Series Channel 2 (Thae)
📈 Analytical overview of Telegram channel Series Channel 2 (Thae)
Channel Series Channel 2 (Thae) (@s2_thae) in the Burmese language segment is an active participant. Currently, the community unites 44 828 subscribers, ranking 6 199 in the Movies category and 3 273 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 44 828 subscribers.
According to the latest data from 10 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -1 291 over the last 30 days and by -48 over the last 24 hours, overall reach remains high.
- Verification status: Not verified
- Engagement rate (ER): The average audience engagement rate is 0.39%. Within the first 24 hours after publication, content typically collects 0.15% reactions from the total number of subscribers.
- Post reach: On average, each post receives 175 views. Within the first day, a publication typically gains 67 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 1.
📝 Description and content policy
Channel description not provided.
Thanks to the high frequency of updates (latest data received on 11 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.
ဇာတ်လမ်းက 1970s Istanbul မြို့မှာ ဖြစ်ပျက်ပါတယ်။ အဓိကဇာတ်ကောင် Kemal ဆိုတဲ့ ငွေကြေးချမ်းသာတဲ့ လူတစ်ယောက်က Füsun ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားပြီး အဲဒီချစ်ခြင်းက အရမ်းအမိုက်စား obsession ဖြစ်လာတဲ့အကြောင်းပါ။ Kemal က သူနဲ့ Füsun အတူရှိခဲ့တဲ့ အချိန်တွေကို မမေ့ချင်လို့ သူမအသုံးပြုခဲ့တဲ့ ပစ္စည်းတွေ (နားကပ်၊ဆေးလိပ်၊ hair clip စတာတွေ)ကို စုဆောင်းပြီး နောက်ဆုံးမှာ သူ့အချစ်ကို အမှတ်တရထားဖို့ “Museum” တစ်ခုတောင် တည်ဆောက်လိုက်ပါတယ်။ ဒီဇာတ်လမ်းက အချစ်/အမှတ်တရ/အရမ်းအကျွံ စွဲလမ်းမှု (obsession) တို့ကို အဓိက ပြထားပါတယ်။#Review_𝐓𝐡𝐚𝐞 🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/VIP_YoYo4/580 https://t.me/VIP_YoYo4/580 ⚠️Member၀င်ဖို့ဆက်သွယ်ရန်👇 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
သမိုင်းဖြစ်ရပ်မှန်များကို စိတ်ဝင်စားသူတွေ မဖြစ်မနေကြည့်ရမယ့် series တစ်ခုလာပါပြီ။ အော့တမန်အင်ပါယာကို အင်အားကြီးစေပြီး သမိုင်းလမ်းကြောင်းကိုလဲ ကြီးကြီးမားမားပြောင်းလဲစေခဲ့တဲ့ အော့တမန်ဘုရင် စူလ်တန်မာမက်ရဲ့သမိုင်းကြောင်းပါ။ စူလ်တန်မာမက်ကတော့ သူ့ခမည်းတော်နတ်ရွာစံအပြီးမှာ ၁၉ နှစ်အရွယ်နဲ့နန်းတက်ခဲ့တဲ့စူလ်တန်ငယ်တစ်ပါးပါ။ အသက်အရွယ်ငယ်တော့ သူ့အင်ပါယာတွင်းကရော အပြင်ကရန်သူကပါ သွေးတိုးစမ်းမှုတွေနဲ့ကြုံရပါတယ်။ မာမက်ကလဲ သူ့စွမ်းရည်ကိုပြသဖို့ရာအတွက် ဘိုင်ဇင်တိုင်းအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့ ကွန်စတန်တီနိုပယ်ကိုသိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘိုင်ဇင်တိုင်းအင်ပါယာကတော့ အရှေ့ရိုမန်အင်ပါယာပါပဲ။ သူတို့မြို့တော် ကွန်စတန်တီနိုပယ်က ခရစ်ယာန်ဘာသာရေးအရ အထွတ်အမြတ်နေရာလဲဖြစ်ပြီး ဒီမြို့ကိုသိမ်းပိုက်ချင်ခဲ့တဲ့တခြားတပ်ပေါင်း၂၃ တပ်က အရှုံးပေးလက်လျှော့ပြန်ခဲ့ရတဲ့မြို့ပါ။ အဲ့ဒီတပ်တွေထဲမှာ မာမက်ဖခမည်းတော် စူလ်တန်မူရက်ဒ်ရဲ့တပ်လဲအပါအဝင်ပါပဲ။ ဒီဇာတ်လမ်းမှာတော့ ၁၉နှစ်သားအရွယ်စူလ်တန် မာမက်ရဲ့ကွန်စတန်တီနိုပယ်ကို ကြိုးပမ်းမှုအကြောင်းအဓိကကြည့်ရမှာပါ။ ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ Docudrama အဖြစ်ဖန်တီးထားခြင်းပါပဲ။ ဒီဒရာမာဇာတ်လမ်းသွားထဲမှာပဲ ပညာရှင်တွေရဲ့အမြင်တွေရှင်းလင်းချက်တွေကို တစ်ပါထဲထည့်ပေးထားတော့ ဒီသမိုင်းကြောင်းကိုကိုယ်သိမထားရင်တောင် ဂူဂဲလ်သွားရှာစရာမလိုပဲ အဆင်ပြေပြေကြည့်နိုင်သွားသလို ပါဝင်တဲ့ဇာတ်ကောင် အဲ့ဒီခေတ်ရဲ့အနေအထား အယူအဆတွေကိုလဲတစ်ပါထဲသိရမှာပါ။ ရုပ်ရှင်ကြည့်နေရင်း ကိုယ်သိချင်တဲ့မေးခွန်းတွေကိုလဲဖြေပေးမယ့် စပွိုင်လာလဲမပေးမယ့်သူမျိုး ဘေးမှာရှိနေသလိုပေါ့။ အဲ့ဒါအပြင် နောက်ခံစကားပြောသူကလဲ GOT ထဲက အားလုံးသဘောကျနှစ်ခြိုက်ရသူကြီး တိုင်ဝင်လန်နစ်စတာ (Charles Dance) ဆိုတော့ သူ့အသံပါဝါ အနိမ့်အမြင့် အစွဲအငင်တွေရဲ့ ပံ့ပိုးမှုကလဲ ဒီစီးရီးကိုအသက်ဝင်စေတာမို့ တော်တော်ပြည့်စုံတဲ့စီးရီးတစ်ခုပါပဲ။🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/VIP_YoYo4/221 https://t.me/VIP_YoYo4/222 ⚠️Member၀င်ဖို့ဆက်သွယ်ရန်👇 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
စစ်ပွဲကိုအောင်နိုင်သူသာ သူရဲကောင်းဖြစ်တယ်၊ သို့မှာသာ လူတွေအားလုံးရဲ့ နှုတ်ဖျားမှာ သမိုင်းကို ပြောင်းလဲစေသူ၊ နိုင်ငံဂုဏ်ဆောင်တဲ့သူလို့ မှတ်ကျောက်တင်ခံရမယ်လို့ ရှေးယခင်က မှတ်ယူခဲ့ကြတယ် စစ်ပြေငြိမ်းရေးနဲ့ အမိနိုင်ငံ သာယာဝပြောဖို့အရေးထက် ပြဿနာတစ်စုံတစ်ရာတက်တာနဲ့ စစ်ပွဲကြီးဆီကို အရောက်လှမ်းဖို့ပဲစိုင်းပြင်းနေကြတယ် ဒီစီ:ရီးဟာ အင်္ဂလန်ဘုရင် King Henry VII ရဲ့အကြောင်းကို အဓိကထားရိုက်ပြထားတာပါ၊ အဓိကမင်းသားအဖြစ် စူပါမန်း Henry Cavill နဲ့ Jonathan Rhys Meyers တို့ ပါဝင်ထားပါတယ် ဘုရင်တွေရဲ့ နိုင်ငံရေးခံယူချက်၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားပုံတွေ၊ အမျိုးသမီးတွေအပေါ် ဆက်ဆံပုံတွေ၊ ဘုရင်ကြီးရဲ့ မိန်းမပွေရူပ်ပုံတွေ အမျိုးမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်🔺ဇာတ်ကားကြည့်ရန်👇🔰 Season 1 🔜 https://t.me/+uH2Tkqope342ZDFl Season 2 🔜 https://t.me/+BSJqESJmWdkyODY1
ဒီဇာတ်လမ်းတွဲလေးကတော့ ၂၀၂၅ မှာ ပူပူနွေးနွေး ထွက်ရှိထားပြီးတော့ ခရစ်ယာန်ကျမ်းစာထဲက အစ္စရေးနဲ့ ဂျူးဒက်က ဒုတိယမျိုးဆက် ရှေးဟောင်းဘုရင်တစ်ပါးဖြစ်တဲ့ ဒေးဗစ်အကြောင်းကို historical fiction အနေနဲ့ ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်း ဆမ်မြူရယ်ဟာ ဘုရားသခင်ရဲ့စကားကို ကြားသိခွင့်ရပြီး လူသားတွေကို ပြန်လည်မျှဝေရတဲ့ ရှေ့ဖြစ်ဟောသူပါ။ တစ်နေ့မှာတော့ ဘုရားသခင်က ရှေ့ဖြစ်ဟောသူ ဆမ်မြူရယ်ကို ဘင်ဂျမင်မျိုးနွယ်စုရဲ့ ဆောလ်ကို ဘုရင်အဖြစ် ဘိသိက်မြှောက်ပေးပြီး မင်းကျင့်ဝတ်နဲ့အညီ အုပ်ချုပ်စေဖို့ စေခိုင်းခဲ့ပါတယ်။ ဒါကြောင့် ဆမ်မြူရယ်ဟာ ဆောလ်ကို မင်းပြုပေးခဲ့ပြီး ဆောလ်ဘုရင်က ပထမဆုံးမင်းဆက်ဖြစ်လာကာ ဘုရားသခင်အလိုတော်အရ တကွဲတပြားဖြစ်နေတဲ့မျိုးနွယ်စုတွေကို လိုက်လံပေါင်းစည်းကာ တိုင်းပြည်ကြီးဖြစ်လာအောင် စွမ်းဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာနဲ့ အခြွေအရံနောက်လိုက်အပေါင်းအပါ ပေါများလာတဲ့ ဆောလ်ဘုရင်ဟာ ဘုရားသခင်အလိုတော်ကိုဆန့်ကျင်ပြီး သူ့စိတ်တိုင်းကျ ခြယ်လှယ်စိုးမိုးပါတော့တယ်။ ဒီလိုနဲ့ မင်းကျင့်ဝတ်နဲ့ သွေဖယ်လာတဲ့ ဆောလ်ဘုရင်ဟာ ဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်းကို မခံရတော့တဲ့အတွက် ရှေ့ဖြစ်ဟောသူ ဆမ်မြူရယ်က ဘုရားသခင်အလိုတော်အရ ဘုရင်ရှာထွက်ရပါတော့တယ်။ တစ်ဖက်မှာတော့ အညတရ မျိုးမစစ် သိုးထိန်းသမားလေး ဒေးဗစ်ကတော့ စိတ်ကောင်းစေတနာရှိ နှိမ့်ချဖော်ရွေပြီး တစ်နေ့တစ်နေ့ သိုးထိန်းရင်းနဲ့ အချိန်ကုန်နေပေမဲ့ သူ့ဘဝဟာ သိုးထိန်းဘဝထက် ပိုပြီး အဓိပ္ပါယ်ရှိရမယ်လို့ တွေးနေမိသူပါ။ ဒါကြောင့် ဒီဇာတ်လမ်းတွဲလေးမှာတော့ ဒေးဗစ်က အညတရ သိုးထိန်းဘဝကနေ သမိုင်းတလျှောက် ကျော်ဇော်မဲ့ဘုရင်တစ်ပါး ဘယ်လိုလုပ်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Matteo ဖြစ်ပါတယ်။)🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/VIP_YoYo4/71 https://t.me/VIP_YoYo4/71 ▪️Member၀င်ဖို့ဆက်သွယ်ရန်🔰 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
Game of Thrones နဲ့ House of the Dragon တို့ရဲ့ အဆက်ဖြစ်ပြီး George R.R. Martin ရဲ့ "Tales of Dunk and Egg" ဝတ္ထုတိုများကို အခြေခံထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Game of Thrones ထဲက အဖြစ်အပျက်တွေမတိုင်မီ နှစ်ပေါင်း ၁၀၀ ခန့်အလို (သို့မဟုတ်) House of the Dragon အပြီး နှစ်ပေါင်း ၇၀ ကျော်အကြာမှာ အခြေတည်ထားပါတယ်။ Targaryen မင်းဆက်တွေ Iron Throne ပေါ်မှာ စိုးစံနေဆဲကာလဖြစ်ပြီး နဂါးတွေ ပျောက်ကွယ်သွားတာ သိပ်မကြာသေးတဲ့ အချိန်လည်း ဖြစ်ပါတယ်။🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/c/3507120221/10 https://t.me/c/3507120221/10 ⚠️Member၀င်ဖို့ဆက်သွယ်ရန်👇 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
ဒီ season မှာလည်း ရှေ့က season တွေလိုပဲ 1990ခုနှစ်တွေနဲ့ လက်ရှိကာလကို တစ်ခြမ်းစီကြည့်ရဦးမှာပါ။ Season-3မှာတော့ တောအုပ်ကြီးမှာ နှင်းတွေပျောက်ပြီးနွေဦးကိုတစ်ဖန်ပြန်လည်ရောက်ရှိလာပါပြီ။ Yellowjackets အဖွဲ့သားတွေလည်း တောအုပ်ထဲမှာနေရတာကိုပိုမိုအသားကျလာဟန်တွေ့ရပါတယ်။ season-2မှာ ပါခဲ့သလိုပဲ နက်တလီကပဲ သူတို့သူငယ်ချင်းအုပ်စုကိုခေါင်းဆောင်အဖြစ်ဦးဆောင်နေပါတယ်။ ဒါပေမဲ့ နည်းပြဘန်ကတော့ Season-2ရဲ့နောက်ဆုံးအပိုင်းကတည်းကပျောက်ဆုံးသွားတာဖြစ်ပြီး သူတို့ကတော့သေဆုံးနေလောက်ပြီလို့မှတ်ယူလိုက်ကြပါတယ်။ ရှေ့ season နှစ်ခုမှာ အဖြေမဖော်ရသေးတာတွေ မပြီးပြတ်သေးတာတွေကို season -3မှာ ရှင်းရှင်းလင်းလင်းသိရမလားဆိုတာကိုစောင့်ကြည့်ရမှာပါ။🐝🫦🥂🥂🕷🍭🍃🤩 🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/VIP_YoYo4/473 https://t.me/VIP_YoYo4/474 ⚠️Member၀င်ဖို့ဆက်သွယ်ရန်👇 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
သမိုင်းအဆက်ဆက် ထင်ရှားတဲ့ အင်ပါယာကြီးတွေကို ပြန်ကြည့်လိုက်ရင် မဟာအလက်ဇန္ဒားရဲ့ အင်ပါယာ ကို ချန်ထားခဲ့လို့မဖြစ်ပါဘူး။ အလက်ဇန္ဒား က မာစီဒိုးနီးယန်း ဆိုတဲ့ ဂရိပြည်သေးသေးလေးကို အာဖရိကနဲ့ အရှေ့ အလယ်ပိုင်းတစ်ခုလုံးအထိ ကျယ်ပြန့်အောင် အောင်ပွဲ အလီလီနဲ့ ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ရက်စက်ကြမ်းတမ်းတဲ့ စစ်ဘုရင်တဖြစ်လည်း စစ်သူကြီး မဟာအလက်ဇန္ဒားရဲ့ ဘဝက ငယ်စဉ်ကတည်းက ချောမွေ့ခဲ့တာတော့မဟုတ် ပါဘူး။ ဖခင်ဖြစ်သူက သတ်မိမလိုဖြစ်တာကြောင့် အဝေးကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ ဖခင်ကြီး သေဆုံးလို့ နန်းတက်လာတဲ့အချိန်ရောက်တော့လည်း ပါရှန်းအင်ပါယာကြီး ဘုန်းတန်ခိုးထွားနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေပြန်ပါသေးတယ်။ လူမလေး ခွေးမခန့်တဲ့ ဘုရင်ငယ်လေးအဖြစ်ကနေ ကျယ်ပြောလှတဲ့ အင်ပါယာ ကြီးဖြစ်လာအောင် ဘယ်လိုထူထောင်ခဲ့လဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာ ခံစားကြည့်ရှုရမှာပါ။ ဇာတ်လမ်းတင်ဆက်ပုံကတော့ အလက်ဇန္ဒားတည်ဆောက် ခဲ့တဲ့ အလက်ဇန်ဒရီရာ မြို့ကို ရှေးဟောင်းသုတေသန ပညာရှင်တွေက တူးဖော်ရင်း အလက်ဇန္ဒားအကြောင်းကို ပြန်ပြောင်းပြောပြတဲ့ပုံစံမျိုးနဲ့ ရောနှောတင်ဆက်ထားတာ ဖြစ်ပါတယ်။ သမိုင်းအကြောင်းအရာတွေလည်း ပြည့်ပြည့် စုံစုံလေး ထည့်သွင်းရိုက်ကူးထားတာမို့ အချိန်ပေးကြည့်ရှု ရကျိုးနပ်တယ်လို့ ခံစားရမဲ့ series တစ်ခုဖြစ်မှာ သေချာပါတယ်။🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/MM_zatkar1/268 https://t.me/MM_zatkar1/268 ▪️Member၀င်ဖို့ဆက်သွယ်ရန်🔰 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
Game of Thrones နဲ့ House of the Dragon တို့ရဲ့ အဆက်ဖြစ်ပြီး George R.R. Martin ရဲ့ "Tales of Dunk and Egg" ဝတ္ထုတိုများကို အခြေခံထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Game of Thrones ထဲက အဖြစ်အပျက်တွေမတိုင်မီ နှစ်ပေါင်း ၁၀၀ ခန့်အလို (သို့မဟုတ်) House of the Dragon အပြီး နှစ်ပေါင်း ၇၀ ကျော်အကြာမှာ အခြေတည်ထားပါတယ်။ Targaryen မင်းဆက်တွေ Iron Throne ပေါ်မှာ စိုးစံနေဆဲကာလဖြစ်ပြီး နဂါးတွေ ပျောက်ကွယ်သွားတာ သိပ်မကြာသေးတဲ့ အချိန်လည်း ဖြစ်ပါတယ်။🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/c/3507120221/10 https://t.me/c/3507120221/10 ⚠️Member၀င်ဖို့ဆက်သွယ်ရန်👇 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
အပိုင်းကတော့ ၆ပိုင်းထဲနဲ့ ကျစ်ကျစ်လစ်လစ်ကို မျက်စိနလွှဲချင်အောင်ကြည့်ကောင်းတယ့်ကားပါ ဂျပန်ကားတွေထဲမှာမြင်ဖူးနေကျ castအများစုပဲပါဝင်ထားပါတယ်🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/VIP_YoYo4/352 https://t.me/VIP_YoYo4/352 ▪️Member၀င်ဖို့ဆက်သွယ်ရန်🔰 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
Luna Nera (2020)IMDB (6/10) နာတာလီဟာ လက်သည်အဘွားကြီးတစ်ယောက်ဖြစ်ပြီး မွေးလူနာတစ်ယောက်အခက်အခဲတွေ့နေတဲ့အချိန်မှာသူ့မြေးမငယ် အာဒီနဲ့အတူ ကူညီမွေးဖွားပေးနေခဲ့ပါတယ်
မွေးကင်းစကလေးဟာ ကံမကောင်းအကြောင်းမလှစွာသေဆုံးလုဆဲဆဲအချိန်မှာ မွေးလူနာက အာဒီကိုစုန်းမဆိုပြီး ထိတ်လန့်မောင်းထုတ်ခဲ့သလို အဲ့ဒီကလေးငယ်လည်း သေဆုံးသွားခဲ့ရပါတယ် အခြေအနေတွေကိုကြိုမြင်တဲ့ နာတာလီဟာ တကယ်လို့ သူ့ကိုစုန်းလိုက်မုဆိုးတွေလာခေါ်သွားပြီး ပြန်မလာနိုင်ခဲ့ရင်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆန်းကြယ်တဲ့ရှေးဟောင်းစာအုပ်တစ်အုပ်၊ ပြီးတော့ ပျောက်ဆုံးနေတဲ့မြို့တော်များလို့ခေါ်တဲ့နေရာတစ်ခုကိုရှာတွေ့နိုင်ဖို့ လိုအပ်တာတွေကို အာဒီထံသင်ကြားပြသပေးပြီး မောင်ဖြစ်သူ ဗလန်တေးကိုလည်း စောင့်ရှောက်ဖို့မှာထားခဲ့ပါတယ် ပီထရိုဆိုတဲ့ကောင်လေးကတော့ ရောမမှာခေတ်ပေါ်ဆေးပညာကိုသင်ကြားနေသူဖြစ်ပြီးတော့ သူတို့ကိုသူ့ဆရာကနေ ဒီခေတ်မှာစုန်းတွေမှော်အတတ်တွေဟာ တကယ်မရှိတော့ဘဲ ဆေးသိပ္ပံနည်းကသာအရာရာကို ဖြေရှင်းနိုင်ကြောင်း လက်တွေ့ပြသလေ့ရှိပါတယ် သူ့အမေနေမကောင်းဘူး ဆိုတဲ့သတင်းစကားကြောင့်နေရပ်ကိုပြန်လာချိန်မှာတော့ သူ့ဖခင်ဟာ စုန်းလိုက်မုဆိုးအဖွဲ့ခေါင်းဆောင်ဖြစ်နေပြီး သူ့အမေမကျန်းမာဖြစ်ရတာရယ်၊မွေးကင်းစကလေးသေဆုံးမှုရယ်ဟာ နာတာလီဆိုတဲ့ စုန်းမကြီးလက်ချက်လို့တစ်ထစ်ချယုံကြည်ပြီးစုန်းတွေကို အမြစ်ဖြတ်ချေမှုန်းတော့မယ့်အချိန်ပါပဲ ဆန့်ကျင်ဘက်နောက်ခံနှစ်ခုဆီက အာဒီနဲ့ ပီထရို၊ ရှေးဟောင်းအယူသီးမှုတွေနဲ့ခေတ်ပညာတတ်လူငယ်တွေကြားက လွန်ဆွဲအားပြိုင်မှုတွေ၊ ရှေးခေတ်သဘာဝလွန်ပညာတွေရဲ့နက်နဲမှုနဲ့ လျှို့ဝှက်ချက်တွေကိုရပ်သပ်ရှုမောတွေ့မြင်ရပါလိမ့်မယ် ရာဇဝတ်နောက်ခံ ဇာတ်လမ်းသဘောကျနှစ်သက်သူတွေ၊ စုန်းကဝေမှော်ကားကြိုက်ပရိသတ်တွေ အကြိုက်တွေ့မယ့်ဇာတ်ကားဖြစ်ပါတယ် အဲတော့ နာတာလီတစ်ယောက် စုန်းလိုက်မုဆိုးတွေလက်က ပြန်လာနိုင်ပါ့မလား၊ သူ့မြေးမငယ်အာဒီကရော တကယ်ပဲစုန်းတစ်ကောင်လား၊ သူရှာဖွေတွေ့ရှိစေချင်ခဲ့တဲ့ ရှေးဟောင်းစာအုပ်နဲ့လျှို့ဝှက်မြို့တော်မှာဘာတွေရှိနေမလဲ အစရှိတာတွေကို ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားစေချင်ပါတယ်🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/VIP_YoYo4/490 https://t.me/VIP_YoYo4/490 ⚠️Member၀င်ဖို့ဆက်သွယ်ရန်👇 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
ဒီဇာတ်လမ်းရဲ့အဓိကတပ်ဖွဲ့ကတော့ အမှတ်-၈ လေတပ်လက်အောက်ခံ အမှတ်-၁၀၀ ဗုံးကျဲလေယာဉ်အုပ်နဲ့ နာမည်ကျော် ဘီ-၁၇ မိုးပျံခံတပ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဗုံးကျဲလေယာဉ်အုပ်ဟာ အကျအဆုံးများလွန်းလို့ သွေးချောင်းစီး-၁၀၀ လို့ နာမည်ပြောင်ပေးထားရတဲ့အထိ ရှေ့တန်းမှာ တိုက်ခဲ့ရတာပါ။
ဒီစီးရီးဟာ Band of Brothers နဲ့ The Pacific စီးရီးတို့နဲ့ ဖြစ်ရပ်ဆက်စပ်တာမို့ စီးရီး ၃ ခုပေါင်းပြီးကြည့်လို့ရတဲ့သဘောပါပဲ။ တကယ့်စစ်ကားကြီးတွေလို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ အတော်ကြည့်ကောင်းပါတယ်။ Band of Brothers ရဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်ဖြစ်တဲ့ John Orloff က တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး Elvis ရုပ်ရှင်ရဲ့မင်းသား Austin Butler ခေါင်းဆောင်ပါဝင်ထားပါတယ် ဒုတိယကမ္ဘာစစ် ဥရောပ စစ်မြေပြင်မှာ အမေရိကန် အမှတ်-၈ လေတပ်ပါဝင်တိုက်ခိုက်ခဲ့ပြီးအင်အား ၂ သိန်းအထိ ပါဝင်တာကြောင့် မိုက်တီး-၈ ဆိုပြီး နာမည်ပြောင်ပေးခံခဲ့ရပါတယ်။ စစ်ဆင်ရေးနဲ့အောင်မြင်မှုတွေအရမ်းများခဲ့သလို အကျအဆုံးကလည်း ဒုတိယကမ္ဘာစစ် အမေရိကန်တစ်နိုင်ငံလုံးရဲ့ လေတပ်ကျဆုံးဒဏ်ရာရသူ ၁၁၅၃၃၂ ယောက်ထဲမှာ အမှတ်-၈ တစ်ခုတည်းကနေ ၂၆၀၀၀ ကျော် ကျဆုံးပြီး ၂၀၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။ သူရသတ္တိဆိုင်ရာ ဆုတံဆိပ်ပေါင်း ၄ သိန်းကျော်ရခဲ့သလို၊ ဗုံးပေါင်း တန် ၇ သိန်းလောက်ကျဲခဲ့ပြီး၊ လေယာဉ် ၅၀၀၀ ကျော် ပျက်စီးခဲ့တာပါ။ ဒုတိယကမ္ဘာစစ် စစ်ရှိန်အမြင့်ဆုံးကာလရဲ့ တိုက်ပွဲတွေကို အခြေခံရိုက်ကူးထားတာမို့ စစ်ကားကြိုက်သူတွေအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုဖြစ်မှာပါပဲ။ ကြည့်လိုက်ကြပါ။🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/VIP_YoYo4/133 https://t.me/VIP_YoYo4/133 ⚠️Member၀င်ဖို့ဆက်သွယ်ရန်👇 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာ Hong Geum Bo (Park Shin- Hye) ဆိုတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးကတော့ ဘဏ္ဍာငွေကြီးကြပ်ရေးဌာန အလုပ်လုပ်နေတဲ့ ကြီးကြပ်ရေးမှူး တစ်ယောက်ဖြစ်ပြီး အမြဲ အလုပ်အကြောင်းပဲ တွေးနေတတ်တဲ့သူပါ။ တစ်နေ့မှာတော့ သံသယဖြစ်စရာ ရန်ပုံငွေတွေ စီးဆင်းနေတယ်လို့ သိရတဲ့ ဟန်မင်း ရင်းနှီးမြှုပ်နှံမှု နဲ့ ရှယ်ယာလုပ်ငန်းမှာ Hong Jang Mi ဆိုတဲ့ နာမည်အတုနဲ့ အသက် ၂၀ အရွယ် မိန်းကလေးဟန်ဆောင်ကာ လျှို့ဝှက်ထောက်လှမ်းရေး ဝင်လုပ်ရင်း ရည်မှန်းချက်တွေ ဖြစ်မြောက်ဖို့အတွက်ဆို ဘာမဆိုလုပ်တဲ့ ကုမ္ပဏီရဲ့ သူဌေးအသစ်ဖြစ်တဲ့ Sin Jeong U (Ko Kyoung-Pyo) နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။ အတိတ်တုန်းက ပတ်သတ်မှုတွေရှိခဲ့ကြတဲ့ သူတို့နှစ်ယောက် တွေ့ဆုံမှုက ထောက်လှမ်းရေးအတွက် အတားအဆီး ဖြစ်လာနိုင်မလား... သံသယဖြစ်စရာ ရန်ပုံငွေအကြောင်းကိုလည်း ဘယ်လိုတွေ စုံစမ်းသွားမလဲ... ဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်။➡️ဇာတ်ကားကြည့်ရန်လင့် - https://t.me/Thae_CT1/11462 https://t.me/Thae_CT1/11462 ➡️18+ ကြိုက်တဲ့ ညိုကီတို့အတွက်⬅️
(Siren) ဆိုတဲ့ ဒီစီးရီးကလဲ လာကြိုက်အရမ်းများတဲ့အထဲ တခုအပါအဝင်ပါပဲ၊ ရေသူမရှိတယ်ဆိုပြီး အစွဲအလမ်းကြီးတဲ့မြို့တစ်မြို့ ရေသူမသူငယ်ချင်းနှစ်ယောက် ရေကူးနေတုန်း သူငယ်ချင်းဖြစ်သူပိုက်ကွန်ထဲပါသွားလို့ ကုန်းပေါ်အထိ တက်ရှာတဲ့ (ရင်) ဆိုတဲ့ ရေသူမလေး၊ ရေသတ္တဝါတွေကို စိတ်ဝင်စားပြီး စောင့်ရှောက်ပေးနေတဲ့ ဘန် (ရင်) ဟာ နေ့ဘက်ဆိုလူဖြစ်ပြီး ညဘက်ဆို ရေသူမ ပြန်ပြောင်းပါတယ်၊ ဒါပေမယ့် (ရင်) ဟာ ဇာတ်လမ်းတွေမှာမြင်နေကျလို ချောမောလှပတဲ့ ရေသူမတစ်ကောင် မဟုတ်ခဲ့ပါဘူး လူတွေကို ကူညီပေးတဲ့ ရေသူမမျိုးလဲမဟုတ်ခဲ့ပါဘူး၊ ဘယ်လို ရေသူမလဲဆိုတာကိုတော့ ကိုယ်တိုင်သာ ကြည့်လိုက်ကြပါတော့👇👇🔺ဇာတ်ကားကြည့်ရန်👇🔰 https://t.me/+sdOqxZcjvX85YWM1 https://t.me/+sdOqxZcjvX85YWM1
တစ်ရက်မှာတော့ ထရေစီဆိုတဲ့ လူမည်းကောင်လေးတစ်ယောက် ဂျက်ဖ်ရဲ့စကား ပြောကောင်းမှုနဲ့အတူ ဓါတ်ပုံရိုက်ခံဖို့ သူ့တိုက်ခန်းကို ပါသွားခဲ့ပါတယ်၊ တိုက်ခန်းထဲကိုရောက်တဲ့အချိန်မှ ဂျက်ဖ်ရဲ့ မူမမှန်မှုတွေကို အခါနှောင်းမှ ရိပ်စားခဲ့မိပေမယ့် သေကံမပါခဲ့လို့ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကင်းလှည့်ရဲကားနဲ့မှ တည့်တည့်တိုးကာ တိုင်ကြားနိုင်ခဲ့ပါတယ် ဒီလိုနဲ့ပဲ ဂျက်ဖ်တစ်ယောက်ဟာ သားကောင်အရွေးမှားမှုကြောင့် သူနှစ်ရှည် လများကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေကို အထုပ်နဲ့အထည်နဲ့ ချပြလျက်သားဖြစ်ပြီး အဖမ်းခံလိုက်ရပါတော့တယ် အဆိုပါ ဂျက်ဖရေးဒါးမားက တခြားမဟုတ်ပါဘူး၊ (Milwaukee Cannibal) သို့ (Milwaukee Monster) လို့အမည်ပြောင်ရထားသူ ၁၉၇၈ မှ ၁၉၉၁ခုနှစ်အတွင်း စုစုပေါင်းလူသတ်မှု (၁၇) ခု လူသေတွေနဲ့ ကာမစပ်ယှက်မှု လူသားစားမှုတွေလို အော့နှလုံးနာဖွယ် ရာဇဝတ်မှုကြီးတွေကို ကျူးလွန်ထားတဲ့ အမေရိကန်နာမည်ကြီး စိတ္တဇရောဂါသည် ကွင်းဆက်လူသတ်သမားကြီးပဲဖြစ်ပါတယ် ဒီ (Limited Series) မှာတော့ ဂျက်ဖရေးဖမ်းဆီးခံရပြီးနောက်ပိုင်း ရင်ဆိုင်ရမယ့် တရားခွင်တွေနဲ့အတူ သူ့ရဲ့ ပြစ်မှုကျူးလွန်ပုံတွေ ဘဝအတွေ့အကြုံတွေကို (Flashback) ပုံစံမျိုးနဲ့ ရိုက်ကူးပြသွားမှာပါ🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/VIP_YoYo6/252 https://t.me/VIP_YoYo6/252 ▪️Member၀င်ဖို့ဆက်သွယ်ရန်🔰 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
ဗြိတိသျှတစ်ပြည်လုံး ပြိုကွဲနေပြီး မျိုးနွယ်စုအချင်းချင်း တိုက်ခိုက်၊ ဘုရင်တွေ အာဏာလု၊ ယုံကြည်ကိုးကွယ်မှုနဲ့ ဘာသာရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်ကာလမှာ နောင်တစ်ချိန် မာလင်ရဲ့ ဖခင်ဖြစ်လာမဲ့ တာလီဆင်ဆိုတဲ့ ကလေးငယ်တစ်ဦး မွေးဖွားလာတာနဲ့ အစချီထားပါတယ်။ ငယ်စဉ်ကတိုင် ထူးခြားတဲ့ ဉာဏ်ပညာ၊ အကြားအမြင်စွမ်းရည်တွေရှိတဲ့ တာလီဆင်ရဲ့ ဘဝတစ်စွန်းတစ်စကို အရင်ဇာတ်ချီရင်း မာလင်ရဲ့ဘဝအကြောင်းကို သူ့ရဲ့ ထူးခြားတဲ့မွေးဖွားခြင်းက စလို့ နာမည်ကျော်မှော်ဆရာကြီး ဘယ်လိုဖြစ်လာတယ်ဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပြသထားပါတယ်။🔰ဇာတ်ကားကြည့်ရန်🔰 https://t.me/VIP_YoYo4/549 https://t.me/VIP_YoYo4/549 ⚠️Member၀င်ဖို့ဆက်သွယ်ရန်👇 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95 @Yomo_95
