en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

Create with OMERA

Create with OMERA

Open in Telegram

Create smarter with AI DM @pyaesone_8989

Show more

📈 Analytical overview of Telegram channel Create with OMERA

Channel Create with OMERA (@glowandcode_51) in the Burmese language segment is an active participant. Currently, the community unites 23 267 subscribers, ranking 1 297 in the Art & Design category and 6 096 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 23 267 subscribers.

According to the latest data from 08 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -395 over the last 30 days and by -10 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 20.04%. Within the first 24 hours after publication, content typically collects 5.37% reactions from the total number of subscribers.
  • Post reach: On average, each post receives 4 663 views. Within the first day, a publication typically gains 1 250 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 11.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Create smarter with AI DM @pyaesone_8989”

Thanks to the high frequency of updates (latest data received on 09 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Art & Design category.

23 267
Subscribers
-1024 hours
-1427 days
-39530 days
Posts Archive
AI ခေတ်မှာ နောက်မကျန်ခဲ့ချင်ရင်၊ ပိုက်ဆံရှာချင်ရင် ဒီ Skill (၃) ခု မဖြစ်မနေ လိုတယ်ဗျ AI Tool တွေကတော့ နေ့တိုင်းလိုလို အသစ်ထွက
AI ခေတ်မှာ နောက်မကျန်ခဲ့ချင်ရင်၊ ပိုက်ဆံရှာချင်ရင် ဒီ Skill (၃) ခု မဖြစ်မနေ လိုတယ်ဗျ AI Tool တွေကတော့ နေ့တိုင်းလိုလို အသစ်ထွက်နေတာ။ ဒါတွေကို လိုက်မှတ်နေရုံနဲ့တော့ ပိုက်ဆံမရဘူးဗျ။ ဒီတော့ ဘာတွေလိုလဲ ကြည့်ရအောင်။ (1) AI Orchestration (AI ကို ခိုင်းတတ်၊ ပေါင်းစပ်တတ်တဲ့ စွမ်းရည်) အခု ၂၀၂၆ မှာတော့ Prompt Engineering က Basic ဖြစ်သွားပြီဗျ။ အခုလိုတာက AI Orchestration။ ဒါက ဘာလဲဆိုတော့ AI တစ်ခုတည်းကို မေးနေတာမျိုး မဟုတ်တော့ဘဲ၊ AI Tool မျိုးစုံကို ချိတ်ဆက်ပြီး ကိုယ်လိုချင်တဲ့ result ထွက်အောင် ဖန်တီးတာမျိုးဗျ။ ဥပမာ - မြန်မာပြည်က SME လုပ်ငန်းရှင်တစ်ယောက်အတွက် Marketing လုပ်ပေးချင်တယ်ဆိုပါစို့။ Idea ထုတ်ဖို့အတွက် AI တစ်ခုသုံးမယ်။ ထွက်လာတဲ့ စာသားကို မြန်မာမှုပြုဖို့ နောက် AI တစ်ခုနဲ့ ပြန်ညှိမယ်။ Poster ဆွဲဖို့ Image Gen AI သုံးမယ်။ Video လုပ်ဖို့ နောက် Tool တစ်ခုနဲ့ ချိတ်မယ်။ ဒီလိုမျိုး မတူညီတဲ့ AI တွေကို Orchestra တစ်ယောက်လို ဟန်ချက်ညီညီ ပေါင်းစပ်ခိုင်းနိုင်တဲ့ Skill ရှိမှသာ သူများနဲ့မတူတဲ့ Quality ထွက်ပြီး ဈေးကောင်းတောင်းလို့ရမှာဗျ။ Command ရိုက်တတ်ရုံနဲ့ မလုံလောက်တော့ဘူး၊ Process တစ်ခုလုံးကို မြင်တတ်ဖို့ လိုလာပြီဗျ။ (2) Domain Expertise + Critical Thinking (ကိုယ့်နယ်ပယ်ကို ကျွမ်းကျင်မှု + ဝေဖန်ပိုင်းခြားနိုင်မှု) ဒါက တော်တော်များများ မေ့နေကြတဲ့ အချက်ဗျ။ AI က ကုဒ်ရေးပေးနိုင်တယ်၊ စာရေးပေးနိုင်တယ်။ ဒါပေမဲ့ "ဘာရေးရမလဲ" ဆိုတာကိုတော့ ကိုယ့်လူတို့က ဆုံးဖြတ်ရမှာ။ ကိုယ့်လူက Programmer ဆိုရင် System Architecture ကို နားလည်မှ AI ရေးပေးတဲ့ Code က အမှိုက်လား၊ ရွှေလား ခွဲခြားတတ်မှာ။ ကိုယ့်လူက Graphic Designer ဆိုရင် Art Theory ကို နားလည်မှ AI ထုတ်ပေးတဲ့ပုံကို ပြန်ပြင်နိုင်မှာ။ မြန်မာနိုင်ငံမှာ AI နဲ့ ပိုက်ဆံရှာမယ်ဆိုရင် "AI Expert" သက်သက် လုပ်မနေပါနဲ့။ AI + Education AI + Content Creation AI + Digital Marketing ဆိုပြီး ကိုယ်ပိုင်နယ်ပယ် (Domain) တစ်ခုခုမှာ ကျွမ်းကျင်အောင်လုပ်ထားပါ။ အဲ့ဒီကျွမ်းကျင်မှုကို AI နဲ့ ပေါင်းလိုက်တဲ့အခါ ကိုယ့်လူက ဆရာတစ်ဆူ ဖြစ်သွားလိမ့်မယ်။ AI က Tool ပဲရှိသေးတယ်၊ Master ကတော့ ကိုယ့်လူတို့ ဖြစ်ရမှာဗျ။ (3) AI Adaptability & Ethics (ပြောင်းလဲမှုကို ချက်ချင်းလိုက်မီခြင်း နဲ့ ကျင့်ဝတ်) ၂၀၂၆ မှာ နည်းပညာက မနက်နဲ့ ညတောင် မတူတော့ဘူး။ ဒီတော့ အရေးကြီးဆုံးက Unlearn & Relearn ပဲ။ အရင်သိထားတာတွေအပြင် အသစ်ကို ချက်ချင်းသင်ယူနိုင်တဲ့ Skill ဗျ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက အခုမှ AI တွေ တွင်တွင်ကျယ်ကျယ် စသုံးလာကြတာဆိုတော့ တချို့က လိမ်ညာတာတွေ၊ Deepfake တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိလာကြတယ်။ ဒီနေရာမှာ ကိုယ့်လူတို့က Ethical User အဖြစ် ရပ်တည်နိုင်ရင် ယုံကြည်မှုပိုရမယ်။ Client တွေက ယုံကြည်ရတဲ့သူကိုပဲ အလုပ်အပ်ချင်ကြတာဗျ။ ဥပမာ - သူများပုံတွေ ခိုးသုံးတာမျိုးမဟုတ်ဘဲ၊ ကိုယ်ပိုင် Idea နဲ့ ဖန်တီးထားတဲ့ Original Content မျိုးတွေ၊ Data Privacy ကို လေးစားတဲ့ ဝန်ဆောင်မှုမျိုးတွေက ရေရှည်မှာ ပိုပြီး ပိုက်ဆံရှာလို့ကောင်းပါလိမ့်မယ်။ နောက်ဆုံးပြောရရင်ဗျာ... AI ဆိုတာ ရထားတစ်စင်းလိုပဲဗျ။ ရထားက ထွက်နေပြီ။ ကိုယ့်လူတို့က ရထားပေါ် လိုက်စီးမလား၊ ဒါမှမဟုတ် ဘူတာရုံမှာ ကျန်ခဲ့ပြီး ရထားကြီးကို ငေးကြည့်နေမလား။ အခုပြောခဲ့တဲ့ (၃) ချက်ဖြစ်တဲ့ AI တွေကို ပေါင်းစပ်သုံးတတ်တာ၊ ကိုယ်ပိုင်နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်တာ၊ အမြဲတမ်း လေ့လာသင်ယူနေတာ... ဒါတွေသာ ရှိထားရင် ၂၀၂၆ မှာ ကိုယ့်လူတို့အတွက် အခွင့်အလမ်းတွေက ပေါမှပေါပဲ။ ဆိုတော့ ဒီနေ့ပဲ ကိုယ်ဘာကို အားသန်လဲ ပြန်စဉ်းစားပြီး AI နဲ့ စတင် ပေါင်းစပ်လိုက်ကြရအောင်ဗျာ။ Let's rock with AI! 🚀

Capcut User တွေရှိကြလားခ
Anonymous voting

TikTok မှာ ဆရာကျဖို့ TikTok Algorithm အကြိုက်ဆုံး Niche Strategy အရင်တုန်းကတော့ Brand တွေ၊ Creator တွေက "စုံပလုံစိ" တင်မှ လူက
TikTok မှာ ဆရာကျဖို့ TikTok Algorithm အကြိုက်ဆုံး Niche Strategy အရင်တုန်းကတော့ Brand တွေ၊ Creator တွေက "စုံပလုံစိ" တင်မှ လူကြိုက်များမယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့အခုခေတ် TikTok Algorithm က အဲ့လိုမဟုတ်တော့ဘူးဗျ။ သူက "Niche" (ခေါင်းစဉ်တစ်ခုတည်း/ ပုံစံတစ်မျိုးတည်း) သွားတဲ့လူတွေကို ပိုသဘောကျတယ်။ ဥပမာ - 🌍 တစ်ကမ္ဘာလုံးက လူတွေကြည့်နေတာ ✨ သခွာသီးချဉ် (Pickles) ပဲ ထိုင်လုပ်ပြနေတဲ့ ဘဲကြီး @ logan လိုမျိုး။ ✨ လမ်းထောင့်တွေကို ကွေ့ပြတဲ့ Video တွေချည်းပဲ ရိုက်တင်တဲ့ @ thetarlov လိုမျိုး။ ✨ ဒါမှမဟုတ် လမ်းဘေးခုံတန်းမှာထိုင်ပြီး ခေါက်ဆွဲပြုတ်စားရင်း လူတွေကို အင်တာဗျူးလုပ်နေတဲ့ Ramen Brand လိုမျိုးပေါ့။ "ဟာ... တစ်မျိုးတည်းလုပ်နေရရင် ပျင်းစရာကြီး၊ ဘောင်ခတ်သလို ဖြစ်မနေဘူးလား" လို့ ကိုယ့်လူတို့ မေးချင်မေးမယ်။ အဖြေကတော့
"No"
ပါဗျာ။ ဒါက ကိုယ့်ကို လူတွေကြားထဲမှာ ထင်းခနဲဖြစ်သွားစေပြီး Viral ဖြစ်ဖို့ အသေချာဆုံး နည်းလမ်းပဲ။ ဘာလို့လဲဆိုတော့... 💖(1) Algorithm က ကိုယ့်ကို သဘောကျသွားမယ် TikTok Algorithm ဆိုတာ ရှင်းရှင်းလင်းလင်းရှိတာကို ကြိုက်တယ်ဗျ။ ကိုယ်က ဘာအကြောင်း ပြောနေလဲဆိုတာ သူက ရှင်းရှင်းလင်းလင်း သိမှ ကိုယ့် Content ကို စိတ်ဝင်စားမယ့်သူတွေဆီ တန်းပို့ပေးနိုင်မှာ။ Reach တွေ တက်လာဖို့ ဒါက အဓိကပဲ။ 💖(2) Fan အမာခံတွေ ရလာမယ် ကိုယ့်ဆီလာရင် ဘာရမယ်ဆိုတာ ပရိသတ်က ကြိုသိနေတော့ မျှော်နေကြပြီလေ။ ဥပမာ - Tech Review ပဲ လုပ်မယ်ဆိုရင် ဖုန်းအသစ်ထွက်တိုင်း ကိုယ့်လူတို့ဆီ ပြေးကြည့်ကြမှာ။ ယုံကြည်မှု (Trust) တည်ဆောက်ပြီးသား ဖြစ်သွားတာပေါ့။ 💖(3) ဘောင်ခတ်ထားမှ Idea အလန်းတွေ ထွက်တာ ဒါက Paradox ပဲဗျ။ ခေါင်းစဉ်တစ်ခုတည်းအောက်မှာ ဘာလုပ်ပြရမလဲ စဉ်းစားရတာက ကိုယ့်ရဲ့ Creativity ကို ပိုပြီး စိန်ခေါ်ရာရောက်တယ်။ ကိုယ်ရွေးထားတဲ့ Niche ထဲမှာပဲ လူတွေမထင်ထားတဲ့ ပုံစံတွေ ဖောက်ထွက်ပြီး လုပ်ပြလို့ရတယ်လေ။ 💖(4) Personal Branding အတွက် ရှယ်မိုက်တယ် "သြော်... ဟို စာအုပ်အကြောင်းပဲ ပြောတဲ့ ကောင်မလေးလား"၊ "ဟို ဆေးနည်းတွေပဲ ပြောပြတဲ့ အစ်ကိုကြီးလား" ဆိုပြီး လူတွေက ကိုယ့်ကို တန်းမှတ်မိသွားမယ်။ ကိုယ့် Identity က ခိုင်မာသွားရော။ 💖(5) Content လုပ်ရတာ ခေါင်းမရှုပ်တော့ဘူး ဒီနေ့ ဘာတင်ရမလဲ၊ ဟိုဟာတင်ရမလဲ ဒီဟာတင်ရမလဲ ခေါင်းစားနေစရာ မလိုတော့ဘူးဗျာ။ ကိုယ့် Format အတိုင်း တောက်လျှောက်သွားရုံပဲဆိုတော့ စဉ်းစားချိန်သက်သာတယ်၊ Shooting လုပ်ရတာ ပိုမြန်တယ်။ 💖(6) Viral ဖြစ်ဖို့ ပိုလွယ်တယ် လူတိုင်းကြိုက်အောင် လုပ်ထားတာထက် Community တစ်ခုကိုပဲ Target ထားတာက ပိုပြီး ထိရောက်မှုရှိတယ်။ ကိုယ့် Video က အဲ့ဒီ Community ထဲမှာ ပြန့်သွားပြီဆိုတာနဲ့ တန်းပြီး Viral ဖြစ်ဖို့ လွယ်သွားပြီ။ ဆိုတော့ကာ... Topic တစ်ခုတည်းသွားတာက ပျင်းစရာကောင်းလား? ကောင်းချင် ကောင်းမယ်။ ဒါပေမဲ့ ထိရောက်လား? သေချာပေါက်ပဲဗျ!! ကိုယ့်လူတို့ရော TikTok မှာ ဘယ်လို Niche နဲ့ ဖောက်ထွက်ဖို့ စဉ်းစားထားလဲ?

Video တွေတင်ပြီး View မတက်ရင် ဒါလေးအရင်ပြင်ကြည့် ဒီနေ့တော့ ကျွန်တော် အရင်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြန်share ပေးချင
Video တွေတင်ပြီး View မတက်ရင် ဒါလေးအရင်ပြင်ကြည့် ဒီနေ့တော့ ကျွန်တော် အရင်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြန်share ပေးချင်တယ်ဗျ။ Content Creator လုပ်နေတဲ့ လူငယ်တွေအတွက်တော့ တကယ့်ကို အသက်ပါပဲ။ ဖြစ်ပုံက ဒီလိုဗျာ... အရင်က ကျွန်တော့်ဆီမှာ Client တစ်ယောက်ရှိတယ်။ သူ့အတွက် Video အသစ်တွေ ၁၀ ပုဒ်လောက် ဖန်တီးပြီး တင်ပေးတယ်။ Script တွေ၊ ရိုက်ချက်တွေ အကုန်ကောင်းတယ်။ ဒါပေမဲ့... Performance က တက်မလာဘူးဗျ။ View တွေ၊ Click တွေက အီလည်လည်နဲ့ တန့်နေရော။ အဲဒီမှာ ကျွန်တော် တစ်ခုပဲ ပြောင်းလုပ်လိုက်တယ်။ Video တစ်ခုလုံးကို ပြန်ရိုက်တာ မဟုတ်ဘူးနော်။ Thumbnail လေး တစ်ခုတည်းကိုပဲ ပြောင်းလိုက်တာ။ အဲ့နောက် CTR (Click-Through Rate) က ၄၇% တောင် ထိုးတက်သွားပါလေရောဗျာ။ Hook ကြောင်းလည်း မဟုတ်ဘူး၊ Offer ကြောင့်လည်း မဟုတ်ဘူး၊ Script ကြောင့်လည်း မဟုတ်ဘူးနော်။ Video မဖွင့်ခင် မြင်ရတဲ့ ပုံလေးတစ်ခုကြောင့်ပဲ။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတော့ - 🔷 အသံပိတ်ပြီး Scroll နေကြလို့ပါ YouTube တို့ Facebook တို့ သုံးတဲ့သူအများစုက ဖုန်းကို Silent နဲ့ ပွတ်နေကြတာများတယ်ဗျ။ ဆိုတော့ ကိုယ့် Video ရဲ့ Thumbnail က ပထမဆုံး Hook (ဆွဲဆောင်မှု) ပါပဲ။ ပုံမြင်မှ စိတ်ဝင်စားပြီး အသံဖွင့်နားထောင်ကြတာကိုး။ 🔷 "ဒါ ငါ့အတွက်ပဲ" လို့ ချက်ချင်းသိစေတယ် မြင်လိုက်တာနဲ့ ဒါက ဘယ်သူတွေအတွက်လဲ၊ ဘာအကြောင်းလဲဆိုတာ ချက်ချင်း Visual နဲ့ ဆွဲဆောင်နိုင်ရမယ်ဗျ။ 🔷 အရမ်းကြီး လှနေဖို့ မလိုပါဘူး ဒီအချက်က အရေးကြီးတယ်ဗျ။ ဒီဇိုင်းတွေ အရမ်းမိုက်နေမှ၊ အရောင်တွေ စုံနေမှ ကောင်းတာ မဟုတ်ဘူး။ တစ်ခါတလေကျတော့ Raw ဖြစ်တဲ့၊ သဘာဝကျကျ ရိုးရှင်းတဲ့ Thumbnail တွေက ပိုပြီး View ရတတ်တယ်။ လူတွေက ကြော်ငြာမှန်းသိသာတာထက်စာရင် Native ဖြစ်တာမျိုးကို ပိုကြိုက်ကြတယ်လေ။ ဒါကြောင့် ကိုယ့်လူတို့လည်း Content တွေလုပ်တဲ့အခါ Headline (ခေါင်းစဉ်) ကို အချိန်ပေး စဉ်းစားသလိုမျိုး Thumbnail ကိုလည်း သေချာအချိန်ပေးပြီး စမ်းသပ်ကြည့်စေချင်တယ်ဗျ။ Video တစ်ပုဒ် ပေါက်မပေါက်က အဲဒီ ပုံလေးတစ်ပုံပေါ်မှာ မူတည်နေတတ်လို့ပါ။

Movie Recap လုပ်မလား? AI Movie ဖန်တီးမလား? AI နဲ့ Edit မလား? Ai နဲ့ editing အပိုင်းမှာဘယ်လိုအားဖြည့်လို့ရလဲဆိုတဲ့ Topic နဲ့ YouTube video လေး ဒီနေ့လာပါမယ်ခင်ဗျ🔥 Video မတင်ဖြစ်တာ တစ်လလောက်တောင် ကြာသွားတယ်ဗျ။ အဲ့ဒီအတွက်လည်း အားလုံးကို တောင်းပန်ပါတယ်။ 🙏 ဒီည Video မှာ ဘာတွေပါမလဲဆိုတော့... Video Editing Skill သိပ်မရှိရင်တောင် AI ကိုသုံးပြီး Movie Recap တွေကို ဘယ်လိုမိုက်အောင် ဖန်တီးမလဲ? 🤖 AI Movie တွေကို ဘယ်လိုထုတ်မလဲ? 📝 AI + Edit တွဲပြီး ဘယ်လို မြန်မြန်ဆန်ဆန် Edit မလဲ? 🤖 AI + Movie Recap လုပ်ပြီး Channel ဘယ်လို Run မလဲ? စတဲ့ အကြောင်းအရာတွေကို အစုံလင်ဆုံးဖြစ်အောင် ပြောပြပေးထားပါတယ်။ Content Creator လုပ်မယ့်သူတွေ၊ AI နဲ့ Video ဖန်တီးချင်သူတွေ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ Video လေးပါ။💯 ⏳ ဒီည (၉) နာရီ အတိမှာ YouTube မှာ လာပါမယ်ဗျ။ See you guys!

ကိုယ့် Idea တွေကို သူများအရင် ဦးသွားမှာ ကြောက်နေလား?" ဟိုတစ်နေ့က Post တစ်ခုအောက်မှာ Brother တစ်ယောက် ဒီလိုလာမေးထားတာ‌လေး ဖြေပ
ကိုယ့် Idea တွေကို သူများအရင် ဦးသွားမှာ ကြောက်နေလား?" ဟိုတစ်နေ့က Post တစ်ခုအောက်မှာ Brother တစ်ယောက် ဒီလိုလာမေးထားတာ‌လေး ဖြေပေးချင်ပါတယ်ဗျ။ "ကိုယ့် content idea တွေကို သူများကအရင် လက်ဦးသွားမှာကို ကြောက်တဲ့စိတ်ကို ဘယ်လို ကိုင်တွယ်ရမလည်း အကို" တဲ့။ ဒီမေးခွန်းကိုဖတ်ပြီး ကျွန်တော် ပြုံးမိတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်စလုပ်တုန်းကလည်း ဒီလိုပဲ တွေးခဲ့ဖူးလို့ပါ။ ကိုယ့်မှာ Idea လေးတစ်ခုရလာပြီဆိုရင် "ဟာ... ရှယ်ပဲ၊ ဒါလေးလုပ်လိုက်ရင်တော့ ပေါက်ပြီ" ဆိုပြီး တွေးတယ်။ ပြီးရင် မလုပ်ဖြစ်သေးဘဲ အချိန်ဆွဲနေရော။ အဲ့ဒီအချိန်မှာ တခြားတစ်ယောက်က ကိုယ်စဉ်းစားထားတဲ့ Topic နဲ့ ဆင်တူတာလေး တင်လိုက်တာမြင်ရင် "သွားပါပြီ... ငါ့ Idea တော့ ပါသွားပြီ" ဆိုပြီး စိတ်ဓာတ်ကျဖူးတယ်ဗျ။ တကယ်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး Content Creator တစ်ယောက်အနေနဲ့ လက်ခံထားရမဲ့ အမှန်တရား Truthနဲ့ ဖြေရှင်းနည်း Method ဆိုပြီး (၂) ပိုင်းရှိပါတယ်။ (1) အမှန်တရား (Truth) ပွင့်ပွင့်လင်းလင်းပြောရရင် "Idea is Cheap, Execution is King" ပါ။ Idea ဆိုတာ ပေါပါတယ်၊ တကယ်လက်တွေ့လုပ်ဆောင်မှု (Execution) ကသာ တကယ်တန်ဖိုးရှိတာပါ။ ကမ္ဘာပေါ်မှာ လူဦးရေ (၈) ဘီလီယံရှိတယ် မြန်မာမှာဆို ၅၅သန်းရှိတယ် အဲ့ထဲမှာ ကိုယ်စဉ်းစားမိတဲ့ Idea ကို တခြားတစ်နေရာက လူတစ်ယောက်ကလည်း ထပ်တူစဉ်းစားမိနေနိုင်ပါတယ်။ ဒါပေမဲ့... "ဘယ်သူပြောလဲ" ဆိုတာက "ဘာပြောလဲ" ဆိုတာထက် ပိုရေးကြီးပါတယ်။ ဥပမာ - ကြက်သားဟင်းချက်နည်း Idea ချင်းတူရင်တောင် စားဖိုမှူးတစ်ယောက်ချင်းစီရဲ့ လက်ရာက မတူသလိုပေါ့။ ကိုယ့်လူတို့ရဲ့ audience က ကိုယ့်ရဲ့ အမြင်၊ ကိုယ့်ရဲ့ တင်ပြပုံ၊ ကိုယ့်ရဲ့ အသံနေအသံထား (Unique Voice) ကို သဘောကျလို့ Follow လုပ်ထားကြတာပါ။ ဒါကြောင့် Topic တူသွားရင်တောင် ကိုယ့်ရဲ့ Flavor ကိုယ့်လက်ရာပါနေသရွေ့ အဲ့ဒါ ကိုယ့် Content ပါပဲ။ (2) ဘယ်လိုကိုင်တွယ်မလဲ (Method) ဆိုတော့... ဒီကြောက်စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ။ ✅မြန်မြန်လုပ်ပါ (Speed of Implementation) Idea ရလာရင် အကြာကြီး မသိမ်းထားပါနဲ့။ ချက်ချင်း အကောင်အထည်ဖော်ပါ။ စုံလင်ပြည့်စုံမှ တင်မယ်ဆိုပြီး စောင့်နေရင် သူများ ဦးသွားပါလိမ့်မယ်။ "Done is better than perfect" ပါ။ ✅ကိုယ့်အမြင်ကို ထည့်ပါ (Add Your Perspective) သူများက ကိုယ်စဉ်းစားထားတဲ့ Topic ကို တင်လိုက်ပြီဆိုပါစို့။ စိတ်မပူပါနဲ့။ အဲ့ဒီ Topic ပေါ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်၊ ကိုယ့်ရဲ့ အတွေ့အကြုံ၊ ကိုယ့်ရဲ့ သုံးသပ်ချက်ကို ထည့်ပြီး ပြန်ရေးပါ။ ဒါဆိုရင် အဲ့ဒီ Content က အသစ်ပြန်ဖြစ်သွားပါပြီဗျ။ ✅Document လုပ်ပါ အသစ်အဆန်းကြီး ဖန်တီးဖို့ ကြိုးစားနေမယ့်အစား ကိုယ်လေ့လာနေတာတွေ၊ ကိုယ်လုပ်နေတာတွေကို မျှဝေတဲ့ ပုံစံမျိုး (Documenting Journey) သွားကြည့်ပါ။ ဒါဆိုရင် ကိုယ့်အကြောင်းဖြစ်တဲ့အတွက် ဘယ်သူမှ လိုက်တုလို့ မရတော့ဘူးဗျ။ နောက်ဆုံးအနေနဲ့ ပြောချင်တာက... Idea အခိုးခံရမှာ မကြောက်ပါနဲ့။ ကိုယ့် Idea ကို ကိုယ်တိုင် အကောင်အထည် မဖော်မိလိုက်မှာကိုပဲ ကြောက်ပါ။ ကိုယ့်ခေါင်းထဲမှာ ဘာ Idea တွေ ရှိနေလဲ။ သူများ ဦးမသွားခင် အခုပဲ စလုပ်လိုက်ပါဗျာ။ 🤔

Content Creator အများစု Script ရေးတဲ့အခါ ဒီလိုအမှားလေးတွေလုပ်နေတုန်းဆိုတာတွေ့ရတယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဒီလိုပါပဲ။
Content Creator အများစု Script ရေးတဲ့အခါ ဒီလိုအမှားလေးတွေလုပ်နေတုန်းဆိုတာတွေ့ရတယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဒီလိုပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၆) လလောက် Youtube အတွက် AI System တစ်ခုကို အချိန်ပေး တည်ဆောက်ပြီးတဲ့နောက်မှာတော့ ကျွန်တော် နားလည်သွားတာ တစ်ခုရှိတယ်။ ⛔ အရင်က Script ရေးခဲ့တဲ့ ပုံစံ ခေါင်းပေါက်မတတ် အကြံထုတ်ရ၊ ရေးလိုက်ဖျက်လိုက်လုပ်ရ၊ ပြင်ရတာနဲ့တင် အချိန်တွေကုန်။ ရလဒ်ကဘာလဲဆိုတော့ ကံကောင်းမှ တစ်လကို Video တစ်ပုဒ်လောက်ပဲ ထွက်နိုင်တာဗျ။ ✅ တွေ့ရှိခဲ့တဲ့နည်းလမ်းသစ်: နာမည်ကြီး Creator တွေရဲ့ Video ပေါင်းများစွာကို လေ့လာ AI ကိုအသုံးချပြီး အဆင့် (၅) ဆင့်ပါတဲ့ System တစ်ခုကို ကျွန်တော်တည်ဆောက်လိုက်တယ်။ ဒါကပဲ အပြောင်းအလဲပဲ ဖြစ်သွားတယ်။ (1) Hook Architecture Video ဖွင့်ပြီး ၃ စက္ကန့်အတွင်းမှာ ကြည့်တဲ့သူ ထွက်မသွားအောင် ဆွဲထားနိုင်ဖို့လိုတယ်။ Viral ဖြစ်တဲ့ Video ပေါင်းသောင်းချီကို AI ကို ပေးလိုက်ပြီး လေ့လာခိုင်းလိုက်တဲ့အခါ လူတွေရဲ့ စိတ်ကို လှုပ်ရှားစေမယ့် "Proven Triggers" တွေကို သူက ထုတ်ပေးနိုင်လာတယ်။ (2) Story Structure AI က သူ့အလိုလိုဆိုရင်တော့ ဇာတ်လမ်းသွားကို နားမလည်ဘူးဗျ။ ဒါကြောင့် သူ့ကို Setup (အစပျိုးတာ)၊ Conflict (ပြဿနာ)၊ Resolution (ဖြေရှင်းချက်) ဆိုပြီး အချိတ်အဆက်မိမိ စနစ်တကျရေးတတ်အောင် ကျွန်တော် Prompt တွေနဲ့ ခိုင်းထားလိုက်တယ်။ (3) Value Density Youtube က လိုရင်းတိုရှင်းနဲ့ Value ပါတာကို ကြိုက်တယ်။ ကျွန်တော့် System မှာတော့ စက္ကန့် ၃၀ တိုင်းမှာ ကြည့်ရကျိုးနပ်တဲ့ အနှစ်သာရ တစ်ခုခုပါကို ပါရမယ်။ ရေလာမြောင်းပေးတွေ၊ အပိုဖြစ်နေတာတွေ မပါဘူး။ Pure Value သက်သက်ပဲဗျာ။ (4) Engagement Triggers Comment တွေများပြီး Viral ဖြစ်တဲ့ Video တွေကို ပြန်ပြီး Analyzeလုပ်ကြည့်လိုက်တယ်။ Video ရဲ့ Script တိုင်းမှာ မေးခွန်းမေးတာတွေ၊ Challenge လုပ်တာတွေ၊ ငြင်းချင်စရာအချက်တွေကို စနစ်တကျ ထည့်သွင်းထားမှ Engagement တက်တာကိုး။ ဒါကို AI နဲ့ System ချလိုက်တယ်။ (5) Algorithm Optimization Script တိုင်းကို Youtube Algorithm သဘောကျအောင် Keyword တွေ ဘယ်နားထည့်မလဲ၊ ကြည့်ရှုချိန် (Retention) ကြာအောင် ဘယ်လိုဆွဲထားမလဲ၊ Subscribe လုပ်ဖို့ (CTA) ကို ဘယ်အချိန်မှာ ထည့်ပြောမလဲဆိုတာကအစ စနစ်တကျ ဖြစ်သွားပြီဗျ။ ရလဒ်ကတာ့...အရင်က ၈ နာရီလောက် တစ်ခါတလေတစ်ရက်လုံးအချိန်ပေးရတဲ့ Script တွေက အခု ၂ နာရီ ၃နာရီလောက်နဲ့ ပြီးသွားပြီ။ အဓိကအချက်က မြန်ရုံတင် မဟုတ်ဘူးဗျ၊ Script Quality ကပါ ပိုကောင်းလာတာ။ လူတော်တော်များများက AI က တီထွင်ဖန်တီးနိုင်စွမ်း (Creativity) ကို အစားထိုးလိုက်မယ်လို့ ထင်နေကြတယ်။ မှားပါတယ်ဗျာ။ AI ဆိုတာ ကိုယ့်ရဲ့ စနစ်တကျ တွေးခေါ်နိုင်စွမ်းကို ပိုအားဖြည့်ပေးမယ့်အရာပါပဲဗျ။ Youtube မှာ အောင်မြင်နေတဲ့ Creator တွေမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ အဲ့ဒါက System ရှိတာပါပဲ။ ဒါကြောင့် ကိုယ့်လူတို့လည်း Script တွေကို ရိုးရိုးကြီး ထိုင်ရေးနေတာ ရပ်လိုက်ပြီး... ကိုယ့်အတွက် အလုပ်တွင်မယ့် "Script System" တစ်ခု စတင်တည်ဆောက်ကြပါတော့လို့ အကြံပေးချင်ပါတယ်ဗျာ။

Transform the uploaded logo into a premium 3D app icon. Icon shape: rounded square app icon with smooth corners. Surface: gla
+1
Transform the uploaded logo into a premium 3D app icon. Icon shape: rounded square app icon with smooth corners. Surface: glassy, polished, slightly curved top surface. Lighting: soft studio lighting with realistic highlight reflection on the top-left. Material: high-gloss glass + plastic blend. Logo style: - White 3D logo centered - Slight extrusion with smooth rounded edges - Matte white finish with soft gray shadows - Clean bevel, no sharp edges Depth & realism: - Subtle depth, not exaggerated - Professional Apple App Store style - Minimal, luxury, futuristic tech look
ခု edit လုပ်နေရင်းနဲ့ ‌ထုတ်ထားတဲ့ prompt လေးတော်တော်အသုံး၀င်မယ်ထင်တယ်ခ editing app မှာကိုယ်တိုင် 3d icon ပြောင်းရင် step တွေအများကြီးလုပ်ရတယ် Ai နဲ့ဆို 1 click ဘဲ 😜 လိုအပ်ရင်ယူသုံးကြပါညီကိုတို့

Video Editor တစ်ယောက်အနေနဲ့ Level Up ချင်ရင် ဒီ (၃) ချက်ကို အခုပဲ မေ့ပစ်လိုက်! Video Editing လုပ်ပြီး Personal Brand တည်ဆောက်
Video Editor တစ်ယောက်အနေနဲ့ Level Up ချင်ရင် ဒီ (၃) ချက်ကို အခုပဲ မေ့ပစ်လိုက်! Video Editing လုပ်ပြီး Personal Brand တည်ဆောက်နေတာပဲဖြစ်ဖြစ်၊ Freelance အလုပ်ရှာနေတာပဲဖြစ်ဖြစ် လူတိုင်းပေးနေကျ "ဂျင်း" အဟောင်းတွေကို ခေါင်းထဲက ထုတ်ပစ်ဖို့ အချိန်တန်ပြီဗျ။ ❌ ဒီ (၃) ချက်ကို ဆက်လုပ်နေရင်တော့ ကိုယ့်လူတို့ ပင်ပန်းရုံပဲ ရှိမယ်.. ၁။ Quality မကောင်းလည်း နေ့တိုင်းသာတင် (Please stop! အမှိုက်တွေ နေ့တိုင်းတင်နေလို့ ဘယ်သူမှ လာမကြည့်ဘူးဗျ) ၂။ English လို Technical Term ကြီးတွေ သုံးမှ ဆရာကျမယ် (ဖတ်တဲ့သူ နားမလည်ရင် ကျော်သွားကြမှာပါပဲဗျ) ၃။ အရေအတွက်များရင် ရပြီ (အများကြီးတင်တိုင်း Viral မဖြစ်ပါဘူးဗျာ) ဒါဆို ဘာလုပ်ကြမလဲ? ကျွန်တော်တို့ Editor တွေအနေနဲ့ လူစိတ်ဝင်စားမှုရဖို့၊ Client ရဖို့ဆိုရင် ဒီ Strategy (၅) ခုကို ပြောင်းသုံးကြည့်ဗျ။ 💖 (1) သူတို့ ဖြစ်ချင်တဲ့ ပုံရိပ် (Identity) နဲ့ ချိတ်ဆက်ပါ Video Editing skill သက်သက်ကိုပဲ ရောင်းမနေပါနဲ့။ ဒီ Skill ရှိရင် ဘယ်လို Lifestyle ရနိုင်လဲ၊ ဘယ်လို Cool ဖြစ်တဲ့ Creator မျိုး ဖြစ်လာနိုင်လဲဆိုတဲ့ "အိပ်မက်" ကို မြင်အောင်ပြပါ။ ကိုယ့် Brand ဟာ သူတို့ဖြစ်ချင်တဲ့ ပုံစံတစ်ခု ဖြစ်နေရင်‌ကာင်းပါတယ်။ 💖 (2) မေးခွန်းထုတ်ပါ၊ အဖြေပေးပါ (Solve Problems) ကိုယ့်ရဲ့ Audience (သို့) Client တွေ ဘာအခက်အခဲရှိနေလဲ? "CapCut မှာ Transition ဘယ်လိုလုပ်လဲ?" "Color Grading ဘယ်လိုစလဲ?" ဒါတွေကို AI tools တွေသုံးပြီး Research လုပ်ပါ။ ပြီးရင် သူတို့ပြဿနာကို ဖြေရှင်းပေးမယ့် Content မျိုး ဖန်တီးပါ။ ဒါမှ တန်ဖိုးရှိမှာဗျ။ 💖 (3) Content ကို ဗျူဟာကျကျ တင်ပါ စိတ်ကူးပေါက်ရာ လျှောက်မတင်ပါနဲ့ဗျာ။ ကိုယ့် Content က ဘာအတွက်လဲ ခွဲခြားပါ။ လူသိများချင်လို့လား? (Demand Creation) Course ရောင်းချင်တာလား/ Client ရှာချင်တာလား? (Conversion) ကိုယ့်ကိုအမြဲကြည့်နေတဲ့ Follower တွေအတွက်လား? (Loyalty) ရည်ရွယ်ချက်ရှိရှိ တင်မှ ထိရောက်မှာပါဗျ။ 💖(4) ရှင်းလေ ကောင်းလေပါပဲ Video Editing ဆိုတာ နည်းပညာဆန်ပါတယ်။ ဒါပေမဲ့ ရှင်းပြတဲ့အခါ ၅ တန်းကျောင်းသားတစ်ယောက် နားလည်လောက်တဲ့အထိ ရိုးရှင်းအောင် ပြောပါ။ လိုအပ်ရင် AI tools တွေသုံးပြီး စာကို ချောအောင်ပြင်ပါ။ စကားလုံးလှဖို့ထက် နားလည်လွယ်ဖို့က ပိုအရေးကြီးတယ် ကိုယ့်လူတို့။ 💖 (5) Visual Storytelling (ဒါက ကိုယ့်ကွင်းပဲလေ) ကျွန်တော်တို့က Video Editor တွေ၊ Visual သမားတွေဗျာ။ စာတွေကြီးပဲ ရေးမနေနဲ့။ မျက်စိထဲမြင်အောင် Graphic တွေ၊ Video တွေနဲ့ ပြပါ။ ကိုယ်တည်းဖြတ်ပေးလိုက်တဲ့ Video တစ်ပုဒ်ကြောင့် သူတို့ Product ဘယ်လိုလန်းသွားလဲဆိုတာ မြင်အောင်ပြနိုင်မှ ဆရာကျတာဗျ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့... မျက်စိမှိတ် ဇွတ်တင်နေမယ့်အစား plan ချပြီး သွားကြမယ်။ ရှုပ်ထွေးတာတွေကို ရှောင်မယ်။ လူတိုင်းနဲ့ အဆင်ပြေမယ့် ပုံစံခွက်ကြီးထဲက ရုန်းထွက်ပြီး ကိုယ့်ရဲ့ Unique ဖြစ်တဲ့ ပုံစံကို ရှာဖွေကြပါစို့ဗျာ။

💖Video Content တွေဖန်တီးတာနဲ့ ပတ်သက်ပြီး ဆရာကြီးတွေ ပြောမပြတဲ့ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်💖 အဲ့ဒါကတော့... "AI ရှိနေပါစေဦး
💖Video Content တွေဖန်တီးတာနဲ့ ပတ်သက်ပြီး ဆရာကြီးတွေ ပြောမပြတဲ့ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်💖 အဲ့ဒါကတော့... "AI ရှိနေပါစေဦး၊ Professional ကျတဲ့ Shot တစ်ခုရဖို့က ခင်ဗျားရဲ့ Skill ပေါ်မှာပဲ မူတည်နေတုန်း" ဆိုတာပဲဗျ။ Social Media ပေါ်မှာ လူအများစု ပြောနေကြတာက...
"AI သုံးလိုက်ရင် ရတာပဲ၊ Video ဖန်တီးရတာ လွယ်လွယ်လေး" "ကင်မရာတစ်လုံးရှိရင် လူတိုင်း Creator ဖြစ်နိုင်ပြီ" "Video Production ဆိုတာ Simple ဖြစ်တာပဲ အေးဆေးပဲ" ... ဆိုပြီးတော့ပေါ့။
ဒါပေမဲ့ လက်တွေ့မြေပြင်မှာ အဲ့ဒီလောက် မလွယ်ကူဘူးဗျ။ ဥပမာ- ရိုးရိုးရှင်းရှင်း Kitchen Scene လေးတစ်ခုရိုက်ချင်တယ်ဆိုရင်တောင် အဲ့ဒီ Shot လေးတစ်ခုရဖို့ နောက်ကွယ်မှာ ဘာတွေလုပ်လိုက်ရလဲ သိလား? ✅(1) အရင်ဆုံး အခန်းထဲက အပေါ်ဘပ်မှာတပ်ထားတဲ့ Overhead lights တွေ အကုန်လိုက်ပိတ်ရတယ်။ အဲ့ဒီမီးတွေက ကိုယ်ရိုက်မဲ့ Shot အတွက်အဆင်မပြေဘူးလေ။ ✅(2) အပြင်ကနေ Pro မီးကြီးထိုးပြီး သဘာဝနေရောင်ရအောင် အတုဖန်တီးရတယ်။ ✅(3) မျက်နှာကြက်ကို Bounce Light လုပ်ပြီး နောက်ထပ်အလင်းရအောင်လုပ်ရတယ်။ ✅(4) အလင်းရောင် ပျော့ပျော့လေးနဲ့ လှနေအောင် အဝတ်ဖြူတွေခံပြီး Diffuse လုပ်ရတယ်။ ✅(5) သဘာဝကျတဲ့ အရိပ်တွေထွက်လာအောင် အပြင်မှာ သစ်ကိုင်းတွေ၊ အပင်တွေ လိုက်ရှာပြီး နေရာချရတယ်။ ✅(6) Cinematic Feel ရအောင် Haze (မြူမှုန်) တွေ မှုတ်ရတယ်။ ဒီလို ရိုးရှင်းပါတယ် ဆိုတဲ့ Shot လေးတစ်ခုတည်းအတွက်တောင် Technical ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက် (၆) ခုလောက် ချလိုက်ရတယ်ဗျာ။ ဒါတောင် Color Grading နဲ့ Exposure ချိန်တာတွေ မပါသေးဘူးဗျ။ ဒီနေရာမှာ တော်တော်များများ သတိမထားမိကြတဲ့ အချက်က... 💖 ကိုယ့်ခေါင်းထဲမှာ လိုချင်တဲ့ပုံစံကို ဖော်ပြနိုင်ဖို့ဆိုတာ ဒီလို Technical ဗဟုသုတတွေ ရှိမှ ဖြစ်မှာ။ 💖 AI က ခင်ဗျားကို ဘယ်မီးက ဘယ်နားထားပါလို့ လာပြောပြမှာ မဟုတ်ဘူး။ 💖ကိုယ့်ရိုက်ချက်က ဘာလို့ ကြည့်မကောင်းလဲဆိုတာ Ai က ထောက်ပြနိုင်မှာ မဟုတ်ဘူး။ 💖 Video တစ်ခုရဲ့ Mood ကို ဘယ်လိုဖန်တီးမလဲဆိုတာ AI က သင်ပေးမှာ မဟုတ်ဘူးဆိုတာပဲဗျ။ ဆိုတော့ ၂၀၂၆ မှာ Video လောကရဲ့ အမှန်တရားက ဒါပဲဗျ... 💖 Quality ကောင်းချင်ရင် ကျွမ်းကျင်မှု (Expertise) လိုအပ်နေတုန်းပဲ။ 💎Shot တိုင်းမှာ Technical ဆုံးဖြတ်ချက်တွေ အများကြီး လိုနေတုန်းပဲ။ 💡 Lighting (အလင်းအမှောင်) သဘောတရားကို နားလည်ဖို့လည်း Shortcut ဆိုတာမရှိဘူးဗျ။ AI ဆိုတာ Tool တစ်ခု သက်သက်ပဲ၊ ဒီလို Skill တစ်ခုကိုတော့ လုံးဝ အစားထိုးလို့ မရဘူး။ ဆိုတော့ ကိုယ့် Skill တွေကို ဖြည့်နိုင်သမျှ ဖြည့်ထားကြပါဗျ။ ဒါမှမဟုတ် ကျန်တော်နားရှိတဲ့ course တွေကနေ Skills တွေဖြည့်ချင်ရင်တော့ DM @Pyaesone_8989 လာခဲ့ဗျာ 🤪

💖350k +(100kတန် Course Free)💖 2+1 ကို💖 150k‌💖 လျှော့ဈေးနဲ့25ရက်နေ့ နောက်ဆုံးနော် ညီကိုတို့💖

Repost from Create with OMERA
. နှစ်သစ်ကူးလျှော့ဈေးအနေနဲ့✅ 📱Davinci Resolve Basic to Advance Course ကို 350k to 150k လျှော့ဈေး (ဒါ့အပြင် 100k တန် Tiktok Automation + Ai course 🎁 gift )
Davinci Resolve Course ထဲပါမဲ့အကြောင်းအရာ 💖Audio edit နည်း 💖Davinci Resolve Basic  💖Davinci Resolve 3d editing  💖Spline / Key frame အကြောင်း  💖3d edit with 3d model  💖3d edit with usdz 3d model  💖Blender + Davinci တွဲသုံးနည်း  ect... Lesson video update ကတော့အမြဲတမ်း ရှိနေမှာ ဖြစ်နေမှာပါဗျ။
ဒါတွေအပြင်
💖YouTube channel တစ်ခုစထောင် နည်း 💖Monetization ရရှိအောင်  လုပ်ဆောင်ရမယ့်အချက်တွေနဲ့ 💖မြန်မာနိုင်ငံက‌နေ Tryမယ့်သူ‌တွေအတွက်Service ဘယ်လိုအပ်ရလဲဆိုတဲ့  အကြောင်းအရာတွေအထိ ပါပါမယ်
ဒါတွေအပြင် 100k တန် Gift ထဲမှာ
Japan Region Tiktok အကောင့်ဖွင့်နည်း
Tiktok Psychology ,hook အကြောင်းပိုပြီ တော့ Details ကျကျလေးပါမယ်
ပြီတော့ ကျန်တော်ကိုယ်တိုင် Tiktok မှာ 9ရက်အတွင်း Follower 12k ရအောင်ဘယ်လိုလုပ်ခဲ့လဲ ဆိုတဲ့အကြောင်းရာတွေအပါအ၀င်
💖Ai movie Recap 💖Copy paste Content 💖Ai content Writing 💖Ai Design & Image Generation 💖Ai video Creation 💖 Aligh Motion Basic Course
ဆိုတော့ 450k တန်ဖိုးရှိတဲ့ Package + High quality editing skill တွေကို 350k+100k 150k✅ ထဲနဲ့ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ DM သာလာခဲ့ပါဗျာ 😜

💖350k +(100kတန် Course Free)💖 2+1 ကို💖 150k‌💖 လျှော့ဈေးနဲ့25ရက်နေ့ နောက်ဆုံးနော် ညီကိုတို့💖

ChatGPT က မကောင်းတာလား? ကိုယ်ရေးတဲ့ Prompt က လိုနေတာလား? 💖 ChatGPT ကို ခိုင်းလိုက်တိုင်း ကိုယ်လိုချင်တာနဲ့ တောင်ရောက်မြောက်ရ
ChatGPT က မကောင်းတာလား? ကိုယ်ရေးတဲ့ Prompt က လိုနေတာလား? 💖 ChatGPT ကို ခိုင်းလိုက်တိုင်း ကိုယ်လိုချင်တာနဲ့ တောင်ရောက်မြောက်ရောက် လွဲနေတယ်ဆိုရင်တော့ "ChatGPT က သိပ်မမိုက်ပါဘူးကွာ" လို့ မပြောခင် ဒီအချက်လေးတွေကို အရင် Check ကြည့်လိုက်ပါဗျ။ 💖 တကယ်တမ်း အဖြေကောင်းမထွက်လာတာက ကိုယ့်လူတို့ရေးလိုက်တဲ့ Prompt မှာ ဒီအမှား (7) ခု ပါနေလို့ ဖြစ်နိုင်ပါတယ်ဗျ။ လူတွေ အလုပ်မိဆုံး Prompting အမှား (၇) ခု 💖 Context မပေးဘဲ ခိုင်းတာ - ရှေ့နောက် ဘာမှမပြောပြဘဲ "ဒါကို Review လုပ်ပေး" ဆိုပြီး ဖိုင်တစ်ဖိုင် ပစ်ပေးလိုက်သလိုမျိုးပေါ့။ (သူက ဗေဒင်ဆရာမှ မဟုတ်တာနော်) 💖 ဝါးတားတား ခိုင်းတာ - "Startups အကြောင်း ရေးပေး" လောက်ပဲ ပြောတာမျိုး။ (ဘယ် Startup လဲ? ဘာအကြောင်းလဲ? မရေရာဘူးလေ) 💖 Google လို သွားသုံးနေတာ - AI ကို အလုပ်သေချာလုပ်ပေးဖို့ Instruction ပေးရမယ့်အစား Google မှာ ရှာသလိုမျိုး မေးခွန်းတွေပဲ မေးနေတာ။ 💖 တိုလီမိုလီတွေ အများကြီး ပြုံခိုင်းတာ - တစ်ခါတည်းနဲ့ အလုပ် ၁၅ ခုလောက်ကို Prompt တစ်ကြောင်းတည်းမှာ ပြုံခိုင်းလိုက်တာမျိုး။ (AI လည်း ခေါင်းမူးသွားမှာပေါ့) 💖 တစ်ခါတည်းနဲ့ အပြီးထင်နေတာ - ပထမဆုံးအကြိမ် ခိုင်းတာနဲ့ Perfect ဖြစ်မယ်လို့ ထင်တာ။ (ပြန်ပြင်ခိုင်းဖို့ မေ့နေတတ်ကြတာဗျ) 💖Style မပြောပြတာ - ကိုယ်လိုချင်တဲ့ Tone (လေသံ)၊ Format (ပုံစံ) ကို မသတ်မှတ်ပေးတော့ သူရေးချင်တာတွေ လျှောက်ရေးပေးလာရော။ 💖 Example မပြတာ - "ဒီလိုပုံစံမျိုး လိုချင်တာကွာ" ဆိုပြီး နမူနာ (Sample) မပေးမိတာ။ ✅ ဒါဆို Pro တွေလို Prompt ကောင်းကောင်း ဘယ်လိုရေးမလဲ? Formula က ရိုးရိုးလေးပါဗျ။ 💖Role & Task: သူ့ကို ဘယ်နေရာကနေ (ဥပမာ- Marketing Expert တစ်ယောက်အနေနဲ့) ဘာလုပ်ပေးရမလဲဆိုတာ တိတိကျကျ ခိုင်းပါ။ 💖 Examples: ကိုယ်လိုချင်တဲ့ အဖြေပုံစံ (Reference) ကို ပြပေးပါ။ 💖 Iterate: ထွက်လာတဲ့အဖြေကို တန်းမယူဘဲ "ဒါလေး ပြန်ပြင်ပေး၊ ဒီနေရာလေး လိုနေတယ်" ဆိုပြီး Feedback ပေးရင်း ရလဒ်ကောင်းထွက်အောင် ယူပါ။ AI ဆိုတာ ကိုယ့်အစား အလုပ်လုပ်ပေးမယ့်အရာ မဟုတ်ဘဲ ကိုယ်နဲ့တွဲပြီး အလုပ်လုပ်ရမယ့် Partner ပါ။ "AI + Human" ပေါင်းလိုက်မှ ရလဒ်ကောင်းတွေ ထွက်လာမှာပါဗျ။ ဆိုတော့... နောက်တစ်ခါ ChatGPT သုံးရင် ဒီနည်းလမ်းလေးတွေအတိုင်း စမ်းကြည့်လိုက်ကြပါဗျ!

⛈"Gen Z တွေကို AI နဲ့ အနီးစပ်ဆုံး Generation လို့ တင်စားကြပေမဲ့၊ တကယ်တမ်းကျတော့ AI ကြောင့် အထိနာဆုံး လူတန်းစား ဖြစ်လာနိုင်တယ်
⛈"Gen Z တွေကို AI နဲ့ အနီးစပ်ဆုံး Generation လို့ တင်စားကြပေမဲ့၊ တကယ်တမ်းကျတော့ AI ကြောင့် အထိနာဆုံး လူတန်းစား ဖြစ်လာနိုင်တယ်ဆိုတာ သတိထားမိကြရဲ့လား?" ဒီစကားကို ကျွန်တော်ပြောတာမဟုတ်ပါဘူး။ ကမ္ဘာ့အကြီးဆုံး အလုပ်အကိုင်ရှာဖွေရေးအဖွဲ့ကြီးဖြစ်တဲ့ GOODWILL ရဲ့ CEO - Steve Preston ကိုယ်တိုင်က ပြောထားတာဗျ။ သူသတိ‌ပေးထားတာအရဆိုရင် ကျွန်တော်တို့ လူငယ်တွေရဲ့ future jobတွေနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အနေအထားတစ်ခုကို ရောက်နေပြီလို့ ဆိုရပါမယ်။ ဘာကြောင့်လဲ? ဘာတွေပြင်ဆင်ရမလဲ? Steve Preston ရဲ့ ​ပြောစကားအရဆိုရင်​တော့.. ⚠️ Entry Level အလုပ်​တွေ မြန်မြန်​ပျောက်သွားမယ်။ ဥပမာ- နိုင်ငံခြားမှာဆိုရင်​တော့ Call Center ​တွေ၊ Tele Sales ​တွေ၊ Data Entry လို  ​နေရာမျိုး​တွေကို AI က ယူလိုက်​တော့မယ်တဲ့။ AI ​တွေက မြန်မာလိုကျွမ်းကျင်​နေပြီဆို​တော့ ကျွန်​တော်တို့ဆီမှာ​ရော ဖြစ်လာနိုင်တာပဲဗျ။ ⚠️ ဘွဲ့ရထားရုံနဲ့ မလုံ​လောက်​တော့ဘူး အရင်က ဘွဲ့တစ်ခုရရင် အလုပ်ရဖို့ ​သေချာသ​လောက်ရှိ​ပေမဲ့ အခု​တော့ ဘွဲ့ရထား​လည်း Junior Level အလုပ်​တွေကို AI က လုပ်နိုင်​နေပြီဆို​တော့ AI ​​လောက်မှ မလုပ်နိုင်ရင် ​နေရာမရနိုင်​တော့ဘူး။ မြန်မာမှာဆိုလည်း အလုပ်​တွေက cost ​​​တွေ ​လျှော့ချင်​တော့ လူတစ်​ယောက်ခန့်မယ့်အစား AI Tool တစ်ခုပဲ ဝယ်သုံးဖို့ စဥ်းစားလာကြပြီ။ ဆို​တော့ ကျွန်​တော်တို့ ဘာလုပ်ကြမလဲ? Steve Preston က​တော့ လမ်း​ပျောက်​နေတဲ့ လူငယ်​တွေအတွက် ဒီ(၃)ခုကို လုပ်ဖို့ ​ပြောထားတယ်ဗျ။ 💖(1) Digital Skill ​တွေ ကျွမ်းကျင်​အောင်လုပ် ရိုးရိုး Computer သုံးတတ်ရုံ၊ Social Media သုံးတတ်ရုံနဲ့မရ​တော့ဘူး။ Excel တို့ Google Docs တို့လို office took ​တွေ Collaboration Tools ​တွေနဲ့ တခြားအ​ရေးပါတဲ့ Digital Tools ​တွေ ကျွမ်းကျင်​အောင် လုပ်ထားဖို့ပါဗျ။ 💖(2) AI Literacy - AI ကို ကျွမ်းကျင်​အောင်လုပ် ChatGPT တို့ Gemini တို့ကို ​မေးခွန်း​မေးတတ်ရုံ​လောက်နဲ့ မရ​တော့ဘူး။ ကိုယ့်အလုပ်​တွေမှာ AI ကို assistant လို သုံးနိုင်ပြီး အလုပ်​တွေကိုအရင်ကထက် ပိုပြီး​အောင်လုပ်နိုင်မှ သူများထက် သာ​နေမှာဖြစ်ပါတယ်။ AI သုံးတတ်လား ကျွမ်းကျင်လားဆိုတာက ​မေးခွန်းတစ်ခု option တစ်ခုမဟုတ်​တော့ဘဲ လိုအပ်ချက်ဖြစ်လာပြီဗျ။ 💖(3) အသစ် အသစ်​တွေကို သင်ယူဖို့မပျင်းပါနဲ့ (Especially Tech Skills) Degree မလိုတဲ့ ဒါ​ပေမဲ့ Skill လိုတဲ့ နယ်ပယ်အသစ်​တွေရှာ​ဖွေပါ။ အဲ့ဒီ Skill ​တွေကို ကျွမ်းကျင်​အောင်လုပ်ပါ။ ကျွန်​တော်တို့ ​ပြော​နေကြတဲ့ Prompt Engineering, AI Video Creation စတဲ့ High-value Skill ​တွေ​ပေါ့။ ~~ ဆို​တော့ ကိုယ့်လူတို့အ​နေနဲ့ ဒီအပြောင်းအလဲကို Crisis လို့ မြင်ပြီး ကြောက်နေမလား? ဒါမှမဟုတ် အခွင့်အရေးတစ်ခုအနေနဲ့ ယူပြီး ကိုယ့် Skill ကို အားလုံးထက်သာအောင် Reinvent လုပ်မလား? အဖြေက ရှင်းပါတယ်။ ပြင်ဆင်ထားတဲ့သူအတွက် အခွင့်အရေးဖြစ်ပြီး၊ ဘာမှမလုပ်တဲ့သူအတွက်တော့ လမ်း​မရှိ​တော့သလို ဖြစ်သွားမှာပါ။ ⚡️Gen Z တွေကို First AI-Native Generation (AI နဲ့ ကြီးပြင်းလာသူ) လို့ ခေါ်ကြ​ပေမဲ့ First AI-Displaced Generation (AI ကြောင့် နေရာပျောက်တဲ့သူ) ​တော့ မဖြစ်ချင်ဘူးဗျာ။ ဆိုတော့... ကိုယ့်လူတို့ရော AI ခေတ်မှာ အလုပ်မပျောက်အောင် ဘာတွေ ပြင်ဆင်နေကြပြီလဲ❔

👍Content တွေသာ ဆက်တိုက်တင်နေတာ.. တင်လိုက်ရင် View က ထင်သလောက်တက်မလာလို့ စိတ်ဓာတ်ကျနေပြီလား ကိုယ့်လူတို့? ကျွန်တော်တို့ Conte
👍Content တွေသာ ဆက်တိုက်တင်နေတာ.. တင်လိုက်ရင် View က ထင်သလောက်တက်မလာလို့ စိတ်ဓာတ်ကျနေပြီလား ကိုယ့်လူတို့? ကျွန်တော်တို့ Content Creator တွေအတွက် အသက်က Video အစ First 3 seconds or 5 seconds ပဲဗျ။ Scroll လုပ်နေတာတွေ ရပ်သွားအောင် မတားနိုင်ရင်တော့ နောက်မှာ ကိုယ်ဘယ်လောက်ကောင်းတာတွေ ပြောပြော ဘယ်သူမှ ဆက်ကြည့်မှာ မဟုတ်တော့ဘူး။ ဆိုတော့.. လူတွေ Video ဆုံးတဲ့ထိ ဆွဲခေါ်သွားနိုင်မယ့် ဒီ Hook (၃) မျိုးကို လက်တွေ့သာ ယူသုံးကြည့်ပါဗျ။ 💖(1) The Negative Hook (အမှားထောက်ပြတဲ့ နည်း) လူ့သဘာဝဆိုတာက အမှန်တရားထက် "ငါတစ်ခုခု မှားလုပ်မိနေပြီလား" ဆိုတာကို ပိုစိတ်ပူတတ်ကြတယ်ဗျ။ ဒါကို အသုံးချနိုင်ရမယ်။ ဥပမာ - "မနက်စာကို ဒီလိုစားနေတုန်းလား၊ ရပ်လိုက်ပါတော့!" (Health/Fitness) ဥပမာ - "ဖုန်းဝယ်တော့မယ်ဆိုရင် ဒီအချက် (၃) ချက် မသိဘဲ လုံးဝမဝယ်ပါနဲ့" (Tech Review) ဒီလိုမျိုး "Stop/Don’t" ဆိုတဲ့ စကားလုံးတွေက လူတွေကို ဆက်ကြည့်ချင်တဲ့စိတ် ဖြစ်စေတယ်ဗျ။ 💖(2) The Result First Hook (ရလဒ်အရင်ပြတဲ့ နည်း) Introduction တွေ အကြာကြီးပေးနေတဲ့ခေတ် မဟုတ်တော့ဘူးဗျ။ အကောင်းဆုံး အခန်းကို အရှေ့ဆုံးကနေ အရင်ပြလိုက်။ ဥပမာ - Vlog ရိုက်တယ်ဆိုရင် ခရီးစဉ်တစ်ခုလုံးရဲ့ အလှဆုံး၊ အလန်းဆုံး View ကို စက္ကန့်ပိုင်းအရင်ပြပြီးမှ "ဒီနေရာကို ဘယ်လိုသွားလဲ ပြောပြမယ်" ဆိုပြီး စတာမျိုးပေါ့။ ဥပမာ - ဟင်းချက်နည်းဆိုရင်လည်း ပန်းကန်ထဲအသင့်ပြင်ထားတဲ့ စားချင်စရာဖြစ်နေတဲ့ပုံစံကို အရင်ပြ၊ ပြီးမှ ချက်နည်းကို ဆက်ပြတာမျိုးပေါ့။ 💖(3) The Specific Problem Hook (ပြဿနာကို တိုက်ရိုက်ပြောတဲ့ နည်း) ဒါကတော့ ကိုယ့် Target Audience ခံစားနေရတဲ့ ပြဿနာကို ဒဲ့ပြောလိုက်တာမျိုးပေါ့။ ဥပမာ - "Page တော့ထောင်ထားတယ်၊ Content Idea တွေကတော့ ခန်းခြောက်နေပြီလား?" ဥပမာ - "ဘွဲ့သာရသွားတယ်၊ အင်္ဂလိပ်လို မပြောရဲသေးဘူးလား?" ကိုယ့်ပြဿနာကို သူသိနေပါလားဆိုတဲ့ ခံစားချက်က Video ကို ဆက်ကြည့်ဖြစ်အောင် တွန်းပို့ပေးပါလိမ့်မယ်ဗျ။ ဆိုတော့ ကိုယ့်လူတို့ ဒီ (၃) ချက်ထဲက ကိုယ်နဲ့ အဆင်ပြေမယ့် တစ်ချက်ကို ရွေးပြီး နောက်video‌တွေမှာ ချက်ချင်း စမ်းသုံးကြည့်လိုက်တော့ဗျာ။ ဖန်တီးရတာ ပင်ပန်းပေမယ့် ရလဒ်ကောင်းတွေ ထွက်လာဖို့ အားပေးနေပါတယ်ဗျ။ 😘

📺Content တွေများပြီး လည်ထွက်နေပြီလား? ဒါဆို Quality Game ပြောင်းကစားပါဗျ။ 📱Video Editor တစ်ယောက်အနေနဲ့ နေ့တိုင်း Content တွ
📺Content တွေများပြီး လည်ထွက်နေပြီလား? ဒါဆို Quality Game ပြောင်းကစားပါဗျ။ 📱Video Editor တစ်ယောက်အနေနဲ့ နေ့တိုင်း Content တွေ၊ Project တွေ ဒလဟော ဖန်တီးနေရလို့ တခါတလေ Burn out ဖြစ်ပြီး လည်ထွက်သွားတာမျိုး ကြုံဖူးကြတယ်မလား။ အခုခေတ်က Content တွေ အရမ်းများလာတော့ ကိုယ်ကပါ လိုက်ပြီး အများကြီး တင်နိုင်မှ ဖြစ်မယ်လို့ ထင်နေကြတာ။ တကယ်တမ်းကျတော့ အဲ့ဒီအတွေးက မှားပါတယ်ဗျ။ အဓိက လိုရင်းက "ဘယ်လောက်များများ တင်နိုင်လဲ" ဆိုတာထက် "ကြည့်တဲ့သူ့ စိတ်ထဲ ဘယ်လောက်ထိ ရောက်သွားလဲ" ဆိုတာက ပိုအရေးကြီးတာပါ။ Video ၁၀ ပုဒ် လိုလိုမယ်မယ် တင်လိုက်တာထက်၊ ကြည့်တဲ့သူ ရင်ထဲထိသွားမယ့် Video ၁ ပုဒ်က ပိုပြီး Impact ရှိတယ်၊ ပိုပြီး တန်ဖိုးရှိပါတယ်ဗျာ။ ဒါကြောင့် ကိုယ့်ရဲ့ Editing Game ကို မြှင့်ချင်ရင် ဒီအချက် (၃) ချက်ကို စမ်းကြည့်စေချင်တယ်ဗျ။ 💖(1) ကိုယ့်ရဲ့ Content တွေကို ပြန်စစ်ဆေးတာ Timeline ပေါ်မှာ Edit နေရင်း ကိုယ့်ကိုယ်ကို ပြန်မေးပါ။ "ငါ ဒီ Video မှာ ဘာတန်ဖိုးပေးနေတာလဲ?" ဒါမှမဟုတ် ရိုးရိုးကြီး Noise တစ်ခု ထပ်တိုးလိုက်တာပဲလား ဆိုတာကိုပေါ့။ 💖(2) Impact ဖြစ်ဖို့ ဦးစားပေးတာ Editor ကောင်းတစ်ယောက်ဟာ Effect တွေအများကြီး သုံးတတ်ရုံနဲ့ မပြီးပါဘူး။ ကြည့်တဲ့သူတွေရဲ့ လိုအပ်ချက်နဲ့ စိတ်ခံစားချက်ကို ထိတွေ့နိုင်ဖို့က ပိုအရေးကြီးပါတယ်။ Storytelling ကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်မှ ကိုယ့်လူတို့ရဲ့ content က ပိုကောင်းလာမှာဗျ။ 💖(3) Viewer တွေနဲ့ connection လုပ်တာ Engagement ဆိုတာ Like နဲ့ Share အရေအတွက်သက်သက် မဟုတ်ပါဘူး။ ကိုယ့် Video အောက်မှာ လာရေးတဲ့ Comment တွေကို ဖတ်ပါ၊ စကားပြန်ပြောပါ။ သူတို့တွေရဲ့ အမြင်တွေနဲ့ သူတို့ဘာကြိုက်လဲဆိုတာလည်း နားထောင်ကြည့်မှ နောက်ထပ်လုပ်မဲ့ content တွေက ပိုမိုက်လာမှာဗျ။ ဆိုတော့ ကိုယ့်လူတို့အနေနဲ့ကော Content တွေ ဖန်တီးတဲ့အခါ အရေအတွက် (Quantity) ကို ဦးစားပေးလား၊ အရည်အသွေး (Quality) ကို ဦးစားပေးလား?
.