvu6 #monhalsey #WeekendTalk

📌Giveaway အစီအစဥ်တွေမှာပါဝင်ထားပြီး Unlimited စာအုပ်လေးကို ပိုင်ဆိုင်ရင်း ဘဝရဲ့ကန့်သတ်ချက်တွေကို ဖယ်ရှားနိုင်ဖို့ #Unlimited
📌Giveaway အစီအစဥ်တွေမှာပါဝင်ထားပြီး Unlimited စာအုပ်လေးကို ပိုင်ဆိုင်ရင်း ဘဝရဲ့ကန့်သတ်ချက်တွေကို ဖယ်ရှားနိုင်ဖို့ #Unlimited ♾️ လို့ Comment မှာ ရေးပေးခဲ့ပါဦးနော်။ 📢၁၅ရက်နေ့မှာ အမြို့မြို့အနယ်နယ်မှာရှိတဲ့ City Mart စာအုပ်ဆိုင်တွေနဲ့ အခြားစာအုပ်ဆိုင်ကြီးတွေမှာ Unlimited စာအုပ်ကို ဝယ်ယူရရှိနိုင်ဖို့ အခုရက်ပိုင်းအတွင်းမှာပဲစတင်ပို့ဆောင်တော့မှာဖြစ်ကြောင်းကိုလည်း အသိပေးအပ်ပါတယ်။ 📢Pre Order မှာထားသူများလည်း အမြန်ဆုံးစာအုပ် ရရှိတော့မှာ ဖြစ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ Admin & Support Group😊 ♾️UNLIMITED ❤️Mon Halsey 🧠Min Hla (SPM) 📖 250 pages 💥 ၁၅ စင်တီ ၂၂.၅ စင်တီ 💥 စာအုပ်တန်ဖိုး - ၁၇၀၀၀ ကျပ် 💥 #PageChatBoxမှာအခုပဲမှာယူနိုင်ပါပြီ #MonHalsey #MinHla(SPM) #UMLIMITED #ZweThihaPublishingHouse

Unlimited စာအုပ်အတွက်ပထမဆုံး Giveaway အစီအစဉ်ကပြီးဆုံးသွားပေမဲ့ အခုအချိန်မှာ Tik Tok နဲ့ Mon Halsey Facebook Page မှာ ၁၅ရက်နေ့အထိ ပါဝင်နိုင်တဲ့ Giveaway အစီအစဉ် ၂ ခုရှိနေပါသေးတယ်။♾️❤️🖤 📕🎁 👉ဒီတစ်ပတ် ၁၃ ရက် (ဗုဒ္ဓဟူးနေ့)မှာ 87.9 MHz Mandalay FM Radio Facebook Page မှာ ပါ၀င်နိုင်တဲ့ Unlimited စာအုပ်ရဲ့ Giveaway အစီအစဉ်လည်း ထပ်ရှိနေပါတယ်။ညနေ ၅ နာရီမှာ မင်္ဂလာညနေခင်းအစီအစဉ်မှာ Unlimited စာရေးသူများနဲ့ စကားဝိုင်းကို နားဆင်ရင်းပါဝင်နိုင်မှာဖြစ်ပါတယ်။ 🎯၁၅ ရက်နေ့ စာအုပ် Official Launch လုပ်တဲ့ နေ့မှာတော့ Unlimited T Shirt လေးတွေကိုပါ Giveaway လုပ်ပေးမယ့် အစီအစဥ်တစ်ခု ထပ်ပြီးလုပ်ထားပါတယ်။ 👕 Giveaway အစီအစဉ်များပါဝင်နိုင်တဲ့ Link များကို Comment မှာချပေးထားပါတယ်။ Giveaway မှာ ရွေးချယ်ခံရသူများဟာ ဆရာမင်းလှ(SPM)နဲ့ ဆရာမမွန်ဟော်စီတို့ရဲ့ လက်မှတ်ထိုးထားတဲ့ စာအုပ်များကို လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။📕✍️

သူငယ်ချင်းဆိုရင် စွန့်ခွာမသွားရဘူး..။ ချစ်သူဆိုရင် သစ္စာမဖောက်ရဘူး..။ အဖေဆိုတာသားသမီးတွေအတွက်စံပြဖြစ်နေရမယ်..အစရှိတဲ့သတ်မှတ်ချက်တွေဟာ ကျွန်မတို့ဘဝထဲက ဆက်နွယ်မှုရှိတဲ့သူတွေအပေါ်မှာ မျှော်လင့်ချက်တွေအဖြစ်လည်း ရှိနေတတ်ကြတယ်။ ကိုယ့်သူငယ်ချင်းကကိုယ့်အပေါ်မှာမနွေးထွေးတော့ဘူး။ကိုယ့်ချစ်သူကကိုယ့်ကိုထားသွားခဲ့တယ်။ ကိုယ့်အဖေကကိုယ့်စိတ်ထဲက ကိုယ်မျှော်လင့်ထားတဲ့ပုံစံမျိုးမဟုတ်ဘူး.. ဆိုရင်ကျွန်မတို့က အင်မတန်မှနာကျင်ခံစားရတယ်။ တချိန်ကချစ်တယ်လို့ပြောခဲ့ဖူးတဲ့စကားတွေ..ဘယ်တော့မှမထားခဲ့ပါဘူးလို့ပြောခဲ့ဖူးတဲ့ စကားတွေဟာ အဲဒီအချိန်၊ အဲဒီအခြေအနေအတွက်ပဲ အကျုံးဝင်နေတယ်ဆိုတာကိုကျွန်မတို့ကမေ့နေလေ့ရှိတတ်ကြတယ်။ ဒါကြောင့် ဘယ်အရာကမှမပြောင်းမလဲတည်ရှိနေမယ်.. တသမတ်တည်းသွားနေမယ်ဆိုတာဟာ ဘယ်တော့မှ မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေပဲဖြစ်ပါတယ်။ အချိန်တွေပြောင်းလဲနိုင်တယ်။အခြေအနေတွေပြောင်းလဲနိုင်တယ်။စိတ်တွေကလည်းပြောင်းလဲသွားနိုင်ပါတယ်။လူ့စိတ်ဟာ ရာသီဥတုလိုပဲ အမြဲရွေ့လျားပြောင်းလဲနေတဲ့အရာတစ်ခုဖြစ်တယ်။ တကယ်တော့ ကျွန်မတို့ရဲ့ နာကျင်မှုအများစုဟာ လူတွေပြောင်းလဲသွားလို့ မဟုတ်ဘဲ သူတို့ မပြောင်းလဲသင့်ဘူး ဆိုတဲ့ ကိုယ့်မျှော်လင့်ချက်တွေကနေ ပိုဖြစ်လာတာများပါတယ်။ ဒီအပတ်ရဲ့Positive Energy Circle Weekend Talk မှာ #လူဆိုတာလူပါပဲ ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ https://youtu.be/YKrR_J85gW0?si=48sTXM6cUWHZLxwu #monhalsey #PositiveEnergyCircle #WeekendTalk

တစ်ခါတလေကျရင်ကိုယ်ဟာဘယ်သူ့အတွက်အသက်ရှင်နေသလဲဆိုတာကို စဉ်းစားကြည့်စေချင်တယ်။ဘာဖြစ်လို့လဲဆိုရင်ကိုယ့်ရဲ့အသက်ရှင်သန်ခြင်းဟာတစ်စုံတစ်ယောက်အတွက် အားထားရာ၊မှီခိုရာ၊ကိုးစားရာ၊ယုံကြည်ရာ၊ ဆုပ်ကိုင်ရာ အလင်းရောင်လေးတစ်ခုဖြစ်နေတတ်လို့ပါပဲ။ ကိုယ့်ရဲ့အသက်ရှင်ခြင်းကိုလိုအပ်တာက လူတစ်ယောက်မဟုတ်ဘဲ ခွေးလေးတစ်ကောင်ဆိုရင်တောင်မှ သူ့အတွက်ရှင်သန်ပေးနေရခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ ဒီလိုတွေးလိုက်ရင်ကျွန်မတို့ရဲ့ အသက်ရှင်ခြင်းကိုလိုလားတဲ့..မိသားစုတွေ၊မိတ်ဆွေသူငယ်ချင်းတွေ၊ချစ်တဲ့သူတွေအများကြီးပဲ။ကိုယ့်အတွက်မဟုတ်ရင်တောင်သူတို့အတွက်ရှင်သန်ရတာဟာဘယ်လောက်အထိထိုက်တန်တယ်ဆိုတာကို သိလာရလိမ့်မယ်။အသက်ရှင်သန်နေခြင်းကိုအမြဲတမ်းတန်ဖိုးထားစေချင်ပါတယ်။ ဒီအကြောင်းအရာလေးကိုဒီအပတ်ရဲ့ Weekend Talk မှာ #အဆုံးသတ်မဟုတ်သေးဘူး ဆိုတဲ့ခေါင်းစဉ်နဲ့ Free Sharing လုပ်ပေးထားပါတယ်။ https://youtu.be/oOIwvmuFEF0?si=vSXypFb2IOUCNQjE Admin & Support Group #monhalsey #weekendtalk #positiveenergycircle