en
Feedback
Mindscape

Mindscape

Open in Telegram

Channel date-15.4.24 This channel offers a great place to explore literature, education, science, and a wide range of general knowledge topics. If you need any help, I’m here to help Bot - @Knowledge_by_bot

Show more
2 210
Subscribers
No data24 hours
-197 days
-9630 days
Posts Archive
‎အချိန်မရှိဘူး ‎ ‎"ငါဒါတွေလေ့လာဖို့အချိန်မရှိဘူး" ‎ ‎"အလုပ်တွေအရမ်းများနေတယ် ငါ့ဝါသနာကိုအချိန်ပေးဖို့ငါ့မှာ အချိန်လုံလုံလောက်လောက်မရှိဘူး" ‎ ‎"ပင်ပန်းတယ်ငါမလုပ်နိုင်ဘူးငါ့မှာအချိန်မရှိဘူး" ‎ ‎စသဖြင့် ကိုယ့်ဘဝတိုးတက်ဖို့ လုပ်ရမယ့်အရေးကြီးတဲ့ အစိတ်အပိုင်းသေးသေးလေးတွေကိုလုပ်ဖို့ အချိန်မရှိဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့  ရက်တွေ၊လတွေ၊နှစ်တွေကြာတဲ့အထိ ဒီအရာလေးတွေကိုမလုပ်နိုင်ခဲ့ကြဘူး။ ‎ ‎ဘာလို့လဲ? ‎ ‎တစ်ချက်ကိုယ့်ကိုကိုအရင်မေးကြည့်ပါ။ ‎ ‎ငါတကယ်ရောဒီအရာတွေကိုစိတ်ဝင်စားရဲ့လား? ‎ တကယ်ရော လိုချင်နေရဲ့လား? ‎ ‎မေးကြည့်‌ပါ။ တကယ်လို့ကိုယ်ကဒီအရာကို တော်တော်လေးကိုလိုချင်နေတယ်၊စိတ်ဝင်စားနေတယ်ဆိုရင်တော့ အကြောင်းပြချက်တွေ၊ဆင်ခြေတွေပေးနေဖို့မလိုပါဘူး။အရင်ကတော့ မအားလို့ထားလိုက်ပါ။အခုသိပြီမလား ? ‎ ‎သိပြီဆိုနည်းလမ်းရှာလို့ရပြီ။ ‎
‎တစ်ရက်မှာ 24နာရီရှိတယ် အလုပ်ချိန် သို့မဟုတ် ကျောင်းချိန်က မနက်9နာရီကနေညနေ5နာရီထိ 9နာရီ ထားလိုက်ပါ။ ‎ ‎8နာရီကအိပ်ချိန်။ကျန်မယ့်အချိန်က5နာရီ 5နာရီမှာ 3နာရီကစာကျက်မယ် သို့မဟုတ် အလုပ်အတွက်စီစဉ်မယ်။ ‎ ‎ကျန်တဲ့1နာရီက နားချိန်၊ ထမင်းစားချိန် ၊ရေချိုးချိန် အဲ့ထက်မိနစ်ပိုင်းလောက်ပိုချင်ပိုမယ် ပိုမယ့်အချိန်က 30မိနစ်ပဲထား မိနစ်30ကျန်မယ်။ ‎ ‎အဲ့ဒီမိနစ်30မှာ ‎ ‎English Language ‌လုပ်မလား? ‎Digital Marketing လေ့လာမလား? ‎Japanese လေ့လာမလား? ‎Chinese လေ့လာမလား? ‎Leadership လား? Scholarship လား?
‎ ‎မိနစ်30အတွင်း ကိုယ်လေ့လာချင်တဲ့အရာတစ်ခုအရင်ကလုံးဝအချိန်မပေးနိုင်ခဲ့တဲ့အရာတစ်ခုကိုတစ်နေ့30မိနစ်‌ လောက် အချိန်ပေးပြီးနည်းနည်းစီလေ့လာသွားပါ။ ‎ ‎ဘယ်လောက်ပဲကြာပါစေအနည်းဆုံး1လတိတိတော့ဒီလိုလေးအချိန်ပေးကြည့်ပါ။ တိုးတက်မှု‌တွေမြင်ရလာပါလိမ့်မယ်။ ‎ ‎အချိန်မရှိဘူးဆိုဝာာ တကယ်တော့ အကြောင်းပြချက်တစ်ခုပါ။ ‎ ‎ကြိုးစားရင်ဘယ်အရာမဆိုဖြစ်နိုင်ပါတယ်။ မပျင်းဖို့ပဲလိုတာပါ။ ‎ ‎#Dee

တစ်နေ့ကဒီးအတွေးတွေအကြောင်းကိုပြောလိုက်တယ်နော် ကောင်းတဲ့အတွေးနဲ့မကောင်းတဲ့အတွေးဆိုတာလေ။ အဲ့တော့ကိုယ်ကကောင်းတာတွေရချင်တယ်၊လိုချင်တာရချင်တယ်ဆိုရင်ကောင်းတဲ့အတွေးများများတွေးပေးဖို့လိုပါတယ်။ လူသားတွေအနေနဲ့‌သေခြင်းတရားနှင့်ရင်ဆိုင်ပြီးသည့်အခါ နောင်ဘဝမှာ ကိုယ်ကဘာကြီးဖြစ်နေမလဲဆိုတာမသိနိုင်ဘူးလေ ဒါ့ကြောင့်နောင်ဘဝမှာ ကောင်းတာတွေနဲ့ ကြုံရနိုင်အောင် ဒီဘဝမှာ ကိုယ်ကကောင်းတာလေးတွေလုပ်သွားဖို့လိုတယ်။ဒီလို‌ ကောင်းတာလေးတွေများများလုပ်ရင်နောင်ဘဝသာမက အခုဘဝမှာလဲကောင်းကျိုးတွေခံစားရနိုင်တယ်။ ဒါ့ကြောင့်ကောင်းတာလေးတွေများများလုပ်ပါ။သူတစ်ပါးကိုကူညီပါ။စိတ်အေးချမ်းအောင်တရားများများထိုင်ပါ။ဝမ်းသာစရာလေးတွေရှာပါ။စာများများဖတ်ပါ။ ပေါ်လီယာနာ စာအုပ်ဖတ်ဖူးတဲ့‌သူတွေရှိရင်သိပါ‌လိမ့်မယ်။ ဝမ်းသာတမ်းကစားနည်းဆိုတာလေ ဉပမာ-ကိုယ်ရဲ့ပုံစံကမလှနေလို့ဆိုပြီးဒေါသထွက်နေမယ့်အစား အခုမလှတာကဘာမှမဖြစ်ဘူး တချိန်ကြရင်ဒီမလှတဲ့ပုံစံကြီးကိုတခြားသူ‌တွေထက်လှသွားအောက်ပြုပြင်ခွင့်ရှိသေးတာမို့ဝမ်းသာနေရမယ်။(အခု‌ခေတ်ဆို မျက်နှာခွဲစိတ်ဆရာဝန်‌ တွေရှိနေပါပြီ လက်ထဲပိုက်ဆံသာရှိနေရက်ပြုပြင်လို့ရ‌နေပြီ)ကိုယ်ကရုပ်ဆိုး‌ နေတာတောင်ကိုယ့်ကိုခင်တဲ့သူ၊ချစ်တဲ့သူရှိနေတာပဲဆိုပြီးဝမ်းသာနေရမယ်။ ဒီးအနေနဲ့ လူတိုင်းလူတိုင်းကိုကောင်း‌တာလေးတွေများများလုပ်စေချင်တယ်။ သူတော်စင်ကြီးဖြစ်ခိုင်းနေတာတော့မဟုတ်ပါဘူး။
ဒီတိုင်းလူတစ်ယောက်ကိုကူညီပေးလိုက်တာ၊လမ်းမှာကိုယ်အမြင်မတော်တဲ့အမှိုက်ကလေးတွေဖယ်ပေးလိုက်တာ၊ ‌ကျေးဇူးတင်တဲ့စကား၊တောင်းပန်တဲ့စကားတွေကိုလေးလေးနက်နက်ရိုးရိုးသားသားပြောလိုက်တာ၊လူ‌တစ်ယောက်ကိုရိုးရိုးသားသားချီးမွှမ်းပေးလိုက်တာ။ တစ်နေ့လုံး Productive ဖြစ်အောင်နေတာ၊တရားထိုင်တာ၊စာဖတ်တာ၊Skill တစ်ခုခုကိုလေ့လာတာမျိုး၊နေ့စဉ် dairy နဲ့ကျေးဇူးတင်စရာလေးတွေချရေးလိုက်တာမျိုးမိသားစုနဲ့ပျော်စရာလေးတွေဖန်တီးတာ ၊သဘာဝနဲ့ထိတွေ့တာ ၊ အေးအေးချမ်းချမ်းနေတာ ၊ရယ်စရာလေးတွေပြောတာ၊ဝမ်းသာစရာလေးတွေရှာ‌တာ၊ နေ့စဉ်ဘုရားရှိခိုးတာ၊ဘုရား‌ ကျောင်းသွားတာ ။ကိုယ့်ကိုကိုယ်ချစ်တာ။
သေးသေးလေးတွေဆိုပေမယ့်ဒီသေးသေးလေးတွေကအစွမ်းတော်တော်ကြီးပါတယ်။ ဒီလိုမျိုးကောင်းတာလေးတွေလုပ်နေပြီဆို ကိုယ့်ဆီကိုကံကောင်းခြင်းတွေ၊တန်ပြန်ကူညီခြင်းတွေ၊ ကိုယ်လိုချင်တာတွေရလာပါတယ်။ ဒီးကိုယ်တိုင်လဲကြိုးစားနေဆဲပါ။ ဒီအရာလေးကိုအတူတူကြိုးစားကြည့်ချင်တယ်။ ပိုကောင်းတဲ့ Mindset ရရှိဖို့၊ပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်ရရှိဖို့ဘဝ‌လေးအေးချမ်းစေဖို့မနက်ဖြန်ကစပြီးကြိုးစားကြည့်ရအောင်ပါ။ #Dee #Mindset change #Mindscape #own creation

"‎အတွေးဆိုတာကကောင်းတဲ့အတွေးရှိသလိုမကောင်းတဲ့အတွေးလဲရှိတယ်ဆိုတာကိုလူသားတိုင်းသိကြမှာပါ။" ‎ ‎အတွေးတွေကိုလူသားတွေအနေနဲ့ထိန်းချုပ်လို့မရနိုင်ပါဘူး။ဘယ်လောက်ပဲကိုယ်ကကောင်းတာတွေတွေးနေပါစေ မကောင်းတဲ့အတွေးဆိုတာကြီးကတစ်စတစ်စပြန်ပြန်ပေါ်လာတတ်ပါတယ်။ ‎ ‎ဒါ့ကြောင့်အတွေးတွေကိုဒီးတို့ကြာကြာမထိန်းချုပ်နိုင်ဘူးလို့ထင်မြင်မိပါတယ် သူတော်စင်ကြီးတွေတောင်မှမကောင်းတဲ့အတွေး‌လေးတွေဝင်ဝင်လာတက်ပါသေးတယ်။ ‎ ‎ဒါကသဘာဝတရားကြီးတစ်ခုလိုတောင်ဖြစ်နေပါပြီ။ ‎ ‎မကောင်းတဲ့အတွေးဆိုတာနှစ်မျိုးရှိပါတယ်။ ‎ ‎တစ်ခုကကိုယ်တိုင်လုပ်ယူပြီးတွေးတာ ‎ ‎ဉပမာ-လူတစ်ယောက်ကကိုယ့်အမြင်မှာကြည့်မကောင်းနေဘူးစိုပါစို့ ဒါကိုကိုယ့်အတွေးထဲမှာ ‎ "ဒီလူကတော်တော်ရုပ်ဆိုးတာပဲ "ဆိုပြီး ကိုယ့်အတွေးထဲမှာပြောလိုက်တယ်တွေးလိုက်တယ်။အဲ့ဒီလူကို ရုပ်ဆိုးလို့ကိုယ်ကအတွေးထဲမှာနိုမ်ပြီးတော့တွေးလိုက်တာ။ ‎ ‎ပြီးတော့ စာတော်တဲ့သူတစ်ယောက်မဖြစ်လို့၊ Top 1မရလို့ စိတ်ဓာတ်တွေကျပြီး ငါဘာလို့မရရတာလဲငါဘာလို့အသုံးမကျတာလဲဆိုပြီးတော့မှ -ဘက်သွားတဲ့ ကိုယ့်ကိုကိုယ်အပြစ်ပြောဆိုနေတဲ့အတွေးတွေ။ ‎ ‎ဒါ တွေက မကောင်းတဲ့အတွေးကိုယ်ကိုယ်တိုင်လုပ်ယူပြီးတွေးတဲ့အတွေး။ ‎ ‎ဒုတိယတစ်ခုကကိုယ်ကမရည်ရွှယ်ပါပဲနဲ့သူ့အလိုလိုအတွေးထဲဝင်လာတဲ့မကောင်းတဲ့အတွေး။ ‎ ‎ကိုယ်ကကောင်းတာတွေတွေးနေပါရက်နဲ့မရည်ရွှယ်ပဲမကောင်းတဲ့အတွေးကသူ့အလိုလိုဝင်လာတာ။ ‎ ‎ဒီလိုအတွေးမျိုးက ပုထုစဉ်လူသားတွေသာမကသူတော်စင်ကြီးတွေပါဒီလိုအတွေးတွေဝင်လာတက်ကြတယ်။ ‎ ‎ကိုယ်ကမရည်ရွယ်ဘဲဝင်လာတဲ့မကောင်းတဲ့အတွေးကဘာမှမဖြစ်ပေမယ့်အဲ့ဒီအတွေးကိုစိတ်တိုပြီး "ငါဘာလို့မကောင်းတဲ့အတွေးတွေတွေးမိနေတာလဲ"ဆိုတဲ့ဒေါသစိတ်နဲ့ ဖြစ်နေရင်တော့ ဗုဒ္ဓဘာသာမှာဆိုအကုသိုလ်ဖြစ်သွားတယ်။ မရည်ရွယ်ပါပဲဝင်လာတဲ့မကောင်းတဲ့အတွေးတစ်ခုကဘာမှတော့မဖြစ်ပေမယ့် ဒီဝင်လာတဲ့အတွေးကိုဒေါသဖြစ်နေတာကအကုသိုလ်ဖြစ်စေပါတယ်။ ‎ ‎ဒီ Quote ကိုအားလုံးသိကျမှာပါ။ ‎
‎ကောင်းတာတွေးရင်ကောင်းတာဖြစ်မယ် မကောင်းတာတွေးရင် ကိုယ်တွေးတဲ့အတိုင်းပဲဖြစ်လာမယ်ဆိုတာလေ။
‎ ‎ဒါကတကယ်ပါ။ ‎ ‎မယုံသေးရင် အခုချက်ချင်းမှန်ထဲကိုသွားကြည့်ပါ။ ‎ ‎ငါကချစ်စရာကောင်းတာပဲ၊အရမ်းချောတာပဲလို့စိတ်ထဲမှာ မှန်ကြည့်ရင်းအထပ်ထပ်အခါခါတွေးနေကြည့်ပါ။ ‌တစ်ဖြည်းဖြည်းတွေးရင်းတွေးရင်းနဲ့တကယ်ပဲကိုယ့်ရဲ့ရုပ်ကမှန်ထဲမှာချစ်စရာကောင်းနေတာမျိုး ကိုယ့်စိတ်ထဲထင်လာပါလိမ့်မယ်။ စမ်းကြည့်ပါ။ ‎ ‎လေ့လာမိသလောက်ပြောရရင် ဒီးတို့သိစိတ်က ထပ်ကာထပ်ကာတွေးလိုက်တဲ့အတွေးတွေကို မသိစိတ်က မှတ်ထားပါတယ်။ ဒါနဲ့ အဲ့ဒီအတွေးထဲကအတိုင်းတကယ့်အပြင်လောကမှာဖြစ်ပေါ်လာတာပါ။ ‎ ‎ဉပမာ - ငါကစာတော်တဲ့သူ ၊ Top 1-10ဝင်မယ်သူလို့ အတွေးထဲမှာတွေးလိုက်တယ်ဒါကိုမသိစိတ်ကကြားသွားတယ်လက်ခံသွားတယ် ‎ ‎ဒီလိုနဲ့ မိနစ်ပိုင်းလောက်ကြာတော့ ကိုယ်က စာတော်တဲ့သူလို့ခံယူထားတဲ့အတွက်ကြောင့် စာကြည့်စားပွဲပေါ်ကိုသူ့အလိုလို‌ထိုင်မိသွားတယ်စာအုပ်ကိုကောက်ဖွင့်မိသွားတယ်။ ‎ ‎နေ့တိုင်းနေ့တိုင်းငါကတော်တဲ့သူလို့အမြဲတမ်းတွေးနေတယ် ငါက Top 10ဝင်မယ့်သူလို့အမြဲတမ်းတွေနေတဲ့အခါ ခံယူထားတယ့်အတိုင်းဖြစ်လာဖို့အခွင့်အလမ်းတွေပေါ်လာတယ်။ ‎ ပြောချင်တဲ့အဓိက Massage က ‎ ‎အတွေးတိုင်းကို‌ဒီးတို့မထိန်းချုပ်နိုင်ဘူးဒါပေမယ့် မကောင်းတဲ့အတွေးတွေ နည်းနည်းပဲ‌ တွေးပြီးတော့ ကောင်းတဲ့အတွေး တွေ များများတွေးမိဖို့လေ့ကျင့်လို့ရတယ်။ ‌ ‎ ‎ကိုယ်က‌ ကောင်းတာ တွေးနေတဲ့အချိန် မရည်ရွယ်ဘဲနဲ့ဝင်လာတဲ့မကောင်းတဲ့အတွေးတွေအပေါ်ကိုစိတ်မတိုမိဖို့ကြိုးစားကြည့်ပါ။ဒေါသမထွက်မိဖို့ကြိုးစားကြည့်ပါ။ ‎ ‎ဝင်လာတဲ့အခါ"အော် ဝင်လာပြန်ပြီဒါသဘာဝပဲဘာမှမဖြစ်ပါဘူးလေ"ဆိုပြီးကိုယ့်ကိုယ်ကိုပြောနေလိုက်ပါ။ ဝင်လာတဲ့အခါမှာလဲအကျယ်တဝင့်ဆက်မတွေးမိပါစေနဲ့အဲ့ဒီအစားတခြားကောင်းသောအတွေးတစ်ခုခုနဲ့အစားထိုးလိုက်ပါ။ဒါကိုတော့အတွေးပြောင်းခြင်းနည်းလမ်းလို့ခေါ်တာပေါ့။ ‎ ‎မကောင်းတာတွေးပြီးမကောင်းတာတွေလက်တွေ့မှာဖြစ်နေမယ့်အတူတူတော့ကောင်းတာတွေပဲတွေးနေလိုက်ပါ‌ ကိုယ်တွေးတဲ့အတိုင်းပဲကိုယ့်စီပြန်ရောက်လာမှာပါ။ ‎‌ ‎ ‎Post လေးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် ကိုယ်လဲကျောင်းစဖွင့်ကတည်းက Channel ကပျောက်သွားတာအခုမှ Content လေးတင်နိုင်တော့တယ်။ ဒီ Content လေးရေးချင်နေတာအတော်ကြာပါပြီစာပိနေတာနဲ့မရေးဖြစ်ခဲ့တာအခုတော့အကောင်အထည်ဖော်နိုင်ပါပြီ ကဲနောက် Post တွေမှဆက်တွေ့ကြပါမယ်။ #Dee #The power of mind #Own Creation #knowlage #Mindscape

တစ်ရက်လောက်ပဲဖြစ်ဖြစ် Social Media Zone ကနေရုန်းထွက်ကြည့်ပါလား။ Zone ထဲကနေ 24‌နာရီလောက်ခနထွက်ပြီး -မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေမယ်။ -စာအုပ်တွေဖတ်မယ်။ -အနာဂတ်အကြောင်းစာတွေ‌ချရေးမယ်။ -ဝါသနာပါတဲ့အရာလေးတွေလုပ်မယ်။ -Coffeeတစ်ခွက်နဲ့သဘာဝရှူခင်းလေးတွေထိုင်ကြည့်မယ်။ -ဟိုတွေးဒီတွေးလျှောက်တွေးနေတဲ့အတွေးတွေကို ထိန်းချုပ်ကြည့်မယ် ။ -ကောင်းတဲ့အရာတွေများမျာစလုပ်မယ်၊ လောဘ၊ဒေါသ၊မောဟတွေမဖြစ်အောင်ဂရုစိုက်မယ်။ 24နာရီအတွင်း ကိုယ့်ကိုပူလောင်စေတဲ့၊မကောင်းတဲ့အတွေးတွေအမြဲတမ်းဝင်ဝင်လာစေတဲ့ Social Media Zone ထဲကနေ တဖြည်းဖြည်း 1နာရီချင်း1နာရီချင်း ထိန်းချုပ်နိုင်ရင် စိတ်ကိုပေါ့ပါးသွားစေသလိုဒီတစ်ရက်တာဟာကိုယ့်အတွက်အလှပဆုံးရက်ကလေးဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် အေးချမ်းတဲ့လောက ကြီးထဲတစ်ရက်လောက်ဝင်ကြည့်ကြပါနော်။ ဝင်ကြည့်တဲ့အခါ မထင်မှတ်ထားတဲ့အကျိုးကျေးဇူးတွေရလာပါလိမ့်မယ်။ #Dee

Channel ရောင်းတာလဲမဟုတ်ပါ ဖျက်တာလဲမဟုတ်ပါ။ YFEK Hub Channel နာမည်မှ Mindscape ဟုပြန်ပြောင်စခြင်းဖြစ်ပါသည်။ #Dee

တတိယအချက်က ကိုယ်လေ့လာနေတဲ့အရာကိုအပိုင်းပိုင်းစီပြင်ဆင်ပြီးပြီ၊မှတ်ထားပြီးပြီဆိုရင်ခေါင်းထဲမှာအစအဆုံးပုံဖော်ကြည့်ဒီလို‌နည်းနဲ့နေ့တိုင်းလေ့ကျင့်ရင်ကိုယ့်ရဲ့ ideas တိုင်း ကိုယ့်ရဲ့အတွေးအခေါ်တိုင်းကိုမှတ်စုစာအုပ်တွေမလိုပဲပြန်ချင်းပြနိုင်‌လိမ့်မယ်။
No 5 Cognitiveenergy ကို ချွေတာ
ညဏ်အရမ်းကောင်းတဲ့သူတွေက သူတို့စိတ်ခွန်အားကိုနေရာတိုင်းမှာအသုံးမချဘူးကျွန်တော်တို့နားလည်ထားရမှာကကျွန်တော်တို့‌တစ်နေ့တာတွေးခေါ်နိုင်စွမ်းနဲ့ဦးနှောက်စွမ်းရည်ဆိုတာက limit ရှိတယ်။ဦးနှောက်က battery တစ်ခုလိုပဲ နေရာတိုင်းမှာအသုံးချနေရင်စိတ်ပင်ပန်းပြီး ဘာမှဆက်လုပ်နိုင်မှာမဟုတ်ဘူးအဲ့တာကြောင့်ကိုယ်နဲ့မဆိုင်တဲ့အရာတို့၊ကိုယ့်အတွက်အကျိုးမဖြစ်မယ့်အရာတို့ဆိုရင်သွားပြီးတော့အာရုံမစိုက်နဲ့ကိုယ့်အတွက်အရေးမပါတဲ့ကိစ္စဆိုသွားပြီး overthinking လုပ်မနေနဲ့၊နောက်တစ်ခုရှိတာကစိတ်ကိုအနားပေးတတ်ဖို့လိုတယ်။လမ်ူလျှောက်တာတို့အားကစားလုပ်တာတို့ဘာမှမတွေးပဲထိုင်နေတာတို့အဲ့လိုမျိုးဘာဆိုဘာမှခေါင်းထဲမထားပဲ နေတတ်ဖို့လဲလိုအပ်တယ်။ပျင်းဖို့ကောင်းတယ်ထင်ရပေမယ့် တကယ်ဆိုကိုယ့်ရဲ့ညဏ်‌ရည်အတွက်အရမ်းအရေးကြီးတဲ့အလေ့အကျင့်တစ်ခုပေါ့။ YouTube မှကိုးကားရေးထားခြင်းဖြစ်ပါသည်။ Crd To YouTuber Chris Levi #Dee

Hi Deeကိုမှတ်မိကြ‌ သေးလားမတွေ့တာလဲအတော်ကြာပြီ‌‌ပေါ့ အကြောင်းအမျိုးမျိုးကြောင့် ဒီးရဲ့ Channel လေးတွေကိုပစ်ထားမိခဲ့ပါတယ်နောက်လဲထပ်ပြီးပစ်ထားရအုံးမယ်ထင်ပါတယ်ကျောင်းတွေလဲဖွင့်တော့မယ်ဆိုတော့လေ။ ဒါပေမယ့် ကျောင်းပိတ်ရက်လက်ကျန်အချိန်လေးတွေမှာ ဒီး စိတ်အဆင်ပြေတဲ့အခါ ၊အားတဲ့အခါမျိုးလေးတွေမှာတော့ Content လေးတွေရေးတင်‌ဖြစ်မယ်ထင်ပါတယ်။ ကဲ အခုတော့ ဒီး လေးစားအားကျရတဲ့ YouTuber တစ်ယောက် IQမြင့်စေမယ့်အလေ့အကျင့်(၅)ခုဆိုတဲ့ ဗီဒီယိုလေးကိုကြည့်ဖြစ်ခဲ့တယ်။ ဒီဗီဒီယိုထဲကနေမှ အဓိကအချက် လေး တွေကိုပြန်ကိုးကားပြီး Content တစ်ပုဒ်ကူးရေးလိုက်ပါတယ်။မသိသေးတဲ့သူတွေရှိရင်လဲ အလွယ်တကူ ဖတ်နိုင်ဖို့ပါ။ IQ မြင့်စေမယ့်အလေ့အကျင့် (၅) ခု
No 1 ပြင်ပကအသံတွေမပါပဲတွေးခေါ်ပါ။
Neurosciemce အရလူတွေရဲ့အတွေးအခေါ်ကပြင်ပကအသံတွေမပါပဲအလုပ်လုပ်ရတဲ့အခါဆိုဦးနှောက်ကပိုပြီးတော့အစွမ်းထက်တယ်။အကြံညဏ်ကောင်းတွေပိုရတယ်။ရေရှည်တွေးခေါ်နိုင်စွမ်းပိုကောင်းလာတယ်။Albert Einstein ရဲ့မှတ်ညဏ်လေ့ကျင့်နည်းတွေထဲမှာဒီတစ်ခုကနာမည်အကြီးဆုံး တစ်ခုပေါ့။ Albert Einstein ကစားပွဲမှာထိုင်ပြီး mathematics equations တွေဘဲထိုင်တွက်လေ့ရှိတယ်ဆိုပေမယ့်သူကအားလပ်ချိန်မှာဆိုရင် လမ်းလျှော့က်ရင်း အတွေးလေ့ရှိတယ်။ ငါဒါကိုပြောင်းလဲလိုက်ရင်ဘာဆက်ဖြစ်မလဲ? အလင်းရဲ့အမြန်နှုန်းနဲ့ခရီးထွက်လို့ရမလား? အာကာသကြီးကအဝတ်စတစ်ခုလိုကွေးနေတာလား? အဲ့လိုမျိုးပေါ့ Albert Einsteinကဘာမှမလုပ်ပဲလမ်းပတ်လျှောက်ပြီးအတွေးများတဲ့သူလို့လဲနာမည်ကြီးတယ်။ဆိုတော့ကိုယ်ကညဏ်ထက်ချင်တယ်အတွေး‌ပခေါ်ကောင်းချင်တယ်ဆိုနေ့စဉ် ပုံမှန်ပြင်ပကအသံတွေမပါပဲကိုယ့်အတွေးနဲ့ကိုယ်နေကြည့်ဘာဆိုဘာမှမလုပ်ပဲကိုယ့်အတွေးနဲ့ကိုယ်နေကြည့်။
No 2 အခက်အခဲကိုခံစားပြီးမှအကူအညီယူ
ညဏ်အရမ်းကောင်းတဲ့သူတ္ကေအခက်အခဲတစ်ခုကြုံလာပြီဆိုချက်ချင်းအကူအညီယူလေ့မရှိဘူး ဒါကဘာကိုပြောချင်တာလဲဆို ဉပမာ- ကျောင်းကဆရာမကအရမ်းခက်တဲ့သခ်ျာစာတစ်ပုဒ်ကိုအိမ်စာပေးလိုက်တယ်ပဲထား ပုံမှန်ကျောင်းသားအနေနဲ့အိမ်စာမြန်မြန်ပြီးချင်လို့ဆိုပြီးChat GPT ကိုသွားမေးလိုက်မှာပေါ့အဲ့လိုဆိုအိမ်စာချက်ချင်းပြီးတယ်။ ဒါပေမယ့်ညဏ်အရမ်းကောင်းပြီးထက်မြက်တဲ့ကျောင်းသားတွေကကြတော့သူတို့ဘာသာသူတို့အရင်တွက်ကြည့်တယ်။အဖြေရှာကြည့်တယ်။ခဏခဏဏခဏကြိုးစားကြည့်တယ်။နောက်ဆုံးမရတော့မှ Ai ကိုသွားမေးတယ်။ ကျောင်းသားနှစ်ယောက်ကAiကိုသုံးတာချင်းအတူတူပဲ ဒါပေမယ့်အလေ့အကျင့်ပဲကွာသွားတာ။ကိုယ့်ရဲ့ဦးနှောက်ကအခက်အခဲတွေကိုကြိုးစားပြီးအဖြေရှာရတယ်ဆိုရင်ဦးနှောက်စွမ်းရည်ကသူ့အလိုလိုမြင့်တက်လာလိမ့်မယ်။ဒီလောက်ထိရှိတဲ့အခက်အခဲကိုမရရအောင်ဖြေရှင်းဖို့လုပ်ရင်ဒီလောက်ထိရှိတဲ့ညဏ်ရည်ရလာမယ်။ဒါမှမဟုတ်ဒီလောက်ပဲကြိုးစားရင်ဒီလောက်ပဲညဏ်ရည်ရလာမယ်။
No 3 အပျင်းပြေစာရေးကြည့်
လူအများစုကစာအုပ်ထဲချရေးရင် မှတ်မိလောက်ဖို့ကိုပဲစာကိုချရေးကြတယ် ဒါပေမယ့် အတွေးအခေါ်ကောင်းတဲ့သူတွေကသူတို့စိတ်ကြည်ဖို့အတွက်စာရေးကြတယ်။ Leonardo De Vinci ဆိုရင်သူ့စိတ်ထဲပေါ်လာသမျှကိုစာအုပ်ထဲချရေးကြည့်တယ်။မေးခွန်းတွေ ၊idea တွေ၊ diagramsတွေ၊ physic equations တွေ၊ အစရှိတဲ့သူ့အတွေးအခေါ်အကုန်လုံးကိုချရေးလေ့ရှိတယ်။ဒါတင်မကဘူးAlbert EinsteinလဲအတူတူပဲAlbert Einsteinရဲ့စားပွဲဆိုအမြဲတမ်းရှုပ်ပွနေပြီးတော့အတွေးအခေါ်မှန်သမျှချရေးထားတဲ့ စာရွှက်တွေအပုံလိုက်ရှိတယ်။ဒီအလေ့အကျင့်ကဘာလို့ညဏ်ရည်ကို ဖွံ့ဖြိုးစေတာလည်းဆိုတာနဲ့ပတ်သက်ပြီး Princeton university နဲ့ UCLAရဲ့ Studies တွေရှိတယ်။ ကိုယ်ကအတွေးအခေါ်တိုင်းကိုလက်နက်ချရေးတဲ့အခါကိုယ့်ရဲ့နားလည်နိုင်စွမ်းက စာအုပ်ဖတ်ပြီးလေ့လာတာတို့အမြင်အာရုံနဲ့လိုက်ကြည့်ပြီးလေ့လာတာတို့ထက်အများကြီးပိုသာတယ်။ကိုယ့်ရဲ့အတွေးတိုင်းကိုလက်နဲ့ချရေးတဲ့အခါဆိုလွတ်နေတဲ့နေရာတို့လိုအပ်ချက်ရှိနေတဲ့နေရာတို့ပြုပြင်ရမယ့်နေရာတို့ အစရှိတဲ့နေရာတွေအကုန်လုံးကို ကွဲကွဲပြားပြားသိလာလိမ့်မယ်။အချိန်ကြာလာတဲ့အခါ ကိုယ့်ရဲ့အတွေးကတိတိကျကျနဲ့ပိုပြီးပြည့်စုံလာလိမ့်မယ်။
No 4 မှတ်ညဏ်လေ့ကျင့်ခန်း
ကိုယ်ကဘယ်လောက်ထိမှတ်မိနိုင်လဲဆိုတာတင်မကသေးဘူး။ဘယ်လောက်ထိမြန်မြန်ဆန်ဆန်တွေးခေါ်နိုင်လဲဆိုတာကလဲအရေးကြီးသေးတယ်။တစ်ချို့လူတွေကအကြောင်းအရာတွေအများကြီးကိုသိထားပြီးတော့အရေးကြုံလာတဲ့အခါဆိုရင်ချက်ချင်းအသုံးမချနိုင်တာမျိုးရှိတယ်။ ဉပမာ - ကိုယ်ကစာကျက်ထားရဲ့သားနဲ့ စာမေးပွဲခန်းထဲရောက်ရောအကြောင်းအရာတစ်ခုကိုအကြာကြီးပြန်စဉ်းစားနေရတာမျိုးပေါ့။ အဲ့လိုမျိုးမဖြစ်အောင် အတွေးအခေါ်ကိုမြန်ဆန်အောင်လေ့ကျင့်လို့ရတဲ့နည်းရှိတယ်။ Step 1 အကြမ်းအဖျင်းနားလည်အောင်လုပ် Step 2 အပိုင်းခွဲပြီးတစ်ပိုင်းချင်းစီမှတ်မိအောင်လေ့ကျင့် လူအများစုကတစ်ခုခုကိုလေ့လာရင် အကုန်လုံးကိုရောသမမွှေပြီး မှတ်လေ့ရှိတယ်။အဲ့လိုမလုပ်နဲ့။ ဉပမာ - ကိုယ်က ကျောင်းမှာ presentation လုပ်မယ်ဆိုရင် Hook အရင်လာမယ်။ပြီးရင် intro လာမယ်။ပြီးရင် context လာမယ်။ ပြီးရင် thesis statement လာမယ်။ပြီးရင် Outro လာမယ်။အဲ့လိုအပိုင်းပိုင်းစီခွဲစိတ်ပြီးမှသာတစ်ပိုင်းချင်းစီကိုသေချာပြင်ဆင်

ကိုယ့်ကိုယ်ကို စတင်ပြောင်းလဲချင်တဲ့အခါ motivation ပေါ်မူတည်ပြီး မသွားပါနဲ့ Motivation ဆိုတာ ရာသီဥတု လိုပဲ နေသာလိုက် မိုးရွာလိုက် တိမ်ထူလိုက်နဲ့ တစ်နေ့တစ်မျိုး ပြောင်းလဲနေမှာ ဒါကြောင့် သေချာခိုင်မာတဲ့ အရိုးရှင်းဆုံး အသေးစား စီမံကိန်းတွေနဲ့ စတင်ကြည့်ပါ (ဥပမာ) • ရက် ၃၀ discipline challenge • ရက် ၆၀ skill upgrade project • ရက် ၁၀၀ identity transformation plan အချိန်တိုင်း motivate ဖြစ်နေဖို့ မလိုဘူး ဒါပေမဲ့ ပုံမှန် action ယူနေဖို့တော့ လိုတယ် အရင်ဆုံး small mission လေးတွေကို ပြီးမြောက်အောင်လုပ်ရင်း identity shift ဖြစ်အောင်လုပ်ကြည့်ပါ အများစု fail ဖြစ်တဲ့အကြောင်းရင်းက talent မရှိလို့ မဟုတ်ပဲ random ဖြစ်နေလို့ပါ Direction ရှိတဲ့ effort က slow ဖြစ်နေရင်တောင် တဖြည်းဖြည်း life ကို ပြောင်းသွားစေတယ် Small daily actions become a completely different version of you. Crd #Dee

သင်္ကြန်ရေက ပြင်ပကို ဆေးကြောပေးတယ်။ နှစ်သစ်က အတွင်းကို ဆေးကြောဖို့ ဖိတ်ခေါ်တယ်။ သင်္ကြန် ရောက်ပြီ။ ရေ ပက်ကြတယ်။ ကခုန်ကြတယ်။ ပျော်ရွှင်ကြတယ်။ ဒါ ကောင်းတယ်။ ဒါ လိုအပ်တယ်။ ဒါပေမယ့် သင်္ကြန်ရဲ့ တကယ့် အနှစ်သာရက ရေပက်တာ မဟုတ်ဘူး။ ဆေးကြောတာ။ ပြင်ပကို ဆေးကြောတာ လွယ်တယ်။ အတွင်းကို ဆေးကြောတာ ခက်တယ်။ နှစ်ဟောင်းမှာ ဘာတွေ စုပုံခဲ့လဲ။ အငြိုး စုပုံခဲ့တယ်။ ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေ အပေါ် ကြိတ်မှိတ် ခံထားခဲ့တယ်။ အပြစ်တင်မှု စုပုံခဲ့တယ်။ ကိုယ့်ကိုကိုယ် “ပိုကောင်းနိုင်ပါတယ်” ဆိုပြီး ရိုက်နှက်ထားခဲ့တယ်။ ကြောက်ရွံ့မှု စုပုံခဲ့တယ်။ ပြောင်းလဲချင်ပေမယ့် “မဖြစ်နိုင်ဘူး” ဆိုပြီး ရပ်ထားခဲ့တယ်။ ဒါတွေက နှစ်ဟောင်းရဲ့ ဖုန်တွေပါ။ ရေနဲ့ ဆေးလို့ မရဘူး။ သတိနဲ့ပဲ ဆေးလို့ ရတယ်။ ဗုဒ္ဓက ဟောကြားခဲ့ပါတယ် “အတိတ်ကို မလိုက်ပါနဲ့ အနာဂတ်ကို မတမ်းတနဲ့ ပစ္စုပ္ပန်ကိုသာ ကောင်းစွာ နေပါ” နှစ်သစ်ဆိုတာ calendar ပြောင်းတာ မဟုတ်ဘူး။ ကိုယ့်ထဲက ပြောင်းတာ။ Calendar ပြောင်းပေမယ့် ကိုယ့်ထဲက မပြောင်းရင် နှစ်ဟောင်းကို နှစ်သစ် နာမည်နဲ့ ထပ်နေတာပါပဲ။ Marcus Aurelius က ပြောခဲ့ပါတယ် “Very little is needed to make a happy life; it is all within yourself, in your way of thinking.” ပျော်ရွှင်တဲ့ ဘဝအတွက် အများကြီး မလိုဘူး။ ကိုယ့်ထဲမှာ ကိုယ့် အတွေးထဲမှာ အကုန် ရှိတယ်။ နှစ်သစ်မှာ ဘာ ပြောင်းမလဲ ဆိုတာထက် ဘာ လွတ်ချမလဲ ဆိုတာ ပိုအရေးကြီးတယ်။ ချသင့်တဲ့ အရာတွေ ရှိတယ်။ ကိုယ့်ကို နာကျင်စေခဲ့တဲ့သူအပေါ် အငြိုး ချပါ။ ဒါ သူ့အတွက် ချတာ မဟုတ်ဘူး။ ကိုယ့်အတွက် ချတာ။ ကိုယ့်ကိုကိုယ် အပြစ်တင်နေတဲ့ အသံ ချပါ။ ကိုယ် လုံလောက်ပါတယ်။ ကိုယ် ဒီတိုင်းလည်း တန်ဖိုးရှိပါတယ်။ “ဖြစ်နိုင်မှာ မဟုတ်ဘူဆိုတဲ့ ယုံကြည်ချက် ချပါ။ ကိုယ် မစမ်းရသေးတာနဲ့ မဖြစ်နိုင်တာ မတူဘူး။ ခွင့်လွှတ်ပါ။ ကိုယ့်မိဘတွေကို ခွင့်လွှတ်ပါ။ တခြားသူတွေကို ခွင့်လွှတ်ပါ။ ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်ပါ။ တောင်းပန်ပါ။ တောင်းပန်သင့်တဲ့ လူတွေကို စိတ်ထဲကတောင် တောင်းပန်ပါ။ ယူသင့်တဲ့ အရာတွေလည်း ရှိတယ်။ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ခြင်း ယူပါ။ ကိုယ့်ကို နာကျင်စေခဲ့တဲ့သူကို ခွင့်လွှတ်ခြင်း ယူပါ။ ကိုယ့်ဘဝအတွက် အပြည့်အဝ တာဝန်ယူခြင်း ယူပါ။ နှစ်ဟောင်းရဲ့ အမှိုက်တွေကို လွတ်ချပါ။ နှစ်သစ်ရဲ့ အလင်းကို ယူပါ။ သင်္ကြန်ရေက ခန္ဓာကိုယ်ကို ဆေးကြောပေးပါတယ်။ နှစ်သစ်ရဲ့ သတိက စိတ်ကို ဆေးကြောပေးပါတယ်။ မြန်မာ့ နှစ်သစ် အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ Phyo Paing @ Derek #Dee #drphyopaing #Crd

Repost from Mystic Aura
Hello 👋🏻 Tarot သင်ချင်တဲ့သူတွေရှိကြလား ပညာဒါန ဖွင့်ပေးရင်ကောင်းမလား‌စဉ်းစားနေတာ free ဆိုတော့ ပေါ့ကြမှာဆိုးနေတယ် Vote များရင်ဖွင့် ပေးမယ်
Anonymous voting

နောက်ကျနေပြီလားလို့ ရပ်လိုက်ချင်တဲ့နေ့ရက်တွေ ရှိလာခဲ့ရင်တောင်... ဒီအထိရောက်လာခဲ့ပြီမလို့ ဆက်ကြိုးစားကြည့်ရမယ်စိတ်နဲ့ ဆက်သွားနေခဲ့တယ်။ တကယ်တော့ လွယ်ကူနေတာမဟုတ်ဘူးပေါ့ အမြဲတင်းထားရတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကလေ အရမ်းသန်မာနေခဲ့တာမဟုတ်လည်း ကိုယ့်ကိုယ်ကိုယ် သန်မာဖို့ ကျင့်ယူခဲ့ရတဲ့ နေ့ရက်တွေပေါ့... ဖြည်းဖြည်းချင်းနဲ့ နည်းနည်းဆီ ရောက်လာမှာပါ။ ဖြစ်ချင်တာတွေကို အမြန်ဆုံး ကိုယ်ဟာ ရယူဖို့ အင်အားမရှိဘူးရယ်... ဒါပေမယ့် နည်းနည်းချင်းတော့ ကိုယ်ကလည်း ရယူနိုင်မယ်လို့ ယုံကြည်ပါတယ် ။ အမြဲနောက်ကျနေတဲ့သူဖြစ်နေနိုင်တယ်။ ဒါပေမယ့် ကိုယ်ဟာ အမြဲရောက်အောင် သွားနိုင်ခဲ့သူလည်း ဖြစ်ခဲ့ချင်တယ်။ အဲဒါကြောင့် ဆက်ပြီး ကြိုးစားကြည့်ချင်သေးတယ်။ #Dee #လင်းနန် #Crd

Repost from Mystic Aura
🔮Collective Reading (1 လစာ) ပညာရေး၊အချစ်ရေး ၊လူမှုရေး၊စီးပွားရေး၊ကျန်းမာရေးအကုန်ကြည့်ပေးပါမယ်။ Tarot အပြင် Numerology နဲ့ပါတွက်ပေးမှာပါ။ Price - 20000Ks သက်ြန်ပရိုမိုးရှင်းအနေနဲ့ 15000ကျပ် နှင့်လာရောက်မေးမြန်းနိုင်ပါပြီ။ ပရိုမိုးရှင်းကာလ သက်ြန်ပြီးတာနဲ့ 20000ပြန်ဖြစ်ပါမယ်။ DM မှာ Booking ကြိုတင်ထားနိုင်ပါပြီနော် ။လူဦးရေအကန့်အတန့်ရှိပါတယ်ဗျ ။ ပထမဦးဆုံး1ဦးလာမေးတာနဲ့ Channel မှာ Free Reading လုပ်ပေးပါမယ်ဗျ။ အသေးစိတ်သိချင်သေးရင် DM လာပါ။ သက်ြန်မပြီးခင် 15000 Ks နဲ့ Booking ကြိုတင်ချင်ရင် DM လာပါ။ @Dee_fav_15 #Dee

လူတိုင်းလူတိုင်းက နေ့စဉ်နှင့်အမျှ စိတ်ဖိစီးမှုတွေ၊ပင်ပန်းမှုတွေ၊အတွေးများတာတွေ နဲ့တစ်နေ့တာကိုကုန်ဆုံးကြတာများတယ် ၊အလုပ်တွေပိ၊စာတွေပိတော့ ကိုယ့်ကိုကိုယ်ဂရုမစိုက်ဖြစ်တော့ဘူး၊တဖြည်းဖြည်းနဲ့ဘဝကြီးကငြီးငွေ့စရာကောင်းလာတယ်။ မအောင်မြင်တဲ့အခါကိုယ့်ကိုယ်ကိုသူများနဲ့နှိုင်းယှဉ်မိလာတယ်။ ကိုယ်ကိုယ်တိုင်လဲကြုံဖူးတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဒီနှိုင်းယှဉ်ခြင်းဆိုတဲ့ထောင်ထဲကနေလွတ်မြောက်ဖို့ နည်းလမ်းတစ်ခုကိုရှာတွေ့ခဲ့တာပဲ။ ပထမဦးဆုံးကိုယ်ကိုကိုယ်ဆန်းစစ်ကြည့်တယ် ။ ငါအတွေးများနေတာနဲ့အလဟသာဖြစ်သွားခဲ့တဲ့အချိန်တွေဟာဘယ်လောက်တောင်များနေခဲ့ပြီလဲ ? ကိုယ့်ကိုယ်ကိုတိုးတက်အောင်ရောငါဘာတွေလုပ်ပြီးခဲ့ပြီလဲ? ဒီလိုမျိုးမေးခွန်းတွေမေးဖြစ်ခဲ့လိုအဖြေတွေဟာရှင်းရှင်းလင်းလင်းပေါ်လာတယ်။ လုပ်စရာရှိတဲ့အလုပ်တွေအားလုံးကို Note ထဲအကုန်ချရေးလိုက်တယ်၊ဘယ်အရာကအရေးကြီးလဲ ထဘယ်ဟာကအရေးမကြီးတာတွေလဲဆိုတာထပ်ခွဲလိုက်တယ်။
Planစဆွဲတယ် ။ -မနက်ပိုင်း စာဖတ်မယ်။(၁၅မိနစ်) -Vocabulary လေ့လာမယ်(၅လုံး) - တစ်‌နေ့လုံးရေ၈ခွက်ပြည့်အောင်သောက်မယ် ။ နောက်တစ်ပိုင်းကကိုယ့်ရဲ့ Career ပိုင်း။ မနက်ပိုင်းကိုသေး‌သေးလေးကနေစတယ် ။အရင်ကအလုပ်တွေများပြီးအဲ့သေးသေးလေးတွေကိုဂရုစိုက်ဖို့မအားခဲ့ဘူး။ဒါပေမယ့်ဒီလို မေးခွန်းမေး၊ Plan တွေဆွဲလိုက်တဲ့အခါ အနားယူဖို့အချိန်တစ်ခုရလာတယ်။
ဒါ့ကြောင့် လူတိုင်းလူတိုင်းအတွက် Time Management နဲ့ Mind Management ကအရမ်းအရေးကြီးတယ်။ ဒါ့ကြောင့်အချိန်ကို အကျိုးရှိရှိအသုံးချတတ်ကြဖို့တိုက်တွန်းချင်ပါတယ်။သူများနဲ့နှိုင်းယှဉ်ပြီးအချိန်ကုန်မခံပါနဲ့ သူကသူကိုယ်ကကိုယ်တူမှမတူပဲ၊ အလုပ်တွေ၊ဖိအားတွေများလာတဲ့အခါ ကိုယ့်ကိုကိုယ်မေးခွန်းတွေမေးပြီး အရေးကြီးလား အရေးမကြီးဘူးလားဆိုတာခွဲခြားတတ်ပါစေ။ #Dee

Hello Channel အသစ် သိချင်ဝင်ကြည့် https://t.me/FluentUp_StudyEnglish #Dee

Hello everyone မတွေ့တာလည်းတော်တော်ကြာလှပါပြီ ။ ခုရက်ပိုင်းတွေဒီးလုံးဝမအားပါဘူး နွေရာသီကျောင်းပိတ်ရက်လေးမှာ လေ့လာစရာရှိတာလေးတွေလေ့လာနေရင်းနဲ့တင်ချိန်ကုန်နေတော့ Channel ဘက်ကိုသိပ်မလှည့်ဖြစ်ဘူး ။ မီးကလဲမလာ ဖုန်းအားကလည်း တစ်နေ့တစ်နေ့မလောက်ငှသလိုဖြစ်နေတော့အရေးကြီးတာတွေပဲလုပ်ဖြစ်တယ် ။ တော်ပြီတော်ပြီလိုရင်းကိုပဲပြောပါတော့မယ် ။ ဒီးရဲ့Subscriber လေးတွေက လွန်ခဲ့တဲ့ လတွေတုန်းကStudy Challenge လေးလုပ်ပေးဖို့ တောင်းဆိုလာကြသေးတယ်ဒါပေမယ့်မအားတာနဲ့မလုပ်ပေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့အကောင်အထည်ဖော်ပါတော့မယ်။ ဒီတစ်ခါ Challenge ကတော့ free ပါ အခမဲ့ ပေါ့။ Free ဆိုပေမယ့်လဲဒီးက အားလုံးကိုအချိန်ဇယားဆွဲပေးဖို့ မအားပါဘူး။ ဆိုတော့ ဘယ်လိုစီစဉ်ထားလဲဆိုတာတစ်ချက်ပြောပြမယ်။ အားလုံးလဲကြိုက်နှစ်သက်ကြမယ်လို့ထင်တယ် ။ စာလုပ်တာပဲမဟုတ်ဘဲ mental ပိုင်းနဲ့ပတ်သတ်ပြီးလဲလေ့ကျင့်လို့ရအောင် စီစဉ်ထားပါသေးတယ်။ အဲ့တော့ Study challenge မှာ ဘယ်လိုအရာတွေပါဝင်မှာလဲ ။
Dee က Task တွေကိုTopic အလိုက်ခွဲပေးထားမယ်။ • Daily task ( ဒီမှာကြတော့ တစ်နေ့တာလုံးမှာကွာကိုယ်စာဘယ်နှစ်နာရီလုပ်ဖြစ်သလဲ၊ ဘယ်လိုဘာသာတွေလုပ်ဖြစ်လဲ၊ ဒီစာနဲ့ပတ်သတ်ပြီးတော့ နားလည်ခဲ့တာမျိုးရှိရဲ့လား 1နာရီဆို 1နာရီလုပ်ဖညစ်ခဲ့တယ် ဘာညာဘာညာ အဲ့လိုလေး နေ့တိုင်းပို့ပေးရမယ် ။ ဒါကို 21ရက်တိတိလုပ်သွားနိုင်ရပါမယ် ။ကျောင်းပိတ်ရက်လည်းဖြစ်နေတော့ဖုန်းလေးတော့သုံးကြမယ်မလား ဒီစာလေးပို့ဖို့ 1မိနစ် 2မိနစ်လောက်ပဲ အချိန်ပေးရမှာပဲ ဒီးဘက်ကလဲအားရင်အားသလိုစစ်ပေးပါ့မယ်) • Meditation (ဒီမှာကြတော့ အားတဲ့လျိန်တိုင်း15မိနစ်ဖြစ်ဖြစ်တရားထိုင်ရမယ် ထိုင်ပြီးရင်ထိုင်ပြီးကြောင်း ဒီ Topic မှာလာပို့ပေးရမယ် ၁ပတ်ကို ၅ရက်လောက်ထိုင်ဖြစ်ရင်ကိုအဆင်ပြေပါတယ်။ ဘယ်ဘာသာဝင်တွေပဲဖြစ်ဖြစ် ဒီတိုင်းလေး ထိုင်ခုံပေါ်ထိုင်နေပြီးစိတ်ငြိမ်အောင်ဘာမှမတွေးပဲငြိမ်ငြိမ်လေးနေပေးလိုက်တာက meditation ပုံစံပါပဲ ဒါ့ကြောင့် ဘယ်ဘာသာဝင်မဆို Meditationကိုပြုလုပ်လို့ရပါတယ်။) • အတွေးပြောင်းခြင်းအစီအစဉ် ( ဒီမှာကြတော့ Dee တို့လူတိုင်းလူတိုင်းက နေ့စဉ်နေ့အမျှဟိုတွေးဒီတွေးလျှောက်တွေးနေတယ့်အတွေးလွန်ခြင်းကိုရင်ဆိုင်နေကြရမှာပါပဲ ။ဒါ့ကြောင့်လဲဒီးကဒီ Topic လေးကို ဖွင့်ပေးလိုက်တယ် ၊ အတွေးပြောင်းခြင်းဆိုတာက ပထမဦးဆုံး စာဖတ်သူက မကောင်းတဲ့အတွေးဝင်လာတယ်ကွာဒါကိုသတိကပ်ပြီး အဲ့ဒီမကောင်းတဲ့အတွေးအစားကောင်းတဲါအတွေးကိုပြောင်းလဲလိုက်တာမျိုးပါ။ အဲ့တော့ ဒီ Topic မှာဘာလုပ်ရမလဲဆို ဒီနေ့ မကောင်းတဲ့အတွေးအစားကောင်းတဲ့အတွေးတွေကိုသတိကပ်ပြီး ပြန်ပြောင်းတွေးဖြစ်ခဲ့လား ဆိုတာကို ဒီမှာလာပြောရမယ်။ ကြိုက်တဲ့အချိန်ပြောပါ။ ဘယ်‌ရက်ပဲဖြစ်ဖြစ် ကိုယ်ကောင်းတဲ့အတွေးတွေတွေးဖြစ်ခဲ့လားအမြဲတမ်းလာလာပြော ၊ တကယ်တော့ ဒီးတို့တွေးလိုက်တဲ့အတွေးတွေတိုင်းက Mental plan လို့ခေါ်တဲ့ကမ္ဘာတစ်ခုမှာ တွေးလိုက်တဲ့အတွေးတိုင်းက ပေါ်လာ‌တယ်ပေါ့နော်အဲ့ဒီအရာကိုအမြဲတမ်းတွေးလေလေ အဲ့ဒီကမ္ဘာမှာ ကိုယ်တွေးလိုက်တဲ့အရာက ကြီးသထက်ကြီးလာလေလေဖြစ်တယ်။ဒါကစာအုပ်တစ်အုပ်မှာဖတ်ဖူးတာပါ။ နည်းနည်းမေ့တော့မေ့နေပြီ ။ ဒါ့ကြောင့်အတွေးတွေကိုဂရုစိုက်ဖို့လိုပါတယ် မကောင်းတာတွေးရင်မကောင်းတာဖြစ်မယ်။ ကောင်းတာတွေးရင်ကောင်းတာဖြစ်ပါမယ်။)
 Task တွေများသွားမှာဆိုလို့ 3မျိုးပဲလုပ်သွားကြမယ်ပေါ့နော် ဒီ 3မျိုးလုံးကို 21ရက်ပြည့်တဲ့အထိ ကြိုးစားသွားကြမယ်။ Study challenge မှာ ကျောင်းသားတွေတင်မကပဲတခြားသော language လေ့လာသူတွေ တခြား ဘာသာရပ်တွေလေ့လာနေသူတွေလဲပါဝင်လို့ရပါတယ်။ ကျေးဇူးပါအဆုံးထိဖတ်ပေးကြ‌လို့ ဒီတစ်ခါမှာလဲ အားလုံး ပျော်ပျော်ရွှင်ရွှင် Active ဖြစ်ဖြစ်ပါဝင်ပေးကြမယ်လို့မျှော်လင့်ပါတယ် ။ ဒီ အောက်က link ကိုနိုပ်ပြီးပါဝင်နိုင်ပါပြီ။ https://t.me/+kBCyuD3j5foyYWI1 စမဲ့ရက် 10.4.2026 ပြီးမဲ့ရက် 30.4.2026 #dee

ခုရက်ပိုင်းချန်နယ် မှာဘာလေးတွေတင်ပေးရမလဲ #Dee

ကျွန်နော့်မွေးနေ့လည်းရောက်ခါနီးပြီဆိုတော့ အားလုံးကိုလက်ဆောင်လေးပေးချင်ပါတယ်။ Link 🖇️ ကိုနိုပ်ပြီးဖတ်ပေးပါ https://t.me/Magic_sharing/79 #Dee

'I'm changing myself' နောက်ကျသွားလို့ဆောတီးပါ။ Day 1 ကျောင်းတွေလဲပိတ် နွေလည်းရောက်တော့လူတိုင်းပျင်းနေကြမှာပဲလေ နေပူပူကြီးထဲအလုပ်တွေလုပ်ရတော့ပင်ပန်းကြမှာပဲလေ ညလဲနောက်ကျမှအိပ် အတွေးတွေလွန်ရင်းတစ်နေ့တာကိုဖြတ်သန်းနေကြတော့ကျန်းမာရေးထိခိုက်မှာ ပေါ့ ၊ကိုယ့်ကိုကိုယ်လည်းလှည့်ကြည့်ပါအုံး မင်းရဲ့စိတ်ကလေးပင်ပန်းနေပြီ မင်းမျက်နှာလေးညိုးနွှမ်းနေပြီ မျက်ကွင်းတွေလဲညိုနေပါပြီ ။သနားပါတယ်မင်းကိုယ်မင်းပြန်ကြည့်ပါအုံး သူများအတွက်၊မိသားစုအတွက် နဲ့ကြိုးစားနေရတာ မင်းပင်ပန်းလှပြီ ။ အတွေးတွေမလွန်ပါနဲ့လေ၊ငပျင်းတစ်ယောက်လိုမနေပါနဲ့တော့၊ဖုန်းတွေကြည့်တာခနနားပြီး သဘာဝရဲ့အလှတရားကိုခံစားကြည့်ပါအုံးဗျာ ...... ကောင်းကင်ပေါ်က တိမ်အဖြူရောင်အလွှာလေးတွေကနူးညံ့တဲ့ဂွမ်းစလေးလိုပဲ အိစက်ညှပ်ညောနေမှာ လောကကြီးရဲ့အလှတရားကို တိမ်‌လွှာပေါ်မှာထိုင်ရင်းခံစားငေးမောနေတဲ့မင်းကိုယ်မင်းမြင်ယောင်ကြည့်လိုက်ပါ။ ငှက်ကလေးတွေရဲ့ တီတီတာတာသီချင်းဆိုသံများနဲ့ ‌မြစ်ချောင်းအင်းအိုင်တို့ရဲ့ရေစီးချောင်းသံ ငြိမ့်ငြိမ့်ငြိမ့်လေး ပြီးနောက်လူသားတို့ရဲ့နေ့စဉ်ဓူဝအလုပ်လုပ်နေပုံ ၊ ပျော်ရွှင်စရာမိသားစုရဲ့ပုံရိပ်‌များ‌ ကြောင်လေးတွေ၊ခွေးလေးတွေဆော့ကစားနေပုံ ချစ်စရာကောင်းတဲ့အနာဂတ်ကလေးလေးများရဲ့ပုံရိပ်ကလေးတွေ မြင်ယောင်ကြည့်လိုက်ပါ ၊ ပန်းခင်းလေးတွေနဲ့သစ်ပက်အိုကြီးဆီမင်းရောက်သွားတဲ့ပုံစံကို ပုံဖော်ကြည့်လိုက် သစ်ပင်အိုကြီးဟာ အသက်ရင့်နေပေမယ့် သန်မာကြံ့ခိုင်လှတယ် ဒီသစ်ပင်ကြီးက မင်းအတွက် နားခိုရာအရိပ်တစ်ခုလိုပဲနေပူထဲမှာ ချွေပျံနေတဲ့မင်းကို အအေးဓာတ်ပေးမယ့် သစ်ပင်ကြီးပေါ့ ။ မင်းလဲ ဒီသစ်ပင်ကြီးလို သန်မာကမယ် အခက်အခဲတွေကြားမှာပြုံးနိုင်ရမယ်လေ။ ဒီးရဲ့ English ဆရာ ဘုန်းဘုန်းပြော ခဲ့တဲ့ စကားလေးကိုပြောပြချင်ပါတယ်။ ကမ္ဘာကြီးကိုပြောင်းလဲဖို့မကြိုးစားပါနဲ့ မိမိကိုယ်ကိုပြောင်းလဲဖို့အရင်ကြိုးစားပါတဲ့။ ကမ္ဘာကြီးကိုကိုယ်တစ်ယောက်တည်းပြောင်းလဲနိုင်ရဲ့လားပြောင်းလဲချင်တယ်ဆိုရင်တောင်ကိုယ်ကခွန်အားရှိဖို့လိုတယ်လေကိုယ့်မှာခွန်အားတွေရောရှိရဲ့ လား မရှိသေးရင်ခွန်းအားတွေကိုအရင်ဖြည့်လိုက်ပါအုံးလေ။ -တစ်နေ့ကိုရေ၆ခွက်သောက်ပါ ။ - ကိုယ်မိသားစုနဲ့ပျော်ပျော်နေပါ။စိတ်ညစ်စရာရှိရင်တောင်ခနပဲတွေး နေ့တစ်နေ့ကို‌အကောင်းဆုံးဖြတ်သန်း -ဒီနေ့တစ်နေ့တော့စိတ်ကိုလွပ်လပ်ခွင့်ပေးရအောင်လေကိုယ်ကြိုက်တာကိုယ်လုပ်ကြမယ်လေ -စိတ်အပန်းပြေ‌သွားအောင်တရားထိုင်ကြမယ်လေ - ‌ဒီစာကိုဖတ် နေတဲ့အချိန်သွား၃၂ချောင်းပေါ်နေအောင်အားရပါးရပြုံးလိုက်ပါ။ မင်းရဲ့အပြုံးက ဆွဲဆောင်မှုတအားရှိနေမှာအသေအချာပဲ #Dee #Day 1 #I'm changing myself

‎ ‎ဒီလိုနဲ့ပဲ  မနက်ပိုင်း‌ လောက်မှာငါ့ကိုယ်ငါပြောင်းလဲခြင်းစာအုပ်ကိုပြန်ဖတ် mental ကော physic‌al ကော ပြန်လည်ဂရုစိုက်ဖြစ်ခဲ့တာပေါ့။ ‎ ‎ကဲစာဖတ်သူတို့ကောကိုယ့်ကိုကိုယ်ဂရုစိုက်ဖြစ်ကြရဲ့လား?ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ ‎ ‎ ‎မနက်ဖြန်ကစပြီး Challenge တစ်ခုလုပ်ကြမယ်လေ ‎ ‎ ‎Challenge နာမည်လေးက ‎ ‎ ‎"I'm changing myself "တဲ့ ‎ဆိုတော့ ပြောင်းလဲခြင်းရဲ့အခြေခံဖြစ်တဲ့ 'ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်း'ခေါင်းစဉ်နဲ့စကြတာပေါ့' ‎ ‎ ‎ဒီနေ့ post ကတော့ဒါပါပဲ ။ ‎ ‎အဆင်ပြေကြပါစေ။ ‎ ‎ ‎ဒီးရဲ့ post တိုင်းကို react လေးတွေ review လေးတွေပေးကြတဲ့သူတစ်ယောက်ချင်းစီကိုလဲကျေးဇူးတင်ပါတယ်။ ‎ ‎နောက်မှပြန်တွေ့ကြတာပေါ့။ ‎ #Dee #I'm changing myself #YFEK

‎ဒီနေ့တော့ စာရေးဆရာအံ့ဘုန်းခန့်ကျော်ရဲ့ငါ့ကိုငါပြောင်းလဲခြင်းဆိုတဲ့စာအုပ် လေးကို တတိယအကြိမ်ဖတ်ဖြစ်ခဲ့တယ် ‎ ‌‎ဒီစာအုပ်လေးဖတ်ဖြစ်တဲ့အခါတိုင်းမှာ ဒီလိုလေးအမြဲတမ်းတွေးမိတာ‌ပေါ့ ‎ ‎"ငါ တစ်နှစ်ပြီးတစ်နှစ်ကြီး လာပြီ အရင်ကတည်းက  နောက်တစ်နှစ်ရောက်ရင်ငါ့ကိုယ်ငါပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုကိုငါတကယ်ရော အကောင်အထည်ဖော်ခဲ့ရဲ့လား" ‎ ‎ဆိုပြီးတော့ပေါ့ တစ်နေ့နဲ့တစ်နေ့နိစ္စဓူဝ အလုပ်တွေလုပ်ကျောင်းပိတ်တော့လဲဟိုစပ်စပ်ဒီစပ်စပ် ဝါသနာပါရာတွေလေ့လာနေတာနဲ့အချိန်ကုန် ပင်ပန်းလာတော့လဲ အားတင်းထားရပြန်တယ် "ငါရကိုရမှာ"ဆိုတဲ့စိတ်နဲ့ 2025ကတည်းကဖိအားပေးပြီးကြိုးစားနေခဲ့တာအခုချိန်ထိပေါ့ 2025 ဒီဇင်ဘာ 31ရက်နေ့က ‎ ‎" ငါ 2026ရောက်ရင် ငါ့ကိုငါပြောင်းလဲမှဖြစ်တော့မယ် အရင်က Education ပိုင်းမှာအားနည်းခဲ့တာတွေ မိဘ တွေကိုတောင်အသိမပေးဖြစ်ခဲ့တဲ့  Content writer တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့ရတဲ့အချိန်တွေ , Internet line မရလို့ အခက်ခဲကြားထဲက  ရအောင်ကြိုးစားခဲ့တာတွေ, နေရာအတည်အကျမရှိဘဲ ဟိုပြေးဒီပြေးစစ်ဘေးရှောင်ဖြစ်ခဲ့တဲ့အချိန်တွေ ပြန်တွေးရင်း ‌......အော် 2026တောင်ရောက်နေပြီပဲ အခုချိန်ထိငါဟာ ငါ့ကိုငါမပြောင်းလဲနိုင်သေးဘူးဘဲ အတိတ်ထဲမှာပဲနစ်မြုပ်နေမိတုန်းပဲ" ‎ ‎ဆိုတဲ့အတွေးကတွေးမိလာပြန်တယ် 2025တုန်းကလဲဒီတိုင်းပဲတွေးခဲ့တာပဲလေ ‎ ‎ "When you love yourself you grow from the inside.you attract people who love respect and appreciate your energy everything starts with and how you feel about yourself Start feeling worthy , valuable life deserving of receiving the best life has to offer be magnetic" ‎ ‎-စာ‌ရေးဆရာအံ့ဘုန်းခန့်ကျော် ‎ ‎ကိုယ့်ကိုကိုယ်ပြောင်းလဲမယ်ဆိုရင် မိမိကိုယ်ကိုအရင်ဆုံးချစ်တတ်ဖို့လိုပါတယ်တဲ့  အပေါ်က  Quote လေးကိုဖတ်မိတော့ ကိုယ့်ကိုကိုယ်ပြန်လှည့်ကြည့်မိတာပဲလေငါဟာ တခြားသူတွေအတွက် အစွမ်းကုန်ကြိုးစားပေးနေသော်လဲ ကိုယ့်ကိုကိုယ်တောင်ပြန်မလှည့်ကြည့်မိခဲ့ပါလားလို့ တွေးမိတာပေါ့ ‎ ‎2025တုန်းက ဒီးမူးလဲတယ်ဆိုပြီးပြောခဲ့ပါသေးတယ်၊ အသက် 15နှစ်ဆိုတဲ့ အရွှယ်မှာ သေခြင်းတရားနဲ့ စက္ကန့်ပိုင်းလောက်ထိတွေ့မိသွားသလိုပေါ့ ၊ ဒါကိုအမေက ဖုန်းတွေကြည့်လွန်းလို့ဒီလိုဖြစ်တာတဲ့လေ။အမေမှမသိဘဲ ဒီဖုန်းလေးတစ်လုံးထဲမှာပဲ ဒီးရဲ့အလုပ်တွေကပုံနေခဲ့တာလေ ကိုယ်ကိုကိုယ်တိုင်ကဝါသနာပါလို့ ကြိုက်လို့ မလုပ်ရမနေနိုင်လို့ ဝါသနာပါရာ ‌‌ရှောက်လေ့လာရတာကြိုက်လွန်းလို့ကို ဒီဖုန်းလေးနဲ့မခွာနိုင်အောင်ဖြစ်နေရတာ ။ ‎ ‎ ‎ဒီလို‌နဲ့ 2026မှာပြောင်းလဲမယ် ငါ့ကိုယ်ငါဂရုစိုက်မယ် ပျော်ပျော်နေမယ်လို့ ကြွေးကြော်ခဲ့သေးတာသို့သော်လည်း   တစ်နေ့နဲ့တစ်နေ့ဖုန်းကြည့်၊အိပ်လိုက်၊စားလိုက်နဲ့အချိန်ကုန်နေခဲ့တယ်။ ‎ ‎ ‎"အဲလေ ....2026အစတုန်းကစိတ်အားထက်‌သန်‌တဲ့ငါကြီးဘယ်ရောက်သွားပါလိမ့်"လို့စိတ်ထဲက‌ကိုယ့်ကိုကိုပြောမိတယ်။ ‎ ‎G-9 စာမေးပွဲ ပြီးတဲ့နောက်ပိုင်းမှာအားအင်တွေကုန်ခမ်းသွားတယ် ၊ငိုခဲ့ရတဲ့ချိန်တွေလဲရှိတယ်။တကယ်တော့လေစာမေးပွဲကာလတုန်းကကိုယ့်ကိုကိုဖိအားပေးနိုပ်ဆက်ခဲ့ရတာ စာဖတ်သူတို့ကိုစာလုပ်နည်းတွေ၊စာမေးပွဲနီးရင်အိပ်ရေးဝဝအိပ်ပါဆိုတဲ့ content တွေ ရေးပေးနေပေမယ့် ဒီးကိုယ်တိုင်တောင် လက်တွေ့မလုပ်မိခဲ့တဲ့နည်းလမ်းအချို့ရှိခဲ့တယ် အမှားကြီးတစ်ခုကတော့ English ဖြေပြီးနောက်ပိုင်းကစလို့ 3နာရီလောက်ပဲအိပ်ဖြစ်ခဲ့တယ် ဒါကတော့အကြီးမှားဆုံးအမှားပေါ့ ကိုယ့်ကိုကိုဖိအားပေးနိုပ်ဆက်‌ခဲ့တော့ ကျောင်းပိတ်တဲ့အခါ စိတ်ကယောင်တိယောင်တောင် ဖြစ်လာတယ် မူမမှန်တော့ဘူး  စိတ်ကမူမမှန်ဖြစ်နေပေမယ့်လို့ ဒီးရဲ့ ဝါသနာ ကိုတော့မစွန့်လွတ်ခဲ့ပါဘူး လေ့လာတယ် content တွေတင်တယ်။ magic  နဲ့ထိတွေ့တယ်။ အပြင်ပိုင်း စာဖတ်သူတို့အမြင်မှာဒီးက တော်နေတယ် လို့မြင်နေကြမယ်ထင်တယ် တချို့စာဖတ်သူတွေကလဲငယ်ငယ်လေးပဲရှိသေးတာအဲ့လောက်တောင်လုပ်နိုင်တာအံ့ဩစရာပဲနော်တဲ့ ။ပြုံးမိတာပေါ့လေ ဒီလိုချီးကျူးသံတွေကြားတော့လဲ ကြိုးစားချင်စိတ်က သာမာန်ထပ်ပိုလာတယ်။ ‎ ‎အပြင်ပိုင်းပြုံးနေပေမယ့် အတွင်းစိတ်ထဲမှာတော့ဒီးဟာငတုံးတစ်ယောက်လိုပဲ ကိုယ့်ကိုကိုအပြစ်တင်နေခဲ့တယ် ။ ‎ ‎ ‎စိတ်အခြေအနေမူမမှန်တော့ ဒီအလုပ်တွေကနေခန Break မယ်ပေါ့ ။ဒါနဲ့ပဲ content ရေးတာနားလိုက်တယ် G-9 exam guide group ထပ်ဖွင့်ပြီး ဂျူနီယာတွေ  advice ပေးရတယ် ၊စာမေးပွဲစစ်ပေးပြီးနောက်ပိုင်း ဒီအလုပ်တွေကနေခန Break လိုက်တယ်ဒါ့ကြောင့်လဲဒီးက channel မှာ content တွေမတင်ဖြစ်တာပေါ့ magic channel မှာတော့ active ဖြစ်မိပါတယ်။ ‎ ‎ပေါ့ပေါ့ပါးပါးလေးပဲဖြတ်သန်းတယ်လေ့လာစရာရှိတာလေ့လာတယ် Tarot တွေဟောတယ် စိတ်ကိုပြန်ဂရုစိုက်ဖြစ်တယ် စိတ်ထွက်ပေါက်ရဖို့အတွက် Astral projection ကိုကျင့်တယ် ။ ‎ ‎ဟော်....သို့ပေမယ့်လဲ ဒီးဟာ mentalကိုဂရုစိုက်နေပေမယ့် physical ကိုဂရုစိုက်ဖို့မေ့နေပြန်ရော ရေ‌တောင်‌တစ်နေ့တစ်ခွက်‌ပြည့်အောင်မသောက်ဖြစ်ခဲ့ဘူးကျန်းမာရေးပိုင်းမှာဒုက္ခပြန်ရောက်