en
Feedback
Movie Mandalay

Movie Mandalay

Open in Telegram

အချိန်ကုန်ရကျိုးနပ်တဲ့ ဇာတ်ကားများသာ တင်ပေးပါတယ် ခင်ဗျာ❤❤❤

Show more
999
Subscribers
No data24 hours
-97 days
-2330 days
Posts Archive
The Man from Nowhere (2010)

The Man from Nowhere (2010) မင်းသား ထယ်စောက်လို့ လူသိများတဲ့ မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပ
The Man from Nowhere (2010) မင်းသား ထယ်စောက်လို့ လူသိများတဲ့ မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ် မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက် သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး..သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ် ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ် ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ရေဆုံးမြေဆုံးအထိ လိုက်ကယ်ပါတော့တယ် ထယ်စောက် ဝင်ရှင်းခဲ့ရတဲ့ ဇာတ်ရှုပ်က ဘာတွေများဖြစ်မလဲ၊ ကိုယ်​တွေရဲ့ အရိုမင်းသားကြီး ဘယ်လိုတွေ ဂေါ်နေမလဲဆိုတာကိုတော့ ကိုရီးယား အကယ်ဒမီပေးပွဲမှာလဲ ဆုတွေတစ်သီကြီးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် #Crd

The Sorcerer's Apprentice

အမှတ်မထင် နဂါးလက်စွပ်ကို ကောက်ရပြီးနောက် စွမ်းအားအကြီးဆုံး မှော်ဆရာဖြစ်သွားတဲ့ ကောင်လေး ➪➪➪➪➪➪➪➪➪➪➪➪➪➪ The Sorcerer's Apprent
အမှတ်မထင် နဂါးလက်စွပ်ကို ကောက်ရပြီးနောက် စွမ်းအားအကြီးဆုံး မှော်ဆရာဖြစ်သွားတဲ့ ကောင်လေး ➪➪➪➪➪➪➪➪➪➪➪➪➪➪ The Sorcerer's Apprentice မင်းသားကြီး နီကိုလပ်ကေ့ နဲ့ Jay Baruchel တို့ပါဝင်ထားတဲ့ မှော်ဇာတ်ကားပါ။ နိုးထလာတော့မယ့် မကောင်းဆိုးဝါးကို နှိမ်နင်းဖို့ ကြိုးစားနေတဲ့ မှော်ဆရာ... မှော်လက်စွပ်ကို မထင်မှတ်ပဲ ဝတ်လိုက်မိတဲ့ ကျောင်းသားလေး.... သူတို့တွေဘယ်လိုတွေ့ဆုံပြီး ကမ္ဘာကြီးရဲ့ ရန်သူကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ........။ Action, Adventure, Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6.1/10) ရရှိထားပါတယ်။

Rise of the Legend (2014)

မီးတုတ်နဲ့မျက်လုံးကိုထိုးပြီး ရေနွေးနဲ့လက်ပေါ်လောင်းချပြီး ခံနိုင်ရည်စမ်းသပ်တဲ့ ကွန်ဖူးသိုင်းသင်တန်းကျောင်း😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪
မီးတုတ်နဲ့မျက်လုံးကိုထိုးပြီး ရေနွေးနဲ့လက်ပေါ်လောင်းချပြီး ခံနိုင်ရည်စမ်းသပ်တဲ့ ကွန်ဖူးသိုင်းသင်တန်းကျောင်း😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဒီဇာတ်ကားမှာနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတာကိုတွေ့ရှိရပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် တရုပ်ပြည် ချင်ခေတ်ရဲ့ တော်လှန်ပုန်ကန်မှုတွေ၊စစ်ပွဲတွေ၊သဘာဝဘေးအန္တရာယ်တွေကိုရိုက်ကူးထားပြီးချင်ခေတ်ရဲ့ အဆိုးဆုံးသော အခြေအနေတွေကို ရိုက်ပြထားတာပါ။ တရုပ်ပြည်ရဲ့ပင်လယ် ပိုးချည်လမ်းလို့ခေါ်တဲ့ ဝမ်ကျိုးမြစ်ရဲ့ ဇူဂျန်ဆိပ်ကမ်းတစ်နေရာ ကျားနက် အဖွဲ့က အုပ်စိုးထားပြီး ၎င်း ကျားနက်အဖွဲ့ကို ဦးဆောင်နေသူ မာစတာလူမှာ မွေးစားသားကတော့ ၃ယောက်ရှိပါတယ်သားအကြီးဆုံး တာဟုန် ၊ သဌေးလေး အားခို နဲ့တတိယကျား တို့ ကတာဝန်ခွဲေ၀ အုပ်ချုပ်ကြပါတယ်။   တရက်မှာ မာစတာလူ က သူ၏ စတုတ္ထမြောက်မွေးစားသားကို ရွေးချယ်ရန် သူ၏ အလုပ်သမားများထဲမှ လုပ်သက်ကြာပြီး အစွမ်းအစရှိသူများကို ရွေးထုပ်ပြီး သူ၏ပြိုင်ဘက်ဂိုဏ်း မြောက်ပင်လယ်ဂိုဏ်းကို သုတ်သင်ခိုင်းပါတယ်……. စတုတ္ထမြောက် မွေးစားသားရဲ့ ဘယ်လိုလျှိုကွက်တွေနဲ့ မြောက်ပင်လယ်ဂိုဏ်းကိုခြေမှုန်းမလဲ…..

My.Penguin.Friend.2024 လူတစ်ယောက်နဲ့ပင်ဂွင်းငှက်လေးတစ်ကောင်ကြားက ချစ်ခြင်းမေတ္တာနဲ့သံယောဇဉ်

My Penguin Friend (2024) IMDb Rating (6.9) / Rotten Tomatoes (85%) ၂၀၁၈ ဝန်းကျင်က အွန်လိုင်းမှာပြန့်ခဲ့တဲ့ ဗီဒီယိုလေးတစ်ပုဒ်ရ
My Penguin Friend (2024)   IMDb Rating (6.9) / Rotten Tomatoes (85%)   ၂၀၁၈ ဝန်းကျင်က အွန်လိုင်းမှာပြန့်ခဲ့တဲ့ ဗီဒီယိုလေးတစ်ပုဒ်ရှိပါတယ်။ အသက်သခင်ကိုမမေ့တဲ့ပင်ဂွင်းလေးအကြောင်းဆိုတာကိုမှတ်မိကြဦးမှာပါ။ ကမ်းခြေမှာဆီတွေရွှဲပြီး သေလုနီးပါးဖြစ်နေတဲ့ ပင်ဂွင်းငှက်ကလေးကို ကယ်တင်ခဲ့တဲ့ တံငါသည်အဘိုးအိုတစ်ယောက်၊ သူကယ်တင်ခဲ့တဲ့ငှက်လေးဟာ တစ်နှစ်ကိုတစ်ကြိမ် မိုင်ပေါင်းများစွာခရီးနှင်ပြီး သူ့ဆီကိုပြန်လာလည်တတ်တဲ့အကြောင်းပါ။ ဒီဇာတ်ကားကတော့ အဲ့ဒီအဖြစ်မှန်အပေါ်မှာအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ Inspired by ဖြစ်တဲ့အတွက် ထပ်ပြီးစိတ်ကူးကွန့်မြူးထားတာလေးတွေပါဝင်ပါတယ်။ တံငါသည်အဘိုးအို ဂျွန်အဖြစ် ပရိသတ်တွေနဲ့စိမ်းမှာမဟုတ်တဲ့ ဝါရင့်မင်းသားကြီး Jean Reno (Léon: The Professional) ကပါဝင်ထားတာပါ။ ဆက်သွယ်ပြောဆိုစရာ ဘာသာစကားကြားခံမရှိတဲ့ လူတစ်ယောက်နဲ့ပင်ဂွင်းငှက်လေးတစ်ကောင်ကြားက ချစ်ခြင်းမေတ္တာနဲ့သံယောဇဉ်ကို ကြွတက်လာအောင် ပုံဖော်ထားတာကိုတွေ့မြင်ရမှာဖြစ်ပြီး တိချစ်သူတွေ၊ စိတ်နုသူတွေအတွက် မျက်ရည်လည်ကြည်နူးရမယ့်ချစ်စရာဇာတ်ကားလေးဖြစ်ပါတယ်။

Godzilla 2014

Godzilla 2014 2014 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Godzilla ရုပ်ရှင်ဇာတ်ကားကိုတင်ဆက်ပေး လိုက်ပါတယ် ဒါရိုက်တာ Gareth Edwards ကနေ ရိုက်
Godzilla 2014 2014 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Godzilla ရုပ်ရှင်ဇာတ်ကားကိုတင်ဆက်ပေး လိုက်ပါတယ် ဒါရိုက်တာ Gareth Edwards ကနေ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် ဂျပန်နိုင်ငံက ရိုက်ကူးခဲ့တဲ့ Godzilla ဇာတ်လမ်းတွဲကို အမေရိကပုံစံ အသက်သွင်းပြန်လည်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် အချွန်အတက်များနဲ့ရက်စက် ယုတ်မာစွာအဖျက်စွမ်းအားကောင်းတဲ့အထပ်မြင့်မိုးမျှော်အဆောက်အဦးများထက်ကြီးမားတဲ့သတ္တဝါကြီးတွေဟာ လူသားတွေရဲ့ရပ်တည်မှုကိုခြိမ်းခြောက်လာစဉ်မှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်

The Monkey King (2️⃣)2️⃣0️⃣1️⃣6️⃣

The Monkey King (2)2️⃣0️⃣1️⃣6️⃣ ဝူခုန့်းရဲ့ ၁၆ရာစုခေတ်ကထွက်ရှိခဲ့တဲ့ Journey To The West ဝတ္ထုကိုဘဲ ပြန်လည်ဆန်းသစ်တင်ဆက်ထားတာ
The Monkey King (2)2️⃣0️⃣1️⃣6️⃣ ဝူခုန့်းရဲ့ ၁၆ရာစုခေတ်ကထွက်ရှိခဲ့တဲ့ Journey To The West ဝတ္ထုကိုဘဲ ပြန်လည်ဆန်းသစ်တင်ဆက်ထားတာဘဲဖြစ်ပါတယ် အများကမျှော်လင့်စောင့်စားနေတဲ့ ဇာတ်ကားတကားလဲဖြစ်သလို ရုံတင်ချိန်မှာတော့ Deadpool နဲ့ အပြိုင် ရုံတင်ပြသခဲ့သည့်အတွက် ဇာတ်ကားမှာ ထင်သလောက်အောင်မြင်ခြင်းမရှိခဲ့ပါဘူး ဒါပေမယ့် အရင်ထွက်ရှိပြီးသား ဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ Visual Affect တွေ Animation တွေဟာ တော်တော်ကြီး ကြည့်ကောင်းလာတာကိုတွေ့ရပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မျောက်မင်း ဝူခုန်းကားတွေရဲ့ ထုံးစံအတိုင်းဘဲ ကျမ်းစာသွားသယ်တဲ့နေရာကနေစတင်ထားပြီး ထုံးစံအတိုင်းဘဲ ဝူခုန်းကို ဆရာတော်က ကယ်တင်ပေးတဲ့အခန်းကနေဘဲစတင်ထားပါတယ် အရိုးဖြူမိစ္ဆာတို့အဖွဲ့ ရဲ့ တိုက်ခိုက်မှုတွေ အခက်အခဲတွေကို ဘယ်လိုကျော်လွှားပြီး အနောက်ဖက်က မိုးကြိုးကျောင်းဆောင်မှာ ကျမ်းစာတွေကိုသယ်ယူနိုင်မလားဆိုတာကိုတော့

Soeurs D’armes [2019]

အရှေ့အလယ်ပိုင်းဒေသမှာ ရွာတွေကို အကြမ်းဖက်လူတွေက လာရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲ့အချိန်မှာ ရစ်ဇီဒီမျိုးနွယ် မိန်းကလေးရာဇာ ဆိုသူရဲ့အ
အရှေ့အလယ်ပိုင်းဒေသမှာ ရွာတွေကို အကြမ်းဖက်လူတွေက လာရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲ့အချိန်မှာ ရစ်ဇီဒီမျိုးနွယ် မိန်းကလေးရာဇာ ဆိုသူရဲ့အဖေက အကြမ်းဖက်သမားတွေကိုဆန့်ကျင်ပြောလို့အသတ်ခံလိုက်ရပါတယ်။ အဲ့ဒီအကြမ်းဖက် သမားတွေက ဖမ်းဆီးရမိတဲ့ အပျိုအရွယ်မိန်းကလေးတွေကိုကျ ရောင်းစားပြီး . အမျိုးသားနဲ့ကလေးတွေကိုကျတော့ အကြမ်း သမားမဖြစ်ဖြစ်အောင် မွေးမြူကြပါတယ်။ ဇာတ်လမ်းက အတိုက်အခိုက်တွေစုံစုံလင်လင်ပါပြီး . . . ဖိနှိပ်ခံ အတိုက်အခိုက်ခံ ရတာတွေလည်း တွေ့မြင်မယ်ဆိုတာကိုတော့ ကြိုတင်ပြောချင်ပါတယ်။ ဇာတ်လမ်းအပြည့်အစုံကိုတော့ မိမိဘာသာခံစားပေးကြပါဦး။

ချာလီချက်ပလင်ဆိုရင် အသံတိတ်ရုပ်ရှင်တွေကိုပဲ အများစုပြေးမြင်ကြမယ်ဆိုပေမယ့်ဒါ အသံတိတ်ဇာတ်လမ်းမဟုတ် အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းကို ချာလီချက်ပလင်ကိုယ်တိုင် ရိုက်ကူးထုတ်လုပ် သရုပ်ဆောင်ထားပြီး သူထုတ်လုပ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေထဲမှာအကောင်းဆုံးလို့တောင် ချီးကျူးပြောဆိုခံခဲ့ရပါတယ်။ ဘာကြောင့်ဆို ဟစ်တလာ၊ နာဇီနဲ့ဖက်ဆစ်စနစ်တို့ကို ပညာသားပါပါ သရော်ထားပြီး ဂျူးမုန်းတီးရေးဝါဒီတွေကိုရှုတ်ချထားလို့ပါ။ဒီဇာတ်လမ်းမှာ သာမန်အညတရ ဆံသဆရာ စစ်မှုထမ်းဟောင်းတစ်ယောက်အဖြစ်နဲ့ဟင်ကယ်လို့ အမည်ရတဲ့ ကမ္ဘာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ စစ်အာဏာရှင်အဖြစ်ချာလီကိုယ်တိုင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ အားလုံးနဲ့ မစိမ်းတော့တဲ့အာဏာရှင်လက်အောက် ကျရောက်နေတဲ့ နိုင်ငံသားတို့ရဲ့ ကျီးလန့်စာစား၊ ဘာဆိုဘာမှပြောပိုင်ခွင့်မရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀တွေကို မြင်ရလိမ့်မယ်။ စက်ရုပ်လိုပုံစံရိုက်သွင်းခံထားရတဲ့ စစ်သားတွေရဲ့ ရပ်ကွက်တွေထဲ နိုင်ထက်စီးနင်းမှုတွေကိုမြင်ရလိမ့်မယ်။ အာဏာရှင်တို့ရဲ့ ” ဘယ်သူသေသေ ငတေမာရင် ပြီးရော ” ဆိုတဲ့ကိုယ့်ဖို့ကိုယ်သာကြည့်တဲ့ စရိုက်ဆိုးတွေကို မြင်ရပါလိမ့်မယ်။ဒီဇာတ်လမ်းရဲ့ အထူးခြားဆုံးနဲ့ နာမည်အကြီးခဲ့ဆုံးအပိုင်းကတော့ သူ့ရဲ့ ဇာတ်ကောင်စရိုက်လက္ခဏာဖြစ်တဲ့ ရယ်ရွှင်စရာ ပုံစံကနေ ကွဲထွက်ပြီး ချာလီပြောခဲ့တဲ့ နောက်ဆုံးငါးမိနစ်စာ မိန့်ခွန်းပါပဲ။ ခေတ်စနစ်နဲ့ အာဏာရှင်တွေကို ပီပီပြင်ပြင် သရော်ထားတဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ တစ်ခုခုတော့ ဆင်ခြင်မိကြမယ်လို့ ယူဆမိပါတယ် Crd

photo content

Ready Or Not (2019 )

ဇာတ်လမ်းအညွှန်း အောင်မြင်တဲ့ Game ကုမ္ပဏီပိုင်ရှင် Le Domas မိသားစုကြီးရဲ့ သားငယ်ဖြစ်သူ Alex ဟာ တစ်ရက်မှာချစ်သူ Grace ကိုလက်ထ
ဇာတ်လမ်းအညွှန်း အောင်မြင်တဲ့ Game ကုမ္ပဏီပိုင်ရှင် Le Domas မိသားစုကြီးရဲ့ သားငယ်ဖြစ်သူ Alex ဟာ တစ်ရက်မှာချစ်သူ Grace ကိုလက်ထပ်ဖို့မိသားစုနဲ့မိတ်ဆက်ပေးပါတယ်။ လက်ထပ်ပွဲညမှာတင် Grace တစ်ယောက်ဟာ ကြောက်မက်ဖွယ်ရာ Game ပွဲတစ်ခုထဲကို ဘာမှမသိဘဲရောက်သွားရပါတော့တယ်။ အကြောင်းကတော့ အဲဒီ Le Domas မိသားစုကြီးရဲ့စည်းမျဥ်းမှာ လူသစ်တစ်ယောက် မိသားစုထဲကိုဝင်လာတဲ့အခါ ပုန်းတမ်းဝှက်တမ်းကစားရတာပဲဖြစ်ပြီး ဒီကစားနည်းဟာသာမန်လိုရိုးရှင်းမနေတော့ Grace တစ်ယောက် ဘုမသိဘမသိဘဲ ကြောက်မက်ဖွယ်ညတစ်ညကိုဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို ...

Crimson Snout (2023)