cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Movie Zone ( 1 )

Show more
Advertising posts
133 972
Subscribers
+1 25724 hours
+5 4367 days
+19 31830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

IMDB: 6.7/10 171 votes Mood of the day ဇာတ်ကားဟာဆိုရင် ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb Ratting 6.7 ရရှိထားပါတယ် Oldboy,A Weresolf boy တို့နှင့်လူသိများသော မင်းသား Yeon-Seok Yooနှင့်War of arrows ဇာတ်ကားထဲမှ မင်းသမီး Chae-won Moonတို့ ပါဝင်သရုပ်ဆောင်ထားပါတယ် အချစ်ဆိုတဲ့အရာဟာ ရက်တွေလတွေနှစ်တွေကြာအောင် ချစ်ကြသည့်တိုင်အောင် အချစ်စစ်ဆိုတာတကယ်ဖြစ်လာနိုင်သလား…… အချစ်စစ်ဆိုတာဟာ အဲ့လောက်အချိန်တွေအများကြီးမကြာနိုင်ပေမယ့်လည်း တစ်ရက်တည်းနဲ့တကယ့်အချစ်ဖြစ်သွားနိုင်တယ်ဆိုတာကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် မိန်းကလေးတွေဆိုရင်အပျော်သာ သဘောထားပြီး အချစ်ဆိုတာကိုအလေးမထားတဲ့ မင်းသား ဂျေဟွန်း(နဲ့ တယောက်တည်းကိုသာ လေးလေးနက်နက်ထားချစ်တတ်တဲ့မင်းသမီး ဆိုဂျန်(Chae-won Moon)ဟာ မိမိတို့ရဲ့အလုပ်ကိစ္စနဲ့အတူ တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံကြပါတော့တယ်… နှစ်ယောက်စလုံးရဲ့အလုပ်ကိစ္စက နာမည်ကျော်ဘက်စဘော်ကစားသမား ကင်ဂျင်ချွဲဆိုသူကို ရှာဖွေဖို့ပဲဖြစ်တယ်….တရက်တည်းပဲတွေ့ဆုံပြီး ဘက်စကစ်ဘော်ကစားသမားတယောက်ကိုရှာဖွေရင်း တင်္ဂလေးအတွင်းမှာပဲ တယောက်နဲ့တယောက် ဖွင့်ပြောပြလို့မရတဲ့ သံယောဇဉ်တွေဖြစ်သွားတဲ့အခါမှာတော့… မင်းသားကရော သူ့ရဲ့အကျင့်ဆိုးတွေကို ပြင်နိုင်မှာလား… မင်းသမီးကရော သူ့ရဲ့အနှစ်နှစ်အလလချစ်ရတဲ့ချစ်သူကိုစွန့်လွှတ်နိုင်မှာလားဆိုတာကို Romance ဆန်ဆန်နဲ့ ကြည်ကြည်နူးနူးကြည့်ရှုရမယ့် Drama ကားကောင်းတစ်ကားပဲဖြစ်ပါတယ်…. #Credit
Show all...
👍 8 4
1:23:58
Video unavailableShow in Telegram
Thug Teacher (2019)
Show all...
👍 8 3
Photo unavailableShow in Telegram
Mood Of The Day (2016)
Show all...
👍 5
Photo unavailableShow in Telegram
အိမ်တော်ကိုးခုရဲ့အစခရီး (၂၀၂၂) ၂၀ရာစုနှောင်းပိုင်းကာလတွေမှာ တရုတ်နိုင်ငံကို ဂျပန်တွေသိမ်းပိုက်ပြီး ပြည်သူတွေလည်းဒုက္ခရောက်ခဲ့ရတယ် ထူးဆန်းတဲ့သွေးမျိုးဆက်ပိုင်ရှင်တွေဖြစ်တဲ့ ကျန်းမိသားစုတွေကလည်း ဖမ်းဆီးခံခဲ့ရပြီး အစမ်းသပ်ခံတွေဖြစ်ခဲ့ရတယ် ကျန်းမျိုးနွယ်သွေးတစ်ဝက်သာရောစပ်တဲ့ ကျန်းမျိုးနွယ်အခွဲတစ်ခုကတော့ အိမ်တော်ရဲ့လျှို့ဝှက်ချက်တွေနဲ့အတူ ရှင်သန်ကျန်ရစ်ဖို့ ကြိုးစားရပါတော့တယ် ကျန်းတဖော့ရယ်လို့နောင်တစ်ချိန်ဖြစ်လာမဲ့ ကျန်းချီရှန်း ကတော့ ချန်းရှကိုရောက်လာပြီး  အာ့ယွဲ့ဟုန်နဲ့ ဘယ်လိုတွေ့ဆုံခဲ့ကြလဲ ကျန်းအိမ်တော်အတွက်ဘယ်လိုလက်စားချေခဲ့ပြီး အိမ်တော်ကိုးခုကို ဘယ်လိုစုစည်းမလဲဆိုတာကိုတော့ "အိမ်တော်ကိုးခုရဲ့အစခရီး"ဆိုတဲ့Movieလေးမှာ စောင့်မျှော်ကြည့်ရှုကြပါဦးနော် #crd
Show all...
👍 17 3
Photo unavailableShow in Telegram
ဟွမ်မြောင်ရွာမှဖုတ်ကောင်များ (黄庙村怪谈) Huang Miao Village's Tales of Mystery (2023) ဇာတ်လမ်းအကျဉ်း အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ဖုတ်ကောင်ဖမ်းဆရာကြီး ဦးလေးကျိုဟာ သိုင်းလောကမှာ လှည့်လည်ခရီးသွားနေတဲ့သူဖြစ်တဲ့တစ်လျှောက် တစ်နေ့မှာ ဟွမ်မြောင်ရွာကို လမ်းကြုံရောက်သွားခဲ့ပါတယ် အဲဒီဟွမ်မြောင်ရွာ သူထင်သလောက်မရိုးရှင်းနေဘဲ နေရာအနှံ့မှာ မကောင်းတဲ့အနံ့အသက်တွေနဲ့ပြည့်နေခဲ့ပါတယ် ဦးလေးကျိုနဲ့ သူတပည့်ချန်ကန်းတို့ မူမမှန်တဲ့ဟွမ်မြောင်ရွာမှာ သတိကြီးကြီးနဲ့ နေရင်း သတို့သမီးဖုတ်ကောင်နဲ့ ပက်ပင်းတိုးမိသွားပါတယ် ဒီလိုနဲ့ သူတို့ဆရာတပည့်နှစ်ယောက် လိုက်လံစုံစမ်းရာမှ နောက်ထပ်ဖုတ်ကောင်တွေအများကြီး ဟွမ်မြောင်ရွာထဲမှာ ပုန်းနေတယ်ဆိုတာသိလိုက်ရတဲ့အခါ ထုံးစံအတိုင်း ဖုတ်ကောင်တွေကိုရှင်းဖို့ ဦးလေးကျိုတို့ ဆရာတပည့်နှစ်ယောက် ကြိုးစားကြပါတော့တယ် #ReviewbyYourDimple #SoulKingdomMovie #Credit
Show all...
👍 25 2
1:14:00
Video unavailableShow in Telegram
အိမ်တော်ကိုးခုရဲ့အစခရီး (၂၀၂၂)
Show all...
👍 4 1
Photo unavailableShow in Telegram
Lamb Game (2023) ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းလေးကတော့ 1996 ခုနှစ်ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တာပါ ရွှယ်လိဟာ သူ့မင်္ဂလာဆောင်ပွဲမှာ ဓားပြတွေနဲ့တွေ့ပြီး သူ့ခင်ပွန်းပါ ဓားပြတွေရဲ့သေနတ်အောက်မှာ သေဆုံးခဲ့ရပါတယ် သူကတော့ လွတ်မြောက်လာခဲ့ပေမဲ့ အဖြစ်အပျက်ဆိုးကြီးထဲကနေ ရုန်းမထွက်နိုင်ဘဲ အလုပ်ကနေ ထွက်စာတင်ခဲ့ပါတယ် တနေ့မုန်တိုင်းရှိတဲ့ညတစ်ညမှာ ရွှယ်လိတစ်ယောက် အဲဒီဓားပြတွေနဲ့ ပြန်ပက်ပင်းတိုးမိခဲ့ပါတယ် ဓားပြတွေကလည်း သူ့ကိုအလွတ်မပေးဘဲ လိုက်လံဖမ်းဆီးကြတဲ့အခါ ရွှယ်လိတစ်ယောက် ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတွေလက်ထဲက လွတ်မြောက်နိုင်ပါ့မလား ဘာလို့ ဒီဓားပြတွေနဲ့မှ ထူးဆန်းစွာ လာတွေ့နေရတာလဲ သူ့လို သားကောင်ဘ၀ရောက်နေသူတွေရော ဘယ်နှစ်ယောက် ရှိနေပြီလဲ #ReviewbyYourDimple #SoulKingdomMovie
Show all...
👍 51 6👏 2
1:28:48
Video unavailableShow in Telegram
Lamb Game (2023)
Show all...
👍 24 5
1:28:35
Video unavailableShow in Telegram
Huang Miao Village's Tales of Mystery (2023)
Show all...
👍 8 1
Photo unavailableShow in Telegram
Twenty.Hacker (2021) -------------------------------- IMDB (5.3/10) ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့် ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုးလိုက်ရပါတယ်... ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့် ဟက်ကာသမားကိုဖမ်းဖို သူကိုယ်တိုင်ဟက်ကာလုပ်ဖို ဆုံးဖြတ်လိုက်ပါတယ် ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့ “ပိုကောင်းတဲ့ကမ္ဘာ”ဆိုတဲ့အဖွဲနဲ့ ဟက်ကာအရည်အချင်းပြည့်ဝလာတဲ့ဂျယ်မင်းတို တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖိုအတွက် သူတိုအချင်းချင်းပူးပေါင်းပြီး ဘယ်လိုတွေလုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ #Credit
Show all...
👍 24 3