en
Feedback
Dark Shadow(YGNUG)

Dark Shadow(YGNUG)

Open in Telegram
437
Subscribers
-124 hours
-97 days
-3830 days
Posts Archive
သတင်းထုတ်ပြန်ချက် ယနေ့ ၃၁.၁၂.၂၀၂၃ မနက်(၁:၂၃) နာရီအချိန်ခန့်တွင် တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ The Maze ကလပ်ကို
သတင်းထုတ်ပြန်ချက် ယနေ့ ၃၁.၁၂.၂၀၂၃ မနက်(၁:၂၃) နာရီအချိန်ခန့်တွင် တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ The Maze ကလပ်ကို ကျွန်ုပ်တို့ DarkShadow တပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ထိုကလပ်သည် စစ်ကောင်စီနှင့် ဆက်နွယ်သော အသိုင်းအဝိုင်းမှ လူများ ပျော်ပွဲရွှင်ပွဲများ စီစဉ်ကျင်းပရာ နေရာဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲရာနေရာလည်းဖြစ်သောကြောင့် စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ Dark Shadow (UG) အဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး နှင့် စီးပွားရေး ထောက်တိုင်များကို တိုက်ခိုက်ဖျက်စီးခဲ့ပါသည်။ Dark Shadow (UG) ကျွန်တော်တို့ ညီနောင်များသည် တော်လှန်ရေးကာလ စတင်သည့်နေ့မှ စ၍ ယနေ့တိုင် အခက်အခဲ၊ ဆုံးရှံးမှုများစွာ ရှိခဲ့သော်လည်း တစ်ရက်မှ မနားခဲ့ကြပါ။ ဆက်လက်ပြီးလည်း လူထုနှင့် တော်လှန်ရေး အပေါ် သစ္စာရှိစွာဖြင့် mission များကို ပိုမို ကြိုးစားလုပ်ဆောင် သွားပါမည် ဖြစ်ကြောင်း တော်လှန် နှစ်သစ် သစ္စာပြုအပ်ပါသည်။

သတင်းထုတ်ပြန်ချက် ယနေ့ ၁၁.၁၂.၂၀၂၃(၁:၅၀) နာရီအချိန်ခန့်တွင် လှိုင်သာယာ ထီးလှိုင်ရှင်အိမ်ရာအနီး ရုံးရှေ့မှတ်တိုင်ရှိ ပြည်ထောင်စ
သတင်းထုတ်ပြန်ချက် ယနေ့ ၁၁.၁၂.၂၀၂၃(၁:၅၀) နာရီအချိန်ခန့်တွင် လှိုင်သာယာ ထီးလှိုင်ရှင်အိမ်ရာအနီး ရုံးရှေ့မှတ်တိုင်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်) ရုံးကို ကျွန်ုပ်တို့ DarkShadow တပ်ဖွဲ့နှင့် မဟာမိတ် GOD/ မြို့ပြတော်လှန်ရေး အင်အားစုတို့ ပူးပေါင်း၍ အဝေးထိန်းစနစ် အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ထိုရုံးခန်းသည် ပျူ၊ နှင့် အုပ်ချုပ်ရေးမှူး အရပ်ဝတ်အသွင်ယူများ အမြဲစုစည်း တွေ့ဆုံရုံးထိုင်ရာ စားကျက်နေရာဖြစ်ပြီး အပစ်မဲ့ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အစဉ်တစိုက် အန္တရာယ်ပေးခဲ့သည့် သူများ စုဝေးရှိနေသောကြာင့် စစ်ရေးပစ်မှတ်အနေဖြင့် သတ်မှတ်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် ပျူ၊ နှင့် အုပ်ချုပ်ရေးမှူး အရပ်ဝတ်အသွင်ယူများ စုစည်းရာ အဆောက်အဦးများအနီးသို့ သွားလာခြင်းကို ရှောင်ကြဉ်ကြပါရန်နှင့် ယခုကဲ့သို့ ဖြစ်စဉ်များ မိမိနေထိုင်၊ ရောက်ရှိရာ အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ပါက လုံခြုံစိတ်ချရသည့်နေရာမှသာ စောင့်ကြည့်ကြရပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သတင်းထုတ်ပြန်ချက် ယနေ့ ၉.၁၂.၂၀၂၃(၂:၅၉) နာရီအချိန်ခန့်တွင် အရှေ့မြင်းပြိုင်ကွင်းလမ်း Shwe Htut Tin Compound(Outdoor Area) Hexa
သတင်းထုတ်ပြန်ချက် ယနေ့ ၉.၁၂.၂၀၂၃(၂:၅၉) နာရီအချိန်ခန့်တွင် အရှေ့မြင်းပြိုင်ကွင်းလမ်း Shwe Htut Tin Compound(Outdoor Area) Hexagon Complex တွင် ပြုလုပ်သော Waterzonic ပွဲကို ကျွန်ုပ်တို့ DarkShadow တပ်ဖွဲ့နှင့် မဟာမိတ် GOD/ မြို့ပြတော်လှန်ရေး အင်အားစုတို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ထိုပွဲကို စကစထောက်တိုင်ခေတ်ပျက်သူဠေးများမှကျင်းပပြီး လူငယ်များအားမူးယစ်ဆေးဝါးရောင်းချပြီး တိုင်းပြည်အေးချမ်းသယောင် ကျင်းပပြုလုပ်နေသည်ဟု ဖရဲသီး၏အတွင်းသတင်းပေးမှူကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ ညနေပိုင်း တာမွေမြို့နယ်၊ သီတာလမ်းထိပ် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် စစ်တပ်က ပစ်ခတ်၍ ကျဆုံးခဲ့သော ဆန္ဒပြလူငယ် (၂) ဦး ကို ဝမ်းနည်းစွာဖြင့် အလေးနီပြု ဦးညွတ်လိုက်ပါသည်။ လူထုနှင့် တော်လှန်ရေး အပေါ် သစ္စာရှိစွာဖြင့် mission များကို ပိိုမို ကြိုးစားလုပ်ဆောင် သွားပါမည်။

ယနေ့ ၃.၁၂.၂၀၂၃ (၃:၀၅) နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကာလာပမြို့နယ် ဝေဘာဂီမြို့သစ် အမှတ် ၄ ရပ်ကွက်ရှိ စစ်ကေ
ယနေ့ ၃.၁၂.၂၀၂၃ (၃:၀၅) နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကာလာပမြို့နယ် ဝေဘာဂီမြို့သစ် အမှတ် ၄ ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံဗိုလ်မှူး ၏ နေအိမ်ကို ဖရဲသီး၏သတင်းပို့ချက်အရ ကျွန်ပ်တို့ Dark Shadow တပ်ဖွဲ့ နှင့် မဟာမိတ် GOD / မြို့ပြတော်လှန်ရေးအင်အားစုတို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည် နောက်ပစ်မှတ်များကိုလဲ ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ စစ်ကောင်စီ အသိုင်းအဝိုင်းမှကျင်းပသော ပွဲလမ်းသဘင်များ မသွားကြရန် နှင့်ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ #အရေးတော်ပုံမုချအောင်ရမည်

ယနေ့ ၁၀.၁၁.၂၀၂၃ (၉:၁၅) နာရီ အချိန်ခန့်တွင် မြောက်ဥက္ကာလာပမြို့နယ် ကျောက်ရေတွင်းအနီး ရဲမှူး (ဒလန်) ၏ နေအိမ်ကို ရန်ကုန် အနောက်ပ
ယနေ့ ၁၀.၁၁.၂၀၂၃ (၉:၁၅) နာရီ အချိန်ခန့်တွင် မြောက်ဥက္ကာလာပမြို့နယ် ကျောက်ရေတွင်းအနီး ရဲမှူး (ဒလန်) ၏ နေအိမ်ကို ရန်ကုန် အနောက်ပိုင်းခရိုင်ပကဖ နှင့် Yangon Army / Dark Shadow / Urban Warrior တို့ပူးပေါင်း၍ ဒီမိုကရေစီရရှိရေးနှင့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သော် Operations 1027 စစ်ဆင်ရေးနှင် ကရင်နီပြည် Operations 1107 ကို ထောက်ခံကြောင်း ပြည်သူလူထု လိုလားသော ဒီမိုကရေစီရရှိရေးအတွက် စစ်တပ်နှင့်ပတ်သတ်သော ပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက် နိုင်ခဲ့ပါသည် နောက်ပစ်မှတ်ကြီးများကိုလဲ ကျွန်ုပ်တို့မဟာမိတ်များပူးပေါင်းပြီး ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့်စစ်ကောင်စီ နှင့် ပတ်သတ်သောနေရာများ စစ်ကောင်စီ အသိုင်းအဝိုင်းမှကျင်းပသော ပွဲလမ်းသဘင်များ မသွားကြရန် နှင့်ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ #အရေးတော်ပုံမုချအောင်ရမည်