7 155
Subscribers
-324 hours
-447 days
-21930 days
Posts Archive
မာနူကိုနေးအတွက် မန်ယူအသင်းက ပထမဆုံးပြောင်းရွေ့ကြေးသန်း 50 နဲ့ ရိုးမားအသင်းထံ စတင်ကမ်းလှမ်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ် ။
#MUMS
အီဒါဆန်ရဲ့ အပြောင်းအရွေ့ ပျက်ပြယ်သွားပြီးနောက် အသင်းအနေနဲ့ နောက်ထပ်ကွင်းလယ်ကစားသမားတွေကို ခေါ်ယူဖို့ ပိုပြီးအခွင့်အလမ်းများလာခဲ့ပါတယ် ။ ပြင်သစ်နဲ့ World Cup မှာတောက်ပနေတဲ့ ကိုနေး ၊ နောက်ထပ်ကစားသမားတွေ ဖြစ်ကြတဲ့ ဘယ်လီဘာ ၊ စကော့စ် ၊ အစရှိတဲ့ ကစားသမားတွေနဲ့လည်း သတင်းထွက်ပေါ်နေပါတယ် ။ သေချာတာတစ်ခုကတော့ နောက်ထပ်ကွင်းလယ်ကစားသမားက မဖြစ်မနေရောက်လာဖို့ရှိနေပြီး ပရိတ်သတ်တွေ မျှော်လင့်ထားတဲ့ ကစားသမားဖြစ်မလား ? low profile နဲ့ အသင်းအတွက် တကယ်ပေးဆပ်တဲ့ ကစားသမားဖြစ်လာမလားဆိုတာဘဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ် ။
#MUMS
ကော်တွိုက် 🗣️ "ဆန်နီလမ်းမန်းစ်က နိုင်ငံအသင်းအတွက် အနာဂတ်ကောင်းတွေရှိတဲ့ အံ့မခန်း ဂိုးသမားတစ်ယောက်ပါ ။ ဒီအခိုက်အတန့်က သူ့ကို ပိုပြီး သန်မာစေမှာဖြစ်ပါတယ် ။ လူတိုင်းအမှားကနေ အကောင်းဆုံးသင်ယူပြီး ပြန်လာနိုင်ခဲ့ကြတာ ထုံးစံပါဘဲ ။
#MUMS
အသင်းရဲ့အကြီးကျယ်ဆုံး ကစားသမားတွေ ကျရှုံးလို့ ဝမ်းနည်းပြီး ငိုကြတဲ့အခါ သူတို့ရဲ့ အသင်းဖော်တွေက သူတို့ဆီကို အပြေးအလွှားသွားကြပါတယ် ။ ဒါပေမဲ့ အဲ့ထဲမှာတော့ ခရစ်တီယာနိုရော်နယ်ဒို မပါခဲ့ပါဘူး။
မက္ကဆီကိုအသင်းရဲ့ ကမ္ဘာ့ဖလားအိပ်မက် ပြီးဆုံးသွားပြီး အိုချူအာတစ်ယောက် စိတ်ဓာတ်ကျသွားတဲ့အခါ သူ့အသင်းဖော်တွေက သူ့ကိုချက်ချင်း ဖက်ပြီး ဝန်းရံထားခဲ့ကြတာ ဖြစ်ပါတယ် ။
ဘရာဇီးအသင်း နော်ဝေးကို ရှုံးနိမ့်ပြီးကမ္ဘာ့ဖလားကနေထွက်ခွာသွားရတဲ့နောက် နေမာတစ်ယောက် မျက်ရည်ကျနေချိန်မှာ သူ့အသင်းဖော်တွေက သူ့ကို နှစ်သိမ့်ဖို့ အပြေးအလွှားသွားခဲ့ကြပါတယ် ။
အာဂျင်တီးနားအသင်းရဲ့ အကြမ်းစား comeback ပြနိုင်တဲ့ အီဂျစ်အသင်းနဲ့ ပွဲစဉ်မှာ လီယွန်နယ်မက်ဆီက ဝမ်းသာအားရ မျက်ရည်ကျတဲ့အခါ သူ့အသင်းဖော်တွေက သူ့ကို ပွေ့ဖက်ပြီး သူနဲ့အတူ အောင်ပွဲခံခဲ့ကြသလို ၊ နွေးထွေးစွာနဲ့ အသင်းဖော်တွေ ဘေးနားရှိနေပေးခဲ့ကြတာ ဖြစ်ပါတယ် ။
ဒါပေမယ့် စပိန်အသင်းကို ရှုံးနိမ့်ပြီးခရစ်တီယာနို ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလားအိပ်မက် ပြီးဆုံးသွားတဲ့အခါမှာတော့ ဘေးနားမှာ ဖေးမမဲ့သူ ၊ ဝန်းရံခဲ့သူမရှိဘဲ ၊ အထီးကျန်စွာနဲ့ အရှုံးကို နာကျင်စွာ ခံစားနေခဲ့ရတာ ဖြစ်ပါတယ် ။
ဒီကမ္ဘာ့ဖလားတစ်လျှောက်လုံးမှာ အသင်းတွေက သူတို့ရဲ့ တန်ဖိုးထားရဆုံးကစားသမားတွေကို ကာကွယ် ထားကြတာကို မြင်တွေ့ခဲ့ရပါတယ် ။ ကိတ်ဗာဒီအသင်းရဲ့ဂိုးသမား ဗိုဆင်ညာ ကနေ မက္ကဆီကိုအသင်းရဲ့ အိုချူအာ အထိ ၊ အာဂျင်တီးနားအသင်းနဲ့ မက်ဆီအထိပေါ့ ။
ပေါ်တူဂီရဲ့ ရိုနယ်ဒိုက အဲဒီလို အားပေးမှုမပါခဲ့ဘဲ မျက်ရည်တွေနဲ့ ကွင်းထဲကနေ ထွက်သွားတာကို မြင်ရတာ တကယ့်ကို ရင်ကွဲမတတ်ပါပဲ ။
ခရစ်တီယာနိုရော်နယ်ဒိုရဲ့ ပရိသတ်တစ်ယောက်ဟုတ်မဟုတ်ဆိုတာထက် ဘောလုံးဂန္ထဝင်တိုင်းဟာ သူတို့နဲ့အတူ နှစ်ပေါင်းများစွာ အတူကစားပေးခဲ့ပြီး အောင်ပွဲတွေယူ ၊ တိုက်ပွဲဝင်ခဲ့တဲ့ အသင်းဖော်တွေရဲ့ မေတ္တာနဲ့ ဖေးမမှုက တကယ်ကို ထိုက်တန်ပါတယ် ။ ဘောလုံးဆိုတာ ဆုဖလားအောင်မြင်မှုတွေထက် ပိုပါတယ် ။ အခက်ခဲဆုံးအချိန်တွေမှာလည်း တစ်ယောက်ဘေးမှာ တစ်ယောက်အမြဲရှိနေပေးဖို့ပါဘဲ ။
#MUMS
+1
နှစ်ယောက်စလုံးက ဆေးစစ်လို့ အောင်မြင်ခဲ့တယ်လို့ သိရပြီး နောက်ထပ်ကွင်းလယ်ကစားသမားတစ်ယောက်ကို အသင်းဖက်က ထပ်မံခေါ်ယူသွားဖို့ ရှိနေပါတယ် ။ ဘယ်ကစားသမား ထပ်ရောက်လာဦးမယ်လို့ ထင်ကြလဲ ?
#MUMS
အသင်းအတွက် လိုအပ်တဲ့ အရန်ဂိုးသမားခေါ်လိုက်တာ အသံတောင် မထွက်သွားဘူး ။ ဘယ်လောက်တောင် ပိရိသေသပ်လိုက်သလဲ ?
Welcome Karl Darlow 👏😁
#MUMS
+9
ရာသီကြိုခြေစမ်းပွဲ ပူးပေါင်းဖို့အတွက် ကာရင်တန်ကို ရောက်လာကြပြီဖြစ်တဲ့ သရဲနီတပ်သားများ 🥳❤️
#MUMS
ဘတ်ဂျက်လည်း ဖြစ်ရမယ်
ကွာလတီလည်းကောင်းရမယ်
ဒါဆို အန်ဒရေဆန်းတို့စ် ရှိမယ်ဗျာ 🥳
#MUMS
ဈေးထဲ အသားဈေးတွေ အကုန်လိုက်မေးပြီးမှ
နောက်ဆုံးကန်စွန်းရွက်ဘဲဝယ်ပြီး ပြန်လာခဲ့ရတာမျိုးပေါ့
နောက်ထပ် World Class Midfield တစ်ယောက်ခေါ်စေချင်သေးတယ်
Here we go 👏
#MUMS
ဆန်းတို့စ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ စကားပြောဆိုပြီး ကစားသမားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှု ပြုလုပ်နေတယ်လို့ သိရပါတယ် ။ ပုံမှန်ပွဲထွက်ခွင့်သာ ရမယ်ဆို ကစားသမားကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ် ။
#MUMS
ပါရာဂွေးအသင်းရဲ့ ဂိုးသမား အိုလန်ဒိုဂီးလ် ကို ခေါ်ယူဖို့ အသင်းဘက်က စောင့်ကြည့်နေပါတယ် ။ World Cup ပြိုင်ပွဲအတွင်း ပါရာဂွေးအသင်းရဲ့ ဂိုးပေါက်ကို အစွမ်းကုန်ကာကွယ်ပေးခဲ့တဲ့ အဆိုပါဂိုးသမားကို ဥရောပစင်မြင့်ဆီ ခေါ် ဆောင်ပေးပြီး အရောင်တင်ပေးချင်နေတာ ဖြစ်ပါတယ် ။
#MUMS
ချူအာမန်နီနဲ့ အခုဆို အပြောင်းအရွေ့သတင်းတွေက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပြီး မကြာခင်အသင်းပြောင်းဖို့ သဘောတူညီမှု ရတော့မယ်ဆိုပြီး သတင်းထွက်ပေါ်နေခဲ့ပါတယ် ။ ကစားသမားရဲ့ လုပ်ခလစာမြင့်မားနေတာက အတားအဆီးဖြစ်လာနိုင်ဖွယ် ရှိနေပါတယ် ။
#MUMS
ကိုဘီအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ပွဲကစားခွင့်မိနစ်အချို့ ရနိုင်ပါစေလို့ မျှော်လင့်မိပေမဲ့ တကယ့်အခြေအနေနဲ့ ဖိအားအရမ်းများတဲ့ ပွဲစဉ်မှာ တူချယ်အနေနဲ့ ဒီလိုမျိုး risk ယူမယ် မထင်ပါဘူး 💔
#MUMS
ဘောလုံးလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ကြေကွဲဖွယ်ရာ အခိုက်အတန့်ပါဘဲ ။ ရော်နယ်ဒိုလို ကမ္ဘာကျော်ကစားသမားတစ်ယောက်ဟာ သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားပွဲစဉ်လို့ ယူဆရတဲ့ပွဲမှာ ရှုံးနိမ့်ပြီးနောက် မျက်ရည်တွေ ဆည်မရအောင် စီးကျနေတာကို တွေ့ရတာဟာ တကယ်ကို ဝမ်းနည်းစရာ ကောင်းလှပါတယ် ။
နှစ်ပေါင်းများစွာ ကစားသမားသက်တမ်းတစ်လျှောက် ကြိုးစားအားထုတ်မှုတွေ၊ အောင်မြင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ ဖိအားတွေအားလုံးဟာ ဒီအချိန်မှာ မျက်ရည်တွေအဖြစ် ပြိုဆင်းလာခဲ့တာ ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့မျက်နှာပေါ်က နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှုတွေဟာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ နှလုံးသားကို ထိခိုက်စေခဲ့ပါတယ်။ ဘောလုံးပွဲစဉ်တစ်ခုထက်ပိုတဲ့၊ လူသားတစ်ယောက်ရဲ့ စိတ်ခံစားမှုအပြည့်အဝကို ပြသနေတဲ့ ဒီပုံရိပ်ဟာ ဘောလုံးသမိုင်းမှာ ဝမ်းနည်းစရာအကောင်းဆုံး မြင်ကွင်းတွေထဲက တစ်ခုအဖြစ် ကျန်ရှိနေမှာပါ ။
#MUMS
ဘရာဇီးအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ဝမ်းနည်းစွာဖြင့် သူ့ရဲ့ခံစားချက်ကို ဖွင့်ဟပြောကြားလာခဲ့တဲ့ ကွင်းလယ်ကစားသမား ကတ်စမဲရိုး 🗣️
ဒါကတကယ့်ကို ခက်ခဲလွန်းပါတယ် ။ အခုအချိန်မှာ ကျွန်တော့်ရဲ့ မိသားစုနဲ့ပဲ အတူတူရှိနေချင်ပါတော့တယ် ။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ ကျွန်တော်တို့အားလုံးရဲ့ အိပ်မက်တွေကို ဆုံးရှုံးခဲ့ရပါပြီ ။ ဘရာဇီးပြည်သူအားလုံးကိုလည်း စိတ်ပျက်အောင် လုပ်မိခဲ့လိုက်ပါပြီ။
ကျွန်တော်တို့က ကမ္ဘာ့ဖလားကို မဆွတ်ခူးနိုင်ခဲ့တဲ့ မျိုးဆက်အဖြစ်ပဲ အမြဲတမ်း ရှိနေတော့မှာပါ ။
#MUMS
အီဒါဆန်က မကြာခင်မန်ယူအသင်းနဲ့အတူ ရာသီကြိုခြေစမ်းပွဲတွေမှာ လိုက်ပါလာဖို့ရှိနေပြီး အသင်းနဲ့အတူ မန်ချက်စတာမှာ မိတ်ဆက်ပွဲပြုလုပ်သွားဖို့ ရှိပါတယ် ။
#MUMS
+2
ကွန်ညာပါဝင်တဲ့ ဘရာဇီးအသင်းကတော့ နော်ဝေးအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီလည်း ဖြစ်ပါတယ် ။ ကွန်ညာတစ်ယောက် World Cup မှာ ပြသခဲ့တဲ့ ခြေစွမ်းအရဆို နောက်ထပ်အဆင့်တွေမှာ မြင်ချင်သေးခဲ့ပေမယ့် အခုတော့ ဒါကအဆုံးသတ်သွားပါပြီ ။ နောက်ပြိုင်ပွဲတွေမှာ ကံကောင်းပါစေကွာ :)
#MUMS
+1
သီယာဂိုအယ်လ်ကန်တာရာပြောတဲ့ ကိုဘီမိုင်နိုအကြောင်း 🗣️
ကျွန်တော် သူ့ရဲ့ ကစားပုံကို နှစ်သက်ပါတယ် ။ ဘယ်မှာကစားခိုင်းရမလဲ ။ နံပါတ် 8 အနေနဲ့ ၊ ဘာလို့လဲဆိုတော့ သူက ခံစစ်လည်းကစားနိုင်သလို ဖျက်ထုတ်မှုတွေကိုလည်း လုပ်နိုင်လို့ပါ ။ သူက ဘောလုံးကို လိမ်ခေါက်နိုင်တယ် ။ ဂိုးဧရိယာထဲလည်း ရောက်အောင်ပေးပို့နိုင်တယ်။ ဂိုးတွေလည်း သွင်းနိုင်တယ် ။
ဒါကြောင့် ခင်ဗျားက နံပတ်8 ကစားရပေမဲ့ ကွင်းထဲမှာ နံပတ် 10 နေရာကို အတင်းကစားခိုင်းလို့မရပါဘူး ။ သူတို့က ခံစစ်သမားတွေကို ဖိအားပေးနေသလိုမျိုး ဒါမှမဟုတ် ၊ သူ့နောက်မှာ တစ်ယောက်ယောက်က ရှိနေတယ်ဆိုတာသိပြီး အလယ်မှာ နံပါတ် 8 အနေနဲ့ ထားခဲ့ရမယ် ။ ဘာလို့လဲဆိုတော့ သူ ဘောလုံးရရင် သူ ဘောလုံးပေးလိမ့်မယ် ။ ဘောလုံးကို တွန်းပို့ပြီး ဂိုးဧရိယာထဲ ရောက်အောင် လုပ်နိုင်လို့ပါ ။
#MUMS
သီယာဂိုအယ်လ်ကန်တာရာပြောတဲ့ ကိုဘီမိုင်နိုအကြောင်း 🗣️
ကျွန်တော် သူ့ရဲ့ ကစားပုံကို နှစ်သက်ပါတယ် ။ ဘယ်မှာကစားခိုင်းရမလဲ ။ နံပါတ် 8 အနေနဲ့ ၊ ဘာလို့လဲဆိုတော့ သူက ခံစစ်လည်းကစားနိုင်သလို ဖျက်ထုတ်မှုတွေကိုလည်း လုပ်နိုင်လို့ပါ ။ သူက ဘောလုံးကို လိမ်ခေါက်နိုင်တယ် ။ ဂိုးဧရိယာထဲလည်း ရောက်အောင်ပေးပို့နိုင်တယ်။ ဂိုးတွေလည်း သွင်းနိုင်တယ် ။
ဒါကြောင့် ခင်ဗျားက နံပတ်8 ကစားရပေမဲ့ ကွင်းထဲမှာ နံပတ် 10 နေရာကို အတင်းကစားခိုင်းလို့မရပါဘူး ။ သူတို့က ခံစစ်သမားတွေကို ဖိအားပေးနေသလိုမျိုး ဒါမှမဟုတ် ၊ သူ့နောက်မှာ တစ်ယောက်ယောက်က ရှိနေတယ်ဆိုတာသိပြီး အလယ်မှာ နံပါတ် 8 အနေနဲ့ ထားခဲ့ရမယ် ။ ဘာလို့လဲဆိုတော့ သူ ဘောလုံးရရင် သူ ဘောလုံးပေးလိမ့်မယ် ။ ဘောလုံးကို တွန်းပို့ပြီး ဂိုးဧရိယာထဲ ရောက်အောင် လုပ်နိုင်လို့ပါ ။
#MUMS
နောက် 2 ပတ်ပြီးရင် မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲ စတင်ကစားတော့မှာ ဖြစ်ပါတယ် ။ Wrexham အသင်းနဲ့ ဖင်လန်နိုင်ငံမှာ ကစားကြမှာ ဖြစ်ပါတယ် ။ ဒါက မိုက်ကယ်ကားရစ်ရဲ့ တရားဝင်နည်းပြဘဝ ပထမဆုံးပွဲစဉ် ဖြစ်လာခဲ့ပါတယ် ။
#MUMS
