en
Feedback
Burma Podcast Network

Burma Podcast Network

Open in Telegram

Burma Podcast Network မှ Podcast episodes များကို လွယ်ကူစွာ နားဆင်နိင်ပါသည်။

Show more
Myanmar30 482The category is not specified
225
Subscribers
No data24 hours
+17 days
+530 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
February '25
February '250
in 0 channels
January '25
+227
in 1 channels
Date
Subscriber Growth
Mentions
Channels
01 February0
Channel Posts
2
“ဘုရားပေးတဲ့ ဂီတသမား Mozart” ပေါ့ကတ်စ်အစအဆုံးလာပါပြီ။ (၈)နှစ်သားအရွယ်ကတည်းက ဂီတဆင်ဖိုနီတွေ စတင်ဖန်တီးခဲ့သူ မိုးဇက်၊ မိုးဇက်လိုပဲ အနုပညာပါရမီရှိသူ အမ မရီယာအန်နာမိုးဇက်၊ မိုးဇက်ရဲ့ ဖခင်ဖြစ်သူ တယောဆရာ လီယိုပိုးလ်၊ မိုးဇက် ဗီယင်နာမြို့မှာ နေထိုင်ခဲ့စဥ် နှစ်ကာလတွေ၊ စတာတွေကို မာကျူရီရဲ့ ဒီတပတ် Fmaj7 ပေါ့ကတ်စ်မှာ နားဆင်ရမှာပါ။ ကမ္ဘာမြေပေါ်မှာ ၃၅နှစ်တာပဲ နေထိုင်ခဲ့ပြီး အနုပညာအစစ်တွေကို ချန်ထားပေးခဲ့တဲ့ မိုးဇက်ရဲ့ အကြောင်းပေါ့ကတ်စ်အပြည့်အစုံကို Burma Podcast Network ရဲ့ platform တွေကနေ နားဆင်နိုင်ပါပြီ။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။
76
3
လူအများစုမသိတဲ့_၂၀၂၅_အတွက်_စိန်ခေါ်မှုများ.mp3
75
4
"လူအများစုမသိတဲ့ ၂၀၂၅အတွက် စိန်ခေါ်မှုများ" သမိုင်းသုတေသီ ဒေါက်တာသန်းထွန်းက ပြောတယ် "သမိုင်းကိုသင်တာ မအ အောင်လို့တဲ့"။ ဒါဆို သမိုင်းကိုပြန်ကြည့်ရအောင်.. သမိုင်းမှာ လူသန်းပေါင်းများစွာ စက်မှုတော်လှန်ရေးအလွန် ဆင့်ကဲနည်းပညာတိုးတက်လာမှုကြောင့် အလုပ်လက်မဲ့ပြသနာ ရင်ဆိုင်ခဲ့ရတယ်။ အမှီလိုက်နိုင်သူတွေအတွက် အလုပ်အကိုင်အသစ်တွေပေါ်လာပြီး ဘဝပြောင်း ချမ်းသာခဲ့ကြတယ်။ ဥပမာ - ATM စက်တွေပေါ်လာပြီး ကမ္ဘာအရပ်ရပ်က ဘဏ်ဝန်ထမ်းတွေအများပြား အလုပ်ဆုံးရှုံးခဲ့ကြသလို၊ Grab တို့ Uber တို့ကြောင့် လမ်းထိပ်က အငှားယာဥ်ဂိတ်တွေ ပျောက်ဆုံးသွားသလိုပေါ့။ ညိုကီအက်ဖ်အမ် အပိုင်း (၈) မှာ ဘဟိန်းနဲ့ အီရံက ၂၀၂၅ အလွန် AI ခရီးမှာ လှည်းပေါ်တင်ကျန်မဲ့သူ ၊ လှည်းအောက် ကျကျန်ရစ်ခဲ့မဲ့သူတွေအကြောင်း​၊ သတိလွတ်ရင် ဘဝပျက်သွားနိုင်တဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို အများနားလည်အောင် ကြိုးစားတင်ဆက်ထားပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။
72
5
UBUNTU ဆိုတဲ့အာဖရိက အတွေးအခေါ်အယူအဆက " ငါဖြစ်နေတယ်ဆိုတာ မင်းရှိနေလို့ပါကွာ"တဲ့။ စကြာဝဠာထဲက ဘယ်အရာမှ သီးခြားဖြစ်တည်နေတာမဟုတ်ပါ
UBUNTU ဆိုတဲ့အာဖရိက အတွေးအခေါ်အယူအဆက " ငါဖြစ်နေတယ်ဆိုတာ မင်းရှိနေလို့ပါကွာ"တဲ့။ စကြာဝဠာထဲက ဘယ်အရာမှ သီးခြားဖြစ်တည်နေတာမဟုတ်ပါဘူး ပျားတွေရှိလို့ ပန်းတွေပွင့်တယ်​၊​ မြက်ပင်လေးတွေကြောင့် မြင်းတွေသန်မာကြတယ်။ ခင်ဗျားတို့သာ BPN ရဲ့ ထုတ်လွှင့်မှုတွေကို ဂရုမပြုခဲ့ရင် BPN ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ 2025 မှာ စိတ်ညစ်တဲ့အခါ ၊ အဖော်သဟဲလိုတဲ့အခါ ၊ ပျော်ရွှင်တဲ့အခါ BPN ရဲ့ Podcast တွေဆီ လာခဲ့ကြပါ။
59
6
ဒလိုင်းလားမား ရဲ့ဆိုစကားအရ "ပြောတယ်ဆိုတာက သိပြီးသားကိစ္စကို ထပ်ခါများစွာ ရေရွတ်နေတာ၊ အသစ်တစ်ခုခုသိနားလည်ဖို့ဆို နားထောင်တတ်ဖိ
ဒလိုင်းလားမား ရဲ့ဆိုစကားအရ "ပြောတယ်ဆိုတာက သိပြီးသားကိစ္စကို ထပ်ခါများစွာ ရေရွတ်နေတာ၊ အသစ်တစ်ခုခုသိနားလည်ဖို့ဆို နားထောင်တတ်ဖို့က အရေးကြီးတယ်" တဲ့ ။ ခင်ဗျားတို့ ဘယ်လောက် ပါရမီကြီးကြသလဲဗျာ .. နာရီပေါင်း 23,000 နှစ်သောင်းသုံးထောင်ကျော်ကို BPN Podcast များကတစ်ဆင့် အသစ် အသစ်တွေ နားဆင်ဖို့ အသုံးပြုခဲ့ကြပါတယ်။ မိတ်ဆွေတို့ရဲ့ ဥာဏ်ပညာကြီးမှုကို အလေးပြုပါတယ်။
44
7
ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကပြောတယ်​ " အမျိုးသမီးလေးတွေဘဝ ကို အားကောင်းအောင် တည်ဆောက်ပေးနိုင် မယ်ဆို ကျန်တာအကုန်အထမြောက်အော
ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကပြောတယ်​ " အမျိုးသမီးလေးတွေဘဝ ကို အားကောင်းအောင် တည်ဆောက်ပေးနိုင် မယ်ဆို ကျန်တာအကုန်အထမြောက်အောင်မြင်ဖို့ မခက်တော့ဘူး"တဲ့ ။ BPN ရဲဲ့ Platform အသီးသီးမှာ အမျိုးသမီးနားဆင်သူ ၄၅ % အထက် ရှိပြီးတော့ အမျိုးသမီးအရေး အဓိကတင်ဆက်တဲ့ အထက်ဆင် Podcast ကို နားထောင်သူ ၇၀ % က အမျိုးသားတွေပါတဲ့ခင်ဗျာ။ ချစ်ဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
42
8
"အကြောက်တရားဟာ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို လုပ်ဖို့အတွက် အတားအဆီးအဖြစ်ခံလို့မရဘူး" ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တယ်။ BP
"အကြောက်တရားဟာ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို လုပ်ဖို့အတွက် အတားအဆီးအဖြစ်ခံလို့မရဘူး" ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တယ်။ BPN ထုတ်နေတဲ့ Podcast Show အများစုဟာ ပြည်တွင်းက နားထောင်သူတွေအတွက် ပေါ်ပေါ်တင်တင် အားပေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် BPN ရဲ့ Supporter တွေထဲမှာ ၅၅ % ကျော်က မြန်မာပြည်ထဲက လူတွေဆိုတာကို Platform insight data တွေက သိရတော့ ခင်ဗျားတို့ ကို မလေးစားပဲ မနေနိုင်ပါဘူး။ လူ့အဖွဲ့အစည်းတွက် အကျိုးရှိတာတွေထုတ်နိုင်အောင် ပိုကြိုးစားဖို့ခွန်အားတစ်ခုပါ။
53
9
၂၀၁၅ ခုနှစ်ဆိုတာ ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အကွာမှာ ကျန်ခဲ့ပါပြီ။ လွတ်လပ်ခြင်းရဲ့ အနှစ်သာရနဲ့ တစ်နိုင်ငံလုံးက လူငယ်တွေ မျှော်လင့်ချက်အပြည့်ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ပျော်စရာ နေ့တွေအကြောင်း ပြန်ပြောရင် "လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကပေါ့ကွာ" ဆိုပြီး စကားစကြရမဲ့ ခုနှစ်ပေ့ါ။ Burma Podcast Network အနေနဲ့ နိုင်ငံတကာက Freedom Fighter တွေ Justice Warrior တွေရဲ့ မှတ်စုအချို့နဲ့ 2025 ကို ကြိုဆိုချင်ပါတယ်။ မြန်မာနိုင်ငံအတွက် အဖက်ဖက်မှ ကြိုးစားနေကြတဲ့ လူငယ်တွေ ၊ လူကြီးတွေ ၊ မိတ်ဆွေတွေ အားလုံး ကျန်းမာလုံခြုံပြီး စားဝတ်နေရေးပြေလည်ကြပါစေ။
55
10
"ခရစ်တော်မွေးနေ့မှာ သေလုမျောပါး ရဲဘော်ဟာ ပြန်လည် နိုးထလာတယ်” မောက်ခမ်းဝါ က ခရစ်ယာန်ဓလေ့ထုံးစံ ယဥ်ကျေးမှုတွေနဲ့ နှစ်လိုဖွယ် ကရင်နီပြည်မှာကြီးပြင်းခဲ့တဲ့ ဗုဒ္ဓဘာသာလူငယ်တစ်ယောက်ဖြစ်တယ်။ သူပြောတဲ့ ခရစ်တော်မွေးနေ့ အမှတ်တရတွေက နားထောင်သူအတွက် ဘာသာဓလေ့စည်းမျဥ်းတွေကို ကျော်ပြီး ချစ်ခြင်းတရား နဲ့ ဓလေ့ရိုးရာ ကိုသက်ဝင်မြတ်နိုး သူဖြစ်စေတယ်။ ၂၀၁၁ ခုနှစ်မှာ ပထမဆုံးအကြိမ် ဘုရားကျောင်းတက်ခဲ့ဖူးတဲ့ မောက်ခမ်းဝါဟာ ရန်ကုန်မှာရှိနေခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ လွတ်မြောက်နယ်မြေတစ်ခုမှာ ရှိနေခဲ့တယ်။ ကရင်နီ ရှေ့တန်းမှာ ဦးခေါင်းလက်နက်ကြီးစထိမှန်တဲ့ ရဲဘော်လေးကို တော်လှန်ရေးဆရာဝန်တွေကယ်တင်ခန်းမှာ သိပ္ပံဆေးပညာ (Modern Medical Science) နဲ့ အံဖွယ်ဖြစ်စဥ် (Miracles) တွေအပြင် တရားသော တော်လှန်ရေးဘက်မှာ ယေရှုခရစ်တော် အပါအဝင် ဓမ္မကို မြတ်နိုးသူတိုင်း အတူရှိနေကြောင်း ဒီ Podcast က သက်သေခံနိုင်ပါလိမ့်မယ်။
109
11
No text...
89
12
မောက်ခမ်းဝါက ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် Christmas ဆိုရင် အမြဲတမ်း ဘုရားကျောင်းတွေ သွားတယ်၊ သူတို့တွေရဲ့ နွေးထွေးပျော်ရွှင်မှုကို ခံစားခဲ့ပါတယ်။ ငယ်ငယ်က လွိုင်ကော်မြို့ရဲ့ Christmas မြင်ကွင်းတွေအကြောင်း၊ အ​ရေးတော်ပုံကာလ Christmas မြင်ကွင်းတွေအကြောင်း Timeline နှစ်ခုကို နှိုင်းယှဥ်ပြီး ဒီ Podcast မှာ တင်ဆက်ထားပါတယ်။ Burma Podcast Network ရဲ့ Platform တွေဖြစ်တဲ့ YouTube, Facebook, Spotify နဲ့ Apple Podcast တို့မှာ ယနေ့ည (၈) နာရီတိတိမှာ အပိုင်းအပြည့်အစုံကို နားဆင်နိုင်မှာပါ။
81
13
No text...
68
14
"ဖိုဝါဒကြီးစိုးတဲ့ တော်လှန်ရေးကြီးတော့ မဖြစ်စေလိုပါဘူး" ဆိုတဲ့ ငြိမ်းချမ်းစုကြည်နဲ့ အင်တာဗျူး တစ်ဦးတစ်ယောက်ခြင်းကြုံရတဲ့ ပြသန
"ဖိုဝါဒကြီးစိုးတဲ့ တော်လှန်ရေးကြီးတော့ မဖြစ်စေလိုပါဘူး" ဆိုတဲ့ ငြိမ်းချမ်းစုကြည်နဲ့ အင်တာဗျူး တစ်ဦးတစ်ယောက်ခြင်းကြုံရတဲ့ ပြသနာမဟုတ်တဲ့ ဖိုဝါဒကို ဘယ်လိုတိုက်ထုတ်ကြမလဲ? တရားမျှတကို ရှာဖွေဖော်ဆောင်ဖို့အတွက် ဘာတွေလုပ်လို့ရနိုင်လဲ? ပြီးခဲ့တဲ့ ရက်အနည်းငယ်က တော်လှန်ရေးနယ်မြေထဲမှာ သတင်းသမားတစ်ဦးဖြစ်တဲ့ မငြိမ်းချမ်းစုကြည်နဲ့ သူမရဲ့ ပါတနာတို့ကို အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းကို ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်အပေါ်မှာ ကာယကံရှင်နဲ့အတူ အထက်ဆင်က ငြိမ်းချမ်းမေက တွေ့ဆုံဆွေးနွေးထားပါတယ်။ Burma Podcast Network ရဲ့ Podcast Show တခုဖြစ်တဲ့ အထက်ဆင်ကနေ ဖိုဝါဒကြီးစိုးမှု၊ လိင်အခြေပြုအကြမ်းဖက်မှုတွေ စတာတွေကို ဆန့်ကျင်တဲ့အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ podcast တွေကို ထုတ်လုပ်တင်ဆက်နေတာ တစ်နှစ်ကျော်ခဲ့ပါပြီ။ ဒီလင့်ခ်ကနေ အထက်ဆင်က တင်ဆက်ခဲ့တဲ့ အကြောင်းအရာတွေကို မိတ်ဆွေတို့ အသေးစိတ်နားဆင်နိုင်ပါတယ်။ https://www.youtube.com/playlist?list=PLeibo4CgKWZ8jd2TSnvEL-TlMLTIkDF1_
90
15
Fmaj7 Classical Age_Thumbnail.jpg
157
16
ဂန္ဓဝင်ဂီတ ရောင်နီဦး Classical Musicလို့ ခေါ်တဲ့အရာတွေကို ပျင်းစရာကောင်းလိုက်တာလို့ တွေးနေပြီလား။ ဒီအပတ် podcast မှာ မာကျူရီက ဂီတနဲ့ပတ်သက်လာရင် ဂန္တဝင်ကြီးတွေရဲ့ အကြောင်းနဲ့ ဂီတသီအိုရီတွေကို ပြောပြထားပါတယ်။ မိတ်ဆွေကြိုက်နှစ်သက်တဲ့ music အမျိုးအစားကရော ဘာဖြစ်မလဲ။ Podcast ထဲက music တွေကို ခံစားနိုင်ဖို့အတွက် နားကြပ်လေးတပ်ပြီး နားဆင်လို့ရပါပြီနော်။ #burmapodcastnetwork #podcast #burma #bpn #fmaj7 #classicalmusic #bethoven #mozart #knowledge
150
17
မိန်းမတွေရဲ့အခွင့်အရေးကို အသိအမှတ်မပြုတာဟာ မိန်းမတွေကို လူလို့အသိအမှတ်မပြုတဲ့ အတွေးအခေါ်ပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိ
မိန်းမတွေရဲ့အခွင့်အရေးကို အသိအမှတ်မပြုတာဟာ မိန်းမတွေကို လူလို့အသိအမှတ်မပြုတဲ့ အတွေးအခေါ်ပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုရေးရာကိစ္စတွေအားလုံးဟာ မိန်းမတွေနဲ့လည်း အကျုံးဝင်တယ်လို့ မောင်ရင်က ဆိုထားပါတယ်။ တော်လှန်ရေးကာလအတွင်းကျဆုံးခဲ့ရတဲ့ မီရာဘာညီအစ်မတွေအတွက် နိုဝင်ဘာလ (၂၅)ရက်နေ့ကို အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းမှာ ကျင်းပတဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာကာလလှုပ်ရှားမှုဟာ အဲဒီနေ့ကစပါတယ်။ မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း အမျိုးသမီး (၁၂၀၀)ကျော် သေဆုံးခဲ့ရပါတယ်။ ဥာဏ်သူပုန်နဲ့ Burma Podcast Network မှ (၁၆)ရက်တာ ကာလလှုပ်ရှားမှုအတွင်း စနစ်ဆိုးတွေ ဓလေ့ဆိုးတွေကို အံတုနေကြသော အမေများ၊ ညီမများ၊ အဒေါ်များ အပါအဝင် အမျိုးသမီးတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ချစ်ခြင်းလေးစားခြင်းဖြင့် တင်ဆက်လိုက်ရပါတယ်။ #burmapodcastnetwork #myanmarpodcast #Bpn #Podcast #RebelWisdom #16DaysOfActivismAgainstGenderBasedViolence #womensupportingwomen #womenrights #16DaysOfActivism
146
18
No text...
175
19
ကျောင်းမှာမသင်သော လိင်မှုဘဝ သင်ခန်းစာများ Nyo Ki FM - Eps 7 ကျောင်းမှာ မသင်ခဲ့ရတဲ့ sexual health နဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကို ဒီအပတ် Nyo Kyi FM က ကိုဘဟိန်းက ဒေါက်တာဖြိုးသီဟနဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။ ဒီ Podcast မှာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ဘာကြောင့် တစ်ခေတ်ပြန်စားလာလဲ၊ sex education နဲ့ ပတ်သတ်တဲ့ ရှေးရိုးဆွဲအယူအဆတွေ၊ porography စွဲလမ်းမှု အစရှိတဲ့ sexual health နဲ့ ပတ်သတ်တဲ့ လူငယ်တွေ သိသင့်သိထိုက်တာတွေကို ဆွေးနွေးထားပါတယ်။ #burmapodcastnetwork #burma #myanmarpodcast #podcast #bpn #nyokyifm #HealthySexLifeTips #sexualhealthawareness #healthylifestyle #mentalwellness #abortionishealthcare #myanmarhealth
174
20
သရော်တဲ့ ယဉ်ကျေးမှု မိတ်ဆွေတို့ ကြိုက်နှစ်သက်တဲ့ ​meme ရှိလား။ ၂၀၂၁ ရဲ့ အကျဉ်းတန်နေ့ရက်တွေထဲက တမူထူးခြားတဲ့ meme ဆိုတဲ့အရာတွေ
သရော်တဲ့ ယဉ်ကျေးမှု မိတ်ဆွေတို့ ကြိုက်နှစ်သက်တဲ့ ​meme ရှိလား။ ၂၀၂၁ ရဲ့ အကျဉ်းတန်နေ့ရက်တွေထဲက တမူထူးခြားတဲ့ meme ဆိုတဲ့အရာတွေ၊ ခေတ်ကို ထပ်ဟပ်စေခဲ့တဲ့ လူငယ်တွေရဲ့ တော်လှန်မှုတွေအကြောင်းကို မောင်ရင်က ဉာဏ်သူပုန် ထထားပါတယ်။ မိတ်ဆွေတို့မှာရော မောင်ရင်နဲ့ မတူကွဲပြားတဲ့အမြင်တွေရှိရင် ဆွေးနွေးမျှဝေပေးပါဦး။ #burmapodcastnetwork #Burma #myanmarpodcast #BPN #rebelwisdom #memes #revolution
180