en
Feedback
Eaindra Language Center

Eaindra Language Center

Open in Telegram

''သင်ယူခြင်းမှာ အကန့်အသတ်မရှိစေဖို့ ELC ကိုလှမ်းခဲ့စို့။'' Korea Basic free class ကို လတိုင်းဖွင့်ပေးပါတယ် started date <6.8.2024> @EDNM17

Show more
2 035
Subscribers
+124 hours
-37 days
-2930 days
Posts Archive

Literally me 🤧 #Pinterest #Crd @LanguageChannelbyEaindra7
Literally me 🤧 #Pinterest #Crd @LanguageChannelbyEaindra7

My honest reaction 🤧 #Pinterest #Crd @LanguageChannelbyEaindra7
My honest reaction 🤧 #Pinterest #Crd @LanguageChannelbyEaindra7

Normal English and Advanced English #Pinterest #Crd #Eaindra_Language_Center @LanguageChannelByEaindra7
Normal English and Advanced English #Pinterest #Crd #Eaindra_Language_Center @LanguageChannelByEaindra7

Vocabulary တွေကိုတခြားပုံစံတွေနဲ့သုံးနည်းဖြစ်ပါတယ် တစ်ချို့ဟာတွေက ဗန်းစကားတွေလဲပါလို့ ရင်းနှီးတဲ့သူတွေနဲ့ပဲသုံးသင့်ပါတယ် #Pin
Vocabulary တွေကိုတခြားပုံစံတွေနဲ့သုံးနည်းဖြစ်ပါတယ် တစ်ချို့ဟာတွေက ဗန်းစကားတွေလဲပါလို့ ရင်းနှီးတဲ့သူတွေနဲ့ပဲသုံးသင့်ပါတယ် #Pinterest #Vocabularies #Eaindra_Language_Center @LanguageChannelByEaindra7

Phrases to Make Your English Sound More Natural ✍🏻 Let’s not jump to conclusions. (အခြေအနေကို သေသေချာချာ မသိရသေးဘဲ အလျင်စလို ကောက်ချက်မချကြရအောင်။) ✍🏻 We see eye to eye on this. (ဒီကိစ္စမှာတော့ ငါတို့ အမြင်ချင်း တူတယ်/သဘောထားချင်း တိုက်ဆိုင်တယ်။) ✍🏻 I won't breathe a word. (စိတ်ချ၊ ဘယ်သူ့ကိုမှ တစ်ခွန်းမှ ဟပြောမှာ မဟုတ်ဘူး/လျှို့ဝှက်ချက် ထိန်းပေးမယ်။) ✍🏻 I’m feeling a bit under the weather. (ငါ ဒီနေ့ နေလို့ သိပ်မကောင်းဘူး/နေထိုင်မကောင်းချင်သလို ဖြစ်နေတယ်။) ✍🏻 Let’s call it a day. (ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ တော်ကြရအောင်/အလုပ်နားကြရအောင်။) ✍🏻 It rings a bell. (ကြားဖူးနားဝ ရှိသလိုလိုပဲ/ရင်းနှီးနေသလိုပဲ။) ✍🏻 Let’s break the ice. (စိမ်းသက်နေတဲ့ အခြေအနေကို ပေါ့ပါးသွားအောင် စကားစမြည် စပြောကြရအောင်။) ✍🏻 Keep your chin up! (အားမငယ်နဲ့/စိတ်ဓာတ်မကျနဲ့/အကောင်းမြင်စိတ် မပျောက်ပျက်စေနဲ့။) #Eaindra_Language_Center @LanguageChannelbyEaindra7

ဒီစကားလုံးတွေကို Google Translate နဲ့ မပြန်လိုက်နဲ့နော် ❕❕ 📌Hear vs Listen (ရည်ရွယ်ချက် ကွဲတယ်) Hear (အသံကြားတာ): ကိုယ်က နားမထောင်ချင်လည်း အသံက နားထဲဝင်လာတာ။ - လမ်းပေါ်က ကားဟွန်းတီးသံ ကြားတာပါ။ Listen (နားထောင်တာ): ကိုယ်တိုင်က အာရုံစိုက်ပြီး နားထောင်တာ။ - သီချင်းနားထောင်တာ၊ ဆရာမသင်တာကို နားထောင်တာပါ။ Example: I heard my mom calling, but I didn't listen to what she said. (မေမေ လှမ်းခေါ်တဲ့ အသံကိုတော့ ကြားသားပဲ၊ ဒါပေမဲ့ ဘာပြောလဲဆိုတာကိုတော့ အာရုံစိုက်ပြီး နားမထောင်လိုက်ဘူး။) 💡 Listen ဆိုရင် အမြဲတမ်း Listen to... ဆိုပြီး "to" လေး တွဲသုံးရတယ်နော်။ ____________________________________________________________ 📌Borrow vs Lend (လားရာ ကွဲတယ်) Borrow (ယူတာ): ကိုယ်က သူများဆီက သွားယူတာ - Inward ➡️ ကိုယ့်ဆီလာတာပါ။ Lend (ချေးတာ): ကိုယ်က သူများကို ထုတ်ပေးလိုက်တာ - Outward ⬅️ ကိုယ့်ဆီက ထွက်သွားတာ။ Example: "Can I borrow your pen, or can you lend it to me?" (နင့်ဘောပင်ကို ငါ ယူလို့ရမလား၊ ဒါမှမဟုတ် ငါ့ကို ချေးပေးမလား?) ____________________________________________________________ 📌Say vs Tell (လူ ပါ/မပါ ကွဲတယ်) Say: တစ်ခုခုကို ပြောလိုက်တာ။ သူ့နောက်မှာ ဘယ်သူ့ကိုပြောတာလဲ ဆိုတဲ့ "လူ" တိုက်ရိုက် လိုက်လို့မရဘူး။ - Say + Something Tell: တစ်စုံတစ်ယောက်ကို ပြောပြတာ။ သူ့နောက်မှာ Tell me, Tell him စသဖြင့် "လူ" တန်းလိုက်ရတယ်။ - Tell + Someone + Something Example: "He said 'Happy Birthday' but he didn't tell me his name." (သူ 'Happy Birthday' လို့တော့ ပြောတယ်၊ ဒါပေမဲ့ သူ့နာမည်ကိုတော့ ငါ့ကို မပြောပြဘူး။) __________________________________________________________ 📌Fun vs Funny (ခံစားချက် ကွဲတယ်) Fun (ပျော်ဖို့ကောင်းတာ): အချိန်ကုန်လို့ ကောင်းတာ၊ ပျော်စရာကြီး။ - ကိုယ်တိုင် ပါဝင်ပျော်ရွှင်ရတာပါ။ (Activity) Funny (ရယ်ရတာ): ဟာသဖြစ်တာ၊ ရယ်ချင်စရာ ကောင်းတာ။ - ဟာသဖြစ်ပြီး ရယ်မောရတာပါ။ (Joke/Laughter) Example: "Watching a comedy movie is fun, because the characters are funny." (ဇာတ်ကောင်တွေက ရယ်ရတာကြောင့် ဟာသကားကြည့်ရတာ ပျော်စရာ ကောင်းတယ်) _______________________________________________________ #content_by_Sandi #CommonMistakesInEnglish #Eaindra_Language_Center @LanguageChannelbyEaindra7

Work out
Anonymous voting

Call off
Anonymous voting

Pass out
Anonymous voting

ကိုရီးယားစာ သင်ချင်ပေမဲ့ သင်တန်းကြေးတွေက ဈေးကြီးလို့ လက်တွန့်နေလား? 💸 ပိုက်ဆံ တစ်ပြားမှ ကုန်စရာမလိုဘဲ အခြေခံကနေ အဆင့်မြင့်အထိ စနစ်တကျ လေ့လာသင်ယူလို့ရမယ့် Website ၃ ခု ကိုပြောပြပေးမယ်နော်။ ဒါတွေကို သိထားရင် ကိုယ့်ဘာသာ Self-study လုပ်ဖို့က အေးဆေးပါပဲ။ 👀📚 1️⃣ Talk To Me In Korean (TTMIK) 🎧
ဒါကတော့ ကိုရီးယားစာလေ့လာသူတွေကြားမှာ "Legend" ပါပဲ။ စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ သူငယ်ချင်းတွေ စကားပြောသလို ပေါ့ပေါ့ပါးပါးနဲ့ Grammar တွေကို ရှင်းပြထားတာ။ Podcast လေးတွေလည်း ရှိတော့ လမ်းသွားရင်း၊ အလုပ်လုပ်ရင်း နားထောင်လို့ အရမ်းအဆင်ပြေတယ်။
🔗 Link: https://talktomeinkorean.com/ 2️⃣ How to Study Korean ✍️
ဒါကတော့ ကိုရီးယားစာကို "အပီအပြင်" လေ့လာချင်တဲ့သူတွေအတွက်ပါ။ Grammar တစ်ခုချင်းစီကို ဘာကြောင့် ဒီလိုသုံးတာလဲဆိုတာကအစ အသေးစိတ်ရှင်းပြထားတာပါ။ Beginner ကနေ Advanced အထိ အကုန်ရှိတော့ ဒီ Website တစ်ခုတည်းနဲ့တင် ကျောင်းပြီးသလောက် ဖြစ်သွားမှာနော်။
🔗 Link: https://howtostudykorean.com/ 3️⃣ Coursera (First Step Korean by Yonsei) 🎓
နာမည်ကြီး Yonsei တက္ကသိုလ်က ဆရာမတွေ ကိုယ်တိုင် သင်ပေးတာဆိုတော့ ပြောနေစရာတောင် မလိုတော့ဘူးထင်ပါတယ်။ Video လေးတွေနဲ့ စနစ်တကျ သင်ပေးတာမို့လို့ Beginner တွေအတွက်တော့ တကယ့်ကို အဖိုးတန်တဲ့ Resource တစ်ခုပါပဲ။
🔗 Link: https://www.coursera.org/learn/learn-korean ဒါပေမယ့် ဘာသာစကားတစ်ခုကို လေ့လာတဲ့နေရာမှာ နည်းလမ်းမှန်ဖို့တင်မကဘဲ ကိုယ့်ရဲ့ "မှန်မှန်ကန်ကန် ကြိုးစားမှု" ကလည်း အရမ်းအရေးကြီးပါတယ်နော်။ 💖 အားလုံးပဲ Fighting ပါရှင်။🙆🏻‍♀️ #content_by_Sandi #SelfStudy #FreeResources #Eaindra_Language_Center @LanguageChannelbyEaindra7

Don’t be rude, just be classy တစ်ခါတလေ နေ့စဉ်ဘဝမှာ ကိုယ့်ကို အကြောင်းမဲ့ လာပြီး စိတ်အနှောင့်အယှက်ပေးသူတွေ ဒါမှမဟုတ် ရိုင်းပျသူတွေနဲ့ ကြုံရတဲ့အခါ ဒေါသတကြီး ပြန်အော်ဟစ်နေတာထက် "စကားလုံးအေးအေးလေးတွေ" နဲ့ တုံ့ပြန်တာက ပိုပြီး ထိရောက်တတ်တယ်နော် Learners လေးတို့ရေ။ 👀 တကယ်လို့ တစ်ယောက်ယောက်က ကိုယ့်ကို မလိုအပ်တဲ့ အကြံဉာဏ်တွေ ဒါမှမဟုတ် ဝေဖန်မှုတွေ အတင်းလာပေးနေရင် "I value your opinion, but I didn't ask for it" ဆိုတဲ့ အသုံးလေးကို သုံးနိုင်တယ်နော်။ ဒါက "နင့်အမြင်ကို တန်ဖိုးထားပါတယ်၊ ဒါပေမဲ့ ငါ မမေးခဲ့ပါဘူး" လို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ့်ဘဝ၊ ကိုယ့်ဆုံးဖြတ်ချက်ထဲကို အပိုတွေ လာပြောနေတဲ့သူတွေကို ယဉ်ကျေးပျူငှာတဲ့ လေသံလေးနဲ့ သတိပေးလိုက်တဲ့ ပုံစံလေးပေါ့။ 🤫 ပြီးတော့ ကိုယ့်ကို တစ်ဖက်လူက အကြောင်းပြချက်မရှိ အပြစ်တင်တာမျိုး ဒါမှမဟုတ် တစ်ဖက်သတ် စွပ်စွဲတာမျိုး လုပ်လာရင် "I’m sorry you feel that way" လို့ တုံ့ပြန်ကြည့်နော်။ 💁‍♀️ ဒါက "နင့်ဘက်က အဲ့လို ခံစားနေရတာ စိတ်မကောင်းပါဘူး" လို့ ပြောလိုက်တာ ဆိုပေမယ့် တကယ်တမ်းမှာတော့ "နင် ဘယ်လိုပဲ ထင်ထင်၊ အဲ့ဒါ နင်နဲ့ပဲ ဆိုင်တယ်၊ ငါနဲ့ မဆိုင်ဘူး" လို့ ကိုယ့်ဘက်က ဘာအမှားမရှိကြောင်း ယဉ်ယဉ်ကျေးကျေးနဲ့ ပြောပြလိုက်သလိုပါပဲ။ နောက်ပြီး ကိုယ့်ကို တစ်ယောက်ယောက်က လုံးဝ အဓိပ္ပာယ်မရှိတဲ့ အယူအဆတွေနဲ့ လာငြင်းခုံနေရင် "I’d love to agree with you, but then we’d both be wrong" လို့ သုံးနိုင်ပါတယ်။ ဒါဟာ "နင့်အမြင်ကို ငါ သဘောတူချင်ပေမဲ့ အဲ့လိုသာ သဘောတူလိုက်ရင် ငါတို့နှစ်ယောက်လုံး မှားသွားကြလိမ့်မယ်" လို့ ပြောလိုက်တာပါ။ 🤓 တစ်ဖက်လူရဲ့ အယူအဆဟာ ဘယ်လောက်တောင် မှားယွင်းနေလဲဆိုတာကို ဟာသနှောပြီး နာသွားအောင် ပြောလိုက်တဲ့ ပုံစံလေးပေါ့။ တစ်ခါတစ်လေများ တစ်ယောက်ယောက်က လူပုံအလယ်မှာ ကိုယ့်ကို နှိမ်ချတာ ဒါမှမဟုတ် ရိုင်းပျတဲ့ စကားလုံးတွေ ပြောလာတဲ့အခါ "I’m surprised you felt comfortable saying that out loud" လို့ သုံးကြည့်လိုက်နော်။ 😲 "ဒီလိုမျိုး စကားအနိမ့်စားတွေကို လူပုံအလယ်မှာ ဘယ်လိုတောင် အရှက်မရှိ ပြောထွက်ရတာလဲ" ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်စေပြီး ကိုယ့်ကို နှိမ်ဖို့ ကြိုးစားတဲ့သူကို သူတို့ရဲ့ အဆင့်အတန်း ဘယ်လောက်နိမ့်ကျလဲဆိုတာ ပြန်သတိပေးလိုက်သလိုမျိုးမို့ ချက်ချင်း ရှက်သွားစေမှာပါ။ နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်ကို တစ်ယောက်ယောက်က အကြောင်းမဲ့ ရန်လိုလာတာမျိုး ကြုံရရင် "Are you having a bad day?" လို့ ပြန်မေးကြည့်ကြည့်နော်။ ဒါက "နင် ဒီနေ့ စိတ်အဆင်မပြေဖြစ်နေလို့လား?" လို့ စာနာသယောင်နဲ့ မေးလိုက်တာ ဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ သူတို့ရဲ့ ရိုင်းနေတာက ကိုယ့်ကြောင့် မဟုတ်ဘဲ သူတို့ရဲ့ စိတ်ဓာတ်မရင့်ကျက်မှုကြောင့်သာ ဖြစ်တယ်လို့ အပေါ်စီးကနေ တည်ငြိမ်စွာ တုံ့ပြန်လိုက်တာပါပဲ။ 😎 ဒါ့ကြောင့် စကားပြောဆိုဆက်ဆံတဲ့နေရာမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တာဟာ အကြီးမားဆုံးသော စွမ်းအားတစ်ခုပါပဲ။ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုလိုက်ခြင်းက ခဏတာ စိတ်သက်သာရာရစေနိုင်ပေမဲ့ ယဉ်ကျေးပျူငှာတဲ့ စကားလုံးတွေနဲ့ တည်ငြိမ်စွာ တုံ့ပြန်ခြင်းကသာ ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ အရည်အချင်းကို ပိုပြီးပေါ်လွင်စေမှာနော်။ 💅 #content_by_Sandi #ClassyComebacks #Eaindra_Language_Center @LanguageChannelbyEaindra7

Common Color Idioms in English
💙 Once in a blue moon - အတော်ခဲယဉ်းတဲ့ အခိုက်အတန့် - အပြာရောင်လဆိုတာ တော်တော်နဲ့ မမြင်ရသလိုမျိုး၊ တစ်ခါတစ်လေမှ ခဲခဲယဉ်းယဉ်း ဖြစ်တတ်တဲ့အရာတွေကို ပြောတာပါ။
Example: I only see my old friends once in a blue moon. သူငယ်ချင်းဟောင်းတွေနဲ့က တစ်ခါတလေမှ ခဲခဲယဉ်းယဉ်း ဆုံဖြစ်တာပါ။
🩵 Out of the blue - ရုတ်တရက်ကြီး - ဘာသတိပေးချက်မှမရှိဘဲ မမျှော်လင့်ဘဲ ရုတ်တရက်ကြီး ဖြစ်လာတာကို ပြောတာပါ။ အေးဆေးနေတဲ့ ကောင်းကင်ပြာကြီးထဲကနေ မိုးကြိုးပစ်ချလိုက်သလိုမျိုးပေါ့။
Example: She called me out of the blue after two years. သူမက နှစ်နှစ်လောက်ကြာမှ ရုတ်တရက်ကြီး ဖုန်းဆက်လာတာ။
💚 Green with envy - မနာလိုဖြစ်တာ - မြန်မာမှာ "မျက်စိစိမ်းတယ်" ဆိုတဲ့ အသုံးနဲ့ ဆင်ပါတယ်။ တစ်ယောက်ယောက်ကို အရမ်းမနာလိုဖြစ်နေတာမျိုးပေါ့။
Example: I was green with envy when I saw his new car. သူ့ကားသစ်ကြီးကို မြင်တော့ ကျွန်မ တကယ်ကို မနာလိုဖြစ်သွားတာ။
❤️ In the red - အကြွေးတင်တာ / အရှုံးပေါ်တာ - စီးပွားရေးလုပ်တဲ့အခါ ဒါမှမဟုတ် ဘဏ်စာရင်းထဲမှာ ပိုက်ဆံမရှိဘဲ အနုတ်ပြနေတာကို ပြောတာပါ။ စာရင်းဇယားတွေမှာ အရှုံးကို အနီရောင်နဲ့ ရေးတတ်တာကို အစွဲပြုထားတာပါ။
Example: The company has been in the red for three months. ကုမ္ပဏီက အခုဆို သုံးလဆက်တိုက် ရှုံးနေတာ။
🤍 White lie - စေတနာနဲ့ ပြောတဲ့ မုသား - တစ်ဖက်လူ စိတ်မကောင်းဖြစ်မှာစိုးလို့ ဒါမှမဟုတ် အခြေအနေတစ်ခု ပိုဆိုးမသွားအောင် "စေတနာနဲ့ လိမ်ညာတာ" ကို ပြောတာပါ။
Example: I told a white lie to avoid hurting his feelings. သူ့စိတ်မကောင်းဖြစ်မှာစိုးလို့ ကျွန်မ စေတနာနဲ့ လိမ်ပြောလိုက်ရတယ်။
🖤 The black sheep - တစ်ယောက်တည်း ကွဲထွက်နေသူ - မိသားစု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုထဲမှာ တခြားသူတွေနဲ့မတူဘဲ တစ်ယောက်တည်း ထူးဆန်းနေသူ (သို့မဟုတ်) အဖျက်သဘောမျိုး ကွဲထွက်နေသူကို ပြောတာပါ။
Example: I’m the black sheep of my family because I'm the only artist. မိသားစုထဲမှာ ကျွန်မတစ်ယောက်တည်းက အနုပညာသမားမို့လို့ တစ်ယောက်တည်း ကွဲထွက်နေတာ။ #EnglishIdioms #ColorIdioms #Eaindra_Language_Center @LanguageChannelbyEaindra7

💥phrasal verb - fritter away meaning to spend or use up (something) in a slow and usually foolish way Example: He frittered
💥phrasal verb - fritter away meaning to spend or use up (something) in a slow and usually foolish way Example: He frittered away his fortune on gambling. #crd #Phrasal_Verb #Eaindra_Language_Center @LanguageChannelbyEaindra7

💥phrasal verb leading up to meaning preparing in the period before an event begins Example: There’s an awful lot to do leadi
💥phrasal verb leading up to meaning preparing in the period before an event begins Example: There’s an awful lot to do leading up to the conference, especially as it’s going to be held in our branch this year. #crd #Phrasal_Verb #Eaindra_Language_Center @LanguageChannelbyEaindra7

💥phrasal verb wear out meaning weak, damaged through much use Example : She was wearing old, worn-out shoes. #crd #Phrasal_V
💥phrasal verb    wear out meaning weak, damaged through much use Example : She was wearing old, worn-out shoes. #crd #Phrasal_Verb #Eaindra_Language_Center @LanguageChannelbyEaindra7

The Reality of a Multi-tasker "အလုပ်လည်းလုပ်၊ ကျောင်းလည်းတက်၊ တစ်ဖက်မှာလည်း Skill အသစ်တွေ ထပ်သင်... သင်နေရင်းနဲ့ပဲ ကိုယ့်ရဲ့ Daily Routine ကြီးကချာချာလည်နေပြီလား?" အရာရာကို တစ်ပြိုင်နက်တည်း ပြီးမြောက်ချင်ကြတဲ့ ဒီဘက်ခေတ်မှာ ကျွန်မတို့တွေ "အစုံရမှ တော်တာ" ဆိုတဲ့ စံနှုန်းတွေကြားမှာ အသက်ရှူကျပ်နေကြပြီလား? တကယ်တော့ Multi-tasking ရဲ့ နောက်ကွယ်မှာ ဘယ်သူမှ ထုတ်မပြောကြတဲ့ အမှန်တရားတွေ ရှိနေပါတယ်။👀 အလုပ်တွေတော့ ပြီးသွားရဲ့... ဒါပေမဲ့ စိတ်ကတော့ လူနဲ့မကပ်တော့ဘူး။ အလုပ်သုံးလေးခုကို တစ်ပြိုင်နက် ကိုင်ထားတဲ့အခါ ဘာတစ်ခုကိုမှ ရာနှုန်းပြည့် အာရုံမစိုက်နိုင်တော့ဘဲ "ပြီးပြီးရော" ဆိုတဲ့စိတ်က ဝင်ဝင်လာတတ်ပါတယ်။ အရေအတွက်နောက်ကိုပဲ လိုက်နေရင်းနဲ့ ကိုယ့်ရဲ့ အရည်အသွေးက တဖြည်းဖြည်း ကျဆင်းလာတာမျိုးပေါ့။🧠
အမြဲတမ်း Busy ဖြစ်နေတာက တကယ်ပဲ တော်နေတာလား?
လူတွေကတော့ အစုံလုပ်နိုင်တာကို "တော်တယ်" လို့ မြင်ကြပေမဲ့ တကယ်တမ်း ခံစားရတဲ့သူမှာတော့ "ကိုယ့်အတွက်အချိန်" ဆိုတာ ပျောက်ဆုံးနေတတ်ပါတယ်။ အမြဲတမ်း တစ်ခုခုကို လုပ်နေရမှ အားရတဲ့ စိတ်ကြောင့် ကိုယ့်ရဲ့ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်တဲ့ အခြေအနေကို အမြဲတမ်း တွန်းပို့နေသလို ဖြစ်နေတတ်ပါတယ်။
Productive ဖြစ်ချင်တာနဲ့ပဲ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ခိုးယူမိသလို ဖြစ်နေပြီလား?
အရာရာကို အမိအရ ဆုပ်ကိုင်ချင်တဲ့စိတ်က တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှုတွေကို စုပုံလာစေပါတယ်။ "အစုံရမှ ဖြစ်မယ်" ဆိုတဲ့ ဖိအားတွေက ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ ရိုးရိုးရှင်းရှင်းလေး ပျော်ရမယ့် အခိုက်အတန့်တွေကိုတောင် ဝါးမြိုသွားတတ်ပါတယ်။
ဒါဆို ဘယ်လိုမျိုး Balanced ဖြစ်အောင် နေကြမလဲ?
တကယ်တော့ Multi-tasking က မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ "အကုန်ပြီးဖို့" ထက် "Smart ဖြစ်ဖို့" က ပိုအရေးကြီးလာပါတယ်။ အလုပ်တွေကို Priority အလိုက် ခွဲခြားတတ်ဖို့ လိုသလို၊ အလုပ်တွေကြားထဲမှာလည်း ကိုယ့်ကိုယ်ကိုယ် ပြန်အားဖြည့်ဖို့ "Breathing Space" လေးတွေ ပေးဖို့ မမေ့ပါနဲ့။ အစုံတော်ဖို့ထက်၊ တစ်ခုချင်းစီမှာ "ကျေနပ်ဖို့" ကို အာရုံစိုက်တာက ပိုပြီး ခရီးပေါက်စေပါတယ်ရှင်။ Learners လေးတို့မှတ်ထားဖို့လိုတာက အစုံလုပ်နိုင်ဖို့ထက်၊ ကိုယ်လုပ်နေတဲ့ အရာတစ်ခုချင်းစီမှာ "ပျော်ဖို့" က ပိုအရေးကြီးပါတယ်။ အားလုံးထက် တော်နေစရာ မလိုပါဘူး၊ မနေ့က ကိုယ့်ထက် ဒီနေ့ တစ်လှမ်း ပိုတိုးနေရင်ပဲ လုံလောက်ပါပြီ။🙆🏻‍♀️ #content_by_Sandi #MultiTaskingReality #Eaindra_Language_Center @LanguageChannelbyEaindra7

Top 5 YouTube Channels for Learning Korean🇰🇷 YouTube ပေါ်မှာ Korean learning channel တွေက ထောင်နဲ့ချီရှိပေမဲ့ တကယ်စနစ်တကျ သင်ပေးတဲ့ Channel တွေကတော့ လက်ချိုးရေလို့ ရပါတယ်။ အချိန်ကုန်လည်း သက်သာ၊ အခြေခံလည်း ပိုင်နိုင်သွားအောင် ဘယ် Channel တွေက Guide အကောင်းဆုံးလဲ? ဒီနေ့မှာတော့ အခြေခံကနေ Advance အထိ စနစ်တကျ လေ့လာလို့ရမယ့် Top 5 YouTube Channels ကို စုစည်းပေးလိုက်ပါတယ်နော်။📌 1. Talk To Me In Korean (TTMIK)
ကိုရီးယားစာ လေ့လာသူတိုင်းရဲ့ "အချစ်တော်" Channel ပါပဲ။ သူတို့က Grammar တွေကို ပျင်းစရာကောင်းတဲ့ စာအုပ်ကြီးအတိုင်း မသင်ဘဲ နေ့စဉ်သုံး စကားပြောတွေနဲ့ တွဲပြီး ရှင်းပြပေးတာပါ။ အထူးသဖြင့် အခြေခံသမားတွေအတွက် အစီအစဉ်တကျဖြစ်အောင် Playlist လိုက် စီပေးထားတာက တကယ့်ကို အားသာချက်ပါပဲ။
2. Learn Korean with GO! Billy Korean
သူကတော့ ကိုရီးယားစာကို တကယ်နှံ့နှံ့စပ်စပ် နားလည်ချင်တဲ့သူတွေအတွက်ပါ။ Billy ကိုယ်တိုင်က နိုင်ငံခြားသားတစ်ယောက်ဖြစ်လို့ ကိုရီးယားစာသင်တဲ့အခါ ဘယ်နေရာမှာ အခက်တွေ့တတ်လဲဆိုတာကို ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ ရှင်းပြချက်တွေက အရမ်း Logic ကျပြီး Grammar structure တွေကို အသေးစိတ် သိချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။
3. Korean Unnie
ကိုရီးယားယဉ်ကျေးမှုနဲ့အတူ စကားပြောပုံစံလေးတွေကို သဘာဝကျကျ လေ့လာချင်တယ်ဆိုရင်တော့ Korean Unnie ကို လက်လွတ်မခံပါနဲ့။ သူက စကားလုံးတွေရဲ့ အသုံးအနှုန်းတင်မကဘဲ အသံထွက် (Pronunciation) မှန်အောင် ဘယ်လိုပြောရမလဲဆိုတာကိုပါ အရမ်းချစ်စရာကောင်းတဲ့ လေယူလေသိမ်းနဲ့ သင်ပေးတာဖြစ်လို့ ELC က Learners လေးတွေ သဘောကျမှာ အသေအချာပါပဲ။
4. Miss Vicky
အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် Miss Vicky က ကယ်တင်ရှင်ပါပဲ။ သူက အရေးကြီးတဲ့ Grammar point တွေကို ၅ မိနစ်၊ ၁၀ မိနစ်အတွင်း အပြတ်ရှင်းပြပေးတာပါ။ သူ့ရဲ့ သင်ကြားမှုပုံစံက တိုတိုနဲ့ထိမိပြီး မှတ်ရတာ အရမ်းလွယ်ကူပါတယ်ရှင်။
5. Conversational Korean
စာအုပ်ထဲက စာတွေထက် အပြင်မှာ တကယ့်ကိုရီးယားလူမျိုးတွေ ပြောနေတဲ့ "Real-life conversation" တွေကိုပဲ အာရုံစိုက်ချင်ရင်တော့ ဒီ Channel က အကောင်းဆုံးပါ။ ဗီဒီယိုအတိုလေးတွေနဲ့ နေ့စဉ်သုံးစကားတွေကို အလွယ်တကူ မှတ်မိအောင် လုပ်ပေးထားပါတယ်။
ဒါပေမယ့်.. Channel တွေ အများကြီးကို လျှောက်ကြည့်နေမယ့်အစား ကိုယ့်ရဲ့လေ့လာမှုပုံစံနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Channel နှစ်ခုလောက်ကိုပဲ သေချာရွေးပြီး တစ်ဆင့်ချင်းစီ လေ့လာသွားဖို့ အကြံပြုချင်ပါတယ်ရှင်။ ဒါမှ အချိန်ကုန်သက်သာပြီး တကယ်လည်း တတ်မြောက်မှာပါ။🙆🏻‍♀️ #content_by_Sandi #Korean_Learning #Eaindra_Language_Center @LanguageChannelbyEaindra7

바다처럼 (ပင်လယ်လိုမျိုး) 바다는 가만히 있는 것 같지만, 사실 계속 움직이고 있어요. (ပင်လယ်က ငြိမ်သက်နေသလိုပဲ၊ ဒါပေမဲ့ တကယ်တော့ အမြဲတမ်း လှုပ်ရှားနေတာပါ။
바다처럼 (ပင်လယ်လိုမျိုး) 바다는 가만히 있는 것 같지만, 사실 계속 움직이고 있어요. (ပင်လယ်က ငြိမ်သက်နေသလိုပဲ၊ ဒါပေမဲ့ တကယ်တော့ အမြဲတမ်း လှုပ်ရှားနေတာပါ။) 우리 공부도 그래요. 지금 잘하고 있으니까 걱정하지 마세요. (ကိုယ့်ရဲ့ လေ့လာမှုကလည်း အဲ့ဒီအတိုင်းပဲ။ အခု ကောင်းကောင်းလုပ်နေတာမို့လို့ စိတ်မပူပါနဲ့။) 눈에 안 보여도 우리는 조금씩 앞으로 가고 있어요. (မျက်စိနဲ့ မမြင်ရရင်တောင် တို့တွေ တဖြည်းဖြည်း ရှေ့ကို တိုးနေကြတာပါ။) 가끔은 느려도 괜찮아요. 힘들면 잠시 쉬어도 돼요. (တစ်ခါတလေ နှေးနေလည်း ရပါတယ်။ ပင်ပန်းရင် ခဏ နားလို့လည်း ရပါတယ်။) 제일 중요한 건 포기하지 않는 마음이에요. (အရေးကြီးဆုံးက လက်မလျှော့တဲ့ စိတ်ဓာတ်လေးပါပဲ။) 작은 물결이 모여서 큰 바다가 되는 거예요. (လှိုင်းကြက်ခွပ်လေးတွေ စုမိမှ ပင်လယ်ကြီး ဖြစ်လာတာမျိုးလေ။) 힘든 날에는 파도처럼 그냥 흘러가 봐요. (ပင်ပန်းတဲ့နေ့တွေမှာ လှိုင်းလုံးလေးတွေလိုပဲ အလိုက်သင့် စီးမျောကြည့်လိုက်ရအောင်။) 곧 우리가 꿈꾸는 멋진 바다를 만날 수 있을 거예요. (မကြာခင်မှာ တို့တွေ အိမ်မက်မက်နေတဲ့ လှပတဲ့ ပင်လယ်ပြင်ကြီးနဲ့ ဆုံတွေ့နိုင်မှာပါ။) #Pinterest #Eaindra_Language_Center @LanguageChannelbyEaindra7