en
Feedback
Vip Series List

Vip Series List

Open in Telegram

မန်ဘာဆက်သွယ်ရန်👉 @rkfiveadmin

Show more
363
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Full Circle (2023) Season1 Ep 1to6 =========================== IMDb Rating – 6.4/10 ဒီစီးရီးကတော့ ဇာတ်ကောင်တွေ အများကြီးနဲ့ ရှုပ်ထွေးပွေလီတဲ့ Crime and mystery စီးရီးမျိုးလို့ပဲ ဆိုရမယ်။ ‘ရတယ် ရှုပ်တာမျိုးမှ ကြိုက်တာ’ ဆိုတဲ့သူတွေအတွက်တော့ ကွက်စတိပါပဲ။ အချိန်လေး သာရရင် သေချာထိုင်စဉ်းစားပြီး ကြည့်ရမဲ့စီးရီးထဲ ပါတယ်ဆိုပါတော့။ ကဲ ဇာတ်လမ်းကို နည်းနည်းလောက် ညွှန်းပေးရမယ်ဆိုရင်တော့ ဒီလိုက စလိုက်ကြတာပေါ့။ ဂိုင်ယန်နာက လူမိုက်ဂိုဏ်းတစ်ခုကို မစ္စမဟာဘီရာ ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်နေတယ်။ တစ်ရက်မှာ တော့ သူ့မိသားစုဝင်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ဒီအတွက် မစ္စ မဟာဘီရာ အလိုချင်ဆုံးဖြစ်နေတာက လက်တုံ့ပြန်မှု။ လူးဝစ်နဲ့ ဇာဗီယာ ကတော့ နယူးယောက်မှာ အလုပ်လုပ်ရမယ်ဆိုလို့ ဂိုင်ယန်နာကနေ ထွက် လာကြတဲ့ ရိုးရိုးအေးအေး ကောင်လေးနှစ်ယောက်ပေါ့။ ဒါပေမဲ့ သူတို့ရသွားတဲ့အလုပ်က မစ္စမဟာဘီရာရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေအဖြစ်။ မစ္စမဟာဘီရာ လက်စားချေမဲ့ မိသားစုကတော့ စားဖိုမှူးဂျက်ဖ်လို့ နာမည် ကြီးတဲ့ ကာစီနိုနဲ့ ချမ်းသာလာတဲ့ ခရိုနီအဘိုးကြီးရဲ့ မိသားစုပါ။ ဒီအတွက် သားကောင်ဖြစ်လာတာကတော့ အဘိုးကြီးရဲ့ တစ်ဦးတည်းသောမြေးဖြစ်တဲ့ ဂျဲရတ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဖက်မှာတော့ အမေရိကန်ထောက် လှမ်းရေးဆားဗစ်က ဟာမိုနီဆိုတဲ့ စုံထောက်မလေးတစ်ယောက် ရှိလို့နေပါ သေးတယ်။ သူကတော့ အမှုကြီးတွေကို ကိုင်ပြပြီး ဘော့စ်ဖြစ်သူကို သူလုပ် နိုင်ကြောင်း ကိုယ်ရည်သွေးချင်နေတဲ့ စုံထောက်မလေးပါပဲ။ သေချာတာတစ်ခုကတော့ ဒီလူတွေအားလုံး လက်စားချေတဲ့အမှုကြီးမှာ ပါဝင် ပတ်သက်လာကြတော့မှာပါ။ အမှုရဲ့အသွားအလာသည် ဇာတ်လမ်းရဲ့မြှုပ်ကွက် ဖြစ်တာကြောင့် ဒီလောက်နဲ့ပဲ ညွှန်းပေးတာကို ရပ်လိုက်ပါတော့မယ်။ စကားလေး တစ်ခွန်းရှိတယ်မလား။ ဘာမှမသိရတဲ့ ဇာတ်လမ်းတွေက အရှုပ်ထွေးဆုံးပါပဲတဲ့။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်။) File Size………….(400 MB) / (800 MB) Quality……………WEB-DL 720p / 1080p Duration…………60Mins(Episode) Subtitle…………..Myanmar Hardsub Format……………MP4 Genre……………..Crime, Drama, Mystery Translator……….May Thet Khine Soe Encoder…………..SWM

Full Circle (2023) Season1 Ep 1to6 ========================= မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin
Full Circle (2023) Season1 Ep 1to6 ========================= မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin

The Man in the High Castle(2015) Season 1+2+3+4 ဇာတ်လမ်းတွဲ The Man in the High Castle (ရဲတိုက်ကြီးပေါ်ကလူ) ဆိုတဲ့ စီးရီးဟာ အတော်လေး ထူးခြားတဲ့ စီးရီးတစ်ခုပါပဲ။ Doctor Strange တို့ဘာတို့မှာကြည့်ရတဲ့ အပြိုင်စကြဝဠာ၊ အချိန်ခရီးသွားခြင်းတွေလိုပါပဲ။ ဇာတ်ကောင်တွေနေနေတဲ့ ကမ္ဘာဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့မတူညီပါဘူး။ ဘာလို့မတူညီတာလဲဆိုတော့ ဒုတိယ ကမ္ဘာစစ်မှာ နာဇီတွေ ဂျပန်တွေ စစ်နိုင်သွားပြီး ကမ္ဘာကြီးကို ဖက်ဆစ်စနစ်နဲ့ အုပ်စိုးနေတဲ့ ကမ္ဘာကြီးဖြစ်နေလို့ပါပဲ။ ဒီနေ့ခေတ်အထိ ဂျူးတွေကိုအဆိပ်ပေးသတ်ခွင့်ရှိတယ်၊ ကင်ပေတိုင်တွေ SS တွေကြီးစိုးတယ်။ ချွေးတပ်စခန်းတွေထားတယ်။ သေဒဏ်တွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ၊ မိသားစုလိုက်ကို ဒုက္ခပေးတာတွေ အကြပ်ကိုင်တာတွေ အားလုံးကို အစိုးရက တရားဝင်လုပ်ဆောင်နေတဲ့ ကမ္ဘာပါပဲ။ ဒီတော့ ဒီအစိုးရတွေကို တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့တွေ ရှိလာတာပေါ့။ ဒါပေမဲ့ အင်အားအရမ်းနည်းနေပြီး ဖက်ဆစ်တွေကလည်း ကမ္ဘာတစ်ခုလုံးကို အုပ်စိုးထားပြီဆိုတော့ တော်လှန်ရေးအောင်နိုင်ချေက မဖြစ်နိုင်သလိုပါပဲ။ ဒါ့အပြင် ဒီဖက်ဆစ်တွေလက်အောက်မှာကိုမှ မသေရုံတမယ် စည်းကမ်းအကုန်လိုက်နာဦးညွှတ်နေရတာကို အသားကျပြီး ကျွန်ပါးဝသွားတဲ့လူတွေကလည်း ကမ္ဘာအနှံ့မှာ ဖြစ်နေတော့ တော်လှန်ရေးအတွက်တစ်ခုခုလှုပ်ရှားမယ်ဆိုတာနဲ့၊ ထိခိုက်မှာကြောက်ပြီးတားမယ့်သူတွေ သတင်းပေးတဲ့သူတွေလည်း ပြည့်နေပါပြီ။ ဒါပေမဲ့ ဒီအချိန်မှာပဲ ထူးခြားတဲ့မျှော်လင့်ချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ဖက်ဆစ်တွေ စစ်ရှုံးပြီး အမေရိကန်မှာ ပြည်သူတွေ ပျော်ပွဲရွှင်ပွဲ အကြီးအကျယ်နွှဲနေတဲ့၊ တကယ်ဖြစ်နိုင်ခဲ့တဲ့ အပြိုင်ကမ္ဘာမြင်ကွင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖလင်တွေ ထွက်ပေါ်လာတာပါပဲ။ ဒီရုပ်ရှင်တွေကိုဖျက်ဆီးဖို့ဟစ်တလာကိုယ်တိုင် အသည်းအသန် အမိန့်ပေးနေပေမဲ့ လိုက်နေတဲ့သူတွေရော၊ တော်လှန်ရေးသမားတွေရောက ဒီရုပ်ရှင်ဖလင်ရဲ့ အဓိပ္ပါယ်နဲ့ အရေးပါပုံကို မသိကြသေးပါဘူး။ အဲဒီနောက်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကို ရသအစုံ ရင်တမမနဲ့ ကြည့်ရတော့မှာပါပဲ။ Season (၄)ခု အပိုင်း စုစုပေါင်း (၄၀) ရှိပြီး အပိုင်းတိုင်းစိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ရိုက်ချက်တွေလည်း အတော်လန်းတာမို့ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်.. Episodes: 10 File Size: 1GB & 450MB Quality :Web-DL 1080p,720p Genres: Drama, Sci-Fi, Thriller Translated by Mr.Anderson Encoded by  Phyo Pyae

The Man in the High Castle(2015) Season 1+2+3+4 ဇာတ်လမ်းတွဲ မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin
+6
The Man in the High Castle(2015) Season 1+2+3+4 ဇာတ်လမ်းတွဲ မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin

Pennyworth: The Origin of Batman’s Butler(2019)Season 1+2+3 ============================ Pennyworth လို့ဆိုလိုက်တာနဲ့ စူပါဟီးရိုးဖန်တိုင်း ပြေးသတိရသွားမယ့် လူတစ်ယောက်ရှိပါတယ်။ တခြားတော့မဟုတ်ပါဘူး၊ Wayne စံအိမ်‌တော်ရဲ့ အိမ်တော်ထိန်းကြီး Alfred Pennyworth ပါပဲ။ DC ဟာ နှစ်အဆက်‌ဆက် Bruce Wayne နဲ့ Batman ကို လူအမျိုးမျိုး ပြောင်းရိုက်ခဲ့ပြီးပြီ။ ဘတ်မန်းဇာတ်လမ်း‌မျိုးစုံကိုလည်း ကြုံခဲ့ရပြီးပြီ။ အသိသာကြီး လိုက်ဖက်လွန်းတဲ့ Bruce Wayne နဲ့ Batman တွေကို မြင်ခဲ့ရသလို ခွီစရာ လှောင်စရာဖြစ်သွားစေတဲ့ Batman တွေကိုလည်း ကြုံခဲ့ရပြီ။ အဲဒီလို ရုပ်ရှင်သမိုင်းရဲ့ ဘရုစ်ဝိန်းအမျိုးမျိုး ဘတ်မန်းအမျိုးမျိုးတိုင်းမှာ Alfred Pennyworth ဇာတ်ကောင်ဟာ ချွင်းချက်မရှိ လူကောင်းတွေချည်း ဖြစ်ခဲ့သလို မေ့မရနိုင်စရာမင်းသားကြီး‌တွေချည်းပါပဲ။ Alfred ဟာ ဝိန်းစံအိမ်တော်ရဲ့ သစ္စာရှိ အိမ်တော်ထိန်းကြီးဆိုလည်း ဟုတ်တယ်။ ဘရုစ်ဝိန်းရဲ့ ခေါင်းကိုင်အဖေဆိုလည်း ဟုတ်တယ်။ လင်းနို့လူသားရဲ့ လူယုံတော်ဆိုလည်း ဟုတ်ပါတယ်။ ဘရုစ်ဝိန်းရယ်လို့ Gotham မြို့မှ ာ နာမည်တစ်လုံးနဲ့ဖြစ်လာအောင်၊ လင်းနို့လူသားဆိုပြီး လူဆိုးတိုင်းရဲ့ အိပ်မက်ဆိုးတစ်ခု ဖြစ်‌လာအောင်က နောက်ကွယ်မှာ Alfred ရဲ့ အခန်းကဏ္ဍတွေအများကြီးပါခဲ့တယ်ဆို မှားမယ်မထင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူ့အကြောင်းကို များများစားစား မသိခဲ့ကြရဘူးမလား။ Gotham Series ရှိသေးပေမဲ့လည်း ခု Pennyworth စီးရီးကတော့ Alfred ကိုပဲ အဓိက ဇာတ်အိမ်တည်ထားတာမို့ သူ့ချည်းပဲ တဝကြီး ကြည့်ရပါလိမ့်မယ်။ သူကိုယ်တိုင်ကလည်း ဗြိတိန်လေတပ်ထွက်ဆိုတော့ SH Series တစ်ခုအစား Spy Thriller စီးရီးတစ်ခု ကြည့်နေရသလိုကို အရသာရှိပါလိမ့်မယ်။ ဗြိတိန်လေတပ်ကနေထွက်ပြီး ဝင်ငွေရှာဖို့ ကိုယ်ပိုင်လုံခြုံရေးကုမ္ပဏီ စထောင်ခဲ့တဲ့ဘဝကနေ နောက်ကျ သူနဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်လာမယ့် သောမတ်ဝိန်း ကမ်းလှမ်းတာကို ငြင်းပြီး အရှေ့အင်္ဂလန်မှာဖြစ်နေတဲ့ နိုင်ငံရေးမုန်တိုင်းကြားထဲ ဓားခုတ်ရာ လက်ဝင်လျှိုမိသားဖြစ်သွားတဲ့ Alfred ရဲ့ အကြောင်းကို စမြင်ရပါလိမ့်မယ်။ သူ့အရှေ့မှာလည်း ဒီလိုပဲ DC ရဲ့ Post-Crisis နဲ့ New 52 Comics ‌ဗားရှင်းတွေကို အခြေခံခဲ့တဲ့ Alfred ပါတဲ့ Gotham Series ရှိသေးပေမဲ့လည်း ခု Pennyworth စီးရီး ကတော့ Post-Crisis Version ကိုပဲ အများဆုံးအခြေခံထားတဲ့ Alfred ကိုပဲ အဓိက ဇာတ်အိမ်တည်ထားတာမို့ ရှေးခေတ်ဆန်ဆန် ဇာတ်အိမ်နဲ့ သူ့အကြောင်းချည်းပဲ တဝကြီး ကြည့်ရ၊ သူ့တော်ကီတွေ တဝကြီး နားထောင်ရပါလိမ့်မယ်။ သူကိုယ်တိုင်ကလည်း ဗြိတိန်လေတပ်ထွက်ဆိုတော့ SH Series တစ်ခုအစား Spy Thriller စီးရီးတစ်ခု ကြည့်နေရသလိုကို အရသာရှိပါလိမ့်မယ်။ အညွှန်းကိုတော့ Ye Khant က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JimX , Jaka , Pyi Ti Nyein , Thiha Yan Naing á€á€­á€Żá€ˇá€•ဲ ဖြစ်ကြပါတယ်။   Episodes:30 File Size: 860MB & 409MB (episode) Quality :Web-Dl 1080p,720p Genres: Action , Crime , Drama Translated by JimX , Jaka , Pyi Ti Nyein , Thiha Yan Naing Encoded by Min Wai

Pennyworth: The Origin of Batman’s Butler (2019) မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin
+3
Pennyworth: The Origin of Batman’s Butler (2019) မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin

The Lord of the Rings: The Rings of Power 2022 (Season 1) The Lord of The Rings ရုပ်ရှင်တွေဟာ စာရေးဆရာကြီး ဂျေ အာ အာ တိုကင်းန်ရဲ့ ကမ္ဘာကျော်ဂန္ဓဝင်ဝတ္ထုတွေကနေ ရိုက်ကူးထားပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်တွေထဲမှာ အပါအဝင်ပါပဲ။ အခုတော့ ဒီရုပ်ရှင်တွေရဲ့ ခေတ်မတိုင်ခင် ရှေးတုန်းက ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွေကို စီးရီးအဖြစ် ပြန်လည်ရိုက်ကူးလိုက်ပါပြီ။ အတွဲ ၅ တွဲ ထွက်ရှိမှာဖြစ်ပြီး တစ်တွဲကို ၈ ပိုင်းစီပါဝင်မယ်လို့သိထားရပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက ဒုတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်းကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ Eä လို့ခေါ်တဲ့ ဗလာနယ်ကြီးကို ဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကို ခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကို Valar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။ Gandalf ဟာလည်း Olórin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေ အလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွားသူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။ အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်း စွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ် Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကို Manwë Súlimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။ တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေ ဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့ အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။ မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့ သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkas ရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီးအခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။ မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကိုဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင်တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင်ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finwë ကိုသတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။ သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။ အဲဒီနောက်မှာတော့ အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင်ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။ အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်း အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်က ကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Númenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီး အခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။ LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက် ၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာ ပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာပါတယ်။ ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။ မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာ ပါ။ ဒီခေတ်ရဲ့အဓိကမိစ္ဆာကတော့ မိုင်ရာတွေထဲကတစ်ယောက်ဖြစ်တဲ့မောရ်ဂေါ့သ်ရဲ့ တပည့်ရင်းကြီးဆော်ရွန်ပါပဲ အတုမဲ့လက်စွပ်ကို ပြုလုပ်တဲ့သူပါ။ ဒုတိယခေတ်သမိုင်းကိုတော့ စပွိုင်လာဖြစ်မှာစိုးလို့ရေးမပြတောပါ့ဘူ/ ဒုတိယခေတ်ရဲ့အဆုံးကတော့ The Lord of the rings ရဲ့အစမို့ ပထမဆုံးရုပ်ရှင်ရဲ့ အကြီးဆုံးတိုက်ပွဲကြီးကို ဒီစီးရီးမှာ အားရပါးရကြည့်ရတော့မယ်လို့ မျှော်လင့်ရတာမို့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1 hr Genre…Fantasy, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin
+6
မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin

School Spirits (2023) မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin
+3
School Spirits (2023) မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin

Percy Jackson and the Olympians (2023) Ep 1to 8စဆုံး မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin
+6
Percy Jackson and the Olympians (2023) Ep 1to 8စဆုံး မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin

Locke and Key Season 1+2+3စဆုံး ခင်ပွန်းဖြစ်သူ ရန်ဒန်အသတ်ခံရပြီးနောက် နီနာဟာ ကလေးသုံးယောက်ကိုခေါ်ပြီး ခင်ပွန်းဖြစ်သူငယ်ဘဝကနေထ
+5
Locke and Key Season 1+2+3စဆုံး ခင်ပွန်းဖြစ်သူ ရန်ဒန်အသတ်ခံရပြီးနောက် နီနာဟာ ကလေးသုံးယောက်ကိုခေါ်ပြီး ခင်ပွန်းဖြစ်သူငယ်ဘဝကနေထိုင်ခဲ့တဲ့နေထိုင်ခဲ့တဲ့အိမ်ကိုပြောင်းလာပါတယ်။အဲ့အိမ်က အစွမ်းအသီးသီးရှိတဲ့မှော်သော့တွေအများကြီးရှိနေတဲ့အိမ်ဖြစ်နေပါတယ်။နီနာကတော့ သတိမထားမိပေမယ့် ကလေးတွေပဲ အသံတွေကြားနေရပြီးသော့တွေကိုတစ်စတစ်စရှာတွေ့လာပါတယ်။ ပထမတော့ သော့တွေရဲ့အစွမ်းတွေကိုသဘောကျပေမယ့်နောက်တော့တခြားလျှို့ဝှက်ချက်တွေ၊သူတို့ဖခင်ရဲ့ငယ်ဘဝအကြောင်းတွေကိုသိရှိသွားတဲ့နောက်မှာတော့ကြုံလာတဲ့အန္တရာယ်တွေ ဆန်းကြယ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။Supernaturalဆန်ဆန်seriesတွေကိုနှစ်သက်သူတွေအတွက်တော့ seriesကောင်းလေးတစ်ခုဖြစ်မှာပါ။ မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin Credit....

She-Hulk : Attorney At Law (2022) ကဲ ဒစ္စနေးရဲ့ စူပါဟီးရိုးအသစ်လာပါပြီ။ ဒစ္စနေးထုံးစံအတိုင်း ဟာသလေးတွေနဲ့ စွန့်စားခန်းတွေ တို
+6
She-Hulk : Attorney At Law (2022) ကဲ ဒစ္စနေးရဲ့ စူပါဟီးရိုးအသစ်လာပါပြီ။ ဒစ္စနေးထုံးစံအတိုင်း ဟာသလေးတွေနဲ့ စွန့်စားခန်းတွေ တိုက်ခိုက်ခန်းတွေ ဖောဖောသီသီပါတာပါပဲ။ She-Hulk ဟာ ဘရုစ် ဘန်နာရဲ့ ဝမ်းကွဲညီမရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အစ်ကို ဘန်နာနဲ့အတူ ခရီးသွားရင် ကားမှောက်ရာကနေ ဘန်နာရဲ့သွေးတွေ သူ့ကိုယ်ထဲကိုဝင်သွားပါတယ်။ ဒါပေမဲ့ သူ့ရဲ့မျိုးဗီဇကလည်း ဘန်နာလိုပဲ ထူးခြားတာမို့ ဂမ်မာဓာတ်ရောင်ခြည်ကြောင့်မသေဘဲ ဟော့ခ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီဟော့ခ်ဘဝကိုထိန်းသိမ်းတတ်အောင် ဘန်နာနဲ့အတူလေ့ကျင့်ပြီးတော့ သူ့ရဲ့အရင်ဘဝရှေ့နေလောကထဲကို ပြန်ဝင် အလုပ်လုပ်ရင်း ဟော့ခ်အဖြစ်နဲ့ ရင်မဆိုင်လို့မဖြစ်တဲ့ အန္တရာယ်တွေ ကြုံလာတဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၉ ပိုင်း ရှိမှာ ဖြစ်ပြီးတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦး မန်ဘာဆက်သွယ်ရန်👇 @rkfiveadmin Credit....

Vampire Expert (1995) ဖုတ်ကောင်ဖမ်းတဲ့ဆရာကြီး အတွဲ (1) အတွဲ (2) စဆုံး Hello...Hello...Soulers လေးတိုရေ Soulers လေးတိုကို မပျင
+6
Vampire Expert (1995) ဖုတ်ကောင်ဖမ်းတဲ့ဆရာကြီး အတွဲ (1) အတွဲ (2) စဆုံး Hello...Hello...Soulers လေးတိုရေ Soulers လေးတိုကို မပျင်းရလေအောင် ဇာတ်လမ်းအမျိုးအစားစုံစုံလင်လင် တစ်နေ့တစ်မျိုး မရိုးရလေအောင် တင်ဆက်ပေးနေတဲ့ Soulkingdom ကနေ ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ အချစ်၊ အလွမ်း၊ အမုန်း အားလုံးကနေ ကွဲထွက်ပြီးတော့ အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ဟာသလေးတွေပါ ရောပြီးကြည့်ရမယ့် ဟောင်ကောင်သရဲကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ ဒီဇာတ်လမ်းတွဲလေးကတော့ ကျွန်တော်တိုနဲ့ သိပ်မစိမ်းလှပါဘူး။ ကျွန်တော်တို ကလေးဘဝကတည်းက "Mr.Vampire" ဆိုတဲ့ ခုန်ဆွခုန်ဆွတရုတ်သရဲကားတွေနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။ ယခုဇာတ်လမ်းတွဲဟာဆိုရင်ဖြင့် အရင်ကပရိတ်သတ်တိုအနေနဲ့ "Mr.Vampire"ကို ဇာတ်ကားအနေနဲ့ပဲကြည့်ခဲ့ရာကနေ အခုဆိုရင်ပရိတ်သတ်ကြီးတို အားရပါးရကြည့်ရအောင် ဇာတ်လမ်းတွဲလေးကို SoulKingdom မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်ပြီးခေတ်ကိုအခြေခံထားပြီး မိစ္ဆာဖမ်းတဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်တဲ့ မော့စီးဖုန်း(မောင်ရှောင်ဖန်း)နဲ့ သူ့ရဲ့တပည့်တိုဟာ နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ သွေးစုပ်ဖုတ်ကောင်တိုရဲ့ဘုရင်ဖြစ်သူ ရွှမ်ခွေကို လိုက်ရှာဖိုအတွက် ဟောင်ကောင်ကို ရောက်လာခဲ့ကြရာကနေစတင်ထားပါတယ်။ သူတိုလိုက်ရှာနေတဲ့ သွေးစုတ်ဖုတ်ကောင်ကလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ချစ်ရတဲ့သားဖြစ်သူ နှိပ်စက်ခံရပြီးသေဆုံးသွားခဲ့ရတာကိုမျက်မြင်တွေ့ခဲ့ရတာပါအပြင် သူကိုယ်တိုင်ပါ မတရားသဖြင့်သတ်ခံရပြီး သေဆုံးခဲ့ရတဲ့အတွက် မကျေမနပ်ဖြစ်ရာကနေ အငြိုးကြီးဖုတ်ကောင်တစ္ဆေအနေနဲ့ပြောင်းလဲလာတဲ့ ဖုတ်ကောင်ပဲဖြစ်ပါတယ်။ သူတို သတိမထားမိတာက ရွှမ်ခွေက သူတိုရဲ့အစွမ်းနဲ့ မတွန်းလှန်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်ပြီး စွမ်းအားအထက်ဆုံး ဖုတ်ကောင်ဘုရင် ဖြစ်လာဖိုအတွက် အသည်းအသန် ကြိုးစားနေတယ်ဆိုတာကိုပေါ့။ ဒီလိုနဲ့ပဲ ဟောင်ကောင်မြိုကြီးဟာဆိုရင်ဖြင့် မကောင်းဆိုးဝါးတွေလက်ထဲ ကျရောက်သွားမလား... မော့စီးဖုန်း (မောင်ရှောင်ဖန်း)တို ဆရာတပည့်နှစ်ယောက်ကပဲ ကယ်တင်သွားနိုင်မလားဆိုတာကို “Vampire Expert (1995)"ဆိုတဲ့ ဟောင်ကောင်ဇာတ်ကားလေးကနေတစ်ဆင့် ကြည့်ရှုခံစားလိုက်ကြရအောင်ဗျာ။ ဒီဇာတ်ကားလေးက စိတ်လှုပ်ရှားစရာ၊သည်းထိတ်ရင်ဖိုတွေအပြင် ဟာသလေးတွေပါ ရောစွတ်ထားပြီး ကွန်ပျူတာအထူးပြုလုပ်ချက်တွေဟာဆိုရင်လည်း အဲ့ဒီခေတ် အဲဒီ့အခါနဲ့ ယှဉ်ရင်တော့ ခေတ်နောက်မကျတဲ့အထဲမှာပါတဲ့အတွက် Soulersလေးတွေကို စိတ်ကျေနပ်စေမှာ အမှန်ပါပဲခင်ဗျာ Credit...

Criminal Code (2023) Ep 1 To 8 စဆုံး Criminal Action စီးရီးတွေကို မျှော်လင့်နေကြတဲ့သူတွေအတွက် အကြိုက်တွေ့စေနိုင်မဲ့ ဖြစ်ရပ်မှ
+3
Criminal Code (2023) Ep 1 To 8 စဆုံး Criminal Action စီးရီးတွေကို မျှော်လင့်နေကြတဲ့သူတွေအတွက် အကြိုက်တွေ့စေနိုင်မဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးကောင်းတစ်ခုကို တင် ဆက်ပေးလိုက်ပါပြီ။ နာမည်ကျော် ဒုစရိုက်မှုတွေနဲ့ ကျော်ကြားတဲ့ ဘရာဇီးလ်-ပါရာဂွေး နှစ်နိုင်ငံ နယ်စပ်မှာ အကြီးစားငွေတိုက်ဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေထက် ပိုများတဲ့လူအင်အားတွေ၊ သာလွန်တဲ့ လက်နက်အင်အားတွေကြောင့် ဓားပြတွေဘက်က အသာစီးရနေခဲ့ ပါတယ်။ နှစ်နိုင်ငံနယ်စပ်တည့်တည့်မှာ ဖြစ်ပွားတဲ့ အမှုကြီးဖြစ်တဲ့ အတွက် တစ်ဖက်စီကလည်း ဒီအမှုကို သူကိုင်မယ် ငါကိုင်မယ် အလု အယက်နဲ့ပါပဲ။ ဒီလိုအမှုကြီးကို ကိုင်တွယ်ဖို့ အကြောင်းဖန်လာတဲ့သူကတော့ ဘနီဆို လို့ ခေါ်တဲ့ ဖက်ဒရယ်ရဲအရာရှိတစ်ဦး ဖြစ်ပါတယ်။ သူကတော့ မကြာ သေးခင်က ဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်မှုမှာ တွဲဖက်ပါတနာကောင်း တစ်ယောက်ကို ဆုံးရှုံးထားရပြီး တစ်ကိုယ်တော်လှုပ်ရှားနေရတဲ့ အရာ ရှိတစ်ဦးပါ။ လက်ရှိဖောက်ထွင်းမှုနဲ့ သူ့ပါတနာသေဆုံးခဲ့ရတဲ့ ထောင် ဖောက်မှုတို့က ဆက်စပ်နေတာကို သိရှိပြီးနောက်ပိုင်းမှာတော့ ဘနီဆို့ အတွက် ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ဖို့ အကြောင်းတရားတွေ ဖန်လာ ခဲ့ပါပြီ။ Credit....

Athidhi (သို့) ဧည့်သည် (TV Series) Ep 1 To 6(စ-ဆုံး) IMDb - 6.1/10 Disney+ Hotstarကနေ အထူးစီးရီးအနေနဲ့ လတ်တလောထွက်ရှိထားပြီး
+4
Athidhi (သို့) ဧည့်သည် (TV Series) Ep 1 To 6(စ-ဆုံး) IMDb - 6.1/10 Disney+ Hotstarကနေ အထူးစီးရီးအနေနဲ့ လတ်တလောထွက်ရှိထားပြီး အပိုင်းခြောက်ပိုင်းသာပါဝင်တဲ့ ထိတ်လန့်သည်းဖိုဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ လမ်းမကြီးတစ်ခုမှာ ဘယ်လောက်ပဲမီးသီးတွေလဲတပ်ပါစေ မလင်းလာတဲ့နေရာတစ်နေရာရှိတယ်။ ပထမဆုံးမီးမလင်းတဲ့ ဓာတ်တိုင်ကိုကျော်တာနဲ့ စီးလာတဲ့ယာဉ်ကစက်သေသွားတော့တာပဲ။ ဘယ်လောက်ပဲကြိုးစားကြိုးစား စက်ကနိုးမလာတော့။လေးတိုင်မြောက်မီးပျက်နေတဲ့နေရာရောက်ရင်တော့ သရဲပေါ်လာပြီး သတ်တော့တာပဲ။ကံကောင်းလို့ကျော်သွားနိုင်ရင်တော့ မီးလင်းတဲ့ဓာတ်တိုင်ကိုရောက်တာနဲ့ စက်ပြန်နှိုးလို့ရပြီး အသက်ဘေးလွတ်မှာပဲ။ အဲဒီလို နာမည်ကြီးနေတဲ့နေရာနားမှာပဲ အိမ်ကြီးတစ်လုံးရှိတယ်။လင်ရယ်မယားရယ် နှစ်ကိုယ်တည်းရှိတဲ့အိမ်။ မိုးကြီးလေထန်တဲ့ ညတစ်ညမှာပဲ အဲဒီအိမ်ကိုရောက်လာကြသူတွေက မာယာဆိုတဲ့ မိန်းမချောလေးရယ်.. Credit....

Dream of Chang'an (2021) လွမ်းဘွဲ့သီ အိပ်မက်ကဗျာ
+6
Dream of Chang'an (2021) လွမ်းဘွဲ့သီ အိပ်မက်ကဗျာ

ပွင့်ချပ်နှစ်လွှာရဲ့ နွေအိပ်မက်ငယ် Romance of A Twin Flower ( 2022)
+7
ပွင့်ချပ်နှစ်လွှာရဲ့ နွေအိပ်မက်ငယ် Romance of A Twin Flower ( 2022)

ဘုန်းမီးနေလ မဟာအသောက (Ashoka EP 1To 442စဆုံး)
+5
ဘုန်းမီးနေလ မဟာအသောက (Ashoka EP 1To 442စဆုံး)

Rangrasiya ဖြူစင်နှလုံးသား အပိုင်း ၁မှ ၁၈၈ဇာတ်သိမ်းပိုင်းထိ စဆုံး
+5
Rangrasiya ဖြူစင်နှလုံးသား အပိုင်း ၁မှ ၁၈၈ဇာတ်သိမ်းပိုင်းထိ စဆုံး

Ramyug [2021] မြန်မာစာတန်းထိုး ------------------------ Ep 1 to 8 စဆုံး ရာမာယဏဇာတ်တော်ကြီး ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Ramyug ဆိ
+3
Ramyug [2021] မြန်မာစာတန်းထိုး ------------------------ Ep 1 to 8 စဆုံး ရာမာယဏဇာတ်တော်ကြီး ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Ramyug ဆိုတဲ့ အိန္ဒိယရာဇဝင်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးနဲ့ရင်းနှီးပြီးသားရာမာယနဇာတ်တော်ကိုရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ Director Kunal Kohli ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး MX player ရဲ့နောက်ဆုံးထွက် Hindu Web Series ပဲဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံအမျိုးအစားကလည်းမူလဇာတ်တော်နဲ့ နည်းနည်းလေးကွဲပြားပြီး ဆန်းသစ်တာကိုလည်းတွေ့မြင်ရမှာပါ။ တချို့က ဇာတ်တော်တွေကို ပြန်ပြီးရိုက်ကူးတဲ့ဇာတ်လမ်းတွေမှာ ပျင်းသွားတတ်တာမျိုးတွေရှိတတ်ပေမယ့် ဒီကားလေးမှာတော့ သုံးထားတဲ့နောက်ခံတီးလုံးကအစကွဲထွက်နေပြီး effect ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာကောင်းတာကိုခံစားရမှာပါ။ ဇာတ်လမ်းအကြောင်းကတော့ သိပ်ပြောစရာလိုမယ်မထင်ပါဘူး ဒီအပိုင်းမှာတော့ ရာမမင်းသားက သူ့ရဲ့ကြင်ယာတော်သီတာကို ရာဗာနာနတ်ဆိုးလက်ထဲကနေကယ်တင်တဲ့ အကြောင်းရိုက်ထားတာပါ။ ဇာတ်တော်ဆိုပေမယ့် အက်ရှင်ခန်းတွေလည်းပါတာမလို့စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်တွဲပဲဖြစ်ပါတယ်။ #credit