7 868
Subscribers
No data24 hours
+247 days
+11630 days
Posts Archive
+8
အရေပြား ကူးစက်ရောဂါများကို ကာကွယ်နိုင်ရန်
(စက်တင်ဘာလ၊ ၂၀၂၆ ခုနှစ်)
▪️ လက်ကို မကြာခဏ ဆေးပါ။
▪️ ရေကို ပုံမှန်ချိုးပါ (အထူးသဖြင့် အားကစား ပြုလုပ်ပြီးပါက)။
▪️ ရေသုတ်ပါက သန့်ရှင်းသော မျက်နှာသုတ်ပုဝါ သို့မဟုတ် စောင်ကိုသာ အသုံးပြုပါ။
▪️ ပြတ်ရှဒဏ်ရာများနှင့် ပွန်းပဲ့ဒဏ်ရာများကို သန့်ရှင်းအောင် ထားပါ။ ပတ်တီးနှင့် ဖုံးအုပ်ပါ။
▪️ ဝက်ခြံများ၊ အနီစက်များ၊ ပြည်တည်အနာဖုများ ဖြစ်ပေါ်ပါက သင့်အရေပြား၌ ရောဂါကူးစက်ခံရသည့် လက္ခဏာများ ဖြစ်နိုင်ပါသည် ((အထူးသဖြင့် ပူနွေးခြင်း၊ နာခြင်း၊ နီရဲခြင်း သို့မဟုတ် ရောင်ရမ်းခြင်းတို့ ရှိပါက)။
▪️ သေချာထိရောက်စွာ မကုသပါက ရောဂါပြင်းထန်လာနိုင်ပါသည်။
▪️ မိမိအရေပြား၌ ကူးစက်ရောဂါတစ်ခုခု ရှိသည်ဟုယူဆပါက ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ref: Massachusetts DoPH
+9
ကင်ဆာရောဂါ ကာကွယ်ဖို့ သင်ဘာတွေ လုပ်နိုင်သလဲ
(ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်)
▪️ ဆေးလိပ်သောက်သူများ ဆေးလိပ်ဖြတ်ပါ
▪️ သားအိမ်ခေါင်းကင်ဆာနှင့် အသည်းရောင်အသားဝါ ဘီ ကူးစက်ရောဂါများအတွက် ကာကွယ်ဆေးထိုးနှံပါ၊ ဆေးစစ်ပါ၊ ကုသပါ။
▪️ အရက်သောက်သူများ အရက်လျှော့သောက်ပါ။
▪️ အာဟာရပြည့်ဝပြီး အပိုထည့်သွင်း ပြုပြင်မှုနည်းပါးသော သဘာဝအစားအစာများကို စားသုံးပါ။
▪️ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ၊ အဝ မလွန်ပါစေနှင့်။
▪️ လေထုညစ်ညမ်းမှုနှင့် ထိတွေ့ခြင်းကို ကန့်သတ်ပါ။
▪️ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကို လျှော့ချပါ။ အရိပ်ထဲ နေပါ။
▪️ နေပူထဲ ထွက်ပါက ထီး သို့မဟုတ် အနားကျယ်ပါသော ဉီးထုပ် ဆောင်းပါ၊ မျက်မှန်တပ်ပါ၊ နေလောင်ခံ လိမ်းဆေး လူးပါ။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ref: WHO
+9
ဝမ်းပျက်ဝမ်းလျှောရောဂါများကို ကာကွယ်ရန် အချက် (၅) ချက်
(ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်)
(၁) အစားအစာများ ပြင်ဆင်ချက်ပြုတ်ရာနှင့် သိမ်းဆည်းရာတွင် သန့်ရှင်းဘေးကင်းရမည်။
(၂) သန့်ရှင်းသော ရေကို သောက်သုံးရမည်။
(၃) လက်ကို ဆပ်ပြာနှင့် စနစ်တကျ ဆေးကြောပါ။
(၄) အရာဝတ္ထုမျက်နှာပြင်များကို သန့်ရှင်းပါ။
(၅) ယင်နားစာများ မစားပါနှင့်။ အစားအစာများကို ယင် မနားအောင် ကာကွယ်ပါ။ ယင်လုံအိမ်သာ သုံးစွဲပါ။
ဝမ်းပျက်ဝမ်းလျှောရောဂါများသည် လျင်မြန်လွယ်ကူစွာ ကူးစက်ပြန့်ပွားနိုင်ပါသည်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ref: WHO
+9
ရာသီသွေးဆုံးခြင်း လက္ခဏာများ
(ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်)
ရာသီသွေးဆုံးသော အမျိုးသမီးများတွင် အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။
▪️ ခန္ဓာကိုယ် ရုတ်တရက် ပူနွေးခြင်း (အထူးသဖြင့် ရင်ဘတ်၊ လည်ပင်းနှင့် မျက်နှာ)
▪️ ညပိုင်း ချွေးထွက်ခြင်း
▪️ အိပ်၍ မပျော်ခြင်း
▪️ မိန်းမကိုယ် ခြောက်သွေ့ခြင်း
▪️ စိတ်ခံစားချက်များ ပြောင်းလဲခြင်း
▪️ စိုးရိမ်ပူပန်ခြင်း
▪️ စိတ်ဓာတ်ကျဆင်းခြင်း
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ref: WHO
+9
ရေကြီးရေလျှံပြီးနောက် သင့် ကျန်းမာရေးအတွက် လိုက်နာရန် (ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်)
▪️ သောက်သုံးရေကို စိတ်ချရသော ရေအရင်းအမြစ်မှ ရယူသုံးစွဲပါ။
▪️ အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။ စားကြွင်းစားကျန်များကို စနစ်တကျ စွန့်ပစ်ပါ။
▪️ အစာမစားမီ လက်ဆေးပါ။ အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးပါ။
▪️ ခြင်မပေါက်ဖွားစေရန် အိမ်တွင်းနှင့် အိမ်ပတ်လည်ရှိ ရေဝပ်သောနေရာများကို ရှင်းလင်းပါ။
▪️ ကလေးများကို ရေကြီးနေသောနေရာရှိ ရေထဲတွင် ဆော့ကစားခြင်း မပြုစေရ။
▪️ ပတ်ဝန်းကျင်ကို ရှင်းလင်းပါ။ ခြင်ပေါက်ဖွားရာနေရာများကို ဖယ်ရှားပါ။
▪️ ရေကြီးနေသောနေရာမှ ရေဖြင့် ထိတွေ့မိသော အစားအစာများနှင့် ပျက်စီးသွားသော အစားအစာများကို စွန့်ပစ်ပါ။
▪️ ကူးစက်ရောဂါ လက္ခဏာတစ်ခုခု ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ခြင်းပြသပါ။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Ref:WHO
+9
စိတ်ကြွဆေး ဆေးလွန်ခြင်း
(ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်)
စိတ်ကြွဆေး ဆေးလွန်ခြင်းသည် သုံးစွဲသူတိုင်းတွင် ဖြစ်နိုင်ပါသည်။ ဆေးကို ခံနိုင်ရည်စွမ်းအားနည်းသော လူအချို့အတွက် ပမာဏအနည်းငယ်သည်ပင် ဆေးလွန်နိုင်ပါသည်။
ဆေးလွန်ပါက အောက်ပါတို့ဖြစ်နိုင်ပါသည်။
▪️မြန်၍ပုံမှန်မဟုတ်သော (သို့) နှေးကွေးသောနှလုံးခုန်ခြင်း
▪️နှလုံးရပ်ခြင်း
▪️စကားပြောရာတွင် မပီသတော့ခြင်း
▪️ဦးနှောက်အတွင်းသွေးယိုစီးခြင်း
▪️ခန္ဓာကိုယ်အပူချိန်မြင့်တက်ချင်း
▪️မေ့မြောခြင်း
▪️အသက်ဆုံးရှုံးခြင်း
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
+9
တီဘီရောဂါဖြစ်ပွါးစေရန် အားပေးသောအချက်များ
(ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်)
▪️အသက်အရွယ်ကြီးသူးများနှင့် ကလေးများ
▪️ဆေးလိပ်သောက်သူများ
▪️အခြားအဆုတ်ရောဂါရှိသူများ
▪️အာဟာရချို့တဲ့သူများ
▪️ကိုယ်ခံအားနည်းသူများ
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
+9
ကျန်းမာသော လူနေမှုဘဝပုံစံ (A healthy lifestyle)
(ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်)
ကျန်းမာသော လူနေမှုဘဝရရှိစေရန် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးပြီး အဆီဓာတ်၊ သကြားနှင့် ဆားကို လျှော့စားရန်နှင့် လေ့ကျင့်ခန်းလုပ်ရန် ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည်။
အရပ်နှင့် ကိုယ်အလေးချိန်ပေါ်မူတည်၍ တွက်ချက်သော ခန္ဓာကိုယ်အချိုးအစားအညွှန်းကိန်း (BMI) ကို တွက်ချက်ပြီး အဝလွန်ခြင်းရှိ၊ မရှိ သိနိုင်ပါသည်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
+9
ခြင်ကျား(Aedes) (ဇွန်လ၊ ၂၀၂၆ ခုနှစ်)
▪️ခြင်ကျားသည် နေ့အချိန်တွင် ပိုကိုက်သည်။
▪️ခြင်ကျားလောက်လန်းသည် ရေကြည်ရေသန့်နှင့် မိုးရေတင်ကျန်နိုင်သည့် နေရာများတွင် ပေါက်ပွါးပါသည်။
▪️ခြင်ကျားလောက်လန်းပေါက်ပွါးနိုင်သောနေရာများမှာ
- ရေသိုလှောင်နေရာများဖြစ်သည့်ရေစည်၊ ရေအိုး၊ ရေကန်များ
-ဘုရားပန်းအိုး၊ နတ်ပန်းအိုး၊ အလှပန်းအိုးများ
-မိုးရေတင်ကျန်နိုင်သည့်ဘူးခွံ၊ တာယာဟောင်းများ၊ သစ်ပင်အခေါင်းနှင့် ခုတ်ပြီးအငုတ်ကျန်ခဲ့သောဝါးဆစ်များ
▪️ခြင်ကျားအကိုက်ခံရပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်ပါသည်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
+9
မိခင်နို့စို့သော ကလေးငယ်များအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ (ဇွန်လ၊ ၂၀၂၆ ခုနှစ်)
▪️ မွေးစမှ အသက်(၆) လအထိ ကလေးငယ်များကို မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။ အခြားမည်သည့် အစားအစာ၊ ရေနှင့် အရည်မျှ မတိုက်ကျွေးရ။
▪️ ကလေးဆာသည့် အချိန်တိုင်း မိခင်နို့တိုက်ကျွေးပါ။
▪️ ကလေးအသက် (၆) လ ပြည့်ပါက ဖြည့်စွက်စာအနေဖြင့် အန္တရာယ်ကင်းပြီး အာဟာရပြည့်ဝသော အမယ်စုံ အစားအစာများကို အစပျိုးကျွေးပါ။
▪️ မိခင်နို့ကို အနည်းဆုံး ကလေးအသက် (၂) နှစ် အထိ ဆက်လက်တိုက်ကျွေးပါ။
▪️ အစားအစာများတွင် ဆားနှင့်သကြားကို အပိုဆောင်းထည့်ကျွေးခြင်း မပြုရ။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
+9
မြွေကိုက်ခံရသူအား ရှေးဦးသူနာပြုစုခြင်း (ဇွန်လ၊ ၂၀၂၆ ခုနှစ်)
▪️ မြွေကိုက်ခံရသည့် ဒဏ်ရာကို သန့်ရှင်းသောအဝတ်ဖြင့် ခပ်ဖွဖွသုတ်ပါ။
▪️လက်သုံးလုံးပတ်လည်အရွယ်ရှိ သန့်ရှင်းသော အဝတ်(သို့) ပတ်တီးကို ခေါက်၍ မြွေကိုက်ဒဏ်ရာပေါ်တွင် တင်ပါ။
▪️အဝတ်ခေါက်၏ အပေါ်တွင် ပတ်တီး (သို့) အဝတ်စဖြင့် တင်းသည်ဆိုရုံမျှ ချည်နှောင်ပါ။
▪️ပတ်တီးစည်းနှောင်ထားသော ခြေ၊ လက်အား မလှုပ်ရှားနိုင်အောင် ခြေဆစ်၊ လက်ဆစ်တို့အပေါ်၌ ဝါးခြမ်း (သို့) တုတ်ချောင်းရှည်ဖြင့် ကပ်၍ ကြိုး (သို့) အဝတ်စဖြင့် စည်းပါ။
▪️လူနာကို လှုပ်ရှားမှုလုံးဝ မပြုလုပ်စေဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။
▪️ဖြစ်နိုင်ပါက မြွေသေ (သို့) မြွေ၏ ဦးခေါင်း၊ အမြီး၊ ဝမ်းဗိုက်၊ ကျောတို့အား တယ်လီဖုန်းဖြင့် ဓာတ်ပုံရိုက်၍ ဆေးရုံသို့ ယူလာပါ။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
