Positive Corner •101
Open in Telegram
2 347
Subscribers
No data24 hours
-77 days
-2430 days
Posts Archive
2 347
နှင်းတွေက ဖြူဖွေးပြီး လှပနေတာပဲ သတိထားမိကြတယ် သူတို့ဘယ်လောက်ထိအေးစက်နေတာလဲဆိုတာတော့ သိပ်ပြီးသတိမထားမိကြဘူး
#val
#positivecorner
2 347
သင်ကြားမှုများကို နားလည်လွယ် မှတ်မိလွယ်ချင်ရင် ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါ 😉
dopaminတွေကို လျှော့နိုင်သလောက်လျှော့ပါ။
screen time လျှော့ပါ။
Meditation ပုံမှန်လုပ်ကြည့်ပါ
အိပ်ရေး၀ဝအိပ်ပါ။
#positivecorner
#val
2 347
၇/၅/၂၀၂၅ #တပ်ကုန်းမြို့အနီး။
ယမန်နေ့ညမြန်မာစံတော်ချိန် ၁၁:၅၇ နာရီအချိန်က နေပြည်တော် တပ်ကုန်းအရှေ့ဘက် ၁၆ မိုင်အကွာက တပ်ကုန်းမြို့အနီး ညောင်လွန့်အရှေ့တောင်ဘက် တောင်ကုန်းဒေသအောက်အနက် ၆ မိုင်မှ မဂ္ဂနီကျု ၃.၂ အဆင့်မြေငလျင်ငယ်လှုပ်ရှားသွားပါသည်။
#crd
2 347
ည ၁၀:၅၅
၆/၅/၂၀၂၅
🚨
ယနေ့ည ရန်ကုန်သိသိသာသာ မြေငလျင်လှုပ်ခတ်မှုမှာ လှည်းကူးအရှေ့ဘက် အင်းတကော်အနီး ဇရပ်ကွင်းကိုဗဟိုပြုသည့် မဂ္ဂနီကျု ၃.၇ အဆင့်မြေငလျင်ငယ်လှုပ်ရှားမှုကြောင့်ဖြစ်ပါသည်။အားလုံးဘေးကင်းကြပါစေ။
#crd
2 347
Sorry everyone.
အကောင်းစားရှယ်လန်းတဲ့ content video တွေအတွက် အရှိန်ယူတယ်ပဲပြောရမလား ဒီဘက်ကိုသိပ်အာရုံမစိုက်နိုင်ဘူးလို့ပဲပြောရမလား အားနာနာနဲ့ပဲ video တွေကိုအားပေးစောင့်မျှော်နေကြတဲ့ မိတ်ဆွေများကို မေတ္တာရပ်ခံချင်ပါတယ်။
ကျွန်တော် လအနည်းငယ်လောက် video တွေဆက်မတင်ဖြစ်ပါဘူး။ သာမန်ဆို ဒီတိုင်းပဲဘာမှအသိမပေးပဲ နေနေမလို့ပါပဲ ဒါပေမယ့် ကျွန်တော်တို့ရဲ့ positive corner ကိုအားပေးနေကြတဲ့ သူအနည်းစုလောက်ကို တန်ဖိုးထားတဲ့အနေဖြင့်လေးစားသမှုနဲ့ အသိပေးအကြောင်းကြားခြင်းဖြစ်ပါတယ်။
Positive corner ကို ထောက်ခံတဲ့သူတွေရော မထောက်ခံတဲ့သူတွေရော အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။
Positive အတွေးအခေါ်တွေပဲတွေးပေးပါ။ လောဘ၊ဒေါသ၊မောဟများ ကင်းဝင်းနိုင်ကြပါစေ။
Good luck everyone 🤍
#val
#positivecorner
2 347
တိုးတက်တာနဲ့ အောင်မြင်တာ မတူဘူး၊
အများစုက အောင်မြင်မှုကိုပဲ အလိုရှိကြတာ၊
ဒါပေမယ့် တိုးတက်မှုက ပိုအရေးကြီးတယ်၊
အောင်မြင်တာဆိုတာ လိုချင်တာရတာကို ပြောတာပါ၊
အဲဒီလို အောင်မြင်တာ ရဖို့က အချိန်ယူရတယ်၊
တိုးတက်မှုက နေ့တိုင်းတိုးတက်နေတာဖြစ်တဲ့အတွက် ၊
နေ့တိုင်းပျော်စရာကောင်းပါတယ်။
ဒါကို နားလည်ရင် ကိုယ့်ဘဝကို ပြောင်းလဲပစ်နိုင်တယ်။
ကျနော်ဆိုရင်2009 လောက်တုန်းကစပြီး
ကိုယ်ပိုင်စီးပွားရေး စလုပ်ခဲ့တယ်
ဒါပေမယ့် သူ့မှာ အတွေ့အကြုံ မရှိသေးဘူး
အခက်အခဲမျိုးစုံ ပြဿနာပေါင်းစုံနဲ့စတင်ခဲ့ရတာပဲ ။
ဝင်ငွေ လဲတော်တော်နည်းခဲ့တာပဲ
ဒါပေမယ့် စိတ်မပျက်ဘူး ဆက်သွားနေတာပဲ။
၂၀၁၅ လောက်ရောက်တော့
အောင်မြင်မှု့နဲ့တိုးတက်မှု့ဆိုတာကိုနားလည်လာပြီး ၊
နေ့တိုင်း သင်ယူမှု့တွေလုပ်တယ် ၊
အလုပ်ထဲမှာ အသုံးချတယ် ၊
ဘ၀ထဲမှာအသုံးချတယ်၊
အလုပ်ထဲကနေ့တိုင်း တွေ့နေရတဲ့ ပြဿနာတွေထဲကနေ
များသောအားဖြင့်လေ့လာဖြစ်တယ် ၊
ရက်တိုင်း တစ်ဆင့်ချင်း တိုးတက်နေတယ်။
မနေ့ကထက် ဒီနေ့ပိုကောင်းအောင် လုပ်နိုင်တာကို တန်ဘိုးထားတယ်၊
နေ့တိုင်းလဲတိုးတက်နေတော့ ပျော်ရွှင်ရတယ်၊
ရုံးမှာ ပြဿနာတစ်ခုခုတက်လာရင်ပျော်နေတာပဲ
ငါလေ့လာခွင့်ရပြီးတိုးတက်တော့မယ်လို့ခံယူထားတယ်
ပထမနှစ်မှာ အောင်မြင်မှုကြီး မရခဲ့ဘူး၊
ဒါပေမယ့် သူ နေ့စဉ် တိုးတက်မှုကို ခံစားရတဲ့အတွက် ပျော်နေတယ်။
နှစ်နှစ်ကြာတော့ ဝင်ငွေက မထင်မှတ်ထားတဲ့
ပမာဏအထိ တိုးလာခဲ့တယ်၊
ကိုယ့်ကိုကိုယ်လဲ အံ့သြမိတယ်
ဆက်ပြီးတော့လဲ နေ့တိုင်းတိုးတက်အောင်ကြိုးစားနေတုန်းပဲ။
ကျနော်ပြောချင်တာကတော့
၁။ တိုးတက်မှုက နေ့စဉ်ဖြစ်ပွားတော့ နေ့စဉ်ပျော်ရွှင်စရာ ဖြစ်တယ်။
၂။ အောင်မြင်မှုကြီး တခုတည်းကို အာရုံစိုက်ရင်
ရုတ်တရက်အောင်မြင်မှု မရတဲ့အခါ စိတ်ဓာတ်ကျနိုင်တယ်။
၃။ တစ်နေ့ကို အနည်းငယ်စီ တိုးတက်မှုတွေက
အချိန်ကြာလာရင် စုစုပေါင်း အောင်မြင်မှုကြီး ဖန်တီးနိုင်တယ်။
၄။ နေ့စဉ် တိုးတက်မှုကို အာရုံစိုက်ခြင်းက စိတ်ဖိစီးမှု လျော့စေတယ်။
ကိုယ့်ရဲ့ တိုးတက်မှုကို နေ့စဉ် မှတ်သားပါ။
နေ့တိုင်း ကိုယ်လုပ်နိုင်တဲ့ အသေးအဖွဲ တိုးတက်မှုက
ကိုယ့်ကို ပျော်စေနိုင်ပါတယ်။
အောင်မြင်မှုကြီးကို ရည်မှန်းထားပါ၊
ဒါပေမယ့် အဲဒါရဖို့လမ်းကြောင်းမှာ ၊
တိုးတက်မှုကို ပျော်ရွှင်စွာ ခံစားတတ်ဖို့ အရေးကြီးပါတယ်။
#crd
2 347
သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ
သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ
သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ
သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ
သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ
သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ
သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ
သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ
သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ
မဖြုန်းသင့်သည့်အရာ ( ၃ )ခု
ငွေကို ဖြုန်းလျှင် ဥစ္စာကို ဆုံးရှုံးရတတ်သည်
စကားကို ဖြုန်းလျှင်သိက္ခာကို ဆုံးရှုံးရတတ်သည်
အချိန်ကို ဖြုန်းလျှင် ဘဝကို ဆုံးရှုံးရတတ်သည်။
#ctto
2 347
မနေ့ကညနေ မန္တလေး ၂၆ လမ်း၊ ၈၀-၈၁ လမ်းကြားက ငလျင်ဒဏ်ထိခိုက်ခံထားတဲ့တိုက်တစ်လုံး မိုးသည်းထန်မှုကြောင့် ပြိုကျမှုဖြစ်ပွားတယ်လို့သိရပါတယ်
ငလျင်ကြောင့် ထိခိုက်ခံထားရတဲ့ အဆောက်အအုံတွေကို အထူးဂရုစိုက်ကြပါခင်ဗျာ။ သတိလက်လွတ် ဝင်ရောက်ခြင်း၊ နေထိုင်ခြင်းများမပြုလုပ်ကြဖို့၊ အခုလို မိုးဦးလေဦးနဲ့ရောပြီး အန္တရာယ်က ဆက်ရှိနေလို့ အထူးသတိရှိကြပါခင်ဗျာ။
အားလုံး အစစအရာရာဘေးကင်းကြပါစေ🙏🙏🙏
#crd
2 347
မြန်မာနှစ်သစ်ကူးချိန်သကြင်္န်မှာ
ရေလိုအေးပြီး ဘေးအန္တရာယ်အလုံးစုံမှကင်းဝေးကြပါစေ လို့ဆုတောင်းပေးပါတယ်ဗျာ။
#Aungnaing
#Positivecorner
2 347
န်မာနှစ်သစ်ကူးချိန်သကြင်္န်မှာ
ရေလိုအေးပြီး
ဘေးအန္တရာယ်အလုံးစုံမှကင်းဝေးကြပါစေ
2 347
ဒီမနက် 9 နာရီမှာ၀န်းကျင်မှာ Chaing,Mandalay region မှာ 5.5 magnitude နဲ့ငလျင်လုပ်သွားပါတယ်။ အားလုံးသတိထားကြပါ။ အားလုံးဘေးကင်းပါစေ။🙏
2 347
Nicotine ရဲ့အလုပ်လုပ်ပုံ
~~~~~~~~~~~~~~~~~
Nicotine ဆိုတာဘာလဲ။ ဆေးလိပ်တို့၊Vapeတို့ Podတို့မှာ အများဆုံးပါရှိတဲ့ nicotine ဟာစွဲလမ်းစေတတ်တယ့် chemical တစ်မျိုးဆိုတာ ကျွန်တော်တို့အားလုံးနားလည်ထားကြပါတယ်။တကယ်တော့ nicotineရဲ့ တကယ့်side effects နဲ့အလုပ်လုပ်ပုံက ကျွန်တော်တို့နားလည်ထားကြတာထက် အများကြီးပိုပါတယ်။ နားလည်လွယ်အောင်ရှင်းပြရရင် ကျွန်တော်တို့ရဲ့ စိတ်ကို challenge ခေါ်နေတဲ့ စိတ်ကြွဆေးတစ်မျိုးပါ။ “ငါဆေးလိပ်ကိုအခုဖြတ်ရင်ပြတ်ပါတယ် ဒီနေ့သောက်ပြီး မနက်ဖြန်မသောက်ပဲနေနိုင်ပါတယ်၊ငါကတခြားသူတွေနဲ့မတူပဲ ဖြတ်နိုင်ပါတယ် ပြတ်နိုင်ပါတယ်”ဆိုပြီး ကျွန်တော်တို့ရဲ့ အတွေးတွေကို challenge ခေါ်စေတာပါ။ အဲ့လိုမျိုး ကျွန်တော်တို့ရဲ့ အတွေးတွေကို အမျိုးမျိုးလှည့်စားနေပြီး တဖြည်းဖြည်းနဲ့ မပြတ်နိုင်ပဲ စွဲသွားစေတာဟာ nicotine ရဲ့ အဓိက အလုပ်လုပ်ပဲဖြစ်ပါတယ်။
#val
#positivecorner
2 347
ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့၊ Sky Villa ကွန်ဒိုရဲ့ ကယ်ဆယ်ရေးလုပ်ငန်းခွင်မှာ တရုတ်အဖွဲ့ရဲ့ စက်နဲ့စစ်ဆေးချက်အရ အလောင်း ၂၀၀ ပိတ်မိနေသေးတာ တွေ့ရတယ်လို့ မန္တလေးအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။
“ဒီနေ့လည်းထပ်တွေ့ထားတာရှိပါတယ်။ တချို့အလောင်းတွေက လှေခါးက ဆင်းရင်းအစုလိုက် ပိမိတာတွေ့ ရတယ်” လို့ သူကပြောပါတယ်။.
#crd
2 347
ငလျင်လှုပ်ပြီး ၁၀ ရက်အကြာမှာ ဘာတွေ လိုအပ်နေသလဲ
Myanmar Emergency Response Coordination Unit
ဧပြီ ၈၊ ၂၀၂၅
“မိုးကာ၊ ဆိုလာ၊ ဘတ်ထရီ၊ မီးသီး၊ ပါဝါဘန့်ခ်၊ ဖိနပ်လိုအပ်ချက်တွေလည်းရှိနေဆဲပါ"
အိပ်မက်ဆိုးကြီးထဲက ဘယ်သူမှမလွတ်မြောက်သေးပါ။ ကားတန်းတွေ သွားနေသလို အကူအညီလိုအပ်နေသူ ပြည်သူ အများစုလည်း ရှိနေပါသေးတယ်။ ဒါက ငလျင်လှုပ်ပြီး ၁၀ ရက် အကြာ ဧပြီ ၇ ရက် နေ့လည်အထိ မန္တလေး၊ စစ်ကိုင်းဘက်မှာ မြင်နေရတဲ့မြင်ကွင်းဖြစ်ပါတယ်။
ရက်စက်တဲ့ ငလျင်ကြီးတခုရဲ့အလွန်၊ မိုးသည်းလေထန်တဲ့ညတွေရဲ့အလွန်မှာ ဘာတွေလိုအပ်နေသေးလဲ။
ဖုန်းလိုင်းခက်ခဲနေတဲ့ မန္တလေး၊ စစ်ကိုင်းဒေသက ငချင်ဒဏ်ခံပြည်သူတချို့နဲ့ စကားပြော အပြီးမှာ အရေးပေါ်တုံ့ပြန်မှု ညှိနှိုင်းဆောင်ရွက်ရေးယူနစ် သိခဲ့ရတဲ့ လတ်တလော အရေးပေါ် လိုအပ်ချက်တွေကို ပြန်လည်မျှဝေပေးထားပါတယ်။
အရေးပေါ်လိုအပ်ချက်များ
ဆေးရုံတက်နေရတဲ့ လူနာတွေအတွက်၊ ခွဲစိတ်ဖို့လူတွေအတွက် ဆေးရုံစရိတ်နဲ့ ဓာတ်စာဖိုးငွေတွေလိုနေပါတယ်၊ ငွေရေးကြေးရေးကူညီဖို့ မျှော်လင့်နေကြပါတယ်
အသင့်စားအစားအစာနဲ့ ရေကတော့ တချို့ဒေသတွေမှာ လတ်တလောအတွက် စတင်လုံလောက်နေပါပြီ၊ နေရာတချို့မှာတော့ ဆက်လိုအပ်နေပါတယ်
အပျက်အစီးတွေရှင်းဖို့တော့ အားလုံးကြိုးစားနေပါတယ်၊ တချို့ဒေသတွေမှာ အခမဲ့ကူပေးမယ့် ဘတ်ဖိုး၊ ဘူဒိုဇာတွေအတွက် ဆီဖြည့်ပေးဖို့ ဆီဖိုးတောင် မပေးနိုင်ကြဖြစ်နေပါတယ်
အိမ်ဖျက်တဲ့ စက်ယန္တရားတွေ အသုံးပြုတဲ့အခါ အကောင်းအတိုင်းကျန်ခဲ့တဲ့အိမ်နီးချင်းတွေရဲ့ ငြိုငြင်မှုခံရတာတွေလည်းတွေ့ရပါတယ်၊ ဒီလိုအချိန်မှာ တတ်နိုင်သလောက် အပြန်အလှန် နားလည်လက်ခံပေးကြဖို့ တိုက်တွန်းချင်ပါတယ်။
အိမ်အပျက်အစီးတွေရှင်းဖို့ ရပ်ထဲရွာထဲကလူတွေတိုင်တိုင်ပင်ပင်နဲ့ အကောင်အထည်ဖော်နိုင်ရင် ပိုမြန်ပါလိမ့်မယ်
မိုးကာ၊ ဆိုလာ၊ ဘတ်ထရီ၊ မီးသီး၊ ပါဝါဘန့်ခ်၊ ဖိနပ်လိုအပ်ချက်တွေလည်းရှိနေဆဲပါ
ကွင်းပြင်တွေ၊ နွားတင်းကုပ်တွေ၊ ဂိုဒေါင်တွေနဲ့ တခြားစုရပ်တွေမှာနေနေရသူတွေအတွက် ယာယီအိမ်သာတွေ၊ သုံးရေရဖို့တွေအပါအဝင် သူတို့အိမ်ပြန်ရေးစီမံချက်တွေလည်း စတင်ဖို့လိုနေပါပြီ
အနှစ်ချုပ်ပြောရရင် ဒေတာအချက်အလက်ရဖို့အကန့်အသတ်ကြီးမားမှုနောက်မှာ စီမံခန့်ခွဲမှုတွေ လွဲချော်ပါတယ်။ လိုအပ်တာတွေကို ရောက်အောင်မပို့နိုင်၊ ပိုတာတွေ ထပ်ပို့မိပါတယ်။ လှူဒါန်းမယ့်ပစ္စည်းတွေသွားမပို့ခင်မှာ ကိုယ်သွားမယ့်ဒေသအခြေအနေကို သေချာသိနိုင်ရင်ပိုကောင်းပါတယ်။
အခုပြောတာတွေက သန်းချီထိခိုက်တဲ့လူတွေထဲက လူနည်းနည်းနဲ့ပဲ ပြောခွင့်ရပြီး သိရတာတွေဖြစ်ပါတယ်။ လိုတာပိုတာတွေ အများကြီးရှိနေဦးမှာပါ။
ရွာအဆင့်၊ မြို့နယ်အဆင့် အပျက်အစီးစာရင်း၊ လိုအပ်ချက်စာရင်းတွေစုနိုင်တယ်ဆိုရင် စုစည်းမျှဝေသင့်ပါတယ်။
Myanmar Emergency Response Coordination Unit အနေနဲ့ နာရီနဲ့အမျှ အကူအညီတွေရှာဖွေတာ၊ မြေပြင်ကို ပြန်လည်ဖြန့်ဝေတာတွေလုပ်ဆောင်နေပါတယ်။ ပြည်သူ့အားနဲ့ရှေ့ဆက်ကြပါမယ်။
#crd
2 347
လက်ရှိဘဝမှာ ပျော်အောင်နေ လုပ်စရာရှိတာတွေကို အချိန်မဆွဲနဲ့ တတ်နိုင်ရင် လုပ်ချင်တာမှန်သမျှ အကုန်လုပ်ထားတစ်ဉီးနဲ့တစ်ဉီးအမုန်းမပွါးကြနဲ့ ကိုယ့်အနားမှာရှိနေပေးတဲ့သူတွေကို မေတ္တာထား ဒီနေ့ထက် မနက်ဖြန်ဆိုတာ မသေချာတဲ့ ဒီလိုကာလ မျိုးမှာ ကောင်းမှုကုသိုလ်များများလုပ်ပြီး က်ုယ်ချစ်ရတဲ့သူတွေနဲ့ ပျော်စရာလေးတွေပဲဖန်တီးပြီးအချိန်ကုန်ဆုံးပါ။
#val
#positivecorner
2 347
Magnitude level နှင့်
စိုးရိမ်မှက်များ လိုရင်းတိုရှင်း
Micro Earthquakes
Magnitude level - 1.0 - 2.9
- လူတွေမသိနိုင်
- မြေငလျင်တိုင်းကရိယာများသာသိရှိနိုင်
- - - - - - - - - - - - - - - - - - - - - - - -
Minor Earthquake
Magnitude level - 3.0 - 3.9
- အဆောင့်အဦအတွင်းမှလူတစ်ချို့အနည်းငယ်သတိပြုမိနိုင်။
- ပျက်စီးမှုမဖြစ်စေနိုင်။
- စိုးရိမ်စရာမရှိ။
- လမ်းလျှောက်၊ယာဉ်မောင်းနေသူများ
မသိရှိနိုင်။
- - - - - - - - - - - - - - - - - - - - - - - -
Light Earthquake
Magnitude level - 4.0 - 4.9
- လူအများငလျင်ကိုသိသာစွာသိရှိနိုင်
- တုန်ခါသံများကြားရနိုင်၊ သေးငယ်ပြီး ပေါ့ပါးသောပစ္စည်းများ ရွေ့လျားနိုင်။
- သို့သော်ပျက်စီးထိခိုက်မှုမရှိနိုင်။
- သို့သော် ပြိုလုနီးပါး
အဆောင့်အဦးအနီးအနားတွင်မနေသင့်။
- - - - - - - - - - - - - - - - - - - - - - - -
Moderate Earthquake
Magnitude level - 5.0 - 5.9
- ထိခိုက်ပျက်စီးမှုစတင်ကြုံလာရနိုင်
- အိုဟောင်းနေသော သို့မဟုတ် ပြိုလုနီးပါး
အဆောင့်အဦးများ ထိခိုက်ပျက်စီးနိုင်။
- ငလျင်လှုပ်ခါမှုကို သိသာစွာသိရှိခံစားရနိုင်။
- - - - - - - - - - - - - - - - - - - - - - - -
Strong Earthquake
Magnitude level - 6.0 - 6.9
- အဆောင့်အဦးဟောင်းများ ထိခိုက်ပျက်စီးမှုများနိုင်။
- လူဦးရေထူထပ်သောနေရာများတွင် ထိခိုက်မှုများနိုင်။
- - - - - - - - - - - - - - - - - - - - - - - -
Major Earthquake ( Dangerous level )
Magnitude level - 7.0 - 7.9
- အထပ်မြင့်တိုက်များ ပြိုကျပျက်စီးနိုင်။
- အဆောင့်အဦးဟောင်းများပျက်စီးဆုံးရှုံးနိုင်။
- ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများနိုင်။
- မြေပြိုခြင်း ၊ လမ်းပျက်စီးခြင်းများဖြစ်ပေါ်နိုင်။
- နောက်ဆက်တွဲ ဆူနာမီဖြစ်ပေါ်နိုင်ခြေ သင့်တင့်။
- Aftershock ( နောက်ဆက်တွဲငလျင်ငယ် ) များ ဆက်တိုက်ဖြစ်ပေါ်နိုင်။
- - - - - - - - - - - - - - - - - - - - - - - -
Great Earthquake
Magnitude level - 8.0 နှင့်အထက်
- အလွန်ပြင်းထန်သော ပြိုကျပျက်စီးဆုံးရှုံး နိုင်ခြေ အလွန်မြင့်မား။
- နောက်ဆက်တွဲငလျင်နှင့်
နောက်ဆက်တွဲဆူနာမီဖြစ်ပေါ်နိုင်ခြေ မြင့်မား။
- - - - - - - - - - - - - - - - - - - - - - - -
Magnitude level 5.0 မှ 6.9 ထိ
စိုးရိမ်ဖွယ်မှက် အန္တရာယ် အသင့်အတင့်
Magnitude level 7.0 မှ အထက်
စိုးရိမ်မှက် အန္တရာယ် မြင့်များ
မှက်ချက် - ကြီးမားသောငလျင်ဖြစ်ပြီးနောက်
နောက်ဆက်တွဲငလျင်ငယ်များ ( aftershock ) ဆက်တိုက်ဖြစ်ပေါ်နိုင်သည့်အတွက်
ပြိုကျပျက်စီးလုနီးပါး
အဆောင့်အဦးအနီးအနားတွင်
နေထိုင်ခြင်းမပြုရ။
ငလျင်ဖြစ်ပေါ်မည့်အချိန်ကို ခန့်မှန့်လို့ရသည့်
နည်းပညာ ကမ္ဘာပေါ်တွင် ယနေ့ချိန်ထိမရှိသေး။
ထို့ကြောင့် ဘယ်နှစ်နာရီဘယ်ချိန်
ငလျင်လုပ်မည်ဆိုပြီး
ခန့်မှန်းရေးသားနေသော post များအား attention မပေးခြင်းဖြင့် ကူညီကြပါ။ aftershock ဖြစ်ပေါ်နိုင်သည်ကို
သိရှိနားလည်ပြီး သတိဝရိယနိုးနိုးကြားကြားနေပါ။
လွတ်လပ်စွာ ပြန်လည်ကူးယူဖော်ပြနိုင်ပါသည်။
#crd
