en
Feedback
Mood^

Mood^

Open in Telegram
4 340
Subscribers
+124 hours
-187 days
-9830 days
Posts Archive
Mood^
4 340
အချိန်အခါမဟုတ် မိုးရွာတော့ အတိတ်မေ့သူများ ပြန်သတိရ ။ -ဂန္ဓမာ
အချိန်အခါမဟုတ် မိုးရွာတော့ အတိတ်မေ့သူများ ပြန်သတိရ ။ -ဂန္ဓမာ

Mood^
4 340
ငါ့ကိုယ်ငါ သတိထားမိလာတာကစကားတွေ နည်းလာတာပဲ ။ ငါ့အတွက် အဆင်မပြေဘူးဆိုတဲ့ အရာတွေရဲ့ ခပ်ဝေးဝေးမှာ နေချင်လာတာပဲ ။ တစ်ယောက်တည်း ဖြစ်နေလည်း ဒါဟာ ငါ့အတွက် သက်တောင့်သက်တာ ရှိတယ်လို့ ယုံကြည်လာတာပဲ ။" တစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ကံကောင်းခြင်းပဲ"လို့ပြောရင် " ဘာမှ ဆုံးရှုံးစရာမရှိတာဟာ အအေးချမ်းဆုံးပဲ " လို့ ပြန်ပြောတတ်တာပဲ ။ ငါဟာ အရင်က" ငါ "မဟုတ်တော့တာပဲ ။ - ခက်နှောင်

Mood^
4 340
အချိန်အခါမဟုတ် မိုးရွာတော့ အတိတ်မေ့သူများ ပြန်သတိရ ။ -ဂန္ဓမာ
အချိန်အခါမဟုတ် မိုးရွာတော့ အတိတ်မေ့သူများ ပြန်သတိရ ။ -ဂန္ဓမာ

Mood^
4 340
လူတစ်ယောက်ကို တားဆီးနိုင်တာ နှစ်ခုပဲရှိတယ် ပထမ တစ်ခုက သူကိုယ်တိုင်ဖြစ်ပြီး နောက်တစ်ခုက ချစ်ခြင်းမေတ္တာပဲ။ ကိုယ့်အပေါ် ချစ်စိတ်မှ မရှိရင် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ ချစ်စိတ်သာ ရှိရင်လည်း ထိန်းချုပ် ချည်နှောင်နေစရာမလို သူကိုယ်တိုင် စောင့်ထိန်းလိမ့်မယ် ပြင်ဆင်လိမ့်မယ် ဆင်ခြင်လိမ့်မယ် ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ အကျိုးသက်ရောက်မှုပဲ။ - LionelSn

Mood^
4 340
လူတွေက သူတို့မမေ့ချင်တဲ့အရာတွေကို မေ့ဖျောက်လေ့မရှိကြဘူး မင်းက ကိုယ်မမေ့ချင်တဲ့ ပန်းကလေးတစ်ပွင့်ပါပဲ ။ ဒီထပ်ပိုရင်တော့ ကိုယ့်ဥယျာဉ်ထဲ ရှားရှားပါးပါး ပွင့်ခဲ့တဲ့ပန်းကလေးပေါ့ ကိုယ်အရူးတယောက်လို တသသဖြစ်ခဲ့တာလည်း မဆန်းပါဘူး။ -ဂန္ဓမာ -ဖူးပွင့်ဒေလီယာ

Mood^
4 340
ဒီအချိန်ဆို မင်းလေးလည်းနှစ်ခြိုက်စွာအိပ်မောကျနေရောပေါ့ သတိရခြင်းရဲ့တိတ်ဆိတ်မှုဟာ မင်းအနားမှာ လေပြေလိုအေးပါစေကွယ် ။ ▪️ဂန္ဓမာ

Mood^
4 340
အရာအားလုံးကို ဆုံးရှုံးလိုက်ရဖို့သက်သက် ငါတို့ ပိုင်ဆိုင်ခဲ့ရတယ် ။ -ဂန္ဓမာ
အရာအားလုံးကို ဆုံးရှုံးလိုက်ရဖို့သက်သက် ငါတို့ ပိုင်ဆိုင်ခဲ့ရတယ် ။ -ဂန္ဓမာ

Mood^
4 340
လူတိုင်းမှာ ပိုင်ဆိုင်ချင်ခဲ့ပေမဲ့ ဆုံးရှုံးခဲ့ရသူတစ်ယောက် ကိုယ်စီ ရှိဖူးကြမယ်ထင်တယ် သိပ်တန်ဖိုး ထားချင်ခဲ့တဲ့သူ … သူ့အတွက်ဆို အားလုံးပေးဆပ်ချင်ခဲ့တဲ့သူ … အများကြီး မြတ်နိုးမိပြီး ၊ အများကြီး ရူးသွပ်ခဲ့ရသူ ကိုယ်ဘက်ချစ်ခဲ့ရသလောက် ကြိုးစားခဲ့ရသလောက်လည်း ….. ဘယ်တုန်းကမှ အချစ်တွေ ပြန်မရနိုင်ခဲ့တဲ့သူ … ကိုယ်မဟုတ်တဲ့ အခြားသူတွေကိုပဲ အကြိမ်ကြိမ်ထပ်ရွေးချယ်သွားခဲ့တဲ့သူပေါ့ ။ Taylor ရဲ့ August သီချင်းထဲကလို … ဆုံးရှုံးခဲ့တယ် ပြောရအောင်လည်း ဘယ်တုန်းကမှ ကိုယ့်အပိုင် မဟုတ်ခဲ့တဲ့သူတစ်ယောက်လေ … ။ August လကိုရောက်တိုင်း " you were never mine " ဆိုတဲ့ Lyrics ကို ကြားမိတိုင်း ကျွန်တော်တို့ဟာ ကိုယ့်အပိုင်မဟုတ်ခဲ့တဲ့ အဲဒီတစ်စုံတစ်ယောက်ကို တခုတ်တရ တမ်းတမိပြီး အကြိမ်ကြိမ် ကျိုးကြေရပါတယ် ။ #TharHtwe

Mood^
4 340
တကယ်တော့ ကျတော့်မှာပြောစရာတွေအများကြီးရှိတယ်။ ကျတော်ဟာ မရှိသုံး မဟုတ်တဲ့အကြောင်း၊ ကျတော်ဟာ ရည်ရွယ်ချက်ရှိရှိ ဘယ်သူ့ဘဝကိုမှ ဖျက်စီးမယ့်သူ မဟုတ်တဲ့အကြောင်း၊ ကျတော်ဟာ ခများအတွက် ဟာသတစ်ခုမဟုတ်တဲ့အကြောင်း၊ ကျတော်ချစ်တယ်ဆိုတာ ဘာနဲ့မှမတူတဲ့ အကြောင်း၊ ကျတော်ဟာ တကယ် ခံစားလွယ်တဲ့အကြောင်း၊ ကျတော် တကယ် ခံစားနေရတဲ့အကြောင်းတွေ အများကြီးပဲ။ ကျတော့်မှာ ပြောစရာတွေအများကြီးပဲ။ ကျတော့်မှာ တကယ်ပြောစရာတွေ အများကြီးပဲ။ သိလား။ #အလ်နီ

Mood^
4 340
လူတွေက သူတို့မမေ့ချင်တဲ့အရာတွေကို မေ့ဖျောက်လေ့မရှိကြဘူး မင်းက ကိုယ်မမေ့ချင်တဲ့ ပန်းကလေးတစ်ပွင့် ပါပဲ ။ ဒီထက်ပိုရင်တော့ ကိုယ့်
လူတွေက သူတို့မမေ့ချင်တဲ့အရာတွေကို မေ့ဖျောက်လေ့မရှိကြဘူး မင်းက ကိုယ်မမေ့ချင်တဲ့ ပန်းကလေးတစ်ပွင့် ပါပဲ ။ ဒီထက်ပိုရင်တော့ ကိုယ့်ဥယျာဉ်ထဲ ရှားရှားပါးပါး ပွင့်ခဲ့တဲ့ပန်းကလေးပေါ့ ကိုယ်အရူးတယောက်လို တသသဖြစ်ခဲ့တာလည်း မဆန်းပါဘူး ။ #ဂန္ဓမာ #ဖူးပွင့်ဒေလီယာ

Mood^
4 340
ခဏခဏ လဲရာကပြန်ထခဲ့ပါတယ် အဲ့ဒီအရာကို ကျွန်တော်ရမယ်ထင်ပြီး ယခုထိ မရခဲ့ပါဘူး။ #အောင်ချိမ့်

Mood^
4 340
"လွန်ခဲ့တဲ့ဆယ်နှစ်ကသာ စောစောတွေ့ဖြစ်ခဲ့ကြရင် အစ်ကို့ရဲ့ ဘယ်ဘက်လက်မောင်းလေးပေါ် မှာ မှီနေတဲ့ ကလေးမလေးဟာ ကျွန်တော်ဖြစ်နေခဲ့မှာ" -မယ်ညို

Mood^
4 340
မပိုင်လည်း ချစ်၊ ပိုင်လည်း ချစ်ရမည်ပေါ့။ စကတည်းက ပိုင်ဖို့ရာ မောင်က မမှန်းခဲ့ပါဘူး။ သည်တော့ ဆက်ချစ်ရဦးမည် မမဝေ... စကတည်းက မျက်ရည်ဝဲဝဲနှင့် ချစ်ခဲ့ရတော့ တစ်သက်လုံးပဲ မျက်ရည်ဝဲဝဲနဲ့ပဲ မောင်ဆက်ချစ်နေရဦးမည်။ -တက္ကသိုလ်ဘုန်းနိုင်

Mood^
4 340
အာရုံငါးပါးနဲ့ တပ်မက်ခြင်းမှာသာ အသားအရေ၊ အချိုးအစား အသက်အရွယ်ရှိတာပါ အချစ်နဲ့ မေတ္တာမှာကျ မင်းဟာမင်း ဘာဖြစ်ဖြစ်ပေါ့ အချစ်ရဲ့ မင်းဟာမင်း ဘာဖြစ်ဖြစ် ။ -ဆန်းကျော်စွာဝင်း

Mood^
4 340
မိုးကို ခဏရွာစေချင်တယ် ဖုန်းကို မင်းခေါ်စေချင်တယ် ကမ္ဘာကြီးကို ဒီ့ထက်နည်းနည်း ပိုအေးစေချင်တယ်....။ ▪️နွေသစ်ငြိမ်း

Mood^
4 340
တစ်ယောက်တည်း မောင်းနှင်ခဲ့ရတဲ့နေ့ရက်တွေဆိုတာ တကယ်ရှိတယ် ရောက်ရာအရပ်မှာ စိတ်အေးချမ်းအောင် ကြိုးစားနေထိုင်ရတယ် ။ -မာဂရက်

Mood^
4 340
ဆရာမိုးစည်ပြောဖူးတယ် ယောင်္ကျားတွေက  မိန်းမတွေလိုမဟုတ်ဘူး မိန်းမတွေက သူတို့အပေါ်ကောင်းတဲ့  ယောင်္ကျားတိုင်းကိုချစ်ပေးနိုင်တယ်  ။ ယောင်္ကျားတွေကတော့ သူတို့ချစ်တဲ့ မိန်းမအပေါ်ပဲကောင်းနိုင်တယ်တဲ့   ။   ။ - Crd

Mood^
4 340
သစ်ရွက်တွေ ကြွေရင် အသံမထွက်ဘူး။ပြီးတော့ တမြည့်မြည့်နဲ့ ခြောက်သွေ့ ဆွေးရိပစ်လိုက်ကြတာတွေလေ။စိမ်းစိုတုန်းကလည်း ငြိမ်ငြိမ်သက်သက်ပဲ။ဆွေးမြည့်သွားတော့လည်း ငြိမ်ငြိမ်သက်သက်ပဲ။ဘယ်လောက်အားကျစရာ ကောင်းသလဲ၊အဲဒါကြောင့် ထိခိုက်လေ သစ်ရွက်နုတွေကို ကြည့်လေပဲ။ #မြကျေး

Mood^
4 340
လောကကြီးက ကျွန်တော်တို့သိထားတာထက် ပိုအသည်းမာပါတယ် တောင်းပန်ပါတယ် ကျွန်တော်အများကြီး မျှော်လင့်ခဲ့မိတယ် -စစ်ငြိမ်း