en
Feedback
Unlimited Potential (Studying 📔)

Unlimited Potential (Studying 📔)

Open in Telegram

Consistency is better than motivation

Show more
4 708
Subscribers
No data24 hours
-317 days
-15430 days
Posts Archive
✨Hello Guys, Long time no posting ဆိုတော့ ဒိနေ့ Flash card method လေးအကြောင်းနဲ့စပီး ပြန်တင်ပေးပါ့မယ်။✨ 🃏Flash Card Method က ဘယ်လို အသုံးဝင်လဲဆိုရင် သူက ကိုယ့်ဘာသာကိုယ် ပြန်ပီး မေးခွန်းထုတ်ပီးကိုယ့်ဘာသာကိုယ် မှတ်မိဖို့ပိုလွယ်‌ေစပါတယ်။ ပုံမှန်လေးလုပ်ပေးရင်တော့ အဲ့လုပ်ထားတာ လုံးဝ မမေ့ဖို့ 100% အာမခံတယ်ဗျာ။💝 🚨ဒီနည်းလေးက ဘယ်လိုလုပ်ရမလဲဆိုရင်🚨 🚨🏳️သင်ဟာ စာရွက်လေးတစ်ရွက်ရဲ့ တစ်ဖက်မှာ Keyword ရေးပါမယ်။ အကြောင်းအရာတစ်ခု ဒါမှမဟုတ် မေးခွန်းတခုကိုရေးပါမယ်။ ပီးရင် ကိုယ့်ဘာသာကိုယ် စာရွက်တွေကို မဲနှိုက်သလို မွှေပီးတော့ကျတဲ့ ဟာရဲ့ Keyword ဒါမှမဟုတ် အကြောင်းအရာကို ပြန်လည်ရွတ်ဆိုတာမ‌ျုိး အခြားစာရွက်တစ်ခုမှချရေးတာမျိုးလုပ်ခြင်းဖြစ်ပါတယ်။🚨 🏳️ ❗🚨(ဥပမာ - သင်ဟာ Vocabulary တစ်လုံးကျက်မယ်ဆို တစ်ဖက်မှာ Spelling ရေးမယ် တစ်ဖက်မှာ Meaning ရေးမယ် ပီးရင် မဲနှိုက်မယ် ကျတဲ့ Meaning ရဲ့ Spelling ရေးမယ် မှန်မမှန် နောက်ကဟာကိုကြည့်ပီးပြန်စစ်မယ် ဒါမျိုးပါဘဲ )🚨☑️

Still working on some progress. 🚧
Still working on some progress. 🚧

✨ ဒီနေ့ပြောပြပေးမ‌ဲ့ Studying method က တော့ Active Recall ဘဲဖြစ်ပါတယ်။ ✨ 🔗 ဒီနည်းကတော့ လူတော်တော်များ လုပ်နေပီးသားဘဲ ဖြစ်မှာပါ။ ဒါပေမဲ့ တိကျ သေချာ တာမျိုးမဟုတ်ဘဲ ဟိုစမ်းစမ်း ဒီစမ်းစမ်း နဲ့ လုပ်နေကြတာပါ။ 🔗 🙇🏻‍♂️ ဒီနည်းကဆိုရင်ဗျာ အရမ်းရိုးရှင်းပီး မှတ်မိလည်း တအားလွယ်ပါတယ်။ 🔝 🧠 သူက One of the Most Effective Methods to Study ထဲကတစ်ခုအပါအဝင်လဲဖြစ်ပါတယ်။ ✨ 🧠✨ Active Recall ဟာဆိုရင် ခေါင်းထဲကို တအားရိုက်ထည့်တာမျိုးမဟုတ်ဘဲ ခေါင်းထဲက မှတ်မိတာအကုန် ဆွဲထုတ်တာမျိုးဖြစ်ပါတယ်။ 🔗 👨‍🔬ဒီနည်းက Bio/Phy/Chem ကျက်တဲ့နေရာတွေမှာ တအားအသုံးဝင်ပါတယ်။🧬 Active Recall က ဘယ်လိုလုပ်လဲဆိုရင်ဗျာ step 1 - စာမျက်နှာတစ်ခု/ခေါင်းစဉ်တခုကို ဖတ်နိုင်သမျှဖတ် မှတ်နိုင်သမျှ အပြည့်အဝမှတ် Step 2 - ပီးရင်မှတ်မိသမျှ ချရေး (ဒီနည်းက တစ်ခေါက်ထဲနဲ့ ရမှာမဟုတ်လို့ ခနခန လုပ်ရမှာဖြစ်ပါတယ် ဒါပေမဲ့ ဒီနည်းက Long term Memory ထဲ ရိုက်ထည့်ပေးတဲ့ နည်းမလို့ စာမေးပွဲတွေအတွက်အထောက်အကူ တော်တော်ဖြစ်တဲ့ Method ထဲပါပါတယ်ဗျာ ) အရိုးရှင်းဆုံးပြောရရင် ရေးကျက်တာမျိုးပါဗျာ။ ဒါပေမဲ့ စနစ်တကျ လုပ်တာမျိုးပေါ့ဗျာ #dailycontent #tipsandtricks #studyingmethod #studyingtipsandtricks #Active Recall

မနက်ဖြန်ကျရင် Active Recall နဲ့ Self Discipline အကြောင်းကို တင်ပေးမှာပါနော် နောင်ကြီးတို့ 🧠✨
မနက်ဖြန်ကျရင် Active Recall နဲ့ Self Discipline အကြောင်းကို တင်ပေးမှာပါနော် နောင်ကြီးတို့ 🧠✨

💌ဒါမျိုးတွေကတော့ ကိုယ် Creative ဖြစ်ရင်ဖြစ်သလို လုပ်လို့ရပါတယ်💞 ✨တကယ် အရမ်းအရေးကြီးနေရင်တော့ အရိုးရှင်းဆုံးကသာ အကောင်းဆုံးပ
+3
💌ဒါမျိုးတွေကတော့ ကိုယ် Creative ဖြစ်ရင်ဖြစ်သလို လုပ်လို့ရပါတယ်💞 ✨တကယ် အရမ်းအရေးကြီးနေရင်တော့ အရိုးရှင်းဆုံးကသာ အကောင်းဆုံးပါဗျာ✨ 🙇🏻‍♂️စာမြန်မြန် လေ့လာနိုင်ပီး များများရကြပါစေဗျာ✨

ဒီနေ့ကျွန်တော်ပြောပြ ပေးမဲ့ စာလုပ်နည်း Method က‌ တော့ Mind Mapping ဆိုတဲ့ Method ဖြစ်ပါတယ်။ ဒီ Method ကတော့ လုပ်ရတာ ပျော်ဖို့ကောင်းမှာ လုံးဝ အာမခံတယ်ဗျာ။ 🔗သူက ကိုယ်လိုချင်တဲ့ Topic လေးတွေ ရေးမယ်။ ပီးရင် Sub topic ဆိုတဲ့ ခေါင်းစဉ် အခွဲလေးတွေ နဲ့ လိုက်ချိတ်ဆက်မယ်ပေ့ါဗျာ။🔗 🤝G12 က မြန်မာစာ 1 မှတ်တန်တွေဆို ဒီနည်းနဲ့သာ မှတ်ဗျာ မှတ်ပျော်တယ် ဗျာ့ သုံးလေးငါးရက်မနွှေးဘဲ ထား မမေ့ဘူးဗျာ့။ 🤝 ✨ဒါပေမဲ့နော် ဘယ်နည်းသုံးသုံး Revision မရှိရင်တော့ အကုန်လုံးကုိ မေ့မှာပါနော်။✨ ❗အဲ့တော့ Mind mapping ဘက်ကိုပြန်သွားရအောင်။ သူကဗျာ အဓိက အချက်အလက်တွေကို ကိုယ်တိုင်ရှာပီး ရေးရတာမျိုးဖြစ်တဲ့အတွက် ဘယ်လိုနေနေ မှတ်မိတယ်ဗျာ့။❗ ❤️ဥပမာ ပုံလေးတွေကတော့ ခနနေတင်ပေးပါ့မယ်ဗျာ့။ ဒီနည်းလေးက ရိုးရှင်းသလောက် အချိန်လည်းအနည်းငယ်ပေးရသလို မှတ်လည်းမှတ်မိပါတယ်ဗျာ့။ ❤️ ✨စမ်းကြည့်ကြပေါ့ဗျာ။ တစ်‌ေယာက်‌ေလးဘဲ အလုပ်ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျွန်တော် တင်ရကျိုးနပ်ပါတယ်ဗျာ့။✨ #dailycontent #studyingmethod #Mindmapping #studyingtipsandtricks

Sorry ပါဗျာ မနေ့က လက်ကိုက်နေလို့ Content တွေမတင်နိုင်ခဲ့တာပါ ဗျာ ဒီနေ့ အတိုးကော အရင်းပါ ပေါင်းတင်ပေးပါ့မယ်ဗျာ 🙇🏻‍♂️✨
Sorry ပါဗျာ မနေ့က လက်ကိုက်နေလို့ Content တွေမတင်နိုင်ခဲ့တာပါ ဗျာ ဒီနေ့ အတိုးကော အရင်းပါ ပေါင်းတင်ပေးပါ့မယ်ဗျာ 🙇🏻‍♂️✨

Random tips for study စာလုပ်တာလည်း လုပ်ပေါ့ဗျာ 24/7 လုပ်နေရင်လည်း တကယ့် ဘဝ ကိုမေ့မယ်ဗျာ့ 🎧စိတ်ပြေလက်ပျောက် လေ့ကျင့်ခန်းလေးလု
Random tips for study စာလုပ်တာလည်း လုပ်ပေါ့ဗျာ 24/7 လုပ်နေရင်လည်း တကယ့် ဘဝ ကိုမေ့မယ်ဗျာ့ 🎧စိတ်ပြေလက်ပျောက် လေ့ကျင့်ခန်းလေးလုပ် ဒါမှမဟုတ် သီချင်းလေးနားထောင်ပီး အနားယူပေးတာက စာမှတ်နိုင်တဲ့ Capacity ကိုလည်းတိုးပေးတယ် Stress လည်းလျော့ပါတယ်ဗျာ့ 🧠 တန်ဆေးလွန်ဘေးပေါ့ဗျာ✨ #Randomtips

ဒီနေ့ပြောပြပေးမဲ့ဟာ‌ေလးက studying method တွေထဲက တစ်ခုဖြစ်တဲ့ Feynman Method ဘဲဖြစ်ပါတယ်။ ဒီMethod မှာဆိုရင်ဖြင့် သင့်အနေနဲ့ စာအတင်းလိုက်ကျက်နေရမှာမဟုတ်ပါဘူး။ ဒီ Method ကိုတော့ Feynman Methodလို့ခေါ်ပါတယ် ဒီ Method ဘယ်ကဘယ်လိုစလဲ ဆိုတာကြီးက လိုလည်းမလိုသလို အရေးလည်းမကြီးလှလို့ ‌‌မပြောတော့ပါဘူးနော်။ ဒီ Method မှာက အဓိက အဆင့် 4 ခုရှိတယ်။ အဆင့် 1 - ကိုယ်လေ့လာကျက်မှတ်ချင်တဲ့ Topic ကိုရှာပါ (ဥပမာ Maths မှာဆို Mathematics Induction ကိုလေ့လာတာမျိုး အကြံပေးလိုတာကတော့ အပြည့်အဝ နားလာ်အောင် အရင်လေ့လာပါ) အဆင့် 2 - သူများကိုပြန်သင်ပေးသလို လုပ်ပါ ( ဒါက ဒီ Method ရဲ့အဓိက အချက်ပါ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းအသုံးများတဲ့ နည်းပါ။ ) ဥပမာ အားဖြင့် စိတ်ထဲကနေတစ်ဆင့် သူများ ကိုရှင်းပြသလိုလုပ်ပါ။ အဆင့် 3 - အကျဉ်းချုံးပါ ( ဥပမာ - စာလုံးဝ လိုက်မလုပ်ဘဲ အခုမှလိုက်လုပ်မဲ့သူကို ချက်ချင်းနားလည်‌နိုင်လောက်တဲ့အထိ ရှင်းလင်း နေအောင်လုပ်ပါ ) အဆင့်‌ 4 - အစအဆုံးကို ပြန်လေ့လာပါ (Step 1-3 ကို သေသေချာချာ နောက်တစ်ခါ ပြန်လုပ်ကြည့်ပါ) ဒီနည်းက G12 / GED သမားတွေ Maths တွက်တဲ့အခါမျိုး၊ IELTS သမားတွေ Grammar/Vocab လေ့လာတာမျိုး တွေမှာ အများဆုံး အသုံးဝင်ပါတယ်။ ဒီနေ့ကတော့ ဒီလောက်ပါဘဲ ပျင်းတာဖြစ်ဖြစ် ပြောချင်တာဖြစ်ဖြစ် ရှိရင် Group ထဲ ဝင် ပြောလို့ရပါတယ် Group Link : https://t.me/up_sakarrwine #Feynmanmethod #studyingtipsandtricks #studyingmethod #tipsandtricks #dailycontent

နောင်ကြီးတို့ ဒါကတော့ Pomodoro method နဲ့စာလုပ်ချင်တယ် ဆိုရင် အထောက်အကူဖြစ်မဲ့ Application လေး ပါ App name : Brain Focus Prod
နောင်ကြီးတို့ ဒါကတော့ Pomodoro method နဲ့စာလုပ်ချင်တယ် ဆိုရင် အထောက်အကူဖြစ်မဲ့ Application လေး ပါ App name : Brain Focus Productivity Timer

Goodnight ပါ နောင်ကြီးတို့
Goodnight ပါ နောင်ကြီးတို့

သင်ဟာ ဒီပိုစ့်ဆီ‌‌ေရာက်လာရင် သင့်မှာ စာကိုအာရံုစိုက်လုပ်ရတာ အခက်အခဲရှိနေတာမ‌ျိုး ဒါမှမဟုတ် အခြားတခုခုမှာ အာရုံစိုက်ရတာမှာ အခက်အခဲ ရှိနေတာမျိုး အတွက်ဆိုရင် ဒီပိုစ့်က သင့်အတွက် ဘဲ ဖြစ်ပါတယ်။ ဒီလို အာရုံစိုက်နိုင်ခြင်းမျိုး မရှိတာဟာ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ လူတိုင်းလိုလိုဖြစ်နေကြတဲ့အတွက်ကြောင့်စိတ်မပူပါနဲ့။ အလုပ်တခုအတွက် အာရုံပိုမိုစူးစိုက်လာနိုင်ဖို့အတွက်ဆိုရင် Pomodoro method ကသင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ Pomodoro method ကဘာလဲဆိုရင် သူက အရှင်းလင်းဆုံးပြောရရင် 25 မိနစ် အာရုံအပြည့်စိုက် 5မိနစ် အပြည့်နားတာမ‌ျုိးဖြစ်ပါတယ်။ 25 မိနစ်အတွင်း ဖုန်းကိုအဝေးဆုံးမှာထားပါ (ဖုန်း အခြေခံလုပ်ရတာဆို သင် ဝင်တတ်တဲ့ app တွေကိုခန Hide ထားပါ ) လုပ်‌‌ေနတဲ့အရာအ‌ေပါ် အာရုံအပြည့်အဝစိုက်ထားပါ။ နောက်5မိနစ်က လုံးဝ နားချိန်ပါ ( ကျွန်တော့ ရဲ့ အကောင်းဆုံးအကြံပေးချက်ကတော့ အကြောလျော့တာပါဘဲ ) သီချင်းနားထောင်တာမျိုး/ ကိုယ်စိတ်သက်သာရာ သက်သာကြောင်းရတာမ‌ျိုးလုပ်ပါ (Social Media ထဲလုံးဝ မဝင်ပါနဲ့ ) ဒီ Cycle ကို 3ခါ အတိအကျ လုပ်ပီးလျှင် ၁၅ မိနစ်တိတိနားပါ နားချိန်တွေက လုပ်ထားသမျှ အရာအားလုံး ဦးနှောက်ရဲ့ အတွင်းသို့ စုပ်ယူသိုလောင် နေတဲ့အချိန်ဖြစ်သဖြင့် ပြည့်ပြည့်ဝဝနားရန်လိုအပ်ပါတယ်။ ဒါဟာ Pomodoro method ဖြစ်ပီး နောက်ရက်တွေကျရင် အခြားအခြားသော Method တွေနဲအတူ ပြန်လာခဲ့ပါမယ် #studyingmethod #dailycontent #tipsandtricks

အားလုံးဘဲ မင်္ဂလာပါ ကျွန်တော့ Telegram Channel လေး ကနေကြိုဆိုပါတယ်။ ကျွန်တော့ Channel ကနေ စာလုပ်ရာမှာ အထောက်အကူ ဖြစ်စေမဲ့အရာတ
အားလုံးဘဲ မင်္ဂလာပါ ကျွန်တော့ Telegram Channel လေး ကနေကြိုဆိုပါတယ်။ ကျွန်တော့ Channel ကနေ စာလုပ်ရာမှာ အထောက်အကူ ဖြစ်စေမဲ့အရာတွေရယ် စာလုပ်ပုံလုပ်နည်းတွေ လေ့လာပုံလေ့လာနည်းတွေကို တင်ပေးမှာဖြစ်ပါတယ်။ Motivation ‌နဲ့ Discipline ရှိစေဖို့လည်း အကြံဉာဏ်တွေ ပေးရင်း အခြားသော အရာများကိုတင်သွားမှာဖြစ်လို့ Subscribe လုပ်ထားပေးပီ‌းတော့ Mute လေး မလုပ်ထားကြပါနဲ့နော် ပေးရတဲ့အချိန်နဲ့ တန်တဲ့ content တွေဘဲတင်မှာမလို့ အားပေးကြပါခင်ဗျာ။ #introduction