en
Feedback
📖စာစုလေးများ📚

📖စာစုလေးများ📚

Open in Telegram

Adminလက်မခံတော့ပါ Owner acc - @Kolay281024 ( New Acc ) [ 23.9.2024 ]

Show more
6 148
Subscribers
-424 hours
-257 days
-35930 days
Posts Archive
https://t.me/Online_Courses_and_Shop/667 Capcut pro 1M လက်ဆောင် မန့်ရုံလေးပါပဲ🤗

ချစ်ရပါသော အန်တီ ( သို့ ) မင်းသမီး ပစ်ချက်မရှိသော အလှတရားနဲ့ အန်တီ... အပြုံးချိုချိုနဲ့ မြင်သူတိုင်းရဲ့ ရင်ကိုအေးစေသော အန်တီ.
+1
ချစ်ရပါသော အန်တီ ( သို့ ) မင်းသမီး ပစ်ချက်မရှိသော အလှတရားနဲ့ အန်တီ... အပြုံးချိုချိုနဲ့ မြင်သူတိုင်းရဲ့ ရင်ကိုအေးစေသော အန်တီ... သူမက လှတယ်.. ဒါကြောင့် ယဉ်ယဉ်လေးနဲ့ရူးမိပါတယ်။ ချိုသာလှတဲ့ စကား... စွဲဆောင်မှုရှိလှတဲ့ အပြုံး... ဝေဖန်ချင်စရာမရှိတဲ့ သရုပ်ဆောင်မှု... ပစ်ချက်မရှိသော အလှတရားနဲ့ အန်တီပါလေ... မြင်သူတိုင်းရှုငေးရအောင် စွဲဆောင်မှုတွေရှိနေမှတော့ အာခံတွင်းထဲ ထည့်ငုံထားမတတ် ချစ်မိပါတယ်။ သူမရဲ့ ဇာတ်ကားတိုင်းဟာ နန်းစံသလို သူမရဲ့ သရုပ်ဆောင်ချက်တွေဟာ တော်ဝန်ပန်းတစ်ပွင့်... သူမက လှတယ်.. ဒါကြောင့် ယဉ်ယဉ်လေးနဲ့ရူးမိပါတယ်။ ကြည့်လေ.. ကြည့်လေ.. ပို၍.. ပို၍.. ကြည့်ချင်.. မြင်ချင်မိလေဖြစ်ရပါတယ်။ ဉယျာဉ်မှူးရှိပြီးသား ပန်းကလေးဟာ ပို၍ပြည့်စုံပြီးသား ပစ်ချက်မရှိပြည့်စုံပြီးသားပါ။ တခါပြုံးရင် အဖန်တရာသေပါတယ်... ယဉ်ယဉ်လေးနဲ့ လှပမှုဟာ အဖိုးတန်သဇင်ပင်တွေလိုပါပဲ... သူမက လှတယ်.. ဒါကြောင့် ယဉ်ယဉ်လေးနဲ့ရူးမိပါတယ်။ - လိပ်ပြာ

မေ့နိုင်ပါတော့မယ်ဆိုမှ တိုက်ဆိုင်မှုတွေ ပြန်ပြန်ပေါ်လာတယ် သည်လိုနဲ့ ကိုယ်ဟာမင်းကို မေ့နိုင်ပါအုံးမလား...။ -ရှင်နှောင်း

https://t.me/SocialboostmmUpdate/4706 30k Gwလေးရှိတယ်နော်😄 မနက်ဖြန်ဖောက်မှာဆိုတော့ အခုကတည်းက မန့်ထားလို့ရပြီ🌺

အိပ်မက်စိုး မက်တဲ့ ညတွေဆိုတာ မင်းအသံလေး မကြားရတဲ့ ညတွေလား။ - လိပ်ပြာ
အိပ်မက်စိုး မက်တဲ့ ညတွေဆိုတာ မင်းအသံလေး မကြားရတဲ့ ညတွေလား။ - လိပ်ပြာ

"မမကဗျာ" ပန်းနှင်းဆီလေးတစ်ပွင့်လောက် မမပန်ဆင်ကြည့်ပါ ပန်းလေးလည်း တင့်တယ်ရအောင်ပေါ့ ဟော.... ဟိုမှာကြည့်စမ်း မမ သက်တံ့လေးလေ မမအပြုံးကိုချေးငှားချင်လို့တဲ့ မောင်သဝန်တိုတယ်နော် ဒါနဲ့ဟိုတစ်ညကောင်းကင်မှာ "မမ"နဲ့"လ" နေရာလဲလိုက်သလားလို့ ကြယ်မရံလည်း တင့်တဲ့ညက မမကောင်းကောင်းပြုံးခဲ့တယ်။ ကဗျာလိုတော့ ဆိုတာပဲမမရဲ့ နိဒါန်းကစလို့ နိဂုံးအဆုံးထိ "မမ"ပဲပါတယ် မောင့်ကို သူတို့ပြောကြတယ်"အရူး"တဲ့ ဟုတ်မှာပေါ့လေ "မမ"နဲ့"ကဗျာ"ဆို မောင်သိပ်ရူးသွပ်တာ မောင်သိပ်စပ်ချင်တဲ့ ကဗျာက "မမကဗျာ"။      ။ -နေညို။။။ -မမကဗျာ(၁)

အတိတ်ကမင်းကိုရော အခု ပစ္စုပ္ပန်မှာမရှိတော့တဲ့မင်းကိုရော ကိုယ်သတိရတယ်...။ -ရှင်နှောင်း

Repost from N/a
The Crusaders များမှထုတ်ပြန်ကြေငြာခြင်း ထုတ်ပြန်ချက်အမှတ် - ၀၀၀၅/၂၀၂၆ အကြောင်းအရာ - စာမူဖိတ်ခေါ်ခြင်း နေ့စွဲ - ၃ရက်၊ စက်တင်ဘာ
The Crusaders များမှထုတ်ပြန်ကြေငြာခြင်း ထုတ်ပြန်ချက်အမှတ် - ၀၀၀၅/၂၀၂၆ အကြောင်းအရာ - စာမူဖိတ်ခေါ်ခြင်း နေ့စွဲ - ၃ရက်၊ စက်တင်ဘာလ၊ ၂၀၂၆ခုနှစ် The Poetry's Crusaders အဖွဲ့မှကြီးမှူး၍ ကလောင်သစ် ကဗျာတက်သစ်စများအတွက်ရည်ရွယ်ချက်ဖြင့် စာအုပ်ထုတ်ဝေရန်စီစဉ်လျက်ရှိသည်။ အဆိုပါ စာအုပ်တွင် စာမူပါဝင်အားဖြည့်ရန် ကလောင်ရှင်များအားဖိတ်ခေါ်မည်ဖြစ်ပါသည်။ ပါဝင်နိုင်ရန်အတွက် ရှေးဦးစွာ The Poetry's Crusadersတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ရပါမည်။ ထို့နောက် မိမိ၏စာမူများ အား သက်ဆိုင်ရာ စိစစ်ရွေးချယ်သူများထံပေးပို့၍ စာမူဝင်ရောက်အရွေးချယ်ခံနိုင်မည်ဖြစ်ကြောင်း ပေးပို့လာသောစာမူများမှ သင့်တင့်ရာ စာမူများကိုရွေးချယ်ကာ ထည့်သွင်းဖော်ပြပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။ စာမူပေးပို့ရန် - @HTET_Aryong ကဗျာညီအကိုမောင်နှမများအားချစ်ခင်စွာဖြင့် Poetry's Crusaders Team

Discord⬛️ VS Telegram⬛️ လူမှု့ကွန်ရက်နဲ့ သတင်းအချက်အလက် ခေတ်ကြီးမှာ Community တွေ တည်ဆောက်ဖို့နဲ့ စကားပြောဖို့အတွက် ဒီ Platfo
Discord⬛️ VS Telegram⬛️ လူမှု့ကွန်ရက်နဲ့ သတင်းအချက်အလက် ခေတ်ကြီးမှာ Community တွေ တည်ဆောက်ဖို့နဲ့ စကားပြောဖို့အတွက် ဒီ Platform နှစ်ခုလုံးက Communication အတွက်ကောင်းပေမယ့် အသုံးပြုပုံနဲ့ အားသာချက်တွေကတော့ မတူပါဘူး။ ဆိုတော့ ဆက်ဖတ်ရအောင် 🔔 👉ပထမဆုံးအ‌‌နေနဲ့Discord သူက Community နဲ့ Voice Chat တို့သုံးရတာအဆင်ပြေတယ်။ Gamer တွေ၊ Content Creator တွေနဲ့ သီးသန့် Community တည်ဆောက်ချင်သူတွေအတွက် ပိုပြီးအဆင်ပြေတယ်။ Server & Channel ဖွဲ့စည်းပုံကိုပြောပြမယ်ဆိုရင် Topic တစ်ခုစီအတွက် Text Channel, Voice Channel တွေကို စနစ်တကျ ခွဲခြားထားနိုင်လို့ စကားဝိုင်းမရှုပ်ထွေးစေဘူး Voice & Video Quality အသံနဲ့ ဗီဒီယို Stream ပြုလုပ်ရတာ အရမ်းကြည်လင်ပြီး Noise Suppression စနစ်တွေပါဝင်ပါတယ်။ Bot & Integrationအနေနဲ့ Bot တွေကို စိတ်ကြိုက် ဖန်တီး/တပ်ဆင်ပြီး Auto-moderation, Music, Games စတာတွေအပြင် Permissions & Moderation Tools တွေကောင်းမွန်တဲ့အတွက် စိတ်ကြိုက်အသုံးပြုလ်ို့ကောင်းပါတယ်။💡 ဒါမဲ့... သူ့မှာအားနည်းချက်လေးလဲရှိပြန်တယ်ဗျာ❕
🤔 Beginner တွေအတွက် Interface အနည်းငယ်ရှုပ်နိုင်တယ် 🤔Large Server တွေမှာ Management ပိုလိုအပ်တယ် 🤔ပုံမှန် Messaging အတွက် Telegram ထက် အနည်းငယ်ရှုပ်ထွေးတယ် 🤔File Size Limit: Basic Account မှာ File အကြီးကြီးတွေ (Free user ဆိုရင် File Size Limit ရှိ) တင်ရတာ အဆင်မပြေပါဘူး။ 🤔Data & Battery ပိုစားပါတယ်။
🏅Telegram - မြန်ဆန်မှု လုံခြုံရေးနဲ့ Broadcast တစ်ဦးနဲ့တစ်ဦး စကားပြောဖို့၊ သတင်းအချက်အလက် စုဆောင်းဖို့နဲ့ File တွေ အမြန်မျှဝေဖို့အတွက် အကောင်းဆုံး App ဖြစ်ပါတယ်။ Security လဲစိတ်ချရတာမလို့ သုံးသင်တဲ့ application တစ်ခုဖြစ်ပါတယ် ကျောင်းသားများစာသင်ဖို့အတွက် message box အနေနဲ့လဲအသုံးပြုလို့ရပါတယ် Fast, Simple & User-Friendly , Groups & Channels အတွက် အဆင်ပြေပါ‌တယ် File Sharing & Cloud Storage အသုံးပြုရလွယ်တယ်။ Multi-Device Sync လဲကောင်းမွန်တယ်။ Bots & Automation Features များပြားတယ်။ ပေါ့ပါးမြန်ဆန်တယ် Storage မစားဘဲ ဘယ် Device မှာမဆိုမြန်ဆန်စွာ အလုပ်လုပ်ပါတယ်။ File Sharing အကန့်အသတ်မရှိသလောက်ရခြင်း Up to 2GB (Premium ဆိုရင် 4GB) အထိ File တွေကို လွတ်လပ်စွာ တင်နိုင် Download လုပ်နိုင်ပါတယ် Unlimited Channels & Groups Channel တစ်ခုတည်းမှာ Member အကန့်အသတ်မရှိပါဘူး။ ဆိုတော့ ဒါအပ်ြု အများကြီးပဲရှိပါသေးတယ် ဒါကအရေးကြီးတဲ့အရာလေးတွေပဲ ပြောပြပေးသွားတာပါခင်ဗျာ👍 သူလဲ Discord နဲ့မတူတဲ့အရာလေးတွေရှိနေပြန်တယ်❔
⚡️Discord လောက် Community Management Tools မစုံဘူး ⚡️Gaming Community အတွက် Discord ထက် အားနည်းတယ် ⚡️Topic ခွဲရတာ အကန့်အသတ်ရှိတယ် ⚡️Large Group တွေမှာ စကားပြောများရင် Message တွေ ပျောက်ကုန်ပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ ⚡️Voice / Screen Share အားနည်းခြင်း Live Streaming နဲ့ Voice Room တွေ ပါသော်လည်း Discord လောက် Quality နဲ့ Feature မစုံလင်ပါ။
သင်က Gamer တစ်ယောက် Voice Call မကြာခဏ ပြောလေ့ရှိတာမဟုတ်ရင် ခေါင်းစဉ်အလိုက် စနစ်တကျရှိတဲ့ Community/Club တစ်ခု တည်ဆောက်ချင်ရင်တော့ Discord ကိုရွေးပါ↔️ သတင်းတွေ၊ File တွေ မြန်မြန်ဆန်ဆန် မျှဝေချင်ရင်၊ Broadcast Channel ထူထောင်ချင်တယ် ရိုးရှင်းတဲ့ Chat App ကိုမှ File အကြီးတွေ ပို့ချင်ရင်တော့ Telegram ကိုရွေးပါ↕️ #️⃣THE VERDICT✔️ Discord 🔽 Community & Collaboration✔️ Telegram 🔽 Messaging & Content Sharing✔️ 👉 အကောင်းဆုံး Platform ဆိုတာမရှိပါဘူး။ ကိုယ်အသုံးပြုမယ့် Purpose နဲ့ ကိုက်ညီတဲ့ Platform ကပဲ အကောင်းဆုံးပါ။ 🤩 ကျွန်တော့်ရဲ့ Telegram Account မှာလဲ အဆင်မပြေတာရှိရင်လာပြောလို့ရပါတယ် မှားတာရှိရင်လဲပြောပြပေးလို့ရပ့တယ်ခင်ဗျာ အကောင့်ကိုလဲuser ပေးထားပါတယ်ဗျာ့🌟 အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ ကျွန်တော် Yam ပါ🌠 👍👍👍👍 ➡️@Innovatixttechnologies9 👍👍👍👍 ➡️@techtroubleshooter9 👍👍👍👍👍👍👍👍 ➡️@YamsallKhem_ttmk #Innovatixttechnologies9 #discord #telegram @Innovatixttechnologies9✅

အခက်အခဲတွေ ဆိုတာ ငါတို့ရဲ့ အချစ်ကို စမ်းသပ်ရုံ သက်သက်ပါပဲ၊ မင်းရဲ့ လက်တစ်ဖက်ကို ငါ ဆုပ်ကိုင်ထားသမျှ ဒီကမ္ဘာပေါ်မှာ ငါ မကျော်လ
အခက်အခဲတွေ ဆိုတာ ငါတို့ရဲ့ အချစ်ကို စမ်းသပ်ရုံ သက်သက်ပါပဲ၊ မင်းရဲ့ လက်တစ်ဖက်ကို ငါ ဆုပ်ကိုင်ထားသမျှ ဒီကမ္ဘာပေါ်မှာ ငါ မကျော်လွှားနိုင်တဲ့ အတားအဆီး မရှိဘူး။ ◾လွန်းတိမ်ညို မင်းဆိုတဲ့ ရပ်ဝန်းငါ့အနားရှိသ၍ ငရဲလည်း သွားရဲသလို နတ်ပြည်ထိလည်းတက်ရဲပါတယ်။ ◾လိပ်ပြာ ဘဝတွေထဲ နောက်ဆုံးဘဝအထိ ငါမလွှတ်ချမိမယ့် လက်တစ်စုံ စိတ်ကူးလေးတစ်ခု ငါ့ဇာတ်ကြောင်းတွေအား ဘယ်ပုံမျိုးပဲ ပြန်ပြောင်းဖတ်ဖတ် မင်းဟာ ငါ့အောက်ဆီဂျင်အသေးစားလေး ဖြစ်နေတယ်...။ ▪️စောနွယ် တရားဓမ္မတွေ မေတ္တာဟူသမျှခက်ထန်တယ် ငါတို့အတူရှိနေခြင်းက နိဗ္ဗာန်ရောက်ကြောင်းပါအချစ်ရယ်။ ◾ချည်မျှင်

ဒီညတွေနဲ့ အရိုးစွဲ မနက်တွေ ငါတို့ဘာကြောင့်ရှင်ခဲ့ ငါတို့ဘာကြောင့်သေချင်ခဲ့ မသိပါရစေနဲ့ မကြားပါရစေနဲ့ ဒီဘ၀ဟာ နောက်ဆုံးကျည်ဆံသာ
ဒီညတွေနဲ့ အရိုးစွဲ မနက်တွေ ငါတို့ဘာကြောင့်ရှင်ခဲ့ ငါတို့ဘာကြောင့်သေချင်ခဲ့ မသိပါရစေနဲ့ မကြားပါရစေနဲ့ ဒီဘ၀ဟာ နောက်ဆုံးကျည်ဆံသာဖြစ်ပါစေ...။ ◾စောနွယ် ငါတို့ မီးညှိခဲ့တဲ့ ရာသီတွေထဲ ပြာပဲ ကျန်ခဲ့တယ် ပြန်မရနိုင်တော့တဲ့ အတိတ်ကို မီးခိုးတွေလိုမှုတ်ထုတ်ရင်း ငါတို့ အသက်ရှုမှားခဲ့ကြတာပေါ့။ ◾လွန်းတိမ်ညို မီးကုန်ခါနိ စီးကရက်တစ်လိပ်ကို ဖွာရင်း မီးသေသွားပြီဖြစ်တဲ့ အတိတ်ကို ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လို့ ငါဟာ သယ်ဆောင်နေစဲ ‌သယ်ဆောင်နေမြဲပဲ။ ◾လိပ်ပြာ

လက်ချောင်းကြားက လွတ်ကျသွားတဲ့သဲပွင့်လေးတွေလိုပါပဲ၊ မဆုပ်ကိုင်နိုင်ခဲ့တာကိုပဲ ငါတို့ "ကံတရား" လို့ နာမည်တပ်ခဲ့ကြတယ်။ ◾လွန်းတိမ
လက်ချောင်းကြားက လွတ်ကျသွားတဲ့သဲပွင့်လေးတွေလိုပါပဲ၊ မဆုပ်ကိုင်နိုင်ခဲ့တာကိုပဲ ငါတို့ "ကံတရား" လို့ နာမည်တပ်ခဲ့ကြတယ်။ ◾လွန်းတိမ်ညို

မနက်ဖြန် မနိုးချင်တော့ဘူးဆိုတာ မနက်ဖြန်တွေကို မုန်းလို့ မဟုတ်ပါဘူး။ မနက်ဖြန်တိုင်းမှာ ငါ မပါချင်တော့လို့ပါ။ ◾လွန်းတိမ်ညို

မြဝတီ ရှိရင်းစွဲညတွေမှာ ရှင်လျက်နဲ့မောင်သေရဦးမယ် မြဝတီရေ စိန်ပန်းတွေဝေနေပြီမြဝတီရေ တဲထိုးထားတဲ့ကော်ဖီဆိုင်လေး ပိတ်သွားပြီ မြဝတီရေ မြဝတီရေ.... ခြေလှမ်းစိပ်စိပ်လေးလှမ်းတဲ့အခါဂန္တဝင်မမလို လျှောက်လာနေရင်းနဲ့ တဖြည်းဖြည်း ပိုဝေးသွားသလိုပဲ မြဝတီ မင်းနောက်ကို ပြေးလိုက်ခဲ့တယ် မြဝတီရေ ငါထိုင်နေခဲ့တဲ့နေရာကနေ မင်းခေါ်သံထပ်ကြားလိုက်တယ်မြဝတီရေ မင်းတကယ်လာခဲ့တာပေါ့နော် မြဝတီ ကျေးဇူးတင်ပါတယ် အချစ်ရေ မောင့်အနားကပ်ပြီး ချစ်တယ်လို့ပြောနေမလား မောင်ရင်တွေကွဲရပြီ မြဝတီရေ - Astrophile #Black_sheep

မဂ်လာပါရှင် ရှင်နှောင်းတို့ဘက်က ရေတွေကြီးနေလို့(လိုင်းတွေပါပျက်နေလို့) စာရေးတာ ခဏရပ်နားပါရစေ စာဖတ်သူအပေါင်းတို့ကို အသိပေးအပ်ပါတယ်နော်။ -ရှင်နှောင်း

ကြာလေ ကြာလေ ဝေးသွားကြလေပါပဲ ။ အတူနေခွင့်ရခဲ့တဲ့ အခိုက်အတန့်လေးဟာ အိပ်မက်မျှသာဖြစ်မယ်...။ ▪စာတိုငဖြူ
ကြာလေ ကြာလေ ဝေးသွားကြလေပါပဲ ။ အတူနေခွင့်ရခဲ့တဲ့ အခိုက်အတန့်လေးဟာ အိပ်မက်မျှသာဖြစ်မယ်...။ ▪စာတိုငဖြူ

ကမ္ဘာကြီး နေကောင်းတဲ့အခါ ကိုယ်ရယ် မင်းရယ် ကိုယ်တို့ကလေးတွေရယ် မြင်ချင်ပါတယ်... တွေ့ချင်ပါတယ်။ - လိပ်ပြာ
ကမ္ဘာကြီး နေကောင်းတဲ့အခါ ကိုယ်ရယ် မင်းရယ် ကိုယ်တို့ကလေးတွေရယ် မြင်ချင်ပါတယ်... တွေ့ချင်ပါတယ်။ - လိပ်ပြာ

ဟိုမှာ မီးဘေး ဟိုမှာငလျင်ဘေး ဒီမှာစစ်ဘေး ဟိုမှာရေဘေးနဲ့ ကျုပ်တို့ကမ္ဘာဟာငိုသံတွေညံနေရောပဲ -ရင်ဘတ်ရှိုက်သံ ( အင်းလေး ) #Black_
ဟိုမှာ မီးဘေး ဟိုမှာငလျင်ဘေး ဒီမှာစစ်ဘေး ဟိုမှာရေဘေးနဲ့ ကျုပ်တို့ကမ္ဘာဟာငိုသံတွေညံနေရောပဲ -ရင်ဘတ်ရှိုက်သံ ( အင်းလေး ) #Black_sheep

"တောင်းပန်ပါတယ်" သိလားနွေ ကိုယ့်အတောင်ကိုယ်ချိုးပြီး မပျံသန်းတဲ့ စာသူငယ်ဟာ လောက်လေးကြောင့်လို့ လောကကြီးကို အပြစ်မတင်ပါဘူး ဒီအသိုက်မှာ နေခွင့်မရလို့ တခြားအသိုက်မပြောင်းချင်ရုံပါ လေဒဏ်၊မိုးဒဏ် ဆိုတာလည်း နှလုံးသားဒဏ်လောက် မပြင်းပါဘူးကွယ်။ - နေညို။။။ -တောင်းပန်ပါတယ်နွေ

1 --> ❤️ 2 --> 🥰. ပေးခဲ့ Rec ရော Poll ထဲကရော ၂ခုလုံးများတဲ့ဟာကိုမနက်ဖြန်ညလောက်ကျတင်ပေးမယ် Guysss များတဲ့ဟာကိုပဲတင်ပေးပါ့မယ်ခင်ဗျာ❤️
Anonymous voting