7 711
Subscribers
-324 hours
-357 days
-17730 days
Posts Archive
မော်ဂန်ရော်ဂျာအတွက် မန်ယူ ၊ ချယ်လ်ဆီး နဲ့ အာဆင်နယ်တို့က အခြေအနေကို အပြိုင်အဆိုင် စောင့်ကြည့်နေကြပါတယ် ။ အပြိုင်ကမ်းလှမ်းသွားဖို့ ရှိနေပေမဲ့ သတ်မှတ်ထားတဲ့ တန်ကြေးထက် ကျော်လွန်ခဲ့ပါက ခေါ်ယူဖို့ နောက်ဆုတ်သွားနိုင်ပါတယ် ။
#MUMS
စပါးအသင်းသာ တန်းဆင်းသွားခဲ့ပါက ဗန်ဒါဗန်ကို အရခေါ်ယူသွားဖို့ ရှိနေပါတယ် ။ PL အတွေ့အကြုံလည်း ရှိသလို ၊ နောက်တန်းကိုလည်း ဦးဆောင်နိုင်တဲ့ အရည်အချင်းတွေရှိလို့ ဘုတ်အဖွဲ့ရဲ့ အကြိုက်ဆုံးကစားသမားစာရင်းထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ် ။
#MUMS
နာဂျယ်စမန်းအနေနဲ့ မန်ယူအသင်းကို နည်းပြဖို့ လမ်းဖွင့်ပေးထားပေမဲ့ အလောတကြီး ကိုင်တွယ်သွားဖို့ မရှိဘူးလို့ သိရပါတယ် ။ သူ့အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ အနာဂတ်အတွက် စဉ်းစားသွားဖွယ် ရှိနေပါတယ် ။
#MUMS
မန်ယူနည်းပြအစ Big Match ပွဲစဉ်မှာ ပပ်ကို တီးထုတ်ပြခဲ့တဲ့ မိုက်ကယ်ကားရစ် 🔥👏
#MUMS
ရီးရဲလ်ကွင်းလယ်လူ ချူအာမန်ဒီနဲ့ အတော်လေး သတင်းထွက်နေခဲ့ပါတယ် ။ ရီးရဲလ်ဖက်က မရောင်းချဘူးလို့ ပြောကြားထားပေမဲ့ ထိုက်သင့်တဲ့ ပြောင်းရွေ့ကြေးရရင် ငြင်းပယ်နိုင်ဖို့ ခဲယဉ်းနေပါတယ် ။
#MUMS
+1
2026/27 ဘောလုံးရာသီအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဝတ်စုံအသစ် 👀
#MUMS
လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ ပြန်လည်ယှဉ်ပြိုင်ခွင့်ရဖို့ဆိုရင် မန်ယူအသင်းအနေနဲ့ လက်ကျန်ပွဲစဉ်တွေကို အမှားအယွင်းမရှိဘဲ တစိုက်မတ်မတ် အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ အသင်းရဲ့ ဂုဏ်သိက္ခာအတွက်တင်မကဘဲ အနာဂတ် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကစားသမားသစ် ခေါ်ယူမှုတွေအတွက်ပါ အလွန်အရေးကြီးပါတယ်။
ရာသီပိတ်ခါနီး အခြေအနေမှာ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာမှု၊ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေနဲ့ ပြိုင်ဘက်အသင်းတွေရဲ့ ရလဒ်တွေအပေါ် မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက်တော့ ဒီရာသီကုန်အထိ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေဦးမှာ အသေအချာပါပဲ။ မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်အိပ်မက် တကယ်ဖြစ်လာမလားဆိုတာကတော့ လာမယ့်ရက်သတ္တပတ်တွေမှာ ပေါ်လွင်လာတော့မှာ ဖြစ်ပါတယ် ။
#MUMS
ယခုရာသီကုန်ဆုံးချိန် မန်ယူအသင်းရဲ့ အခြေအနေဟာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး စိတ်လှုပ်ရှားဖွယ်ရာ အပြောင်းအလဲတွေ ပြည့်နှက်နေပါတယ်။ အသင်းရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေးဟာ လက်ရှိအချိန်မှာ လမ်းကြောင်းပေါ် ပြန်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။
ရာသီအစမှာ အတက်အကျတွေရှိခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းရဲ့ တည်ငြိမ်မှုက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် အဓိက ကစားသမားတွေရဲ့ ပုံစံကောင်း ပြန်ရလာမှုနဲ့ နည်းပြ အပြောင်းအလဲတွေက အသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး (၄) သင်းအတွင်း ဝင်ရောက်ဖို့အတွက် ခိုင်မာတဲ့ တွန်းအားဖြစ်စေခဲ့ပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယား အနေအထားဟာ အခြားအသင်းတွေနဲ့ အမှတ်ကွာဟမှု နည်းပါးတာကြောင့် ပွဲစဉ်တိုင်းက အသင်းအတွက် ဗိုလ်လုပွဲလို အရေးပါနေပါတယ်။
ကွန်ညာက ချယ်လ်ဆီးနဲ့ပွဲအပြီး သူ့ရဲ့နာမည်ကျော်ရေလှိုင်းအကကို သရုပ်ဖော်ဖို့အတွက် ကမ်းခြေကို သွားရောက်ဖို့ စီစဉ်နေချိန် အသင်းရဲ့ ပရိတ်သတ်တစ်ဦးနဲ့ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ် ။
#MUMS
မန်ယူအသင်းက Eduardo Conceição အတွက် ပြောင်းရွေ့ကြေးသန်း 40 တန် တရားဝင်ကမ်းလှမ်းမှုကို ပြင်ဆင်နေပြီလို့ သိရပါတယ် ။ အသင်းဘက်က ဆက်သွယ်မှုတွေ စတင်နေပြီဖြစ်ပြီး အခုအခါမှာတော့ ကမ်းလှမ်းမှုကို တရားဝင်ဖြစ်အောင် စတင် လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ် ။
#MUMS
Heaven 🗣️ ကျွန်တော်ဒီ့ထက် ပိုပြီးအစွမ်းအစရှိတယ်ဆိုတာကို ထုတ်ပြချင်ပါတယ် ။ ကျွန်တော့်အတွက် လိုအပ်နေတာ ပွဲကစားခွင့် မိနစ်အချို့နဲ့ နည်းပြရဲ့ ယုံကြည်မှုပါဘဲ
#MUMS
ဝုဗ်အသင်းက တန်းဆင်းဖို့ သေချာသလောက်ဖြစ်သွားလို့ အခုဆို ဂျာအိုဂိုးမက်စ်ကို ခေါ်ယူဖို့ အသင်းဘက်က စတင်လှုပ်ရှားလာနေပြီ ဖြစ်ပါတယ် ။
#MUMS
လာမယ့်ရာသီ အသင်းနည်းပြအဖြစ် ကားရစ်ဘဲ ဆက်ရှိသွားမလား ? ရေပန်းစားနေတဲ့ သူတွေထဲကဘဲ အသစ်ခန့်အပ်သွားမလား ?
#MUMS
PL ရဲ့ အကောင်းဆုံးကစားသမားလို့ အားလုံးက ပြောကြတာဘဲ :3
တကယ်လည်း ဟုတ်နေတာဘဲ
#MUMS
ဒီလိုက်စ်မရှိ ၊ မက်ဂွါးယားမရှိ ၊ ယိုရိုမရှိ ၊ မာတီနက်စ်မရှိ ဒါကပြသာနာ မဟုတ်တော့ပါဘူး ။ ဒီပြသာနာတွေ အကုန်ဖြေရှင်းပေးနိုင်တဲ့သူက ဟယ်ဗန်ပါဘဲ ။ ကားရစ် အရောင်တင်ပေးမဲ့ နောက်ထပ်ကျောက်ရိုင်းတစ်တုံးပါဘဲ ။
#MUMS
စွကျိုးနည်း ဒီနောက်တန်းကြီးနဲ့မှဘဲ clean sheet ရတော့တယ် :)
#MUMS
ညကပွဲစဥ်အပြီး ဂါနာချိုအပေါ် အသင်းဟောင်းကစားသမားတွေဖြစ်ကြတဲ့ လုဒ်ရှောနဲ့ ဇာဇီတို့ IG ကနေ ပြန်ပြီးလှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ် ။
#MUMS
မန်စီးတီးကို အိမ်ကွင်းမှာနိုင်တယ် ။ အာဆင်နယ်ကိုလည်း အဝေးကွင်းကနေ နိုင်ခဲ့သလို အခုတစ်ခါ ချယ်လ်ဆီးကိုလည်း ထပ်အနိုင်ယူနိုင်ခဲ့ပါတယ် ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကလည်း သေချာလာခဲ့သလို ၊ လီဗာပူးလ်ကိုလည်း 6 မှတ်အသာနဲ့ ဦးဆောင်နိုင်ပြီး ချယ်လ်ဆီးကိုလည်း 10 မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ် ။ ဒီလိုတွေ လုပ်ပြနိုင်တာ မိုက်ကယ်ကားရစ်ဘဲ ရှိပါတယ် ။
Thank you, Sir. 🫡❤️
#MUMS
Available now! Telegram Research 2025 — the year's key insights 
