en
Feedback
Mindscape

Mindscape

Open in Telegram

Channel date-15.4.24 This channel offers a great place to explore literature, education, science, and a wide range of general knowledge topics. If you need any help, I’m here to help Bot - @Knowledge_by_bot

Show more
2 210
Subscribers
No data24 hours
-197 days
-9630 days
Posts Archive

မနက်ထတိုင်း Journaling လုပ်ပါ။ မနက်နိုးတာနဲ့ ကိုယ့်စိတ်ကို အရင်ဖတ်ပါ။ ခေါင်းထဲမှာရှိတာ ရေးချပါ။ ဘာကြောင့်လဲ။ ခေါင်းထဲမှာပဲ တွေးနေတဲ့အခါ အတွေးက အတွေးကို ထပ်မွေးတယ်။ ဒီကိစ္စပြီးရင် ဟိုကိစ္စ။ ဟိုကိစ္စပြီးရင် နောက်တစ်ခု။ အလုပ် ၁၀၀ ရှိသလို ခံစားနေရတယ်။ စာရွက်ပေါ် ချရေးလိုက်တဲ့အခါ ၁၀၀ မဟုတ်ဘူး။ ၁၀ ခုလောက်ပဲ ဖြစ်နေတာတွေ့မယ်။ ၁၀ ခုထဲမှာ အရေးကြီးတာ ၃ ခုလောက်ပဲရှိမယ်။ ၃ ခုထဲမှာ ဒီနေ့ မဖြစ်မနေလုပ်ရမှာ ၁ ခုပဲ ရှိနိုင်တယ်။ ဒါကြောင့် Journaling ဆိုတာ Diary ရေးတာသက်သက် မဟုတ်ဘူး။ Thinking Tool တစ်ခုဖြစ်တယ်။ James Pennebaker ရဲ့ Expressive Writing research ကစပြီး ရေးသားခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကြား ဆက်နွယ်မှုကို နှစ်ပေါင်းများစွာ လေ့လာခဲ့ကြတယ်။ နောက်ပိုင်း meta-analysis တစ်ခုမှာ လူပေါင်း ၄,၀၀၀ ကျော်ပါဝင်တဲ့ experimental studies ၃၁ ခုကို စုစည်းကြည့်တဲ့အခါ Expressive Writing က Depression၊ Anxiety နဲ့ Stress လက္ခဏာတွေကို အနည်းငယ် လျော့ကျစေနိုင်တာ တွေ့ရတယ်။ အကျိုးသက်ရောက်မှုက ကြီးကြီးမားမား မဟုတ်ဘူး။ ဒါပေမယ့် စာရွက်တစ်ရွက်၊ ဘောပင်တစ်ချောင်း၊ မိနစ်အနည်းငယ်နဲ့ ကိုယ့်အတွေးကို ပြန်ကြည့်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။ Computer ပေါ်မှာရေးရင်လဲ ရနိုင်ပါတယ်။ ကျွန်တော်ကတော့ Notion မှာ template ဆောက်ထားပြီးရေးပါတယ်။ Gratitude Journaling ကို လေ့လာတဲ့ randomized studies တွေမှာလည်း ကိုယ်ရထားပြီးသား ကောင်းတဲ့အရာတွေကို ရည်ရွယ်ချက်ရှိရှိ ရေးသားခြင်းက Positive Affect နဲ့ Well-being တချို့ကို တိုးတက်စေနိုင်တာ တွေ့ထားတယ်။ ဒါကြောင့် မနက်တိုင်း ဒီမေးခွန်း ၅ ခု ရေးကြည့်ပါ။ ၁။ အခု ငါ့စိတ်ထဲမှာ ဘာတွေရှိနေလဲ။ မကောင်းတာလည်း ရေး။ ကောင်းတာလည်း ရေး။ မဖုံးထားနဲ့။ ၂။ ဒီနေ့ ဘာအတွက် ကျေးဇူးတင်သလဲ။ သုံးခုလောက်ရေး။ အသက်ရှင်နေတာဖြစ်နိုင်တယ်။ ကျန်းမာနေတာဖြစ်နိုင်တယ်။ ကိုယ်ချစ်တဲ့သူရှိနေတာဖြစ်နိုင်တယ်။ ၃။ ဒီနေ့ အရေးကြီးဆုံးအရာက ဘာလဲ။ လုပ်စရာ ၂၀ မရေးနဲ့။ တစ်ခုရွေး။ ၄။ အခု ငါ စိုးရိမ်နေတာ ဘာလဲ။ ပြီးရင် မေး။ “ဒီထဲမှာ ငါထိန်းချုပ်လို့ရတာ ဘာလဲ?” ၅။ ဒီနေ့ကုန်သွားတဲ့အခါ ဘယ်လိုနေ့တစ်နေ့ဖြစ်ခဲ့ရင် ကျေနပ်မလဲ။ ဒါကို ရေးပြီးမှ နေ့ကို စပါ။ မနက်နိုးတာနဲ့ Journaling လုပ်ရင် ကိုယ့် Agenda နဲ့ ကိုယ့်နေ့ကို စတယ်။ အတွေးကို ခေါင်းထဲမှာပဲထားရင် အတွေးက ကိုယ့်ကို စီမံတယ်။ အတွေးကို ရေးချလိုက်ရင် ကိုယ်က အတွေးကို ပြန်စီမံနိုင်တယ်။ နေ့တစ်နေ့ကို Master လုပ်ချင်ရင် မနက်ခင်းမှာ ကိုယ့်စိတ်ကို အရင် Master လုပ်ပါ။ Toe Tet လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။ #toetet #Crd #Dee

Example #Dee
+1
Example #Dee

‎ ‎ဒါကြောင့် Metal အက်တမ်တွေ အများကြီး စုလိုက်တဲ့အခါ သူတို့ရဲ့ အပြင်ဘက် electron လေးတွေကို စွန့်ထုတ်လိုက်ကြပြီး "Electron ပင်လယ်ကြီး" (Sea of electrons / Delocalised electrons) တစ်ခု ဖြစ်ပေါ်လာတယ်။ ‎ ‎အဲ့ဒီ ထွက်သွားတဲ့ electron တွေ ကြောင့် ကျန်ခဲ့တဲ့ Metal အက်တမ်လေးတွေက Positive ions (Cations) လေးတွေ ဖြစ်သွားကြတယ်။ ‎ ‎  ဒီလို Floating ဖြစ်နေတဲ့ Negative electron ပင်လယ်ကြီးနဲ့ Positive Metal ions လေးတွေကြားမှာရှိတဲ့  electrostatic ဆွဲအား ကိုပဲ Metallic bond လို့ ခေါ်တာပါ။ ‎ ‎ဥပမာ - ကြေးနီကြိုး (Copper Wire) ဒါမှမဟုတ် သံချောင်း (Iron block) ‎ ‎သံချောင်းထဲမှာရှိတဲ့ သံအက်တမ် လေးတွေက သူတို့ရဲ့ electron တွေကို ဘုံမျှသုံးပြီး electron ပင်လယ်ထဲမှာ positive ion လေးတွေအဖြစ် သပ်သပ်ရပ်ရပ် စီတန်းနေကြတာပါ။ ဒါကြောင့်လည်း သတ္တု (Metal) တွေက လျှပ်စစ်စီးနိုင်တာ (electron တွေ ရွေ့လျားလို့ရလို့) နဲ့ ပုံသွင်းလို့ ရတာ ဖြစ်ပါတယ်။ #Dee #G-10 chemistry

‌‎Grade 10 Chemistry major time 🧪⚗️ ကျွန်နော်တို့ Grade -10 မှာ chemistry ရဲ့အဓိကကျတဲ့ bond လေးတွေအကြောင်းကိုသင်ရပါတယ် ။ ဒီ bond လေးတွေကလွယ်ပေမယ့်ရှုပ်ပါတယ် ။ဒါ့ကြောင့်ထပ်မရှုပ်တော့အောင် ကျွန်နော်မှတ်ထားတဲ့ မှတ်စုတွေထဲကကိုကားပြီး Content တစ်ပုဒ်ရေး‌ဖြစ်ပါတယ်။ ‎ ‎ဆိုတော့ လေ့လာကြမယ်မလား ? ‎ ‎Bond between atoms ‎ ‎Bond ဆိုတာက အက်တမ်တွေကြားမှာရှိတဲ့ ဆွဲအားလို့ ခေါ်ပါတယ်။ အဲ့ဒီ chemical bonds တွေကို - ‎1. Ionic bond ‎2. Covalent bond ‎3. Metallic bond ဆိုပြီး သုံးမျိုး ခွဲခြားနိုင်ပါတယ်။ ‎
‎(a) Formation of bond
‎ ‎Electronic structure မှာ Noble gases (He, Ne, Ar) တွေက အရမ်းကို stable ဖြစ်ပြီး တည်ငြိမ်တယ်။ ဘာနဲ့မှ ဓာတ်ပြုစရာ မလိုဘူး၊ ဘာနဲ့မှ မပေါင်းဘူး ("ချေမိုးမာနကြီးအဖွဲ့" လို့ မှတ်လို့ရတယ်)။ ‎ ‎သူတို့မှာ electron ဆုံးရှုံးတာ၊ ပေးရတာ၊ မျှသုံးရတာမျိုး မရှိဘူး၊ Compound လည်း မဖြစ်ဘူး။ အပြင်ဘက်ဆုံး ပတ်လမ်း (outermost shell) မှာ electron ၈ လုံး ပြည့်နေပြီးသားမို့လို့ပါ။ ‎ ‎ဒီ element တွေကလွဲရင် ကျန်တဲ့ element တွေက stable မဖြစ်တဲ့အတွက် စည်းလုံးပြီး stable ဖြစ်အောင်၊ molecules နဲ့ compounds တွေ ဖြစ်အောင် ဓာတ်ပြုကြတယ်၊ ပေါင်းကြတယ်။ ‎ ‎outermost shell မှာ electron ၈ လုံး ရှိဖို့ (ပြည့်ဖို့) လိုတယ်။ ဒါကြောင့် သူတို့တွေက တစ်လုံးနဲ့တစ်လုံး electron တွေကို ပေးတဲ့ဟာပေး၊ ယူတဲ့ဟာယူ၊ မျှသုံးတဲ့ဟာသုံး နဲ့ အပြင်ဘက်ဆုံး ပတ်လမ်းမှာ ၈ လုံး ပြည့်အောင် လုပ်ကြတယ်။ ဒီလို ၈ လုံး ပြည့်နေတာကို Octet rule (Octet electron) လို့ ခေါ်တယ်။ (Helium ရဲ့ outermost shell မှာတော့ electron ၂ လုံးပဲ ဝင်ဆံ့တာမို့လို့ ၂ လုံး ပြည့်တာကို Duplet လို့ ခေါ်ပါတယ်)။ ‎ ‎အဲ့လို atom တွေ ပေါင်းလိုက်တဲ့အခါမှာ atom နှစ်ခုကြားမှာ Chemical bonds လေးတွေ ဖြစ်ပေါ်လာပါတယ်။ ‎ ‎(ဥပမာ- Sodium (Na) ဆိုတဲ့ Metal နဲ့ Chlorine (Cl) ဆိုတဲ့ Non-metal ပေါင်းလိုက်တဲ့အခါ ဒီ atom နှစ်လုံးကြားထဲမှာ ဖြစ်ပေါ်လာတဲ့ ဆွဲအားလေးကို Bond လို့ ခေါ်တာပေါ့) ‎ ‎(b)Ions formation ‎ ‎အက်တမ်တစ်ခုက အီလက်ထရွန်ကို ပစ်ထုတ်လိုက်တာ ဒါမှမဟုတ် လက်ခံယူလိုက်တဲ့အခါ charge ဆိုတဲ့ (+ / -) ion လေးတွေ ဖြစ်ပေါ်လာတယ်။ ‎ ‎Metal  တွေက အီလက်ထရွန်တွေကိုပေးဖို့ဆန္ဒရှိတယ်  ပေးလိုက်ပြီဆို positive charge (+) (cation) လေးထွက်လာမယ်မှတ်ထားရမှာတစ်ခုက Metal မှန်ရင် cation ပဲ။ atom တစ်ခုမှာ electron လိုနေပြီဆိုရင်‌တော့ non metal ဆီကနေ ယူလိုက်တယ်။ ဒီလိုယူလိုက်ရင် negative charge (-)(anion)ဖြစ်ပေါ်လာပါတယ်။ ‎ ‎(1) Ionic bond (Metal + Non-metal) ‎ ‎Ionic bond ဆိုတာ Metal တစ်ခုနဲ့ Non-metal တစ်ခုကြားမှာ ဖြစ်တာပါ။ ‎ ‎Metal က electron ကို Non-metal ဆီ လုံးဝ ပေးလိုက်တယ် (Complete Transfer)။ ‎ ‎Electronကို ပေးလိုက်တဲ့ Metal   က Cation (+) ဖြစ်သွားပြီး၊ Electron ယူလိုက်တဲ့ Non-metal က Anion (-) ဖြစ်သွားတယ်။ ‎ ‎ဒီလို (+) နဲ့ (-) ဆန့်ကျင်ဘက် Charge နှစ်ခုကြားမှာရှိတဲ့ ပြင်းထန်တဲ့ ဆွဲအား (Electrostatic attraction) ကြောင့် ပူးကပ်သွားတာကို Ionic bond လို့ ခေါ်တယ်။ ‎ ‎ဥပမာ - စားပွဲတင်ဆား (NaCl) ‎ ‎Sodium (Na) ရဲ့ အပြင်ပတ်လမ်းမှာ electron ၁ လုံးပဲ ရှိတယ် ။ ‎ ‎Chlorine (Cl) ရဲ့ အပြင်ပတ်လမ်းမှာ ၇လုံး ရှိတယ် (၁ လုံး လိုနေတယ်)။ ‎ ‎Sodium က electron ၁ လုံးကို Chlorine ဆီ ပေးလိုက်တော့ Na⁺ နဲ့ Cl⁝ ဖြစ်သွားပြီး ဆား (NaCl) ဆိုတဲ့ Ionic compound ဖြစ်လာတယ်။ ‎ ‌‎(2) Covalent bond (Non-metal + Non-metal) ‎ ‎Covalent bond ကတော့ Non-metal အချင်းချင်း ပေါင်းစပ်တဲ့အခါ ဖြစ်တာပါ။ ‎ ‎Non-metal အချင်းချင်းကျတော့ ဘယ်သူမှ electron မပေးချင်ကြဘူး၊ အကုန်လုံးက ယူပဲယူချင်ကြတာ။ ‎ ‎ဒါကြောင့် ဘယ်သူမှ မနစ်နာအောင် electron ကို အတူတူ မျှသုံးကြတယ် (Sharing of electrons)။ ‎ ‎အတူတူ မျှသုံးထားတဲ့ electron စုံတွဲလေးတွေက atom နှစ်ခုလုံးကို တွဲချည်ထားသလို ဖြစ်သွားတာကို Covalent bond လို့ ခေါ်ပါတယ်။ ‎ ‎ဒီနေရာမှာ ‎ ‎atom နှစ်လုံးကြားက bond ဆိုတဲ့ဆွဲအားလေးကို intermolecular လို့ခေါ်ပါတယ်။ ‎ ‎အက်တမ်နှစ်ခုလုံးရဲ့ဆွဲအားကိုတော့ intramolecular လို့ခေါ်ပါတယ်။ ‎ ‎convalant Bond ကို molecular bond လို့လဲခေါ်ပါတယ်။ ‎(3) Metallic bond (Metal + Metal) ‎ ‎Matallic အပိုင်းကတော့ G-10 chemistry မှာမပါပေမယ့် knowledge အနေနဲ့သိရအောင်လို့ ပြောပြပေးထားပါတယ်။ ‎ ‎Metallic bond ကတော့ Metal အက်တမ်တွေ သီးသန့် အချင်းချင်း စည်းလုံးကြတဲ့အခါ ဖြစ်တာပါ။ ‎ ‎  Metal တွေရဲ့ သဘောက outermost shell မှာရှိတဲ့ electron တွေကို လွတ်လွတ်လပ်လပ် စွန့်ထုတ်ချင်ကြတာ။

Dear September 3th, 3.9.2026 ငါမျှော်နေတဲ့September 3ရက်နေ့ကိုရောက်လာခဲ့ပြီပဲ အပူပင်ကင်းကင်းနဲ့ September 3ရက်နေ့မနက်ခင်းလေးမှာ ငါနိုးထလာနိုင်ခဲ့လို့ကျေးဇူးတင်ပါတယ်... 3ရက်နေ့ကိုငါအရမ်းမြတ်နိုးတယ် ငါရဲ့မွေးနေ့ကလဲ April 3ရက်နေ့မလို့ပဲလေ ဘာပဲဖြစ်ဖြစ် ဒီ3 ဂဏန်းကိုသဘောကျတာ အကြောင်းပြချက်တော့ရှိတာပဲ,3ရက်နေ့တွေရောက်ရင်ငါပျော်တယ်။ ငါ အပျော်ဆုံး 3ရက် နေ့တွေထဲမှာ September 3ရက်နေ့လဲပါတာပေါ့ ... ဘာလို့ဆိုစက်တင်ဘာ3ရက်နေ့က ငါ့ကိုမနက်ခင်းကနေစ လို့ကောင်းသော စွမ်းအင်တွေကိုပေးနေသလိုပဲ... September 3ရက်နေ့ရဲ့မနက်ခင်းနေရောင်ခြည်သန်းသန်းလေးကယခင်နေ့တွေထက်ကိုလှပနေတယ်... ပန်းကလေးတွေကလဲ လှလှပပသန့်သန့်ရှင်းရှင်းဖူးပွင့်လာတယ်...ငါမြတ်နိုးတဲ့နေကြာပန်းသေးသေးလေးတွေကလဲလှပစွာဖူးပွင့်နေကြတယ်... September ရဲ့မနက်ခင်းလေပြည်က အေးစိမ့်စိမ့်ရယ်... ဒီလေပြည်ကြောင့်ငါ့ကိုအသက်ရှူချောင်စေတယ်... September ရဲ့ 3ရက်နေ့မနက်ခင်းငါနိုးထလာချိန်မှာ မနေ့က သောကတွေက အစအနမကျန်ပျောက်သွားခဲ့ပြီ... ဒီနေ့လေးမှာပျော်စရာအမှတ်တရလေးတွေငါကြုံပါရစေလို့ဆုတောင်းတယ်... ငါ့ဘက်ကလဲအတက်နိုင်ဆုံး လူတိုင်းကိုကူညီခြင်း၊ဖေးမခြင်း၊ကြင်နာခြင်း၊ကိုယ်ခြင်းစာခြင်း ,ကျေးဇူးတင်သင့်တဲ့အရာတွေကို ကျေးဇူးတင်ခြင်း, တွေနဲ့ ဒီနေ့လေးကိုဖြတ်သန်းသွားမယ်... စာအုပ်လေးတွေဖတ်မယ်...စာတွေရေးမယ်။ ငါပျော်တဲ့အရာလေးတွေ ...ငါလုပ်ချင်တဲ့အလုပ်တွေ ကို positive mindset လေးနဲ့ လုပ်သွားမယ်... စိတ်ညစ်စရာကြုံလာရင်တောင်ဒါတွေကခနပါပဲလို့တွေးရင်းအလှပဆုံးပြုံးရင်း လုပ်သင့်တဲ့အရာတွေကိုလုပ်နေလိုက်မယ်... ငါပြန်လိုချင်တာက ဒီ September ရဲ့ 3ရက်နေ့လေးမှာ ပျော်ရွှင်စရာအခိုက်အတန့်တွေနဲ့ပျော်ရွှင်စရာအမှတ်တရတွေ,တစ်သက်လုံးမမေ့နိုင်တဲ့အမှတ်တရတွေပါ... မင်းပေးနိုင်မယ်မလား September 3ရက်လေးရေ ...ငါ့ဘက်ကလဲမင်းကိုပျော်အောင် ထားသွားမှာပါ... ဒီနေ့လေးကငါ့အတွက်အမောပြေစေမယ့်နေ့လေးတစ်ခုဖြစ်လာမှာပါ... မိုးရွှာလို့ လအစကနေစပြီး မပေါ်လာတဲ့ကြယ်ကလေးတွေ ဒီနေ့ 3ရက်နေ့လေးမှာကြယ်ကလေးတွေထပ်ပေါ်လာဖို့ငါမျှော်လင့်နေပါတယ်... #Dee #September 3th

Dear September, မင်းဟာ ကျွန်တော် ပထမဦးဆုံး မြတ်မြတ်နိုးနိုး သဘောကျခဲ့ရတဲ့ လလေးမို့ မင်းနဲ့အတူ ကံကောင်းခြင်းတွေနဲ့ စိတ်၏အေးချမ်းခြင်းတွေကိုပဲ ဆုံတွေ့ချင်မိပါတယ်။ ဒီလလေးအတွင်းမှာ... ကိုယ်လျှောက်ချင်တဲ့ လမ်းကြောင်း၊ ပိုင်ဆိုင်ချင်တဲ့ ပုံရိပ်နဲ့ လေ့လာလိုတဲ့ ဝါသနာတွေကို လောဘ၊ ဒေါသ၊ မောဟ ကင်းကင်းနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ အဲဒီလို ငါ့ဘက်က အားသွန်ခွန်စိုက် ကြိုးစားနေချိန်မှာ မင်းဘက်ကလည်း နွေးထွေးတဲ့ ခွန်အားလေးတွေ ပြန်လည်မျှဝေပေးစေချင်တယ်။ ငါတစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရတဲ့ လတစ်ခုမဟုတ်ပေမဲ့ ဒီလလေးကို ရင်ထဲကနေ တကယ် သဘောကျမိတာပါ။ တရားလွန်တဲ့ အတ္တတွေ၊ မာနတွေကို ဘေးချလို့... ဖေးမကူညီမှု၊ ကြင်နာမှု၊ အကောင်းမြင်စိတ်တို့နဲ့အတူ ကိုယ့်စိတ်ကလေးကို အေးချမ်းအောင် စောင့်ရှောက်သွားမယ်။ တစ်ဖက်မှာလည်း ကြုံလာသမျှ အခက်အခဲမှန်သမျှကို ကျော်လွှားပြီး တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်သွားပါ့မယ်။ ကြိုဆိုပါတယ် စက်တင်ဘာ... ငါမပိုင်တဲ့ စက်တင်ဘာလလေးကို အကောင်းဆုံးသော ကြိုးစားမှုတွေ၊ အေးချမ်းမှုတွေ၊ ကံကောင်းခြင်းတွေနဲ့အတူ ဝမ်းမြောက်စွာ ကြိုဆိုလျက်...။ #Dee

Grade - 10 Chemistry Chapter 3 1 Mark တန်မေးနိုင်တာလေးတွေပါ။ စာအမေးကြမ်းတဲ့ Chemistry ဆရာမ လှလှလေးကြောင့် 1 Mark တွေဖြေနိုင်အ
+2
Grade - 10 Chemistry Chapter 3 1 Mark တန်မေးနိုင်တာလေးတွေပါ။ စာအမေးကြမ်းတဲ့ Chemistry ဆရာမ လှလှလေးကြောင့် 1 Mark တွေဖြေနိုင်အောင် ဖတ်နေရင်း Channel ထဲက Dee နဲ့ အတန်းတူတဲ့ Grade10လေးတွေကိုတတိရတာ‌ကြောင့်အတူတူလေ့လာရအောင် (1 Mark တန်လေးတွေလာ share ပေးတာပါ။ ) Periodic table အပိုင်းက1 Mark တန်တွေတော့မထည့်တော့ဘူးနော်။ အဲ့အပိုင်းက အကုန် ကြည့်ရမယ်ထင်တယ်။ #Dee #G-10 Chemistry

ကြင်နာတက်ခြင်းတဲ့ အတိတ် မှာ ကျွန်နော့်စိတ်တွေလုံးဝအဆင်ပြေမနေခဲ့ဘူး အရာအားလုံးကိုအပြစ်ပုံချ ၊ overthinkerသမား၊ ဟိုလူကဆရာကြီးလုပ်တယ် ဒီလူကဘာဖြစ်တယ်နဲ့ negative ဆန်တဲ့အတွေးတွေကခနတိုင်းဝင်တယ် ...စိတ်ကလုံးဝအဆင် ပြေမနေဘူး ကြားထဲ အမှတ်တွေကအလယ်တန်းကထက်ဟိုးအောက်ကို ကျသွားတယ်။ ခံစားရတာတွေလဲများတော့ ဘဝကြီးကလုံးဝကိုအဆင်ပြေမနေခဲ့ဘူး။ တစ်နေ့တော့ ကျွန့်နော်အိမ်မှာ ရန်ဖြစ်ပြီး ခေါင်းဝောာင်သေချာမဖြီးပဲကျောင်းကိုရောက်သွားတယ် ။ကျောင်းဂိတ်ပေါက်ဝမှာကျွန်နော့်ငယ်ပေါင်းကြီးကိုသွားတွေ့တယ်အဲ့နေ့မှကျွန်နော့်ပုံစံကလဲစုတ်စုတ်ပြတ်ပြတ် ရယ် ယုံကြည်မှုကပျောက်နေတာ... ‌ကျွန်နော်လဲပြောတာပေါ့ "ဒီနေ့အဆင်ပြေမနေဘူးအိမ်နဲ့ရန်ဖြစ်ပြီး ငါခေါင်းတောင်သေချာမဖြီးခဲ့ဘူးကွာ " လို့စိတ်ပျက်လက်ပျက်နဲ့ ပြောချပစ်လိုက်တယ် ။ (စိတ်ထဲမှာတော့ကျွန်နော့်သူငယ်ချင်းကလှောင်ပြီးရယ်နေမလားလို့လေ ခါတိုင်းလဲစနောက်နေကြတော့) သို့သော် သူဟာပြုံးပြုံးလေးနဲ့ နူးနူးညံ့ညံ့လေးပြောတယ် " ငါ့သူငယ်ချင်းက ဘယ်လိုနေနေကြည့်ကောင်းနေပြီးသားပါ၊ချောနေပြီးသားပါတဲ့ " အဲ့ဒီအခိုက်မှာကျွန်နော်မျက်လုံးတွေပြူးကျယ်သွားတယ် အစောပိုင်းက negative အတွေးတွေကလုံးဝပျောက်သွားပြီး ကျွန်နော့်သူငယ်ချင်းရဲ့ positive ဖြစ်တဲ့အားပေးစကားကကျွန်နော့်ခေါင်းထဲတန်းဝင်လာတယ်။ ဒါလားကြင်နာတက်မှု အမြဲတမ်း ဆရာကြီးလုပ်အမြဲတမ်းစိတ်ဆိုးစိတ်ကောက်နေတတ်တဲ့သူငယ်ချင်းကြီးမှာ ကူညီတက်တဲ့ ၊ကြင်နာတတ်တဲ့နှလုံးသားတစ်စုံရှိနေခဲ့ပါလားလို့ကျွန်နော်ဒီနှစ်တွေအတွင်းအကဲခတ်မိလာခဲ့တယ်။ တစ်ချိန်တုန်းကဆို ကျွန်နော်က သူ့ရဲ့ဆိုးသွမ်းတဲ့ အချက်တွေကိုပဲ ‌စဉ်းစားနေမိခဲ့တာ ။ ဒါပေမယ့် အခုနှစ်အတွင်းကျွန်နော့်ကိုအရမ်းဂရုစိုက်လာတယ် ကျွန်နော့်ကိုမပင်ပန်း စေ ချင်ဘူး ကျောင်းလာရင်လဲ သူက ကြုံရင်ကြုံသလို ထီးကအစ ထမင်းချိုင့်အဆုံးကူသယ်ပေးတယ်။ နောက်တစ်နေ့ ကျွန်နော့်သူငယ်ချင်းကကျွန်နော့်ကိုမနက်စောစောစီးစီးရုတ်တရတ်ကြီးလာဖက်တယ်။ ပြီးတော့ကျွန်နော့်ကိုအားကိုးပြီးကျွန်နော့်ရင်ခွင်ထဲမှာ အချိန်တွေအကြာကြီးငိုနေတယ် ။ ကျွန်နော်က INTP , Introvert သမား ၊ချော့လဲမချော့တက်သလို ခံစားချက်ကိုသိပ်မထည့်တွေးမိဘူး သူဘာဖြစ်တာလဲပဲအဖြေရှာနေမိခဲ့တာ မတက်နိုင်တဲ့အဆုံးဘာမှမသိတဲ့ကျွန်နော်က ပွေ့ဖက်ပြီး ဘေးနားမှာတိတ်တိတ်လေး သူအဆင်ပြေတဲ့အထိ အကြောင်းအရင်းကိုပြောမယ့်အချိန်ထိစိတ်ရှည်ရှည်စောင့်ပေးနေခဲ့ပါတယ်။ ဒါကလဲ ကြင်နာတက်မှုတစ်မျိုးပဲမလား? ။ ‌ဟိုတစ်နေ့ကပေါ့ နောက်ထပ်ကျွန်နော့်ရဲ့သူငယ်ချင်းတစ်ယောက်စီမှာလမ်းပျောက်နေတဲ့ကျွန်နော် ကြင်နာတက်မှုကိုပြန်ရှာတွေ့တယ် ။ သူ့ကိုလဲ ကျွန်နော့်စကားနားမထောင်လို့အပြစ်ပဲပြောနေခဲ့တာ။ ကျောင်းကအပြေးပြိုင်ပွဲမှာ ကျွန်နော့်သူငယ်ချင်းကရောဂါရှိရက်နဲ့ ဝင်ပြေးတယ် (ဘယ်လောက်တောင်ဆူချင်စရာကောင်းလိုက်လဲ) လမ်းတစ်ဝက်မှာတင် အဆင်‌မပြေတော့ဘူး သူခေါင်းတွေအသေမူးလာတယ် သူမပြေးနိုင်တော့ဘူး ။ အသည်းအသန်‌ဖြစ်နေတာတောင် ဘေးနားမှာကူပေးနေတဲ့သူ ရှိနေတာတောင် ကျွန်နော့်ကို ဂရုစိုက်နေတုန်း။ ကျွန်နော့်လက်ကို အားကိုးတကြီးကိုင်ထားတယ် ။ Solution ကိုပဲတွေးနေတတ်တဲ့ကျွန်နော့်အကြောင်းကိုသူသိလို့ခေါင်းမူးနေတဲ့ကြားထဲ Solution ကို ပြောပြလိုက်သေးတာ။ကျွန်နော့်မှာ ဘာမှမလုပ်တက်ဘဲကြောင်တောင်တောင်ကြီးဖြစ်နေတယ်။ နောက်မှတတိဝင်ပြီးဘေးကနေ ကူညီပေးလိုက်တယ်။ ( သူဘာလုပ်လုပ် ကိုယ့်ကိုမမေ့ထားဘူး ၊ အမြဲတမ်းကူညီစောင့်ရှောက်၊ဘေးနားအတူတူရှိ ၊ကိုယ့်ဘက်ကိုပါထည့်တွေးပေးတတ်တဲ့သူငယ်ချင်း ) အေးတိအေးစက် ချေမိုး၊ဘယ်သူ့ကိုမှအရေးမစိုက်တဲ့ ကျွန်နော်ကိုဒီသူငယ်ချင်းနှစ်ယောက်က ချစ်ခင်ပေးနေကြတာ၊ကြင်နာပေးနေကြတာ ဘုရားပေးတဲ့ဆုလာဘ်၊ကံကောင်းခြင်းတွေပေါ့။ သူတို့တွေကျွန်နော့်ကို ကြင်နာတတ်တယ့်နှလုံးသားရှိအောင် သင်ပေးခဲ့ကြသလိုပါပဲ ။ ကျွန်နော့်ရဲ့ဒုတိယမိသားစုလေးမို့ ကျွန်နော်သူတို့ကိုတန်ဖိုးထားပါတယ်။ ဘဝမှာကံဆိုးခြင်းတွေကြုံလာရတဲ့အခါတိုင်းကံကောင်း‌ခြင်းအ‌ သေးစားလေးတွေကပေါ်လာတတ်တာပါပဲ။ #Dee

အဆင်‌မပြေတဲ့နေ့တွေရှိလာတဲ့အခါ စိတ်ဓာတ်ကျစရာကိစ္စတွေကြုံလာတဲ့အခါ ကြိုးစားသလောက်အရာမထင်တဲ့အခါ လက်လျှော့မှရတော့မယ်ဆိုတဲ့အခြေနေအထိကြုံလာတဲ့အခါတိုင်း ကိုယ့်ကိုကိုယ်အားတင်းပြီးတော့မှ 'ငါအတက်နိုင်ဆုံးကြိုးစားသွားမယ် ခက်ခဲမှုတွေက ကြုံနေရအုံးမှာမို့ ၊နာကျင်မှုတွေက ထပ်ရှိနေအုံးမှာမို့ ကိုယ့်စိတ်ကိုပဲမပြိုလဲအောင်ဒီ ဖိစီးမှုဒဏ်တွေကိုရင်ဆိုင်ရဲအောင် မကြာခင်ငါ့ပန်းတိုင်ကရောက်လာတော့မှာ'  ဆိုတဲ့စိတ်တစ်ခုနဲ့အားတင်းထားရတယ်။ ဘဝမှာ အဆင်မပြေတဲ့နေ့တွေ၊ ကိုယ့်ကိုယ်နာကျင်စေတဲ့အရာတွေ၊စိတ်ဓာတ်ကျစရာတွေက သံသရာမှာကြုံနေရတာမို့ ဒီအရာတွေကိုလိုက်ဂရုစိုက် ၊ဒီအရာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပဲ လက်လျှော့ ပစ်လိုက်မယ့်အစား ဒီအရာတွေကခဏတာပဲ ပြီးရင်ပျောက်ကွယ်သွားမှာ ဒီဒဏ်ကိုခံရပြီးရင် ငါ့ရဲ့ပန်းတိုင်နဲ့ငါနဲ့ကပိုပြီးနီးစပ်လာမှာဆိုတယ့်စိတ်နဲ့ အလှပဆုံးပြုံးပြီး အတက်နိုင်ဆုံးဇွဲမလျှော့ပဲကြိုးစားကြည့်လိုက်ပါ။ ရလဒ်ဆိုတာထက် ဘယ်လိုနာကျင်မှုမျိုးကိုခံပြီး ဘဝရဲ့ပန်းတိုင်ကို ဘယ်လောက်ထိ ကြိုးစား နိုင်မလဲ ဆိုတာကိုသာဂရုစိုက်ရမှာ။ #Dee

ရာသီတွေကတစ်ဖြည်းဖြည်းပြောင်းသွားတယ်... ဘေးနားအတူရှိခဲ့၊ပျော်ခဲ့တဲ့သူငယ်ချင်းတွေကလဲတစ်နှစ်နဲ့တစ်နှစ် တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ဘေးနားကထွက်ခွာသွားကြပြီ... ဘေးနားမှာအမြဲရှိနေပေးတဲ့ အယုံကြည်ရဆုံးသူငယ်ချင်းနှစ်ယောက်လဲ ထွက်သွားခဲ့ပြီ... အော်...နောက်ဆုံးတော့လဲကိုယ်တစ်ယောက်တည်းပါပဲလား... သွားအတူလာအတူ၊ဆော့အတူ၊ စားအတူ ငါ့ရဲ့သူငယ်ချင်းတွေ... နင်တို့နဲ့ခွဲရတဲ့အချိန်မှာ ငါအရမ်းကိုဝမ်းနည်းနေခဲ့တာပါ အပြင်ပန်းမှာဟန်ဆောင်နေခဲ့ပေမယ့် စိတ်ထဲမှာ မြိုသိပ်ထားရတာပါ... ကိုယ်တိုင်ကလဲ စကားနည်းတဲ့သူတစ်ယောက်မို့ငါ့ဘေးနားမှာနင််တို့ပဲရှိတာပါ..ဒါပေမယ့်ခွဲရတာပါပဲ ငါတို့ကိုကွဲ စေခဲ့တာ ဒီ G-10 ပေါ့လေ... နင်တို့ အိမ်မက်နဲ့ငါ့အိမ်မက်ကကွဲပြားပါတယ်... ငါထိန်းချုပ်လို့မရပေမယ့် နင်တို့မရှိပဲနဲ့လဲ ငါနေတက်အောင်ကြိုးစားသွားမှာပါ... ငါတို့တွေဘယ်လောက်ပဲဝေးဝေး သူငယ်ချင်းဆိုတဲ့ ကြိုးလေးမပျက်စေရပါဘူး.. အကြာကြီးဝေးကွာသွားလဲ မအေးစက်သွားတဲ့ဆက်ဆံရေး အဲ့ဒါ ကိုသူငယ်ချင်းလို့ခေါ်ပါတယ်တဲ့... 10.8.26 -ရင်ထဲကစကားသံများ #Dee

စာမေးပွဲတွေတိုင်းမှာအမှတ်များများရချင်ရင် အထိရောက်ဆုံးနည်းလမ်းက အခန်းတစ်ခန်းပြီးသွားတိုင်း ကိုယ့်ကိုကိုယ် Exam ပြန်စစ်တာပါ။ ပထမအနေနဲ့ Chapter တစ်ခုရဲ့ခေါင်းစဉ်ငယ်လေးတွေကိုတစ်ချက်ကြည့်ပါ။ ကြည့်ပြီးသွားရင်တော့ အရေးကြီးမယ်ထင်တဲ့ ၊ မှတ်သင့်တဲ့ခေါင်းစဉ်ငယ်လေးတွေထပ်ခွဲပါ။ အဲ့ဒီထဲကမှ‌ ခေါင်းစဉ်ငယ်တစ်ခုကို ကြည့် ခေါင်းစဉ်ငယ်မှာပါတဲ့အကြောင်းအရာ ၊စာပိုဒ်တွေကို နားလည်အောင် 3ခါလောက်ဖတ်။ ဖတ်ပြီးရင် ဒီ ခေါင်းစဉ်ငယ်လေးထဲမှာကိုယ်မှတ်ထားတဲ့ note တွေ၊key point တွေ ၊ပြန်ဖတ်ကြည့်ပါ။ ပြီးရင်မေးခွန်းအသေးလေးတွေ‌ထုတ်ပါ။ ထုတ်ပြီးသွားရင်တော့ စာအုပ်ကိုပိတ်လိုက်ပါ ။ကိုယ်ထုတ်ထားတဲ့မေးခွန်းလေးတွေကိုမှတ်မိသလောက်ချရေးပါ။မရေးချင် စိတ်ထဲကနေ အဖြေကိုတွေးကြည့်ပါ။ ဉပမာအနေနဲ့ ဒြပ်စင်တွေအကြောင်းဖတ်တယ်ဆိုပါစို့။ မေးခွန်းထုတ်မယ်။ ဒြပ်စင်ဘယ်နှစ်မျိုးရှိလဲ? ဒြပ်စင်တွေကိုဘာတွေနဲ့ဖွဲ့စည်းထားတာလဲ? လူတွေပြုလုပ်ထားတဲ့ ဒြပ်စင်တွေကဘာတွေလဲ? အခဲမှာဘာတွေပါဝင်လဲ? အရည်မှာ၊အငွေ့မှာ ဘယ်လိုဒြပ်စင်တွေပါဝင်လဲ? ဒီလိုလေးမေးခွန်းထုတ်ပြီး ‌အဖြေတွေကိုဖြေကြည့်ပါ။ လုံးဝမမှတ်မိရင်ပြန်ဖတ်ပါ။ တစ်နေ့တည်းနဲ့တစ်ခန်းပြီးစရာတော့မလိုပါ။ တစ်နေ့ကိုခေါင်းစဉ်ငယ်၃ခုလောက်ဖြေနိုင်နေရင်ကိုအဆင်ပြေပါတယ်။ အချိန်ခနလေးပဲပေးပြီးလုပ်ကြည့်ပါ။ Chapter တစ်ခု လိုက်ကြီးလုပ်ရင်အရမ်းများတယ် စာအရမ်းများတယ်ဆိုရင် Chapter တစ်ခုရဲ့ခေါင်းစဉ်ငယ်လေးတွေထဲကတစ်ခုကိုသင်‌ပြီးတာနဲ့ ၊လေ့လာပြီးတာနဲ့ ညပိုင်း Self study ချိန်မှာ သင်ခဲ့တဲ့ဒီခေါင်းစဉ်ငယ်လေးကို အပေါ်နည်းလမ်း‌တိုင်း မေးခွန်းတွေမေးပြီး ဖြေကြည့်ပါ။ Chapter ပြီးရင်အ‌ရေးကြီးမယ်ထင်တဲ့ခေါင်းစဉ်ငယ်‌ လေးတွေလိုက်ထပ်ဖြေကြည့်ပါ။ Dee ရဲ့ Chemistry ဆရာမဆိုရင်သူစာသင်ပြီးသွားရင်အချိန်ရရင်ရသလို သင်ပြီးသားတွေကောက်ကောက်မေးပါတယ် (မေးတိုင်းဖြေနိုင်ခဲ့ပေမယ့် စာမေးပွဲမှာတော့ သျှမ်းလို့ C ပဲရခဲ့တာ အယ် ...ဒါပေမယ့် ဒီလို စာပိုဒ်,ခေါင်းစဉ်တစ်ပုဒ်သင်ပြီးတိုင်း မှတ်စုထုတ် မှတ်မိသလောက် အချက်တွေပြန်ပြောနေခဲ့ရလို့ 1မှတ်တန်မှာအတော်လေးမှန်ခဲ့ပါတယ် ၁ပုဒ်ကျန်ခဲ့တာကလွဲလို့ပေါ့) ဒါကို Active learning လို့ခေါ်တယ် စမ်းကြည့်ကြပါ ။ အမှတ်များများရချင်ရင် စာတွေကိုများများ ပြန်နွေးပေးပါ။ စာကြောင်းတွေရဲ့ concept ၊ အဓိပ္ပာယ်တွေသိအောင်လုပ်ပါ။ နားလည်အောင်လုပ်ပါ။ပြီးရင်ထပ်ခါထပ်ခါလေ့ကျင့်ပါ။ ဒီး နဲ့ ဉပမာပေးရမယ်ဆို ဒီး က စာတစ်ပိုဒ် ဉပမာ Biology ‌ကိုရေးကျက်တယ် ပထမတစ်ရက်ကျက်ပြီးပြီးချင်းသချ်ာတွက်ထားတဲ့ နေရာမှာ‌ ဘောပင်လေးနဲ့ချရေးတယ်အမှားရှာတယ်အမှားတွေ့ရင် နောက်ထပ်သခ်ျာတွက်ထားတဲ့အကြမ်းစာရွှက်ပေါ်မှာဘောပင်နဲ့ထပ်ရေးတယ်။ အမှားနည်းတဲ့ထိကိုတစ်ရက်ခြားတစ်ခါတစ်ပတ်တစ်ခါ စွဲမြဲနေအောင်ချရေးပါတယ်။ ဒါ့ကြောင့် Biology မှာဆိုအမှတ်တော်တော်လေးရပါတယ် ရှမ်းတာလေးတော့ရှိတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် ထပ်ခါထပ်ခါလေ့ကျင့်မှ အဆင်ပြေတာပါ။တိုးတက်တာပါ။ကြိုးစားကြပါ။ကိုယ်တိုင်လဲကြိုးစားနေဆဲပါ။ #Dee

တကယ်ဉာဏ်ရည်ထက်မြက်တဲ့သူတွေဟာ ကျောင်းတက်ခဲ့သည်ဖြစ်စေ၊ မတက်ခဲ့သည်ဖြစ်စေ ကိုယ့်ဘာသာကိုယ် သင်ယူတတ်တဲ့သူတွေ ဖြစ်တယ်။ သူတို့က တစ်စုံတစ်ယောက်က တွန်းအားပေးမှ တိုးတက်မယ့်သူတွေ မဟုတ်ဘူး။ စာဖတ်တယ်။ မေးခွန်းထုတ်တယ်။ လေ့လာစူးစမ်းတယ်။ လက်တွေ့ကျင့်သုံးတယ်။ ကျရှုံးမှုကနေ သင်ခန်းစာယူတယ်။ ပြီးတော့ ဘဝက တိုက်ရိုက်မသင်ပေးတဲ့ အရာတွေကိုတောင် ကိုယ့်ဘာသာကိုယ် နားလည်အောင် သင်ယူတတ်ကြတယ်။ ဘွဲ့တစ်ခုက အခွင့်အလမ်းတွေဆီကို ဝင်ရောက်နိုင်ဖို့ တံခါးဖွင့်ပေးနိုင်တယ်။ ဒါပေမယ့် အသိပညာကို မပြတ်ရှာဖွေလိုစိတ်ကသာ အဲဒီတံခါးတွေ ပွင့်သွားတဲ့အခါ ဘာလုပ်ရမလဲ၊ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ သိတဲ့လူတစ်ယောက်ကို တည်ဆောက်ပေးတယ်။ လူတော်တော်များများက ကျောင်းပြီးတာနဲ့ သင်ယူခြင်းလည်း ပြီးသွားပြီလို့ ထင်ကြတယ်။ စာမေးပွဲပြီးသွားပြီဆိုတာနဲ့ ပညာရေးလည်း ပြီးဆုံးသွားပြီလို့ ယူဆကြတယ်။ ဒါပေမယ့် ဘဝက ကိုယ့်ကို သင်ပေးထားတာလောက်နဲ့ ရပ်နေတဲ့သူတွေကို ဆုမချဘူး။ ပိုသိချင်လို့၊ ပိုနားလည်ချင်လို့၊ မရပ်မနား ဆက်လက်သင်ယူနေတဲ့သူတွေကိုပဲ အခွင့်အရေးတွေ ပေးတတ်တယ်။ ကိုယ့်ဘာသာကိုယ် သင်ယူတတ်တဲ့သူတွေဟာ အကောင်းဆုံးအဓိပ္ပာယ်နဲ့ ပြောရရင် အားအရှိဆုံးသူတွေ ဖြစ်တယ်။ - သိချင်စိတ်ရှိတယ်။ - ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်တယ်။ - ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဆုံးဖြတ်တတ်တယ်။ - တိုးတက်ဖို့ ဘယ်သူ့ရဲ့ ခွင့်ပြုချက်ကိုမှ စောင့်စရာ မလိုဘူး။ တကယ့်ဉာဏ်ရည်ဆိုတာ ကိုယ့်ကို ဘာတွေသင်ပေးခဲ့သလဲဆိုတာနဲ့ တိုင်းတာတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ဘာတွေ ဆက်လက်သင်ယူဖို့ အသင့်ရှိသလဲဆိုတာနဲ့ပဲ တိုင်းတာတာ ဖြစ်တယ်။ The smartest people are self-taught, even if they went to school. The smartest people do not wait for someone to force them to grow. They read, question, observe, practice, fail, and teach themselves what life refuses to explain directly. A degree can open doors, but hunger for knowledge builds the mind that knows what to do once those doors open. Many people stop learning the moment they leave school. They think education is finished because the exams are over. But life does not reward people who only learned what they were told to learn. Life rewards those who keep learning because they want to understand more. Self-taught people are dangerous in the best way. They are curious. They are disciplined. They are independent thinkers. They do not need permission to grow. Because real intelligence is not proven by what you were taught. It is proven by what you are willing to learn on your own. English text - Mind rise #မေတ္တာဖြင့် #ဒေါက်တာစိုးသန်း #Dee #Crd

❝ သဲထဲရေသွန် ❞ ဘယ်လိုပြောရမလဲကိုယ့်ရဲ့ကြိုးစားမှုတွေ ၊အချိန်တွေ အလကားဖြုန်းလိုက်မိသလိုပဲ ... ဒီတစ်ခါလဲအမှားကြီးလုပ်မိလိုက်ပြန်ပြီ... Chemistry အမှတ်မှာ အမှတ်ပြည့်ရချင်လို့ Chemistry ဆရာမရဲ့ချီးကျူးသံကိုကြားချင်လို့ နေ့နေ့ညည ကျောင်းစတက်တဲ့နေ့ကတည်းက Chemistry ကိုအလေးပေး ၊ဦးစားပေးလုပ်ခဲ့တယ် ... ညနေအိမ်ပြန်ရောက်တာနဲ့စာကျက် အားတာနဲ့စာကျက်တစ်နေ့လုံးစာကျက်ပင်ပန်းလဲစာကျက် တခါတလေရေတောင်မသောက်ဖြစ်တဲ့နေ့တွေ ရှိခဲ့ပါတယ်... ဒါပေမယ့်ကံတရားကြောင့်လားကိုယ့်ကြောင့်လားမသိပေမယ့် ကိုယ်အမှတ်ပြည့်မရခဲ့ပြန်ဘူး Chemistry 58မှတ်တဲ့... လူတွေအမြင်မှာတော့ကိုယ်ဟာစာမလုပ်တဲ့သူလို့ထင်ကောင်းထင်သွားနိုင်မယ်... ဒါပေမယ့် မျက်ကွင်းတွေညိုတဲ့အထိလက်ချောင်းတွေညိုမဲတဲ့အထိ၊မနက်4နာရီ‌ လောက်ထပြီးလေ့ကျင့်ခဲ့ရတဲ့အချိန်တွေ... သူများအမှတ် 100ရနေတာကိုမော့ကြည့်ခဲ့ရတာ ... ဒါပေမယ့် ကိုယ့်ဘေးနားကသူငယ်ချင်း ရဲ့အမှတ်ကိုကြားမိလိုက်တဲ့အခါမှာ အော်...သူကငါ့ထက် ပိုခံစားနေရမှာပါလားလို့..ကိုယ်ချင်းစာမိတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် ထပ်ပြီးကြိုးစားဖို့လိုကြောင်းသေချာ လုပ်ဖို့လိုကြောင်းသိလာတာပေါ့... 8.3.2026 #Dee

English,စာတိုးတက်ချင်ရင် စာများများဖတ်ပါ။ Article, Biographies,Eassy, Letter,Novel etc... တွေ့သမျှ English စာအကုန်ဖတ်ပါ။ ကိုယ်စိတ်ဝင်စားတဲ့ စာအုပ်တွေများများဖတ်ပါ။ တစ်နေ့တစ်မျက်နှာရအောင်ဖတ်ပါ။ English စာအုပ်ထိုင်ဖတ်ဖို့အတွက် အချိန်သီးသန့်သတ်မှတ်ထားပါ။ မပျင်းပါနဲ့ ၁လ၁အုပ်လောက်ကတော့ ပြီးအောင်ဖတ်နိုင်နေရပါမယ်။ Level နဲ့ကိုက်ညီမယ့်စာအုပ်မျိုးဖတ်ပါ။ ပြီးမှတစ်ဆင့်တက်ပါ။ စာအုပ်ထဲက vocabulary words တွေကို မှတ်စုစာအုပ်ထဲမှတ်ထားပါ။ စာကားလုံးတစ်လုံးအတွက်ကိုယ်ပိုင်ဝါကျတွေပါတည်ဆောက်ကြည့်ပါ။ ဒါဆို Reading+ Vocabulary လေ့ကျင့်ပြီးသားဖြစ်သွားပါလိမ့်မယ်။ တစ်ဆင့်ချင်းသွားပါဖြည်းဖြည်းချင်းသွားပါ။မလောပါနဲ့။ English short story, Conversation, Dialogue တွေများများနားထောင်ပါ။ မှတ်ပါ။ ဒါတွေကတော့ Receptive skill တွေပါ။ Productive skill အနေနဲ့က တစ်ပတ်ကို ခေါင်းစဉ်တစ်ပုဒ် လောက်ဖြစ်ဖြစ် Eassy , Letter တစ်ခုခုချရေးပါ။ Grammar မှားမှာမကြောက်ပါနဲ့ ပြီးရင်ကိုယ်ဖတ်ထားတဲ့ Reading ထဲက မှတ်ထားတဲ့စကားလုံး တွေပါ ထည့်‌ဖြစ်အောင်ထည့်သုံးပါ။ Listening နားထောင်ပြီးရင်ကိုယ်တိုင်ပြန်ပြောကြည့်ပါ။ ဘယ်အရာပဲဖြစ်ဖြစ်ကိုယ်တိုင်လေ့ကျင့်မှတိုးတက်မှာပါ။ #Dee

ဘယ်အရာမှကိုယ်ထိန်းချုပ်လို့မရနိုင်ပါဘူး... လူတိုင်းကိုလိုက်ထိန်းချုပ်ဖို့မကြိုးစားပါနဲ့ကိုယ်ပဲပင်ပန်းရပါတယ်... ကိုယ့်အတွေးနဲ့သူတို့အတွေး တူချင်မှတူနေပါလိမ့်မယ်..သူတို့ရည်ရွှယ်ချက်နဲ့ကိုယ့်ရည်ရွှယ်ချက်ကလဲ ကွဲပြားပါတယ် ဒါ့ကြောင့်ကိုယ့်ဘက်ကနားလည်ပေးလိုက်ပါ... ကိုယ့်ကိုကိုယ်သာတိုးတက်အောင်လုပ်ပါ... ဘဝကတိုတောင်းပါတယ်ပျော်ပျော်နေပါ... ကိုယ့်ကိုမလိုတော့လို့ထားခဲ့တဲ့သူတွေအတွက်နဲ့ကိုယ့်ရဲ့အချိန်တွေကိုမဖြုန်းတီးလိုက်ပါနဲ့... ဒီထက်ကောင်းတဲ့အရာတွေတစ်ချိန်ကြရောက်လာမှာပါ... ပျော်ပျော်နေပါ... Life is short stay happy 💐🌱 #Dee

ဒီစာတွေကျက်နေရတာ၊ဒီအလုပ်တွေလုပ်နေရတာပင်ပန်းတယ်ဆိုတာသိပါတယ် ဒါပေမယ့် ဒီပင်ပန်းမှုတွေ၊ခက်ခဲမှုတွေမလုပ်ချင်တာကိုလုပ်နေရတဲ့အချိန်တွေ ၊ ဖိစီးမှုတွေ၊စိတ်ပျက်အားငယ်မှုတွေ၊ကြိုးစားသလောက်အရာမထင်တာတွေ ဒါတွေကြုံပြီးတဲ့နောက်မှာ... ဒီအရာတွေကိုရင်ဆိုင်ပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ရည်ရွယ်ချက် ကိုယ့်ရဲ့ ဆန္ဒလေးပြည့်သွားပြီဆိုတာ မြင်တွေ့ရလိမ့်မယ်... လိုချင်တယ်မလား ကြိုးစား ရအောင်ကြိုးစား... တိုးတက်မှုတွေကဖြည်းဖြည်းချင်းဖြစ်ပေါ်နေမှာ ... နားသင့်တဲ့အချိန်နား ... လုပ်သင့်တဲ့အချိန်လုပ်... ဘယ်လောက်ပဲအချိန်ပေးရပါစေ ဒီအရာအတွက်ရူးသွပ်ကြည့်ပါ။ G-12မှာAll Dရချင်လား ရချင်ရင် ဒီအရာအတွက်ရူးသွပ်ကြည့် ... အဆင့်၁ရချင်လားဒီအဆင့်၁ရဖို့အတွက်ရူးသွပ်ကြည့်... အနုပညာမှာအောင်မြင်ချင်လား ဒါအတွက်ရူးသွပ်ကြည့် ... နာမည်ကြီးချင်လား ရူးသွပ်ကြည့် ကိုယ့်ရဲ့Business ပိုင်းမှာ ပိုပြီးအောင်မြင်ချင်လားရူးသွပ်ကြည့်... ဒီဘာသာစကားကို တက်မြောက်ချင်လား ရူးသွပ်ကြည့်... ဒီလို ကိုယ်လိုချင်တဲ့အရာတစ်ခုကို ရူးရူးမှုးမှုးကြိုးစား နေတဲ့အခါမှာဒီအရာအတွက်အကြောင်းပြချက်ဆိုတာမရှိတော့ဘူး ၊ဆင်ခြေဆိုတာလဲမရှိတော့ဘူး၊ပျင်းတယ်ဆိုတာလဲမရှိတော့ဘူး... #Dee

Hello ဒီနေ့လေးမှာတော့ Deeက student တွေအတွက်အသုံးဝင်မယ့် effective study tips လေးတွေကို sharing လုပ်ပေးချင်ပါတယ်။
Tip ' 1 -နားလည်မှု
ပထမဆုံးစာမကျက်ခင်နားလည်အောင်အရင်လုပ်ပါ course video ကြည့်တာ teacher ရှင်းပြတဲ့အခါသေချာအာရုံစိုက်ပြီး နားလည်အောင်လုပ်ပါ။ ရှင်းပြမယ့်သူမရှိဘူးဆိုရင်လဲကိုယ်ကိုယ်တိုင် နားလည်အောင်ဒီစာကိုအာရုံစိုက်ဖတ်ကြည့်ပါ ထပ်ခါထပ်ခါနားမလည်ချင်းဖတ်ပါ။ အချိန်အားဖြင့်ဒီလိုဖတ်တာ ပျှမ်းမျ မိနစ်15/20လောက်ပဲကုန်မှာပါ။ ဖတ်ပြီးလို့နားလည်သွားပြီ ဆိုရင်တော့ စာအုပ်ကိုပိတ်လိုက်ပါ။ ပိတ်ပြီးရင် ကိုယ်ခနကဖတ်လိုက်တယ့်စာပိုဒ်ကိုမှတ်မိသလောက် ဆရာတစ်ယောက်ကဘာမှမသိတဲ့ကလေးတစ်ယောက်ကိုရှင်းပြပေးနေသလို ဒီစာပိုဒ်ရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကိုမှတ်မိသလောက် ရှင်းပြပါ။ ဒါမှတ်မဟုတ်ရင် လဲ စာရွက်တစ်ရွှက်ပေါ်မှတ်မိသလောက်ချရေးကြည့်ပါ ။ရေးပြီးသွားတဲ့အခါ မှုလစာပိုဒ်နဲ့ပြန်တိုက်ကြည့်ပါ ။ လိုနေတဲ့အချက်တွေရှိခဲ့ရင် လိုနေတဲ့စာပိုဒ်ကိုပဲနားလည်‌ အောင်ပြန်ဖတ်ပါ။ မရမချင်းဒီလိုလုပ် ပါ အချိန်ကြာပေမယ့် ခေါင်းထဲစွဲစေပါတယ်။ ဒါပေမယ့် တစ်ရက်တစ်ခါ၊နှစ်ရက်၊သုံးရက်ခြားတစ်ခါပြန်နွှေးပေးပါ။
Tip '2 - စာလုပ်ရာမှာအနှောင့်အယှက်ဖြစ်မယ့်အရာတွေဘေးဖယ်ထား
စာလုပ်တဲ့အခါမှာဖုန်းတွေအနှောင့်အ‌ယှက်တွေကို ကိုယ်နဲ့ဝေးတဲ့နေရာမှာထားထားပါ စာလုပ်မယ့်စားပွဲခုံလေးကိုသပ်သပ်ရပ်ရပ် ရှင်းရှင်း‌လင်းလင်းလေးဖြစ်အောင်လုပ်ထားပါ။ စားပွဲခုံကရှင်းနေရင်စာလုပ်ချင်စိတ်လဲ ပေါ်လာမှာပါ။
Tip '3 - မနက်စောစောစာလုပ်။
မနက်ပိုင်း ကို ကိုယ်မရတဲ့ဘာသာလုပ်ပါ။ ဉပမာ - math , physic ခက်ခဲ့တဲ့အရာလုပ်မနက်စောစောပြီးအောင်လုပ်လိုက်တဲ့အခါမှာကိုယ့်စိတ်ကပေါ့သွားတယ် နောက်စာကျက်တဲ့အခါမှာလဲ စိတ်ကြည်ကြည်လင်လင်လေးနဲ့ကျက်နိုင်နေလိမ့်မယ်။ကိုယ့်စိတ်ကလေးလဲပျော်နေ‌လိမ့်မယ်။ ငါ math တွက်ရအုံးမယ်ဆိုတဲ့ဖိစိီးမှုမရှိတော့လို့ပေါ့။
Tip' 4 - Note မှတ်ပါ။
နောက်တစ်ချက်အနေနဲ့က မှတ်စုထုတ်တာပါ။ တစ်ပိုဒ်တစ်ပိုဒ်ရဲ့အနှစ်သာရနဲ့သူ့ရဲ့ဆိုလိုရင်း အဓိက key points /1မှတ်တန်မေးနိုင်ခြေရှိတဲ့စာပိုဒ် လေးတွေ စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးလေးတွေ ၊ဒါလေးတွေကို မှတ်စုစာအုပ်ထဲလှလှပပ ရေးထားပါ။ ပြီးရင်အားတဲ့အခါတိုင်းဖတ်ပေးပါ။
Tip' 5 - Examစစ်ပါ။
နောက်တစ်ခုက ကိုယ့်ကိုယ်ကိုစာမေးပွဲစစ်တာပါ။ ဒါကတော်တော်ထိရောက်ပါလိမ့်မယ် ။တစ်ပတ်တစ်ခါဖြစ်ဖြစ် ၊ Chapter တစ်ခုပြီးသွားတိုင်း မေးခွန်းလေးတွေလုပ်ပြီး ကိုယ်တိုင် အလွတ်ဖြေကြည့်ပါ။ ဒီသင်ခန်းစာမှာငါဘာတွေနားလည်လိုက်လဲ ဘယ်အချက်တွေမှတ်မိလဲဆိုတာတွေကိုလဲ စာရွှက်တစ်ရွှတ်မှာအချက်တစ်ချက်ပဲဖြစ်ဖြစ်စာလုံးတစ်လုံးပဲ‌ဖြစ်ဖြစ်သူ့ရဲ့သဘောတရားပဲဖြစ်ဖြစ်နားလည်သလိုချရေးပါ။ 1နာရီလောက်ပဲကြာမှာပါ။ စမ်းကြည့်ပါ။ကိုယ့်ကိုကိုယ်စာမေးပွဲခနခနစစ်တဲ့အခါ တစ်ကယ့်စာမေးပွဲကြီးမှာလဲ confident အပြည့် နဲ့ဖြေနိုင်သွားပါလိမ့်မယ်။ Grade -9 တွေလဲရှိမယ်ထင်ပါတယ်နော် Grade 9 တွေအတွက် Dee က Exam guide တစ်ခုဖွဲ့ပေးထားပါတယ် မသိတဲ့သူတွေလဲရှိချင်ရှိနိုင်နေမှာပေါ့ မ joinရသေးရင် join ကြည့်ပါ။ Join - Link 🖇️ https://t.me/+5JnTcG3w0txiOGM1 ဒီ Group ထဲမှာ စာဆွေးနွေးလို့ရမယ် ၊မေး‌ခွန်းဟောင်း ၊ textbook,အထူးထုတ်တွေရှိမယ် နောက် ဒီးရဲ့ အတွေ့အကြုံ sharing လေးတွေနဲ့ ဘာသာရပ်အလိုက်ကျက်သင့်တဲ့အပိုင်းတွေပြောပြထားပါတယ် ။ အရင်တုန်းကတော့ exam စစ်ပေးပါတယ်အခုတော့ကိုယ့်စာနဲ့တောင်မနိုင်တာမို့မစစ်ပေးအားသေးပါဘူး။ ကဲ ဒီနေ့တော့ဒီလောက်ပါပဲဒီစာလုပ်နည်းတွေက အကျိုးရှိစေမယ်လို့မျှော်လင့်မိပါတယ်။ #Dee #Study tips

Channel ထဲမှာ Student တွေရှိပါသလား
Anonymous voting

ကျွန်နော် ဒီ Channel ကိုမရောင်းပါဘူး။ တကယ်ဆို ကျွန်နော်ဒီ Channel ကိုရောင်းပစ်လိုက်လို့ရတယ် ဒါပေမယ့်ကျွန်နော်မလုပ်ရက်ပါဘူး ။ ဟိုး2024လောက်ကတည်းက ကိုယ်တိုင် ကြိုးကြိုးစားစားတည်ဆောက်ခဲ့ရတဲ့အရာမို့ လက်လွှတ်စပယ် မရောင်းပစ်လိုက်ချင်ပါဘူး။ ဒီ Channel အောင်မြင်နေတာကလဲ Channel ထဲမှာရှိတဲ့စာဖတ်သူတို့ ကြောင့်ပါပဲ ကျွန်နော့် Channel လေးထဲမှာ သစ္စာရှိရှိမထွက်ပဲ အခုချိန်ထိ ရှိပေးနေတဲ့ ၊ကျွန်နော်ရေးသမျှစာတိုင်းကို content တိုင်းကို Reaction တွေပေး၊အားပေးဖတ်ရှူပေးနေတဲ့ စာဖတ်သူတို့ကိုကျွန်နော် အရမ်းကျေးဇူးတင်ပါတယ်။ တကယ်ကိုကျေးဇူးတင်တာပါ။
တစ်နေ့က ကျွန်နော့် Channel ကို လိုချင်လို့ ဆိုပြီး လာတောင်းတဲ့သူရှိပါတယ် ကျွန်နော်(Dee)လဲမအားတာနဲ့ ဒီ Channel ကိုမရမ်းဖြစ်ပါဘူး ။ ကျွန်နော်မရမ်းဖြစ်တော့ သူကကျွန်နော့် Channel ကိုရောင်းပေးဖို့ပြောတာပေါ့။ ကျွန်နော်မရောင်းရက်ပါဘူး ၊ကျွန်နော်တန်ဖိုးထားရတဲ့အရာတစ်ခုမလို့ပါ။
စာဖတ်သူ တို့နဲ့မခွဲချင်ပေမယ့်ခွဲရမယ့်အချိန်တွေရှိလာဦးမှာပါ။ အခုဆို Starlink wifi တွေဖျက်မယ်ပြောပါတယ် wifi တွေဖျက်လိုက်တဲ့အချိန်ကျရင်တော့ ကျွန်နော်(Dee)ဒီ Channel စီကိုပြန်လာနိုင်ဖို့ကတော်တော်လေးခက်ခဲမှာသေချာပါတယ် ။ ဒီလိုဖြစ်ခဲ့ရင်တောင်တစ်နေ့နေ့တစ်ချိန်ချိန်တော့ ကျွန်နော် (Dee)ဆိုတဲ့နာမည်နဲ့ ပြန်လာနိုင်အောင်ကြိုးစားသွားမှာပါ။ အခုလဲ စာတွေနဲ့လုံးပန်းနေရတယ် အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်လာတော့အရင်လိုစိတ်လေလို့မရတော့ဘူး။ တစ်ချက်လေမိတာနဲ့ စာတွေကလွတ်သွားသလိုပဲ။ လိုင်းမပိတ်ခင်လေးတော့ content လေးတွေ အမှတ်တရအနေနဲ့တင်နိုင်အောင်ကြိုးစားသွားပါ့မယ်။ See you next time! #Dee