7 621
Subscribers
-324 hours
-287 days
-18030 days
Posts Archive
လာမယ့်ပွဲစဉ်အတွက် တိုက်စစ်မာ အသုံးပြုနိုင်မယ့် ကစားသမားတဦး 😛
#MUMS
အန်ဒရေအိုနာနာကတော့ စက်တင်ဘာလအတွက် အကောင်းဆုံးဂိုးပေါက်ကာကွယ်မှုဆုကို ရရှိသွားခဲ့ပါတယ် ။
#MUMS
အန်တိုနီယိုကွန်တီ 🗣️
အသင်းဆီကို တွန်မီနေးရောက်လာတာ တကယ်ကိုကောင်းမွန်ပါတယ် ။ သူ့ရဲ့အရွေ့တွေ ၊ လှုပ်ရှားမှုတွေကြောင့် တခြားကစားသမားတွေအတွက် တကယ်ကိုအထောက်အကူပြုပါတယ် ။ ဒီလိုကစားသမားမျိုးကိုပိုင်ဆိုင်ခွင့်ရလို့ ဝမ်းသာမိပါတယ် ။
#MUMS
အဝေးကွင်းမာ ဗီလာနဲ့ အမှတ်ခွဲယူခဲ့ကြတဲ့ သရဲနီတပ်သားများ 😅
#MUMS
မန်ယူအသင်းရဲ့နည်းပြရာထူးအတွက် သတင်းထွက်နေခဲ့တဲ့ ဆောက်ဂိတ်က သူ့အနေနဲ့နည်းပြလောကထဲကို ချက်ချင်းဝင်ရောက်မာမဟုတ်သေးဘဲ အနားယူအုံးမာဖြစ်တယ်လို့ ဆိုပါတယ် ။ ဆောက်ဂိတ်က အချိန်တခုကြာမှ နည်းပြလောကထဲ ပြန်လာပီး အသင်းကြီးတသင်းကို ကိုင်တွယ်သွားမာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ် ။
#MUMS
အသင်းရဲ့နောက်ခံလူ Mazraoui က နှလုံးခုန်နှုန်း မူမမှန်ဖြစ်နေတယ်လို့ သတင်းထွက်ပေါ်ပီး နိုင်ငံအသင်းကနေ နှုတ်ထွက်ခဲ့သလို ယခုအခါ အဆိုပါပြသာနာကြောင့် အနည်းဆုံး 2 လခန့်အနားယူရဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ် ။
#MUMS
အဲရစ်တန်ဟက်အနေနဲ့ နည်းပြရာထူးနဲ့ပတ်သက်လို့ ပြန်ပီးတည်ငြိမ်လာခဲ့ပီး နိုင်ငံတကာပွဲစဉ်အပြီး ပြန်စတင်လာမယ့် ပရီးမီးယားလိဂ်ဘရန်းဖို့စ်အသင်းနဲ့ ပွဲစဉ်အတွက် သေချာလေးပြင်ဆင်မှု ပြုလုပ်သွားမာဖြစ်ပီး မကြာခင်ကစားသမားအားလုံးနဲ့ အသင်းတွင်းအစည်းအဝေးတခုပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။
#MUMS
မားကပ်စ်ရက်ဖို့စ်က အသင်းအတွက် ဥရောပပွဲစဉ်တွေမာ ဂိုးသွင်းယူနိုင်မှုစာရင်းမာ သွင်းဂိုး 26 ဂိုးအထိ ရောက်ရှိလာခဲ့ပီး နံပတ် 5 စာရင်းမာ ပေါလ်စကိုးနဲ့အတူ ရပ်တည်နေခဲ့ပါတယ် ။
#MUMS
နိုင်ငံတကာပွဲစဉ်အပြီး ပြန်စတင်မယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲစဉ်များ 👀
Brentford (H)
West Ham United (A)
@Chealsea (H)
Leicester City (H)
Ipswich Town (A)
Everton (H)
ရမှတ်ဘယ်လောက်ထိ ရရှိနိုင်မလဲ 🤔
#MUMS
အဲရစ်တန်ဟက်အတွက် ဆွေးနွေးခဲ့ကြတဲ့ အသင်းတွင်းမီတင်းက ပြီးဆုံးသွားခဲ့ပီလို့ သိရပါတယ် ။ တန်ဟက်အနေနဲ့ ယူနိုက်တက်မာ ဆက်ရှိနေဖို့ ရာခိုင်နှုန်းများနေတယ်လို့ သိရပီး တကယ်လို့ထုတ်ပယ်ဖြစ်မယ်ဆို ရာသီကုန်မှ ဖြစ်ဖို့များနေခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ။
#MUMS
တန်ဟက်ရဲ့ အနာဂတ်အတွက် အသင်းရဲ့တာဝန်ရှိသူတွေ ဆွေးနွေးနေကြတယ်လို့ သိကြပီး အဓိကဆုံးဖြတ်ချက်ချမာက ဆာဂျင်ဖြစ်တယ်လို့ သိရပီး အနီးကပ်အကြံပေးသူတွေက အိုမာဘရန်ဒါနဲ့ ဒိန်းအက်စ်ဝက်စ်တို့ ဖြစ်ပါတယ် ။
#MUMS
ဗီလာနဲ့ပွဲစဉ်မာ ဒဏ်ရာရရှိသွားခဲ့တဲ့ နောက်ခံလူဟယ်ရီမက်ဂွါးယားအနေနဲ့ ရက်အနည်းငယ်ကြာ အနားယူရမာဖြစ်ပီး ဒဏ်ရာအရမ်းကြီးပြင်းထန်ခြင်း မရှိဘူးလို့ သိရပါတယ် ။
#MUMS
+1
အသင်းရဲ့ လူငယ်ကစားသမားနှစ်ယောက်ဖြစ်ကြတဲ့ ကိုဘီမိုင်နို နဲ့ ဂါနာချို တို့ဟာ အသေးစားဒဏ်ရာပြသာနာတွေကြောင့် နိုင်ငံလက်ရွေးစင်အသင်းကနေ နှုတ်ထွက်ခဲ့ကြတယ်လို့ သိရပါတယ် ။
#MUMS
နည်းပြရာထူးအလှုပ်အခတ် သတင်းတွေကြားမာ သောမတ်တူချယ်နဲ့ မန်ယူရဲ့ဇာတ်လမ်းက အခုတခါပြန်ပီးခေတ်ထလာခဲ့ပြန်ပါတယ် ။ ဒီတခါရော တကယ်ဘဲ အသင်းဆီကို ရောက်လာတော့မာလားဆိုတာ စဉ်းစားစရာပါဘဲ 🤔
#MUMS
Repost from MFN Highlights channel
သရေနဲ့သာကျေနပ်ခဲ့ရတဲ့ သရဲနီ
ဘောလုံးပွဲတိုက်ရိုက် Liveတွေကို HD quality နဲ့ကြည့်ချင်တဲ့ ဘော်ဒါတို Join ထားလိုက်ပါဦး 👇👇
👉 Myanmar Football Network (MFN)
https://t.me/myanmarfootballnetwork
👉 MFN Results channel
https://t.me/resultsmfnchannel
👉 MFN Highlights channel
https://t.me/mfnhighlights24
မလုပ်ချင်သေးလို့ ကြည့်နေတာ လုပ်ပြလိုက်ရင်လည်း အဆန်းကြီးပါလား ဦးတန်ရယ် 😭
◉ 8 points - Erik ten Hag - 2024/25 🆕
◎ 9 points - Erik ten Hag - 2023/24
◎ 9 points - Ole Gunnar Solskjær - 2019/20
#MUMS
မနေ့က ဗီလာအသင်းနဲ့ပွဲစဉ်မာ ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ အန်ဒရေအိုနာနာကတော့ ယခုဆိုရင် clean sheet စုစုပေါင်း 4 ပွဲအထိ ရရှိသွားခဲ့ပီး ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့ပါတယ် ။
#MUMS
အနိုင်ဆိုတာ အဆိုတော်ဘဲသိတော့တယ် အဖြစ်ကို ရောက်နေပီလားကွာ 😭
#MUMS
ဒီနေ့ပွဲစဉ်ကို အသင်းရဲ့တာဝန်ရှိသူတွေအကုန်အတူကြည့်ခဲ့တာကြောင့် တန်ဟက်ရဲ့ အနာဂတ်အတွက် ဘာဆက်ဖြစ်လာမလဲဆိုတာ သိရတော့မာဖြစ်ပါတယ် ။
#MUMS
အဝေးကွင်းမာ ဗီလာဆီက တမှတ်ရယူနိုင်ခဲ့တာတော့ တကယ်ကျေနပ်စရာပါဘဲ ။ လက်ရှိအသင်းရဲ့အနေထားနဲ့ ဒီလောက်ထိဘဲ မျှော်မှန်းလို့ရတာကြောင့် ဒါကအဆိုးဝါးကြီးတော့ မဟုတ်ပါဘူး ။ အဆုံးသတ်ပိုင်းနဲ့ အသင်းလိုက်ချိတ်ဆက်မှုပိုင်းမာ ပိုပီးကောင်းခဲ့မယ်ဆို အနိုင်ရလဒ်ထိပါ မှန်းလို့ရခဲ့ပေမဲ့ ကိုယ့်အသင်းအခြေအနေက အဲ့လောက်ထိလုပ်ပြနိုင်စွမ်း ရှိမနေခဲ့လို့ ဒီအပတ်အတွက် ဒါကကျေနပ်စရာရလဒ်လို့ ပြောရမာဖြစ်ပါတယ် ။
#MUMS
