en
Feedback
DEEP Book

DEEP Book

Open in Telegram

Deep Pages, Healing Spaces.

Show more
604
Subscribers
-124 hours
-87 days
-630 days
Posts Archive
ဆရာကြီးဦးအောင်သင်းရဲ့ ကျွန်တော်အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင် လူကသာတယ်လိုပဲဖြေကြတယ် စဉ်းစားကြည
ဆရာကြီးဦးအောင်သင်းရဲ့ ကျွန်တော်အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင် လူကသာတယ်လိုပဲဖြေကြတယ် စဉ်းစားကြည့်ရအောင်... မြင်းလောက်အပြေးသန်သလား? ဆင်လောက်ခွန်အားကြီးသလား? ငါးလောက်ရေကူးကျွမ်းသလား? ကျီးကန်တို့လဒတို့လောက် မျက်စိလျှင် လား? အယ်ဇေးရှင်းခွေးလောက် အနံ့ခံကောင်းလား? ကျွန်တော်တို့က အဖွဲ့အစည်းနဲ့ဘာနဲ့ညာနဲ့ စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့ ပျားတွေလောက်မစည်းလုံးဘူးနော် ပျားတွေဟာသိပ်ဝီရိယကောင်းတယ် ပန်းပွင့်မညိုးခင် မနက်စောစော ကတည်းက လုံ့လစိုက်ပြီး အလုပ်လုပ်တယ် ပျားတစ်ကောင်ဟာ ပန်းဝတ်ရည်ကိုတွေ့လာရင် သတင်းလာပို့တယ် သူကဦးဆောင်ခေါ်သွားတယ် နောက်ကပျားတွေကလည်း ထပ်ကြပ်မကွာလိုက်တယ် သူတို့ယူလာတဲ့ဝတ်ရည်ကို သိုလှောင်တဲ့နေရာမှ အတိတကျထားတယ် ဘယ်ပျားကမှမခိုးဘူး ။ မှောင်ခိုမချဘူး ကောင်းလိုက်တဲ့ဗီဇ ရှဉ့်လျှောက်လို့ရအောင် လမ်းချန်ပေးထားတယ် သူများသွားလမ်းပိတ်မထားဘူး လူတွေလို ဘယ်သူသေသေ ပြီးပြီးရောဆိုတဲ့ စိတ်ယုတ်မရှိဘူး ပျားအုံကိုထိရင် အသေခံကာကွယ်တယ် ကြည့်စမ်း ပျားတွေနိုင်ငံတော်သည် ဘယ်လောက်အားကျဖို့ကောင်းလဲ ဘယ်လောက်အတုယူဖို့ကောင်းလဲ ကောင်းပြီး ဆက်စဉ်းစားကြရအောင် လူတွေဟာတိရစ္ဆာန်တွေထက် ဘယ်နေရာသာသလဲ အဖြေထုတ်ကြည့်ရင် ်သုံးမျိူးပဲရှိတယ် ၁.အလှအပကိုခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း ၂.ကိုယ့်ကျင့်တရားရှိခြင်း ၃.ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း ဥာဏ်ပညာရှိခြင်း လူတွေဟာအလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ် တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး ကြီးနိုင်ငယ်ညှင်းတယ် မကောင်းတာကောင်းတာသူတို့မသိဘူး ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင် တိရစ္ဆာန်နဲ့မခြားနားဘူး ကျိုးကြောင်းဆင်ခြင်ဥာဏ် ပညာကြီးတယ် ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ် ကိုယ့်ထက်အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ် မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ် လှည်းတပ်ဆွဲခိုင်းတယ် ရေကူးကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့များတယ် ပိုက်နဲ့ဖမ်းတယ် ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ် ဒါဘာလို့လဲ လူတွေကတိရစ္ဆာန်တွေထက် အကျိူးအကြောင်းဆင်ခြင်နိုင်လို့ ဥာဏ်ပညာကြီးလို့ပေါ့ လူတွေကတိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဥာဏ်ပိုကြီးလို့ ဒါဆိုရင်လူအချင်းချင်းရော သေချာစဉ်းစားကြည့် လူတွေမှာလည်း ပညာကြီးတဲ့လူက ပညာနည်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့ သူများနိုင်ငံမှာသွားပြီး ပညာသင်ရတယ် သူများနိုင်ငံမှာသွားပြီး အောက်ကျို့ခံအလုပ်လုပ်ရတယ် သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ ဒါကိုတို့နိုင်ငံက လူတွေက အခုချိန်ထိပညာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး.. အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့ အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင် သူများခေါင်းပုံဖြတ်တာမခံရအောင် သူများလူလည်ကျတာမခံရအောင် သူများအနိုင်ကျင့်တာမခံရအောင် ပညာတတ်ဖို့ အမြင်ကျယ်ဖို့ အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ် ဘာလုပ်ရမလဲ ။ စာဖတ်ရမှာပေါ့ စာဖတ်တယ်ဆိုတာ သူများအမှား ကိုယ်ဆက်မမှားအောင်လုပ်တာ သူများအတွေအကြုံ ကိုယ့်အတွေအကြုံအဖြစ် ရယူတာ.. စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို ခွန်အားဖြစ်စေမယ့် စာမျိူး များများဖတ်ပါ ။ ဘဝကိုဦးနှောက်ကဦးဆောင်တာ အသိပညာရစေမယ်စာတွေ များများဖတ်စေချင်တယ် ဆရာကြီးအားလေးစားလျက်.... 🐱 Deep Feeling

အဖေ အခုချိန်မှာ ဝေးကွာနေပေမဲ့ ငယ်စဥ်ဘဝက ပုခတ်လှုပ်ပေးခဲ့တဲ့ လက်တစ်စုံကို နေ့တိုင်းလွမ်းမိတယ်... အဖေရဲ့ ဆုံးမ စကားသံတွေ ပူပန်သ
အဖေ အခုချိန်မှာ ဝေးကွာနေပေမဲ့ ငယ်စဥ်ဘဝက ပုခတ်လှုပ်ပေးခဲ့တဲ့ လက်တစ်စုံကို နေ့တိုင်းလွမ်းမိတယ်... အဖေရဲ့ ဆုံးမ စကားသံတွေ ပူပန်သော အကြည့်တွေ စကားပြောဟန်လေးတွေကို အခုချိန်မှ သား တန်ဖိုးထားမိတယ်... မွေးရပ်မြေဆီ မျှော်ကြည့်ရင်း "အဖေ အမေတို့ ကျန်းမာရဲ့လား" လို့ နေ့တိုင်း စိတ်ထဲမေးမိတယ်... အဖေနဲ့ လက်ဖက်ရည်တစ်ခွက်သောက်ရင်း စကားလေးတွေ ပြောချင်တယ် အိုမင်းချိန်မှာ အနားမှာမရှိနိုင်တဲ့သား" ဒီစိတ်မကောင်းစရာကို နေ့တိုင်း ခံစားရပါတယ်... သားကို မွေးဖွားပြီး ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတင်စရာတွေကို ဘယ်တော့မှ မမေ့ပါဘူး... သားရဲ့နှလုံးသားထဲမှာ အဖေ နဲ့ အမေဟာ အမြဲတမ်း ရှိနေမှာပါ... အဖေများနေ့မှာ အဖေ့ကို ဆုတောင်းစကားပြောပြီးပြီးလား 🐱 Deep Feeling

ဒီလောကမှာ အရာအားလုံးဟာ အဖိုးတန်တယ် မရသေးခင် နဲ့ ဆုံးရှုံးပြီးတဲ့နောက်မှာပေါ့။ Crd 🐱 Deep Feeling
ဒီလောကမှာ အရာအားလုံးဟာ အဖိုးတန်တယ် မရသေးခင် နဲ့ ဆုံးရှုံးပြီးတဲ့နောက်မှာပေါ့။ Crd 🐱 Deep Feeling

အောက်ကရေးထားတဲ့ စာသားနဲ့ အပြင်မှာ တညီထဲဖြစ်ဖူး ကြုံဖူးကြမှာပါ ညနေ တစ်ခုမှာ ဆိတ်လေး တစ်ကောင်ဟာ တောင်ကုန်းပေါ်မှာ ဆော့နေတယ်။ ရု
အောက်ကရေးထားတဲ့ စာသားနဲ့ အပြင်မှာ တညီထဲဖြစ်ဖူး ကြုံဖူးကြမှာပါ ညနေ တစ်ခုမှာ ဆိတ်လေး တစ်ကောင်ဟာ တောင်ကုန်းပေါ်မှာ ဆော့နေတယ်။ ရုတ်တရက် သစ်ပင် ခြုံကြားထဲက ဝံပုလွေတစ်ကောင် ရောက်လာပြီး ဆိတ်ကို စားမယ်ပြင်တယ်။ ဆိတ်လေးဟာ အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို အကူအညီ လှမ်းတောင်းတယ်။ နွားက သစ်ပင်ခြုံထဲက တစ်ချက်လှမ်းကြည့်ပြီး ဝံပုလွေကို မြင်တော့ ပြေးပါလေရော။ မြင်းက ခေါင်းငုံပြီး တစ်ချက်ကြည့်၊ ဝံပုလွေကိုတွေ့တော့ ဝှစ်ကနဲကိုပြေးပြန်ရော။ ၀က်ကလည်း ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့ ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။ တောင်အောက်မှာရှိတဲ့ ခွေးလေးက ဆိတ်အော်သံ ကြားတော့ ကမန်းကတန်းတောင်ပေါ်ပြေးတက် ခြုံပုတ်တွေထဲက ဖြတ်ပြီး ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။ ဝံပုလွေ နာလွန်းလို့ ထအော်တယ်၊ ခွေးမာန်ဖီ လိုက်တော့ လန့်ပြီး ပြေးပါလေရော။ အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ အားလုံး ရောက်လာတယ်။ နွားက နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ.. ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင် လုပ်ပစ်မှာပေါ့။ မြင်းက နင်က ဘာလို့ ငါ့ကိုမပြောလဲ၊ ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့။ ဝက်က နင် ငါ့ကို ခေါ်ရောပေါ့ ငါတစ်ချက် ပက်လိုက်ရင် သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ။ အဲ့လို ပြောသံတွေကြားမှာ ခွေးလေး မပါခဲ့ပါ။ မိတ်ဆွေစစ်ဆိုတာ စကားအလှတွေ သုံးနေစရာမလိုပါဘူး။ တစ်ကယ် လိုအပ်ချိန်မှာ မင်းကို လက်လှမ်း ကူညီတဲ့သူဟာ မိတ်ဆွေစစ်ပါ။ ************************ အနားမှာရှိနေတဲ့ သူငယ်ချင်းတွေ၊ ခင်မင်နေတဲ့ သူငယ်ချင်းတွေဟာ သူငယ်ချင်းအစစ် ဟုတ်မဟုတ် မသေချာသေးပါ။ တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတစ်ကယ် အကူအညီ လိုအပ်နေချိန်မှာ အပိုမပြောပဲ ကူညီတဲ့သူ ဂရုစိုက်တဲ့ သူသာ တစ်ကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။ ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းများ ပိုင်ဆိုင်ကြပါစေ.... Crd ခွန်အားဖြစ်စေသောစာများ 🐱 Deep Feeling

မိသားစုမှာ အငယ်ဆုံးဆိုတဲ့သူတွေ အရွယ်ရောက်လာကြတဲ့အခါ သူတို့လေးတွေမှာ မျက်လုံးမှိုတ်လိုက်တိုင်း ဝင်လာတဲ့အတွေးတစ်ခုရှိတယ်။ ပထမ လ
မိသားစုမှာ အငယ်ဆုံးဆိုတဲ့သူတွေ အရွယ်ရောက်လာကြတဲ့အခါ သူတို့လေးတွေမှာ မျက်လုံးမှိုတ်လိုက်တိုင်း ဝင်လာတဲ့အတွေးတစ်ခုရှိတယ်။ ပထမ လောကကြီးအကြောင်းကို သိပ်မသိသေးတဲ့အရွယ်မှာတော့ ဘာအပူပင်အခက်တွေမှမရှိခဲ့ကြဘူး။ အဲ့အချိန်မှာဆို အထက်ကအကြီးတွေဟာ အကိုကြီးရင် အဖအရာ ၊ အမကြီးရင် အမိအရာ ဆိုတဲ့အတိုင်း မိသားစုတစ်ခုလုံး ဝမ်းရေးအတွက် သူတို့ရဲ့ရည်မှန်းချက်တွေကိုနောက်မှာထားပြီး အောက်က လူတွေထမင်းမငတ်ဖို့ကို ကြိုးစားပေးခဲ့ကြတယ်။ အဲ့အချိန်မှာတော့ အငယ်ဆုံးလေးတွေကတော့ ဘဝမှာ ပေါ့ပေါ့ပါးပါး ပျော်လို့ကောင်းတုန်း ရင်ခုန်လို့ကောင်းတုန်းပေါ့။ နောက်ဆုံး အကြီးဆုံးတွေဟာ သီးချိန် ပွင့်ချိန်တန်ပြီး အိမ်ထောင်တွေကျသွားကြတဲ့အခါမှာတော့ မိသားစုတာဝန်တစ်ခုလုံးဟာ အငယ်ဆုံးတွေရဲ့ပခုံးပေါ်ရောက်လာကြပါတော့တယ်။ အဲ့အချိန်မှာ အငယ်ဆုံးဆိုတဲ့သူတွေဟာ Challenge ( စိန်ခေါ်မှု ) ကြီးကြီးမားမားတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။ အထက်က အကြီးဆုံးတွေကတော့ ဝမ်းရေးအတွက် တာဝန်ကျေပေးခဲ့ကြပြီးတော့ အငယ်ဆုံးတွေရဲ့တာဝန်ကတော့ မိသားစုတစ်ခုလုံးကို ပြောင်းလဲပေးဖို့တာဝန်ဖြစ်လာခဲ့ပါတယ်။အဲ့အချိန်မှာ အငယ်ဆုံးဆိုတဲ့သူတွေဟာ မျက်လုံးမှိုတ်လိုက်ချိန်တိုင်းမှာ ဝင်လာတဲ့အတွေးတစ်ခုက ဒီမိသားစုကို ဒီလိုဘဝကနေ ငါကိုယ်တိုင် ပြောင်းလဲပေးနိုင်ရမယ်ဆိုတာပါပဲ။ ငါမပြောင်းလဲပေးနိုင်ရင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ လာပြီးပြောင်းလဲပေးဖို့ရန်မရှိတော့ဘူး ဆိုတဲ့အတွေးတစ်ခုဟာ အမြဲတမ်း ညသခေါင်ယံကျော်လာကြပါတယ်။ ဒါကြောင့် အငယ်ဆုံးတွေဟာ အရွယ်ရောက်လာကြတဲ့အခါ သူများတွေထက်ပိုပြီး ရင့်ကျက်လာတက်ကြတယ် တစ်ချို့ဆိုရင် လုံးဝတိတ်ဆိတ်သွားတက်ကြတယ်။ "မိသားစုတစ်ခုမှာ အဲ့ဒီမိသားစုကိုပြောင်းလဲပေးမယ့်သူ တစ်ယောက်တော့ပါတယ်" ဆိုတဲ့စကားဟာ.... အငယ်ဆုံးတွေကို ရည်ရွယ်ပြီး ပြောခဲ့ကြတယ်ထင်ပါရဲ့.... အငယ်ဆုံးဆိုတဲ့ဂုဏ်ဟာ အကြီးမားဆုံးတာဝန်တစ်ခုကို ဖန်တီးရန်အတွက်ဖြစ်တည်လာတယ်ဆိုတာ နားလည်လာတဲ့အချိန်ဟာ အငယ်တွေဟာ ရုတ်တရက်အကြီးဖြစ်ကြတဲ့အချိန်ပါပဲ။ အစကတည်းက ပြီးပြည့်စုံနေကြတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းနေလို့မရဘူးဆိုတာသိလာကြတယ်။ ဒါကြောင့် သူများတွေ သုံးနိုင်ဖြုန်းနိုင်တာကို အားမကျပဲ "ဘဝ"မှာ ဘယ်လိုအောင်မြင်အောင်လုပ်ရမလဲဆိုတာပဲ စဥ်းစားလာတက်ကြတယ်။ တစ်ကယ်ပါ မိသားစုတစ်ခုလုံး ပြောင်းလဲသွားဖို့ဆိုတာ အငယ်ဆုံးတွေနဲ့ပဲဆိုင်ပါတယ် အကြီးဆုံးတွေရဲ့တာဝန်မဟုတ်တော့ပါဘူး အကြီးတွေရဲ့တာဝန်က အငယ်တွေကို အစပျိုးပေးဖို့ရယ်ပါ။ ဒါဟာ ဂိမ်းတစ်ခုလိုပါပဲ နောက်ဆုံး Game over အဆင့်ကိုရောက်ဖို့အတွက် ပထမဆုံးအခန်းတွေက အတွေ့အကြုံနဲ့ Support တွေပေးတယ်။ နောက်ဆုံးတိုက်ရတဲ့အခန်းက ကတော့ တစ်ကယ့်ကို ပြင်းပြင်းထန်ထန်ပါပဲ။ Game over ဖြစ်နိုင်မဖြစ်နိုင် နောက်ဆုံးအခန်းအပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် အငယ်ဆုံးဖြစ်နေရင် ဂုဏ်ယူလိုက်ပါ.... ဒီစာကိုဖတ်နေတဲ့ သူတွေမှာလည်း အငယ်ဆုံးတွေ ပါနေခဲ့ကြရင် သဘောပေါက်ဖို့မျှော်လင့်ပါတယ်။ အငယ်ဆုံးတွေဆိုရင် မိသားစုကိုပြောင်းလဲပေးနိုင်သူဖြစ်ရမယ်။ ဒါ ဘယ်ဥပဒေကမှ ပြဋ္ဌာန်းမထားတဲ့ အငယ်ဆုံးတွေရဲ့မူဝါဒပဲ။ ဝင်းမြတ်ဟန် - Dexar 🐱 Deep Feeling

ဒီနေ့ အိမ်ကိုပိုလွမ်းတယ် မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေ မလျှောက်ဖြစ်တော့တဲ့ လမ်းတွေ မစားဖြစ်တော့တဲ့ အမေ့လက်ရာလေးတွေ ဒီအလွမ်းတ
ဒီနေ့ အိမ်ကိုပိုလွမ်းတယ် မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေ မလျှောက်ဖြစ်တော့တဲ့ လမ်းတွေ မစားဖြစ်တော့တဲ့ အမေ့လက်ရာလေးတွေ ဒီအလွမ်းတွေကို ဒီလိုရာသီမှာ ဘယ်လိုလူက ခံနိုင်ပါ့မလဲ... Zan 🐱 Deep Feeling

စိန်လည်း ကာဗွန်ပဲ မီးသွေးလည်း ကာဗွန်ပါပဲ ကာဗွန်ချင်း တူပေမဲ့ တန်ဖိုးချင်းကတော့ မတူဘူး အဖိနှိပ်ခံ အပူပေးခံရတာများတော့ မလောင်ကျ
စိန်လည်း ကာဗွန်ပဲ မီးသွေးလည်း ကာဗွန်ပါပဲ ကာဗွန်ချင်း တူပေမဲ့ တန်ဖိုးချင်းကတော့ မတူဘူး အဖိနှိပ်ခံ အပူပေးခံရတာများတော့ မလောင်ကျွမ်းပဲ တောင့်ခံနိုင်တဲ့ သူက စိန် ဖြစ်သွားတာပါပဲ အပူနဲ့ ဖိအားကြောင့် ကာဗွန်ဟာ စိန်ဖြစ်သွားတာပါ အဲဒါကြောင့် အပူတွေ ဖိအားတွေ လာရင် စိတ်မပျက်ပါနဲ့ ငါ့ကို စိန်ဖြစ်အောင် လုပ်ပေးမဲ့ အရာတွေပဲလို့ ပြုံးပြုံးလေး တောင့်ခံလိုက်စမ်းပါ မကြာခင်ကာလမှာပဲ စိန်ဖြစ်သွားပါလိမ့်မယ် လိုက်ပြီး ခံစား လောင်ကျွမ်း နေရင်တော့ မီးသွေးပဲ ဖြစ်သွားမှာပေါ့။ Crd 🐱 Deep Feeling

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နှစ်သစ်ဆုမွန်လွှာ နှစ်သစ်မင်္ဂလာအခါသမယတွင် မြန်မာပြည်သူ၊ ပြည်သားအပေါင်း ဘေးဘယာဝေးကွာ ကျန်းမာရွှင်လ
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နှစ်သစ်ဆုမွန်လွှာ နှစ်သစ်မင်္ဂလာအခါသမယတွင် မြန်မာပြည်သူ၊ ပြည်သားအပေါင်း ဘေးဘယာဝေးကွာ ကျန်းမာရွှင်လန်း၍ စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း Deep Feeling မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်...

They say "hell." We say "We live in Myanmar." Crd 🐱 Deep Feeling
+5
They say "hell." We say "We live in Myanmar." Crd 🐱 Deep Feeling

နေထွက်ချိန်မှာ အတူနိုးထခဲ့ကြပေမဲ့ ရုတ်တရက်ကြီး တချို့ မိသားစုဝင်တွေ နေဝင်ချိန်မှာ အတူမရှိကြတော့ဘူး 💔 Crd 🐱 Deep Feeling
နေထွက်ချိန်မှာ အတူနိုးထခဲ့ကြပေမဲ့ ရုတ်တရက်ကြီး တချို့ မိသားစုဝင်တွေ နေဝင်ချိန်မှာ အတူမရှိကြတော့ဘူး 💔 Crd 🐱 Deep Feeling

ဘဝမှာ ကိုယ့်စီကနေ ဆွဲထုတ်ပြီး ယူသွားသလို ခံစားရတာ သင်္ကြန်ပဲ ရှိတယ်။ မှတ်မှတ်ရရ သင်္ကြန်ကို အပြည့်အဝပျော်ခွင့်ရခဲ့တာ ကလေးဘဝနဲ
ဘဝမှာ ကိုယ့်စီကနေ ဆွဲထုတ်ပြီး ယူသွားသလို ခံစားရတာ သင်္ကြန်ပဲ ရှိတယ်။ မှတ်မှတ်ရရ သင်္ကြန်ကို အပြည့်အဝပျော်ခွင့်ရခဲ့တာ ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝ တွေမှာပဲ။ ငယ်ငယ်က နွေရာသီစာမေးပွဲတွေပြီးလို့ကျောင်းပိတ်ရက်ရောက်ပြီဆို လက်ချိုးရေပြီးစောင့်ခဲ့ရတာ သင်္ကြန်ရက်တွေပဲ။ ညီကိုတွေ သူငယ်ချင်းတွေနဲ့ ဒီနှစ်တော့ လမ်းထိပ်မှာ ဘယ်လိုရေဆော့မှာ အစရှိသဖြင့် နွေရာသီရဲ့ ပူပြင်းတဲ့ ရက်တွေမှာ သင်္ကြန်ကို လှမ်းမျှော်ခံစားကြတာပါပဲ။ လူပျိုပေါက်ဖြစ်တော့လည်းလူပျိုပေါက်အလျှောက် ကားလည်ဖို့ လူစု တိုင်ပင်ကြ။ ဘာအဝတ်အစားဝတ်မယ်၊ အစားအသောက်အတွက်က ဘယ်လိုနဲ့ လက်ဖက်ရည်ဆိုင်မှာ သင်္ကြန်မျှော်ပြီးပျော်ခဲ့ကြတာ။ ငယ်ငယ်က သင်္ကြန်မှာ အိမ်ထဲပဲ နေတဲ့ အကိုကြီးတွေ အမကြီးတွေ မြင်ရင် သူတို့ကို သိပ်အားမရခဲ့ဘူး။ ဒီလောက်ပျော်စရာကောင်းတဲ့ အချိန်မှာ သူတို့က ဘာလို့ မပျော်ပဲ အိမ်ထဲနေနေရတာလဲ ဆိုပြီးပေါ့။ တကယ်တော့ သင်္ကြန်က သူ့အတိုင်းပါပဲ။ လူကြီးဖြစ်လာတာကိုက ပျော်ဖို့မကောင်းတော့တာ။ အခုတော့ သင်္ကြန်ကိုယ်တိုင်ကိုက ပျော်ဖို့မကောင်းတော့တာ ဝမ်းနည်းကြေကွဲစရာပါဘဲ။ သင်္ကြန်ကျပြီး သင်္ကြန်ကိုပြန်လွမ်းနေရတာမျိုးပေါ့။ ဒီနှစ်သင်္ကြန်တော့ မြန်မာနိုင်ငံက ကလေး၊ လူငယ်တွေကို စိတ်လွတ်လက်လွတ်လေးနဲ့ ပျော်စေချင်မိတယ်။ နေ့စဉ် ဘဝရဲ့အပူတွေ ဖိအားတွေ ငိုသံတွေကနေ သင်္ကြန်လေးရက်လောက်တော့ စိတ်အေးချမ်းသားပျော်ကြစေချင်တယ်။ အတာရေနဲ့ ဆေးလို့ မပြောင်နိုင်တဲ့ သောကတွေ ဆိုပေမဲ့ ခဏဖြစ်ဖြစ်တော့ အေးချမ်းစေချင်တယ်။ Thet Paing Tun 🐱 Deep Feeling

နွေ တောင်ရောက်ပြန်ပြီး... ပူနွေးနွေး လေပြည်၊ ပန်းရနံ့တွေနဲ့ လွမ်းဆွေးဖွယ် အမှတ်တရတွေများ ပါလာဦးမလား... Zan Photos - Mhan Hein
+1
နွေ တောင်ရောက်ပြန်ပြီး... ပူနွေးနွေး လေပြည်၊ ပန်းရနံ့တွေနဲ့ လွမ်းဆွေးဖွယ် အမှတ်တရတွေများ ပါလာဦးမလား... Zan Photos - Mhan Hein 🐱 Deep Feeling

ဖောက်ပြန်နေကြတဲ့ ခေတ်ကြီးမှာ ကိုယ့်ကိုသစ္စာရှိရှိ ချစ်ပေးတဲ့သူရှိခဲ့ရင်လည်း လက်မလွှတ်မိပါစေနဲ့။ တကယ်လို့ သစ္စာမရှိတဲ့တစ်စုံတစ
ဖောက်ပြန်နေကြတဲ့ ခေတ်ကြီးမှာ ကိုယ့်ကိုသစ္စာရှိရှိ ချစ်ပေးတဲ့သူရှိခဲ့ရင်လည်း လက်မလွှတ်မိပါစေနဲ့။ တကယ်လို့ သစ္စာမရှိတဲ့တစ်စုံတစ်ယောက်နဲ့ တွေ့ခဲ့ရင်လည်း စွန့်လွှတ်ဖို့ ဝန်မလေးပါနဲ့။ Crd 🐱 Deep Feeling

ယောက်ကျားတစ်ယောက်က ဘယ်လောက်ပဲ ရင့်ကျက်ပြီး၊ ဘယ်လောက်ပဲ အသက်အရွယ်ကြီးနေပါစေ... ပြီးတော့.... ယောက်ကျားတစ်ယောက်က ဘယ်လောက်ပဲ သန်မ
ယောက်ကျားတစ်ယောက်က ဘယ်လောက်ပဲ ရင့်ကျက်ပြီး၊ ဘယ်လောက်ပဲ အသက်အရွယ်ကြီးနေပါစေ... ပြီးတော့.... ယောက်ကျားတစ်ယောက်က ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ အဲ့ဒီယောက်ကျားဟာ သူအချစ်ရဆုံးသော အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်မှာတော့ သူဟာ ကလေးပါပဲ။ ငါဟာယောကျာ်းတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အသိစိတ်နဲ့ သန်မာချင်ယောင်ဆောင်နေကြရပေမဲ့ ပင်ပန်းလာတဲ့အခါ သူသိပ်ချစ်တဲ့ သူ့ချစ်သူ့၊ သူ့ဇနီးမယားတစ်ယောက်ရဲ့ ရင်ခွင်ထဲတိုးပြီး ကလေးတစ်ယောက်လို ပိုပြီးခိုလှုံချင်ကြပါတယ်။ Crd 🐱 Deep Feeling

အမှတ်မထင် တွေ့ဆုံမှုလေးကနေ အမှတ်တရတွေနဲ့ လက်မလွှတ်နိုင်တဲ့အထိ မင်းအပေါ်မှာ "သိပ်" သံယောဇဉ် ကြီးမိသွားတယ်။ Crd 🐱 Deep Feeling
အမှတ်မထင် တွေ့ဆုံမှုလေးကနေ အမှတ်တရတွေနဲ့ လက်မလွှတ်နိုင်တဲ့အထိ မင်းအပေါ်မှာ "သိပ်" သံယောဇဉ် ကြီးမိသွားတယ်။ Crd 🐱 Deep Feeling

သူရှိတယ်ဆိုတဲ့အသိစိတ်နဲ့ ဘယ်သူ့ကိုမှ အရောမဝင်ဘူး သူမမြင်ကွယ်ရာမှာပါ သူစိတ်ချရတဲ့သူပဲဖြစ်ချင်တယ် သူ့ဘက်ကလဲ ပြောစရာမလိုအောင် တန
သူရှိတယ်ဆိုတဲ့အသိစိတ်နဲ့ ဘယ်သူ့ကိုမှ အရောမဝင်ဘူး သူမမြင်ကွယ်ရာမှာပါ သူစိတ်ချရတဲ့သူပဲဖြစ်ချင်တယ် သူ့ဘက်ကလဲ ပြောစရာမလိုအောင် တန်ဖိုး ထားပြီးချစ်ပေးနေတာမို့ သူစိတ်ပျက်စေမယ့် ဘယ်အရာကိုမှ မလုပ်မိချင်တာအမှန်ပဲ သူတန်ဖိုးထားသလိုပြန်ပြီးတန်ဖိုးထားပေးတဲ့ ချစ်ခြင်းမျိုးနဲ့ပေါ့။ Crd 🐱 Deep Feeling

စည်း ... တဲ့ ရူးမတတ်လွမ်းနေလည်း ဖုန်းမခေါ်မိအောင် ထိန်းရတယ်။ မျက်ရည်စက်လက်နဲ့လည်း အဆင်ပြေချင်ယောင်ဆောင်ရတယ်။ သေလောက်အောင်ချစ်
စည်း ... တဲ့ ရူးမတတ်လွမ်းနေလည်း ဖုန်းမခေါ်မိအောင် ထိန်းရတယ်။ မျက်ရည်စက်လက်နဲ့လည်း အဆင်ပြေချင်ယောင်ဆောင်ရတယ်။ သေလောက်အောင်ချစ်လည်း အဝေးဝေးကို ပြေးထွက်ရတတ်တယ်။ Crd 🐱 Deep Feeling

လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း တွယ်ငြိခဲ့တဲ့ သံယောဇဉ်တွေ ဒီသံသရာ ဒီဘဝမှာ ကုန်စင်အောင် အနော်မာ တစ်ဖက်ကမ်းမှာ ထားခဲ့ပါရစေ ယသော်ဓရ
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း တွယ်ငြိခဲ့တဲ့ သံယောဇဉ်တွေ ဒီသံသရာ ဒီဘဝမှာ ကုန်စင်အောင် အနော်မာ တစ်ဖက်ကမ်းမှာ ထားခဲ့ပါရစေ ယသော်ဓရာ နှမငယ်။ Crd 🐱 Deep Feeling