en
Feedback
Some songs bring us pain along with happy memories

Some songs bring us pain along with happy memories

Open in Telegram

join with us 🫶

Show more
3 996
Subscribers
-224 hours
-167 days
-7630 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+16
in 3 channels
August '26
+32
in 1 channels
Get PRO
July '26
+28
in 4 channels
Get PRO
June '26
+36
in 1 channels
Get PRO
May '26
+79
in 3 channels
Get PRO
April '26
+33
in 2 channels
Get PRO
March '26
+61
in 2 channels
Get PRO
February '26
+47
in 2 channels
Get PRO
January '26
+84
in 4 channels
Get PRO
December '25
+95
in 3 channels
Get PRO
November '25
+98
in 1 channels
Get PRO
October '25
+166
in 3 channels
Get PRO
September '25
+290
in 4 channels
Get PRO
August '25
+186
in 2 channels
Get PRO
July '25
+297
in 5 channels
Get PRO
June '25
+184
in 7 channels
Get PRO
May '25
+137
in 4 channels
Get PRO
April '25
+295
in 5 channels
Get PRO
March '25
+135
in 6 channels
Get PRO
February '25
+182
in 7 channels
Get PRO
January '25
+427
in 2 channels
Get PRO
December '24
+620
in 7 channels
Get PRO
November '24
+2 945
in 6 channels
Date
Subscriber Growth
Mentions
Channels
08 September+3
07 September+5
06 September0
05 September+1
04 September0
03 September+3
02 September+1
01 September+3
Channel Posts
အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ဖို့ စဉ်းစားတဲ့အခါသူ့ရှေ့မှာ ကိုယ်က ပိုက်ဆံအကြောင်း ပွင့်ပွင့်လင်းလင်း ပြောလို့ရ၊ မရဆိုတာကို အရင်ဆုံး ကြည့်ပါ။ ပိုက်ဆံကိစ္စ ပြောတာနဲ့ လူတချို့က ပိုက်ဆံမက်တယ်လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ဘဝအတွက် လက်တွေ့ဆန်တဲ့အရာမို့ မက်သင့်ရင် မက်ရပါလိမ့်မယ်။ ပိုက်ဆံနဲ့ပတ်သက်ပြီး ကောင်းကောင်းမွန်မွန် ဆွေးနွေးလို့မရရင် ဒီအမျိုးသားမှာ ပိုက်ဆံ ဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက်ပဲ တော်နေပါစေ ကိုယ်နဲ့မဆိုင်ပါဘူး။ ကိုယ့်အပေါ်လည်း ကောင်းလာမှာ မဟုတ်ဘူး။ အမျိုးသားတစ်ယောက်နဲ့ ချစ်သူသက်တမ်း နှစ်နှစ်၊ သုံးနှစ် လောက် ဖြစ်နေပြီ။ဘဝမှာ တိုးတက်လာတာ၊ ဘဝနေထိုင်ပုံအဆင့်အတန်း မြင့်မားလာတာ ဘာမှမရှိဘဲ အရင်အတိုင်းပဲ ဆိုရင်... ဒီလူဟာ ကိုယ်နဲ့ မအပ်စပ်ဘူးလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုရင် "အချစ်" ဆိုတာ လူနှစ်ယောက် အတူတူချစ်ရင်း ပိုကောင်းတဲ့လူတွေဖြစ်အောင် မြှင့်တင်ပေးကြရတာမျိုးပါ။ ပျော်ခြင်းထက် မပျော်ခြင်းက ပိုများနေတယ်၊ရယ်ခြင်းထက် ငိုခြင်းက ပိုများနေတယ်၊ ဘဝက တိုးတက်ဖို့နေနေသာသာ အရင်ကထက် ပိုဆိုးသွားတယ်ဆိုရင်တော့ ဒီအချစ်ကို ဆက်ပြီး ဆွဲကိုင်ထားဖို့ မလိုတော့ပါဘူး။ ယူပြီးမှ ညှိမရတဲ့အရာတွေ အဆင်ပြေသွားမှာပါဆိုပြီး လုံးဝ မတွေးပါနဲ့။ အဲဒါ တကယ်မဖြစ်နိုင်လို့ပါ။ မယူခင်ကတည်းက တချို့အရာတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။ ပိုက်ဆံကို ဘယ်လိုစီမံမလဲ။အပြင်လောကမှာ ယူပြီးမှ မိန်းမကိုမယုံလို့ ရှာသမျှပိုက်ဆံ အမေထံအပ်ထားပြီး၊ မိန်းမက သုံးစရာရှိရင် မျက်နှာငယ်ငယ်နဲ့ သွားတောင်းနေရတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ပိုက်ဆံအကြောင်းပြောရင် နားဝင်မချိုပေမယ့်ရေရှည်အတွက် မဖြစ်မနေ တိုင်ပင်ရမယ့် အရေးကြီးကိစ္စပါ။ မူမပြောင်းရင် လူပြောင်းပါ။ အမျိုးသားတစ်ယောက်ကို ပြုပြင်ပေးဖို့ မတွေးပါနဲ့၊ မဖြစ်နိုင်ပါဘူး။ ကိုယ်ပြောတာလက်မခံနိုင်ဘူးဆိုရင် သူ့ကို ပြောင်းလဲပေးဖို့ ကြိုးစားမနေဘဲ လူသာ ပြောင်းလိုက်ပါ။ #နူးနူးအောင်

2
ကိုယ့်ကို ဒါလေးလုပ်ပေးပါ ဟိုဟာလေး လုပ်ပေးပါလို့ တောင်းဆိုရရင် ဒါဟာ အချစ် မဟုတ်ဘူး။ ချစ်တဲ့သူဟာ အခြေခံအကျဆုံး အချက်တွေကို နားလည်တယ်။ကိုယ်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အပြုအမူတွေကို အလိုလို သိတယ်။ “စိတ်ညစ်နေလို့ ဖက်ထားပေးပါ”လို့ ပြောစရာလဲ မလိုဘူး။”အလုပ်မှာပင်ပန်းလာလို့ အားပေးပါအုံး”လို့ တောင်းဆိုစရာလဲ မလိုဘူး။ မျက်နှာလေး မရွှင်ပြရုံ၊ကိုယ့်အသံလေး တိုးငြှင်းရုံ၊ကိုယ့်စိတ်ကလေး delay ဖြစ်ရုံနဲ့ “ဘာဖြစ်နေတာလဲ”မေးလာလိမ့်မယ်။ မဖြေချင်ရင်တောင် “ရပါတယ် ကိုယ်ရှိပါတယ်” ဆိုပြီး ပွေ့ဖက်ထားလိမ့်မယ်။ တကယ်လို့ မင်းဟာမင်း ဖြစ်ချင်ရာဖြစ် စိတ်မဝင်စားဘူးဆိုတဲ့ လူမျိုးဆိုရင်တော့ ဒါဟာ ကိုယ့်လူ သေချာပေါက် မဟုတ်လို့ပေါ့။ အရိုးရှင်းဆုံးတွေးကြည့်လေ၊ ကိုယ်က ချစ်နေတဲ့သူဆိုတော့ တစ်ဖက်လူ မျက်နှာလေး မကောင်းရင်တောင် မနေနိုင်မထိုင်နိုင် ဖြစ်ရတယ်မလား။ ဒါဖြင့် မချစ်ရင်ရော၊ ဒါဆို ဘာမှ မဖြစ်ဘူးပေါ့။ #tarmhyuunge
113
3
ဘယ်ဆက်ဆံရေးမှာ မဆို ကိုယ့်စိတ်ခံစားချက်အတိုင်း လိုက်ပြောင်းနေလို့ မရပါဘူး ။ ကိုယ့် Emotional ပေါ် မူတည်လို့ မရဘူး ။ ဥပမာ - စိတ်မကြည်ရင် စကားကောင်းကောင်းမပြောတာမျိုး ၊ အလုပ်က ပြဿနာကို မိသားစုအပေါ် ပုံချတာမျိုး ၊ ဒေါသစိတ်အခံနဲ့ တွေ့ကရာလူကို အပစ်လိုက်တင်မိတာမျိုးတွေပေါ့ ။ နေရာတိုင်းမှာ သူ့အကန့်နဲ့သူ ခွဲထားတတ်ဖို့ လိုပါတယ် ။ အလုပ်က ပြဿနာ အလုပ်မှာထား ၊ မိသားစုပြဿနာဟာ ချစ်သူနဲ့မဆိုင်ဘူး ၊ လင်မယားနှစ်ယောက်ကြားက ကတောက်ကဆဟာ သားသမီးတွေနဲ့ မဆိုင်ဘူး ၊ ကိုယ်စိတ်အခန့်မသင့်တိုင်း အပြစ်မရှိတဲ့သူတွေကိုပါ ဝါးလုံးရှည်နဲ့ ပတ်မရမ်းမိဖို့ သတိထားရမယ် ။ လူတိုင်းကတော့ စိတ်မကြည်ရင် အကောင်းမြင်စိတ်ထားနိုင်ဖို့က အတော်ခဲယဉ်တယ် ။ ဒါပေမဲ့လည်း ကိုယ့်စိတ်အခြေနေကို ရှေ့တန်းတင်ပြီး တစ်ဖက်လူကို နစ်နာအောင်ပြောမိတာမျိုး ၊ ဝမ်းနည်းအောင် စိတ်ထိခိုက်အောင်လုပ်မိတာမျိုး မဖြစ်ဖို့ သိပ်အရေးကြီးပါတယ် ။ ကိုယ်က စိတ်အခန့်မသင့်ချိန်မှာ ပြောမိလိုက်တဲ့စကားဆိုပေမဲ့ ကြားရသူက စိတ်ထိခိုက်သွားတာမျိုးရှိမှာပဲ ။ ဒီအချိန်မျိုးမှာ စကားတွေ မမှားဖို့ သတိထားရမယ် ။ ကိုယ့်တာဝန်ကို ကျေအောင်လုပ်တတ်ဖို့ ၊ မဆိုင်သူတွေကို မထိခိုက်မိအောင် ဘဝရဲ့အစိတ်ပိုင်းတွေကို အကန့်တွေခွဲနိုင်ဖို့ဆိုတာဟာ နေ့စဉ်သတိကပ်နေရမဲ့အရာတွေပါ ။ လူတိုင်းမှာ ရင်ဆိုင်ရတဲ့ ဘဝဆိုတာရှိတယ် … ကိုယ့်အခက်ခဲတွေကိုချည်း လှစ်ဟာပြနေပြီး ကိုယ့်ကိုနာလည်ပေးစေလိုတဲ့စိတ် ၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လိုတဲ့စိတ်ဟာ မရင့်ကျက်တာပါ ။ အဲဒီစိတ်ဟာ ကိုယ်တိုင်လည်း မအေးချမ်းသလို ဘေးကလူတွေလည်း စိတ်ထိခိုက်ရတတ်ပါတယ် ။ Self - Control လုပ်နိုင်တဲ့ အရည်ချင်းဟာ လူ့ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်တယ် ။ #TharHtwe
135
4
" Love language (၅)မျိုး" ပထမတစ်ခုကတော့ words of affirmation ပါ ကိုယ့်ချစ်သူကို နူးညံ့ညင်သာတဲ့စကားလေးတွေပြောပြီး အားပေးတာ၊အချစ်ခံရတယ်လို့ ခံစားရအောင် ချစ်ကြောင်းတွေကို စိတ်ရှည်လက်ရှည်ပြောပြတတ်တာ ဘယ်သူမှမရှိတောင် ကိုယ်အနားမှာရှိတယ်ဆိုတဲ့ စိတ်လုံခြုံမှုရမယ့် စကားလေးတွေပြောပေးတာမျိုးပါ အတွေးလွန်နေတဲ့ ချစ်ရသူကို နူးညံ့ညင်သာတဲ့ စကားချိုချိုလေးတွေနဲ့ချော့ရင်း စာတွေအရှည်ကြီးပို့တာတို့၊စကားလုံးလှလှလေးတွေဘဲရွေးပြီးပြောတတ်တာမျိုးပါ Words of affirmation က ကိုယ့်ရဲ့ Love language ဒါမှမဟုတ် ကိုယ့်ချစ်သူရဲ့ Love language ဆိုရင် အဲ့ဒီလူကို ပိုင်ဆိုင်ထားတဲ့လူက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုခံစားရပါတယ် ဒုတိယတစ်ခုက Acts of service ပါ ကိုယ့်ချစ်သူက ပစ္စည်းအလေးတွေမှရယ် မဟုတ်ဘဲ ပိုက်ဆံအိတ်တွေ၊ထီးတွေနဲ့ရှုပ်နေတဲ့ အခါ အကုန်လုံး ကိုယ်က သယ်ထားပေးတာမျိုးပါ စားသောက်ဆိုင်ရောက်တဲ့အခါ မုန့်လေးတွေ ကိုယ်က သွားယူပေးတာမျိုး သူထိုင်မယ့် ထိုင်ခုံလေးကို ဆွဲထုတ်ပေးတာမျိုးလေးတွေက Acts of service ပါ ချစ်ရသူရဲ့အကူအညီကို မတောင်းဘဲ ရတဲ့အခါ မိန်းကလေးတွေက ပိုပြီး အချစ်ခံရတယ်လို့ ခံစားရစေပါတယ် ချစ်ရသူကို ကားတံခါးဖွင့်ပေးတာ၊ဖိနပ်စီးပေးတာ၊ခြေထောက်လေးတွေနှိပ်ပေးတာ၊လမ်းကူးတဲ့အခါ အနောက်မှာဘဲထားတာမျိုး စတဲ့အပြုအမူတွေက အရမ်းကို ချစ်စရာကောင်းပါတယ် ပုစွန်အခွံနွှာပေးတာတို့၊ရေဘူးအဖုံးဖွင့်ပေးတာတို့၊တစ်ရှူးယူပေးတာတို့ စသဖြင့် အခြားသော Acts of service တွေလည်းရှိပါသေးတယ် တတိယတစ်ခုက Receiving gifts ပါ ကျွန်မပြောချင်တာ အခုမှလာမှာပါ လက်ဆောင်တွေပေးတယ်ဆိုတိုင်း အဲ့လူက သူဌေးဖြစ်နေလို့လည်း မဟုတ်ဘူး တန်ဖိုးကြီးလက်ဆောင်တွေမှရယ် မဟုတ်ဘူး ဘယ်လိုလက်ဆောင်ဘဲဖြစ်ဖြစ် ပေးချင်စိတ်ရှိတဲ့လူက ပေးတာပါဘဲ ဒါလေးကိုတွေ့လို့ မင်းသဘောကျမလားဆိုပြီး ဝယ်လာပေးတယ် အဲ့ဒီမှာ ကျွန်မတို့ မိန်းမတွေက လက်ဆောင်ရဲ့ တန်ဖိုးကို ကြည့်ကြတာ မဟုတ်ဘူး အဲ့လူရဲ့စေတနာနဲ့ဪငါ့ကိုတွေးပေး တာဘဲ ဆိုတဲ့စိတ်ကို ကြည့်ကြတာ အဲ့တာကြောင့်ဘဲ မိန်းကလေးတွေက လက်ဆောင်တွေလက်ခံရရင် ပျော်တယ်ဆိုတာ လက်ဆောင်ကြောင့် မဟုတ်ဘဲ သူတို့အတွက်ဆိုတဲ့စေတနာကြောင့်ပျော်ကြတာပါ ယောက်ျားလေးတွေလည်း အတူတူဘဲလို့တော့ ထင်ပါတယ် ချစ်ရသူကပေးတဲ့ပစ္စည်းက တန်ဖိုးကြီး Brandတွေထက် စိတ်စေတနာက ပိုပြီး တန်ဖိုးကြီးတယ်ဆိုတာကို လူတိုင်းက ပိုသဘောကျပါတယ် ။ နောက်တစ်ခုက Quality timeပါ ဘယ်ဆက်ဆံရေးမှာမဆို အတူတူရှိကြပြီဆိုရင် အချိန်ပေးရပါမယ် အချိန်မပေးနိုင်ရင် အဲ့ဆက်ဆံရေးက သေဆုံးသွားတတ်ပါတယ် ကျွန်မ အတွက်တော့ အဲ့ဒီ အချိန်မပေးနိုင်ဘူး မအားဘူး ဆိုတဲ့စကားကို အမုန်းတကာ့အမုန်းဆုံးပါဘဲ အချိန်မပေးနိုင်ရင် တစ်ယောက်ထဲဘဲနေကြပါ ရည်းစားလည်းမထားကြပါနဲ့နော် ဘာဖြစ်လို့လဲဆိုတော့ အချိန်ပေးတာက ဘယ်လောက်ထိ လူနှစ်ဦးကို ‌နီးအောင်လုပ်နိုင်လဲဆိုတာ မြင်တွေ့ခဲ့ရလို့ပါဘဲ အဲ့ဒီလိုဘဲ အချိန်မပေးတာကလည်း ဘယ်လောက်ထိ အဲ့ဆက်ဆံရေးကို ဖျက်စီးပစ်နိူင်လဲဆိုတာ ကွက်ကွက်ကွင်းကွင်းကွင်းကိုသိခဲ့ရပါတယ် ကျွန်မပြောနေကြစကားတစ်ခုပါဘဲ လူတစ်ယောက်က ၂၄နာရီလုံး မအားဘူးဆိုတာ မရှိပါဘူး အနည်းဆုံးတော့ ချစ်သူထားထားရင် တစ်နေ့ကို တစ်နာရီ၊နှစ်နာရီလောက်တော့ စကားပြောပေးရပါမယ် အဲ့လိုမလုပ်နိုင်ရင် အပြင်မှာ သွားတွေ့နိုင်ရင် သွားတွေ့လိုက်ပါ ဒါပေမယ့် စာတောင်မပို့နိုင်တဲ့လူကို အပြင်မှာလာတွေ့ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ဘူးလို့ထင်ပါတယ် Quality time ဆိုတာ နှစ်ယောက်အတူတူ ကုန်ဆုံးဖို့အတွက်ပါ အဲ့လိုအချိန်တွေ မရှိတဲ့အခါ အဲ့ဆက်ဆံရေးမှာ ပျော်ရွှင်စရာတွေလည်း နည်းလာပါလိမ့်မယ် နောက်ဆုံးတစ်ခုကတော့ Physical touch ပါ ဒါက အထိအတွေ့တွေကိုပြောတာ မှန်ပေမယ့် မဟုတ်တဲ့အထိအတွေ့တွေမဟုတ်ပါဘူး Physical touch ဆိုတာ လက်ကလေးတွဲထားတာ၊ဖက်ထားတာ၊နဖူးလေးကို ဖွဖွလေးနမ်းတာ မျိုးတွေပါ အဲ့လိုမျိုးတွေကလည်း ချစ်ရသူအတွက် အချစ်ခံရတယ်လို့ ခံစားရစေတဲ့ အရာတစ်ခုပါဘဲ Silent way of expressing loveလို့လည်း Physical touch ကို တင်စားခေါ်ကြပါတယ် .. ဒါကြောင့် ဒီ love language ၅မျိုးကို သိရင် လူတိုင်းက မတူညီတဲ့ပုံစံမျိုးနဲ့ချစ်ကြတယ်ဆိုတာကိုလည်း နားလည်လာပါလိမ့်မယ်… -သက်ထားရွှေစင်(THSS)- #ThetHtarShweSinTHSS
123
5
အခုလိုခေတ်ပျက်ကြီးထဲမှာ စလော့ဂိမ်းမဆော့နဲ့ မူးယစ်ဆေးမသုံးနဲ့ ဘဝရဲ့80%သောပြဿနာကို ဖြေရှင်းပြီးသားဖြစ်တယ် နည်းနည်းပါးပါး လေ့ကျင့်ခန်းလေးဘာလေးလုပ် အရက်သောက်တတ် ဘီယာသောက်တတ်ရင် နည်းနည်းပါးပါးသောက် အလုပ်ကို လေးလေးနက်နက်လေး စိတ်ပါလက်ပါလေးလုပ် မိသားစုကို အချိန်လေးပေး ဘာသာရေးလေး ဟိုစပ်စပ် ဒီစပ်စပ်လိုက်စား ကောင်းနေပြီ အခြေအနေတော်တော်ကောင်းနေပြီ ဒီ့ထက် အဆင်ပြေချင်ရင် ကိုကြည့်မရတဲ့သူကို ဖေ့ဘုတ်မှာ ဘလော့ထားလိုက် လမ်းမှာတွေ့ရင် မမြင်ချင်ယောင်ဆောင်နေလိုက် ကို့စိတ်ကိုပဲပြန်သုံးသပ်ပြီး အရူးတွေအကြောင်းကို အချိန်ကုန်ခံတွေးမနေနဲ့ တော်တော်နေလို့ထိုင်လို့ကောင်းတယ် အချိန်ပေးနိုင်လို့ အားရင် တရားလေးဘာလေးနာပေါ့ ..
172
6
လူတစ်ယောက်ရဲ့ Character ကို သိချင်ရင်… သူ ဘယ်စည်းကို ကျော်ရဲလဲဆိုတာ ကြည့်ပါ လောကထဲမှာ ဖြတ်သန်းလာရင်း ကျွန်တော် သဘောပေါက်လာတဲ့ သင်ခန်းစာတွေထဲမှာ တစ်ခုက “လူတစ်ယောက်ရဲ့ အဆင့်အတန်းဟာ သူ ဘာတွေပိုင်ဆိုင်ထားလဲဆိုတာထက်၊ သူ ဘာတွေကို မကျော်ဖြတ်ဘူးလဲဆိုတာက ပိုပြီးဖော်ပြပေးတယ်” ဆိုတာပါပဲ။ ဒီနေ့ခေတ်မှာ လူတော်တွေ မရှားတော့ပါဘူး။ ပညာတတ်တဲ့သူတွေ ရှိတယ်။ ငွေရှာနိုင်တဲ့သူတွေ ရှိတယ်။ ရာထူးကြီးတဲ့သူတွေ ရှိတယ်။ Follower များတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် စည်းရှိတဲ့သူကတော့ မများပါဘူး။ လူမှန်တယ်၊ လူပီသတယ်ဆိုရင် စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ် (Ethics) ရှိရမယ်။ Ethics ဆိုတာ စာအုပ်ထဲက သီအိုရီတစ်ခု မဟုတ်ဘူး။ နေ့စဉ်ဘဝမှာ ကိုယ်ဘယ်လိုပြောတယ်၊ ဘယ်လိုဆုံးဖြတ်တယ်၊ ဘယ်လိုဆက်ဆံတယ်ဆိုတာထဲမှာ ပေါ်လာတဲ့ Character ဖြစ်တယ်။ တစ်လုံးတည်းနဲ့ ပြောရရင် “စည်း” ပါပဲ။ လူ့အသိုင်းအဝိုင်းမှာ ကျင့်ဝတ်စည်းကမ်းတွေဆိုတာ အကြောင်းမဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး။ အဲဒီစည်းတွေက လူနဲ့လူကြား ယုံကြည်မှုကို ကာကွယ်ဖို့ ရှိတာ။ အဲဒီစည်းတွေက ဆက်ဆံရေးတစ်ခုကို ရေရှည်တည်တံ့စေဖို့ ရှိတာ။ အဲဒီစည်းတွေက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဖို့ ရှိတာ။ ဒီနှစ်တွေထဲမှာ လူပေါင်းများစွာနဲ့ တွေ့ဖူးတယ်။ တချို့က စကားအရမ်းပြောတတ်တယ်။ တချို့က အလုပ်အရမ်းတော်တယ်။ တချို့က ငွေအရမ်းချမ်းသာတယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့ Privacy ကို မလေးစားနိုင်ဘူး။ ကိုယ်နဲ့မဆိုင်တဲ့ နေရာကို ဝင်ရောက်စွက်ဖက်တယ်။ ကိုယ်မသိသေးတဲ့ အမှန်တရားအပေါ် သုံးသပ်ဆုံးဖြတ်တယ်။ ယုံကြည်မှုကို အလွယ်တကူ ချိုးဖောက်တယ်။ ဒီလိုလူမျိုးတွေကို မြင်တိုင်း ပိုသေချာလာတာတစ်ခုရှိတယ်။ ပညာတတ်တာနဲ့ ယဉ်ကျေးတာ မတူဘူး။ ချမ်းသာတာနဲ့ အဆင့်အတန်းရှိတာ မတူဘူး။ ရာထူးရှိတာနဲ့ Leadership ရှိတာ မတူဘူး။ Professional ဆိုတာ အလုပ်လုပ်တတ်တာကိုပဲ မဆိုလိုပါဘူး။ Professional ဆိုတာ မပြောသင့်တဲ့ စကားကို မပြောတတ်တဲ့သူ။ မကျော်သင့်တဲ့ စည်းကို မကျော်တတ်တဲ့သူ။ မဆိုင်တဲ့ကိစ္စကို မဝင်ပါတတ်တဲ့သူ။ တစ်ဖက်လူရဲ့ နေရာကို လေးစားပေးတတ်တဲ့သူ။ အဲ့ဒီလိုလူကမှ Professional အစစ်ပါ။ ကျွန်‌တော်ကတော့ လူတစ်ယောက်ကို စရွေးချယ်တဲ့အခါသူဘယ်လောက်တော်လဲ ဆိုတာထက် သူ့မှာ စည်းရှိလားဆိုတာကို အရင်ကြည့်တယ်။ ဘာလို့လဲဆိုတော့ Skill ကို သင်ပေးလို့ရတယ်။ Experience ကို တည်ဆောက်လို့ရတယ်။ Knowledge ကို လေ့လာလို့ရတယ်။ ဒါပေမယ့် Character မရှိတဲ့သူကိုတော့ ဘယ်သင်တန်းကမှ မပြောင်းလဲပေးနိုင်ဘူး။ တချို့လူတွေက “ဒီလောက်လေးပဲ” လို့ ထင်ပြီး စည်းကျော်တတ်ကြတယ်။ ဒါပေမယ့် ယုံကြည်မှုတစ်ခု ပျက်စီးဖို့ အချိန်စက္ကန့်ပိုင်းပဲ လိုတယ်။ ပြန်တည်ဆောက်ဖို့တော့ နှစ်ပေါင်းများစွာ ကြာနိုင်တယ်။ ဒါကြောင့် လူ့ဘဝမှာ သင်ယူခဲ့ရတဲ့ သင်ခန်းစာက မကျော်သင့်တဲ့ စည်းကို မကျော်ပါနဲ့။ မပြောသင့်တဲ့ စကားကို မပြောပါနဲ့ မဆိုင်တဲ့ နေရာကို မဝင်ပါနဲ့။ Respect ဆိုတာ ကိုယ်လိုချင်ရင် အရင်ပေးရတဲ့အရာ ဖြစ်တယ်။ Ethics ဆိုတာ ဘယ်သူမှ မမြင်တဲ့အချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းနိုင်တာ ဖြစ်တယ်။ Boundary ဆိုတာ တစ်ဖက်လူကို လေးစားသလို ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားတာ ဖြစ်တယ်။ နောက်ဆုံးမှာ လူတွေက သင့်အိမ်ဘယ်လောက်ကြီးလဲဆိုတာ မမှတ်မိဘူး။ သင့်ကားဘယ်လောက်ကောင်းလဲဆိုတာ မမှတ်မိဘူး ဒါပေမယ့် သင် ဘယ်လောက်စည်းရှိခဲ့လဲ သင် ဘယ်လောက်ယုံကြည်ထိုက်ခဲ့လဲ သင် ဘယ်လောက် Respect ပေးတတ်ခဲ့လဲ အဲဒါတွေကိုတော့ အချိန်ကြာသွားလည်း မမေ့ကြပါဘူး အောင်မြင်မှုဆိုတာ ငွေနဲ့တည်ဆောက်လို့ရပေမယ့် ဂုဏ်သိက္ခာဆိုတာ Respect၊ Ethics နဲ့ Boundary ကို နှစ်ပေါင်းများစွာ စောင့်ထိန်းခဲ့မှသာ တည်ဆောက်လို့ရတဲ့ အရာတစ်ခုဖြစ်ပါတယ် #Credit #ပြန်လည်မျှဝေပါတယ်
177
7
ရပ်တန့်နေတာမျိုး မဟုတ်ပေမဲ့ ရှိတာလေးတွေကိုလဲ တန်ဖိုးထားတတ်အောင် ရောင့်ရဲတင်းတိမ်တတ်အောင် သင်ယူနေပါတယ် … အရာရာခက်ခဲလှတဲ့ ဘဝကြီးမှာ အိမ်မက်သေးသေးလေးပဲ ရှိပါတော့တယ် … အလုပ်ကလေးတွေ ပုံမှန်လည်ပတ်နိုင် အောင် ကြိုးစားမယ် … ချစ်ရတဲ့သူတွေကို တက်နိုင်တာထပ် ပို ကူညီဖေးမ ပေးမယ် … ခရီးတွေ ထွက်မယ် … စာတွေ ရေးမယ် …. နောက်ပြီး လူတွေကိုလဲ ဒီထပ်ပို ခွင့်လွှတ်နားလည်ပေးမယ် … #မယ်ညို
145
8
ကိုယ့်ဆီက အလေးထားမှုကို လိုချင်နေတဲ့သူ ။ ကိုယ့်ကို အရိပ်တကြည့်ကြည့် ဂရုစိုက်နေသူ ။ ကိုယ့်ရဲ့ အချစ်ကို တောင်းတနေသူ ။ ကိုယ်နဲ့ စကားတွေအများကြီး ပြောချင်နေတဲ့သူ ။ ကိုယ်မကောင်းတာ တစ်ခုခုဖြစ်မှာ စိုးရိမ်နေတဲ့သူ ။ ကိုယ့်ကို ပျော်စေချင်တဲ့သူ ။ လူတိုင်းမှာ အဲ့ဒီလိုလူ တစ်ယောက်ရှိပါတယ် ။ သူဟာ သူစိမ်းဖြစ်ရင် ဖြစ်မယ် ၊ ဆွေမျိုးသားချင်း ၊ မိသားစုလည်း ဖြစ်ရင်ဖြစ်မယ် ။ တစ်ယောက်ယောက်ပေါ့ ။ ရင်ဘတ်ကို ကြည်ကြည်ထားပြီး နှလုံးသားကို ဖွင့်ကြည့်တဲ့အခါ မြင်ရပါလိမ့်မယ် ။ အဲ့ဒီလူက ဘာလို့ပျောက်ဆုံးနေတာလဲ ဆိုရင် ကိုယ်ဟာ ကိုယ်နဲ့ လက်လှမ်းမမီတဲ့ နေရာကို မျှော်လင့်နေတာမျိုး ၊ မကောင်းတဲ့ toxic relationship ထဲကနေ ရုန်းမထွက်နိုင်တာမျိုး ၊ အခြားအရာတွေ ဦးစားပေးပြီး ချစ်ခြင်းမေတ္တာကို လစ်လျှူရှုထားမိတာမျိုး အဲ့ဒီလို အခြေနေတွေကြောင့် မတွေ့နိုင်တာလဲ ဖြစ်တတ်ပါတယ် ။ ဘဝဟာ တိုတိုလေးပါ ။ ကိုယ့်အတွက် သီးသန့်မဟုတ်တဲ့ အရာတွေကို မမျှော်လင့်ပါနဲ့ ၊ ကိုယ်မရှိလဲ ဖြစ်တဲ့လူတွေအနားမှာ ကပ်တွယ်ပြီးစျေးကျမခံပါနဲ့ ။ လူပို တစ်ယောက်ဖြစ်ရတဲ့ ခံစားချက်ဟာ ဆိုးပါတယ် ။ ကိုယ့်ကို အသိမှတ်မပြုတဲ့သူ ၊ လေးစားမှုမရှိတဲ့သူ ၊ ကိုယ့်တန်ဖိုးကို အလေးမထားသူတွေအနား အချိန်မဖြုန်းပါနဲ့ ။ ကိုယ့်ကို တကယ်လိုအပ်သူတွေ ၊ ချစ်သူ ၊ ခင်သူတွေအနားမှာနေပြီး ရယ်မောပါ ၊ ပျော်ရွှင်ပါ ။ #TharHtwe
173
9
အရာရာဟာ ကောင်းဖို့ဖြစ်လာတာဆိုတဲ့စကားကအမှန်ပါပဲ တစ်ခါတစ်လေ အဆိုးတွေပဲကြုံတွေ့နေရတဲ့အခါ အရာရာဟာ ဒီထက်ပိုကောင်းတာလာမှာမို့ဆိုတဲ့စိတ်နဲ့ပဲ ဖြတ်ကျော်ခဲ့ရတယ်။ ဘဝကသင်ပေးတဲ့သင်ခန်းစာတွေရယ်၊လူတွေဆီကရတဲ့သင်ခန်းစာတွေရယ် သင်ယူလို့မကုန်နိုင်အောင်ပါပဲ အခုနောက်ပိုင်းတော့ တစ်ခုခုဆို ပြုံးပြုံးလေးနဲ့ Everything will be okပါလို့ပြောတတ်လာပြီ။ #ရေချယ်မိုးမြင့်
665
10
“အများကြီးတွေ သိရင် အများကြီးတွေ စိတ်ပင်ပန်းရမယ်” တဲ့။ အရွယ်ရောက်လာတဲ့အခါ ဒီစကားက တကယ်မှန်တယ်ဆိုတာကို သိလာခဲ့တယ်။ တကယ်တော့ လူတွေဟာ ငယ်ရွယ်တဲ့အချိန်မှာ ပိုပြီးပျော်ရွှင်ခဲ့ကြတာ မဟုတ်ပါဘူး၊ ငယ်ငယ်တုန်းက သူတို့ သိတဲ့အရာတွေ သိပ်မများခဲ့ကြသေးလို့ပဲ ဖြစ်ပါလိမ့်မယ်။
178
11
ဘယ်သူ့ဘယ်သူကိုမှ စိတ်မဝင်စားတော့တဲ့နေ့တွေဟာ စိတ်အပျော်ရွှင်ရဆုံးပဲ။ သူများစိတ်နဲ့ကုန်ဆုံးသွားရတဲ့အချိန်တွေက နှမြောဖို့ ကောင်းပါတယ် ။ သူများအကြောင်းတွေပဲ လိုက်တွေးရင်း ကိုယ့်ကိုယ်တိုင် ပျောက်ဆုံးသွားရတဲ့ အခြေအနေတွေကတော့ ပိုဝမ်းနည်းစရာပေါ့။ တစ်နေ့တာတွေကို ဒီစိတ်ကြီးနဲ့ပဲ ပိတ်လှောင်နေမိတာ ။ အဲ့ဒီသူက လွဲပြီး တစ်ခြားဘယ်သူနဲ့မှ communicate မလုပ်ချင်တော့ဘဲ isolated ဖြစ်လာတာ ။ သူမှသူပဲဆိုပြီး အစစအရာရာကို စိတ်ထဲ သိမ်းဆည်းထားရတာ ။ ဒါတွေဟာ ကိုယ့်အတွက်ထိခိုက်ဆုံးရှူံးရတာတွေပါပဲ။ တစ်ဖက်လူရဲ့ အပြစ်မဟုတ်ပါဘူး။ တကယ်တော့ ကိုယ်သာလျှင် အဓိက တရာခံပါ ။ကိုယ့်ကိုယ်ကိုယ် အလေးမထားဘဲ တစ်စုံတစ်ယောက်အတွက် ဘဝကိုနစ်မွန်းခံလိုက်တာ ကိုယ့်ရဲ့ညံ့ဖျဉ်းမှုပဲလေ ။ အချိန်တန်ရင် အားလုံးက ကိုယ့် ကိုယ်ကိုယ် ရွေးချယ်သွားမယ့်သူတွေချည်းပဲ။ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်ရင် နောက်ဆုံးကျ နာကျင်ရမယ့်သူ ၊ အထိအခိုက်များမယ့်သူဟာ ကိုယ်ပဲဖြစ်ရလိမ့်မယ် ။ သေချာတွေးကြည့်ရင် ကိုယ့်အတွက်မဟုတ်တဲ့အရာတွေအတွက် ကုန်ဆုံးခဲ့ရတဲ့အချိန်တွေဟာ တော်တော်လေးနှမြောဖို့ကောင်းပါတယ်။ ဘယ်သူ့ဘယ်သူကိုမှ စိတ်မဝင်စားတာ အကောင်းဆုံးပါပဲ ။ တစ်ယောက်တည်းဆိုပေမယ့် ပူပင်သောကတွေမရှိတော့သလို အနည်းဆုံးတော့ ဘယ်သူ့အတွက်နဲ့မှ စိတ်မညစ်ရဘူးပေါ့။ #OAK https://t.me/musicsepte09
177
12
တချို့ No Party, No drink, No Sex before Marriage, and No Smoke တွေရှိတယ်…ဒါကို တချို့က ပျင်းစရာကြီး မင်း ဘဝကို ပျော်ပျော်နေစမ်းပါကွာတဲ့။ အဲကျ Don’t let me affect by what you do ဆိုတဲ့ စိတ်ရှိဖို့ လိုတယ်…အဲတာတွေမလုပ်လို့ ခေတ်မမှီတာ ယောင်္ကျားမပီသတာ၊ မိန်းမ မပီသတာ မဟုတ်ပါဘူး။ ဘယ်တော့မှ တခြားသူကြောင့် ကိုယ့်ဖြစ်တည်မှု၊ ရပ်တည်မှုကို မဖျက်ဆီးလိုက်ပါနဲ့… ဘဝမှာ တန်ဖိုးမဲ့ အပျက်ဘက်သွားတာထက်၊ ပျော်ဖို့မရှိလဲ မင်းရဲ့ရပ်တည်ချက်မှာပဲ နေ…အဲတာ တန်ဖိုးပဲ ❤️ crd
191
13
" မျှော်လင့်ချက်တွေသာမထားခဲ့ရင် စိတ်ထိခိုက်စရာတွေလည်း ရှိလာမှာမဟုတ်ဘူး " ရှင်သန်လာရင်းက သိလာတာ ကိုယ်နာကျင်ရတဲ့ အရာရာတိုင်းဟာ ကိုယ့်မျှော်လင့်ချက်ကြောင့်ပဲ ။ ကိုယ့်အတွက်သူရှိနေမှာပါလို့ ထင်ခဲ့တဲ့အရာက အမြဲမှားနေတယ် … သူနဲ့အတူဆိုတဲ့ မျှော်လင့်ချက်တွေက ဘယ်တောမှ အတည်မဟုတ်ခဲ့ဘူး ။ ပျော်ရွှင်မှုတွေကို ရနေတုန်း ခံစားပြီး မပျော်တော့တဲ့နေ့တွေမှာလည်း ပြိုလဲမသွားဖို့ပဲ ကြိုးစားရမယ် ။ အများကြီးမမျှော်လင့်ပဲ ဒီနေ့အတွက်ပဲ ကောင်းကောင်းနေထိုင် ၊ ဒီနေ့မှာပဲ ချစ်ချစ်ခင်ခင်ဆက်ဆံပြီး … မနက်ဖြန်တွေဆိုတာကို မေ့ထားလိုက်တာကောင်းပါတယ် ။ မနက်ဖြန်တွေက ကြိုမမြင်နိုင်သလို ဘာတွေဖြစ်လာဦးမလဲဆိုတာ မသိနိုင်တာမို့လေ … ။ #TharHtwe
191
14
မိန်းကလေးတစ်ယောက်ကလေ သိပ်ချစ်လွန်းလို့ ... အမှားတွေကို ခွင့်လွှတ်လိုက်ရင်တောင် အဲ့ဒီအမှားတွေကို မေ့သွားဖို့ကျတော့ အတော်လေး ခက်ပါတယ် ။ တိုက်ဆိုင်မှုရှိတိုင်း အဲ့ဒီတုန်းကလေဆိုတဲ့ စကားနဲ့ နာကျင်ခဲ့ရခြင်းတွေကို ပြန်ပြန်ပြောနေမိတာဟာ တကယ်တမ်းကျတော့ စကားနာထိုးတာမဟုတ်ပဲ ... အဲ့ဒီအချိန်တွေတုန်းကလို နောက်တကြိမ် ထပ်နာကြင်ရမှာကို ကြောက်နေခဲ့တာ ။ ပြီးတော့ ... ပြန်တွေးတိုင်း အဲ့ဒီနာကျင်မှုကို ဒီနေ့အထိ ပြန်သတိရနေမိတာ ။ #ကျေးကို https://t.me/musicsepte09
201
15
အချစ်ကို စိတ်ကုန်သွားပြီ။ ချစ်တယ်၊ လွမ်းတယ်၊ သဝန်တိုတယ်၊ ရန်ဖြစ်တယ်၊ ပြန်ချစ်တယ်၊ အဲ့သံသရာက လည်လွန်းတဲ့အခါ ပင်ပန်းတယ်။ တစ်ယောက်ကို သတိရလို့ အိပ်မပျော်တဲ့ ညတွေ၊ Reply စောင့်ရတဲ့ နေ့တွေ၊ "ဘာလို့လဲ" ဆိုတဲ့ မေးခွန်းတွေနဲ့ နေရတာ တော်တော် ပင်ပန်းတာပဲ။ အေး​အေးဆေးဆေးလေး နေချင်နေတယ်။ ဘယ်သူ့ကိုမှ သတိမရဘဲ အိပ်ချင်တယ်၊ ဘယ်သူ့ Reply ကိုမှ မစောင့်ဘဲ နိုးချင်တယ်။ အချစ်မရှိလဲ ဖြစ်တယ်ဆိုတာမျိုးလေးနဲ့ ရှင်သန်ချင်တယ်၊ရပ်တည်ချင်ပါတယ်။ #love
235
16
ဘဝမှာလေ …. အိပ်ပြီလို့ ပြောရင် ဘယ်ချိန်အိပ်မှာလဲ လို့ ထပ်မေးစရာမလိုအောင် ယုံကြည်ခဲ့ရတဲ့ သူတစ်ယောက် ရှိခဲ့ဖူးတယ် ။ ဒီကိုသွားမယ် လို့ ပြောရင် သူဒီမှာရှိနေမယ် လို့ ပဲ အပြည့်အဝ ယုံကြည်လို့ရတာမျိုး ။ “ ကိုယ်သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်မှာနော် ” လို့ ပြောရင် “ ဘီယာမသောက်နဲ့နော် “ လို့ ထပ်မှာစရာမလိုတာမျိုး …. တကယ်တော့ စိတ်လုံခြုံမှုဆိုတာ အဲ့ဒီလို သေးသေးလေးတွေကနေ စပြီး တည်ဆောက်ရတာ ။ “ ဒါလေးကတော့ ဒီလောက်မဟုတ်ပါဘူး “ ဆိုပြီး ခဏခဏ ဖြစ်လာတဲ့ အခါ တစ်ဖက်သူဆီမှာ အဲ့ဒီလူအပေါ်ကို အလိုလို ယုံကြည်မှု ကင်းမဲ့သွားတာ … လူတစ်ချို့ဟာ “ ငါ့ကို ဘာလို့သံသယ ဝင်နေတာလဲ ။ ဒါလေးကို ဒီလောက်လေးကို “ လို့ပဲ အလွယ်တကူ ပြန်ပြောတတ်ကြတာ … တစ်ဖက်လူရဲ့ စိတ်မလုံရခြင်းတွေကိုတော့ နည်းနည်းလေးမှ ထည့်မတွက်ခဲ့ကြဘူး … #မယ်ညို
273
17
သူငယ်ချင်းတွေ အိမ်ထောင်ပြုဖို့ လာတိုင်ပင်ရင် ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေး ရှိတဲ့သူကိုပဲ ဦးစားပေး ရွေးလို့ အကြံပေးဖြစ်တယ် ချစ်ပေးတာ ကြင်နာတတ်တာ သစ္စာရှိပေးရတာ ယောကျ်ားဆန်တာ မိန်းမပီသတာတွေက အခြေခံလိုအပ်ချက်တွေပဲ အဲဒါလောက်မှ မရှိရင် ဒါမှမဟုတ် အဲဒါလောက်ကပဲ အားသာချက်ဖြစ်နေရင် ရေရှည်မှာ အဆင်ပြေချင်မှ ပြေမယ် ကိုယ်နဲ့ တဘဝလုံး အတူရှိရမယ့်လူရဲ့ ပင်ကိုယ်ပါလာတဲ့ ကိုယ်ရည်ကိုယ်သွေးက ဘာလဲဆိုတာ မြင်အောင် ကြည့်တတ်ရတယ် တချို့ယောကျ်ားလေးတွေဆိုရင် အိမ်မှာ ပစ္စည်းတခုခု ပျက်နေရင် ယိုယွင်းနေရင် အငြိမ်မနေတတ်ဘူး တကုတ်ကုတ် တလှုပ်လှုပ်နဲ့ ပြင်ဆင်ဖာထေးတတ်တဲ့ အကျင့်ရှိတယ် တချို့မိန်းကလေးတွေ လင်ယောကျ်ား စီးပွါးမဖြစ်ထွန်းချိန် မျက်စိသူငယ် နားသူငယ်နဲ့ အရိပ်အကဲမသိ သုံးဖြုန်းမနေတတ်ဘူး စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဝင်ငွေ ထွက်ငွေ သေချာစီမံပြီး ဘယ်လိုစီးပွါးရှာရမလဲ ဘယ်လှော်တက်နဲ့ လှော်ရမလဲဆိုတဲ့ အမြင်ရှိတယ် ဒါက ဥပမာပြောပြတာနော် ယောကျ်ားတိုင်း ပစ္စည်းပြင်ပြီး မိန်းမတွေ ငွေရှာနေဖို့ ပြောတာမဟုတ်ဘူး သူ့ကဏ္ဍနဲ့သူ အသုံးဝင်နေ အားကိုးလို့ ရနေမယ့် ပင်ကိုယ်အရည်အသွေးကိုပြောတာ အဲဒါကပဲ လူနှစ်ယောက် ပေါင်းဖက်တဲ့အခါမှာ တဖက်တလမ်းကနေ ထိုက်သင့်သလောက် သက်တောင့်သက်သာဖြစ်စေတာ အဆင်ပြေစေတာ ငါ့ယောကျ်ားက ဘာမှမလုပ်မကိုင်တတ် သုံးစားလို့မရပေမယ့် မဖောက်ပြန်ရှာပါဘူးဆိုပြီး အိမ်ထောင်ရေးသုခကို မခံစားရ ခံစားရကောင်းမှန်းမသိဘဲ ဘဝကို ခါးကျိုးတဲ့အထိ ပင်ပင်ပန်းပန်း ဖြတ်သန်းသွားရတဲ့ မိန်းမတွေရှိသလို ငါ့မိန်းမက လင်ဆို အရမ်းနိုင်ပြီး အနေအထိုင် မသန့်ရှင်း အားမကိုးရပေမယ့် ပြင်ပြင်ဆင်ဆင် နေထိုင်တတ်ရှာတယ် ချောရှာလှရှာတယ်ဆိုပြီး ထိုက်တန်တဲ့ ပါရမီဖြည့်ဖက်မျိုးမရတဲ့ ယောကျ်ားတွေလည်း ရှိတယ် အဲ့တော့ ကိုယ်က အိမ်ထောင်ပြုချင်ပြီး ကိုယ့်မှာ ရွေးချယ်နိုင်တဲ့ အရည်အချင်း အနေအထားရှိတယ်ဆိုရင် ကိုယ်လက်တွဲမယ့်သူရဲ့ ပင်ကိုယ်ဗီဇကို မြင်အောင် ကြည့်ကြပါ ရုပ်လေးလှတာ ခန္ဓာကိုယ်မိုက်တာ ဘဲကြည်တာ စော်ပတ်ပတ်လည် ဝိုင်းနေလို့ ဂုဏ်ယူရတာတွေဟာ တခဏတာအတွက်သာဖြစ်ပြီး တဘဝလုံး တအိမ်တည်း အတူနေရဖို့မှာ ပင်ကိုယ်ဗီဇနဲ့ အရည်အသွေးတွေကသာ ကိုယ်ခေါင်းမချမချင်း ခံစားစံစားရမှာပါ sakura 🌸
227
18
နှစ်များစွာတိုင် လက်တွဲလာခဲ့ပြီး ၊ သူမရှိရင် မဖြစ်တော့ပါဘူးလို့ ခံယူမိသည်ထိ ဘဝထဲ ထဲထဲဝင်ဝင် ပါဝင်ထားခဲ့သူကို … တစ်နေ့ တစ်ချိန်ကဖြစ်တဲ့ သူ့အပြုမူတစ်ခုတည်းကိုသာ ကြည့်ပြီး လုံလုံလောက်လောက် move on လုပ်နိုင်ခဲ့တာလို့ ပြောရင် ယုံမလား ။ အဲတာ မာန နဲ့ move on ခဲ့တာ .. ။ လမ်းခွဲတဲ့နေ့ ၊ လမ်းခွဲဖို့ပြောနေချိန်က သူ့ပုံစံကိုသာ ကြည့်မြင်ပြီး move on ခဲ့တာ … ။ ဒီတစ်ခေါက်ထွက်သွားပြီးရင် သေချာပေါက် ပြန်မလာတော့ဘူးဆိုတာကို သူသိနေလျက်တောင်မှ … အဲဒီနေ့က သူ့ပုံစံက တအား တည်ငြိမ်နေခဲ့တာ ။ ကိုယ်တစ်ယောက်တည်းကပဲ ဆောက်တည်ရာ ရမနေတာ ။ လမ်းခွဲဖို့ ဦးတည်နေပေမဲ့ .. တစ်ခါလောက်လေး ပြန်ဆွဲထားချင်မလားဆိုတဲ့ မျှော်လင့်ချက်က ရင်ထဲအပြည့်နဲ့ … စကားတွေကို တုန်တုန်ရီရီပြောပြီး ကိုယ့်ဘက်က မျက်ရည်တွေ အဆက်မပြတ်ကျနေခဲ့လည်း … သူကတော့ ဘာခံစားမှုမှ မပါတဲ့ မျက်နှာသေတစ်ခုနဲ့သာ တုန့်ပြန်ခဲ့တာ ။ ဒီတစ်ခါဝေးရင် တစ်သက်လုံးလွဲရတော့မှာကို သူသိနေလျက်တောင် … တစ်စက်ကလေးမှ မနှမြောတဲ့သူ ။ ရင်းနှီးထားတဲ့ အချိန်တွေ ၊ energy တွေကို ဂရုမစိုက်တဲ့သူ ။ သူ့ရှေ့မှာ အပြိုင်ဆိုင်ပြိုကျနေတဲ့ " အတူဆိုရင် .. " ဆိုတဲ့ စိတ်ကူးအိပ်မက်တွေကို အချိန်မှီ ပြန်ဖမ်းဆုပ်ဖို့ မကြိုးစားချင်တဲ့သူ ။ လမ်းခွဲကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က … အရာရာဟာ သူလိုချင်သလို ဖြစ်လာခဲ့ပြီဆိုတဲ့ စိတ်နဲ့ ကျေနပ်နေခဲ့တယ်တဲ့ သူ ။ အဲဒီအချိန်မှာ ကိုယ်ကောင်းကောင်းသိလိုက်တာ တစ်ခုက … သူငါ့ကို မချစ်ဘူးဆိုတာပဲ ။ တူနဲ့ရှိစဉ်က အရင်ချိန်တွေကို စေ့စေ့တွေးပြီး .. ရေးရေးမြင်ကြည့်တဲ့အခါ .. သူဟာဘယ်တုန်းကမှ ကိုယ့်အတွက် ကောင်းမွန်တဲ့ လက်တွဲဖော် ဖြစ်မနေခဲ့ဘူး ဆိုတာ သေချာသိလာတယ် ။ သူဟာ အမြဲ ရပ်နေခဲ့တာ .. ။ ကိုယ်ကသာ ပြေးထွက်လိုက် ပြန်လာလိုက် .. ကိုယ်ပဲ စိတ်ဆိုး ၊ ကိုယ်ပဲ ပြန်ဖြေ … ကိုယ်ကပဲ သူ့ဆီရောက်ဖို့ကြိုးစား ၊ သူ့အနားနေဖို့ အပင်ပန်းတွေ ခံနေလည်း .. သူကတော့ သူ့ဘဝနဲ့သူ ပုံမှန်လည်ပတ်နေခဲ့တာ ။ " တစ်နေ့ကျရင် ငါတို့အတူ " ဆိုတဲ့ စိတ်ကူးအိပ်မက်တွေဟာ ကိုယ့်တစ်ဖက်တည်းက ထားခဲ့ရမှန်း သိလာခဲ့တော့တယ် ။ ကိုယ့်အတွက်ဆို အပျင်းကြီးတဲ့သူ ။ ကိုယ့်ကို ပျော်စေဖို့ဘယ်တုန်းကမှ မကြိုးစားဖူးခဲ့တဲ့သူ ။ ကိုယ့်အတွက် စေတနာမရှိတဲ့သူ ။ ဒါကို သူ့ပုံစံအတိုင်းလေးပဲ ချစ်တတ်တာပါဆိုတဲ့ စကားနဲ့ လိမ်ညာခဲ့တာ ။ သူရဲ့ သူ့ပုံစံအတိုင်းဆိုတဲ့ စစ်မှန်ရိုးသားမှုဟာ ကိုယ့်အတွက်တော့ ရက်စက်လွန်းခဲ့ပါတယ် ။ ကိုယ့်ဆီကကျ ကောင်းတာတွေ လိုချင် ၊ ကိုယ့်ကို ပြုပြင်စေချင်ပြီး … သူကျတော့ ငါ့ကဒီလိုပဲ နေတတ်တယ် လက်ခံလိုက် ဆိုတဲ့စိတ်မျိုးနဲ့လူ ။ အချစ်ခံရတာကိုသာ ကြိုက်နေခဲ့ပြီး … အခြားသူကို ဘယ်လိုပြန်ချစ်ရမလဲ သူမသိခဲ့ဘူး ။ ဒါမှမဟုတ် ကိုယ့်မို့လို့ မသိတာလည်း ဖြစ်မှာပဲ ။ ကိုယ့်ဆီက ရရင် ရသလောက်သာ အမြတ်ထုတ်ခဲ့ပြီး .. အချစ်ကို စျေးတွက်နဲ့ ချိန်ဆခဲ့တဲ့သူ ။ အဲဒီနေ့က သူ့ပုံစံကို ကြည့်ရင်း … ကိုယ်ဟာ တစ်ချိန်လုံးမှာ အဆိပ်တောက် ဆက်ဆံရေးထဲ ပိတ်မိနေတာကို သိခဲ့တယ် ။ စောင့်နေသူမရှိတဲ့ အရပ်ကို ကိုယ်ပဲ သွားပြီ .. ကိုယ်တစ်ဦးတည်း ပြန်လာခဲ့ရတယ် ။ အဲဒီချိန်မှာတော့ သူ့ကို ပြန်ရရင်တောင် မလိုချင်တော့ဘူး ။ သူများဆွဲထားဦးမလားဆိုတဲ့ မျှော်လင့်ချက်တွေဟာ အနှေးပြကွက်နဲ့အတူ ဦးနှောက်ထဲရော ရင်ဘတ်ထဲမှာပါ မှိန်ဖျော့သွားခဲ့တယ် ။ ကြောက်သွားတယ် .. ရွံသွားတယ် ။ ဒီလူဆီက ကိုယ့်ကိုယ်ကို ကယ်တင်ဖို့သာ တွေးမိတော့တယ် ။ လမ်းခွဲခြင်းဟာ blessings လို့ပဲ အထပ်ထပ် ရေရွတ်မိတယ် ။ " ငါမလုပ်နိုင်တာကို နင်လုပ်သွားတာ " လို့ပဲ အထပ်ထပ်ပြောနေမိတယ် ။ တကယ်လို့များ လမ်းခွဲမဲ့နေ့က သူ့မျက်ရည်တွေမြင်ရရင် ထွက်ပြေးလွတ်မြောက်ခါနီးမှာ ကိုယ်ဟာ အဲဒီကြိုးနဲ့ ထပ်ညှိမိဦးမှာ ။ ခုချိန်မှာတော့ သူ့အတွက် ပင်ပန်းခဲ့တာတွေကို ရပ်ပြီး ကိုယ့်အတွက်ပဲ ပြန်ရပ်တည်တော့မယ် ။ ကိုယ့်ကိုယ်ကို ပြန်ချစ်မယ် ။ သူ့ကြောင့် ဖြစ်တဲ့ဆောက်တည်ရာမရတဲ့ စိတ်တွေဟာ ငြိမ်သက်သွားပြီး ။ ဝဋ်ကြွေးတွေလည်း ကျေသွားပြီ ။ သူ့နဲ့ တွဲမှတ်ထားတဲ့ သီချင်းတွေကြားတိုင်း .. ရေမွှေးနံ့တွေရတိုင်းလည်း သူဆိုတဲ့စိတ်နဲ့ တုန်လှုပ်မနေမိတော့ပဲ .. တော်ပါသေးရဲ့ ကံကောင်းလို့ပေါ့ .. ဒီသီချင်းနှင့်ဒီရေမွှေးနံ့တွေကို တစ်ဘဝလုံးစာ စွဲလမ်းမသွားခဲ့လို့ ဆိုပြီးတော့သာ တွေးမိတော့တယ် ။ ကျေးဇူးတင်တယ် … အဆုံးသတ်ထိ စေတနာမဲ့စွာ ရက်စက်ပေးခဲ့လို့ ။ တစ်စက်ကလေးမှ မငဲ့ညာခဲ့လို့ ။ လမ်းခွဲတဲ့နေ့က " မင်းမရှိလည်း ဘာမှမဖြစ်ဘူး " ဆိုတဲ့ ကိုယ့်မာနနဲ့ ပြောခဲ့တဲ့စကားကို ကိုယ်တည်ဖို့ ကြိုးစားနေခဲ့တာ ။ တကယ်လည်း ကိုယ်တည်ခဲ့ပါတယ် ။ ဒီစာသားအားလုံးဟာ ချစ်ခြင်း မုန်းခြင်းကင်းပါတယ် ။ ငါ့ဘဝနဲ့ငါ ပျော်နေပါပြီ .. မင်းလည်း အဆင်ပြေပါစေ ။ #TharHtwe
211
19
ကိုယ့်ဆီကို လာရကောင်းမှန်းမသိတဲ့ ယောကျ်ာ:တစ်ယောက်ဆိုရင် လက်လွှတ်လိုက်တဲ့ ။ ဒီစကားကို တစ်နေရာရာမှာ ကြားဖူးတယ်။ ကိုယ်ကချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် မိန်းကလေးသာ ဖြစ်တာ အလျော့ပေးချင်တယ်၊ညှိနှိုင်းချင်တယ်၊ဘာမှမဟုတ်တဲ့ပြဿနာတွေနဲ့ အငြင်းမပွါးချင်ဘူး ၊ကတောက်ကဆ တွေမဖြစ်ချင်ဘူး ။ ဒါကြောင့် ချစ်ခင်ရတဲ့ သူအပေါ်လည်း ဘယ်သူကစပြီး ခေါ်ရတယ်၊ဘယ်သူကစပြီး ညှိနှိုင်းရတယ်၊ ဘယ်သူကအရင် ကျေအေးပေးရတယ်ဆိုတာတွေကို သိပ်မတွေးနေဘူး ။ ပြေလည်ကြဖို့က အဓိကပဲဆိုတဲ့စိတ်နဲ့ အမြဲဖြေရှင်းတတ်တဲ့လူပေါ့။ ဒါပေမဲ့ ကြာလာတော့မှ သိလာတာဟာ ယောကျ်ာ:တစ်ယောက်က ကိုယ်နဲ့ ပြဿနာဖြစ်လို့၊ကတောက်ကဆ ဖြစ်လို့ ၊ ဝေးကွာနေကြလို့ ၊ အဆင်မပြေကြတော့တဲ့အခါ ကိုယ့်ဘက်က ထွေထွေထူးထူး ပြ-စ်မှုကျူ:လွန်ထားတာမဟုတ်ရင် အဲ့ယောကျ်ာ:ကိုသာ ကိုယ်နဲ့နီးစပ်ဖို့ ကြိုးစားခွင့် ကိုယ့်ဆီကို လာဖို့ရွေးချယ်ခွင့် သူ့ကိုသာပေးလိုက်ဆိုတာပဲ ။ အချစ်ရေးမှာ မိန်းကလေးတွေဘက်က ကြိုးစားအားထုတ်မှုဆိုတာ အရာမရောက်တဲ့ကြိုးစားအားထုတ်မှုတွေပါပဲ ။ တကယ်လည်း ဘဝအတွက်ရွေးမဲ့လက်တွဲဖော် ယောကျ်ာ:တစ်ယောက်ဆိုတာ တာဝန်ယူတတ်တဲ့၊ရင့်ကျက်တဲ့ ၊ ကိုယ့်ကို သူ့ဘဝရဲ့အဓိက နေရာတစ်ခုမှာထားပေးနိုင်ပြီး အလေးပေးတတ်တဲ့ သူမျိုးမှာ ကိုယ့်ဘဝအတွက်ရွေးချယ်ဖို့ အဆင်ပြေတာ။ အဲ့လိုမဟုတ်ဘဲ တစ်ခုခုဆို အကြောင်းပြချက်မျိုးစုံနဲ့ ကိုယ့်ထက်အရေးကြီးတာတွေပဲ သူ့ဘဝမှာ စီတန်းနေပြီး ကိုယ့်အတွက်တော့ဆင်ခြေတွေ ပဲ ရှိနေတဲ့ ယောကျ်ာ:တစ်ယောက်ဆိုရင်တော့ လက်လွှတ်ခံလိုက်ပါ။ တစ်ခါတလေ မိန်:မတွေက တွေးတတ်တယ်လေ ။ သူက ဒီလိုဖြစ်နေပေမဲ့ ငါ့ဆီကို မလာပေမဲ့ မပြောပေမဲ့ ငါ့ကိုချစ်မှာပါ ငါ့ကို သတိရနေမှာပါဆိုတာမျိုး နိုးနော် … သူတို့ရဲ့သဘာဝကိုက သူတို့လိုချင် လာလိမ့်မယ်၊သူတို့ပြောချင် ပြောလိမ့်မယ်၊ အဲ့လိုမဟုတ်ခဲ့ဘူးဆိုကတည်းက ကိုယ့်က နေရာမှန်လူမှန်မှာရောက်မနေလို့ပဲ ကိုယ့်ဆီလာရကောင်းမှန်းမသိတဲ့သူ ကိုယ်နဲ့နီးစပ်ဖို့ ကြိုးစားရကောင်းမှန်းမသိတဲ့ သူ ပြေလည်ဖို့ ညှိနှိုင်းချင်စိတ်မရှိတဲ့လူမျိုးဆိုရင် လက်လွှတ်လိုက်တာက အကောင်းဆုံးပဲ #Nayvel
158
20
နီးစပ်ဖို့ effortထုတ်ချင်တဲ့လူနဲ့ပဲ တွေ့ဆုံပါ ။ ကျွန်တော်တို့ဟာ ဘဝမှာ အခြေခံလိုအပ်ချက်တွေဖြည့်နေရတာရယ်၊ ဘဝတက်လမ်းအတွက်ရုန်းကန်နေရတာရယ်ကြောင့် အသက်အရွယ်တစ်ခုကိုရောက်လာတဲ့အခါ ဆက်ဆံရေးတွေကို လွယ်လွယ်မတည်ဆောက်ချင်တော့ပါဘူး။ Mid life crisis တွေမှာ တာဝန်ဝတ္တရားတွေနဲ့ပင်ပန်းလာတဲ့ လူငယ်တွေဟာ တာဝန်အသစ်တွေ ထပ်မယူချင်တော့တာ ဘယ်သူ့အပြစ်မှတော့ မဟုတ်နေပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုမျိုး တာဝန်ကြီးကြီးမားမားတွေယူပြီး မကြိုးစားချင်သေးတာကလည်း တစ်ဖက်လူအပေါ် ကိုယ့်စိတ်ကအဲ့ဒီလောက် မလေးနက်သေးလို့ပါ ။ အဲ့ဒါကြောင့်လည်းကျွန်တော်တို့ကအကြောင်းပြချက်တွေရှာပြနေမိတာဖြစ်မယ် အဲ့ဒီလိုပဲ ကိုယ့်အပေါ်မှာ effortမထုတ်ချင်တဲ့လူကလည်းအကြောင်းပြချက်တွေအများကြီးပေးလိမ့်မယ် ။ကိုယ်နဲ့နီးစပ်ဖို့အကြောင်းပြချက်ထက် အတည်တကျမဖြစ်ဖို့အကြောင်းပြချက်တွေကပဲ ပိုများနေလိမ့်မယ်။ အလုပ်ကပြောင်းရဦးမှာမို့၊ကျောင်းဆက်တက်စရာရှိသေးလို့၊နိုင်ငံပြောင်းရဦးမှာမို့ စတဲ့ဘဝအတွက်အရေးကြီးနေတာနဲ့ပဲ လူတစ်ယောက်ကို တော်ရုံသင့်ရုံ သဘောကျရင်တောင် မဖြစ်သေးပါဘူး ရှေ့မတိုးတာကပိုကောင်းပါတယ်ဆိုပြီး ရပ်တန့်လိုက်ကြပါတယ်။ ကျွန်တော်တို့ကိုသိပ်သဘောမကျတဲ့လူတွေဆိုလည်းအဲ့လိုပဲရပ်လိုက်မှာပါ ကျွန်တော်တို့လည်းအဲ့လိုပါပဲ။ ဒါဟာ ကျွန်တော်တို့ဟာ အဲ့ဒီလူကို အရမ်းစိတ်ဝင်စားမှု မရှိသေးလို့ပါ ။ သူနဲ့အပေါ်ယံ အဆင်ပြေချင်လည်းပြေမှာပေါ့ဆိုတဲ့ ခပ်ပေါ့ပေါ့ဆက်ဆံရေးကိုပဲ တည်ဆောက်ချင်ရုံမို့ ဒီဆက်ဆံရေးအပေါ် effort မထုတ်ကြတာပါ။ အလုပ်မအားလို့မတွေ့တော့ဘူး ၊မဆက်သွယ်တော့ဘူး စသဖြင့် ခံစားချက်ကိုထိန်းလို့ရသလောက်ထိန်းကြည့်ကြတာပေါ့။ ဘဝမှာကိုယ်တိုင်လည်း အဲ့ဒီလိုလုပ်လို့ရသေးရင် အဲ့ဒီလူနဲ့ထပ်မတွေ့ပါနဲ့ ဘာလို့ဆို ဒီဆက်ဆံရေးကို ကိုယ်တိုင်လည်း လေးလေးနက်နက်မရှိနေသေးလို့ပါ။ ကိုယ့်ကိုအဲ့ဒီလို bare minimum တွေလောက်ပဲပေးတဲ့လူရှိရင်လည်း ထပ်မတွေ့ပါနဲ့။ဒါကလည်း တစ်ဖက်က နီးစပ်ဖို့ကြိုးစာ:ရလောက်တဲ့အထိ စိတ်ရင်းအမှန်မဟုတ်သေးလို့ပါ။ အဲ့ဒီလိုမဟုတ်ဘဲ အချင်းချင်း တကယ်စိတ်ဝင်တစားနဲ့ သူနဲ့နီးစပ်ဖို့ တစ်လှမ်းချင်းလှမ်းသွားပြီး နီးစပ်ဖို့ကြိုးစားအားထုတ်ချင်လောက်တဲ့လူနဲ့ပဲတွေ့ပါ ။ ကိုယ်တိုင်လည်းအဲ့လိုလူကိုရှာပါ။အဲ့ဒီလိုမဟုတ်ရင်တော့ ဘဝရဲ့ တခြားအရေးတွေမှာပဲအာရုံစိုက်ထားပါဦး။ဘာလုပ်မှာလဲ အချိန်တန်ကိုယ်လမ်းကို သွားကြမယ်မှန်းသိနေတဲ့အစားတော့ ကိုယ့်ဘဝကိုပဲ အကောင်းဆုံးပုံဖော်ပါဦး။ #Nayvel
152