en
Feedback
Federal FM (ဖက်ဒရယ် FM)

Federal FM (ဖက်ဒရယ် FM)

Open in Telegram

ဖက်ဒရယ် FM ၏ တရားဝင် ချယ်နယ် ဖြစ်ပါသည်။

Show more
1 178
Subscribers
-224 hours
-57 days
No data30 days
Posts Archive
⭕️ပလက်ဝမှာ ၁၂ တန်းစာကို မြန်မာနဲ့ရခိုင်စာပေ ကြိုက်နှစ်သက်ရာ ရွေးချယ်သင်ယူနိုင်တယ်လို့ AA ထုတ်ပြန် #ပလက်ဝ #ရခိုင်ဘာသာစကား #ခူမီး #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

⭕️ ကသာမှာ စစ်တပ်ဗုံးကြဲလို့ နေအိမ် ၃ လုံးပြာကျ #ကသာ #ဗုံးကြဲ #မိုးတားလေး #စစ်သင်္ဘော #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

September 9, 2026| Wednesday Radio Production📻 ယနေ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် ဗုဒ္ဓဟူးနေ့ နားဆင်ရမည့် အကြောင်းအရာများ 🎙ဖက်ဒရယ် FM နေ့စဉ်သတင်း 🎙နွေဦးကဗျာ “အမည်မသိ-သူ-ငါ” 🎙တအာင်း-ပအိုဝ်းနေ့စဉ်သတင်းအစီအစဉ် 🎙သွေးစွန်းငွေဖြတ်​တောက်ရေးလှုပ်ရှားမှုအဖွဲ့ရဲ့ “ဗုဒ္ဓဟူးနေ့ ပေါ့ကတ်အစီအစဉ်”ကနေ “မိစ္ဆာလေတပ်စခန်းများနှင့် သွေးစွန်းလောင်စာဆီ” အပိုင်း-၁ 🎙အပွေးမြင် အပင်သိ တွေးဆင်ခြင် သတင်းအမှန်သိ အစီအစဉ် #DailyRadioProduction #September 9 #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _______________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

၄၉၂၆ စစ်ဆင်ရေးဆိုပြီး ရခိုင်ကိုထိုးဖောက်ဖို့ နေရာ ၄ ခုမှာ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင်
၄၉၂၆ စစ်ဆင်ရေးဆိုပြီး ရခိုင်ကိုထိုးဖောက်ဖို့ နေရာ ၄ ခုမှာ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင်

၄၉၂၆ စစ်ဆင်ရေးဆိုပြီး ရခိုင်ကိုထိုးဖောက်ဖို့ နေရာ ၄ ခုမှာ အာဏာသိမ်းစစ်တပ် ထိုးစစ်ဆင် ဖက်ဒရယ် FM | စက်တင်ဘာလ ၉ ရက် အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ထိစပ်နေတဲ့ နေရာ ၄ ခုကို အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင်နေပါတယ်။ ၄ ရက်နေ့ ၉ လပိုင်းမှာ စတင်တဲ့ အဲ့ဒီ စစ်ဆင်ရေးအတွင်း အာဏာသိမ်းစစ်တပ်ဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အစပ်နေရာတွေ၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် အမ်း-ပဒန်းလမ်းပိုင်း၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်နေရာတွေ၊ ကျောက်ဖြူ - စနဲ - ရမ်းဗြဲလမ်းပိုင်းနေရာတွေကို ထိုးစစ်ဆင်လို့ တိုက်ပွဲတွေဖြစ်နေတာပါ။ ဒီစစ်ဆင်ရေးနာမည်ကို အာဏာသိမ်းစစ်တပ်ဘက်က တရားဝင်ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပေမယ့် စစ်တပ်အားပေး လော်ဘီချန်နယ်တွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေကြတာ တွေ့ရပါတယ်။ စစ်တပ်ဟာ အခုစစ်ဆင်ရေးကို ဖော်ဆောင်ဖို့အတွက် ဩဂုတ်လကတည်းက ဧရာဝတီနဲ့ မကွေးတိုင်းကို စစ်ကြောင်းတွေစေလွှတ် အင်အားဖြည့်တင်းခဲ့ပြီး ရခိုင်နယ်စပ်ကို စစ်ကြောင်းထိုးခဲ့သလို ကျောက်ဖြူနဲ့စစ်တွေမြို့တို့မှာလည်း AAစိုးမိုးနယ်မြေတွေနဲ့ထိစပ်တဲ့မြို့တွေကို အင်အားဖြည့် စစ်ကြောင်းထိုးနေတာပါ။ ရခိုင်ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်ကတော့ “ရခိုင်တောင်ပိုင်းက သံတွဲနဲ့ဂွမြို့ကို ပြန်သိမ်းဖို့ ဧရာဝတီတိုင်း၊ ရေကြည်၊ သာပေါင်းကတဆင့် ရိုးမကို စစ်ကြောင်းထိုးတယ်။ ရေကြောင်းကလည်း နေဗီတွေ ဂွပင်လယ်ပြင်ကိုရောက်နေတယ်။ မကွေးကတဆင့် အမ်းကိုပြန်ယူဖို့အတွက် ပဒါန်းဘက်က စစ်ကြောင်းထိုးတယ်။ နောက်ပြီး ကျောက်ဖြူအနီးက စနဲမြို့ကတဆင့် ရမ်းဗြဲဘက်ကို ဦးတည်တယ်။ နောက် စစ်တွေကနေ AA ထိန်းချုပ်တဲ့ ပုဏ္ဏားကျွန်းမှာ အခု တိုက်ပွဲရှိနေတယ်ဆိုတော့ သူတို့ပြောတဲ့ ၄၉၂၆ စစ်ဆင်ရေးအတိုင်း လုပ်လာတာလို့ ယူဆနိုင်တယ်” လို့ ဖက်ဒရယ် FM ကိုပြောပါတယ်။ စစ်တွေမြို့နယ်ဘက်ကနေ မင်းချောင်းတံတားကိုဖြတ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ AAတို့ တိုက်ပွဲဖြစ်ပွားနေတာဟာ ၆ ရက်လောက်ရှိခဲ့ပြီဖြစ်သလို နှစ်ဘက်အကျ အဆုံးရှိနေတယ်လို့ ဆိုပါတယ်။ “စစ်တွေမြို့နယ် မင်းချောင်းတံတားအနီးနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တွေဘက်က အင်အားအများအပြားနဲ့ တက်လာတာ။ နောက် အစပ်တွေမှာလည်း တိုက်ပွဲရက်ဆက်ဖြစ်နေလို့ စစ်တပ်က လက်နက်ကြီးအပြင် လေကြောင်းကူရတယ်။ စစ်သားအလောင်းတွေကို မြင်ခဲ့တဲ့သူတွေရှိတယ်။ တချို့လယ်ကွင်းတွေကို ဘယ်ဘက်ကမှမဆင်းဘဲ တောတန်းတွေမှာဖြစ်နေတာ”လို့ သတင်းရင်းမြစ်က ဖက်ဒရယ် FM ကို ဆက်ပြောပါတယ်။ မင်းချောင်းတံတားနဲ့ ကွမ်းတောင်ကျေးရွာအနီးတိုက်ပွဲမှာတော့ အာဏာသိမ်းစစ်တပ်ဟာ အမြင့်ကျွန်းတံတားဘက်ကို နောက်ပြန်ဆုတ်ခဲ့ပေမယ့် လက်ရှိမှာ ပြန်တက်လာနေတယ်လို့ ဆိုပါတယ်။ ၄၉၂၆ စစ်ဆင်ရေးမှာ စစ်ကြောင်းတွေဟာ ဘိုးတော်ဘုရား(ပဒုံမင်း)လက်ထက်က ရခိုင်ဒေသကို ထိုးစစ်ဆင်ခဲ့တဲ့ သမိုင်းဝင်လမ်းကြောင်းအတိုင်း အင်အားထောင်ချီ အလုံးအရင်းနဲ့ ချီတက်နေတာလို့ စစ်လော်ဘီတွေကတော့ အမွှန်းတင်ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ မြေပြင်က တိုက်ပွဲအခြေအနေတွေမှာတော့ အာဏာသိမ်းစစ်တပ်ဘက်က အောင်ပွဲရနေတယ်ဆိုတဲ့သတင်းမျိုး မကြားရသေးပါဘူး။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို AA က စိုးမိုးထားပါတယ်။ ရေးသူ - တောက်ထွန်းလူနီ ဓာတ်ပုံ - စစ်အုပ်စု (ပုံအဟောင်း) #၄၉၂၆ #ရခိုင် #စစ်ဆင်ရေး #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

ဒီးမော့ဆိုမှာ အခုမနက် ပြောင်းဖူးဈေး ၇၀၀ ကျပ် အထိ ထိုးကျ
ဒီးမော့ဆိုမှာ အခုမနက် ပြောင်းဖူးဈေး ၇၀၀ ကျပ် အထိ ထိုးကျ

ဒီးမော့ဆိုမှာ အခုမနက် ပြောင်းဖူးဈေး ၇၀၀ ကျပ် အထိ ထိုးကျ ဖက်ဒရယ် FM | စက်တင်ဘာလ ၉ ရက် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒီနေ့မနက်ကပဲ ပြောင်းဖူးဈေး တစ်ပိဿာ ကျပ် ၇၀၀ အထိ ဈေးကျသွားလို့ ပြောင်းစိုက်တောင်သူတွေ အရှုံးပေါ်မယ့် အခြေအနေဆိုက်ရောက်နေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပြောင်းဖူးတစ်ပိဿာကို ၁၂၀၀ ကျပ် ပေါက်ဈေးရှိနေရာကနေ ဒီကနေ့ မနက်မှာ တစ်ပိဿာ ကျပ် ၇၀၀ ပေါက်ဈေးဖြစ်သွားပြီး ကျပ် ၅၀၀ လောက် လျော့သွားတာပါ။ လမ်းကြောင်းအခြေအနေ၊ စစ်ရေးအခြေအနေကြောင့် ပြောင်းဖူးဈေးက ၂၀၂၅ ခုနှစ်ကစပြီး အတက်အကျ ရှိနေခဲ့ပေမယ့် တစ်ပိဿာ ကျပ် ၇၀၀ ကတော့ ဒီနှစ်မှ စဖြစ်တာလို့ ဆိုပါတယ်။ “ပြောင်းဖူးက စျေးကောင်းတယ်ပြောပြီး အခု ပြန်ပြုတ်ကျသွားတယ်။ ဒီမနက် စျေးကတော့ ၇၀၀ ရှိတယ်။ အရင်အပတ်မှာက ၁၂၀၀ ထိရှိတယ်” လို့ ဒီးမောဆို၊ ကုန်းသာရွာနေ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ ဒီနှစ်ပြောင်းစိုက်ရာသီမှာ မိုးများတာ၊ အာဏာသိမ်းစစ်တပ်နဲ့ နီးတဲ့နေရာတွေက ပြောင်းခင်းတွေကို မစိုက်ပျိုးနိုင်တာ၊ ပြောင်းတင်ပို့တဲ့ ကားတွေ လာမသယ်နိုင်တော့တာကြောင့် ဈေးက အခုလိုကျတာလို့ သူက ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်း ပြောင်းစိုက်တောင်သူအများစုဟာ စစ်ရေးအခြေအနေ ငြိမ်နေတုန်းက မိုးဗြဲ၊ လွယ်ပေါ၊ လောပိတ၊ လွိုင်ကော် စတဲ့နေရာတွေကို အဓိက တင်ပို့ခဲ့ကြပြီး ဈေးကောင်းရခဲ့ပေမယ့် ၂၀၂၅ ခုနှစ်ကစပြီး စစ်ရေးအခြေအနေတင်းမာလာတာ၊ တော်လှန်ရေးတပ်တွေဘက်က နယ်မြေတွေ လက်လွတ်ဆုံးရှုံးရတာတွေကြောင့် တောင်ငူဘက်က ပြောင်းဒိုင်တွေကို ရောင်းချလာကြတယ်လို့ ပြောင်းပွဲစားတွေထံကနေ သိရပါတယ်။ ဒါပေမဲ့ တောင်ငူလမ်းကြောင်းဟာလည်း မကြာခဏ ပိတ်တာ၊ လမ်းပျက်တာတွေ ရှိတဲ့အတွက် ဈေးက အရင်ကလို မငြိမ်တော့ဘဲ ပို့ရတဲ့ လမ်းကြောင်း အနီး/အဝေးပေါ် မူတည်ပြီး ပြောင်းဈေးအတက်/အကျ ဖြစ်တာလို့ ဆိုပါတယ်။ “ဟိုဘက်အရောက်မှ တစ်ပိဿာ ၁၄၀၀ ပဲ၊ ဘယ်လိုမှ မကိုက်ဘူးလေ။ အနည်းဆုံး ဟိုဘက်မှာ ၁၆၀၀ မှ ဒီမှာက ၁၂၀၀ နဲ့ရမှာ၊ ၁၆၀၀ မှ မရဘူးဆိုရင် ဒီမှာက ၇၀၀၊ ၈၀၀ ပဲရမှာ၊ ကားခတွေလည်း ရှိသေးတယ်” လို့ သူက ဆက်ပြောပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ နီးတဲ့ တချို့ပြောင်းစိုက်ခင်းတွေကိုတော့ ပိုင်ရှင်တွေကိုယ်တိုင် ပြန်မခူးရဲတာကြောင့် လူငှားနဲ့ ခူးခိုင်းနေရတယ်လို့‌ ပြောင်းစိုက်တောင်သူတွေက ဆိုပါတယ်။ ပြောင်းဖူးခူးတဲ့ လူငှားတစ်ယောက်ကို တစ်ရက် ၂၅၀၀၀ ကျပ်အထိ ပေးရပြီး တစ်ဧကကို အနည်းဆုံး လူ ၆ ယောက်လောက်ငှားရတယ်လို့ ပြောကြပါတယ်။ ပြောင်းစိုက်တောင်သူတစ်ဦးကို အနည်းဆုံး တစ်ဧက ကနေ အများဆုံး ၆ ဧက အထိ စိုက်ပျိုးကြပြီး တစ်ဧကရဲ့ အစအဆုံး ကုန်ကျစရိတ် ၁၀ သိန်း နီးပါးရှိနေပါတယ်။ ဒါ့အပြင် စစ်တပ်ကလည်း စိုက်ခင်းပြန်ကြည့်တဲ့ တောင်သူတွေကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင့်လေ့ရှိပါတယ်။ ရေးသူ - သုပီ ဓာတ်ပုံ - FFM #ပြောင်းဖူး #ပြောင်းစိုက်တောင်သူ #ဈေးကျ #ကုန်းသာ #ဒီးမော့ဆို #ကရင်နီ #Karenni #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _____ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

SCEF မှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး ဖက်ဒရယ်ယူနစ်တို့ ပါဝင်လာ #SCEF #ဖက်ဒရယ်ယူနစ်     #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

ပလက်ဝမှာ ၁၂ တန်းစာကို မြန်မာနဲ့ရခိုင်စာပေ ကြိုက်နှစ်သက်ရာ ရွေးချယ်သင်ယူနိုင်တယ်လို့ AA ထုတ်ပြန်
ပလက်ဝမှာ ၁၂ တန်းစာကို မြန်မာနဲ့ရခိုင်စာပေ ကြိုက်နှစ်သက်ရာ ရွေးချယ်သင်ယူနိုင်တယ်လို့ AA ထုတ်ပြန်

ပလက်ဝမှာ ၁၂ တန်းစာကို မြန်မာနဲ့ရခိုင်စာပေ ကြိုက်နှစ်သက်ရာ ရွေးချယ်သင်ယူနိုင်တယ်လို့ AA ထုတ်ပြန် ဖက်ဒရယ် FM | စက်တင်ဘာလ ၉ ရက် ချင်းပြည်နယ်၊ ပလက်ဝခရိုင်အတွင်း ၁၂ တန်းကျောင်းစာရဲ့ မြန်မာစာနေရာမှာ ရခိုင်စာပေသင်ရိုးသစ်ကို အစားထိုးပေမယ့် မသင်မနေရမဟုတ်ဘဲ ကျောင်းသားတွေအနေနဲ့ ကြိုက်နှစ်သက်ရာဘာသာကို ရွေးချယ်သင်ယူနိုင်တယ်လို့ AA ရဲ့ ပညာရေးဌာနက ထုတ်ပြန်လာပါတယ်။ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်မှာ G-12(၁၂ တန်း) ရဲ့ သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားနဲ့ အစားထိုးသင်ကြားတဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း(GKO)က စက်တင်ဘာလ ၆ ရက်နေ့ရက်စွဲနဲ့ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း အခု AA ဘက်က ကြေညာချက်ထွက်လာတာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဒေသခံကျောင်းဆရာတစ်ယောက်က “အခုလိုထုတ်ပြန်တော့ ရှင်းသွားတာပေါ့” လို့ ဖက်ဒရယ် FM ကိုပြောပါတယ်။ AA ထိန်းချုပ်ထားတဲ့ ဒေသ၊ စစ်ရေးလှုပ်ရှားရာဒေသတွေက ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွား၊ ကျန်းမာရေး၊ ပညာရေးတို့နဲ့ပတ်သက်ရင် သစ်လွင်တဲ့အတွေးအခေါ်၊ ခေတ်ကာလနဲ့လျော်ညီတဲ့ မူဝါဒတို့နဲ့ လူငယ်တွေရဲ့ ပညာသင်ကြားနိုင်ခွင့်နဲ့ သင်ကြားနိုင်ရေးတို့ကို အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအောက်မှာ အကန့်အသတ်နဲ့ ဆောင်ရွက်နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပလက်ဝခရိုင်အတွင်း အခုပညာသင်နှစ်မှာ ၁၂ တန်း(G 12) သင်ယူနေသူ စုစုပေါင်း ၁၅၈ ဦးရှိပြီး အဲဒီအထဲမှာ ရခိုင်လူမျိုး ၁၃၈ ဦး၊ ခူမီးလူမျိုး ၁၆ ဦး၊ ဒိုင်းနက်လူမျိုး ၃ ဦး၊ မြိုလူမျိုး ၁ ဦး ရှိတယ်လို့ ဆိုထားပါတယ်။ ရေးသူ - တောက်ထွန်းလူနီ ဓာတ်ပုံ - လူမှုကွန်ရက် (ပုံအဟောင်း) #ပလက်ဝ #ရခိုင်ဘာသာစကား #ခူမီး #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

လွိုင်ကော်အရှေ့ခြမ်းကို အာဏာသိမ်းစစ်တပ် ထပ်ပြီး ဗုံးကြဲ #လွိုင်ကော်အရှေ့ခြမ်း #လေကြောင်း    #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

ကသာမှာ စစ်တပ်ဗုံးကြဲလို့ နေအိမ် ၃ လုံးပြာကျ
ကသာမှာ စစ်တပ်ဗုံးကြဲလို့ နေအိမ် ၃ လုံးပြာကျ

ကသာမှာ စစ်တပ်ဗုံးကြဲလို့ နေအိမ် ၃ လုံးပြာကျ ဖက်ဒရယ် FM | စက်တင်ဘာလ ၉ ရက် မနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲ ဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အထက်ပိုင်း မိုးတားလေးစံပြရွာကို အာဏာသိမ်းစစ်တပ်က Y 12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးတားလေးစံပြရွာက နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ ဆိုပါတယ်။ ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကနေလည်း ကသာအထက်ပိုင်းကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ရှိတယ်လို့ ပြောပါတယ်။ “သင်္ဘောပေါ်က ပစ်တာရော၊ Y12 ပစ်တာရောပေါ့။ အဲလိုမျိုးဖြစ်တာပေါ့။ အဲဒါကြောင့်မလို့ အိမ် ၃ လုံး ပါသွားတယ်။ ဗောဓိကုန်း အနောက်တန်းထဲက ရေခဲစက်အပါ အိမ် ၃ လုံး ပြာကျသွားတယ်။ လူတွေကတော့ မရှိဘူး” လို့ ကသာဒေသခံတစ်ဦးက ဖက်ဒရယ် FM ကို ပြောပါတယ်။ ကသာဆိပ်ကမ်းကို စစ်တပ်ရဲ့ စစ်သင်္ဘာတွေ ရောက်လာကတည်းက ကမ်းနားတလျှောက်က ကျေးရွာတွေ တိမ်းရှောင်နေတဲ့အတွက် ဒီတိုက်ခိုက်မှုအတွင်း လူအထိအခိုက် မရှိခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာ ကသာမြို့ကို ဖြတ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်သင်္ဘောတွေ ရွှေကူမြို့ကို မနေ့ညက ရောက်ရှိသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပထမအသုတ် ရွှေကူကို တက်သွားတဲ့ စစ်သင်္ဘောတွေကတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ တိုက်ခိုက်မှုကြောင့် ၈ စင်း နစ်မြုပ်သွားပြီး စစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေ အညံ့ခံခဲ့ကြပါတယ်။ ရေးသူ - ဆာကေး ဓာတ်ပုံ - မိုးတားသတင်းသိစရာအစုံ #ကသာ #ဗုံးကြဲ #မိုးတားလေး #စစ်သင်္ဘော #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _____ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

SCEF မှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး ဖက်ဒရယ်ယူနစ်တို့ ပါဝင်လာ
SCEF မှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး ဖက်ဒရယ်ယူနစ်တို့ ပါဝင်လာ

SCEF မှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး ဖက်ဒရယ်ယူနစ်တို့ ပါဝင်လာ ဖက်ဒရယ် FM | စက်တင်ဘာလ ၈ ရက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်တို့ ပါဝင်လာကြောင်း သက်ဆိုင်ရာအစုအဖွဲ့တွေဘက်က သတင်းထုတ်ပြန်လာပါတယ်။ စက်တင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီက ကျင်းပခဲ့တဲ့ SCEF ရဲ့ အစည်းအဝေးမှာ အဲ့ဒီ ဖက်ဒရယ်ယူနစ် ၃ ခုကို SCEFရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်က အဖွဲ့ဝင်အသစ်တွေအဖြစ် အတည်ပြုခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖက်ဒရယ်ယူနစ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒေသန္တရအုပ်ချုပ်ရေး အခန်းကဏ္ဍတွေကို ၃ ကြိမ်ထက်မနည်း အစည်းအဝေးပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအစုအဖွဲ့အောက်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) တို့နဲ့ ကနဦး ဖွဲ့စည်းခဲ့ပြီး အခု ဖက်ဒရယ်ယူနစ် ၃ ခု ပါဝင်လာတာ ဖြစ်ပါတယ်။ SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမဏ္ဍိုင်၊ ပြည်သူလူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်စတဲ့ ထောက်တိုင်သုံးရပ်နဲ့ ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်ပါဝင်လာရေးဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။ ရေးသူ- ရေမွန် #SCEF #ဖက်ဒရယ်ယူနစ် #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

လွိုင်ကော်အရှေ့ခြမ်းကို အာဏာသိမ်းစစ်တပ် ထပ်ပြီး ဗုံးကြဲ
လွိုင်ကော်အရှေ့ခြမ်းကို အာဏာသိမ်းစစ်တပ် ထပ်ပြီး ဗုံးကြဲ

လွိုင်ကော်အရှေ့ခြမ်းကို အာဏာသိမ်းစစ်တပ် ထပ်ပြီး ဗုံးကြဲ ဖက်ဒရယ် FM | စက်တင်ဘာ ၉ ရက် ကရင်နီပြည်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၈ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စက်တင်ဘာ ၈ ရက်၊ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်မှာ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ဖက်ဒရယ် FM ကို ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူမရှိပေမယ့် ဒဏ်ရာရသူအနည်းငယ်ရှိတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ ၈ ရက်နေ့အထိ လွိုင်ကော်အရှေ့ခြမ်းကို ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်နေတာပါ။ ရေးသူ - မောင်ရိပ် ပုံ - အာဏာသိမ်းစစ်တပ် (ပုံအဟောင်း) #လွိုင်ကော်အရှေ့ခြမ်း #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

"မင်းငိုပါချိုမြတင်" (နွေဦးကဗျာကဏ္ဍ) ရေး - နေဇော်နိုင်၊ ရွတ် - မင်းမြတ် #နွေဦးကဗျာ #မင်းငိုပါချိုမြတင် #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists _______________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

⭕️၇၈ ကြိမ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ ကျင်းပ ‎ ‎ #ကရင်နီအမျိုးသားအာဇာနည် #၇၈ကြိမ်မြောက် #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio

ရေဦးက တင်းတိန်ရံရွာကို အာဏာသိမ်းစစ်တပ် ၁၄ ကြိမ်ဆက်တိုက် ဗုံးကြဲလို့ ပြည်သူ ၇ ဦး သေဆုံး ‎ #ရေဦး #၁၄ကြိမ်ဗုံးကြဲ #ကားဝပ်ရှော့ #တင်းတိန်ရံ   #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists ___________ Website - https://federalfmradio.com YouTube - https://www.youtube.com/@federalfmradio Telegram - https://t.me/federalfm Facebook - https://www.facebook.com/federalfmradio Instagram - https://www.instagram.com/federalfmradio TikTok - https://www.tiktok.com/@federalfm_radio