en
Feedback
Movie Mandalay

Movie Mandalay

Open in Telegram

အချိန်ကုန်ရကျိုးနပ်တဲ့ ဇာတ်ကားများသာ တင်ပေးပါတယ် ခင်ဗျာ❤❤❤

Show more
999
Subscribers
No data24 hours
-97 days
-2330 days
Posts Archive
A Dog Named Palma {2021}

A Dog Named Palma {2021} IMDB (7/10) ခွေးချစ်သူတွေအတွက် ရုရှားကားလေး A dog named Palma ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် Palma
A Dog Named Palma {2021} IMDB (7/10) ခွေးချစ်သူတွေအတွက် ရုရှားကားလေး A dog named Palma ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် Palma က ဆိုဗီယက်မှာ တကယ်ရှိခဲ့တဲ့ ခွေးမလေး Palma အ‌ကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားခြင်းဖြစ်ပါတယ် သခင်မှ လေယာဉ်စီးခါနီး ခွေးရဲ့ ကျန်းမာရေးထောက်ခံစာ မပါခဲ့လို့ လေယာဉ်ကွင်းမှာပဲ စွန့်ပစ်ခဲ့ပါတယ် ခွေးလေးလိုပဲ ဘဝတူ မိခင်ဆုံးရှုံးခဲ့ရပြီး တခါမှမမြင်ဖူးသူကို အဖေဆိုပြီးလိုက်ခဲ့ရတဲ့ ကိုလျာလေးနဲ့ တွေ့ဆုံးခဲ့ပြီး သူတို့ရဲ့ တူညီတဲ့ခံစားချက်တွေကို ဘယ်လိုဝေမျှခံစားမလဲ လူ့ဘဝကြီးမှာ ကောင်းတာတွေလဲရှိပါသေးတယ်ဆိုတာကို ဖော်ပြထားတဲ့ မိသားစုဒရာမာ ကားလေးပဲဖြစ်ပါတယ် ဇာတ်အိမ်ရဲ့ တည်ထားတဲ့ အချိန်ဟာလည်း ဆိုဗီယက်ခေတ်ဖြစ်တဲ့အတွက် ကွန်မြုနစ်ခေတ်ရဲ့ အငွေ့အသက်လေးတွေလဲ ခပ်ပါးပါးလေး ခြယ်မှုန်းပြထားပါတယ်

𝐃 𝐫 𝐢 𝐯 𝐞 ( 2 0 1 1 )

𝐃 𝐫 𝐢 𝐯 𝐞 ( 2 0 1 1 ) လော့အိန်ဂျယ်လိမှာအမည်မသိရတဲ့ လျှို့ဝှက်သိုသိပ်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူ့ရဲအလုပ်က ကားပြင်တယ် ဟောလိ
𝐃 𝐫 𝐢 𝐯 𝐞 ( 2 0 1 1 ) လော့အိန်ဂျယ်လိမှာအမည်မသိရတဲ့ လျှို့ဝှက်သိုသိပ်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူ့ရဲအလုပ်က ကားပြင်တယ် ဟောလိဝုဒ်မှာ စတန့်ကားသမားလုပ်တယ် အထူးခြားဆုံးက ဓားပြတိုက်တဲ့သူတွေကို ကားလိုက်မောင်းပေးတာပဲ ဓားပြတိုက်ဖို့ ကားငှားရင်  သူပြောလေ့ရှိတဲ့စကားရှိတယ် အဲ့ဒါက “ကျွန်တော့်ကို အချိန်နဲ့နေရာကိုသာပြော ခင်ဗျားကို ၅မိနစ်နဲ့ အရောက်ပို့ပေးမယ် ဒီ ၅မိနစ်အတွင်းမှာ ဘာပဲဖြစ်လာကျွန်တော်တာဝန်ထား ငါးမိနစ်ကျော်သွားတဲ့အချိန်မှာ ဖြစ်လာတာကတော့ခင်ဗျား ကိစ္စပဲ ” ဒီကားရဲ့ Rating တွေကတော့မြင်တဲ့အတိုင်းပါပဲ မင်းသားကလည်း လက်ရှိ Active Actor ကောင်းတွေထဲမှာ Ryan Glosing အဓိကသရုပ်ဆောင်ထားတယ် ဇာတ်လမ်းက အစကထဲက ဆွဲဆောင်မှုရှိတယ် Ryan Glosing ကသွားကြားထိုးတံကိုအမြဲကိုက်ထားပြီး အရယ်အပြုံးကင်းမဲ့လွန်းတဲ့မျက်နှာပေးနဲ့ စကားပြောရင်လည်း လိုတာထက်ပိုမပြောတတ်တဲ့သူ ဇာတ်လမ်းက ဇာတ်ကွက်ပိုင်းရော á€€á€ąá€Źá€„်းတဲအဥပဟင် Sound Editing ပိုင်းကလည်း á€Ąá€ąá€Źá€şá€…ကဏဆန်ကဏတင်စဏရင်းတ္ဏင်ပဍခဲအသ္းတယ် ဒီကားက နည်းနည်းလေးတောင်  spoiler လာမလုပ်သင့်တဲ့ကားမို့ ဒီမှာတင်ရပ်ပါရစေ

Monk_Comes_Down_the_Mountain_(2015)_720p

ကဲဝူတန်သိုင်းပြီးတော့ ဒီတစ်ခါကွန်ဖူးကားပါနော် ဒီဇာတ်ကားလေးက တာအိုဘုန်းကြီးကျောင်းက ခဲ့အန်းရှက တောင်အောက်ဆင်းလာရာကနေစတဲ့ဇာတ်လမ
ကဲဝူတန်သိုင်းပြီးတော့ ဒီတစ်ခါကွန်ဖူးကားပါနော် ဒီဇာတ်ကားလေးက တာအိုဘုန်းကြီးကျောင်းက ခဲ့အန်းရှက တောင်အောက်ဆင်းလာရာကနေစတဲ့ဇာတ်လမ်းလေးပါ တာအိုဘုန်းကြီးကျောင်းက မြို့တွေနဲ့အဝေး တောင်ထိပ်မှာ ဆောက်ထားတာဖြစ်ပြီး ဘုန်းကြီးကျောင်းသားတွေကို ကွန်ဖူးသင်ပေးပြီး ကျွေးမွေးစောင့်ရှောက်ထားတဲ့နေရာပေါ့ နောက်ပိုင်း အစားအသောက်ပြသနာကြောင့် တိုက်ခိုက်ပြီး ဘယ်သူဆက်နေရမလဲဆုံးဖြတ်ကြရတယ် ဒီလိုနဲ့ အပြင်လောကကိုခုမှတွေ့ကြုံဖူးတဲ့ခဲ့အန်းရှက တောင်အောက်ဆင်းဆင်းချင်း အစားအသောက်ကိစ္စနဲ့ပက်သက် ပြီးဒုက္ခရောက်ပါတော့တယ်ကြက်သားဟင်းကိုလုယူဖို့ကြိုးစားရာကနေ သနားစိတ်ဖြစ်မိပြီးအိမ်ခေါ်သွားတဲ့ သမားတော်ဆွေ့ခဲ့အန်းရှကလည်း တကယ့်ဆရာအရင်းလိုသဘောထာBးပြီး ပြုစုလုပ်ကိုင်ပေးပေမဲ့ ကံကြမ္မာကြောင့်ဝေးကွာခဲ့ရပြန်ပါတယ်ဒီလိုနဲ့ သူဟာ အပြင်လောကမှာ ကြုံတွေရတဲ့ ပြသနာတွေ ဘယ်လိုရင်ဆိုင်မလဲ သူ့ဆရာအတွက်ရော ဘယ်လိုလက်စားချေမလဲ ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူ့ကြပါ

The boy in the striped Pajamas

The boy in the striped Pajamas
The boy in the striped Pajamas

Special Delivery _ 2022

Special Delivery _ 2022 ခေါင်းစဉ်အတိုင်းပဲ စပယ်ရှယ်ပို့ဆောင်ရေးလုပ်ပေးတဲ့ လုပ်ငန်းငယ်လေးတစ်ခုပါပဲ… စာတိုက်တွေ၊ ပို့ဆောင်ရေးကု
Special Delivery _ 2022 ခေါင်းစဉ်အတိုင်းပဲ စပယ်ရှယ်ပို့ဆောင်ရေးလုပ်ပေးတဲ့ လုပ်ငန်းငယ်လေးတစ်ခုပါပဲ… စာတိုက်တွေ၊ ပို့ဆောင်ရေးကုမ္ပဏီတွေက လက်မခံတဲ့ ပစ္စည်းတွေအပါအဝင် အရာရာတိုင်းကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းလေးပါ ဂျန်အွန်းဟာကတော့ အဲပို့ဆောင်ရေးလုပ်ငန်းမှာလုပ်တဲ့ အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ပရိုပို့ဆောင်ရေးဒရိုက်ဘာပါ မိန်းကလေးဆိုပြီး အထင်သေးတဲ့သူတွေကို ပညာအစွမ်း ပါဝါတွေထုတ်ပြတတ်သူလေးပါပဲအဲလိုအွန်းဟာက သူဌေးလက်ခံလိုက်တဲ့ အလုပ်တစ်ခုကြောင့် ဆိုးလ်အထိတက်သွားခဲ့ပေမဲ့ ထင်သလိုအဆင်မပြေဘဲ သောင်တင်သွားပါတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲကျွန်မတို့ရဲ့ ဂျက်ဆီကာ လို့သိကြတဲ့ Park So Dam ကနေ ဂျန်အွန်းဟာဆိုတဲ့ ကာရိုက်တာနဲ့ တစ်သားတည်းဖြစ်အောင် ဘယ်လိုတွေသရုပ်ဆောင်ပြသွားသလဲ Crime Action အမျိုးအစားဆိုပေမဲ့ ကိုရီးယားရဲ့ သဘာဝအတိုင်း ဖယ်ထားလို့မရတဲ့ Comedy နဲ့ Drama အပျော့စားလေးကိုပါထည့်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော်

Dunkirk (2017)

စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင် ရိုက်ပြထားတဲ့ ရုပ်ရှင် Dunkirk (2017) IMDB: 7.9/10 လူတော်တော်များများက စစ
စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင် ရိုက်ပြထားတဲ့ ရုပ်ရှင် Dunkirk (2017) IMDB: 7.9/10 လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို့ စာအုပ်ဖတ်လို့ စကားအဖြစ်ပြောလို့ပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုံးတဲ့ဘက်ရော ကြားနေတဲ့အဖွဲ့ရော အကုန်ထိခိုက်ရတာပဲမဟုတ်လား။Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။သူ့ကိုတော်တော်များများက နာမည်ကျော် Superhero Batman ရုပ်ရှင် The Dark Knight Trilogy နဲ့တွဲသိကြမယ်ထင်ပါတယ်။

Papillon 📅 2017 | 🌋 #Adventure #Biography #Crime 🎭 #Drama Rating ⭐️ 7.2 / 10

Papillon (2017) IMDB-7.2 ရုပ်ရှင်ချစ်သူတွေကတော့ ဒီဖြစ်ရပ်မှန်ထောင်ဖောက်ကားကိုစွဲစွဲမြဲမြဲသိကြမှာပါ၊ ဒီကားဟာ ၁၉၇၃ခုနှစ်ကPapill
Papillon (2017) IMDB-7.2 ရုပ်ရှင်ချစ်သူတွေကတော့ ဒီဖြစ်ရပ်မှန်ထောင်ဖောက်ကားကိုစွဲစွဲမြဲမြဲသိကြမှာပါ၊ ဒီကားဟာ ၁၉၇၃ခုနှစ်ကPapillonကို အသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။Henri Charrièreရဲ့ Papillon and Bancoကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။Papillonဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာ တောင်အမေရိကမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။Papillonဟာ ထောင်ထဲစရောက်ကတည်းက ထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။ အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက် ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်။ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေ ဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်

Black Dog 2024 ခွေးနက်လေးနဲ့ ကျွန်တော်

Black Dog 2024 ခွေးနက်လေးနဲ့ ကျွန်တော် ================== နာမည်ကြီးမင်းသား Eddie Peng ရဲ့ ဒီကားလေးကတော့ ရုပ်ရှင်လောကမှာ နာမည်
+2
Black Dog 2024 ခွေးနက်လေးနဲ့ ကျွန်တော် ================== နာမည်ကြီးမင်းသား Eddie Peng ရဲ့ ဒီကားလေးကတော့ ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။ လူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့ကတော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။ အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ဆု‌ကြေးငွေကြီးကြီးပေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ် ။ ထောင်ကထွက်လာခါစလန်ရုံဟွေးတစ်ယောက် ဘာအလုပ်မှမရှိတော့ အဲဒီခွေးနက်ကိုလိုက်ဖမ်းဖို့ကြံစည်ပါတော့တယ် ။ ဆုကြေးငွေလိုချင်လို့ လိုက်ဖမ်းမဲ့ခွေးလေးနဲ့ သူဘယ်လိုသံယောဇဉ်တွယ်သွားမလဲ ?

𝐓𝐡𝐞 𝐀𝐫𝐜𝐭𝐢𝐜 𝐂𝐨𝐧𝐯𝐨𝐲 (𝟐𝟎𝟐𝟑) 𝐈𝐌𝐃𝐁: 𝟔.𝟕/𝟏𝟎 😬😬

𝐓𝐡𝐞 𝐀𝐫𝐜𝐭𝐢𝐜 𝐂𝐨𝐧𝐯𝐨𝐲 (𝟐𝟎𝟐𝟑) 𝐈𝐌𝐃𝐁: 𝟔.𝟕/𝟏𝟎 ဒုတိယကမ္ဘာစစ်အတွင်းမှာ ပင်လယ်ထဲက ဖြစ်ရပ်မှန်လေးကို ရိုက်ပြထာ
𝐓𝐡𝐞 𝐀𝐫𝐜𝐭𝐢𝐜 𝐂𝐨𝐧𝐯𝐨𝐲 (𝟐𝟎𝟐𝟑) 𝐈𝐌𝐃𝐁: 𝟔.𝟕/𝟏𝟎 ဒုတိယကမ္ဘာစစ်အတွင်းမှာ ပင်လယ်ထဲက ဖြစ်ရပ်မှန်လေးကို ရိုက်ပြထားတာပါ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေက ဆိုဗီယက်ယူနီယမ်ကို ရုရှားနယ်ထဲထိ လိုက်တိုက်ခိုက်နေစဉ် ဆိုဗီယက်တွေ အတွက်လိုအပ်တဲ့ စစ်လက်နက်တွေထောက်ပံ့ပေးဖို့ နော်ဝေအရပ်သား သင်္ဘောတွေနဲ့ လိုက်ပို့ပေးရပါတယ်။ဒါပေမဲ့ လိုက်ပို့ပေးတဲ့ စစ်အစောင့်အရှောက် သင်္ဘောတွေ ကအကြောင်းတစ်ခုခုကြောင့် ခွဲထွက်သွားပြီး သင်္ဘောတွေလူစုခွဲ လိုက်ရတဲ့အချိန်မှာ ‌သင်္ဘောပေါ်မှာ ဘယ်လိုဖြစ်ကြလဲ ဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ကားလေးပါ။ 🤩🤩🤩

One Nim..ght St. .and (2024)

ကျောင်းပြီးဘွဲ့တွေရကြပြီးတော့ အသီးသီးကိုယ်စီ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့အခါ ကျောင်းတုန်းကအတူတူအတန်းလစ်ခဲ့တာ၊ဆိုးခဲ့ကြတဲ့ သူ
ကျောင်းပြီးဘွဲ့တွေရကြပြီးတော့ အသီးသီးကိုယ်စီ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့အခါ ကျောင်းတုန်းကအတူတူအတန်းလစ်ခဲ့တာ၊ဆိုးခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ဝေးကွာနေကြတယ်ဆိုရင် ဒီဇာတ်ကားလေးကိုကြည့်ရင်းဘဝအမောတွေဖြေဖျောက်နိုင်ဖို့ တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ကြော်ငြာကုမ္ပဏီမှာလက်ထောက် ဒါရိုက်တာရာထူးကနေ ဒါရိုက်တာရာထူးကိုလိုချင်လို့အလုပ်ကြိုးစားနေတဲ့ လင်သာ့ချုံ၊ ဘေးပတ်ပတ်လည်မိန်းကလေးတွေ ဝိုင်းရံနေတဲ့ခန့်ညားချောမောတဲ့ဓါတ်ပုံဆရာ ဖန့်သာ၊ တက္ကစီမောင်းရင်းမိန်းမနဲ့ကလေးကိုရှာကျွေးနေတဲ့ လျိုရှောင်သောင်း၊ ငယ်စဉ်တည်းကသူဌေးသား လွီဖန့်ဖန့် ၊ သူတို့လေးယောက်ကတော့ ကျောင်းနေဖက်သူငယ်ချင်းဆိုးဖော်ဆိုးဖက်တွေဖြစ်ကြတာပေါ့။ တနေ့မှာ ဖန့်ဖန့်ကတော့လင်သာ့ချုံရှိရာဆီလာပြီး မတွေ့ကြာတဲ့သူငယ်ချင်းတွေနဲ့ စုံစည်းချင်တယ်လို့ပြောတယ်။ သို့ပေမဲ့သာ့ချုံက သူလိုချင်တဲ့ဒါရိုက်တာရာထူးကို မက်မောနေတာကြောင့် ငြင်းဆိုခဲ့တာကြောင့်ဖန့်ဖန့်တစ်ယောက် သူ့အမေသေဆုံးသွားပြီး သူ့မှာနှလုံးရောဂါကြောင့် ဘယ်လောက်မှမခံတော့ကြောင်းဇာတ်လမ်းဆင်ခဲ့ရာမှာ သာ့ချုံလည်းသနားသွားပြီး တစ်နေ့တာသူငယ်ချင်းတွေနဲ့ အလုပ်လုပ်ရင်းလည်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့သူငယ်ချင်းလေးယောက်သား စကားဝိုင်းမှာ တစ်ယောက်တစ်မျိုးစီကိုယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုစီပြောရင်း အဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးကြဖို့ သဘောတူခဲ့ကြတယ်။ ဒီလိုနဲ့သမီးလေးရှိတဲ့ရှောင်းသားကတော့ သူ့သမီးဆန္ဒဖြစ်တဲ့ ဝက်ဝံလေးမွေးဖို့၊ဓါတ်ပုံဆရာ ဖန့်သာကတော့ သူ့အချစ်ဦးနဲ့တွေ့ဖို့၊ရုံးမှာစိတ်ကျဉ်းကျပ်လာတိုင်း လမ်းဘေးခေါက်ဆွဲဆိုင်လေးမှာ ခေါက်ဆွဲစားချင်တဲ့ သာ့ချုံ၊ငယ်စဉ်ကချမ်းသာပေမဲ့ သူများကဘောင်းဘီခွကြားထဲကနေ ဝပ်သွားဖြတ်လျှောက်ခိုင်းတာကြောင့် လက်စားပြန်ချေချင်တဲ့ ဖန့်ဖန့်။ ဒီဆန္ဒလေးခုကို အကုန်အတူတူဖြည့်ဆည်းပေးကြတဲ့ အချိန်မှာဘယ်လိုတွေဖြည့်ဆည်းပေးကြမလဲ။ ဘယ်လိုတွေများသူငယ်ချင်းတွေစုပြီး ကယက်ထကြမလဲဆိုတာတွေနှင့်အတူ ဒီဇာတ်ကားလေးထဲမှာကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ပြန်တွေ့ဆုံကြတဲ့ခံစားချက်မြင်ကွင်းလေးတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့အပြင် ပေါ့ပေါ့ပါးပါးဟာသဇာတ်လမ်း ဆိုပေမဲ့လည်း ရင်ထဲမှာတခုခုစွဲကျန်သွားစေရုံတင်မက One Night Stand ဆိုသည့်အတိုင်းတစ်ညတာပျော်ပါးကြပုံတွေကို ဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရမှာဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်