❝မြ (စံကားဝါမြေ)❞ရဲ့ ဆောင်းပါးများ
Open in Telegram
Author = ❝ မြ (စံကားဝါမြေ) ❞ Start SarPhat = (12.3.2024) Channelစထောင်တဲ့နေ့ (1.5.2024) https://www.sarphat.com/authors/5581 ဒီအကောင့်လေးကတော့ တက်သစ်စလူငယ် စာရေးဆရာမလေး "မြ (စံကားဝါမြေ)" ရဲ့ အကောင့်လေးပါရှင်။ 🤍🍀
Show more2 194
Subscribers
No data24 hours
+37 days
+730 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
January '25
January '25
+12
in 16 channels
December '24
+103
in 14 channels
Get PRO
November '24
+212
in 13 channels
Get PRO
October '24
+663
in 12 channels
Get PRO
September '24
+241
in 8 channels
Get PRO
August '24
+473
in 9 channels
Get PRO
July '24
+884
in 8 channels
| Date | Subscriber Growth | Mentions | Channels | |
| 03 January | +3 | |||
| 02 January | +6 | |||
| 01 January | +3 |
Channel Posts
❝ အချိန်ပိုထွက်အောင် ဘယ်လိုစီမံခန့်ခွဲမလဲ? (Time Management) ❞
https://www.sarphat.com/articles/20108
အချိန်စီမံခန့်ခွဲမှုဆိုတာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ Skillတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Missionတွေကို အချိန်မီပြီးမြောက်ဖို့အပြင် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာအတွက်ပါ ညီမျှအောင် စီမံခန့်ခွဲနိုင်ဖို့ဆိုတာ အလွန်အင်မတန်ကို အရေးကြီးပါတယ်။ ဒါဆိုရင် မြရဲ့ စာဖတ်သူလေးတွေအတွက် အချိန်ပိုထွက်အောင် ဘယ်လိုစီမံရမလဲဆိုတာကို ရေးသားမျှဝေလိုက်ချင်ပါတယ်ရှင်။
(၁) ကိုယ့်ရဲ့ Goalတွေကို သတ်မှတ်ပါ။လူတိုင်းမှာ ကိုယ်ဦးစားပေးရမယ့်အရာတွေ၊ ကိုယ်ဖြစ်ချင်တဲ့ လိုအင်ဆန္ဒတွေနဲ့ ဖြစ်တည်မှုတွေက ရှိနေပြီသားပါ။ အဲ့တာတွေကို အခြေခံပြီးတော့ ကိုယ့်ရဲ့ ရေတိုနဲ့ ရေရှည်ပန်းတိုင်ကို ကောင်းကောင်းသဘောပေါက်တဲ့သူတွေက အဓိကနဲ့ သာမညကို ခွဲခြားတတ်ပြီး အချိန်ကိုလဲ ကောင်းစွာ စီမံခန့်ခွဲတတ်ကြပါတယ်။ အဲ့လိုပြုလုပ်လိုက်တဲ့အခါ မိမိအတွက် အချိန်ပိုတွေ ထွက်လာနိုင်ပါတယ်ရှင်။
(၂) To Do List လုပ်ပါ။ဦးစားပေးရမယ့် အရေးကြီးအလုပ်တွေ မကျန်ခဲ့ရလေအောင် အချိန်ကို ကြိုတင်စီမံခန့်ခွဲလို့ရအောင်အတွက် To Do List ချရေးဖို့ အရေးကြီးပါတယ်။ ဒါက အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပြီး Productivityကိုလည်း သိသိသာသာ တိုးတက်ကောင်းမွန်စေပါတယ်။ ကိုယ့်အတွက် ကိုယ်ပိုင်အချိန် ဘယ်လောက်ရမလဲ၊ ဘာတွေကြိုပြင်ဆင်ထားဖို့လိုမလဲ စသဖြင့် စီမံလို့ရတာပေါ့ရှင်။
(၃) ဦးစားပေးအရာတွေ သတ်မှတ်ပါ။အရေးကြီးတဲ့ကိစ္စတွေ အချိန်မီအပြီးသတ်ရမယ့် အရာတွေပေါ်မှာ မူတည်ပြီး ဦးစားပေးလုပ်ပါ။ ✓ အရေးကြီးတယ်၊ အလျင်လိုတယ်ဆိုရင်..... အခုပဲ လုပ်လိုက်ပါ။ ✓ အရေးကြီးတယ်၊ အလျင်မလိုဘူးဆိုရင်..... လုပ်မယ့်အချိန်ကို သတ်မှတ်ပါ။ ✓ အလျင်လိုတယ်၊ အရေးမကြီးဘူးဆိုရင်..... လုပ်သင့်/မလုပ်သင့် သေချာစဉ်းစားပါ။ ✓ အရေးလည်း မကြီးဘူး၊ အလျင်လည်း မလိုဘူးဆိုရင်..... နောက်ဆုံးကျမှ လုပ်ပါ။ ဒီလိုမျိုး ဦးစားပေးအရာတွေနဲ့ စနစ်တကျ အလုပ်လုပ်တတ်မယ်ဆိုရင် စာဖတ်သူလေးအတွက် အချိန်ပိုတွေ ထွက်လာပါလိမ့်မယ်ရှင်။
(၄) ရလဒ်တွေကို ဦးစားပေးပါ။တချို့လူတွေက အချိန်တိုအတွင်းမှာ အလုပ်အများကြီးလုပ်ဖြစ်ဖို့ အားထုတ်ကြပေမယ့် ဒီအလုပ်တွေကို Quality ပြည့်မီအောင် မလုပ်ဖြစ်ကြပါဘူး။ ဒီအချိန်မှာ စိတ်တိုင်းမကျလို့ ပြန်လုပ်ရတာ၊ ရလဒ်မကောင်းတာတွေကြောင့် စိတ်ရှုပ်ရပြီး အလုပ်မတွင်ကျယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အလုပ်များများပြီးဖို့ထက် ပြီးပြည့်စုံတဲ့ ရလဒ်တွေ့ရဖို့ကို ဦးစားပေးပါ။ ဆရာ/မတွေရဲ့ လက်သုံးစကားဖြစ်တဲ့ "မြန်ဖို့ထက် မှန်ဖို့က အရေးကြီးတယ်" ဆိုတဲ့အတိုင်းပေါ့ရှင်။
(၅) အလုပ်တစ်ခုအတွက် ယူမယ့်အချိန်ကို သတ်မှတ်ပါ၊ အချိန်ပိုတွေကို စုပါ။အလုပ်တစ်ခုကို ပြီးမြောက်ဖို့ အချိန်ဘယ်လောက်ယူမယ်ဆိုတာ ကြိုတင်မှန်းဆထားရင် အလုပ်ကို သတ်မှတ်ချိန်အတွင်း ဝင်အောင်လုပ်ဖို့ တွန်းအားဖြစ်စေတဲ့အတွက် ရွှေ့ဆိုင်းတတ်တဲ့အကျင့်ကို ပြင်ဆင်ပြီးသား ဖြစ်စေပါတယ်။ တစ်ခါတစ်ရံ စာဖတ်သူလေးမှာ ကိုယ်မှန်းထားတဲ့အချိန်ထက် စောပြီးတာတွေ၊ အချိန်ပိုနေတာလေးတွေ ရှိနေတတ်မှာပါ။ ဒီလိုအချိန်လေးတွေက စာဖတ်သူလေးတွေအတွက် အလွန်အင်မတန်မှ တန်ဖိုးရှိလှပါတယ်ရှင်။ အဲဒီလို အချိန်ပိုလေးတွေကို စုထားပြီး အားလုံးပေါင်းလိုက်ရင် စာဖတ်သူလေးမှာ ကိုယ်ပိုင်အချိန်တွေ ပိုထွက်လာမှာ ဖြစ်သလို မမျှော်မှန်းထားပဲ ဖြစ်ပေါ်လာတဲ့ အရေးပေါ်ကိစ္စတွေအတွက်လည်း အချိန်ပေးနိုင်ပါလိမ့်မယ်ရှင်။ ဒါဆိုရင်တော့ ယခု မြ ရေးသားသွားတဲ့ ဆောင်းပါးလေးကို ဖတ်ရှုပြီးတဲ့အခါ စာဖတ်သူလေးရဲ့ တစ်နေ့တာမှာ အချိန်ပိုလေးတွေထွက်အောင် ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သိသွားလောက်ပါပြီ။ ဆိုတော့ မြပြောခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး စာဖတ်သူလေးတွေရဲ့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ရှင်။ စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်..... ✍️ မြ (စံကားဝါမြေ) #SarPhat #Mya_Kyaukpadaung 11.9.2024(Wednesday)
| 2 | 💬YSOEO ဆိုတာဘာလဲ။
*YSOEO ဆိုတာကတော့ "youth students opportunity empowerment organization" ပဲဖြစ်ပါတယ်။
--------------------------------------
💬YSOEO ကဘာတွေကိုလုပ်ဆောင်မှာလဲ။
*မြန်မာပြည်တွင်းရှိ လူငယ်အကျိုးပြု အဖွဲ့အစည်းများစွာဆီမှ
ပညာရေးအခွင့်အလမ်းများ၊ အခမဲ့သင်တန်းပို့ချမှုများ၊ အသိပညာပေးအစီအစဥ်များ နှင့် ပြိုင်ပွဲများကို တစ်နေရာတည်းကနေ စုစည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။
-----------------------------------
💬YSOEO က လူငယ်တွေအတွက်ဘယ်လိုအကျိုးပြုနိုင်လို့လဲ။
*လူငယ်များနဲ့ ကျောင်းသားများရဲ့ တန်ဖိုးရှိသောအချိန်များစွာကို ဖြုန်းတီးကာ ပညာရေးအခွင့်အလမ်းနဲ့ သင်တန်းများကို ရှာဖွေနေစရာ မလိုအပ်ဘဲ တစ်နေရာတည်းမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့်အချိန်ကုန်သက်သာသလို လွတ်သွားတဲ့အခွင့်အလမ်းတွေရှိစေမှာမဟုတ်ပါဘူး။
-----------------------------------
💬YSOEO ကအစိုးရလက်အောက်ခံအဖွဲ့အစည်းလား။
*မည်သည့်အစိုးရ၏ လက်အောက်ခံအဖွဲ့အစည်းမှမဟုတ်ပါ။
-----------------------------------
💬YSOEO ရဲ့အားသာချက်တွေကဘာလဲ။
*အားသာချက်တွေကတော့အထက်ပါပြောသွားခဲ့သည့်
✅ပညာရေးဆိုင်ရာအခွင့်အလမ်းများကိုရှာဖွေရာတွင်အချိန်ကုန်သက်သာခြင်း
✅အချက်အလက်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ခြင်း
✅အရည်အသွေးပြည့်မှီသောအတန်းများကိုသာမျှဝေပေးခြင်း
📌တို့အပြင် နောက်ဆုံးအချက်အနေနဲ့
✅ရက်လွန်သွားသော အတန်းဖောင်များနှင့် ပညာသင်ဆုဖောင်များကို ပြန်လည်ဖျက်ချပေးခြင်းကြောင့် Channalအတွင်းမှ သတင်းအချက်အလက်များအားလုံးသည် အကျုံးဝင်နေခြင်းတို့ပဲဖြစ်ပါတယ်။
ကဲ.... ဒီလောက်ဆိုရင်တော့ YSOEO ရဲ့အကြောင်းလေးကို အားလုံးပဲ နားလည်သဘောပေါက်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်နော်။😊
🗣️ကိုယ်တိုင်နားလည်သွားပြီဆိုရင်လည်း ကိုယ့်ရဲ့အသိမိတ်ဆွေသူငယ်ချင်းတွေကိုမျှဝေဖို့မမေ့နဲ့ဦးနော်…
👇👇👇
https://t.me/YSOEO_main | 215 |
| 3 | No text... | 191 |
| 4 | ❕ 2025 မှာ မမမြရဲ့ စာဖတ်သူလေးတွေအားလုံး💕
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့
လိုရာဆန္ဒတွေ ပြည့်ဝနိုင်ပြီး
ဘေးအန္တရာယ်အပေါင်း ကင်းဝေးနိုင်ကြပါစေ။ 🌸
အောင်မြင်မှုပန်းတိုင်တွေကိုလည်း
လှမ်းဆွတ်နိုင်ကြပါစေ။ ✨
အစစအရာရာ ဘေးမသီ ရန်မခပဲ အဆင်ပြေချောမွေ့ပါစေလို့ 🌸
စာဖတ်သူလေးတွေရဲ့ အချစ်တော်
မမမြမှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ ⭐️
Happy New Year 2025 ✨
#Mya_MT | 344 |
| 5 | ဒါကတော့ ကျွန်မ ဆောင်းပါးရေးပြီးရင် ဖြစ်ပေါ်လာတတ်တဲ့ အပြုံးကြီးပေါ့ဗျာ 🤣
(ဟာသ 🤣)
#Mya_MT | 320 |
| 6 | ကျွန်မ အမျိုးသားရဲ့ အကြည့်တွေနဲ့ မျက်နှာထား 😒
ကြောက်ရတယ် 🥹
#Mya_MT | 290 |
| 7 | ❝ 2024 အတိတ်ကို ပြန်မြင်ယောင်ကြည့်ခြင်း ❞
https://www.sarphat.com/articles/24792
လူတွေက ပြောကြပါတယ် "အတိတ်ကို တွေးကြည့်ပြီး ခံစားမနေနဲ့။ အတိတ်ဆိုတာ ပြီးခဲ့တဲ့အရာပဲ။ ပြန်တွေးနေလို့လည်း ဘာမှမထူးတော့သလို ကျူးလွန်ခဲ့မိတဲ့အမှားတွေကလည်း ပြန်ပြင်လို့မှ မရတော့တာ။" ဆိုပြီးတော့ အမျိုးမျိုး ပြောကြပါတယ်။
သူတို့ပြောတာလည်း ဟုတ်ပါတယ်။ သို့သော် မြတို့တွေက အတိတ်ဆိုတဲ့အရာကို ပြန်မြင်ယောင်ကြည့်ပြီးတော့
"အမှားတွေကို သင်ခန်းစာယူပြီး ပိုကောင်းအောင်လုပ်မယ်၊ လေ့လာသင်ယူခဲ့တာတွေကို အသုံးချသွားမယ်၊ အမှတ်တရလေးတွေကို သိမ်းဆည်းထားမယ်" စသဖြင့် မြတို့ရဲ့ အနာဂတ်ဘဝ ကောင်းမွန်ရေးအတွက် လုပ်လို့ရတာပေါ့ရှင်။
ဒါ့ကြောင့် 2024 နှစ်ကုန်တဲ့အခါ စာဖတ်သူလေး ဒီနှစ်မှာ "ဘာတွေ လေ့လာသင်ယူခဲ့သလဲ?၊ ဘာသင်ခန်းစာတွေ ရလိုက်သလဲ?၊ လူမှု့ဘဝ အတွေ့အကြုံတွေက ဘယ်လိုရှိသလဲ?" အစရှိတဲ့ ရင်ဆိုင်တွေ့ကြုံ ဖြတ်သန်းခဲ့မှုတွေအပေါ် မကောင်းတာကိုရှောင်၊ ကောင်းတာကိုဆောင်ပြီး နောင်အနာဂတ်အတွက် ကောင်းမွန်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုတွေနဲ့ ရှေ့ဆက်လိုက်ကြရအောင်နော်။
စာဖတ်သူလေးကိုယ်တိုင် "ငါ (၂၀၂၄)မှာ ဘာတွေ လေ့လာသင်ယူခဲ့သလဲ?၊ ဘာအတွေ့အကြုံတွေ ရလိုက်သလဲ?၊ ဘာပစ္စည်းတွေ ဝယ်မိလဲ?၊ မုန့်ဖိုးရော စုမိခဲ့လား?" အစရှိသဖြင့် စဉ်းစားကြည့်လိုက်ပါ။ ပြီးရင် ကိုယ်ကြိုးစားခဲ့တာတွေအတွက် ဂုဏ်ယူပြီး မိမိကိုယ်ကို ဆုချလိုက်ပါရှင်။
စာဖတ်သူလေးက တစ်ခုခုကို လေ့လာသင်ယူခဲ့တယ်ဆိုရင် "ငါ ဘာကို လေ့လာခဲ့တယ်၊ အချိန်တွေ အလကားမဖြစ်ခဲ့ဘူး၊ (၂၀၂၄)မှာ အများကြီးမဟုတ်ရင်တောင်မှ အကျိုးရှိခဲ့ပါတယ်။" အတွေ့အကြုံပိုင်းမှာဆိုရင် မြအတွက်က လုပ်ငန်းခွင် အတွေ့အကြုံလေးတွေ ရလိုက်တာပေါ့ရှင်။
ပစ္စည်းဝယ်တဲ့အခါ "မလိုအပ်တာတွေ ဝယ်မိခဲ့တာလား? ပိုက်ဆံကို ဖြုန်းခဲ့မိသလားပေါ့။" အဲ့တာတွေကို "ငါ (၂၀၂၅)မှာ ဆင်ခြင်မယ်၊ မလိုအပ်ရင် မဝယ်ဘူး၊ လိုအပ်မှ ချွေတာသုံးစွဲပြီး ဝယ်မယ်၊ မဖြုန်းမိအောင် သတိထားမယ်" စသဖြင့် သုံးသပ်လို့ရတာပေါ့ရှင်။
မုန့်ဖိုးစုတာက ကိုယ်က ဝင်ငွေမရှိသေးလို့ မစုခဲ့မိရင်လည်း ကိစ္စမရှိပါဘူး။ "(၂၀၂၅)မှာ ကိုယ့်အတွက် မုန့်ဖိုးက တစ်နေ့ (၅၀၀)ကျပ် ရတယ်ဆိုရင် (၁၀၀)လောက်ပဲ ပုံမှန်လေး စုသွားပါ။" ဒါက မြ အနည်းဆုံးပမာဏကို ပြောပြတာပါရှင်။ ခုခေတ်အချိန်အခါမှာ မုန့်ဖိုး (၅၀၀)ခေတ်တော့ မဟုတ်တော့ပါဘူး။
ဆက်လက်ပြီး စာဖတ်သူလေးသာမက လူအားလုံးမှာ အဆင်မပြေမှုတွေလည်း သောင်းခြောက်ထောင်ရှိခဲ့ကြပါတယ်။ စာဖတ်သူလေးမှာ အဆင်မပြေမှုကြုံလာခဲ့ရင် "ငါတစ်ယောက်ထဲ အဆင်မပြေဖြစ်နေတာ၊ သူများတွေကျ အမြဲအဆင်ပြေနေတာပဲ" လို့ မတွေးမိပါစေနဲ့။ လူတိုင်းမှာ စိတ်ညစ်စရာ၊ စိတ်ပင်ပန်းစရာ၊ အခက်အခဲပေါင်း သောင်းခြောက်ထောင်က တောင်လိုပုံနေပါတယ်။
မြလည်း အမြဲပျော်ရွှင်ပြီး အဆင်ပြေနေတာ မဟုတ်ပါဘူး။ အဆင်မပြေမှုတွေလည်း အများကြီးပါ။ ဒါ့ကြောင့် အဲ့ဒီအခက်အခဲတွေကို မြနဲ့တူတူ (၂၀၂၅)ခုနှစ်မှာ အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်ကြမယ်နော် စာဖတ်သူလေးတို့ရေ....
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
31.12.2024(Tuesday) | 315 |
| 8 | ❗️ ဟယို သတင်းကောင်းလေးလာပါပြီဗျာ့ 😉💕
လူကြီးလေးတို့ရဲ့ 𝐂ɦα𐓣𐓣𝖾ᥣ မှာ 𝐀𝖼𝗍𝗂𝗏𝖾 ဖြစ်တဲ့ 🔠🔡🔡 လေးတွေ၊ 🔠🔡🔡🔡 တွေတဟုန်ထိုး တိုးလာစေချင်ပါသလား❕❤️
➡️ ဒါဆိုရင်တော့ ❝ @DayA2TeamBot ❞ လေးကို အမြန်ဆုံးဆက်သွယ်လိုက်တော့နော်✉️✨
♡ (\ (\
(>ㅅ< ) New Channel For Today 🤩💕
┏━━∪∪━━━━━━━━━━━┓
🔣❶♡❝ ဘဝအတွက်စာပေ ❞♡ 📕 🔣
┗━━♡━━━━━━━━♡━━━━┛
ဆောင်းပါး Channel
❶ ❝မြ (စံကားဝါမြေ)❞ရဲ့ ဆောင်းပါးများ
Studying & Knowledge
❶ ۰ Start Smart ۰໋࣭
ဗဟုသုတ ဉာဏ်စမ်း အမေးအဖြေချန်နယ်
❶ Knowledge Quizzes
Grow up tips and Knowledge
❶ 𝐁𝐞𝐚𝐮𝐭𝐲 𝐰𝐢𝐭𝐡 𝐁𝐫𝐚𝐢𝐧 🤩
❷ 𝙹𝚊𝚗'𝚜 𝚁𝚒𝚋𝚋𝚘𝚗 𝚅𝚒𝚋𝚎 🤩🤩
Subliminal Channel
❶ Aera's fairyland
❷ 🧚🏻♀️𝐈𝐯𝐲'𝐬 𝐀𝐧𝐠𝐞𝐥 𝐖𝐨𝐫𝐥𝐝.˚౨ৎ ˚
Knowledge Sharing
❶ 𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔
❷ 𝐿𝒾𝓉𝑒𝓇𝒶𝓉𝓊𝓇𝑒 𝓁𝒾𝒻𝑒 𝓀𝓃𝑜𝓌𝓁𝑒𝒹𝑔𝑒
❸ Knowledge Sharing by Hein💌😍
❹ Phoenix Elevation Institute
For Education
❶ Champion Education
သင့်ဖုန်းထဲမှ စာကြည့်တိုက်
❶ ●○ 𝙗𝙡𝙖𝙘𝙠 𝙬𝙝𝙞𝙩𝙚 ●○🌼ပန်းပျိုးသူ🌼
❷ IdeaHub Ebooks and Media Library
❸ E-books Library 📚
Learning Language
❶ Learn English with me 🇬🇧
Knowledge + Songs🎧📚
❶ N𝐞w𝐬B𝐞s𝐭
Moti Quote & Poem🌟
❶ စာတို - Collection
➋ Akari Poetophile
➌ Talk About Our Future
➍ The Poems of in your heart ☾
🌸➖➖➖➖➖➖➖➖➖🌸
အစုံတင် Channel owner လေးတွေအတွက်🤩
အစုံသုပ် Ch လေးတွေအတွက်ကတော့ သီးသန့်တင်ပေးတာမို့
🔣@MixDayTeamBot🔣or🔣@MixDay2TeamBot🔣မှာပါဝင်ပေးကြပါဗျာ😊💗
🌸➖➖➖➖➖➖➖➖➖🌸
🌟@TheAdsBurma//Up3.0 DayA25 #DayA2🌷💕 | 338 |
| 9 | 🍀 မြရဲ့ Reading Challenge Channel လေးမှာ Premium Book, Update Book လေးတွေ လှူဒါန်းလိုပါက မြရဲ့ @MyaKnowledgeLibrary27102006_bot Bot ထံသို့ မိမိ Username နှင့်တကွ စာမျက်နှာတစ်မျက်နှာချင်းစီကို ဓာတ်ပုံရိုက်ပြီး ပေးပို့ လှူဒါန်းနိုင်ပါတယ်ရှင်။
🍀 စာအုပ်လှူဖို့ ပုံပို့တဲ့အခါ @MyaKnowledgeLibrary27102006_bot ကသာ ပို့ပေးပါရှင်။ Dm ကနေ ပို့ရင် Chatတွေများပြီး မမှတ်မိဘဲဖြစ်နေမှာ စိုးရိမ်မိလို့ပါရှင်။
🍀 မြက အဲဒီစာအုပ်လေးတွေကို တစ်နေ့(၁၀)မျက်နှာစီ တင်ပေးပြီးတာနဲ့ @black_white_Library စာကြည့်တိုက်လေးမှာ PDF File လေး တင်ပေးဦးမှာပါရှင်။
🍀 စာဖတ်သူလေးတွေ လှူဒါန်းထားတဲ့ စာအုပ်လေးတွေကို မြကိုယ်တိုင် PDF File လုပ်ပေးမှာပါရှင်။ (မမမြရဲ့ စာဖတ်သူလေးတွေ တကူးတက လုပ်စရာမလိုပါဘူးနော်)
🍀 စာအုပ်လှူတဲ့နေရာမှာ စာအုပ်ကို မြချန်နယ်မှာ လှူဖို့အတွက် ပိုက်ဆံနဲ့ ဝယ်ပြီး လှူစရာမလိုသလို မြကို စာအုပ်ဖိုးပေးပြီး လှူစရာလည်း မလိုပါဘူးရှင်။ မိမိမှာရှိတဲ့ စာအုပ်လေးတွေကိုသာ လှူလို့ရပါတယ်နော်။
🍀 အကယ်၍ စာအုပ်အလှူရှင်တွေ တအားများလာခဲ့ရင် ပထမဦးဆုံးသူရဲ့စာအုပ်ကို အရင်တင်ပေးသွားမှာပါရှင်။
🍀 ယခု ပထမဦဆုံးစာအုပ်အတွက်ကတော့ အလှူရှင်လေး ရှိနေပြီဖြစ်ကြောင်း
ဒါ့အပြင် ပထမဦးဆုံး စာအုပ်လေးက
PDF File မထုတ်ဝေရသေးတဲ့ စာအုပ်ဖြစ်တဲ့အတွက်ကြောင့်
ရင်ခုန်စွာ စောင့်မျှော်ပေးကြပါဦးရှင်...
🍀 @ReadingChallenge2025 🍀
https://t.me/ReadingChallenge2025 | 331 |
| 10 | ❝ မိမိ၏စိတ်အခြေအနေကို မိမိကိုယ်တိုင် ဆန်းစစ်ခြင်း ❞
https://www.sarphat.com/articles/19971
လူတိုင်းလူတိုင်းက "မိမိရဲ့ စိတ်အခြေအနေက ဘယ်လိုဖြစ်နေလဲ? စိတ်အခြေအနေ ခံစားချက် ကောင်းရဲ့လား? ဆိုးနေသလား?" ဆိုတာကို မည်သူမဆို သိချင်ကြမှာ အမှန်ပါပဲရှင်။
ဆိုတော့ ဒီနေ့မှာ မြရဲ့ ဆောင်းပါးလေးကို ဖတ်ရှုပြီး မိမိရဲ့ စိတ်အခြေအနေကို မိမိကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ကြရအောင်နော်။
ပထမဦးစွာ မိမိရဲ့ စိတ်အခြေအနေကို ဆန်းစစ်ကြည့်မယ်ဆိုရင် -
နံပါတ် - (၁) စာဖတ်သူလေးကို ဘယ်အရာတွေ၊ ဘယ်သူတွေက ပျော်ရွှင်စေသလဲ?
လူဆိုတဲ့အမျိုးက ကိုယ့်အတွက် အကျိုးရှိပြီး ပျော်ရွှင်စေတာကိုပဲ သဘောကျကြပါတယ်။ စာဖတ်သူလေးကို ဘယ်အရာတွေက ပျော်ရွှင်စေလဲ? ပျော်ရွှင်ပြီး စိတ်ကျေနပ်မှုရတာကိုပဲ စာဖတ်သူလေးတွေ လုပ်ကြမှာပါ။ စိတ်ဒုက္ခတွေရောက်ပြီး စိတ်ညစ်စေမဲ့ အရာတွေကို ဘယ်သူမှ မလိုလားကြပါဘူးရှင်။
နောက်တစ်ခုက စာဖတ်သူလေးက တစ်ယောက်ယောက်နဲ့ စကားပြော (သို့) စာပို့ပြီး ပြောတဲ့အခါ စာဖတ်သူလေး ဘယ်သူနဲ့ ပြောတာက စိတ်ကို ပျော်ရွှင်စေလဲ? စာဖတ်သူလေးရဲ့ အပူအပင်တွေကို အေးငြိမ်သွားစေလဲ? ဆိုတာကို ကြည့်ပြီးတော့ စာဖတ်သူလေးကို စိတ်အေးချမ်းမှု ပေးစွမ်းနိုင်သူနဲ့သာ စကားပြောချင်စိတ်ရှိပါလိမ့်မယ်ရှင်။
နံပါတ် - (၂) စာဖတ်သူလေးကို ဘယ်အရာတွေ၊ ဘယ်သူတွေက မပျော်ရွှင်စေဘူးလဲ?
စာဖတ်သူလေးကို "ဘယ်အရာတွေက မပျော်ရွှင်စေဘူးလဲ?" ဆိုတာကို သိရင် အဲဒီအရာကို နောက်ထပ်မလုပ်မိအောင် ဝေးဝေးက ရှောင်ကြဉ်နိုင်ပါတယ်ရှင်။ ပြီးတော့ စာဖတ်သူလေးက သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါမှာ သူငယ်ချင်းက ကိုယ့်ကို အမြဲစိတ်သောကရောက်အောင်၊ စိတ်မသက်မသာဖြစ်အောင် လုပ်နေရင် အဲဒီသူငယ်ချင်းနဲ့ ရေရှည်ဆက်ဆံဖို့ဆိုတာ မလွယ်ကူတော့ပါဘူးရှင်။ ကိုယ့်အတွက် မကောင်းတဲ့သူ၊ စိတ်ညစ်စရာတွေပဲ သယ်ဆောင်လာသူကိုတော့ ဘယ်သူက သဲသဲလှုပ် ချစ်နေပါဦးမလဲ။
နံပါတ် - (၃) စာဖတ်သူလေးအနေနဲ့ ဘာဆက်လုပ်မလဲ?
ဒီတတိယအချက်ကတော့ စာဖတ်သူလေးကိုယ်တိုင် စိတ်ဆုံးဖြတ်ချက် ချရမယ့်အချိန်ကို ရောက်ရှိလို့လာပါပြီရှင်။ စာဖတ်သူလေးရဲ့ စိတ်အခြေအနေက ကြည်လင်အေးချမ်းပြီး Positive Vibesများဖို့ဆိုရင် မြပြောခဲ့တဲ့ ပထမအချက်နဲ့ ဒုတိယအချက်ကို နှိုင်းယှဉ်ကြည့်ပြီး မိမိဘဝအတွက် ဆက်လက်လက်တွဲသင့်သူကို လက်တွဲပြီး လမ်းခွဲသင့်သူကို သံယောဇဉ်မတွယ်ညိဘဲ လမ်းခွဲလိုက်တာက မိမိဘဝအတွက် ကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်ရှင်။
ဆိုတော့ မြ ရေးသားခဲ့တဲ့ "မိမိ၏စိတ်အခြေအနေကို မိမိကိုယ်တိုင် ဆန်းစစ်ခြင်း" ဆောင်းပါးလေးကို ဖတ်ရှုလေ့လာပြီးချိန်မှာ မြရဲ့ စာဖတ်သူလေးတွေ လူကောင်းနဲ့ လူဆိုးကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပြီး လူရွေးမှန်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
9.9.2024(Monday) | 428 |
| 11 | 🎊 3 Books Give Away ပါဝင်ကံစမ်းရန် 🎉
https://t.me/Life_Explored_Channel/13864 | 431 |
| 12 | "လွတ်လပ်ရေးနေ့" (စာစီစာကုံး)
#Mya_MT
# စာစီစာကုံး | 584 |
| 13 | "လွတ်လပ်ရေးနေ့" (စာစီစာကုံး)
#Mya_MT
# စာစီစာကုံး | 476 |
| 14 | "လွတ်လပ်ရေးနေ့" (စာစီစာကုံး)
#Mya_MT
# စာစီစာကုံး | 450 |
| 15 | စာဖတ်သူလေးတို့ရေ စိတ်မကောင်းစွာနဲ့ Recordလေးက အစ်ကိုဇွဲပြောနေတဲ့အထိပဲ မြဖမ်းထားလိုက်ရပါတယ်။
မြ အားမရှိတော့တဲ့အချိန်မှာ Recordလေးက အဆင်မပြေဖြစ်သွားတဲ့အတွက် မြဟောပြောတာလေးကတော့ မရတော့ပါဘူးရှင်။ 🥺
(ဒုတိယအကြိမ်မြောက် မြဟောပြောရင် Recordက အမြဲအယ်ရာတက်တက်သွား 🥹) | 460 |
| 16 | စာဖတ်သူလေးတို့ရေ စိတ်မကောင်းစွာနဲ့ Recordလေးက အစ်ကိုဇွဲပြောနေတဲ့အထိပဲ မြဖမ်းထားလိုက်ရပါတယ်။
မြ အားမရှိတော့တဲ့အချိန်မှာ Recordလေးက အဆင်မပြေဖြစ်သွားတဲ့အတွက် မြဟောပြောတာလေးကတော့ မရတော့ပါဘူးရှင်။ 🥺
(ဒုတိယအကြိမ်မြောက် မြဟောပြောရင် Recordက အမြဲအယ်ရာတက်တက်သွား 🥹) | 1 |
| 17 | မမမြမှ
စာဖတ်သူလေးတွေအတွက်
2025 Plan လေး 💗
#Mya_MT | 411 |
| 18 | အောင်မြင်စွာ ပြီးဆုံးကြောင်း
#Mya_MT | 372 |
| 19 | ဝင်လို့ရပါပြီရှင့်
#Mya_MT | 435 |
| 20 | ယနေ့ည (၇)နာရီ ဟောပြောပွဲ တက်ရောက်ရန် Zoom Link ပါရှင် ❤️
Topic: New Year!New Me!Many Missions!
Time: Dec 25, 2024 07:00 PM Asia/Yangon
Join Zoom Meeting
https://us06web.zoom.us/j/8964289907?pwd=E60lnAb2tjEX8lnny0LOLCruSa8m4R.1&omn=89941785383
Meeting ID: 896 428 9907
Passcode: 8vT2kH
# ပေလွှာရွှေချပ် | 454 |
