Movie Mandalay
Open in Telegram
999
Subscribers
No data24 hours
-97 days
-2330 days
Posts Archive
The Addams Family(2019)
အဒမ်မိသားစုဟာ သီးခြားဆန်စွာ
ထူးထူးဆန်းဆန်းနေတတ်တဲ့ မိသားစုတွေပါ။
အပြင်လောကကို စိတ်ကုန်ပြီးရှောင်ပုန်းနေသူတွေဆိုလည်းဟုတ်ပါတယ်။
တစ်နေ့မှာတော့ သူတို့အိမ်ရှိနေတဲ့ တောင်ကုန်းရဲ့အောက်မှာ အိမ်အလှဆင်လုပ်ငန်းရှင် မာဂေါ့ နိဒလာက မြို့အိမ်ယာအသစ်လာတည်ထောင်ပြီး လူတွေကို ကြော်ငြာပြ ရောင်းချဖို့ စီစဉ်ပါတော့တယ်။
ဒါပေမယ့် သူ့ရဲ့ အိမ်ယာရှုခင်းမှာ အရုပ်ဆိုးနေတဲ့ အဒမ်စ်စံအိမ်ကြီးက ဖျက်နေတော့ မာဂေ့ါနဲ့ အဒမ်စ်မိသားစု ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။
ဒီကာတွန်းလေးကတော့ သရော်ကာတွန်းအမျိုးအစားပါပဲ။
အချို့သောလူတွေရဲ့အူကြောင်ကြောင်စိတ်ကူးတွေ၊ ဆိုရှယ်မီဒီယာ အယုံလွယ်တာတွေ စတာမျိုးတွေကို အတည်ပေါက်နဲ့ ထိထိမိမိလေးလှောင်ထား တွယ်ထားပါတယ်။
ရယ်လည်းရယ်ရသလို ဆွဲဆောင်မှုလည်းရှိပါတယ်.... Animation ကားကြိုက်သူတွေအတွက် လွန်စွာစိတ်ကျေနပ်စေမယ့် ကားလည်းဖြစ်ပါတယ်..
#Credit
Colossal 2016
ဇာတ်လမ်းအကျဉ်းလေးကတော့
ဂလော်ရီယာ ဆိုတဲ့မိန်းမချောလေး အရက်စွဲနေပြီး အလည်အပတ်များတာကြောင့် သူရဲ့အတူနေရည်စားက သည်းမခံနိုင်တော့အတွက် ခွဲနေဖို့ဆုံးဖြတ်လိုက်ကြတာမို့ သူ့ရဲ့ဇာတိမြို့လေးကိုပြန်လာခဲ့တယ်..ဇာတိမြို့မှာ ငယ်သူငယ်ချင်း အော်စကာနဲ့ ပြန်ဆုံခဲ့ပါတယ်
အော်စကာကတော့ ငယ်ငယ်ကတည်းက ခုချိန်ထိ ဂလော်ရီယာပေါ် တစ်ဖက်သတ် စွဲစွဲလမ်းလမ်းချစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ပါ
ဂလော်ရီယာမှာ ထူးခြားတဲ့အကျင့်လေးတစ်ခုက ခေါင်းထိပ်နားလေးကို ကုပ်နေတတ်တဲ့အကျင့်လေးပါ..ဂလော်ရီယာ နယ်မြို့လေးကို ပြန်ရောက်တဲ့ နောက်တစ်နေ့မှာပဲ ကိုးရီးယားနိုင်ငံဆိုးလ်မြို့မှာ ဂေါ်ဇီလာလိုလို မကောင်းဆိုးဝါး အကောင်ကြီးတစ်ကောင်ဟာ ၈နာရီ ၅ မိနစ်အချိန်လောက်မှာ ပေါ်လာပါတယ်
မြို့ထဲလျောက်သွားရာက သူသွားရာလမ်းတစ်လျောက်ပျက်ဆီးကုန်ပြီး သိပ်မကြာခင်မှာဘဲ မကောင်းဆိုးဝါးကြီးဟာ လေထုအတွင်းမှာ ပြန်လည်ပျောက်ကွယ်သွားတယ်
ဒီသတင်းကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လုပ်နေပြီး ထူးဆန်းအံ့သြနေကြရတယ်..ဒီလိုနဲ့ နောက်ရက်မှာလည်း အဲဒီလို ၈း၀၅ မိနစ်အချိန်မှာပဲမကောင်းဆိုးဝါးကြီး ပေါ်လာပြန်ပါတယ်
+3
Noise [2023]
ဇာတ်လမ်းအကျဉ်းကတော့ Influencer တစ်ယောက်လည်းဖြစ် မွေးကင်းစ လသားအရွယ် ကလေးလေးရဲ့ ဖခင်လည်းဖြစ်တဲ့ ဇာတ်လိုက်ဟာ သူ့မိသားစုကိုခေါ်ပြီး သူကလေးဘဝတုန်းက နေခဲ့တဲ့ သူ့ဖခင်ရဲ့ အိမ်ကြီးဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဖခင်ကြီးကတော့ လူအိုရုံမှာ သွားနေပြီဖြစ်ပြီး ဒီအိမ်ကြီးမှာ အခုဆို သားအမိသားအဖ ၃ယောက်ပဲ နေကြတော့မှာပါ။ ဒီလိုနဲ့ တစ်ရက်မှာ ဖခင်ဖြစ်သူရဲ့ အတိတ်ကို တူးဆွဖို့ဖြစ်လာပြီး မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာခဲ့ပါတယ်။
ဇာတ်ကားတွေတင်ပေးတဲ့
မင်မင်အားရှိအောင်
❤❤❤လေးတွေ နှိပ်ပြီး
အားပေးကြပါဦးနော်
+3
Cast Away (2000)
အော်စကာမင်းသားကြီးလို့ လူသိများကြတဲ့ (Tom Hanks) ရဲ့ အရမ်းအရမ်းကို ကောင်းလွန်းတဲ့ ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်
ကျနော်ဆို ကျနော့် ပရိတ်သတ်တွေကြည့်ဖို့ တင်ပေးရင်းနဲ့ ကြည့်ကြည့်ဖြစ်တာ သုံးလေးခါ မကတော့ပါဘူး
ရုပ်ရှင်တကားပြီးသွားမှာကို နှမြောမိတဲ့ ကားဆိုတာ သိပ်ကို ရှားပါးပါတယ်..ဒီလို ကားမျိုးပေါ့..သိပ်ညွှန်းပြမနေတော့ပဲ ကိုယ်တိုင်သာ လွမ်းမောစရာကောင်းပြီး အတွေးတွေ အများကြီးပေးသွားနိုင်တဲ့ ဒီလို ကားမျိုးကို (လုံးဝ) လက်မလွှတ်ပဲ ကြည့်လိုက်ကြပါဦး
Red One (2024) မြန်မာစာတန်းထိုး
========================
IMDB-7 (ရုံကူး အကြည်)
ကလေးတွေကို လက်ဆောင်တွေ ပေးနေကြဖြစ်တဲ့ ခရစ်စမတ် ဘိုးဘိုးကြီး ဆန်တာကလော့စ် ဟာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ် ။
ထိုအချိန်မှာ ဆန်တာ ၏ ကိုယ်ရံတော်သဖွယ်ဖြစ်သူ ကာလ်ရို တစ်ယောက် ရှာပုံတော်ဖွင့်ရင်း နဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး တည်နေရာရှာဖွေနိုင်သသူလို့ သတ်မှတ်ထားတဲ့ ကြေးစား ဟက်ကာ ဝုဖ် နဲ့သွားတွေ့ပါတယ် ။
ဝုဖ် ကို ဖမ်းခေါ်ပြီး ဆန်တာကလော့စ် ကို ခရစ်စမတ်မတိုင်ခင် ရှာဖွေကြမယ့် စွန့်စားခံကြီးကို စတင်လိုက်ပါတော့တယ် ။
လူဆိုး ဂိုဏ်းအဖွဲ့ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်မလဲ ဒီနှစ်မှာကော ခရစ်စမတ်ဟာ ရှိနိုင်သေးလား ဆိုတာကိုတော့ ။
How to Train Your Dragon: The Hidden World (2019)
ဇာတ်လမ်းအကျဉ်း
ဟစ်ကပ်တို့ရဲ့ ဘာ့ခ်မှာ နဂါးတွေ တဖြည်းဖြည်းများပြားလာသလို
နဂါးမုဆိုးတွေရဲ့ ရန်ကလည်း ပိုကြီးမားလာပါတယ်။
ဒါကြောင့် နဂါးတွေနဲ့ သူ့လူတွေ လုံခြုံစေဖို့ ဟစ်ကပ်ဟာ
ကမ္ဘာကြီးရဲ့ အဆုံးက လျို့ဝှက်နေရာတစ်ခုကို
ရှာဖွေဖို့ ကြိုးစားပါတော့တယ်။
How to Train Your Dragon 2 (2014)
How to Train Your Dragon 2 (2014)
IMDb – 7.8/10_Rotten – 91%နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။
ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။
ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို
ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။
အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။
အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။
Eret ဟာ သူ့ရဲ့ ရွာပျက်သွားတာကြောင့် နဂါးတွေကို ကြည့်မရသူဖြစ်ပြီး Drago Bludvist လို့ခေါ်တဲ့
နဂါးနိုင်မင်းတစ်ယောက်အတွက် နဂါးတွေ လိုက်ဖမ်းပေးနေတာပါ။ ဒီကိစ္စကို အသိပေးဖို့ Hiccup နဲ့ Astrid တို့ဟာ ရွာကို ပြန်ခဲ့ကြပါတယ်။Hiccup နဲ့ Astrid တို့ဆီက သတင်းစကား ကြားရပြီးနောက်မှာတော့ Stoick က တစ်ရွာလုံးကို တပ်လှန့်လိုက်ပါတယ်။ Stoick ဟာ အရင်က
Drago နဲ့ ရင်ဆိုင်ဖူးပြီး ရူးသွပ်နေတယ်လို့ ဆိုပါတယ်။ Drago ဟာ ရွာကို နဂါးတွေနဲ့ မီးလောင်တိုက်သွင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်
Hiccup ကတော့ အဲဒီ သုံးသပ်ချက်ကို လက်မခံပဲ Drago ကို သူဖြောင်းဖြရင် ရနိုင်မယ်လို့ ယုံကြည်ပြီး Eret ဆီမှာ သွားအဖမ်းခံလိုက်ပါတယ်။
အဲဒီလို အဖမ်းခံပေမယ့်လည်း Hiccup ကို တကယ်တမ်း မဖမ်းနိုင်ပဲ လွတ်မြောက်သွားပြီး Hiccup နဲ့ Astrid တို့ဟာ တခြားသူတစ်ယောက် ဖမ်းဆီးတာ ခံလိုက်ရပါတယ်။ဖမ်းလိုက်တဲ့သူကတော့ တခြား နဂါးစီးသူ တစ်ယောက်ဖြစ်ပြီး Valka လို့ အမည်ရပါတယ်။ သူဟာ Alp့ha အမျိုးအစား ဧရာမ နဂါးကြီးကို
နိုင်နင်းသူဖြစ်ပြီး အဲဒီ Alpha နဂါးကြီးဟာ ကျန်တဲ့ နဂါးလေးတွေကို စောင့်ရှောက်သူ ဖြစ်ပါတယ်။ နောက်မှ သိရတာက Valka က Hiccup ရဲ့
မိခင်ဖြစ်ပြီး သူငယ်စဉ်က နဂါးတွေနဲ့အတူ ရွာကနေ ထွက်သွားခဲ့တာပါ။
Hiccup ဟာ သူ့မိခင်ကို ပြန်တွေ့ရပေမယ့် Drago ရဲ့ အန္တရာယ်ကနေ လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ဗိုက်ကင်းကြီး Stoick ကလည်း
Hiccup နောက်ကို လိုက်လာပါတယ်။ Hiccup တို့ မိသားစု ပြန်လည်ဆုံတွေ့ကြမှာလား။ Drago ကရော ဘာတွေ ကြံစည်ထားလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။Kung Fu Panda ကနေ တောက်လျှောက် 3D နဲ့ အောင်မြင်မှု ရခဲ့တဲ့ DreamWorks Animation ဟာ ၂၀၁၀ ပြည့်နှစ်က အောင်မြင်ခဲ့တဲ့
How to Train Your Dragon ရဲ့ ဒုတိယမြောက် ဇာတ်ကားကို ဆက်လက်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ စာရေးဆရာမ Cressida Cowell ရဲ့
How to Train Your Dragon ဝတ္ထုကို သုံးပိုင်းခွဲ ရိုက်ကူးတဲ့ထဲက ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Dean DeBlois ရိုက်ကူးပြီး
Jay Baruchel ၊ Cate Blanchett ၊ Gerald Butler ၊ Craig Ferguson ၊ America Ferrera နဲ့ Djimon Hounsou တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။IMDb မှာ Rating 7.8 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 91% ထိ ရရှိထားပါတယ်။ နဂါးတွေ အရောင်စုံနဲ့
ရုပ်ထွက်လှပမှုကလည်း Rio 2 နဲ့ အပြိုင်ပါပဲ။ ဗိုက်ကင်းတွေရဲ့ ဇာတ်အိမ်နဲ့ ခိုင်မာတဲ့ ဇာတ်ကြောင်းကိုလည်း ပရိသတ်နှစ်သက်မှာပါ။
How to Train Your Dragon (2010)
CM Fan တွေ အတွက် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့
How to Train Your Dragon ကို တင်ဆက်ပေးလိုက်ပါတယ်ဇတ်လမ်း ရဲ့ အစကတော့ ဗိုက်ကင်းတွေ နေတဲ့ ကျွန်းလေးတစ်ခုကနေ
အစပြုတာပါပဲ ဗိုက်ကင်း သူရဲကောင်းတွေ ရဲ့ ရွာဟာ ပြသနာ တစ်ခုကို
အမြဲ လိုလို ရင်ဆိုင်နေရပါတယ် အဲ့ဒါကတော့ နဂါးတွေပါပဲ
တစ်ချို့ ညတွေမှာ နဂါးတွေဟာ ခိုးဝင်လာပြီး အစားအသောက်တွေကို
ခိုးယူသွားတက်ကြသလို အိမ်တွေကိုလဲ မီးရှို့သွားတက်ကြပါသေးတယ်
ဗိုက်ကင်း တွေရဲ့ အိမ်တွေဟာ အမြဲလိုလို အသစ်တွေ ဖြစ်နေတာ
နဂါးတွေ ရဲ့ လက်ချက်ပါပဲ…
ဒီဗိုက်ကင်း ရွာလေး မှာ ဟစ်ကပ် ဆိုတဲ့ ကောင်လေးရှိပြီး
သူက ဗိုက်ကင်းတွေ ထဲမှာ အားအနည်းဆုံး မို့ ရွယ်တူတွေလို
နဂါးတွေ ဖမ်းရမယ့် အစား လက်နက်တိုက်မှာ အကူလုပ်နေရတာပါ
ဗိုက်ကင်းတွေ ရဲ့ သတ္တိရှိမှု ရဲစွမ်းရှိမှုကို ပြဖို့ဆိုရင် နဂါးတစ်ကောင်တော့
အနည်းဆုံး သတ်ပြ ဖမ်းပြရမှာပဲ ဖြစ်ပါတယ်
လူကောင်သေးတဲ့ဟစ်ကပ်ကတော့ နဂါးတစ်ကောင်ဖမ်းဖို့ ကို
တက်ကြွ နေပြီး သူ့ရဲ့ အစွမ်းကိုလဲ ပြချင်နေပါတယ်
တစ်ရက်မှာတော့ သူထွင်ထားတဲ့ နဂါးဖမ်းတဲ့ လက်နက် နဲ့
နိုက်ဖျူရီ လို့ ခေါ်တဲ့ နဂါးတွေထဲမှာ အလျင်မြန်ဆုံး နဲ့ အဖမ်းရခက်ဆုံး
အကောင်လေး တစ်ကောင်ကို မတော်တဆ ဖမ်းမိသွားတဲ့ အခါမှာတော့
ဇာတ်ကားတွေတင်ပေးတဲ့
မင်မင်အားရှိအောင်
❤❤❤လေးတွေ နှိပ်ပြီး
အားပေးကြပါဦးနော်
