cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

Knowledge Sharing for improve 💐

သင်ဗဟုသုတစာပေတွေမြတ်နိုးရင် သင်စိတ်ကျနေရင် သင့်ဘဝပြောင်းလဲချင်ရင် ဒီchannelလေးကို join လိုက်ပါ။ Channel date-15.4.24

Show more
Advertising posts
330
Subscribers
-124 hours
No data7 days
-130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
Relationship & Career❗️ PDF Book Link https://t.me/black_white_Library/7127/16494 #Books #Haruki
Show all...
🕊 2
Photo unavailableShow in Telegram
အချစ်ရေးကို မပျော်မရွှင်ဖြစ်စေရတဲ့ အကြောင်းရင်း ( ၅ ) ချက် ဘာပြဿနာမှနှစ်ယောက်ကြား ကြီးကြီးမားမားမရှိဘဲနဲ့ လက်ရှိအချစ်ရေးက အဆင်ပြေမနေဘူး၊ စိတ်ညစ်နေရတယ်ဆိုရင် ဒီအချက်တွေကိုလုပ်မိနေလား ပြန်ဆန်းစစ်ကြည့်ပါ။ 💥 - ဆန်းစစ်ရန်နှိပ်ပါခင်ဗျာ။ #Solve_Problems #Relationship_Knowledge #Haruki
Show all...
💘 1
Photo unavailableShow in Telegram
Hangnails မဖြစ်အောင် ကာကွယ်နိုင်ဖို့ အကြုံပြုချက် ( ၆ ) ချက် တစ်ခါတစ်လေ လက်သည်းအနားက အသားစလေးတွေထွက်နေတာကို လှန်မိသလိုများဖြစ်ရင် အသည်းခိုက်အောင်နာတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါ့အပြင် Paronychia လို့ ခေါ်တဲ့ ရောဂါပိုးကူးစက်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးမဖြစ်အောင် ကွယ်နိုင်ဖို့နည်းလမ်းလေးတွေ ဝေမျှပေးထားပါတယ်နော်။ 🙌🏻 - ဖတ်ရန်နှိပ်ပါခင်ဗျာ။ #Health #Hangnails #Haruki
Show all...
🕊 1
Photo unavailableShow in Telegram
Last Flight ( နွေဦးအက္ခရာ - Haruki ) ကျွန်တော် ဒီစာအုပ်လေးကို စိတ်ဓာတ်ကျနေတဲ့သူလေးတွေ၊ စိတ်ခွန်အားယူချင်တဲ့သူလေးတွေ အတွက် အဓိကရေးသားထားတာဖြစ်ပါတယ်ခင်ဗျာ။ ဒီစာအုပ်လေးထဲမှာ အဓိက Motivation & Advices & Experience & Story & စာစု တွေကို ရေးသားထားပါတယ်။ ဒီစာအုပ်ဖတ်ပြီးနောက်မှာ ကျနေတဲ့စိတ်ဓာတ်တွေ ပြန်ကောက်နိုင်မယ်၊ စိတ်ခွန်အားအသစ်တွေရမယ်၊ ရှေ့ဆက်လျှောက်လှမ်းဖို့ အသင့်ဖြစ်နေပါလိမ့်မယ်ခင်ဗျာ။ 📄 Page - 115 🗂 File size - 116 MB 📚 Free PDF & Colorful အခုပဲသွားဖတ်လိုက်တော့နော်။✨ 📖 - Book Link https://t.me/black_white_Library/1558/16448 To Sent Feedback & Review - @Nway_Oo_Akayar #Haruki
Show all...
🍓 3👍 1
Photo unavailableShow in Telegram
Good Morning 👀❣️ PDF Book Link https://t.me/black_white_Library/7127/16380 #Books #Haruki
Show all...
💘 1
စာစီစာကုံးရေးသားနည်း ဒီရက်ပိုင်း စာစီစာကုံးနဲ့ပတ်သက်ပြီး တော်တော်များများ မရေးတတ်သေးတာကို တွေ့နေရပါတယ်။ အထူးသဖြင့် အာဇာနည်နေ့ပြိုင်ပွဲနဲ့ပတ်သက်ပြီးပါ။ ဒါကြောင့်ပဲ အထက်တန်းကျောင်းသားတွေအနေနဲ့ စာစီစာကုံးဘယ်လိုရေးရမလဲဆိုတာ အခြေခံသဘောတရားကို ပြောပြပေးလိုက်ပါတယ်ခင်ဗျာ။ စာစီစာကုံးရေးသားနည်း မြေပြင်မှာဆိုရင် အလယ်တန်းကအစ၊ အထက်တန်းအထိ စာမေးပွဲတိုင်းရဲ့ မေးခွန်းတွေမှာ မပါမဖြစ်မေးခွန်းကတော့ စာစီစာကုံး မေးခွန်းဖြစ်ပါတယ်။ စာစီစာကုံးဟာ မြန်မာစာ မေးခွန်းလွှာမှာ အမှတ်အများဆုံး ပေးထားတဲ့ မေးခွန်းတစ်ပုဒ်ဖြစ်ပါတယ်။ စာစီစာကုံးဟာ တစ်ပုဒ်လုံး အစအဆုံး အလွတ်ကျက်မှတ်ထားရမယ့် စာမျိုးမဟုတ်ဘဲ ကျက်သင့်တဲ့ အချက်အလက်တွေကိုကျက်၊ မှတ်သင့်တဲ့ အချက် အလက်တွေကိုမှတ်ပြီး မြန်မာစာ အရေးအသားဆိုင်ရာ နည်းနာများနဲ့ အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်ဆည်းပူး ထားရမယ့် ကျင့်စာဖြစ်တယ်ဆိုတာ နားလည်ထားရမယ်။ စာစီစာကုံးဆိုတာ စာကိုပြေပြေပြစ်ပြစ် စီကုံးရေးသားရတဲ့ စကားပြေအဖွဲ့ပုံစံ တစ်မျိုးဖြစ်တယ်။ စကားပြေအရေးအသားမှာ စာဟန်နဲ့ပြောဟန်ဆိုပြီး ဟန်နှစ်မျိုးရှိတဲ့အနက် စာစီစာကုံးရေးသားရင်တော့ စာဟန်ကိုပဲ အသုံးပြုရပါမယ်။ စာစီစာကုံးအမျိုးအစားကို အဖွဲ့ပုံသဏ္ဌာန်အရ - (၁) သရုပ်ဖော်အဖွဲ့၊ (၂) ဖြစ်စဉ်ပြ အဖွဲ့၊ (၃) ဖွင့်ဆိုရှင်းပြအဖွဲ့၊ (၄) ကျိုးကြောင်းပြအဖွဲ့ ဆိုပြီး ၄ မျိုးခွဲလေ့ရှိတယ်။ (၁) သရုပ်ဖော်အဖွဲ့၊ သရုပ်ဖော် အဖွဲ့ဟာ သက်ရှိသက်မဲ့တွေရဲ့ ပုံပန်းသွင်ပြင်တွေ၊ အသံတွေ စတာကို မြင်ယောင် ကြားယောင်လာအောင် ရေးဖွဲ့ ထားတဲ့ အရေးအဖွဲ့ မျိုးဖြစ်တယ်။ မြင်ကွင်းနဲ့ ရှုခင်းတွေကို သရုပ်ဖော်ရလေ့ရှိတယ်။ (၂) ဖြစ်စဉ်ပြ အဖွဲ့၊ ဖြစ်စဉ်ပြအဖွဲ့ကတော့ အချိန်ကာလရွေ့လျားတဲ့ အစဉ်အတိုင်း အဖြစ် အပျက်တွေကို စီကာစဉ်ကာရေးဖွဲ့ထားတဲ့ အရေးအဖွဲ့ မျိုးဖြစ်တယ်။ ဖြစ်စဉ်ပြ အဖွဲ့ဟာ သရုပ်ဖော်အဖွဲ့နဲ့ တွဲဖက်လေ့ ရှိပါတယ်။ ခရီးသွားအတွေ့အကြုံတစ်ခု၊ အားကစားပြိုင်ပွဲ မြင်ကွင်းစတဲ့ ခေါင်းစဉ်တွေဟာ ဖြစ်ရပ်ဖြစ်စဉ် တစ်ခုကို ရွေ့လျားတဲ့အစဉ်အတိုင်း ရေးသားရမှာဖြစ်ပြီး ထိုဖြစ်စဉ်ကို ပေါ်လွင်အောင် သရုပ်ဖော်ရေးသားရမယ့် စာစီစာကုံးမျိုးဖြစ်တယ်။ (၃) ဖွင့်ဆိုရှင်းပြအဖွဲ့၊ ဖွင့်ဆိုရှင်းပြအဖွဲ့ဟာ အကြောင်းအရာတစ်ခုခုကို နားလည် သဘောပေါက် အောင် ရှင်းလင်းဖွင့်ဆိုပြတဲ့ အရေးအဖွဲ့မျိုးဖြစ် တယ်။ စည်းကမ်းလိုက်နာ ဘေးကင်းကွာ၊ စာအုပ်စာပေ လူ့မိတ်ဆွေ၊ ဝန်းကျင်သန့်ရှင်းရောဂါကင်း၊ စတဲ့ ခေါင်းစဉ်တွေဟာ အကြောင်းရပ်တစ်ခုခုကို နားလည်သဘောပေါက်အောင် ဖွင့်ဆိုရှင်းလင်းရေးသားရတဲ့ စာစီစာကုံးခေါင်းစဉ်မျိုး ဖြစ်ပါ တယ်။ ဖွင့်ဆိုရှင်းပြအဖွဲ့ဟာ ကျိုးကြောင်းပြအဖွဲ့နဲ့ ဆက်စပ် လျက်ရှိပါတယ်။ (၄) ကျိုးကြောင်းပြအဖွဲ့ ကျိုးကြောင်းပြအဖွဲ့ကတော့ သဘောတစ်ခုခု အယူအဆ တစ်ခုခုကို ယုံကြည် လက်ခံလာအောင် အကျိုးအကြောင်း ဆက်စပ်ဖွဲ့ပြတဲ့ အဖွဲ့မျိုးဖြစ်ပါတယ်။ ဝန်းကျင်အလှ ထိန်းသိမ်းကြ၊ ပညာမြင့်မား ပြည်ထွန်းကား၊ ကျန်းမာခြင်းသည် လာဘ် တစ်ပါးစတဲ့ ခေါင်းစဉ်တွေဟာ ဆိုလိုချက်တစ်ရပ်ကို စာဖတ်သူ လက်ခံ ယုံကြည်လာအောင် အကျိုးသင့်အကြောင်းသင့် ဆက်စပ်ရေးသားရတဲ့ ခေါင်းစဉ် မျိုး ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ စာစီစာကုံးအမျိုးအစား ၄ မျိုးမှာ ဘယ်ခေါင်းစဉ်ဟာ မိမိနဲ့ သင့်လျော်မယ်ဆိုတာချိန်ဆပြီး ကိုယ်ရေးမယ့် စိတ်ကြိုက်ခေါင်းစဉ်ကို မှန်ကန်စွာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ စာမေးပွဲမေးခွန်းမှာပေးထားတဲ့ခေါင်းစဉ်တွေဟာ ကျောင်းသား ကျောင်းသူများ စိတ်ကြိုက်ရွေးချယ်နိုင်ဖို့အတွက် စာစီစာကုံး အမျိုးအစားတွေ မျှတစွာ ပေးထားလေ့ရှိပါတယ်။ စာစီစာကုံးရေးသားဖြေဆိုရာတွင် နိဒါန်း၊ စာကိုယ်၊ နိဂုံး ပြည့်စုံ ဖို့ လိုပါတယ်။ စာစီစာကုံးဟာ မေးခွန်းရဲ့ နောက်ဆုံးအပုဒ်ဖြစ် တဲ့အတွက် ကျောင်းသား ကျောင်းသူအများစုဟာ စာစီစာကုံး ကို နောက်ဆုံးမှ ရေးသားဖြေဆို လေ့ရှိကြပါတယ်။ ဒီလိုဖြေဆိုရာမှာ စာစီစာကုံးကို စာမျက်နှာများစွာ ရေးသားခဲ့ပေမယ့် နိဂုံးမချုပ်မီ စာမေးပွဲ အချိန်စေ့သွားတဲ့အတွက် အဆုံးမသတ်နိုင်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိမိ စာစီစာကုံးဟာ ရှေ့ပိုင်းမှာ ဘယ်လောက် ကောင်းမွန်အောင် ရေးထား ရေးထား နိဂုံးမပါတဲ့၊ နိဂုံးမချုပ်နိုင်တဲ့၊ စာစီစာကုံး အင်္ဂါရပ်နဲ့ မပြည့်စုံတဲ့ စာစီစာကုံးဖြစ်သွားပြီး ရမှတ်များစွာ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ အထက်တန်းကျောင်းသားများအတွက် စာစီစာကုံးဟာ ကျောင်းသူ ကျောင်းသားတစ်ယောက် ဂုဏ်ထူးနဲ့ ထိုက်တန် မတန်ဆိုတာ အဆုံးအဖြတ်ပေးနိုင်တဲ့ မှတ်ကျောက် တစ်ခုဖြစ်တဲ့အတွက် အထူးအလေးထား ရေးသားရမယ့် စာတစ်ပုဒ်ဖြစ်ပါတယ်။ ကိုးကားချက်။ ။ ကျောင်းစရာမှတ်စု https://t.me/Life_Explored_Channel/12941 #Essays #Haruki
Show all...
🍓 2🕊 1
Photo unavailableShow in Telegram
🍓 1
Photo unavailableShow in Telegram
အလှအပနဲ့ ကျန်းမာရေးအတွက် အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ကောင်းကျိုးများ လူတော်တော်များများက အကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်နည်းလာကြပါတယ်။ ညကို နောက်ကျမှအိပ်လာကြတယ်။ မနက်နဲ့ ညအိပ်ချိန် မှားယွင်းလာကြတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်ကို မလျှော့လိုက်ပါနဲ့။ အိပ်ချိန်လျော့ရင် အသက်ပါမြန်မြန်တိုတတ်တယ်ဆိုတာ သတိပြုပေးပါ။ ဒီနေ့မှာတော့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေအကြောင်း ပြောပြပေးထားပါတယ်နော်။ 💤 - ဖတ်ရန်နှိပ်ပါခင်ဗျာ။
3 K ပြည့်တော့မှာမလို့ ကူ Join ပေးလို့ရပါတယ်နော်။
#Sleeping #Beauty #Health #Haruki
Show all...
☃ 2
မနာလိုမုန်းတီသူများရဲ့ အတင်းအဖျင်းကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ
👤 - သူတို့ရဲ့အတင်းအဖျင်းစကားတွေကို ကိုယ်ကဂရုစိုက်တဲ့အခါ
ကိုယ့်ကိုယ်ကိုယုံကြည်မှု တဖြည်းဖြည်းကျဆင်းသွားပါလိမ့် မယ်။ သူတို့ပြောတာကို နားယောင်လာပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ကာ ကိုယ့်အားနည်းချက်တွေပဲ မြင်လာပါ လိမ့်မယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေဝေဝါးသွားပြီး ကိုယ့်ရဲ့တိုးတက်မှုအတွက်လည်း ဂရုမစိုက်နိုင်တော့ပါဘူး။ ဒါဆိုရင် မိမိကိုမနာလိုမုန်းတီသူများရဲ့အတင်းအဖျင်းကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ။
‼️ - သူတို့ပြောသမျှကို ဂရုမစိုက်ပါနဲ့
ကိုယ့်ကို မနာလိုသူတွေက ကိုယ့်အရှေ့မှာတော့ ကိုယ်ကဘယ်လောက်တော်ကြောင်း၊ ဘယ်လောက် ကြိုးစားကြောင်း ပြုံးရယ်ကာ ချီးကျူးနေပါလိမ့်မယ်။ ဒါပေမယ့် သူတို့စိတ်ထဲမှာတော့ ကိုယ်ကျရှုံးဖို့ကိုသာ တိတ်တဆိတ်ဆုတောင်းနေတတ်ပါတယ်။ ကိုယ်နောက်ကွယ်မှာတော့ ကိုယ့်အတင်းအဖျင်းတွေကို လူတကာ လျှောက်ပြောနေတတ်ပါတယ်။ အဲ့ဒီအတင်းအဖျင်းများကို လျစ်လျူရှုလိုက်ပါ။ ကိုယ်ကလျစ်လျူရှုနိုင်မှသာ ကိုယ့် တိုးတက်ရာ တိုးတက်ကြောင်းအတွက် အာရုံစိုက်နိုင်မှာမဟုတ် လား။
🏃 - ထိုသူများကို ဝေးဝေးကရှောင်ပါ
ဉာဏ်ရည်မြင့်မားသူအချင်းချင်း တွေ့ဆုံကြတဲ့အခါ အိုင်ဒီယာ အသစ်အဆန်းများကို ဆွေးနွေးလေ့ရှိကြပြီး ဉာဏ်ရည်နိမ့်တွေကတော့ အတင်းအဖျင်းပြောလေ့ရှိကြပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က အခြားတစ်ယောက်ရဲ့အကြောင်းကို ကိုယ့်ထံဖောက်သည်ချပြီး အတင်းအဖျင်းလာ ပြောမယ်ဆိုရင်တော့ ထိုသူကိုဝေးဝေးကရှောင်ပါ။ ကိုယ့်အကြောင်းကိုလည်း အခြားတစ်ယောက်ထံ အတင်းအဖျင်း လုပ်ပြောနိုင်လို့ပါပဲ။ အစတုန်းကတော့ အကြောင်းမသိလို့ပေါင်းမိခဲ့ပေမယ့် အကြောင်းသိသွားရင်တော့ အပေါင်းအသင်းဆက်မလုပ်ပါနဲ့ တော့။
🎁 - ကိုယ့်ရဲ့ကိုယ်ပိုင်အချက်အလက်များကို အခြားသူများထံမပြောပြပါနဲ့
ကိုယ်လစာဘယ်လောက်ရကြောင်း၊ ကိုယ့်အိမ်တွင်းရေး အရှုပ်အရှင်းတွေအကြောင်း၊ အခက်အခဲတွေအကြောင်းကို လူ တိုင်းအားမပြောပြပါနဲ့။ ကိုယ့်ကိုမနာလိုမုန်းတီးသူတွေက အဲ့ဒီအကြောင်းအရာတွေကို အခြားသူတွေထံ ဖောက်သည်ပြန်ချပြီး အတင်းအဖျင်းပြောစရာအကြောင်းအရာ ရသွားပါလိမ့်မယ်။ တစ်ခုခုအကြံဉာဏ် တောင်းစရာရှိတဲ့အခါ ကိုယ်ယုံကြည်ရသူများထံတွင်သာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
💕 - မိမိကိုယ်ကို ယုံကြည်ချက်ရှိပါ
သတ္တိရှိပါ။ မိမိကိုယ်ကို ယုံကြည်ချက်ရှိပါ။ မိမိရဲ့ဘဝ၊ ကိုယ့်ရဲ့ ချစ်သူခင်သူတွေအတွက်ပဲ အာရုံထားပါ။ ထိုသူများနဲ့ပဲ တန်ဖိုး ရှိတဲ့အချိန်တွေကို အတူတူဖြတ်သန်းပါ။ အတင်းအဖျင်းများကို နင်းချေပစ်ပြီး မိမိတိုးတက်ရာတိုးတက်ကြောင်းအတွက် အချိန်ပေးပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ဘဝကြီးကလည်း သာယာလှပလာပြီး အောင်မြင်မှုက ကိုယ့်အတွက်ပါပဲခင်ဗျာ။ 🔆 - https://t.me/Life_Explored_Channel #Moti #Life_Success #Haruki
Show all...
🕊 1🦄 1
Photo unavailableShow in Telegram
အဖြူခဲလေး 😅 စာဖတ်သူလေးတို့အားလုံး အိမ်မှာနေရင်းပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေရင်းပဲဖြစ်ဖြစ် အိမ်မြှောင်ချီးလေးတွေကို တွေ့ဖူးကြမှာပါနော်။ ထူးခြားတာတစ်ခုက အမဲရောင်ခဲလေးကို အိမ်မြှောင်ချီးမှန်းအားလုံးသိကြပေမယ့် ဘေးနားမှာကပ်ကပ်ပြီး ပါလာတတ်တဲ့ အဖြူရောင်အခဲပိစိလေးကရော ဘာဖြစ်မလဲဆိုတာ စာဖတ်သူလေးတို့လည်း စဥ်းစားဖူးကြမှာပါ။ 🫣 - ဖတ်ရန်နှိပ်ပါခင်ဗျာ။ #Lizard #Knowledge #Haruki
Show all...
🕊 3☃ 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.