en
Feedback
Movie Mandalay

Movie Mandalay

Open in Telegram

အချိန်ကုန်ရကျိုးနပ်တဲ့ ဇာတ်ကားများသာ တင်ပေးပါတယ် ခင်ဗျာ❤❤❤

Show more
999
Subscribers
No data24 hours
-97 days
-2330 days
Posts Archive
Crimson Snout (2023) (IMDb - 6.7/10) ‌‌ ခွေးသားစားဖူးတဲ့သူတွေရှိလား? စားဖူးတဲ့သူတွေရော မစားဖူးတဲ့သူတွေရော ဒီကားလေးကိုကြည့်ကြည
Crimson Snout (2023) (IMDb - 6.7/10) ‌‌ ခွေးသားစားဖူးတဲ့သူတွေရှိလား? စားဖူးတဲ့သူတွေရော မစားဖူးတဲ့သူတွေရော ဒီကားလေးကိုကြည့်ကြည့်ပါ ဟာသ မပါပဲ လုံးဝ serious ရိုက်ကူးထားတဲ့ ဗီယက်နမ်သရဲကားလေးဖြစ်ပါတယ် ဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတော့ ဇာတ်အိမ်ကတော့ လုံးဝအခိုင်အမာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်မိသားစုလုံး‌ေ ခွးသားအရမ်းကြိုက်တဲ့ သားသတ်ရုံပိုင်ရှင်လူကြီးတစ်ယောက် လမ်းမှာရေနစ်သေတာကနေစပြီး မိသားစုပြဿနာတွေ အကုသိုလ်တွေကြောင့် ဗုဒ္ဓဘာသာအယူအဆအတိုင်း ဝဋ်လည်မှုတွေစတင်လာတဲ့အချိန်မှာ တစ်ဦးတည်းသောသားဖြစ်သူကလဲ လက်ထပ်မယ့်မိန်းကလေးကိုခေါ်ပြီးပြန်ရောက်လာတယ် ‌ေ ခွးသားက သူတို့နယ်မြို့လေးရဲ့ အထင်ကရစားသောက်ကုန်ဖြစ်နေပြီး လိုက်လာတဲ့ ကောင်မလေးလဲ ‌ေ ခွးသားမစားတော့ အဆင်မပြေမှုတွေအများကြီးကြုံရတာပေါ့ သူတို့နှစ်ယောက် မိသားစုပြဿနာတွေ မကောင်းတဲ့နတ်ဆိုးတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ.... မျက်နှာကိုလက်နဲ့အုပ်ပြီး လက်ချောင်းတွေကြားထဲကချောင်းကြည့်ပေးကြပါဦး ဇာတ်လမ်းထဲမှာ ခွေးကြီးက မတ်တပ်ရပ်ပြီးပြုံးပြမှာမို့လို့ပါ.. #Credit ဇာတ်ကားတွေတင်ပေးတဲ့ မင်မင်အားရှိအောင် ❤❤❤လေးတွေ နှိပ်ပြီး အားပေးကြပါဦးနော်

Ghouls (2017)

Ghouls (2017) ဇာတ်လမ်းလေးက ရိုးမလိုနဲ့ဆန်းပြီး Horror/Drama ဘက်ကို ကူးသွားတာမို့ အသစ်အဆန်းသဘောတွေ့တဲ့သူအတွက် အကြိုက် တွေ့မယ့်
Ghouls (2017) ဇာတ်လမ်းလေးက ရိုးမလိုနဲ့ဆန်းပြီး Horror/Drama ဘက်ကို ကူးသွားတာမို့ အသစ်အဆန်းသဘောတွေ့တဲ့သူအတွက် အကြိုက် တွေ့မယ့်ကားလေးဖြစ်နိုင်ပါတယ်။မာရှာဆိုတဲ့ကောင်မလေးကတော့ ပြင်သစ်အဆင်လေး ဂေဘရီရယ်နဲ့ တွေ့ရဖို့ ဆန္ဒတွေစောနေခဲ့ပါတယ်။ မာရှာရဲ့အတန်းဖော် ပိုလီနာက တော့ သူတို့အတွဲတွေ့ဖြစ်အောင် စီစဉ်ပေးရတဲ့ Third Wheel လေး ပေါ့။ ဒါပေမဲ့ ပိုလီနာတစ်ယောက်တည်းဖြစ်မှာစိုးလို့ ဂေဘရီရယ်က ရှန်းဆိုတဲ့တရုတ်တစ်ယောက်ကိုလည်း ခေါ်လာပေးခဲ့ပါတယ်။ အဲ့ဒါနဲ့ လေးယောက်ပေါင်းလောင်းကျော်ပြီး အရမ်းလှပြီးနာမည်ကြီးတဲ့ ရေကန် နားမှာ ပျော်ပွဲစားထွက်လာခဲ့ကြပါတယ်။ အဲ့ဒီရေကန်ရဲ့ မလှမ်းမကမ်းမှာ ရွာလေးတစ်ရွာရှိပြီး နုန်းမြေကြီးလည်းရှိပါတယ်။သူတို့လုံးဝမသိသေးတဲ့အချက်က အဲ့ဒီရွာလေးမှာ ဘယ်သူမှမရှိဘဲ ပက်ခ်ဟို တို့သားအမိနှစ်ယောက်ပဲ ရှိနေတာပါ။ အဲ့ဒါအပြင် ရေကန်နားကနုန်းမြေကြီး ကလည်း လူစားတယ်လို့ နာမည်ကြီးနေပြီး နှစ်ပေါင်းများစွာငြိမ်သက်နေတဲ့ ဒဏ္ဍာရီက ပိုလီနာတို့လေးယောက်ကြောင့် အသက်ဝင်လာတဲ့အခါ… ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါတော့နော် ဇာတ်ကားတွေတင်ပေးတဲ့ မင်မင်အားရှိအောင် ❤❤❤လေးတွေ နှိပ်ပြီး အားပေးကြပါဦးနော်

joker folie'a deux(2024) ဇက်ကားသစ် အသဲလေးတေပေးသွားကြပါအုံး

joker folie'a deux(2024) ဇာတ်လမ်းအကျဉ်း ** အာသာဖလက် ခေါ် ဂျိုကာဟာ လူ ငါးယောက်ကို သတ်မှုနဲ့ စွဲချက် တင်ခံထားရပါတယ်။ စိတ်ရောဂါအ
+2
joker folie'a deux(2024) ဇာတ်လမ်းအကျဉ်း ** အာသာဖလက် ခေါ် ဂျိုကာဟာ လူ ငါးယောက်ကို သတ်မှုနဲ့ စွဲချက် တင်ခံထားရပါတယ်။ စိတ်ရောဂါအကျဉ်းထောင်ထဲမှာ တရားခွင်အတွက် စောင့်ဆိုင်းရင်း လီဆိုတဲ့မိန်းကလေးနဲ့ ချစ်မိသွားကြပါတယ်။ ဒီရုပ်ရှင်အစအဆုံးကတော့ တရားခွင်မှာ ဂျိုကာနဲ့ သူ့ကို သေဒဏ်ပေးချင်တဲ့ ရှေ့နေ ဟာဗေးဒန့်တို့ အပြန်အလှန် ချေပပုံတွေရယ် ဂျိုကာနဲ့ ဟာလီကွင်း ကြားထဲက စိတ္တဇအချစ်ရယ်ကိုပဲ ပုံဖော်ပေးထားပါတယ်။ စီးရီးသဘောအရ ဆိုရင် အဓိကဇာတ်လမ်းပါတဲ့အပိုင်းမဟုတ်ဘဲ အဖြည့်ခံအပိုင်းလောက်ပဲ ရှိတာမို့ အားပေးမှုနည်းပြီး rating နည်းနေတာလည်း ဖြစ်ပါလိမ့်မယ်။ ဇာတ်အိမ်ကြီးကျယ်မှုဆီ မသွားဘဲ ဖျော်ဖြေရေးသက်သက်သာ ဖန်တီး ထားတာမို့ ရိုက်ချက်တွေ သီချင်းတွေ ခံစားဖို့သက်သက်ပဲ ကြည့်တာ အကောင်းဆုံးပါပဲ။ #crd #channelmyanmar

Peter Peter Pan & Wendy (2023)

PeterPeter Pan & Wendy (2023) J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတ
+2
PeterPeter Pan & Wendy (2023) J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ချီးကျူးသံတွေလဲစုံနေပါတယ် Credit.

Days Of Glory (2006)

Days Of Glory (2006)

Days Of Glory (2006)🔰🔰 ================== ဒီဇာတ်ကား ကို အညွှန်းရေးဖို့ စဉ်းစားတော့ နည်းနည်း လေး သတိထား ရတယ်ဗျ။ ဇာတ်လမ်းက အပ
+3
Days Of Glory (2006)🔰🔰 ================== ဒီဇာတ်ကား ကို အညွှန်းရေးဖို့ စဉ်းစားတော့ နည်းနည်း လေး သတိထား ရတယ်ဗျ။ ဇာတ်လမ်းက အပြောမတတ်ရင် ဆဲ ခံရတယ် ဆိုတာမျိုး မညွှန်းတတ်ရင် ထိလွယ်ရှလွယ် ဖြစ်တတ်လို့ပါ။ ဇာတ်ကားက ကောင်းလွန်းလို့ ဖြစ်ရတာပါ လို့ပဲ ပြောပါရစေဒုတိယကမ္ဘာစစ်မှာ ဂျာမဏီတို့ အင်အားကြီးစိုးစဉ်အကြောင်း နောက်ခံထားပြီးရိုက်ကူးထားပါတယ် ပြင်သစ် နိုင်ငံ နာဇီတွေ လက်အောက် ရောက်နေချိန် က ဇာတ်အိမ် တည်ထားတဲ့ အချိန်ပါ။ ဒါကို ပြင်သစ်တွေက ပြန် တော်လှန်ဖို့အတွက် စစ်အင်အားစုဆောင်းရာမှာ အာဖရိကန် လူမျိုး လေးဦးကလည်း ပြင်သစ် တပ်မတော် ထဲ ဝင်ရောက်ခဲ့ရပါတယ်။ ဒါပေမယ့် ပြင်သစ် တပ်တွင်း လူမျိုးရေး(ဘာသာရေး) ခွဲခြားမှုတွေကို ပါ တွန်းလှန်ဖို့ ကြုံခဲ့ရပါတယ်။ ဒီ ဇာတ်ကားမှာ အရင်ခေတ် နိုင်ငံတွေရဲ့ စစ်တပ်တွင်းအခြေအနေ နဲ့ ပြင်သစ်နိုင်ငံရဲ့ လူမည်းတွေအပေါ် ဘယ်လို နှိမ်ချ ဆက်ဆံခဲ့ကြသလဲ ဆိုတာ မီးမောင်းထိုးပြထားပါတယ်။ဥပမာ- တာဝန်ထမ်းဆောင်တာခြင်းအတူတူတောင် စစ်သားအတူတူခြင်းကိုလူမည်းဆိုရင် ခရမ်းချဉ်သီးတစ်လုံးတောင် မပေးတဲ့ အထိနှိမ်ချခဲ့ကြတယ်…လူမျိုးရေး ခွဲခြားမှုနဲ့ ဘာသာရေးခွဲခြား…ဆက်ဆံမှု ဘယ်လိုဆပ်စပ်နေတယ် ဆိုတာတွေ လူမည်းတွေရဲ့ ရင်ထဲ ပြင်သစ်အပေါ် ဘာလို့ နာကျည်းနေခဲ့ကြသလဲ ဆိုတာတွေကို ချပြပေးနိုင်ခဲ့ပါတယ်။

The Witch :The Other One (2)2022

The Witch :The Other One (2)2022

The Witch :The Other One (2)2022 ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်းဖြစ်ပေါ်လာတဲ့ ပြဿနာတွေ အစမ်းသ
The Witch :The Other One (2)2022 ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်းဖြစ်ပေါ်လာတဲ့ ပြဿနာတွေ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ် သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက် ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် Kyung Hee တစ်ယောက် ကြိုးစားပုံကို သဲထိတ်ရင်ဖို ကြည့်ရှုခံစားရမယ့်အပြင် လူသားမျိုးစိတ်အသစ်တစ်ခုလိုဖြစ်နေတဲ့ ဒီမိန်းကလေးရဲ့ စွမ်းအားတွေက ဘာတွေဖြစ်မလဲ ဘယ်သူတွေကများ ဘာရည်ရွယ်ချက်နဲ့ ဒီစမ်းသပ်မှုကြီးကို လုပ်ခဲ့ကြတာလဲ Part 1 ထက်မလျော့တဲ့ သွေးသံတရဲရဲနဲ့ Horror Scenes တွေ ၊ သဘာဝလွန်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ လုံးဝ လန်းပါတယ်

The Witch :The Other One (2)2022 ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်းဖြစ်ပေါ်လာတဲ့ ပြဿနာတွေ အစမ်းသ
The Witch :The Other One (2)2022 ထူးခြားဆန်းသစ်တဲ့ လူသားမျိုးစိတ်တစ်ခု ဖန်တီးဖို့ ကြိုးစားကြရင်းဖြစ်ပေါ်လာတဲ့ ပြဿနာတွေ အစမ်းသပ်ခံလူသားတွေ အားလုံးကို ရှင်းလိုက်ပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ် သွေးသံရဲရဲနဲ့ လျှောက်သွားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ KyungHee တို့ အမှတ်မထင် တွေ့ဆုံပြီးတဲ့နောက် ဒီမိန်းကလေးကို ကာကွယ်ဖို့အတွက် Kyung Hee တစ်ယောက် ကြိုးစားပုံကို သဲထိတ်ရင်ဖို ကြည့်ရှုခံစားရမယ့်အပြင် လူသားမျိုးစိတ်အသစ်တစ်ခုလိုဖြစ်နေတဲ့ ဒီမိန်းကလေးရဲ့ စွမ်းအားတွေက ဘာတွေဖြစ်မလဲ ဘယ်သူတွေကများ ဘာရည်ရွယ်ချက်နဲ့ ဒီစမ်းသပ်မှုကြီးကို လုပ်ခဲ့ကြတာလဲ Part 1 ထက်မလျော့တဲ့ သွေးသံတရဲရဲနဲ့ Horror Scenes တွေ ၊ သဘာဝလွန်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ လုံးဝ လန်းပါတယ်

Upon the Magic Roads [2021] #CM

Upon the Magic Roads [2021] #CM

ဆင်းရဲတဲ့လယ်သမားတစ်ယောက်ရဲ့သားဖြစ်သူအိုင်ဗန်ဟာ မှော်မြင်းမတစ်ကောင်ကိုကူညီမိရာကနေ... လူစကားပြောတတ်တဲ့မြင်းပေါက်စလေးတစ်ကောင်ကို
ဆင်းရဲတဲ့လယ်သမားတစ်ယောက်ရဲ့သားဖြစ်သူအိုင်ဗန်ဟာ မှော်မြင်းမတစ်ကောင်ကိုကူညီမိရာကနေ... လူစကားပြောတတ်တဲ့မြင်းပေါက်စလေးတစ်ကောင်ကို လက်ဆောင်ရပြီး တူတူစွန့်စားခန်းထွက်ကြပါတယ်။ Upon the Magic Roads [2021]

ဆင်းရဲတဲ့လယ်သမားတစ်ယောက်ရဲ့သားဖြစ်သူအိုင်ဗန်ဟာ မှော်မြင်းမတစ်ကောင်ကိုကူညီမိရာကနေ... လူစကားပြောတတ်တဲ့မြင်းပေါက်စလေးတစ်ကောင်ကို
ဆင်းရဲတဲ့လယ်သမားတစ်ယောက်ရဲ့သားဖြစ်သူအိုင်ဗန်ဟာ မှော်မြင်းမတစ်ကောင်ကိုကူညီမိရာကနေ... လူစကားပြောတတ်တဲ့မြင်းပေါက်စလေးတစ်ကောင်ကို လက်ဆောင်ရပြီး တူတူစွန့်စားခန်းထွက်ကြပါတယ်။ Upon the Magic Roads [2021]

Primbon (2023)

Primbon (2023)အင်ဒိုသရဲကားသစ် ထုံးတမ်း-ထလေ့ အယူ-အဆတွေ ဘေး-လူတွေရဲ့ ပြောစကားကို နားမ-ထောင်မယုံကြည်-တတ်တဲ့ မိသား-စုလေး သဘာဝ-လွန
Primbon (2023)အင်ဒိုသရဲကားသစ် ထုံးတမ်း-ထလေ့ အယူ-အဆတွေ ဘေး-လူတွေရဲ့ ပြောစကားကို နားမ-ထောင်မယုံကြည်-တတ်တဲ့ မိသား-စုလေး သဘာဝ-လွန် ဘေး-အန္တ-ရာယ်-တွေကြုံတွေ့လာတဲ့အခါ ဘာတွေ-ဆက်ဖြစ်ပြီး ဘယ်လို-တွေကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှု-ရမယ့် ဇာတ်-ကားလေးဖြစ်ပါတယ်။ ရာနာ တစ်ယောက်သူ့အမေ-အတွက် မွေးနေ့လက်ဆောင်-လုပ်ပေးဖို့ တော-စပ်-ထဲကိုထွက်သွားရာမှ ပျော-က်ဆုံးသွားခဲ့ပါတယ်။ တစ်ပတ်-အကြာ အားလုံးက tayပြီလို့-မှတ်ယူထားတဲ့ ရာနာတစ်-ယောက် အိမ်ကိုပြန်-ရောက်လာတဲ့အခါ ဘာတွေဆက်-ဖြစ်ပြီး မိသားစု-အတွင်း ဘယ်လိုပြဿ-နာ-တွေဖြစ်လာမလဲ။ ဘယ်လိုတွေ ဖြေရှင်း-ပြီး ဘယ်လို-တွေ ဆက်ဖြစ်လာ-မလဲ ဆိုတာကိုတော့ ....