7 704
Subscribers
-424 hours
-417 days
-17530 days
Posts Archive
အသင်းကနေ ထွက်ခွာတော့မယ် ကတ်စမဲရိုးက သူ့ရဲ့နေရာအတွက် အကောင်းဆုံးအစားထိုးပေးနိုင်မဲ့သူအဖြစ် ကာဆယ်ကွင်းလယ်လူ ဂူမာရက်စ်ကို ရွေးချယ်ထားတယ်လို့ သိရပါတယ် ။ အသင်းဘက်ကလည်း ဒါကိုအလေးအနက်ထား စောင့်ကြည့်နေပြီး အပြောင်းအရွေ့တစ်ခုဖြစ်လာအောင် လုပ်ဆောင်သွားဖို့ ရှိပါတယ် ။
#MUMS
မိုက်ကယ်ကားရစ် 🗣️ လုဒ်ရှောကို အချိန်တစ်ခုကြာအောင် အသင်းဘက်က လက်လွတ်ရတော့မှာ ဖြစ်ပါတယ် ။ သူ့အနေနဲ့ ပုံစံကောင်းတစ်ခု ပြသနေချိန်မှာ ဒဏ်ရာရရှိသွားခဲ့တာ အတော်ဆိုးပါတယ် ။ ငါ့အနေနဲ့ သူအမြန်ဆုံး ပြန်လည်သက်သာလာပါစေလို့ဘဲ ဆုတောင်းပါတယ် ။
#MUMS
မိုက်ကယ်ကားရစ်ကို အမြဲတမ်းနည်းပြအဖြစ် မြင်တွေ့လိုနေသူတွေ များနေတာကြောင့် အသင်းဖက်က ရာသီကုန်မှာ ထုတ်ပယ်သွားမယ့် အစီအစဉ်ကို ပြန်ပြီးစဉ်းစားနေကြပါတယ် ။
#MUMS
ကားရစ်က ကိုယ့်အလုပ်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ပြလို့ နေခဲ့ပါတယ် ။ အခုဆို အဆင့် 3 နေရာအထိပါ အသင်းကို ရောက်အောင် ဆွဲတင်ထားနိုင်လို့ ရာသီကုန်ဥရောပဝင်ခွင့်တနေရာက သေချာနေပြီလို့ ပြောလို့ရနေပြီ ဖြစ်ပါတယ် ။
#MUMS
လိုအပ်နေချိန် အဖိုးတန်သွင်းဂိုးတွေကို ဆက်တိုက်ဆိုသလိုသွင်းပြီး အသင်းကိုထမ်းတင်နိုင်ဆဲ ဆစ်ကို 🔥
#MUMS
အိမ်ကွင်းမှာ အဖိုးတန်အနိုင် 3 မှတ်ကို အရယူနိုင်ခဲ့ပါပြီ ။ အဆင့် 3 ကို တက်လှမ်းသွားနိုင်ခဲ့လို့ တကယ်ထိုက်တန်တဲ့ နိုင်ပွဲတပွဲပါဘဲ ။
#MUMS
Repost from Myanmar Football Network 2
ပရီးမီးယားလိဂ်
မန်ယူ Vs ခရစ္စတယ်ပဲလေ့စ်ပွဲစဉ်ကို VPN မလိုပဲ တိုက်ရိုက် LIVE Join ပြီး ကြည့်ရှုနိုင်ပါပြီဗျ ✌🏻
‼️ကျနော်တို့ Channel အများစု ပျက်သွားလို့ Main Channel လေးကို Join ထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ 🙏
❗️Main Channel Link 👇🏻
https://t.me/mfn2026
❗️ Live Channel Link 👇🏻
https://t.me/united_buzz_zone16
ပဲလေ့စ်နည်းပြ အိုလီဗာဂယ်လယ်နာကို မန်ယူအသင်းက ရာသီကုန် ကားရစ်ကို ထုတ်ပယ်ခဲ့ပါက အစားထိုးနည်းပြအတွက် လျာထားတဲ့ နည်းပြစာရင်းထဲ ပါဝင်နေပါတယ် ။
#MUMS
ပဲလေ့စ်နဲ့ပွဲစဉ်ကို မေဆင်မောင့်နဲ့ ဒီလိုက်စ်တို့ ဆက်ပြီးလွဲချော်သွားဦးမှာ ဖြစ်တယ်လို့ နည်းပြကားရစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ် ။
#MUMS
ဝမ်ဘီဆာကာ 🗣️ ကားရစ်လက်အောက်က ယူနိုက်တက်က တကယ့်ကို အံ့အားသင့်စရာကောင်းနေပါတယ် ။ ငါအရင်က ရှိခဲ့သမျှနဲ့ အခုနဲ့က လုံးဝကို ကွာခြားနေပါတယ် ။ ဒီအသင်း အမြန်ဆုံးအောင်မြင်မှုရပါစေလို့ ဆုတောင်းပေးပါတယ် ။
#MUMS
မနက်ဖြန်အိမ်ကွင်းမှာ ပဲလေ့စ်ကို အနိုင်ကစားခဲ့မယ်ဆို အဆင့် 3 နေရာကို တက်လှမ်းသွားမှာ ဖြစ်ပါတယ် ။ အက်စတွန်ဗီလာရဲ့ ရှုံးပွဲကြုံတွေ့မှုကို အခွင့်ကောင်းယူနိုင်ဖို့ဘဲ လိုအပ်ပါတယ် ။
#MUMS
ချန်ပီယံလိဂ်မဲခွဲပွဲမြင်တော့ မကန်ရတဲ့ ကိုယ့်အသင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ် ။ ပိုပြီးစိတ်မကောင်းဖြစ်ရတာက နှစ်တိုင်းကန်ရပြီး ချန်ပီယံလိဂ်ဖလား ဖြူသလား ၊ မဲသလားမသိတဲ့ ဟိုအသင်းကိုဘဲ (ဘူဒိုးဂလင့်ကို ပြောတာနော် :)
#MUMS
ဘာလိုလိုနဲ့ နွေရာသီတောင် ပြန်ရောက်လာတော့မှာပါလား 🍂
#MUMS
လွန်ခဲ့တဲ့ 3 နှစ် ဒီနေ့လိုက နယူးကာဆယ်ကို အနိုင်ယူပြီး ကာရာဘောင်ဖလား ရရှိခဲ့တာ ဖြစ်ပါတယ် ။ ဒီနှစ်မှာတော့ အဲလိုမြင်ကွင်းမျိုး မြင်တွေ့ရဖို့ မရှိတော့ပါဘူးဗျာ 💔
#MUMS
အခြေအနေဆိုးရွားနေတဲ့ ဖောရက်စ်အသင်းက သူတို့ရဲ့ကစားသမားဖြစ်တဲ့ မော်ဂန်ဂစ်ဝှိုက်က ရာသီကုန်အသင်းက တန်းဆင်းခဲ့ပါက အသင်းကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ သိရပါတယ် ။ လက်ရှိကစားသမားကိုယ်တိုင်က မန်ယူအသင်းကို ပြောင်းရွေ့ဖို့ စိတ်ဝင်စားနေသလို ၊ အမှန်တကယ်ကမ်းလှမ်းလာခဲ့ပါက ပြောင်းရွေ့ဖို့ ရှိနေပါတယ် ။
#MUMS
+1
ကိုဘီ 🗣️
သူတို့အသင်းက ကော်နာကန်နေရတာ အရမ်းကို ပျော်နေပုံပေါက်ပါတယ် ။ ဒါကို ထပ်ပြီးလေ့ကျင့်ချင်သေးတယ်ဆိုရင် ငါတို့ရဲ့ ကာရင်တန်ကို လာလို့ရပါတယ် ။ ငါတို့အမြဲတမ်း ကြိုဆိုနေမှာပါ ။
#MUMS
Available now! Telegram Research 2025 — the year's key insights 
