Unlimited Potential (Studying 📔)
Open in Telegram
4 708
Subscribers
No data24 hours
-317 days
-15430 days
Posts Archive
+4
စာလုပ်နေရင်း သီချင်းနားထောင်တာကောင်းလား ??
ထ မက သရွေ့အဆင်ပြေပါတယ်🤣
+6
ဒီနေ့က စာလုပ်ရတာ ပင်ပန်းနေရင်တောင် ခနနားပီး စာမြန်မြန်ဘယ်လိုရစေမဲ့ နည်းတွေ တင်ပေးတာပါ ဒီတိုင်းပလိန်းကြီး ထိုး အိပ်ပီး ပြန်ထ အူလည်လည်နဲ့စာလုပ်တာထက်စာရင်တော့ ပိုအကျိူးရှိပါတယ်။
Btw Content Quality ကစုတ်ပြတ်နေတာဖြစ်ဖြစ် လုပ်ပေးစေချင်တာတခုခုရှိရင်ဖြစ်ဖြစ် @Hakai_Reki ကို Dm မှာလာပြောပေးပါ 😭
အပေါ်ကပိုစ့်တွေရဲ့ Comments တွေက Channel error တက်ပြီးပျက်သွားတာပါ အခု နောက်ပိုင်းပိုစ့်တွေတော့ပြန်ရပါမယ်
ဟုတ်ကဲ့ 12 နာရီတောင်မလိုတော့ပါဘူး ဂုဏ်ထူးပါရင် နောက် လာမဲ့ Content လေးတွေက ကောင်းကောင်းကန်းကန်းလေးတွေ ဖြစ်မှာတော့သေချာပါတယ် 😭
+7
G10 All Subjects Edition*
Channel status:
Tt follower : 2500+
Tele subscriber : 1.5k
ဒီ Channel က High schoolers တွေအတွက် သပ်သပ်ဆိုတော့ ဒီ အထက်တန်းသုံးတန်းစာ တင်ပီးရင် Free channel တွေနဲ့ပက်သက်လို့ Update လုပ်ပေးတာကလွဲပြီးကျန်တာတော့ မတင်တော့ဘူး။
Study Methods တွေနဲ့
ထားသင့်တဲ့ Mindset တွေ
Discipline ရှိအောင်ဘယ်လိုလုပ်ရမလဲ
English skill ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
Skill developing ပိုင်းတွေဘယ်လိုလုပ်ရမလဲ စတာတွေကို ဆက်ပီးတင်ပေးဖို့ ရှိပါတယ်
ပီးတော့ Video Content တွေ ရသလောက်စမ်းကြည့်ဖို့လည်းရှိတာမလို့
stay tuned guys
I'll be back with better quality contents 😜✌️
ဟုတ်ကဲ့ပါ admin လည်း Content လုပ်ဖို့အခုမှ အားလို့ပါ ဒါက Upcoming Content ရဲ့ First Page ပါ ည 7 နာရီလောက်ကျရင် ရပါ့မယ်ဗျာ
321 Method က စာဖတ်တာတွေ စာသင်တာတွေမှာ အထောက်အကူေတာ်ေတာ်ဖြစ်တဲ့ နည်းလမ်းတစ်ခုပါ။
321 Method ကို အသုံးပြုသောအခါ လိုက်နာရမည့် အဆင့် ၃ ဆင့်က -
1. 3 Key Ideas (အဓိကအကြောင်းအရာ ၃ ခု)
2. 2 Interesting Facts (စိတ်ဝင်စားစရာအချက် ၂ ခု)
3. 1 Question (မေးခွန်း ၁ ခု)
ဘယ်လိုသုံးမလဲ ဒါကို ??
1. 3 Key Ideas (အဓိကအကြောင်းအရာ ၃ ခု)
- စာဖတ်ပြီးရင် သင် လေ့လာချင်တဲ့ အကြောင်းအရာရဲ့ အဓိကအချက် ၃ ချက်ကို ရွေးပါ ။
- အဲ့အချက်တွေအကုန်လုံးက လုံးဝ အရေးကြီးတဲ့အချက်တွေဘဲဖြစ်ရမယ် ။
ဥပမာ - Modern Physics ( Nuclear Reactor)ဖတ်ပြီးနောက်
- အဓိကအကြောင်းအရာ (၁): ဘယ်နေရာမှာသုံးတာလဲ
- အဓိကအကြောင်းအရာ (၂): ဘာတွေပါလဲ
- အဓိကအကြောင်းအရာ (၃): သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က ့ာတွေလဲ ( အကြမ်းဖျင်းမှတ်ပါ )
2. 2 Interesting Facts (စိတ်ဝင်စားစရာအချက် ၂ ခု)
- အိုကေ အကြောင်းအရာ သုံးခုလည်းမှတ်ပီးပီ ဆိုတော့ ဘာလုပ်မလဲ ??
- ရှင်းပါတယ် ဒါက သူနဲ့ပက်သက်တဲ့ General Knowledge 2 ခုနဲ့ေရာစပ်ပါ
ဥပမာ( 1 ) - ငါဒီ Reactor အလုပ်လုပ်ပုံကို Chernobyl ထဲမှာကြည့်ဖူးတယ်
ဥပမာ ( 2 ) - ဒီစက်ရုံကြီး အကြောင်း ငါ စာအုပ်ထဲမှာဖတ်ဖူးတယ် သူ့ရဲ့ Energy က Clear အဖြစ်ဆုံးထဲမှာပါတယ်
3. 1 Question (မေးခွန်း ၁ ခု)
- မေးခွန်းတစ်ခုထုတ်ပါ
ဟုတ်ပါတယ် ကိုယ်သိချင်တဲ့ဟာကိုမေးပါ အပြင်ကဟာကိုဆွဲဆွဲပြီးမေးပါ အဲ့လိုနည်းက စာပြန်ကျက်တဲ့နေရာမှာ တော်တော်ကြီး အထောက်အကူပြုပါတယ်
ဥပမာ - မေးခွန်း (၁): ဒီ Nuclear Power Plant တွေက ဘာလို့ ကျယ်ကျယ် ပြန့်ပြန့်မသုံးကြတာလဲ အန္တာရယ်ရှိလို့လားဘာလဲ စတာတွေကို ဆရာမတွေကိုမေးပါ ( စာမသင်ချင်ရင် အဲ့ကနေစကားဆက်ပြီး အချိန်ကုန်အောင်လုပ်လို့ရတယ် )
321 Method တွေက အများကြီးရှိတယ်
ဒီတစ်ခုအပြင် ကိုယ့်ရဲ့ Mentality ပိုင်းကို ပြင်ဆင်တဲ့နေရာမှာသုံးတဲ့ဟာ တစ်ခုလည်းရှိတယ် ဒါပေမဲ့ ဒီနေ့တော့ ဒီလောက်ဘဲပေါ့ဗျာ။
+5
SQ3R method ပါဗျာ။
studying method တွေအပြင် Essay ကို Formal ကျကျ နဲ့ ပိုရှည်အောင် သုံးလို့ရမဲ့ Alternative လေးတွေပါ တင်ပေးဖို့ရှိပါတယ်ဗျာ့ အဲ့တော့ Unsub တာတွေ Mute သွားတာတွေမလုပ်ကြနဲ့ဦးနော်
✨Thanks for your attention ✨
+4
Inversion Technique ပါ
တခုခုနဲ့တွဲသုံးရင် တအားအဆင်ပြေတဲ့ နည်း ကျွန်ေတာ် ကိုယ်တိုင် သုံးခဲ့တဲ့ဟာတွေထဲကမလို့ ပြန် Sharing လုပ်ပေးတာပါ။
ကျွန်တော်အခုတင်ေပးသမျှ အကုန်လုံးက ကိုယ်တိုင်သုံးတာတွေမလို့ ရဲရဲကြီးအာမခံပီးတင်ပေးရဲတာပါ။
နောက်ပိုင်းတွေကတော့ Research သေချာလုပ်ပီးမှ တင်မဲ့ဟာတွေမလို့ 2ရက်ခြား တစ်ခါေတာ့တင်ပေးပါ့မယ်။
quality content တွေဘဲလာမှာမလို့ Channel ကို Mute မထားကြနဲ့နော်
5-Minute Rule: How to Boost Your Productivity
Introduction:
အခုခေတ်ကြီးထဲမှာ လူကြီးသူမတင်မကဘူး ကျွန်တော်တို့ ကျောင်းသားလူငယ် တွေပါ အသက်ရှူေနသမျှ တစ်ေလျှာက် စိတ်ညစ်စရာတွေနဲ့ ပြည့်နှက်ေနမှာပါ။
အဲ့တော့ ကျွန်တော် ပြဿနာအားလုံးနီးပါးကို ဖြေရှင်းပေးနိုင်တဲ့
5-Minute Rule ဆိုတဲ့ နည်းလမ်းကို
စာကျက်တာတွေ အလုပ်လုပ်တာေတွကို ပိုပြီးထိရောက်စွာ အလုပ်တွေကို လုပ်ဆောင် နိုင်ဖို့ အတွက် မျှဝေပေးပါ့မယ်
1. 5-Minute Rule ဆိုတာဘာလဲ?
အဓိကကတော့ ဒီ ငါးမိနစ်အတွင်းသင့်ခံစားချက်တွေအကုန်လုံးကို စုစည်းပြီး ပြန်လည် Analyse လုပ်တာမျိုးပါဘဲ
2. 5 Minutes rule ကို ဘယ်လို အသုံးပြုရမလဲ
- ဒီနည်းလမ်းကုိအသံုးပြုမယ်ဆုိ အဓိကက ကိုယ့်ခံစားချက်တွေကိုသိရမှာဖြစ်တယ်
- အရင်ဦးဆုံး သင်ဘာတွေခံစားနေရလဲ
ဝမ်းနည်းနေလား
စိတ်တိုနေလား
ပျော်နေလား
စိတ်ညစ်နေလား စတဲ့ စိတ်ခံစားချက်တွေအကုန်လုံးကို စစ်ဆေးပါ သင်ဘာခံစားနေရလဲဆိုတာ သင်ကလွဲပီးဘယ်သူမှမသိပါဘူး
- ခံစားချက်တွေအကုန် သိပီဆိုရင် ပေါက်ကွဲ ထုတ်ပစ်ပါ ငိုသင့်ရင်ငို အော်သင့်ရင်အော် ပစ်ပေါက်သင့်ရင်ပစ်ပေါက် ထိုအရာတွေအကုန်လုံးကို 5 မိနစ်အတွင်း အဝလုပ်ပါ
- ပေါက်ကွဲထုတ်ပီးရင် အရာရာကို မေ့လိုက်ပါတော့ မှားခဲ့တာရှိရင် သင် ဘယ်လို မှန်အောင်ပြန်ပြင်မလဲ နဲ့ မှန်နေရဲ့သား မတရားခံရရင်လည်း ပြိုင်ငြင်းသင့်မငြင်းသင့်ကို သေချာဆုံးဖြတ်ပါ
- ကျောင်းသားကျောင်းသူတွေလည်း အတူတူပါဘဲ စာဘာလို့မရလဲ ဘာလို့မတွက်နိုင်လဲ ကို 5မိနစ်လောက် သေချာ အချိန်ပေး စဉ်းစား ဖွင့်ထုတ်သင့်တာ ရှိရင် ဖွင့်ထုတ်ပီး လုပ်တာ အကောင်းဆုံးပါ။
3. 5 မိနစ်ကျော်ပြီး နောက်မှာ
- 5 မိနစ်ပြည့်တဲ့အခါမှာ စိတ်ညစ်စရာတွေကို ရပ်ပြီး အလေးပေးလုပ်ရမဲ့ အလုပ်ကို စတင်လုပ်ပါ။
4. စိတ်ကို ရှင်းနိုင်သမျှ ရှင်းလင်းနေအောင်ထားပါ
- သင်က တစ်ခုခုကို အာရုံစိုက်ပီးလုပ်နေချိန်မှာ အခြားအတွေးတွေကို မြောင်းထဲပစ်ချထားခဲ့ပါ
(သမီးရည်းစားကိစ္စလည်း အတူတူပါဘဲ
love can wait ပါ Brother တို့ sister တို့)
Conclusion:
ဒီနည်းလမ်းကတော့ Productivity ကိုလုံးဝ အပြည့်အဝ ထုတ်ပေးမယ် 100% တက်လာမယ်လို့ အာမမခံနိုင်ပါဘူး
ဒါပေမဲ့
ကျိန်းသေတာကတော့ ဒီနည်းလမ်းကိုစပြီးကျင့်သုံးလာတာနဲ့အမျှ သင်ရဲ့ Mindset ဟာတစ်ဖြေးဖြေးနဲ့ တော်ရုံလူ လာဖြိုဖျက်လို့ မရတဲ့ mindset နဲ့ လုံးဝ Strong ဖြစ်တဲ့ Mentality ကိုပါ ပိုင်ဆိုင်ရမှာပါ
note* ဆိုးဆိုးရွားရွားကြီးဖြစ်သွားတဲ့ကိစ္စတွေဆို ဒီနည်းလမ်းနဲ့ဖြေဖျောက်တာ အကောင်းဆုံးပါ
မနက်ဖြန်ကျရင် ဒီနည်းလမ်းနဲ့တွဲသုံးလို့ကောင်းတဲ့ Mindset
စာကျက်လို့ပိုကောင်းစေမဲ့ Mindset ထားနည်းမျိုးတင်ပေးပ့ါမယ်ဗျာ့
ဆိုတော့
✨Thanks for your attention and support ✨
Discord Server ကတော့ Backup အနေနဲ့ဖွင့်ထားတာပါ စာအကြောင်းအပြင် စာလုပ်ရတာ စိတ်ညစ်လို့ ထိုင်ငြီးချင်တယ်ဆုိရင်တော့ Dc မှာပါ ထိုင်ငြီးလို့ရအောင်လုပ်ထားပေးတာပါ။
Rules and regulations ကတော့ Server ထဲမှာတင်ပေးထားပါတယ် အဲ့စည်းကမ်းတွေထဲက ဘောင်ကျော်မသွားသရွေ့တော့ ပြောလို့ရပါတယ်နော် Admin လည်း Tele မှာလို စာကလွဲပီးမပြောရဘူး ဘာညာလဲ တောက်လျှောက်ေြပာမှာ မဟုတ်လို့ စာလုပ်ရတာ စိတ်ညစ်ရင် အပန်းဖြေစရာ နေရာလေး အနေနဲ့ရှိရအောင် ဖွင့်ထားပေးတာပါ 😜✌️
Link -
https://discord.gg/3Mwg9tPf
+7
G11 ဘာသာစုံ ပါ စာအုပ်တွေကတော့ ဝယ်မသုံးတာဘဲ ကောင်းပါတယ် ပျော်လို့ရတဲ့နောက်ဆုံးနှစ် အဝပျော်ပီး လိုတာလောက်ဘဲ လေ့လာတာ အကောင်းဆုံးပါ 😭😭
G10 တွေအတွက်က နောက်နေ့တွေကျ လာပါမယ်နော်
အရမ်းကြာနေလို့မစောင့်နိုင်ရင် dm မှာ လာမေးနိုင်ပါတယ်နော် နည်းနည်းပါးပါး ပေါ့ဗျာ
Series အသစ်အနေနဲ့က လုပ်စေချင်တာရှိရင် Suggestions လေးတွေပေးခဲ့လို့ရပါတယ်နော်😭
Channel လည်း 1k sub ရပီ ဆိုတော့
နောက် နာရီအနည်းငယ်လေးအတွင်း G11 အတွက်ဟာလေးတွေ တင်ပေးပါ့မယ်ဗျာ
နောက်ပိုင်း English / Maths / Physics / Chem ဘက်ကို ဘဲ အားထားပီး
Fun Fact တွေ
Knowledge Sharing တွေ
စာကျက်ရလွယ်စေမဲ့ နည်းတွေ
Concept ပိုင်းတွေကို တင်ပေးဖို့ရှိပါတယ်နော်
အခုရက်ပိုင်းက အလုပ်ကိစ္စတစ်ချို့နဲ့ Admin အပျင်းတစ်တာရောနဲ့ မလို့ မတင်မိတာပါ နောက်ပိုင်း Active ပြန်ဖြစ်ပါ့မယ် 😭
Timetable suggestion for Grade 12 students
ပထမဆုံးအနေနဲ့ပေါ့နော်generalနဲ့ညှိပြီးဆွဲပေးတာဖြစ်တဲ့အတွက် မိမိနဲ့ကိုက်ညီသလိုညှိပြီးကျင့်သုံးရင်တော့ပိုအဆင်ပြေပါမယ်ရှင်။
>state school မှကျောင်းသား/သူများအတွက်ရည်ရွယ်ပြီးပထမဆုံးပြောပေးချင်ပါတယ် ( ကျူရှင်တက်ပီး အိမ်မှာ Guide သပ်သပ်ထပ်မခေါ်တဲ့သူတွေအတွက်ပါ)
>grade12 ကျောင်းသားတစ်ယောက်အနေနဲ့မနက်ကိုအနည်းဆုံး၅နာရီခွဲ/၆နာရီလောက်ထသင့်ပါတယ်။
>အရေးကြီးတဲ့အတန်းဖြစ်တဲ့အလျှောက် စာကျက်တဲ့အခါမှာ စိတ်တည်ငြိမ်အေးချမ်းနေဖို့အတွက် ၁၅မိနစ်လောက် meditation ကိုပြုလုပ်သင့်ပါတယ်။
>ပြီးရင်တော့ မြန်မာစာခက်ဆစ်နဲ့English textbookမှာပါတဲ့meaningတွေကိုအဓိကအချိန်ရသလောက်ပြန်ဖတ်/မှတ်/ကျက် လုပ်သင့်ပါတယ်။
>ကျောင်းပြန်ချိန်မှာတော့ ကျူရှင်တက်သူများဖို့ပါရည်ရွယ်ပြီး ညနေ၆နာရီလောက်ကစပြီး စာလုပ်ချိန်ကိုစစေချင်ပါတယ်။
>အမတို့တုန်းကတော့၆နာရီကနေ၈နာရီအတွင်းအချိန်ကို တစ်နေ့တာကျောင်းမှာသင်လာတဲ့စာတွေကိုလုပ်ပါတယ်။*စာသင်ခန်းထဲမှာသေချာအာရုံစိုက်လာခဲ့ရင် စာပြန်နွေးသလိုဖြစ်စေမှာပါ။ဘယ်ဘာသာရပ်ကိုမှချန်လပ်မထားခဲ့ဖို့အကြံပေးပါရစေရှင်။
>၈နာရီနဲ့၉နာရီကြားကိုတော့အနားယူချိန်၊ထမင်းစားချိန်အနေနဲ့အသုံးပြုလို့ရပါတယ်။(အစာအာဟာရကိုကျောင်းသားကျောင်းသူဖြစ်တဲ့အတွက်အားပြည့်အောင်စားစေဖို့အတွက်အကြံပေးပါတယ်ရှင်)
>၉နာရီမှစတင်ပြီးမိမိ့အတွက်အားနည်းသလိုခံစားရတဲ့ဘာသာရပ်တွေမှစတင်ပြီးလုပ်စေချင်ပါတယ်။ဒီနေရာမှာ ဘာသာရပ်တစ်ခုစီကိုမိမိအားအနည်းဆုံးဘာသာကနေစပြီးအတော်အသင့်ရတဲ့ဘာသာထိ ကိုယ်တိုင်ခွဲခြားပြီး ဘာသာရပ်တစ်ခုစီကို ၄၅မိနစ်၊၃၀မိနစ်ခွဲပြီးလုပ်စေချင်ပါတယ်။
>အိပ်ရာဝင်ချိန်ကိုနောက်အကျဆုံး၁၁:၃၀ထိပဲထားသင့်ပါတယ်။အရေးကြီးတဲ့အတန်းဖြစ်တဲ့အတွက်မိမိကိုးကွယ်ရာဘာသာကိုလဲရှိခိုးဆုတောင်း၊ကောင်းမှုပြုပြီးမှအိပ်ဖို့အကြံပေးပါရစေရှင်။
ဒီနေ့ကနေ May 15th လောက်ထိ အခြားပိုစ့်လေးတွေ မတင်သေးပါဘူးနော်။
ဒီကြားထဲ G12 နဲ့ပက်သက်ပီးတော့ တတ်နိုင်သလောက်တော့ Group ထဲမှာဖြေပေးမှာပါ။
😭✌️
